Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

♪ တယ်လီနော ဆင်းမ်ကတ်များ စက်တင်ဘာ ၁၅ စတင်ဖြန့်မည် အင်တာနက်နှုန်း သက်သာမည်ဟုဆို ♫

50cf2a7049cb84e818cb2303b69154ab
 တယ်လီနောဆင်းမ်ကတ်များတွင် အသုံးပြုနိုင်မည့် ခန့်မှန်းခြေဒေတာပမာဏ နှင့်အင်တာနက်အသုံးပြုနိုင် မှုများကိုစက်တင်ဘာ၅ရက်ကထုတ်ပြန်ကြေညာလိုက်သော်လည်းကောက်ခံမည့်ဒေတာနှုန်းထားများကို မထုတ်ပြန်သေးသော ကြောင့်သုံးစွဲသူများက အူရီဒူးကလက်ရှိသတ်မှတ်ထားသည့်ဒေတာနှုန်းထားထက် သက်သာသည့်ဈေးနှုန်းမျိုး ဖြစ်စေလိုကြောင်း တယ်လီနောဆင်းမ်ကတ် ကိုအသုံးပြုလိုသူများက စက်တင် ဘာ ၅ ရက်၌ ပြောဆိုကြသည်။

ယင်းအတိုင်းအတာကို အင်တာနက်ဒေတာစနစ်ကောက်ခံ မှုနှုန်းထားကိုမထုတ် ပြန်မီ အင်တာနက်ဒေတာ စနစ်ကိုသုံးစွဲမည့် ပြည်သူများအနေဖြင့်နှိုင်းယှဉ် လေ့လာဆန်းစစ်နိုင်ရန် ချပြထုတ်ပြန်ပေး လိုက်ခြင်း ဖြစ်ကြောင်းတယ်လီနောမှ သိရသည်။  တယ်လီနောထုတ်ပြန်ထားသည့်ခန့်မှန်းခြေပမာဏများ အရ တယ်လီနောအင် တာနက်ဒေတာစနစ်100 MB လျှင်ဝက်ဘ်ဆိုက်စာမျက်နှာ ၃၀၀ ခန့်ကိုဝင် ရောက် ကြည့်ရှုနိုင်ခြင်း(သို့) သီချင်း ၁၀ ပုဒ်(သို့) လေးမိနစ်စာ ဗီဒီယိုဖိုင် ၁၀ ခု ကြည့်ရှုနိုင်ခြင်း၊အပလီကေးရှင်း ၃၂ ခုဒေါင်းလုတ်ဒ်ချနိုင်ခြင်းတို့ကိုဆောင်ရွက် နိုင်မည်ဖြစ်ပြီး 500 MB လျှင် ၀က်ဘ်ဆိုက်စာမျက်နှာ ၁၅၀၀ ခန့်ကို ၀င်ရောက် ကြည့်ရှုနိုင်ခြင်း(သို့) သီချင်းအပုဒ် ၅၀ (သို့) လေးမိနစ်စာဗီဒီယိုဖိုင် ၅၀ ကြည့်ရှု နိုင်ခြင်း၊ အပလီကေးရှင်း ၁၅၀ ဒေါင်းလုတ်ဒ်ချနိုင်မည်ဖြစ်ကြောင်း သိရသည်။

အင်တာနက်အသုံးပြုမှု 1GBလျှင် ၀က်ဘ်ဆိုက်စာမျက်နှာ ၃၀၀၀ ခန့်ကိုဝင် ရောက်ကြည့်ရှုနိုင်ခြင်း (သို့) သီချင်းအပုဒ် ၁၀၀ (သို့) လေးမိနစ်စာ ဗီဒီယိုဖိုင် ၁၀၀ ကြည့်ရှုနိုင်ခြင်း၊ အပလီကေးရှင်း၃၂၀ ကို ဒေါင်း လုတ်ဒ်ချနိုင်မည်ဖြစ် ကြောင်း တယ်လီနောမြန်မာက ထုတ်ပြန်ထားသည်။  "တယ်လီနောနဲ့ ပတ်သက်ပြီးတော့ ဆင်းမ်ကတ်ဖြန့်ဝေမယ့် စက်တင်ဘာလအ တွင်းကိုရောက်ရှိလာပါပြီ။ တယ်လီနော သုံးစွဲဖို့စောင့်မျှော်နေသူတွေအတွက် သက်သာတဲ့ ခေါ်ဆိုခနဲ့သက်သာတဲ့ အင်တာနက်ဈေးနှုန်းတွေကို မကြာမီရက်ပိုင်းအ တွင်းမှာပဲ အံ့သြ၀မ်းသာစရာ အသိပေးသွားတော့မှာပါ" ဟုတယ်လီနောမှတာဝန် ရှိသူတစ်ဦးကပြောသည်။

