Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label မှုခင်းသတင်း. Show all posts
Showing posts with label မှုခင်းသတင်း. Show all posts

ဖဲရိုက်နေစဉ် လှည့်ကင်းနဲ့တိုးပြီး ရေကန်ထဲ ခုန်ချပြေးသူ သေဆုံး


၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာလ (၅) ရက်နေ့ ည (၇) နာရီခွဲ အချိန်ခန့်တွင် မြိတ်မြို့ အမှတ်(၄) နယ်မြေ ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များသည် လှည့်ကင်း ဆောင်ရွက်နေစဉ် မြိတ်မြို့ မြစ်ငယ်ရပ် ကန်ကြီးရေကန်ဘောင် ပတ်လမ်း အရောက်တွင် ကန်ဘောင်ရှိ ကွပ်ပျစ်တွင် ဖဲကစားနေသူများသည် ရဲတပ်ဖွဲ့ဝင်များအား မြင်တွေ့ပြီး ထွက်ပြေးစဉ် ကန်ကြီးရေကန် ပတ်လမ်းတွင် နေထိုင်သူ ဦးတုတ်ငယ်၊ အသက် (၄၈) နှစ်သည် ရေကန်အတွင်း ခုန်ချ ဆင်းပြေးရာမှ ပြန်လည်ပေါ်လာခြင်း မရှိပဲ ပျောက်ဆုံးလျက် ရှိကြောင်း သိရှိရသဖြင့် မြိတ်မြို့ မီးသတ်တပ်ဖွဲ့ ကယ်ဆယ်ရေး တပ်စုမှ အင်အား (၄၀) ဦးခန့်နှင့် ရပ်ကွက်နေ ပြည်သူများမှ ကန်အတွင်း ရှာဖွေရာ ညပိုင်းတွင် တွေ့ရှိခြင်း မရှိဘဲ ဒီဇင်ဘာလ (၆) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် ၄င်းရေကန်အတွင်းမှ အလောင်း ပြန်လည် ဆယ်ယူရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

မြိတ်ပုလဲမြေ
အဆင်ပြေပါစေဗျာ...
http://nyeinchanthu3.blogspot.com/

ပုဇွန်တောင်မြို့ နယ် တွင် လည်လှီးမှု ဖြစ်ပွား


ဒီဇင်ဘာ ၆ ရက် ၂၀၁၃ ရန်ကုန်မြို့  ပုဇွန်တောင်မြို့ နယ် အမှတ် (၉)ရပ်ကွက် ရွှေဘုန်းပွင့်ဘုရားအနီး သဇင်လမ်းတွင် မူးယစ်ဆေးစွဲ သူတစ်ဦးက မူးယစ်ဆေးဖြတ်ရန် ဆေးကုသနေစဉ်အတွင်း မူးယစ်ဆေးမဖြတ်ပဲ အိမ်သို့ ရောက်ရှိနေသည့် ဧည့်သည် ကို လည်ပင်းလှီးဖြတ်ခဲ့ခြင်းကြောင့် ပုဇွန်တောင်မြို့ နယ် ရေကျော်ရပ်နေ ပြည်သူများအတွင်း ရပ်ကွက်နာသည်ဟု ပြောဆိုဝေဖန်မှုများဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည် ။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ်၊ဒီဇင်ဘာလ၊(၄)ရက်နေ့ ည ၂၀၁၅ နာရီအချိန်တွင် ပုဇွန်တောင်မြို့ နယ် ၊ (၉)ရပ်ကွက် ၊ ရေကျော်ရပ်၊ သဇင်လမ်း ၊ အိမ်အမှတ်(၉) ၊ (၅)လွှာ တွင် နှစ်ချုပ်ငှားရမ်းနေထိုင်သည့် ရှမ်းတိုင်းရင်းသား လူငယ် များနေထိုင်သည့်အခန်းမှ ပစ္စည်းပေါက်ကွဲသံများနှင့် ဆူညံအော်ဟစ်သံများဖြစ်ပွားခဲ့သည် ။

ယင်းအတွက် သဇင်လမ်းနေထိုင်သည့် ပြည်သူများက ဆူညံသံများဖြစ်ပွားနေသည့်အခန်းပေါ်သို့ မော့ကြည့် သည့်အခါ လူနှစ်ဦး ၀ရန်တာတွင် ခိုက်ရန်ဖြစ်ပွားနေသည် ကို တွေ့ ရကြောင်း သိရသည်။ယင်းနောက် လမ်းမပေါ် သို့ ဓားနှင့် အခြား ပစ္စည်းများ ကို ပစ်ချခဲ့သည့်အတွက် သဇင်လမ်းနေပြည်သူများက ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ပုဇွန်တောင်မြို့ နယ် ရဲ တပ်ဖွဲ့ ထံသို့ ဆက်သွယ်အကြောင်းကြားခဲ့ကြသည် ။

သဇင်လမ်းအတွင်း နေထိုင်သူများမှ ၀ိုင်းဝန်းကြည့်ရှုအော်ဟစ်မှုကြောင့် ရန်ပွဲမှာ ခေတ္တရပ်နားခဲ့ရပြီး ရန်ဖြစ်သူ နှစ် ဦးအနက်မှ တစ်ဦးမှာပြေးဆင်းလာခဲ့ပြီး အိမ်ပေါ်မှာ စိတ်မမှန်သူ ဦးလေး က ဓါးနဲ့ ခုတ်နေတယ် ကျွန်တော့် သူငယ်ချင်း သေသွားပြီလား မသိဟု ဆိုကာ ဦးခေါင်းတွင် သွေးသံရဲရဲဖြင့် သဇင်လမ်းနေပြည်သူများကို အကူ အညီ တောင်းခံခဲ့သည် ။ သဇင်လမ်းသူလမ်းသားများက အခင်းဖြစ်တိုက် ၏ ၀င်ထွက်ပေါက်ကို အပြင်မှ ပိတ်ထားလိုက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအလာကို စောင့်ဆိုင်းခဲ့ကြပြီး ဒဏ်ရာများနှင့် ဆင်းပြေးလာသူ ကို စိုင်း အား ရန်ကုန် ဆေးရုံကြီးသို့ ပို့ ဆောင်ပေးခဲ့ကြသည်။

အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် နှင့် ပုဇွန်တောင်မြို့ နယ် ရဲတပ်ဖွဲ့  အမှတ် (၂၉) ရဲစခန်း မှ စခန်းမှူး ရဲအုပ် ဦးစံသောင်း၊ နယ်ထိန်းအဖွဲ့ ခေါင်းဆောင် ဒုရဲအုပ် ဦးသိန်းဝင်း တို့ အဖွဲ့ ရောက်ရှိခဲ့ပြီးနောက် အမှတ် (၉) ၊ (၆)လွှာအတက် လှေကားတွင် ခိုအောင်းနေသည့် တရားခံ စိုင်းရီအား လက်ထိတ်ခတ် ဖမ်းဆီး ပြီး လိုအပ်သည်များကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းအိမ်နေထိုင်သူတစ်ဦးမှ ပြောကြားသည်။

တရားခံ စိုင်းရီ မှာ တာချီလိတ်မြို့ နယ်၊ မကာဟိုခမ်းရပ်ကွက်၊ ဂေါ်သဇင်လမ်း၊ အမှတ် (၆/၇၃) တွင် နေထိုင် သူ တစ်ဦးဖြစ်ကြောင်း၊ ဦးလုံးရှိန် + ဒေါ်ကျင်ပိုင်တို့ ၏ သားတစ်ဦးဖြစ်ကာ ၂၀၁၁ ခုနှစ်ခန့် မှ ရန်ကုန်မြို့ သို့  မူးယစ်ဆေးဖြတ် ကုသရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်နေ့ က တူတော်စပ်သူ ကိုစိုင်း၏ သူငယ် ချင်း ၀င်းသန့် (၄၀) နှစ် (တာချီလိတ်မှ ရန်ကုန်သို့  မော်တော်ကားဝယ်ယူရန် ရောက်ရှိနေသူ) အား အသားလှီး သစ်သားရိုးတပ် စတီးဓါးပြား အရိုး အသွားအရှည် ၁၁ လက်မခန့် ရှိ ဓါးဖြင့် မျက်နှာ၊ဦးခေါင်း၊လည်ပင်းတို့  အား ခုတ်ထစ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ၀င်းသန့် မှာ တာချီလိတ်မြို့ နယ်၊ မကာဟိုခမ်း ရပ်ကွက် ဂေါ်သဇင်လမ်း၊ ၈/၁ တွင် နေထိုင်သူတစ်ဦးဖြစ်ကာ ဈေးရောင်း လုပ်ငန်းဖြင့် အသက် မွေး သူတစ်ဦးဖြစ်ကြောင်း၊ ယင်းသေဆုံးသည့်နေရာသို့  မော်တော်ကားဝယ်ယူရန် အကြောင်းဖြင့် ခေတ္တ တည်းခို နေထိုင်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။ ပုဇွန်တောင်မြို့ နယ် ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဦးသိန်းဝင်း မှ တရားလိုပြုလုပ်ကာ ပုဒ်မ ၃၀၂ ၊ ပြစ်မှု အမှတ် ၂၆၉/၂၀၁၃ ဖြင့် အမှုဖွင့်အရေးယူလျှက် ရှိကြောင်း သိရသည်။

