Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label နည်းပညာသတင်း. Show all posts
Showing posts with label နည်းပညာသတင်း. Show all posts

Ray-Ban Solar Sunglasses

Ray-Ban Solar Sunglasses

Ray-Ban မျက်မှန်နဲ့ စတိုင်လည်း ကျတဲ့အပြင် သင့်ရဲ့ iPhone ကိုပါ အားသွင်း နိုင်မယ်ဆိုရင် ဒီလောက် ကောင်းတာ ရှိ ပါဦး မလား။  
မျက်မှန် တပ်ထားရုံနဲ့ သင့်ဖုန်းကိုပါ အားသွင်းလို့ ရနိုင်တယ် ဆိုတာက ကြားရုံနဲ့ ယုံနိုင်မှာ မဟုတ်ပါဘူး။ ဒါက မဖြစ်နိုင်ပါဘူးလို့ ထင်ကောင်း ထင်မှာပါ။ နောက်ထပ် နည်းနည်းလောက် သင့်ကို ထပ်မပြော ပြရင် ဒီလိုမျိုး ဖြစ်နိုင်တယ်လို့ သင်ထင်ပါ့ မလား။ ဒါမျိုး အရင်ကတည်းက ရှိ ရမှာလို့ ပြောမိမှာ ပါပဲ။ ဒီမျက်မှန်က ကျောင်းတစ်ကျောင်းရဲ့ Project ကနေ ပြုလုပ်နေတဲ့ စမ်းသပ်မှု တစ်ခုပါ။ Sayalee Kaluskar နဲ့ Sha ma Shades တို့ပူးပေါင်းပြီး တီထွင် လိုက်တာပါ။ အထူး ပြုလုပ် ထားတဲ့ Ray-Ban မျက်မှန်က သင့်မျက်လုံးကို နေရောင်ခြည် ကနေ ကာ ကွယ်ပေး မယ့်အပြင်သင့် iPhone အတွက်ပါ အကျိုးဆောင် ပေးဦး မှာနော်။ စိတ်ဝင်စားဖို့ ကောင်းတယ် မလား။ ဒါမျိုးဆို ၀ယ်ဖို့ အသင့် ဖြစ် နေလောက်ပါပြီ။






ကျောင်း Project တစ်ခုကနေ ထွက်ပေါ်လာတဲ့ ဒီအကြံဥာဏ်က ကျွန်တော် တို့ကို မင်သက် သွားစေရုံ သာမက ဒီမျက်မှန်ကို မကြာမီ ထုတ် လုပ် ရောင်းချ တော့မှာ ဖြစ်ပါတယ်တဲ့။ Ray -Ban မျက်မှန်မှာ ပါတဲ့ ဆိုလာကွက် လေးတွေကနေ ကိုယ်ယောင် ဖျောက်ထားတဲ့ ဘက်ထ ရီကို အားသွင်း ပေးနေမှာ ဖြစ်ပါတယ်။ နေရောင် မရှိတော့ဘူး ဆိုတာနဲ့ သင့်ရဲ့ iPhone ကိုအားစ သွင်းလို့ ရပါပြီ။ နေရောင် ကနေ စုပ်ယူ ထားတဲ့ အားတွေကို သွင်းဖို့ မျက်မှန်ကိုင်း တစ်ဖက်ကို ဖြုတ်လို့ ရပါတယ်။ မျက်မှန်ကိုင်း တစ်ဖက်ကို ဖြုတ်ပြီး ဖုန်းမှာ တပ်ပေးလိုက် တာနဲ့ အလွန် လျင် မြန်တဲ့ အလျှင်နဲ့ ဖုန်းကို အားဖြည့် ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ခေတ် ကြီးမှာ စမတ်ဖုန်း လေးက တစ်နေကုန် ဘက်ထရီအား ခံ ဖို့ဆိုတာ မလွယ်ကူ ပါဘူး။ Apple iPhone ကိုသုံးရင်း ဘက်ထရီ တစ်နေကုန် ခံဖို့ဆိုတာ ပိုလို့မှ ဆိုးပါသေးတယ်။ တစ်မျိုးအားဖြင့် ဒီမျက် မှန် ကိုင်းလေး တွေကြောင့် ဘက်ထရီ အပိုတွေ သယ်ဆောင် ရတာကို ပျောက်ကွယ် သွားစေမယ် ဆိုရင် ဒီမျက်မှန်ကိုင်း သေးသေးလေးကို ကျေးဇူးတင် မိမှာပါ။ စိတ်ထဲ ရှိသမျှ ပြောရမယ် ဆိုရင်တော့ ဘယ်နည်းလမ်း နဲ့မဆို iPhone ကိုအားပိုခံအောင် ပြုလုပ်ပေး တယ်ဆိုတာ ကျွန်တော်တို့ အတွက် ကောင်းတဲ့ အရာပါပဲ။


Ray-Ban Solar Sunglasses



ဒီမျက်မှန်က ဈေးကွက်အရ အောင်မြင်မလား မအောင်မြင် ဘူးလား ဆိုတာကို မပြောနိုင် ပေမယ့် မျက်မှန်နဲ့ နည်းပညာ ပေါင်းစပ်ထားတဲ့ အ ထဲမှာ ပထမဆုံး ရောင်းချတဲ့ မျက်မှန်တော့ မဟုတ်ပါဘူး။ Google Glass ကိုလည်း သင်မြင်ဖူး မှာပါ။ နောက်တစ်ခုက Oakley ရဲ့ MP3 နဲ့ မျက်မှန် ပေါင်းစပ် ထားတာကို လွန်ခဲ့တဲ့နှစ် အနည်းငယ် ကတည်းက ရောင်းချသွား ပါသေးတယ်။ ဒါတွေက မျက်မှန် ကနေ လုပ်ဆောင် နိုင် မှုတွေရဲ့ အကြို ထွက်ရှိထားတဲ့ အရာတွေပါပဲ။ ကျွန်တော် ကတော့ ဈေးကွက်မှာ ဖုန်းအားသွင်း နိုင်တဲ့ မျက်မှန်တွေ ရောက်ရှိလာဖို့ မျှော်လင့် ပါတယ်။ ကျွန်တော်တို့ နေ့စဉ်ဘ၀မှာ ဘက်ထရီ အားက အရေးပါတဲ့ အခန်းမှာ ရှိတာကြောင့် ဒီလိုမျိုး မျက်မှန်ကနေ ဖုန်းအားသွင်းလို့ ရမယ် ဆိုရင်တော့ ဘုရားသခင်က မစတာပဲလို့ ပြောရမှာပါပဲ။ တစ်နေရာရာမှာ တစ်ယောက်ယောက်က ဒီစာကို ဖတ်ပြီး ဒီကျောင်းရဲ့ Project ကို အမှန်တကယ် အကောင်အထည် ပေါ်လာအောင် ကူညီပေးနိုင်ရင် ကောင်းမှာပါပဲ။ ဒီ Project နဲ့ပတ်သက်ပြီး ဒီထက် ပိုလို့သိချင် တယ်ဆိုရင် sayaleekalyskar.com ကိုသွားလိုက်ပါ။


Ray-Ban Solar Sunglasses 
credit - www.mymclub.net
အဆင်ပြေပါစေ...