တယ်လီနောဆင်းမ်ကတ်များကိုယခု စက်တင်ဘာ ၁၅ ရက်တွင်စတင်ဖြန့်ချိ သွားမည်ဖြစ်ကာ ဖုန်းခေါ် ဆိုခမှာတယ်လီနောကွန်ရက်အချင်း ချင်းဖြစ်ပါက ၁၅ ကျပ်သာ ကျသင့်မည်ဖြစ်ပြီးအူရီဒူးနှင့် MPT ကဲ့သို့ အခြားကွန် ရက်များကိုခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်ကျသင့်မည်ဖြစ်ကြောင်း၊ မှတ်ပုံ တင်တစ်ခုလျှင် တယ်လီနောဆင်းမ်ကတ် ငါးကတ်ခန့် ရောင်းချပေးသွားမည်ဖြစ် ကြောင်း၊၀န်ဆောင်မှုစတင်ချိန် တစ်လ အခမဲ့အသုံးပြုခွင့် ပေးသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာက အရောင်းဆိုင်များထံ မိတ်ဆက် စဉ် ပြောကြားခဲ့ကြောင်း အရောင်းကိုယ်စားလှယ်အချို့ထံမှသိရသည်။ ယင်းနှင့်ပတ်သက်၍ တယ် လီနော မြန်မာထံအတည်ပြုချက် ရယူခဲ့သော်လည်း ရက်ပိုင်းအတွင်း အတိအ ကျကြေညာ ပေးသွား မည်ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့သည်။

"ကျွန်တော်ကတော့ ဖုန်းခေါ်ဆိုခဈေးသက်သက်သာသာ နဲ့ဖြစ်ရုံမကအင်တာနက် အသုံးပြုမှုက လည်း ဒေတာနဲ့ကောက်မယ်ဆိုရင် အားလုံးအဆင်ပြေပြေ အသုံးပြု နိုင်မယ့်အနေအထားတစ်ခုဖြစ်စေ ချင်တယ် ဒီခေတ်ကလူမှုကွန်ရက်ဝက်ဘ်ဆိုက် တွေကလည်း အရေးပါလာပြီးလိုအပ်တဲ အပလီကေး ရှင်းတွေ သီချင်းတွေက လည်းအင်တာနက်လိုင်းကောင်းကောင်းနဲ့ဒေါင်းလုတ်ဒ်ချနိုင်မယ့်အနေအထား တစ်ခုကိုမျှော်လင့်ခဲ့တာကြာပြီ။ အူရီဒူးကတော့ အင်တာနက်ကောက်ခံနှုန်းက မြင့်တော့ သုံးတာတောင် ရင်တမမဖြစ်နေရတယ်။ ဒါကြောင့် တယ်လီနောကို တော့ဒီလိုမဖြစ်စေဖို့နဲ့ 1MB ကိုအများ ဆုံး နှစ် ကျပ်လောက်ထိတော့ထားပေးဖို့ မျှော်လင့်ထားတယ်။ ဒါဆိုရင် အားလုံးအဆင်ပြေပြေ သုံးနိုင်မယ်လို့ ထင်ပါ တယ်။ တယ်လီနောအနေနဲ့လည်း သုံးစွဲသူတွေတတ်နိုင်တဲ့နှုန်းထားဖြစ်အောင် လုပ်ပေးစေလိုပါတယ်" ဟုလှည်းတန်းနေအသက် (၂၉)နှစ်အရွယ်ကိုသက်အောင် က ပြောဆိုခဲ့သည်။   တယ်လီနောမြန်မာသည် ယခုလတွင်း ဖြန့်ဝေမည့် ဆင်းမ်ကတ်များကို 2G နှင့် 3G ကွန်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်သည့် အတွက် အောက်ခြေလူတန်း စားများ အသုံးပြုနိုင်သည့်ဖုန်းဟန်းဆက်များ၌်လည်း ထည့်သွင်း အသုံးပြုနိုင်စေ မည်ဖြစ်ကြောင်း အာမခံထားသည်။