The Mirror Daily
အဆင်ပြေပါစေ.....
http://nyeinchanthu3.blogspot.com/

ရဲတိုက်အမှု ခံပြသက်သေမလာသောကြောင့် ရုံးချိန်းသုံးခုပျက်


မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှုတို့နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်ရဲတိုက်ရဲ့အမှု
အတွက် ခံပြသက်သေများကို ရုံးတင်စစ်ဆေးလျက်ရှိရာ ရဲတိုက်ဘက်မှ သက်သေထွက်ဆိုပေး
မည့်သူများ တရားရုံးသို့ ရောက်မလာသောကြောင့် ရုံးချိန်းပျက်ကွက်မှု သုံးခုရှိခဲ့ပြီဖြစ်ကြောင်း
ကျောက်တံခါးရဲစခန်းမှ ရဲအရာရှိတစ်ဦးက မြန်မာတိုင်း(မ်) ကို ပြောပါတယ်။

"ကျွန်တော်တို့က ခံပြသက်သေဘယ်သူ့ကိုထုတ်မယ်ဆိုတာကို မသိရပါဘူး။ တရားရုံးရောက်မှ
သိရတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နဲ့ ၂၆ ရက်နေ့ ခံပြသက်သေကို စစ်ဆေးမယ့်ရုံးချိန်းမှာ
လည်း တရားခံဘက်မှထွက်ဆိုပေးမယ့် သက်သေတွေရောက်မလာတဲ့အတွက် ရုံးချိန်ပျက်
သွားပါတယ်"လို့ သူကပြောပြပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့တရားရုံးချိန်းမှာလည်း တရားခံဘက်မှထွက်ဆိုပေးမယ့် သက်သေမရောက်
လာသောကြောင့် ရုံးချိန်းထပ်မံပျက်သွားခဲ့ပြီး နောက်တစ်ကြိမ်ရုံးချိန်းကိုတော့ ဒီဇင်ဘာ ၁၃ ရက်
နေ့ ပြန်လည်စစ်ဆေးမယ်လို့သိရပါတယ်။ သရုပ်ဆောင်ရဲတိုက်ရဲ့ အမှုကို ယခုနှစ်မကုန်ခင် မပြီး
သတ်ဖို့များတယ်လို့ သိရပါတယ်။

သရုပ်ဆောင်ရဲတိုက်ကို ကျောက်တံခါးရဲစခန်းမှ မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှု ပုဒ်မ
၁၅/၁၆(ဂ) ဖြင့်ဆရာဝန်၏ ဆေးစစ်ပြန်ကြား စာမရခင် တရားစွဲဆိုခဲ့ရာ ဆီးစစ်ဆေးမှု အဖြေရပြီး
နောက် ပုဒ်မ ၁၆ (ဂ) တစ်မှုတည်းဖြင့်သာ တရားစွဲဆိုထားကြောင်းကျောက်တံခါးရဲစခန်းမှ
ရဲအရာရှိကဆိုပါတယ်။

ဒီလို အမှုမျိုးအတွက် ပြစ်ဒဏ်ဟာ ထောင်ဒဏ် အနည်းဆုံးငါးနှစ်မှ ဆယ်နှစ်အထိရှိကြေင်း
သိရပါတယ်။

အိအိသူ - မြန်မာတိုင်း(မ်)
အဆင်ပြေပါစေ...
http://nyeinchanthu3.blogspot.com/

မရမ်းကုန်းမြို့နယ် ယာဉ်တိုက်မှုဖြစ်ပွား အမျိုးသမီးငယ် သုံးဦးသေဆုံး


ရန်ကုန် ၊ ၆-၁၂-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် အမှတ်(၅) ရပ်ကွက် ၊ ဥက္ကလာလမ်း (လေဆိပ်လမ်း) ၌ ယမန်နေ့ နံနက် ၇ နာရီ မိနစ် ၅၀ တွင် ယာဉ်တိုက်မှု တ်စခု ဖြစ်ပွားခဲ့ရာ အမျိုးသမီး သုံးဦး အခင်းဖြစ်ပွား ရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးပြီး တစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ညီစိုး ၃၇ နှစ် (ဘ) ဦးအောင်ချိန် ( ခရေဖြူလမ်း (၁၀) ရပ်ကွက် ၊ ရွှေပြည်သာ နေသူ ) မောင်းနှင် လာသော ခရီးသည်တင် ( ၄၈ အထူး ယာဉ်လိုင်း ) ဇူးစီးတီးဘတ် အမျိုးအစား ( အဖြူ/ အစိမ်း ) ရောင်မှန်လုံ ( ကားကြီး ) ယာဉ်သည် ဥက္ကလာလမ်း (လေဆိပ်လမ်း) အတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင် လာစဉ် သုခလမ်း အလွန် အရောက်တွင် ဘရိတ် ချွတ်ယွင်းကာ ယာဘက် လမ်းဘေးတွင် လမ်းလျှောက် နေသော မရမ်းကုန်း မြို့နယ် အမှတ်(၅) ရပ်ကွက် နေထိုင် သူများ ဖြစ်ကြသည့် မကျော့ယဉ်ထွန်း ၃၄ နှစ် (ဘ) ဦးကျောက် ၊ မဆွေဇင်ထက် ၁၀ နှစ် (ဘ) ဦးဟန်သိန်း ၊ မမေမြတ်နိုး ၅ နှစ် (ဘ) ဦးဟန်သိန်း နှင့် မမိုးသူ (ခ) မခမ်းမို့မို့ထွေး ၂၈ နှစ် (ဘ) ဦးသံလုံးတို့ အား အရှိန် မထိန်းနိုင်ဘဲ တောက်လျှောက် ၀င်တိုက် ခဲ့ပြီး ဆက်လက်၍ လမ်းဘေးရှိ ဂျာနယ် အရောင်းဆိုင် အား တိုက်မိကာ ရပ်တန့် သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မဆွေဇင်ထက် ၊ မမေမြတ်မိုး နှင့် မမိုးသူ (ခ) မခမ်းမို့မို့ထွေး တို့ သုံးဦးသည် အခင်း ဖြစ်ပွားရာ နေရာ၌ပင် သေဆုံး သွားခဲ့ပြီး မကျော့ယဉ်ထွန်း မှာ ယာတင်ပါး ပေါက်ပြဲ ဒဏ်ရာ ရရှိပြီး မြောက် ဥက္ကလာပ ဆေးရုံကြီး တွင် အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူလျက် ရှိသည်။

ထို ဖြစ်ပွားမှု နှင့် ပတ်သက်၍ အများ ပြည်သူ ဆိုင်ရာ နေရာတွင် ယာဉ် မဆင်မခြင် မောင်းနှင်၍ လူများ သေဆုံး ဒဏ်ရာရရှိပြီး ပျက်စီးခဲ့မှု အပေါ် ယာဉ်မောင်း ညီစိုး အား မရမ်းကုန်း မြို့မ ရဲစခန်း ၌ ပ/၉၄ အရ အမှုဖွင့်၍ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၊ ၂၉၇ / ၃၃၈ / ၃၀၄(က) အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
မြ၀တီ
အဆင်ပြေပါစေ...
http://nyeinchanthu3.blogspot.com/

ရေကျော်၌ ဧည့်သည်ကို ဓားဖြင့်ခုတ်သူအား ရပ်ကွက်သားများ ဝိုင်းပိတ်ဖမ်း


ရန်ကုန်၊ ဒီဇင်ဘာ ၅

ပုဇွန်တောင်မြို့နယ် အမှတ် (၉) ရပ်ကွက်၊ ရေကျော် သဇင်လမ်း၊ တိုက်အမှတ် (၉) ရှိ ငါးလွှာအခန်းတွင် ဒီဇင်ဘာလ ၄ ရက် ည ၈ နာရီခွဲခန့်က အသက် ၃၅ နှစ်အရွယ် စိတ်ကျန်းမာရေး ချို့တဲ့သူက ၎င်း၏အိမ်၌ လာရောက် တည်းခိုသူ အမျိုးသားကို အသားလှီးဓားဖြင့် ဝင်ခုတ်ပြီး ထွက်ပြေးစဉ် ရပ်ကွက်နေသူများက လူသတ်မှု ဖြစ်ပွားရာ တိုက်၏ တံခါးကို ပိတ်ထားသောကြောင့် အဆိုပါဓားဖြင့် ခုတ်သူကို ဖမ်းမိခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခန်းတွင် နေထိုင်သူ အသက် ၃၀ ခန့်အရွယ် ကိုသိန်းဝင်းဇော်ထံသို့ တာချီလိတ်မြို့နယ်မှ ကားဝယ်ယူရန် ရောက်ရှိလာသော အသက် ၄၀ အရွယ် ကိုဝင်းသန့် လာရောက် တည်းခို နေထိုင်လျက် ရှိသည်မှာ တစ်လခန့် ကြာမြင့်ပြီ ဖြစ်ကြောင်း၊ ယင်းနေ့က အဆိုပါ တိုက်ခန်း၏ ဘုရားခန်းတွင် ကိုသိန်းဝင်းဇော်နှင့် တည်းခိုသူ ကိုဝင်းသန့်တို့ အတူရှိနေစဉ် ကိုသိန်းဝင်းဇော်၏ ဦးလေး အသက် ၃၅ နှစ်အရွယ် ကိုစိုင်းရီ ရောက်ရှိလာပြီး မီးဖိုချောင်သုံး အသားလှီး စတီးဓားဖြင့် ကိုဝင်းသန့်ကို ခုတ်ခဲ့ကြောင်း အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောကြားသည်။