ပီကယ် (chewing gum) ကိုတီထွင်ခဲ့သူ


Chewing Gum ကိုလူတိုင်း ၀ါးနေပေမယ့် ဘယ်သူက စီးပွားဖြစ် ရောင်းတန်း ၀င်အောင် လုပ်ခဲ့သလဲ ဆိုတာ သိတဲ့လူ နည်းပါတယ်။ ရှေးဂရိနဲ့ အီဂျစ် တွေမှာ ပီကေလို အရာမျိုးတွေ ၀ါးတတ်တဲ့ အလေ့ ရှိခဲ့ပါတယ်။ ဒါပေမယ့် လူတွေ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲလာ တာက Thomas Adams ကြောင့်ဖြစ်ပြီး ၁၉ရာစု နှစ်လောက်မှာ တီထွင် ခဲ့တာပါ။ သူက Mexican သမ္မတ Antonio López de Santa Anna က Mexican ဘက်က အပင် တစ်မျိုး ဖြစ်တဲ့ chicle ကိုဝါးနေ တတ်တာကို သတိထား မိပါတယ်။ ပထမတော့ အဲ့ chicle ကို တာယာတွေ၊ မိုးတွင်းစီး ဖိနပ် စတာတွေ ထုတ်ဖို့ ကြိုးစား ပေမယ့် မအောင်မြင် ခဲ့ပါဘူး။ နောက်တော့ အမျိုးမျိုး စမ်းသပ်ရင်းနဲ့ ဒီ chicle ကိုအချိုဓာတ်နဲ့ အရသာ ထည့်ပြီး စမ်းသပ် ရာကနေ အောင်မြင်သွား ခဲ့ပြီး "Adams New York No.1" လို့နာမည် ပေးခဲ့ပြီး ဒီကနေ့ လူတိုင်း ၀ါးနေကြတဲ့ ပီကေကို တီထွင် နိုင်ခဲ့ပါတယ်။
Myanmar Youth Media Club
အဆင်ပြေပါစေ....

ဆီးဂိမ်းအတွက်ရည်ရွယ်၍ Call Center မှ သီးသန့်အခမဲ့ Hot Line စတင်ဖွင့်လှစ်


အတွဲ (၁၄)၊ အမှတ် (၄၇)
Mon, 12/02/2013 - 16:08
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ရည်ရွယ်၍ 1876 Call Center မှ သီးသန့် Hot Line ဖွင့်လှစ်လိုက်ကြောင်း အဆိုပါ Call Center မှ တာဝန်ရှိသူက ပြောသည်။

ဆီးဂိမ်းမစတင်မီကာလမှ ပြိုင်ပွဲများပြီးဆုံးသည်အထိ သတင်းအချက်အလက်များကို ဖြေကြားပေးသွားမည်ဖြစ်ပြီး ထိုသို့ ဖြေကြားဝန်ဆောင်မှုများကို အခမဲ့ဝန်ဆောင်မှု (Toll Free) အဖြစ် သတ်မှတ်ထားကြောင်းသိရသည်။ “စတင်ခေါ်ဆိုလို့ ရနေပါပြီ၊ မြန်မာ့ဆက်သွယ်ရေးဘက်ကရော Call Center ဘက်ကရော ခေါ်ဆိုမှုအတွက် ဖြတ်တောက်မှာမဟုတ်ပါဘူး” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ နိုဝင်ဘာလကုန်ခန့်မှ စတင်ကာ ခေါ်ဆိုနိုင်ခြင်းဖြစ်ကြောင်း၊ နံပါတ် 1818 သို့ခေါ်ဆိုရမည်ဖြစ်ကြောင်း သိရသည်။ ဆီးဂိမ်းနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ အားကစားကွင်းလိပ်စာများ၊ ပြိုင်ပွဲ ပွဲစဉ် များ၊ အားကစားသမားများ၏ အမည်များ၊ ပွဲစဉ်အနိုင်အရှုံးရလဒ်များ၊ လက်မှတ်ရရှိနိုင်သော နေရာများ အစရှိသည်တို့ကို မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

1818 Hot Line အနေဖြင့် နိုင်ငံခြားဘာသာစကားများဖြင့်လည်း ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။  အင်္ဂလိပ်၊ တရုတ်၊ ထိုင်း၊ မလေးရှား ဘာသာစကားများဖြင့် ဖြေကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “1818 Hot Line ကို နေပြည်တော်မှာ သီးသန့်ထားရှိပြီး အဲဒီကနေ ပြိုင်ပွဲကျင်းပရာ လေးနေရာက သတင်းအချက်အလက်တွေကိုဖြေကြားပေးသွား မှာဖြစ်ပါတယ” ဟု ဆိုသည်။ ၂၄ နာရီဝန်ဆောင်မှုအဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဆီးဂိမ်းဆိုင်ရာဝန် ဆောင်မှုအပြင် အခြား ဝန်ဆောင်မှုအတွက်လည်း မေးမြန်းနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

1818 Hot Line သို့ခေါ်ဆိုကာ ဟိုတယ်လိပ်စာများ၊ စားသောက်ဆိုင်လိပ်စာများ၊ Express Ticket and Air Ticket Reservation ပြုလုပ်ခြင်း၊ Map Guide နှင့် လမ်းညွှန် ဝန်ဆောင်မှုတို့ကို မေးမြန်းနိုင်မည်ဖြစ်ကြောင်း၊ အားကစားသမားများနှင့် ပရိသတ်များအနဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများရှိပါလည်း ယင်း Hot Line သို့ခေါ်ဆိုကာ သက်ဆိုင်ရာ ဆေးခန်းများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များကိုလည်း မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ Call Center အနေဖြင့်  ဆီးဂိမ်းတွင် Information Partner အဖြစ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း
Internet Journal
အဆင်ပြေပါစေ...

