Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label သက်မွန်မြင့်. Show all posts
Showing posts with label သက်မွန်မြင့်. Show all posts

မင်္ဂလာသတင်းနဲ့ အိမ်ထောင်ဖက်အကြောင်းဖွင့်ဟလာတဲ့ သက်မွန်မြင့်


‘အာဒံရယ်၊ ဧဝရယ်၊ ဒသရယ်’ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုရရှိပြီး ရုပ်ရှင်လောကမှာ မှတ်တိုင်စိုက်ထူခဲ့ သူလည်းဖြစ်သူ အကယ်ဒမီသက်မွန်မြင့်က ၂ဝ၁၄ ခုနှစ်ဆန်း မှာ ချစ်သူကိုစစ်နိုင်နဲ့အတူ မင်္ဂလာပွဲဆင်နွှဲတော့မှာဖြစ် ပါတယ်။ သတို့သမီးက အနုပညာသမားဖြစ်ပြီး သတို့သားက ဗိသုကာပညာရှင်ဖြစ်တာမို့ သက်မွန်မြင့်တို့ချစ်သူနှစ် ဦး တည်ဆောက်မယ့် မိသားစုအိမ်ကလေးကလည်း ပရိသတ်တွေအဖို့ စိတ်ဝင်စားစရာဖြစ်စေမှာ အမှန်ပါပဲ။ စိတ်ချမ်း သာမှုနဲ့ ဘဝတစ်ခုကို တည်ဆောက်ချင်တဲ့ဆန္ဒနဲ့
အိမ်ထောင်ဖက်ရွေးချယ်ဖြစ်ခဲ့ပုံအကြောင်းအပြင် မင်္ဂလာရေးရာ ကိစ္စတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

မင်္ဂလာကိစ္စစီစဉ်နေ

မင်္ဂလာသတင်းကိုသက်မွန်ကအသိ မပေး ချင်သေးဘူး။ ဒါပေမဲ့ ဟိုလူက တစ်မျိုး ပြော လိုက်၊ ဒီလူက တစ်မျိုးပြောလိုက်။ အဲဒီလို မျိုး အမျိုးမျိုးပြောခံရတာကို သက်မွန်က သဘော မကျဘူး။ သက်မွန်စိတ်ကူးထားတာက အားလုံး သေသချောချာ စီစဉ်ပြင်ဆင်ပြီးမှ ပရိသတ်တွေ ကို အသိပေးချင်တာပါ။ နောက်ပြီး ပရိသတ် တွေထင်လွဲသွား မှာလည်း ဆိုးတယ်။ အဲဒါနဲ့ ကိုယ်က အခုတော့ မင်္ဂလာကိစ္စကို စီစဉ်ဖြစ် နေပြီလို့ ပရိသတ်ကို ပြောပြချင်ပါ တယ်။ ကိုယ်တိုင်ပြောပြလို့ ပရိသတ် သိတယ် ဆိုတာမျိုးပဲ
ဖြစ်စေချင်တယ်။

အချစ်နဲ့အိမ်ထောင်တစ် ခုကိုတည်ဆောက်

အဓိက က တော့ အချစ်ပါ ပဲ။ ကိုယ်မချစ် ဘဲနဲ့လည်း အိမ်ထောင် တစ်ခုကိုတည် ဆောက်လို့ မရ ဘူးလို့  သက်မွန် ခံယူတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူစိမ်းလူတစ်ေ ယာက်ကို နားလည်ပေးနိုင်ဖို့၊ ခွင့်လွတ်ပေးနိုင်ဖို့ဆို တာက ကိုယ်ကချစ်မှလည်း ဖြစ်လာမှာလေ။ ယုံကြည်မှုတွေ၊ သည်းခံမှုတွေဆိုတာလည်း ချစ်မှ နားလည်မှုတွေရှိနိုင် မယ်လို့ ယုံကြည် တယ်။ မိန်းကလေးတစ် ယောက်ဖြစ်တဲ့အတွက် ကိုယ်ရွေးချယ်တဲ့ ယောက်ျားတစ် ယောက်က အိမ်ထောင်တစ်ခုကို ဦးစီးနိုင်တဲ့အရည်အချင်း ရှိဖို့လည်း လိုတယ်လို့ တွေးတယ်။ ချစ်ပြီးမှ ဒါတွေကို စဉ်းစားပြီး ရွေးချယ်ဖြစ်တယ်။