ထိုသို့ ပြုလုပ်စဉ် တူဖြစ်သူက ဓားဝင်လုကာ အိမ်အပြင်ဘက်သို့ လွှင့်ပစ်ခဲ့ကြောင်း၊ ယင်းနောက် ဘုရားခန်းမှ တိုက်ခန်းအပြင်သို့ တူဖြစ်သူက ပြေးထွက် လာသောကြောင့် လူသတ်မှု ဖြစ်ပွားသည်ကို ရပ်ကွက်တွင် နေသူများက သိရှိခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောကြားသည်။
“အဲဒီအခန်းမှာ ဆူညံသံကြားလို့ ဘေးခန်းက ရန်ဖြစ်နေကြတယ်ဆိုပြီး လှမ်းအော်တဲ့အချိန် တိုက်လှေကားအောက် လူတွေ ရောက်လာတုန်း ဒဏ်ရာတွေနဲ့ ပြေးဆင်းလာတဲ့ ကိုသိန်းဝင်းဇော်က ဦးလေး လူသတ်လိုက်ပြီ။ နောက်မှာ လိုက်လာတယ်လို့ ပြောတာနဲ့ ရပ်ကွက်ထဲက လူတွေက လှေကားတံခါးကို ပိတ်ထားပြီး ရဲစခန်းကို ဖုန်းဆက် ခေါ်လိုက်တာ” ဟု ၎င်းက ရှင်းပြသည်။

ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခံရသဖြင့် ကိုဝင်းသန့်၏ ဦးခေါင်း၊ မျက်နှာနှင့် လည်ပင်းတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိကာ လည်ပင်းမှာ ပြတ်လုနီးပါး ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ ဓားဝင်ဆွဲသည့် တူဖြစ်သူ ကိုသိန်းဝင်းဇော်တွင် ဓားဒဏ်ရာများ ရရှိသောကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း အဆိုပါ လူသတ်မှုနှင့် ဒဏ်ရာရရှိသူကို မြင်တွေ့ခဲ့သော သဇင်လမ်းတွင် နေထိုင်သူ အချို့ထံမှ သိရှိရသည်။
“ပြေးဆင်းလာတဲ့သူက ဓားဒဏ်ရာတွေနဲ့ သွေးတွေ ရွှဲနေတာပဲ။ သူ့ကို ခဏထား ထားပြီး ဓားနဲ့ ခုတ်တဲ့သူ လမ်းပေါ် မထွက်လာအောင် တံခါးကို အတင်းပိတ်ထားရတယ်” ဟု အဆိုပါလမ်းတွင် မုန့်ဟင်းခါး ရောင်းချသူ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ဓားဖြင့်ခုတ်သူ ကိုစိုင်းရီမှာ စိတ်ကျန်းမာရေး ချို့တဲ့သည့် လက္ခဏာများ ဖြစ်သော တစ်ယောက်တည်း စကားပြောဆိုခြင်း၊ ငိုရယ်ခြင်းများ ပြုလုပ်နေသည်ကို ရပ်ကွက်အတွင်း နေထိုင်သူများ မကြာခဏ တွေ့ရှိရသည်ဟု အဆိုပါလမ်း နေထိုင်သူများထံမှ ကြားသိရကြောင်း၊ ၎င်းတို့ တူဝရီး နှစ်ဦးမှာ အမှတ် (၉) ရပ်ကွက်တွင်း ပြောင်းရွှေ့လာသည်မှာ ငါးလခန့်သာ ရှိသေးကြောင်း အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောကြားသည်။

ယင်းအမှုကို စစ်ဆေးနေသော ရဲအရာရှိကို အဆိုပါ လူသတ်မှု ဖြစ်ပွား ရသည့် အကြောင်းအရင်း မေးမြန်းရာ စစ်ဆေးဆဲကာလ ဖြစ်သောကြောင့် အသေးစိတ် အချက်အလက်များ ဖြေကြားနိုင်ခြင်း မရှိကြောင်း The Voice သို့ ဖြေဆိုသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ကိုစိုင်းရီကို (ပ) ၂၆၉/၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly
အဆင်ပြေပါစေ....
http://nyeinchanthu3.blogspot.com/

အင်းလျားကန်တွင် သေဆုံးသည့်အလောင်း ဒဏ်ရာများတွေ့ရှိမှုကြောင့် စစ်ဆေးနေရ


သောကြာနေ့၊ ဒီဇင်ဘာ ၆ ရက်၊ ၂၀၁၃ ခုနှစ်

ကမ္ဘာအေးဘုရားလမ်းရှိ အင်းလျားကန်စောင်းတွင် ရေနစ်သေဆုံးသည့် လူသေအလောင်းတစ်ခုကို ဒီဇင်ဘာ ၃ ရက် ညကတွေ့ရှိခဲ့ရာတွင် ဒဏ်ရာများပါတွေ့ရှိခဲ့သဖြင့် သွေးရိုးသားရိုး သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် မရမ်းကုန်းရဲစခန်းက အမှုဖွင့် စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန် လိုက်သည်။

ယင်းနေ့ည ၁၀ နာရီက မရမ်းကုန်းမြို့နယ် (၁၀) ရပ်ကွက်ရှိ အင်းလျားကန်စောင်းတွင် လူတစ်ဦးသေ ဆုံးနေကြောင်း သတင်းအရမြို့နယ်စခန်းမှူးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ ရန်ပိုင်လင်း(၁၈)နှစ်၊ ကျပန်း၊ အမှတ် (၇ တ)၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်ထွန်းဇံရပ်ကွက် ဒေါပုံမြို့နယ်နေသူဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းသည် ညနေ ၁ နာရီခွဲအချိန်က အစ်ကိုဖြစ်သူ ဟိန်းဇော်နှင့်အတူ အင်းလျားကန်ဘောင်သို့ ရောက် ရှိလာပြီး လူစုကွဲသွားရာမှ ပျောက်ဆုံးနေသူဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့က တွေ့ရှိထားသည်။

သေဆုံးသူ၏အလောင်းတွင်လည်း ၀ဲနားသွေးထွက်၊ ယာနားစုတ်ပြဲ၊ နှာခေါင်းသွေးထွက် ဒဏ်ရာများ ရရှိထားပြီး ရေနစ်သည့် လကဏ္ခာများဖြင့် သေဆုံးနေသည်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အလောင်းအား မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်စစ်ဆေးလျက်ရှိပြီး ယင်းသေဆုံးမှုမှာ ဓမ္မတာတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးပေးရန် ဒု-ရဲအုပ် ကျော်ဆန်းလင်းက တရားလိုပြုလုပ် တိုင်တန်းထားသည်။

ထို့ကြောင့် မြို့နယ်ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၃၅/၂၀၁၃ ဖြင့် အမှု ဖွင့်ပြီး စခန်းမှူးကိုယ်တိုင် စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima Burmese
အဆင်ပြေပါစေဗျာ.....

အသက်မပြည့်သူအား သက်ကြီးရွယ်အိုက အဓမ္မကျင့်ရန်ကြံ


နေပြည်တော်၊ ဒီဇင်ဘာ ၅

၎-၁၂-၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန် ပွင့်ဖြူမြို့နယ်၊ xxxxကျေးရွာနေ မxxxx(ခ)မxxxx (၁၅)နှစ်သည် မိဘများပိုင်သည့်ရွာအရှေ့ဘက်ယာတဲတွင် တူမများဖြစ်သည့် မxxxx(၄)နှစ်၊ မxxxx(၂)နှစ် တို့နှင့်အတူရှိနေစဉ် ရေပုတ်ကလေးရွာနေ ဦးကျော်ရင်(၇၀)နှစ်ရောက်ရှိလာပြီး ““ငရုပ်သီးဝယ်လိုကြောင်း”” ပြောသဖြင့် ငရုပ်ခင်းထဲသို့လိုက်လံခူးပေးခဲ့သည်။ ထိုသို့ငရုတ်သီးခူးနေစဉ် ဦးကျော်ရင်မှာ နောက်မှ လိုက်လာကာ မxxxxအားမျက်လုံးကိုအ၀တ်ဖြင့်စည်း၍ လူကိုတွန်းလှဲပြီး ဂျင်းဘောင်းဘီအားဆွဲချွတ်၍ သားမယားပြုကျင့်ရန်ကြံစဉ်ခဲ့သောကြောင့် ကလေးများမှအော်ဟစ်ကြရာ ဦးကျော်ရင်မှာထွက်ပြေးသွား ခဲ့သည်။ ထို့နောက် မxxxx(ခ)မxxxxမှ မိဘများပြန်ရောက်လာစဉ် အကြောင်းစုံပြောပြသဖြင့် ဦးကျော်ရင်အားအရေးယူပေးရန် တိုင်ကြားခဲ့သောကြောင့် ပွင့်ဖြူမြို့မရဲစခန်း(ပ)၈၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
အဆင်ပြေပါစေ.....
http://nyeinchanthu3.blogspot.com/