အင်တာနက်အသုံးပြုနိုင်သည့် ပမာဏကို 20 GB အထိတိုးချဲ့


အတွဲ (၁၄)၊ အမှတ် (၄၇)
Mon, 12/02/2013 - 17:16

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆီးဂိမ်းအတွက်ရည်ရွယ်၍ အင်တာနက်အသုံးပြုနိုင်သည့် Bandwidth ပမာဏကို 20 GB အထိ တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခင်က 12GB အထိသာ ပြည်တွင်း၌ သုံးစွဲခဲ့သော်လည်း အောက်တိုဘာလကုန်၌ 16GB အထိ တိုးချဲ့နိုင်ခဲ့ပြီး ယခုလကုန်ပိုင်း၌ 20GB အထိတိုးချဲ့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန် ကြားရေးမှူး ဦးအောင်မော်က နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့်ပြောသည်။

ဆီးဂိမ်းပွဲတော်အတွင်း WiFi အင်တာနက်စနစ်ကို အခမဲ့အသုံးပြုခွင့်ပေးမည်ဖြစ်သည့်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အင်တာနက်စနစ်အမြန်နှုန်းများ မြှင့်တင်နိုင်ရန် ဆောင်ရွက် လျှက်ရှိကြောင်း ISP အသစ်များကိုလည်း နေပြည်တော်နှင့် မန္တလေးမြို့၌ တိုးချဲ့တည်ဆောက်ထားရှိပြီး IXP ဟု ခေါ်ဆိုသော အင်တာနက် Gate Way တစ်ခုကိုလည်း နေပြည်တော်၌ တည်ဆောက်ထားရှိကြောင်း သိရသည်။

ထို့အပြင် ဂျပန်နှင့်ပူးပေါင်း၍ ဖိုင်ဘာဆက်ကြောင်းများကို တိုးချဲ့တည်ဆောက်ခြင်း၊ အရေးကြီးပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာများအတွက် Long Term Evolution စနစ်ဖြင့် WiFi အင်တာနက်စနစ်အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်းစသည်တို့ကို ပြုလုပ်ဆောင်ရွက်နေကြောင်း ဦးအောင်မော်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နေပြည်တော်ရှိ အားကစားရွာနှင့် အားကစားကွင်းများရှိ ရုံးခန်းများသို့ အင်တာနက်စနစ်ချိတ် ဆက်ပေးခဲ့သည့်အပြင် ဆီးဂိမ်းသို့ လာရောက်သည့် အများပြည်သူအတွက် အင်တာနက်စနစ် ဝန်ဆောင်မှုပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေးမှ ပုဂ္ဂလိကကုမ္ပဏီများကို တင်ဒါ ခေါ်ယူခဲ့သည်။

Red Link ကုမ္ပဏီနှင့် Global Telphone ကုမ္ပဏီတို့သည် ဆီးဂိမ်း အားကစားပွဲတော်၌ အင်တာနက်စနစ်ကို ကူညီထောက်ပံ့ခဲ့သည့်အတွက် အထက်မြန်မာပြည် နေပြည်တော်နှင့် မန္တလေးမြို့၌ Global Telephone အကူအညီဖြင့် အင်တာနက်အသုံးပြုနိုင်မည်ဖြစ်ပြီး အောက်မြန်မာပြည် ရန်ကုန်နှင့် ငွေဆောင်၌ Red Link ကုမ္ပဏီ အကူအညီဖြင့် အင်တာနက်စနစ် အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး၏ ဦးဆောင်မှုအောက်၌ ဆီးဂိမ်းလာ ဧည့်ပရိသတ်များအနေဖြင့် WiFi အင်တာနက်စနစ်ကို အသုံးပြုရာတွင် Password များ လိုအပ်မည်မဟုတ်ဘဲ လွယ်ကူစွာဖြင့် အသုံးပြုနိုင်မည်ဟု သိရသည်။


မြင့်ကျော်လှိုင်
Internet Journal
 အဆင်ပြေပါစေဗျာ...

Samsung Galaxy S5 မကြာမီလာမည်


Function အထူးအဆန်း၊ နည်းပညာအထူးအဆန်းတွေနဲ့ ပွဲထုတ်လေ့ရှိတဲ့ Samsung Galaxy S စီးရီးရဲ့ ပဉ္စမမြောက်မျိုးဆက်သစ် Galaxy S5 မကြာမီ
ထွက် ရှိလာတော့မယ်လို့ သတင်းများ ထွက်ရှိနေပါတယ်။ Galaxy S5 မှာ
Galaxy S4 ထက်ပိုမို အားပြင်းပြီး ပိုမိုအဆင့်မြင့်တဲ့ နည်းပညာပစ္စည်းတွေနဲ့
ပေါင်းစပ်ထုတ်လုပ်မယ်လို့သိရပါတယ်။ နောက်ပြီး ကွေးညွှတ်နည်းပညာ
ပစ္စည်းတွေကိုလည်း အသုံးချနိုင်တယ်လို့လည်း သတင်းတွေ ထွက်ရှိနေပါ တယ်။

Galaxy S5 ရဲ့ ထုတ်လုပ်မှုကို ဇန်နဝါရီမှာ စတင်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ Galaxy S5 ကို Samsung ရဲ့ မှတ်တိုင်သစ်စမတ်ဖုန်း တစ်လုံးဖြစ်လာစေရန် ဖန်တီးမှုများ ပြုလုပ်ထားကြောင်း၊ Android KitKat ကိုသုံးစွဲလာမည်
ဖြစ်ကြောင်းနဲ့ Galaxy Gear 2 စမတ်နာရီကိုလည်း ဖေဖော်ဝါရီ သို့မဟုတ် မတ်လပိုင်းမှာ ထုတ်လုပ်သွားဖို့ အစီအစဉ်ရှိကြောင်း ကိုရီယားသတင်းဌာန
တစ်ခုက ရေးသားဖော်ပြထားပါတယ်။

အခြားသတင်းဌာနများရဲ့ ဖော်ပြချက်အရ Galaxy S5 တွင် 64-bit processor, 3GB of RAM, 16-megapixel camera, huge 4,000-mAh battery နဲ့ ၅ လက်မ ကွေးကောက်မျက်နှာပြင်တို့ ပါဝင်မယ်လို့ ဆိုပါတယ်။

Galaxy S5 ထွက်ရှိလာဖို့ မဝေးတော့တာကြောင့် ရင်ခုန်စွာနဲ့ပဲ စောင့်မျှော်
လိုက်ကြရအောင်။

Guide Magazine
အဆင်ပြေပါစေ...
http://nyeinchanthu3.blogspot.com/

ဆွဲဆောင်မှု ပြင်းပြင်း HTC One Max အနီရောင်ဗားရှင်း


MTZT

တရုတ်အခြေစိုက် Mobile operator ဖြစ်သူ FarEasTone Telecommunications က HTC One Max အနီရောင်ဗားရှင်းကို ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းထုတ်လွှင့်ထားပါတယ်။

ယခင်က HTC One Max ကို အနက်ရောင်နဲ့ ငွေရောင်ဗားရှင်း နှစ်မျိုး ထုတ်လုပ်ခဲ့ပြီး ပိုပြီးဆွဲဆောင်မှုရှိလှတဲ့ အနီရောင်ကိုယ်ထည်နဲ့
မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အပြာရောင်ဗားရှင်း ထပ်ထုတ်သွားမယ်လို့ ဆိုပါတယ်။