ချစ်သူသက်တမ်း

ချစ်သူသက်တမ်းက နှစ်နှစ်ရှိ ပြီ။ ကိုယ် က ကံကောင်းတယ်လို့ပဲ ပြောရမှာပေါ့နော်။ ကိုယ့်အပေါ်မှာ သူက တကယ်လည်းချစ်တယ်။ နားလည်ပေးနိုင်တယ်။ သည်းခံေ ပးနိုင် တယ်။ ကိုယ်နဲ့ကအသက်ကသိပ်မကွာဘူး။ ဒါပေမဲ့ သူ့ရဲ့အတွေးအခေါ်ကရင့်ကျက်တယ်။ ကိုယ့်ထက်လည်းတွေးခေါ်နိုင်တယ်။ယောက်ျားလေးတစ်ယောက် အနေ နဲ့ အရည် အချင်းရှိတယ်။ ကိုယ့်ပေါ်မှာလည်း ညီမ တစ်ယောက်လိုမျိုး ညှာတာတယ်။ သူငယ် ချင်းတစ်ယောက်လိုမျိုးလည်းပေါင်းလို့ရတယ်။ တိုင်ပင်လို့ရတယ်။ ဘာပဲဖြစ်ြ ဖစ် ကံ ကောင်းတယ်လို့ ပြောရမှာပေါ့။တကယ် တမ်းဆိုသူက တအား သဝန်တိုတတ်တဲ့သူ။ ဒါပေမဲ့ ကိုယ် က မင်းသမီး တစ် ယောက် ဖြစ်တဲ့ အတွက် သူ့စိတ်ကို အကုန် လုံးလိုက်ပြီးတော့ လျှော့ပေးတယ်။ နားလည်ပေးနိုင်တယ်။ ကိုယ် ကို့ တန်ဖိုးထားတယ်။ နောက်ပြီးနှစ် ယောက် စလုံးက အတွေးအခေါ်ချင်းနီးစပ်တယ်။ ဘဝ ကို ဖြတ် သန်းချင်တဲ့ ပုံစံချင်းလည်း တူတယ် ဆိုတာ့လက်တွဲရတာစိတ်ချမ်းသာတယ်။ ကိုယ် က ဆယ်ကျော်သက်လည်း မဟုတ်တဲ့ အခါကျ တော့ ချစ်တာကတော့ အရင် ချစ်တယ်။ ချစ်တဲ့နောက်ပိုင်းမှာ ကိုယ်သူ့ကို လက်တွဲနိုင် မလားဆိုပြီး ဦးနှောက်က ပါလာတယ်။ ကိုယ့် ကိုလည်း နားလည်ပေးနိုင်တော့ လက်တွဲဖို့ကို ဆုံးဖြတ်ချက်ချလို့ရသွားတယ်။ သက်မွန်အိမ် ထောင်ပြုပြီးသွားရင်လည်း သူက ကိုယ် ဝါသနာပါတဲ့ အနုပညာအလုပ်ကို ဘယ်အချိန် ထိ ဖြစ်ဖြစ်ပေးလုပ်ပါတယ်။ ဒါပေမဲ့ မလုပ် ချင်တော့ဘူးဆိုရင်လည်း ကိုယ့်သဘောပဲ။ သူ့ ဘက်ကတော့ တစ်ဖက် လူရဲ့ ဆန္ဒကို တား ချင်တဲ့ စိတ်မရှိဘူး။ ဘာလုပ်ချင်လဲ။ ကိုယ်လုပ် ချင်တဲ့ အပေါ်မှာ သူဖြည့်ဆည်းပံ့ပိုးပေး မယ်ဆိုတဲ့ စိတ်ပဲ သူ့မှာရှိပါတယ်။

မင်္ဂလာပွဲအစီအစဉ်

၂ဝ၁၄ခုနှစ်ထဲမှာတော့ မင်္ဂလာ ကိစ္စကို မှန်းထားတယ်။ ဒါပေမဲ့ နည်းနည်းကပ်သွား တော့လိုက်ပြီးစီစဉ်နေရတာတွေရှိနေတယ်။ အနီးကပ်ရင်တော့ပရိသတ်တွေကို အသိ ပေးမှာပါ။စီစဉ်လို့အဆင် ပြေရင် တော့ဖြစ်သွားမှာပေါ့။ ၂ဝ၁၄ ထဲမှာပဲ စီစဉ်ဖြစ်မှာပါ။