စိတ်ကောက်ပြီး အဆိပ်သောက်သေ


အိမ်မဲ၊ ဒီဇင်ဘာ ၎

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်အိမ်မဲမြို့နယ် သရက်ကုန်းနယ်မြေရဲစခန်းပိုင်တွင် လင်ယောက်ျား နှင့် ရန်ဖြစ်စိတ်ကောက်ပြီး အမျိုးသမီးတစ်ဦး အဆိပ်သောက်သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိ ရသည်။

ဖြစ်စဉ်မှာ ယခုလ ၁ ရက်က အိမ်မဲမြို့နယ် သရက်ကုန်းနယ်မြေရဲစခန်းပိုင် သပေါင်းကျေးရွာအုပ်စု ကွင်းကြီးကွင်း၌ လယ်လုပ်နေထိုင်သူ မထက်ထက်နွယ် အသက်(၁၈နှစ်)သည် နေအိမ်၌ အဆိပ်သောက် သေဆုံးကြောင်း သတင်းကြားသိရ၍ ကျေးရွာအုပ်ချုပ်ရေးမှူးက သရက်ကုန်း ရဲစခန်းသို့ သတင်းပို့ တိုင်ကြားခဲ့သည်။ ထို့ကြောင့် ရဲစခန်းမှတာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာ မရှိကြောင်း တွေ့ရသည်။

အဆိုပါ အဆိပ်သောက်သူမှာ လင်ယောက်ျားဖြစ်သူနှင့် စိတ်ကောက်စကား များပြီး အိမ်ပေါ်တက်အဆိပ်သောက်၍သေဆုံးကြောင်း မေးမြန်းစုံစမ်းလေ့လာတွေ့ရှိရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ရဲဆေးစာဖြင့် လူသေအလောင်းအား သရက်ကုန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ သေမှုသေခင်းအမှတ်စဉ် ၄/၂ဝ၁၃ ရေးဖွင့်၍ သရက်ကုန်းရဲစခန်းမှူးရဲအုပ်မြင့်စိုးက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သတင်းမင်းသား - The Union Daily
အဆင်ပြေပါစေ....

အသတ်ခံရသူ အမျိုးသမီးက အိပ်မက်ပေး အလောင်းနေရာ ပြခဲ့သည့် လူသတ်မှု အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေး


ရန်ကုန်၊ ဒီဇင်ဘာ ၎

လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာအုပ်စုတွင် သေဆုံးသူ အမျိုးသမီးက အိပ်မက်ပေးကာ ရှာဖွေခိုင်းသော ၎င်း၏ ရုပ်အလောင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသမီး ပျောက်ဆုံးသည့် ရက်မှစ၍ ရက်ပေါင်း ၄၀ ကျော်အကြာ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အဓမ္မကျင့် လူသတ်ကာ အလောင်းဖျောက်သည်ဟု ယူဆရသူ အမျိုးသား သုံးဦးကို ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း ငါးဆူတောင် နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ကျေးရွာအုပ်စုရှိ ရဲသုခ စိုက်ပျိုးရေးခြံတွင် အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းက အသက် ၂၃ နှစ်အရွယ် မချိုနွယ်ဝင်း (ခ) ကတုံးမသည် အမှတ် (၁) ကျေးရွာသို့ ဈေးဝယ်သွားရာမှ နေအိမ် သို့ ပြန်မလာသဖြင့် ခင်ပွန်း ဖြစ်သူက အောက်တိုဘာလ ၂၆ ရက်နေ့တွင် လူပျောက် တိုင်ချက်ဖွင့်ကာ ရှာဖွေနေခဲ့ကြောင်း၊ ကိုးရက်မြောက်နေ့တွင် ပျောက်ဆုံးသူ အမျိုးသမီး လုပ်ကိုင်ခဲ့သည့် စိုက်ပျိုးရေးခြံမှ အမျိုးသမီး အလုပ်သမားတစ်ဦးကို ၎င်း၏ အလောင်း ရှိသည့်နေရာ အိပ်မက် ပေးခဲ့သောကြောင့် သွားရောက် ရှာဖွေခဲ့ကြောင်း၊ ယင်းနေရာ၌ ပုပ်ပွကာ ဒဏ်ရာများဖြင့် သေဆုံးနေသည့် မချိုနွယ်ဝင်း၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံးမှုကို ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးစဉ် မသင်္ကာဖွယ် အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

နေအိမ်မှ ဈေးဝယ်အသွား ကိုးရက်ကြာ ပျောက်ဆုံးနေခဲ့သော သေဆုံး ခဲ့သူ၏ ရုပ်အလောင်းကို ငါးဆူတောင်အုပ်စု ဧက ၁၀၀ ခြံအတွင်းရှိ လျှိုအဆင်းတွင် ပုပ်ပွလျက် တွေ့ရှိခဲ့ကြောင်း၊ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ နှစ်ချက်၊ ညာဘက် ဝမ်းဗိုက်အောက်အတွင်း ပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ကို တွေ့ရှိခဲ့ကြောင်း၊ အလောင်းကို လှည်းကူး ဆေးရုံသို့ ပို့ဆောင်ပြီး စစ်ဆေးခဲ့ရာ ဆေးစာအရ မသေဆုံးမီ အဓမ္မကျင့် ခံခဲ့သည်ကို တွေ့ရှိရကြောင်း လူသတ်မှု ဖြစ်ပွားခဲ့သော နေရာအနီးတွင် ရှိသည့် မယ်ဇလီကုန်း ကျေးရွာတွင် နေထိုင်သူ အချို့ထံမှ သိရှိရသည်။

သေဆုံးသူ အမျိုးသမီးသည် တစ်ခြံတည်း အလုပ်လုပ်ကိုင်သူ အလုပ်သမားများနှင့် ဆက်ဆံရေး အဆင်ပြေသော်လည်း လွန်ခဲ့သော တစ်လခန့်က ခြံကပ်လျက်တွင် အလုပ်လုပ်ကိုင်သူ အမျိုးသားတစ်ဦးနှင့် ငွေကြေးကိစ္စ စကားများခဲ့ ဖူးကြောင်း ရဲသုခ စိုက်ပျိုးရေးခြံ အလုပ်သမားများထံမှ သိရှိခဲ့ရပြီး၊ ယင်းလူသတ်မှုနှင့် ဆက်နွှယ်နိုင်သဖြင့် မသင်္ကာ၍ ဖမ်းဆီးခဲ့သူ အမျိုးသားသုံးဦးမှာ အဆိုပါ ခြံကပ်လျက် စိုက်ပျိုးရေးခြံတွင် လုပ်ကိုင်သူများ ဖြစ်ကြောင်း မဲဇလီကုန်း ကျေးရွာတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ လူသတ်မှု ဖြစ်ပွားရသည့် အကြောင်းအရင်း၏ အသေးစိတ် အချက်အလက်ကို သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ကျ ရဲအရာရှိက စစ်ဆေးဆဲ ကာလတွင် မဖြေပေးနိုင်ကြောင်း ပြောကြားသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်း နှိမ်နင်းရေးအဖွဲ့နှင့် လှည်းကူးမြို့မ ရဲတပ်ဖွဲ့တို့က ပတ်ဝန်းကျင်ကို စုံစမ်းခဲ့ရာမှ ကိုကိုလင်း၊ ကျော်သူစိုး၊ ရွှေသိန်းတို့ သုံးဦးကို သံသယ ရှိသောကြောင့် ခေါ်ယူ စစ်ဆေးရာမှ ၎င်းတို့က ပြစ်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ယခင်စစ်ဆေးခဲ့သော ပုဒ်မ ၃၀၂ အစား ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပုဒ်မ ၃၀၂ မှ ပုဒ်မ ၃၀၂/၃၇၆ ဖြင့် ပြောင်းလဲ စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly
အဆင်ပြေပါစေ...