ကိုယ်ထည်အနီရောင်လေးနဲ့ HTC One Max က ပိုပြီးဆွဲဆောင်မှု ရှိတာတော့ အမှန်ပါပဲ။ ပြည်တွင်းကိုရောက်ရှိလာရင် ဘယ်လို အရောင်မျိုးတွေ
မြင်တွေ့ရမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်လိုက်ကြရအောင်။

Guide Magazine

တူ နဲ့ထုလည်း မကွဲနိုင်တဲ့ စမတ်ဖုန်းမျက်နှာပြင် စတင်ရောင်းပြီ


ခွန်နေ(AMMG)

နမော်နမဲ့နိုင်တဲ့ ကိုကို၊မမ တွေအတွက် ကမ္ဘာ့အကြမ်းအခံဆုံး စတ်ဖုန်းမျက်
နှာပြင်ကို Cambridge အခြေစိုက် Evolutive Labs ကထုတ် လုပ်ဖြန့် ချိရောင်းချပေးတော့ မှာပါ။

ဖုန်းမကြာခဏလွတ်ကျသူတွေအတွက် ပူစရာမလိုတော့သလို အဆိုပါ မှန်မျက်နှာပြင်ကို တူနဲ့ထုရင်တောင် မကွဲဘူးလို့ ထုတ်လုပ်တဲ့ ပညာရှင်တွေ
ကအမွန်းတင်ထားပါတယ်။

Rhino Shield Protector လို့အမည်ပေးထားတဲ့ အဆိုပါမှန်ရဲ့အထူက စာရွက်တစ်ရွက်ထက် သုံးဆသာထူပြီး ကြမ်းတမ်းတဲ့ ကွန်ကရစ်မျက်နှာပြင်
ပေါ် ပြုတ်ကျရင်တောင်ဘာမှမဖြစ်သလို ၄၈ မီတာအမြင့်ကနေ ၂၈၈ ဂရမ်
အလေးချိန်ရှိတဲ့ သံမဏိဘောလုံးပစ်ချရင်တောင် မျက်နှာပြင်ထိခိုက်ခြင်းမရှိ
တာကို စမ်းသပ်တွေ့ရှိထားပါတယ်။

ပိုလီမာ အခြေခံပြီး Evolutive Labs ရဲ့ကိုယ်ပိုင်နည်းပညာနဲ့ ထုတ်လုပ်ထား
တဲ့ အဆိုပါ မှန်မျက်နှာပြင်ကို iPhone အပါအဝင် လက်ရှိတန်းမြင့်ဖုန်းတွေ
ဖြစ်တဲ့ Gorilla Glass တွေထက်ပိုမိုကြံ့ခိုင်ပြီး တို့ထိအာရုံခံစနစ် ကိုလည်း
အနှောက်အယှက် မပေးဘူးလို့သိရပါတယ်။

သို့ပေမယ့် လက်တလောမှာတော့ အဆိုပါမျက်နှာပြင်ကို iPhone 5,5S နဲ့ 5Cတို့မှာသာ တပ်ဆင်အသုံးပြုနိုင်ဦးမှာဖြစ်ပြီး အခြားစမတ်ဖုန်းတွေမှာ ရမရ
ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ရောင်းဈေး အမေရိကန် ဒေါ်လာ ၂၀ ထက်မပိုတဲ့ ဈေးနဲ့ ဖြန့်ချိရောင်းချပေး
သွားမယ်လို့ သိရပါတယ်။

Ref:DailMail

Stuff Myanmar Magazine

ငွေစက္ကူများကို အတုအစစ်ခွဲခြားနိုင်မယ့် iPhone 5/5s Microscope (iPhone 5/5S Microscope 60x)


အတွဲ (၁၄)၊ အမှတ် (၄၆)
Tue, 11/26/2013 - 09:15

iPhone 5 တွင်တပ်ဆင် အသုံးပြုနိုင်သော Microscope တစ်ခုဖြစ်ပါတယ်။ သေးငယ်သော အရာဝတ္တုကို အဆ ၆၀ အထိဆွဲကြည့်နိုင်မှာဖြစ်တယ်။ စိန်၊ ကျောက်၊ တံဆိပ်ခေါင်း၊ ဒင်္ဂါပြား၊ ငွေစက္ကူများကို အတုအစစ်ခွဲခြားနိုင်ပြီး မရှိမဖြစ်ဆောင်ထားသင့်တဲ့ ပစ္စည်းဖြစ်ပါတယ်။ လူ့အသားအရေ အရေပြားအရေး အကြောင်းများ၊ သာမန်မျက်စိဖြင့် မမြင်နိုင်သော ပိုးပွှားများကို ကြည့်ရှုနိုင်ပြီး Phone ဖြင့်သာမကဘဲ ဗီဒီယိုပါရိုက်ကူး မှတ်သားထားနိုင်ပါတယ်။ အလင်းရောင်မရှိသော အမှောင်ထဲတွင်ပါ အသုံးပြုနိုင်ရန် LED မီး ၃ လုံးပါဝင်မှာဖြစ်တယ်။ စိန်ကျောက်အရောင်းအဝယ် လုပ်သူများ၊ ငွေစက္ကူရောင်းဝယ်သူများ၊ ရှေးဟောင်းပစ္စည်း သုတေနလုပ်သူများ၊ ဆရာဝန်များ အတွက်အထူး အသုံးဝင်မှာဖြစ်တယ်။ ဈေးနှုန်း ၃၀,၀၀၀ ကျပ်ဖြင့် My Data Online Store ဖုန်း - ၀၉-၅၀၄၆၀၈၅၊ ၀၉-၅၁၉၆၇၂၄ သို့ ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။
-အေးဖြူ
Internet Journal

ဖုန်းခေါ်ဆိုခလျှော့ချပေးစေချင် (အယ်ဒီတာထံ ပေးစာ)


သို့
အယ်ဒီတာခင်ဗျား

ကျွန်တော်က မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ ကျောင်းသားတစ်ဦးပါ။ ယခင်တစ်ပတ် ပေါ်ပြူလာနယူးစ်ဂျာနယ်မှာ Telenor Myanmar အမှုဆောင်အရာရှိချုပ်နဲ့ အင် တာဗျူးမေးတာကို ဖတ်လိုက်ရပါတယ်။ အဲဒီမှာ ဖုန်းခေါ်ဆိုခနှုန်းထားကို ၂၅ ကျပ်နှုန်းထားထက်မပိုတဲ့
နှုန်းနဲ့သာ ကောက် ခံမယ်လို့ ပြောထားတာ တွေ့ရပါတယ်။

၂၅ ကျပ်ဆိုတာ အမြင့်ဆုံးလို့လည်း ပြောသွားပါသေးတယ်။ အဲဒါဆို ကျွန်တော်တို့လို မြန်မာ့ဆက်သွယ်ရေးကနေ ဝယ်ယူထားခဲ့တဲ့ မိုဘိုင်းဖုန်းတွေရဲ့ခေါ် ဆိုခ နှုန်းထားေ တွရော ကျဆင်းပေးဖို့ ရှိသေးလားဆိုတာ သိချင်ပါတယ်။