စိတ်ချမ်းသာမှုနဲ့အတူ  ဘဝတစ်ခု  တည်ဆောက်ချင်

အရပ်အမောင်း အနေနဲ့ လိုက်ဖက်မှု ရှိတယ်လို့ ပြောကြပါ တယ်။ အဓိကက တော့ စိတ်ပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေ တယ်ဆိုရင် တောင်မှ စိတ် ချင်းအဆင် မပြေရင်မဖြစ်ဘူးလေ။ ကိုယ့် အနေနဲ့ စိတ်မချမ်းသာတဲ့ အလုပ်မျိုးမလုပ်ချင်ဘူး ။ဘာဖြစ်လို့လဲဆိုတော့ အနု ပညာသမားတစ်ယောက်ဖြစ် တဲ့ အတွက် ခံစား လွယ်တယ်။ စိတ်ရော၊ လူရော ဒီအလုပ်ကို လုပ်ရတဲ့အချိန်မှာတအားပင်ပန်း နေပြီဆိုတော့ဘဝတစ်ခုတည် ဆောက်တဲ့အခါမှာ စိတ်ချမ်းချမ်း သာသာလေးပဲ နေချင်တော့ တယ်။

အိမ်ထောင်ဖက်ကို ရွေးချယ်

သူကအိမ်တွေဒီဇိုင်းဆွဲတဲ့ ဗိသုကာ၊ အိမ်ဆောက်တဲ့ အင်ဂျင်နီယာ တစ် ယောက်ပါ။ သက်မွန်တို့အိမ်ဆောက် မယ်ဆိုတော့ သူ့ဆီမှာအိမ်ဒီဇိုင်းတွေ သွား အပ်ရင်း နဲ့စပြီး တွေ့သွားတာပါ။ အစက တော့တအားခင်ဖြစ်တယ်။သူ့ကို အဖြေ ပေးဖို့စဉ်းစားတုန်းကအကြာကြီး တော့ မဟုတ်ပါဘူး။ သူပရိုပို့စ်လုပ် တော့ကိုယ်လည်း သူ့ကိုမြင် တဲ့ အချိန် ကတည်းကစိတ်ဝင်စားတယ်။  နှစ် ယောက်စလုံးက ကိုယ့်ဘဝကို ကိုယ် တည်ဆောက်ပြီး ရုန်းကန်လာရတဲ့ ဘဝသမားတွေဖြစ်တဲ့အတွက် တစ် ယောက်ကို
တစ်ယောက်နားလည်မှုတွေလည်း အများကြီးရှိပါတယ်။

လွင်လွင်ထွန်း - Popular Journal


သက်မွန်မြင့်၏ ဖင်ကို ကိုင်သောကြောင့် စိုင်းစိုင်း ခမ်းလှိုင်နှင့် သက်မွန်မြင့်ရည်းစား ရန်ဖြစ်


မကြာသေးမီက ကျင်းပခဲ့သော စိုင်းစိုင်း မွေးနေ့ စတိတ်ရှိုးတွင် စိုင်းစိုင်းခမ်းလှိုင်က သက်မွန်မြင့် အား ပွေ့ချီနေ သည့်ပုံများ အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်ကို တွေ့ရသည်။

ယင်းပုံနှင့်ပတ်သက်၍ သက်မွန်မြင့်၏ ချစ်သူဖြစ်သူ ကိုမျိုးအောင်သန်းက Fuji House အမည် ရှိ ကော်ဖီ ဆိုင်တွင် ၁၁.၄.၂၀၁၃ နေ့က စိုင်းစိုင်းနှင့်ဆုံမိစဉ် မကျေမနပ်ပြောကြားရာမှ အချေအတင် စကား များခဲ့ကြကြောင်း သိရသည်။

ထို့နေ့က မျက်မြင်တွေ့သူများက ပြောကြားရာတွင်ကိုမျိုးအောင်သန်းမှာ အနည်းငယ် မူးယစ်နေခဲ့ကြောင်း စိုင်းစိုင်းအားတွေ့သည်နှင့် အပြေးလျှောက်သွားကာ မကျေမနပ်ပြောခဲ့ကြောင်း ၄င်း၏အသွင်မှာ ရန်ပြုမည့် အသွင်မျိုးဖြစ်နေ၍ ဘေးလူများက ၀ိုင်းဝန်းဆွဲကြရာမှ အနည်းငယ်ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရကြောင်း သိရသည်။

ပြဿနာမှ အကျယ်အပြန့်ဖြစ်ပွားခြင်းမရှိသော်လည်း သိရှိလိုက်ရသူများအဖို့ ဟာသသဖွယ် ပြောစရာ တစ် ရပ် ဖြစ်သွားခဲ့လေသည်။


ဖင်ကိုင်သော Video File  ကြည့်ရှု့လိုပါက ဒီမှာ  ကြည့်ပါ

 
From: We Love True
အဆင်ပြေအောင်မြင်ပျော်ရွင်ပါစေဗျာ....
http://nyeinchanthu3.blogspot.com/