ခိုးမှုပြစ်ချက်ဟောင်းရှိသူ အမျိုးသမီး (၂)ဦးအား စစ်ဆေးရာမှ ခိုးမှုဟောင်း (၁)မှုပေါ်


ရန်ကုန်၊ ဒီဇင်ဘာ ၅

၂၆.၁၁.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် သာကေတမြို့နယ်၊ (၇)အနောက်
ရပ်ကွက်နေ ဒေါ်မူမူဟန်(ခ)ဒေါ်မေလှရှိန် (ဘ)ဦးလှရှိန်သည် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ ကမာကြည်လမ်းရှိ ၎င်း၏
သားဖြစ်သူပိုင် “စွယ်စုံဝင်း”ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်သို့
ရောက်ရှိပြီး ၎င်း၏မိန်းမကိုင် လက်ကိုင်အိတ်အား ကောင်တာအနီး ရှိုးကေ့ဗီဒိုပေါ်တွင်တင်ထားကာ လက်ကိုင်ဖုန်းပြောပြီးနောက် လက်ကိုင်အိတ်အားကြည့်ရာ လက်ကိုင်အိတ်နှင့် အိတ်အတွင်း ထည့်ထားသော ငွေစက္ကူရောရာ (၇၅၀၀၀၀)ကျပ်နှင့်လက်ဝတ်ရတနာများ၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၁၀၂၉၃၀၀၀)မှာ ပျောက်ဆုံးနေ၍ ခိုးယူသူအား စုံစမ်းအရေးယူပေးရန် တိုင်တန်းသဖြင့် သုဝဏ္ဏနယ်မြေရဲစခန်း
(ပ)၃၆၂/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံဖမ်းဆီးရမိရေး ဆောင်ရွက်စဉ် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည် ခိုးမှုများကျူးလွန်ပြီး ပြစ်ဒဏ်ကျခံဘူးသူ မသန္တာဇော် (ဘ)ဦးခင်မောင်သိန်း၊ (၇၀)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် ၀ါနု(ခ)မိငယ်(ခ)
ခင်မငယ်(ဘ)ဦးမြင့်အောင်၊(၆၉)ရပ်ကွက်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်
နေသူတို့ (၂)ဦးအား ၂၈.၁၁.၂၀၁၃ ရက်နေ့ ၁၁၀၀အချိန်တွင်
ဖမ်းဆီးရမိပြီး အမှုဖြင့်ရီမန်ယူစစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာ ၂၀၁၀ခုနှစ်အတွင်းတွင် ၎င်းတို့ (၂)ဦးသည် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်လမ်းမရှိ စတိုးဆိုင်တစ်ဆိုင်မှပစ္စည်းများ
ခိုးယူခဲ့သဖြင့်ထောင်ဒဏ်(၆)လ ပြစ်ဒဏ်ကျခံရဘူးကြောင်း၊ ၂၆.၁၁.၂၀၁၃ရက်နေ့တွင် ၁၀၀၀အချိန်ခန့်တွင် ၎င်းတို့ (၂)ဦးသည် စွယ်စုံဝင်းဆောက်လုပ်ရေး ပစ္စည်းအရောင်းဆိုင်သို့သွားရောက်ကာ ပစ္စည်းအနည်းငယ်ဝယ်ယူပြီး ရှိုးကေ့ပေါ်ရှိ လက်ကိုင်အိတ်အားယူဆောင်၍
ပြန်ထွက်လာခဲ့ကြောင်း၊ နေအိမ်တွင် အိတ်အတွင်း ပါရှိသောငွေကျပ် (၇)သိန်းကျော်အား တစ်ဝက်စီခွဲယူပြီး လက်ဝတ်ရတနာများအား
နေအိမ်တွင်သိမ်းထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံပစ္စည်းများပြန်လည်သိမ်းဆည်းပြီး အခြားခိုးမှုများနှင့် တိုက်ဆိုင်စစ်ဆေးဖေါ်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
အဆင်ပြေပါစေ....

တွံတေးမြို့တွင် မီးလောင်မှုကြောင့် လူတစ်ဦးသေဆုံး


ရန်ကုန်၊ ဒီဇင်ဘာ ၅

၅.၁၂.၂၀၁၃ရက်နေ့ ၀၄၀၅အချိန် တွံ့တေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တွံတေးမြို့၊ ရွှေဆံတော်ရပ်ကွက် ၊ရွှေဆံတော် (၁၁)လမ်းတွင် မီးလောင်မှုဖြစ်ပွားကာ လူတစ်ဦးသေဆုံးကြောင်း သတင်းအရသွားရောက်ရာ သေဆုံးသူမှာ ဦးတက်(ခ)ဦးတိုးမြင့်၊(၆၈)နှစ်၊ (ဘ)ဦးကျော်စိန်သည် ခန္ဓာကိုယ်အနှံ့ မီးလောင်းဒဏ်ရာများနှင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး ၎င်းသည် လေဖြတ်ဝေဒနာခံစား နေရသူတစ်ဦးဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍စစ်ဆေးခဲ့ရာသေဆုံးသူသည် ၀၄၀၀အချိန်ခန့်က ဓနိမိုး၊ ဓနိကာ၊ ၀ါးကြမ်းခင်းတဲတွင် တစ်ဦးတည်း အိပ်နေစဉ် ၎င်းတဲအတွင်းမှ အော်သံများကြားရ၍ ပတ်ဝန်းကျင် နေသူများမှထကြည့်စဉ် မီးလောင်နေသည်ကိုတွေ့ရသဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၀၄၁၀အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး ဆေးလိပ်မီးမှတစ်ဆင့် စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကာ မီးပေါ့ဆစွာသုံးစွဲသူအား တွံတေးမြို့မရဲစခန်း (ပ)၄၃၂/၂၀၁၃၊ ပုဒ်မ ၂၈၅/၃၀၄ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
အဆင်ပြေပါစေ...

သတိလစ်နေသည့်ဇနီးသည်ကို ဆေးရုံသို့ပို့ဆောင်စဉ် ကားပေါ်မှ ပြုတ်ကျသေဆုံး


သတိလစ်နေသည့် ဇနီးသည်ကို ကားနောက်ခန်းတွင်ထားပြီး ဆေးရုံသို့ပို့ဆောင်စဉ် ကားနောက်ခန်းတံခါး ရုတ်တရက်ပွင့်၍ ပြုတ်ကျကာ အမျိုးသမီးမှာ ဦးခေါင်းဒဏ်ရာရရှိပြီး သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ယခုလ ၂ ရက် နံနက်အစောပိုင်းက ပြင်ဦးလွင်မြို့နယ်အတွင်း ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ယခုလ ၁ ရက်က မြစ်ကြီးနားမြို့တွင် တာဝန်ကျသည့် အသက်(၃၉)နှစ်အရွယ် တပ်ကြပ်ကြီးတစ်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူ ရန်ကုန်မြို့နေ အသက်(၂၆)နှစ် အရွယ် အမျိုးသမီးတို့သည် နေပြည်တော်မှ ပြင်ဦးလွင်မြို့သို့ အဖြူရောင်ပါရာဒိုကားဖြင့် လာရောက်လည်ပတ်စဉ် ယခုကဲ့သို့ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၅)ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုရန် အခန်းစီစဉ်ပြီးနောက် ပါရာဒိုကားကို ကားပါကင်တွင်ထားခဲ့ကာ အငှားကားဖြင့် ဘုရားသို့သွားပြီး ည ၇ နာရီတွင် ဟိုတယ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ည ၈ နာရီခွဲတွင် king and queen စားသောက်ဆိုင်သို့ အဖြူရောင်ပါရာဒိုဖြင့်သွားကာ ည ၁၀ နာရီခွဲ တွင် ဟိုတယ်သို့ ပြန်ရောက်လာသော်လည်း ဇနီးမောင်နံနှစ်ဦးစလုံးမှာ ၎င်းတို့တည်းခိုမည့်အခန်းသို့ပင် မပြန်နိုင်အောင် အမူးလွန်နေသောကြောင့် ယာဉ်ပေါ်တွင်သာ အိပ်စက်ခဲ့သည်။

နောက်တစ်နေ့ နံနက် ၄နာရီခွဲခန့်တွင် အမျိုးသားက ဇနီးသည်ကိုနှိုးရာ နိုးထလာခြင်းမရှိသည့်အတွက် ဟိုတယ်လုံခြုံရေးတာဝန်ရှိသူ အမျိုးသားကို ဆေးရုံနေရာမေးမြန်းပြီး ဆေးရုံသို့ပို့ဆောင်ရန် မန္တလေး- လားရှိုး လမ်းမအတိုင်း မောင်းနှင်ခဲ့ရာတွင် ကားနောက်ခန်းယာဘက်ခြမ်းတံခါးပွင့်ပြီး ဇနီးသည် ပြုတ်ကျသွားသည်။ အဆိုပါအမျိုးသမီးသည် လမ်းပေါ်သို့ ပြုတ်ကျသည့်ဖြစ်စဉ်ကြောင့် ဦးခေါင်း၌ဒဏ်ရာရကာ ဆေးရုံမရောက်မီ လမ်းတွင်ပင် သေဆုံးသွားကြောင်း သေဆုံးသူခင်ပွန်းသည်အမျိုးသားက ပြင်ဦးလွင်မြို့မရဲစခန်းမှ တာဝန်ရှိသူများရှေ့တွင် ထွက်ဆိုခဲ့သည်။