အခု အသုံးပြုနေတဲ့ ပြည်တွင်း မိုဘိုင်းဖုန်းရဲ့ခေါ်ဆိုခ တစ်မိနစ် ၅ဝ ကျပ်ဟာ မများလွန်းဘူး လားလို့ လည်း မေး ချင်ပါတယ်။

လွှတ်တော်အစည်းအဝေး တစ်ခုမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ မိုဘိုင်းဖုန်းခေါ်ဆိုခ လျှော့ချပေးဖို့ အစီအစဉ်ရှိ မရှိ ဆိုတဲ့အပေါ် ဆက်သွ ယ်ရေးဒု ဝန်ကြီးဦးသောင်း တင်က လျှော့ချပေးဖို့ရှိ တယ်လို့လည်း ဖြေကြားဖူးပါတယ်။

ဒုဝန်ကြီးပြော တဲ့အထဲမှာ ၁၅ ကျပ်ကနေ ၂၅ ကျပ်အကြား ဖြစ်စေရမယ်လို့တောင် အတိအ ကျပါပါသေးတယ်။

ဒါပေမဲ့ အဲဒါက အခုချိန်အထိ ဖြစ်မလာ သေးပါဘူး။ ဘယ်အချိန်မှာများ မိုဘိုင်းဖုန်းပြောခတွေ သက်သက်သာသာ ဖြစ်ပါမလဲ။

ခုဆို ပြည်ပအော်ပရေ တာတွေက လည်း နောက်နှစ်အတွင်း မှာတင်ပဲ ဖုန်းကတ်တွေ ရောင်းချပေးဖို့ လုပ်သွားမယ်ဆိုတာ သိရတဲ့အခါ ကျွန်တော်တို့လို အစိုးရဆီကနေ ဈေးကြီးပေး ဝယ်ထားရတဲ့ ဖုန်းတွေ အတွက် ဘယ်လိုများဆောင်ရွက်ပေးမှာပါလဲဆိုတာ ပိုသိချင်လာပါတယ်။

နိုင်ငံတ ကာဖုန်းခေါ်ဆိုခနှုန်းတွေ ထက်လည်း များတဲ့အပြင် တစ်ခါတစ်ခါ ဖုန်းပြော ခဖြတ် တောက်လိုက်တာတွေကလည်း ပိုဖြတ်သလားလို့တောင် ထင်ရပါတယ်။

ငါးထောင်ကျပ်တန်တစ်ကတ်ဟာ ခဏလေးပဲသုံးလိုက်ရ သလိုပါပဲ။ ဒီအတွက် ပြည်ပ တင်ဒါအောင်တဲ့ ကုမ္ပဏီတွေ ဝန်ဆောင်မှုမစ သေးခင် ကျွန်တော်တို့ ပြည်တွင်းဖုန်းတွေအတွက် ဝန်ဆောင်ခ၊ ဖုန်းခေါ် ဆိုခ အမြန်ဆုံးပြောင်း လဲပေးဖို့ ပေါ်ပြူလာ ယူးစ်က တစ်ဆင့် တင်ပြတောင်း ဆိုလိုက်ရပါတယ်။

မဟုတ်ရင် ပြည်ပက ဖုန်းအော်ပရေတာတွေ ဝင် လာတဲ့အခါ သူတို့ဖုန်းတွေပဲ လွယ်လွယ်ကူကူဝယ်ပြီး ပြောင်းလဲကိုင် ရတော့ မယ့်အခြေအနေမျိုး ဖြစ်နေပါတယ်။

ဒါမှမဟုတ် ဖုန်းဝယ်ယူစဉ်က တည်းက ဖုန်းစာချုပ်မှာ ငှားရမ်းသုံးစွဲတယ်လို့ပါတာမို့ ပြန်အပ်ပြီး ပိုက်ဆံ ပြန်တောင်းမယ်ဆိုရင်ရော ရနိုင်ပါသလား။ ပြည်တွင်းရဲ့မိုဘိုင်းဖုန်းတွေ သုံးစွဲသူများအတွက် ဆက်သွယ်ရေးအနေနဲ့ ဈေးနှုန်းလျှော့ချပေးဖို့တောင်း ဆိုပါရစေ။

မောင်မင်းခန့်ဦး
မြောက်ဒဂုံမြို့နယ်မှ ကျောင်းသားတစ်ဦး

Popular Myanmar News Journal
အဆင်ပြေအောင်မြင်ပါစေ.....

Galaxy Grand 2 ကို Samsung မိတ်ဆက်


Tue, 11/26/2013 - 11:08

Samsung Galaxy Grand ထွက်ရှိပြီး တနှစ်ခန့်အကြာတွင် Galaxy Grand 2 ကို Samsung က မိတ်ဆက်ပြသခဲ့သည်။

Galaxy Grand 2 သည် Galaxy Grand ဒီဇိုင်းအတိုင်း အနီးစပ်ဆုံး ပြုလုပ်ထားပြီး ပိုမိုကောင်းမွန်သော မျက်နှာပြင်ကို အသုံးပြုထားသည်။ Galaxy Grand 2 တွင် WVGA ၅.၂ လက်မ 720p display အသုံးပြုထားကာ quad-core ပရိုဆက်ဆာကို အသုံးပြုထားသည်။

Galaxy Grand တွင် အသုံးပြုခဲ့သော 1.2GHz clock speed ကိုပင် Grand 2 တွင် ထပ်မံ အသုံးပြုထားသည်။ အခြား hardware feature များမှာ 8-megapixel ကင်မရာနှင့် Android 4.3 ကို အသုံးပြုထားပြီး ဘက်ထရီမှာ 2,600mAh ဖြစ်သည်။ သို့ရာတွင် 4G ကွန်ရက်ဖြင့် အသုံးပြုနိုင်ခြင်း မရှိပေ။

Galaxy Grand 2 ကို အဖြူ ၊ အမည်း နှင့် ပန်းရောင် ဟူ၍ အရောင်သုံးမျိုးဖြင့် ရရှိနိုင်ပြီး သတ်မှတ်ထားသည့် နိုင်ငံအချို့တွင် စတင် ရောင်းချ ပေးမည်ဖြစ်သည်။ သို့သော်လည်း ရောင်းချမည့် နိုင်ငံ၊ ဈေးနှုန်းနှင့် ရောင်းချမည့် အချိန်ကို ကုမ္ပဏီက ကြေညာထားခြင်း မရှိသေးပေ။

Ref: CNET
Internet Journal
အဆင်ပြေအောင်မြင်ပါစေ...

