Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

ဥာဏ်ပြေးတဲ့မိန်းမ (ဟာသ)

 
သ၀န်ကြောင်တဲ့ ခင်ပွန်း – မိန်းမရေ၊ မင်းဘယ်မှာလဲ ..(ဖုန်းဖြင့်)။
ဇနီး- အိမ်မှာပေါ့ ယောက်ျားရယ်။
ခင်ပွန်း – မင်း ..သေချာလား။
ဇနီး – သေချာတာပေါ့ရှင်။
ခင်ပွန်း – ဒါဆို ..ကြိတ်စက်ခလုတ် ကို ဖွင့်လိုက်စမ်း။
ဇနီး – (ခလုတ်နှိပ်လိုက်ပြီး) ဂရီး .. ဂရီး ..။
ခင်ပွန်း – ကောင်းပြီ။ တာ့တာ။ ညနေကျမှ အိမ်မှာ တွေ့ကြမယ်။

နောက်တစ်နေ့ ….
သ၀န်ကြောင်တဲ့ ခင်ပွန်း – မိန်းမရေ၊ မင်းဘယ်မှာလဲ။

ဇနီး – အိမ်မှာပေါ့ ယောက်ျားရယ်။
ခင်ပွန်း – သေချာလား။
ဇနီး – သေချာတာပေါ့ရှင်။
ခင်ပွန်း – ဒါဆို ..ကြိတ်စက်ခလုတ်ကို ဖွင့်လိုက်စမ်း။
ဇနီး – (ခလုတ်နှိပ်လိုက်ပြီး) ဂရီး .. ဂရီး …။
ခင်ပွန်း – ကောင်းပြီ။ ညနေ ကိုယ် အိမ်ပြန်အလာကို အပေါက်ဝမှာ ကြိုနေနော်။

နောက်တစ်နေ့မှာတော့ ယောက်ျားဖြစ်သူဟာ သူ့မိန်းမကို အသိမပေးဘဲ အိမ်ကို ပြန်ကြည့်ဖို့
ဆုံးဖြတ်လိုက်ပါတယ်။

အိမ်ရောက်တဲ့အခါ သူတို့ရဲ့ သားဖြစ်သူကိုသာ တစ်ယောက်တည်း တွေ့ရတာမို့

“သားရေ .. မင်းအမေ ဘယ်မှာလဲကွ”လို့ မေးလိုက်ပါတယ်။

“သား – မသိဘူး .. အဖေရဲ့။ ကြိတ်စက် တစ်လုံးဆွဲပြီး အမေ အပြင်ထွက်သွားတာပဲ။”


by myawady 
ပျော်ရွင်ကြပါစေဗျာ....
ငြိမ်းချမ်းသူ(နည်ပညာ) 

0 comments:

Post a Comment