ယခုဖြစ်စဉ်တွင် ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် လူသေဆုံးခဲ့၍ တပ်ကြပ်ကြီးအဆင့်ရှိသူ အမျိုးသားကို ပြစ်မှုပုဒ်မ ၃၀၄ ကဖြင့် ပြင်ဦးလွင်မြို့မရဲစခန်းမှ အမှုဖွင့်ထားသော်လည်း တရားခံဖြစ်သူမှာ တပ်မတော်သားတစ်ဦးဖြစ်နေသည့်အတွက် စစ်တပ်တရားရုံးသို့ လွှဲပြောင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။
7 Day Daily
အဆင်ပြေပါစေ....
http://nyeinchanthu3.blogspot.com/

ဗိုလ်တထောင်မြို့နယ်တွင် အလေးမသည့် ၆၈ နှစ်ရွယ်အမျိုးသားကြီး ဝိတ်ပြားပိသေဆုံး


ဗိုလ်တထောင်မြို့နယ်တွင် အလေးမသည့် အမျိုးသားကြီးတစ်ဦး ဝိတ်ပြားများပိ၍ သေဆုံးခဲ့မှုတစ်ခု ဒီဇင်ဘာ ၃ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။

အဆိုပါ သေဆုံးမှုမှာ (၉)ရပ်ကွက်၊ ဗဟာဗန္ဓုလလမ်း၊ အမှတ် (၂၆၃)တွင် ဝိုင်အမ်စီအေ ခန်းမတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခန်းမလုံခြုံရေးဖြစ်သူက အကြောင်းကြားချက်အရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။

ဝိတ်ပြားပိ၍ သေဆုံးခဲ့သူမှာ ဦးအောင်ကြီး (၆၈)နှစ်နေသူဖြစ်ပြီး ဗညားဒလလမ်း၊ ဗျိုင်းရေအိုးစင်ရပ်ကွက် ၊ တာမွေမြို့နယ်နေသူဖြစ်သည်ဟု ရဲက အတည်ပြုထားသည်။

၎င်းသည် ကာယအလှအလေးမခန်းမှတွင် အလေးမသည့်ဝိတ်ပြား တစ်ဖက် (၄) ချပ်စီပါ၊ ပေါင်(၃၀၀)ခန့်အား မတင်ရာမှ ဝိတ်ပြားပိခဲ့ခြင်းလည်းဖြစ်သည်။ ၄င်းကို မှောက်လျက် ဝိတ်မသည့် သံတိုင်ဘေးတွင် မျက်နှာညာဘက်ခြမ်းမှာ သံတိုင်နှင့် ထိမိပြီးဝိတ်ပြားများပြုတ်ကျကာ ဝိတ်ပြားတန်းသံချောင်းမှာ ဦးခေါင်းနှင့် ဇက်ပိုးပေါ်မှ ပိလျက် သေဆုံးနေသည်ကို ရဲက တွေ့ရှိထားသည်။

သေဆုံးသူတွင် ယာဘက်ခြမ်းမျက်နှာတွင် ညိုမဲဖူးရောင်ဒဏ်ရာနှင့် နှာခေါင်းသွေးထွက်ပေါက်ပြဲဒဏ်ရာများ ရရှိသဖြင့် အလောင်း ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်စစ်ဆေးလျက်ရှိသည်။

ယင်းသေဆုံးမှုဖြစ်စဉ်ကိုလည်း ဓမ္မတာတိုင်း သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် ဒုရဲအုပ် သန့်ဇင်ဝင်းက တရားလိုပြုလုပ် တိုင်တန်းထားသဖြင့် ဗိုလ်တထောင်ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ဒုရဲမှူးသာဇံ က စစ်ဆေးနေသည်ဟု သတင်းထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima Burmese
အဆင်ပြေပါစေ.....

လှိုင်မြို့နယ်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည်ကျား (၁၃)ဦး ဒဏ်ရာရ


ရန်ကုန်၊ ဒီဇင်ဘာ ၎

၃.၁၂.၂၀၁၃ရက်နေ့ ၂၀၄၅အချိန် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်း အတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသည့် 7F/5650 KIABONGO လိုက်ထရပ်အပြာရောင် ကိုယ်ပိုင်ယာဉ်သည် ဘုရင့်နောင်စစ်ကြောရေးရုံးအနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်စပ်သို့ တိမ်းမှောက်သွားခဲ့သဖြင့် ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထား၍ ထွက်ပြေးသွားခဲ့ပါသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ၎င်းယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် ၀င်းနိုင်ထွန်းပါကျား (၁၃)ဦးတွင် ဒဏ်ရာများအသီးသီးရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အသီးသီးဆေးကုသမှုခံရသဖြင့် ယာဉ်မဆင်မခြင်
မောင်းနှင်သူ ယာဉ်မောင်း (စုံစမ်းဆဲ)အား ပိတောက်ချောင်းနယ်မြေ ရဲစခန်းယာဉ်(ပ)၂၇/၂၀၁၃၊ ပုဒ်မ ၃၃၈/၂၀၂ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
အဆင်ပြေပါစေ....

ယခုရက်ပိုင်း ကြိုးဆွဲချ သေဆုံးမှုများ


သေမှုသေခင်းများ ဖွင့်လှစ်စစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ ၃

၂-၁၂-၂၀၁၃ ရက်နေ့ ၁၉၁၅ အချိန် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ရဲဒင်ကျေးရွာ အနောက်ဘက်(၁)ဖာလုံခန့်အကွာ၊ ရွာသုဿန်တွင် ၎င်းကျေးရွာနေ စိန်ဘိုဝင်း(၄၂)နှစ် ကြိုးဆွဲချ သေဆုံးနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏အကြောင်းကြားချက်အရ ရွှေပန်းတောနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးရာ စိန်ဘိုဝင်းအား သုဿန်အလယ်ရှိ ထောက်ရှာပင်၏ အမြင့်(၅)ပေခန့်ရှိ သစ်ကိုင်းတွင် အရှေ့ဘက်သို့မျက်နှာမူပြီး ယာဘက်သို့ဦးခေါင်းစောင်းလျက် ငယ်ထိပ်(၁)လက်မခန့် ပွန်းခြစ်ဒဏ်ရာဖြင့် ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိရသည်။ စစ်ဆေးချက်အရ ၎င်းသည် အရက် အလွန်အကျွံသောက်တတ်သူတစ်ဦးဖြစ်ပြီး လွန်ခဲ့သောတစ်ပတ်ခန့်မှစ၍ အရက်ဖြတ်ရာမှ စိတ်ကစဥ့်ကလျား ဖြစ်နေကြောင်းသိရှိရသဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် ရွှေပန်းတောနယ်မြေရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၁၁/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။

ထို့ပြင် ယင်းနေ့ ၁၇၀၀ အချိန် ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာ၊ တောင်ကွက်သစ်ရပ်တွင် လူတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏အကြောင်းကြားချက်အရ ပွင့်ဖြူမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ သေဆုံးသူမှာ ၎င်းကျေးရွာနေ ဆန်းလင်း(၄၀)နှစ်ဖြစ်ကြောင်းသိရှိရပြီး အိမ်ထောင်ရေးပြဿနာများကြောင့် ၎င်း၏အိမ်အပေါ်ထပ် ထုတ်တန်းတွင် (၆)ပေခန့်ရှည်သော တီဗွီအင်တီနာကြိုးအနက်ရောင်ဖြင့် ကြိုးဆွဲချသေဆုံးနေကြောင်း သိရှိရသဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် ပွင့်ဖြူမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် (၁၂/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

အလားတူ ၎င်းနေ့ ၂၀၃၀ အချိန် မကွေးပြည်သူ့ဆေးရုံကြီးသို့ ရေနစ်သေဆုံးသည့်အလောင်း တစ်လောင်းရောက်ရှိနေကြောင်း အကြောင်းကြားချက်အရ မကွေးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ သေဆုံးသူမှာ မြို့သစ်မြို့နယ်၊ မကြီးချိုရွာနေ မောင်မောင်စိုး (၂၅)နှစ်ဖြစ်ပြီး မကွေးလေဆိပ်နှင့်ဆားတိုင်ကန်ကျေးရွာအကြားတွင် ကွန်ကရစ်ဖျော်ရာ၌အသုံးပြုသော အလျား(၃၀)ပေ၊ အနံ(၃၀)ပေ၊ အနက်(၁၂)ပေရှိအုတ်ကန်၌ အရက်မူးပြီးရေချိုးရာမှ အရှိန်လွန်ပြုတ်ကျပြီး သေဆုံးခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် မကွေးနယ်မြေရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၁၅/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
အဆင်ပြေပါစေ...
http://nyeinchanthu3.blogspot.com/