ရေထဲရော ကုန်းပေါ်ရော မောင်းလို့ရတဲ့ကား Fiat ကားကုမ္ပဏီ ထုတ်လုပ်


ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်သည့် ကုန်းရေနှစ်သွယ်မောင်း ကားတစ်မျိုးကို ကမ္ဘာ ကျော် Fiat ကားကုမ္ပဏီက ထုတ်လုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်သည် ရေပေါ်တွင်ပါ စီးနင်းအသုံးပြုနိုင်ပြီး ကားပါကင်ထိုးခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာ မလိုသည့်အပြင် ယာဉ်အချက်ပြ စနစ်များကိုလည်း စောင့်ဆိုင်းရန် မလိုအပ် တော့ကြောင်း သိရသည်။ Fiat 500 Personal Water- craft အမည်ရှိ ယင်းကားသည် ၁၉၉၁ခုနှစ်က အီတလီ ကားကုမ္ပဏီ တစ်ခုက ထုတ်လုပ်ခဲ့သည့် Cinquecento ကားကို အဆင့်မြှင့်တင် ထားခြင်းဖြစ်ပြီး ကိုယ်ထည် အပေါ်ပိုင်းတွင် ဂျက်စကီးတစ်ခုကို တပ်ဆင်ထားကြောင်း သိရသည်။ Fiat 500 ကားသည် အီတလီနိုင်ငံ ဗင်းနစ်မြို့မှ အန္တလန္တိတ် သမုဒ္ဒရာတစ်ဝန်း ၁၈ ညကြာ မောင်းနှင်လာခဲ့သော အပျော်စီးသင်္ဘော MSC Divina ကို ကြိုဆိုသောအားဖြင့် အမေရိကန် ပြည်ထောင်စု မီယာမီမြို့ရှိ ပင်လယ်ပြင်တွင် နိုဝင်ဘာ ၁၉ ရက်က မောင်းနှင်မှုများ ပြုလုပ်ခဲ့သည်။

Fiat 500 ကားကိုယ်ထည်ကို ရေပေါ်သွားယာဉ်များဖြင့် ပေါင်းစပ် ထုတ်လုပ်ထားပြီး ကုန်းမြေတွင် သွားလာနိုင်ရန် အတွက်လည်း လိုအပ်သော စက်ပစ္စည်းများကို တပ်ဆင်ထားကြောင်း သိရသည်။ Fiat 500 ကားတွင် တပ်ဆင်ထားသော ဖန်ထည်မျှင် ဘောများသည် ယာဉ်ရပ်တည်နိုင်ရန်အတွက် အကူအညီပေးပြီး ရေယက်သည် ရေတွင်ပေါ့ပါး ဖျတ်လတ်စွာ မောင်းနှင်နိုင်စေရန် အကူအညီပေးကြောင်းနှင့် Fiat ကုမ္ပဏီသည် ပြီးခဲ့သည့် နှစ်လက အမေရိကန် ပြည်ထောင်စု တောင်ပိုင်း ကာလီဖိုးနီးယားပြည်နယ် Huntingto ကမ်းခြေတွင် ပြုလုပ်သော ပင်လယ်လှိုင်းစီး ပြိုင်ပွဲတွင် ယင်းကားကို စတင်မိတ်ဆက်ခဲ့ ကြောင်း သိရသည်။
အောင်မြင်ပျော်ရွင်ကြပါစေဗျာ.....

3D အာရုံခံစနစ် ကုမ္ပဏီ PrimeSense ကို ဝယ်ယူခဲ့ကြောင်း Apple အတည်ပြု


Apple သည် 3D အာရုံခံစနစ် ထုတ်လုပ်သော အစ္စရေးနိုင်ငံ အခြေစိုက် PrimeSense ကုမ္ပဏီအား ဝယ်ယူ လိုက်ပြီ ဖြစ်ကြောင်း အတည်ပြုပြောကြားသွားသည်။

PrimeSense သည် Microsoft ၏ Xbox 360 ဂိမ်းစက်တွင် ကိုယ်အမှုအရာဖြင့် ထိန်းချုပ် ကစားနိုင်သည့် Kinect sensor အတွက် ပံ့ပိုးပေးခဲ့သည့် ကုမ္ပဏီဖြစ်သည်။

Apple ၏ ပြောရေးဆိုခွင့်ရှိသူ Kristin Huguet က Apple အနေဖြင့် PrimeSense အား ဝယ်ယူလိုက်ပြီ ဖြစ်ကြောင်း AllThingsD သို့ အတည်ပြုသွားခဲ့သည်။ သို့သော် ဝယ်ယူသည့် တန်ဖိုးအား ထုတ်ပြန်ရန် ၎င်းက ငြင်းဆိုခဲ့သည်။ Huguet က Apple အနေဖြင့် နည်းပညာ ကုမ္ပဏငယ်များကို ရံဖန်ရံခါ ဆိုသလို ဝယ်ယူနေပြီး မိမိတို့၏ အစီအစဉ်များ နှင့် ရည်ရွယ်ချက်များကို ဆွေးနွေးလေ့ မရှိကြောင်း ပြောကြား သွားခဲ့သည်။

PrimeSense ကုမ္ပဏီ၏ နည်းပညာများကို 3D scanner, iRobot ၏ Ava, Asus ၏ Xtion တို့တွင်လည်း အသုံးပြုခဲ့သည်။ PrimeSense ကုမ္ပဏီကို အစ္စရေးနှင့် အမေရိကန် စီးပွားရေး ကုမ္ပဏီများ ဖြစ်သော Canaan Partners Global, Gemini Israel နှင့် Genesis Partners တို့က ဒေါ်လာ ၈၅ သန်းဖြင့် စတင် တည်ထောင်ခဲ့သည်။

Ref: CNET
Internet Journal
အောင်မြင်အဆင်ပြေကြပါစေဗျာ....

Ios Users များအတွက် ဘောလုံးပွဲတွေ တိုက်ရိုက်ကြည့်နိုင်မယ့် Futbol Stream


Ios users တွေ အတွက် ကမ္ဘာတစ်လွှားက ဘောလုံးပွဲတွေကို  မိမိဖုန်းထဲကနေတိုက်ရိုက် ကြည့်ရှုအားပေးနိုင်မယ့် Futbol Stream ဖြစ်ပါတယ်..ဒီipa လေးက connection မကောင်းတာတောင် ဘောလုံးပွဲကြည့်နေစဉ်မှာထစ်ခြင်းအနည်းငယ်သာ ရှိတာကိုတွေ့ရမှာဖြစ်ပါတယ်..ကိုယ်ကြည့်မယ် league ကို ရွေးပြီးကြည့်ရှုနိုင်မှာဖြစ်ပါတယ်..ပရီးမီးယားလိဂ်၊လာလီဂါ၊စီးရီးအေ၊ဘွန်ဒက်လီဂါ၊ပြင်သစ်လီဂူး ၊ချန်ပီယံလိဂ် စသဖြင့် အကောင်းဆုံးပွဲတွေကို မိမိဖုန်းထဲကနေ တိုက်ရိုက်ကြည့်ရှု ခံစားနိုင်မှာဖြစ်ပါတယ်..အောက်မှာ ရယူနိုင်ပါတယ်..