ITC အကြီးတန်းစာရေးအမျိုးသမီး အိပ်ယာထဲတွင်သေဆုံးနေ


ပဲခူးမြို့၊အမှတ်(၃)ရဲစခန်းအပိုင် ဥဿာမြို့သစ်(၅)ရပ်ကွက်၊ဆည်မြောင်း
ITC၀န်းအတွင်းရှိ နေအိမ်လိုင်းခန်းအမှတ် F.17 အတွင်း
တွင်(၃.၁၂.၂၀၁၃)နေ့ ညနေ(၃း၀၀)အချိန်ခန့်က အမျိုးသမီး(၁)ဦးသေဆုံး
နေသဖြင့် ပဲခူးအမှတ်(၃)ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်လင်းနှင့်အဖွဲ့မှသက်
သေများဖြင့် အတူအခင်းဖြစ်နေရာသို့သွားရောက်ကြည့်ရှုစစ်ဆေးရာ သေဆုံးသူမှာ
ဒေါ်ခင်မိုးအေး(၄၅)နှစ်၊(ဘ)ဦးဝင်းစိန်၊ဗမာ/ဗုဒ္ဂ၊အကြီးတန်းစာရေးသည်
၎င်း၏အိပ်ယာ ခြင်ထောင်အတွင်း၌ အင်္ကျီ အပေါ်လှန်ကာ ရင်သားနှစ်ဖက်
ပေါ်၊အတွင်းခံဘော်လီအားကိုက်၊အတွင်းခံဘောင်းဘီမှာ ယာခြေထောက်မှ
ကျွတ်ပြီး ၀ဲခြေထောက် ဒူးခေါင်း၌ရှိ၊ ထဘီဝတ်ဆင်ထားခြင်းမရှိ လည်ပင်းတွင်
ရွှေဆွဲကြိုး(၁)ကုံး၊ယာလက်တွင် ရွှေလက်စွပ်(၁)ကွင်း၊နားနှစ်
ဘက်တွင် ရွှေနားကပ်(၁)ရံဝတ်ဆင်ထားရှိ၊လည်ပင်းညိုမဲဒဏ်ရာ၊မိန်းမ
အင်္ဂါမှာ သွေးများထွက်လျှက် သေဆုံးနေသဖြင့် သေဆုံးသူဒေါ်ခင်မိုးအေး
အားပဲခူးပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း
ဟုတ်/မဟုတ် စစ်ဆေးလျှက်ရှိပြီး ပဲခူးအမှတ်(၃)စခန်း သေမှုသေခင်း
အမှတ်စဉ်(၁၄/၂၀၁၃)ဖြင့်အမှုဖွင့်ထားကြောင်းသတင်းရရှိသည်။

ကိုသန့် ဇင်
အဆင်ပြေပါစေ....
http://nyeinchanthu3.blogspot.com/

နွားကားများအား တားဆီးရာမှ သေနတ်ဖောက်မှုဖြစ်ပွား


နောင်ချို၊ ဒီဇင်ဘာ ၃။

နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာအတွင်း နိုဝင်ဘာလ(၃၀)ရက်ည (၁၀း၁၅)အချိန်ခန့်တွင် ကောင်းခါး ပြည်သူ့စစ်အဖွဲ့နှင့် ဆင်ကျော့
ပြည်သူ့စစ်အဖွဲ့တို့မှ နွားကားများမောင်းနှင်လာရာကျေးရွာသားများမှ တားဆီးသဖြင့် ကောင်းခါးပြည်သူ့စစ်အဖွဲ့မှ သေနတ်ဖြင့် ပစ်ဖောက်ခဲ့ကြောင်း သုံးဆယ်ကျေးရွာသားများထံများက ပြေကြသည်။

သုံးဆယ်လူငယ်အဖွဲ့မှ ၎င်းတို့၏ အမည်ဖြင့် ငွေတောင်းနေသည်ဟု သတင်းထွက်နေသောကြောင့် ၄င်းတို့အဖွဲ့မှ မည်သူမည်ဝါမှ မည်မျှ ငွေကြေးတောင်းခံသည်ကို သိရှိလို၍ နွားကားများအား တားမြစ်မေးမြန်းကြခြင်းဖြစ်ကြောင်း သုံးဆယ်ကျေးရွာ လူငယ်များမှ ပြောသည်။

'' ကျနော်တို့က အေးအေးဆေးဆေးတားပြီးမေးတာကို သူတို့က အတင်းဖြတ်မောင်းတာ ခဏကြာတော့ ကား(၂)စီးပြန်လှည့်လာတယ် သူ့လူတွေကိုလည်း သေနတ်ထုတ်ခိုင်းတယ် လူငယ်တွေကို မင်းတို့လူမိုက်လား ဒါသေနတ်အစစ်ကွဆိုပြီး သုံးချက်ပစ်သွားတာ''ဟု သုံးဆယ်ကျေးရွာ လူငယ် ဒုခေါင်းဆောင်မှ ပြောသည်။

ယင်းကဲ့သို့ လူငယ်အမည်ဖြင့် ငွေကြေးကောက်ခံနေမှုအား သုံးဆယ်ကျေးရွာအုပ်ချုပ်ရေးမှူးအား ကြိုတင် အကြောင်းကြား ခဲ့သော်လည်း ဆောင်ရွက်ပေးခဲ့ခြင်း မရှိ၍ လူငယ်များမှ ယခုကဲ့သို့ တားမြစ်မေးမြန်းရခြင်း ဖြစ်ကြောင်း လူငယ်ခေါင်းဆောင် ကိုမျိုးတင့်မှ ပြောသည်။

လူငယ်များမှ ကားများအား တားမြစ်ထားစဉ် နွားတင်ကားအရေ အတွက်အစီး(၂၀)ကျော် ဖြစ်လာပြီး ရှေ့ဆုံးကားမှ လူငယ်များအား ၀င်တိုက်သဖြင့် လူငယ်များမှ ပြန်၍ ခဲလုံးများဖြင့် ဖြတ်မောင်းသွားသော ကားအား ၀ိုင်းဝန်းထုနှက်ရာ ကားလေကာ မှန်ကွဲသွားကြောင်း
သိရသည်။

ကောင်းခါးပြည်သူ့စစ်အဖွဲ့မှ သေနတ်များပစ်ဖောက်၍ ၄င်းတို့အဖွဲ့မှ
နွားကား(၅)စီးအားထုတ်ယူ ခေါ်ဆောင်သွားကြောင်း ဒေသခံများမှ
ပြောသည်။
ဆင်ကျော့ပြည်သူ့စစ်အဖွဲ့မှာမူ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တိ/ကုမွေး
ဌာနမှ ခွင့်ပြုသော နွားသယ်ခွင့် ပါမစ်စာရွက်ပါရှိကြောင်း
ကောင်းခါးပြည်သူ့စစ်အဖွဲ့မှာမူ နွားသယ်ခွင့် ပါမစ်စာရွက်
ပြသနိုင်ခြင်းမရှိကြောင်း ကျေးရွာကာလသား လူငယ်များမှ ပြောသည်။

အခင်းဖြစ်ပွားချိန်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖုန်းဆက်ခေါ်သော်လည်း လာရောက်ခြင်းမရှိဘဲ နောင်ချိုမြို့မှ အရင်ဦးဆုံးရောက်ရှိလာသည့် သတင်းတပ်ဖွဲ့မှ သွားရောက်
ခေါ်ဆောင်ခိုင်းမှသာ ည(၁၁)နာရီအချိန်တွင် ရောက်ရှိလာကြောင်း
ဒေသခံများမှ ပြောသည်။

နောင်ချိုမြို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှာ ည(၁)နာရီ အချိန်ခန့်တွင် ရောက်ရှိလာကြောင်း ကျေးရွာ သားများမှပြောသည်။

အဆိုပါကိစ္စအတွက် နောင်ချိုမြို့ မြို့မရဲစခန်းသို့ သွားရောက်
မေးမြန်းရာတွင် အဆိုပါကိစ္စနှင့် ပတ်သတ်၍ အသေးစိတ် အချက်အလက်များအား စုံစမ်းနေဆဲ ဖြစ်သောကြောင့် ဖြေကြားခြင်း မဖြစ်နိုင်သေးကြောင်းတာဝန်ရှိသူတစ်ဦးမှ ပြန်လည်ပြောကြားသည်။

စိုင်းကံသာ (လားရှိုး)
The Myanma Age
အဆင်ပြေပါစေ...