Futbol stream Download လုပ်ရန်
Myanmar Mobile App Store
အဆင်ပြေပျော်ရွင်ကြပါစေဗျာ.....

မြန်မာစာ (Myanmar Language) မပါဝင်သေးသော Samsung ဖုန်းများအတွက်


နိုင်ငံခြားရောက်မြန်မာတွေရဲ့ မြန်မာစာစနစ်မပါဝင်သေးတဲ့ Samsung ဖုန်းတွေနဲ့ ပြည်တွင်းက မြန်မာစာစနစ် (Myanmar Language) မပါဝင်သေးတဲ့ Samsung ဖုန်းတစ်ချို့တွေအတွက် Samsung Zawgyi Enabler လို့ခေါ်တဲ့ Android ဖုန်းဆော့ဝဲလေး တစ်ခုကို Myanmar Mobile App Store (www.myanmarmobileapp.com) မှရေးသားထုတ်လုပ်လိုက်ပါပြီ ။Android 4.2 နှင့်အထက် မြန်မာစာ (Myanmar Language) မပါဝင်သေးသော Samsung ဖုန်းများကို မြန်မာဘာသာစကား Myanmar Zawgyi ထည့်သွင်းပေးမည်ဖြစ်ပါသည်။ဖုန်းတွင်း setting များအားလုံးတွင် မြန်မာဘာသာစကားပါဝင်လာစေမည်ဖြစ်ပါသည်။ Samsung Zawgyi Enabler ကိုအသုံးပြုရန် သင့်ဖုန်းအား root လုပ်ထားရန်လိုအပ်ပါသည်။ Samsung Zawgyi Enabler ကိုအသုံးပြုပြီးပါက ဖုန်းရဲ့ Setting >Language & input ထဲသို့ဝင်၍ Language တွင် Myanmar (Zawgyi) ကိုရွေးချယ်၍ မြန်မာဘာသာစကားဖြင့် ဖုန်းတွင်းစနစ်တစ်ခုလုံးကိုစတင်အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ နိုင်ငံခြားရောက်မြန်မာတွေရဲ့ မြန်မာစာစနစ်မပါဝင်သေးတဲ့ Samsung ဖုန်းတွေနဲ့ ပြည်တွင်းက မြန်မာစာစနစ် (Myanmar Language) မပါဝင်သေးတဲ့ Samsung ဖုန်းတွေအတွက်အခု Samsung Zawgyi Enabler ဆော့ဝဲလေးက အတော်လေးလွယ်ကူအဆင်ပြေသွားစေလိမ့်မယ်လို့ထင်ပါတယ်။ Samsung Zawgyi Enabler ကိုရေးသားဖန်တီးသူကတော့ Myanmar Mobile App Store မှ ကိုသက်နိုင်စိုး (http://www.facebook.com/thetnaing.mmas) ဖြစ်ပါတယ်။ Samsung Zawgyi Enabler v1.0 for Android ကိုအောက်က link များမှာ download ရယူနိုင်ပါတယ်။

https://play.google.com/store/apps/details?id=com.mmas.samsungzawgyienabler&hl=en

http://www.myanmarmobileapp.com/2013/11/25/samsung-zawgyi-enabler-v1-0-for-android/

Myanmar Mobile App Store
အဆင်ပြေအောင်မြင်ပါစေဗျာ....
http://nyeinchanthu3.blogspot.com/

မကြာခင် ထွက်ရှိလာနိုင်တဲ့ Samsung ရဲ့ အလယ်လတ်တန်းစား ဖုန်းအသစ်


Samsung ရဲ့ မကြာခင် ထွက်ရှိလာတော့မယ့် အလယ်လတ် တန်းစား ဖုန်းမော်ဒယ် အသစ်တစ်မျိုးအဖြစ် SM-G7106 ကို တရုတ်နိုင်ငံ TENAA မှ ဖော်ထုတ်ပြသလိုက်ပါတယ်။ ရရှိထားတဲ့ သတင်းများအရ အဆိုပါဖုန်းဟာ Dual-SIM (SIM ကဒ် နှစ်ခု အသုံးပြုနိုင်မှာ) ဖြစ်ပြီး အန်းဒရွိုက်ဗားရှင်း 4.3 (Jelly Bean) သုံးစွဲထားကာ Quad-Core 1.2GHz, 1.5GB RAM တို့ကို တပ်ဆင်ထားမှာပါ။

ဖုန်းရဲ့ အလေးချိန်ဟာ ၁၆၃ ဂရမ်ရှိပြီးတော့ မျက်နှာပြင်အကျယ် ၅.၂၅ လက်မမှာ ရုပ်ထွက် 720 p ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဖုန်းနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက် တွေကို မသိရသေးပေမယ့် WCDMA နဲ့ GSM သုံးစွဲသူတွေ အတွက် ဖြစ်ပြီး ဈေးနှုန်းလည်း သိပ်ကြီးမြင့်မှာ မဟုတ်ပါဘူး။

ဒီဇိုင်းပုံစံလည်း လှပတဲ့အပြင် Quad-Core CPU သုံးစွဲ ထားတာ ဆိုတော့ တကယ် ထွက်ရှိလာခဲ့ရင်သာ ဘယ်လို အနေအထားမျိုး ဖြစ်မလဲလို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ Samsung ကတော့ ထုံးစံအတိုင်းပဲ ပုံစံအမျိုးမျိုး၊ မော်ဒယ်အမျိုးမျိုးနဲ့ စမတ်ဖုန်းတွေကို အဆက်မပြတ် ထုတ်လုပ်နေဦးမယ် ထင်ပါတယ်ဗျာ။

Source: gsmarena
Kangyi ( Myanmar Consumer Guide)
အဆင်ပြေအောင်မြင်ပျော်ရွင်ပါစေဗျာ....

တိုယိုတာ၏ ဂျိမ်းစ်ဘွန်းကား လာမည့်လတွင် မိတ်ဆက်မည်


ကမ္ဘာကျော် စပိုင်ရုပ်ရှင် ဂျိမ်းစ်ဘွန်းဇာတ်ကားများတွင်သာ ပါဝင်လေ့ရှိသော စိတ်ကူးယဉ်ဆန်လွန်းလှသည့် ကိုယ်ဟန်အမူအရာဖြင့် အမိန့်ပေးစေခိုင်းနိုင်သည့် အဆင့်မြင့်နည်းပညာသုံး မော်တော်ကား တစ် မျိုးကို လာမည့် ဒီဇင်ဘာလ၊ သို့မဟုတ် ၂၀၁၄ ခုနှစ်ဆန်းပိုင်းလများတွင် ဈေးကွက်သို့ တရားဝင်မိတ်ဆက်မည်ဖြစ်ကြောင်း ကားကုမ္ပဏီ တိုယိုတာမှ ယခုလလယ်ပိုင်းတွင် ထုတ်ဖော်ပြောကြားလိုက်သည်။

လက်ရှိအချိန်တွင် FV2 ဟု အမည်ပေးထားသည့် အဆိုပါ Hi-Tech မော်တော်ကားမှာ တစ်ယောက်စီးမျှ သာဖြစ်ပြီး ဘေးတွဲပါသော ဆိုင်ကယ်တစ်စီးမျှသာ အလေးချိန်ရှိမည် ဖြစ်သည်။ စိတ်ကူးယဉ် အဆင့်မှ သည် လက်တွေ့ဆန်ဆန် တီထွင်လာနိုင်သည်အထိ ရည်ရွယ်ထားခဲ့သော FV2 ကို Tokyo Motor Show တွင် ခင်းကျင်းပြသမည် ဖြစ်သည်။ ကားအတွင်း ထည့်သွင်းထားသည့် နည်းစနစ်က ယာဉ်မောင်းသူ၏ အမိန့်ပေးသံနှင့် ကိုယ်ဟန်အမူအရာကို နားထောင်ကာ မောင်း၊ ရပ် လုပ်ဆောင်ချက်များကို ၎င်း ဘာသာ ဆုံးဖြတ်လျက် တိုက်ရိုက်လုပ် ဆောင်မည်ဖြစ်သည်။ ထို့ပြင် ကား၏ အရောင်ကိုလည်း ယာဉ်မောင်းသူမှ ပြောင်းလဲပေးနိုင်သည်ဟု ဆိုသည်။ ကုမ္ပဏီမှ ရူပဗေဒနည်းကျကျဖြင့် ယုတ်္တိရှိစွာ တီထွင်ဖန်တီးထားသည့် မော်တော်ကားဟု အကျယ်တ၀င့် ရှင်းပြခဲ့ပြီး ပြပွဲတွင်မူ အသေးစိတ် အချက်အလက်များ ထပ်မံထုတ်ပေး သွားဖွယ် ရှိနေသည်။

FV2 ကို ဈေးကွက်သို့ မတင်မီတွင် နမူနာအမြည်းအစမ်း သဘောအဖြစ် လည်းကောင်း၊ ဈေးကွက်တွင် အမည်ပို မိုထင်ရှားစေလိုသည့် သဘောအဖြစ် လည်းကောင်း ကုမ္ပဏီမှ iOS Version နှင့် Andriod ဗား ရှင်းများအတွက် Application များကို ဂိမ်းတစ်ခုအဖြစ်နှင့်ပါ ဖန်တီးစေလျက် သုံးစွဲသူရှေ့မှောက်သို့ တင်ပို့ခဲ့ပြီး ဖြစ်သည်။
Mizzima - News in Burmese
Ref: DailyMail


Appleကို ကန်ဒေါ်လာသန်း၂၉၀ ပေးရဖွယ်ရှိတဲ့ Samsung


Samsungဟာ Apple ဒီဇိုင်းတွေကို ထုတ်ကုန် ၃၅မျိုးမှာ ယူသုံးထားကြောင်း ကာလီဖိုးနီးယား ဂျူရီတစ်ယောက်က ရှာတွေ့ခဲ့ပါတယ်။အမေရိကန်၊ ကာလီဖိုးနီးယားမြောက်ပိုင်း၊ ဆန်ဖရန်စစ္စကိုဘေ ဒေသမှာမှ တောင်ပိုင်းနေရာတစ်ဝိုက်ကိုစီလီကွန်တောင်ကြား ဒေသလို့ခေါ်ပါတယ်။ နည်းပညာမြင့် ကုမ္ပဏီတွေအများကြီးစုနေတဲ့ နေရာပေါ့။

Samsung ထုတ်ကုန်တွေမှာ iPhone နဲ့ iPad features တွေကို ကူးယူ သုံးထားတဲ့အတွက် Samsung က Apple ကို ကန်ဒေါ်လာ သန်း၂၉၀ပေးဆောင်ရမယ်လို့ စီလီကွန်တောင်ကြားဒေသ ဂျူရီတစ်ယောက်က အမိန့်ချလိုက်ပါတယ်။ ဒီ့အရင် ဂျူရီတစ်ယောက်တုန်းက Samsungဟာ မူပိုင်ခွင့်ချိုးဖောက်တဲ့အတွက် Appleကို ကန်ဒေါ်လာ သန်းတစ်ထောင် နဲ့ ၅သန်း ပေးဆောင်ရမယ်လို့ အမိန့်ချခဲ့ဖူးပါတယ်။ အဲ့ဒီ့ ဂျူရီက မှားယွင်းတွက်ချက်မိတာကြောင့်လိုဆိုပြီး ပြည်နယ်တရားသူကြီး Lucy Kohက ဒုတိယအကြိမ် ကြားနာမှုခံယူဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့ကြောင့်မို့သာ သန်း၂၉၀ထိပြန်ကျသွားတာပေါ့။

Samsung အနေနဲ့လည်း အယူခံဝင်ဦးမယ်လို့ သိရပါတယ်။

“Appleအတွက်က မူပိုင်ခွင့်၊ ပိုက်ဆံ ဆိုတာတွေထက် အဓိပ္ပါယ်တွေ အများကြီးရှိတယ်။ လူတွေကြိုက်တဲ့ ထုတ်ကုန်သစ်တစ်ခုကို ထုတ်လုပ်ရဖို့ဆိုတာ အလုပ်အရမ်းကြိုးစားဖို့လိုတယ်၊ ဆန်းသစ်နေဖို့လိုတယ်။ ဒါတွေနဲ့ပတ်သက်တဲ့ တန်ဖိုးတွေအပေါ်မှာ ဈေးနှုန်းသွားကပ်လို့တောင် မရပါဘူး။ ဆမ်ဆောင်းရဲ့ မူပိုင်ခွင့်ချိုးဖောက်၊ ကူးယူသုံးစွဲမှုမှာ ထိုက်သင့်တဲ့အဖိုးတစ်စုံတစ်ရာ ရှိနေတယ်ဆိုတာကို ပြသပေးခဲ့တဲ့ ဂျူရီလူကြီးမင်းကို ကျွန်တော်တို့ Appleက အထူးတလည်ကျေးဇူးတင်ရှိပါတယ်။” လို့ Appleက ထုတ်ပြန်ချက်တစ်ရပ်မှာ ဆိုထားပါတယ်။

Trend Myanmar
အဆင်ပြေအောင်မြင်ပါစေဗျာ.....
http://nyeinchanthu3.blogspot.com/