လှည်းကူးမြို့နယ်၊ ငါးဆူတောင်လူသတ်မှုမှ တရားခံများအား ဖေါ်ထုတ်ဖမ်းဆီး


ရန်ကုန်၊ ဒီဇင်ဘာ ၎

၂၁.၁၀.၂၀၁၃ရက်နေ့ ၁၅၀၀အချိန် တရားလို ဦးစိုးနိုင်ဦး၊ (၂၉)နှစ်၊ ရဲသုခစိုက်ပျိုးရေးခြံ၊ (ဘ)ဦးကြည်သောင်း၊ ငါးဆူတောင်အုပ်စု၊ လှည်းကူးမြို့နယ်နေသူသည် နေအိမ်တွင်ရှိနေစဉ် ဇနီးဖြစ်သူ မချိုနွယ်ဝင်း(ခ)ကတုံးမ၊ (၂၃)နှစ်၊ (ဘ)ဦးဖိုးဆေးဝါးသည် စက်ဘီးဖြင့် အမှတ်(၁)ကျေးရွာ ဒေါ်အေးဈေးဆိုင်သို့ ဈေးဝယ်သွားရာမှ နေအိမ်သို့
ပြန်မလာဘဲ ပျောက်ဆုံးနေသဖြင့် ၂၆.၁၀.၂၀၁၃ရက်နေ့တွင် ငါးဆူတောင်နယ်မြေရဲစခန်းသို့ လူပျောက်အမှတ်စဉ်(၁/၁၃)ဖြင့် တိုင်တန်းထားရှိခဲ့ပြီး ဆက်လက်ရှာဖွေခဲ့ရာ ၂၉.၁၀.၂၀၁၃ရက်နေ့ ၁၆၃၀အချိန် လှည်းကူးမြို့နယ်၊ ငါးဆူတောင်အုပ်စု၊ ဧက(၁၀၀)လျှိုအဆင်း ဦးမောင်ငြိမ်း၏ရာဘာခြံအတွင်းရှိ ရေအိုင်အတွင်း မှောက်လျက် အနေအထား သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် သေဆုံးအောင်ပြုလုပ်သူအပေါ် ဦးစိုးနိုင်ဦးမှတိုင်တန်းသဖြင့် ငါးဆူတောင်နယ်မြေရဲစခန်း
(ပ)၅၄/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် ပြောင်းလဲဖွင့်လှစ်လက်ခံစစ်ဆေးခဲ့သော အမှုဖြစ်ပါသည်။

အမှုမှတရားခံဖေါ်ထုတ်ရရှိရေးအတွက် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့နှင့် လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့တို့မှ
ပတ်ဝန်းကျင်အား လေ့လာစုံစမ်းပြီး မျက်မြင်သက်သေများ အား စစ်ဆေးကာ မသင်္ကာတရားခံ ကိုကိုလင်း၊ ကျော်သူစိုး၊ ရွှေသိန်းတို့အား
ခေါ်ယူ၍ စစ်ဆေးခဲ့ပြီး တရားခံများမှ ၀န်ခံထွက်ဆိုကာ တရားရုံးတွင်ဖြောင့်ချက်ပေးခဲ့ပါသည်။အဆိုပါတရားခံများသည် လူသတ်မှုမကျူးလွန်မီ သားမယားအဖြစ်ပြုကျင့်ကျူးလွန်ခဲ့သဖြင့်
ပုဒ်မ ၃၀၂မှ ပုဒ်မ ၃၀၂/၃၇၆ဖြင့် ပြောင်းလဲစစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။
Yangon Police
အဆင်ပြေပါစေ...

အမြန်လမ်း ရဲတပ်ဖွဲ့ဝင် ယာစောင့် အမျိုးသမီးကို အဓမ္မကျင့်


ဝမ်းတွင်း၊ နိုဝင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ်၊ ကုက္ကိုခါးလှ အုပ်စု၊ ဂွေကန် (ခေါ်) မျောင်းတော် လှ ရွာနေသူ မ —– အား မိတ္ထီလာ – ဆီးကုန်း အမြန်လမ်း ရဲစခန်းမှ (၃၁၁) ၅ ဖာလုံ ရဲစခန်းခွဲလမ်းတွင် တာဝန်ကျနေသူ လမ်းစောင့်ရဲ ခိုင်ဇော်ဦးက အဓမ္မ ပြုကျင့် ခဲ့ကြောင်းကို ရပ်မိရပ်ဖများ ကာယကံရှင်နှင့် ရပ်ရွာဥက္ကဋ္ဌတို့က မြန်မာသံတော်ဆင့် သို့ ပြော ကြားခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၂ ရက်၊ ညနေ ၃ နာရီခန့်တွင် လမ်း၏ အနောက်ဘက် ကပ်လျက် ဦးလှထွန်းဆိုင်တွင် ဆိုင်ရှင်မရှိ၍ တစ်နေ့ ၅၀၀ ကျပ်နှင့် ဆိုင်စောင့် ယာစောင့်အဖြစ် နေထိုင်စေရာတွင် အမြန်လမ်းမ ရှေ့ဘက် စခန်းခွဲမှ လမ်းစောင့်ရဲ ခိုင်ဇော်ဦးက မ— အား ဆိုင်ထဲတွင် ပါးစပ်အ၀တ် ဆို့၍ လည်ပင်းညစ်ပြီး ၃ ကြိမ် အဓမ္မ ပြုကျင့်ခဲ့ကာ အော်ရင် ပြန်ပြောရင် သတ်ပစ်မည်ဟု ကာယကံရှင်က ပြောကြားခဲ့သည်။ ညနေ ၆ နာရီ အိမ်ပြန်ရာတွင် မိခင်အား တိုင်ကြားခဲ့ရာမှ ရပ်ရွာမှ အားလုံး သိရှိသွားကြပြီး မခံမရပ်နိုင်ဖြစ်ကာ ည ၉ နာရီခန့်တွင် လူ ၁၀၀၀ ခန့် စခန်းကို ၀ိုင်းခဲ့ကြပြီး .. ရဲခိုင်ဇော်ဦးအားတွေ့ပေးရန် ပြောကြား တောင်းဆိုရာတွင် ရဲမှာ ထွက်ပြေးခဲ့ကြောင်းနှင့် နိုဝင်ဘာ ၂၃ ရက်တွင် နေပြည်တော်မှ ရဲမှူးတစ်ဦး လာရောက် စစ်ဆေးပြီး နစ်နာသူ အမျိုးသမီးအား နှစ်သိမ့်၍ ငွေ ၂၀၀,၀၀၀ ကျပ် ပေးခဲ့ကြောင်း ရဲခိုင်ဇော်ဦးအား ၀န်ထမ်းဖောက် ဖျက်မှုဖြင့် အရင်ပြစ်ဒဏ်ပေးပြီး အရပ်ဘက် တရားရုံးသို့ လွှဲပေးမည်ဟု ပြောကြားခဲ့သည်။

မိခင်က ““သမီးမှာ ၁၃ နှစ်တည်းက လေဖြတ်ပြီး အတက်ရောဂါ ရှိကြောင်းနှင့် တူမဆိုင်ဖြစ်၍ အကူအညီ တောင်း၍ နေ့ခင်းစောင့် ပေးစေပြီး ရဲစခန်းရှိ၍ ယုံကြည်အားကိုးမှ ဒီလိုဖြစ်ရခြင်း””ဟူ၍ ပြောခဲ့ပြီး ပင်တလဲ နယ်ပိုင် ရဲစခန်းသို့ တရားလိုပြု၍ တိုင်တန်း အမှုဖွင့်ထားကြောင်း သိရသည်။

ကိုနိုင်ဦး(ရွှေပေါ်ကျွန်း)
Myanmartandawsint Newspaper
အဆင်ပြေပါစေ.....

နောက်အိမ်ထောင်ပြုမည်စိုးသဖြင့်ကွာ ရှင်းပြတ်စဲထားသည့် ဇနီးကို ဓားဖြင့်ထိုးသတ်


မော်လမြိုင်၊ နိုဝင်ဘာ ၂၇

မော်လမြိုင်မြို့နယ် ဖက်တန်းရပ်ကွက်တွင် ယခုလ ၂၃ ရက်က ကွာရှင်းပြတ်ဆဲထားပြီးသော လင်မယားနှစ်ဦး နောက်အိမ်ထောင်ပြု ခြင်းနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ယခုလ ၂၃ ရက် ညနေ ၄ နာရီတွင် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် မြိုင်ရတနာ လေးထပ်ဈေး အနောက်ဘက်လမ်းရှိ ပလက်ဖောင်းပေါ်တွင် ဈေးရောင်းနေသော မဇင်ဇင်အောင် (၃၂)နှစ် (ဘ)ဦးသိန်းဇံထံသို့ လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲထားပြီးဖြစ်သူ လင်းလင်း(ခ)ငပြူး (၃၁)နှစ်ရောက်ရှိလာပြီး မဇင်ဇင်အောင်၏ နောက်အိမ်ထောင်ပြုရေး မပြုရေးနှင့်ပတ်သက်၍ အချင်းချင်းစကားများ ရန်ဖြစ်နေရာမှ လင်းလင်းက အသင့်ယူဆောင်လာသော စတီးဓားချွန်ဖြင့် မဇင်ဇင်အောင်အားဝင်ထိုးခဲ့သဖြင့် ဝဲဘက်ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ နောက်ကျောဘက်တွင် ထိုးသွင်းဒဏ်ရာနှစ်ချက်ရရှိပြီး မော်လမြိုင်အထွေထွေ ရောဂါကုဆေးရုံကြီးသို့ တင်ပို့စဉ်သေဆုံးသွားခဲ့သည်။

အဆိုပါဓားထိုးသေဆုံးမှုနှင့်ပတ်သက်၍ မော်လမြိုင်မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှ လင်းလင်း (ခ)ငပြူးအား(ပ) သတင်းပေးချက် အမှတ် ၁၃ဝ/၂ဝ၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့်အရေးယူဖမ်းဆီးထားကြောင်း သိရသည်။

သားဇော်(ရာမည) - The Union Daily
အဆင်ပြေပါစေ...
http://nyeinchanthu3.blogspot.com/