စံတော်ချိန်

" သီတဂူဆရာတော်ကြီး မျက်စိနှစ်လုံး ခွဲစိပ်ကုသရခြင်း "

 Photo: " သီတဂူဆရာတော်ကြီး မျက်စိနှစ်လုံး ခွဲစိပ်ကုသရခြင်း "
(တပည့်များ စိတ်အေးစေရန် ကြေငြာချက် - OFFICIAL Report)

သီတဂူဆရာတော်ကြီးသည် ညာဘက်မျက်လုံး အနီးအဝေး မမြင်သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သည်။ ၂၀၁၄ နိုဝင်ဘာလ ၂၄ရက်နေ့က နီပေါလ်နိုင်ငံ လုမ္ဗိနီဒေသ ဗုဒ္ဓဘာသာအမွေနှစ်များ ထိမ်းသိန်းစောင့်ရှောက်ရေးအတွက် အကြိုညှိနှိုင်းအစည်းဝေးကြွခဲ့သည်။ အပူချိန် ၄၀အထိရှိသည့် လုမ္ဗိနီဒေသ ဖိနပ်မစီးရသတ်မှတ်ထားသော နေရာများတွင် ဖိနပ်မစီးဘဲ တော်တော်ကြာ လမ်းလျှောက်ခဲ့ပြီး ဟိုတယ်အပြန် ရေချိုးလိုက်သောအခါ ဘယ်ဘက်မျက်စိပါ အလင်းမရ ဖြစ်ခဲ့သည်။ 

ထို့နောက်တွင် နီပေါလ်နိုင်ငံမှ သြစတေးလျနိုင်ငံသို့ သီတဂူသံဃာများနှင့်အတူ သိမ်သမုတ်ပွဲ ကြွခဲ့သည်။

သြစတေးလျမှ အင်္ဂလန်နိုင်ငံသို့ အစည်းအဝေးတစ်ခု တက်ရောက်ရန် ရောက်ရှိနေခိုက် အင်္ဂလန်နိုင်ငံရှိ တပည့်များဖြစ်ကြသည့် ဒေါက်တာသိန်းမြင့်၊ ဒေါက်တာကိုကို၊ ဒေါက်တာကျော်မြင့်ဦး တို့နှင့် မျက်စိကိစ္စ တိုင်ပင် ဖြစ်ခဲ့သည်။

တပည့်ဆရာဝန်များ၏ အကြံပေးချက်အရ စစ်ကိုင်းသီတဂူအာယုဒါန ဆေးရုံတော်ကြီးတွင် လုပ်အားပေးခဲ့ဖူးသော တန်ဇားနီးယားနိုင်ငံဖွား၊ ပါကစ္စတန်နိုင်ငံသား ဆေးရုံပိုင်ရှင်ဖြစ်သော DR. Sherez Daya နှင့်ပြသဖြစ်ခဲ့သည်။ ကြုံတုန်းကြုံခိုက် အခြေနေလည်းပေးသဖြင့် ခွဲစိတ်ကုသသွားပါရန် အကြံပြုကြသည့်အတိုင်း ဆရာတော်ဘုရားမှ ၄-၆-၂၀၁၄ တွင် မျက်စိနှစ်ဖက်လုံး ခွဲစိတ်ကုသမှု ခံယူတော်မူခဲ့သည်။

ယခုအခါ မျက်မှန်မပါဘဲ အဝေးကြည့်ကို ကောင်းစွာမြင်နိုင်သည်။ အနီးကြည့်ကိုတော့ နောက်နှစ်ရက်တွင် ကောင်းစွာမြင်နိုင်မည်။

ကုန်ကျစရိတ် စတာလင်ပေါင် (၁၀၀၀၀) တစ်သောင်းကျော် အားလုံးကိုလည်း ထိုဆေးရုံပိုင်ရှင် ဆရာဝန်ကြီးမှ လှူဒါန်းခဲ့သည်။

ဆရာတော်ကြီးသည် ယခုအခါ ကျန်းမာရေးရော မျက်လုံးနှစ်ဖက်ပါ ကျန်းကျန်းမာမာရှိပါကြောင်း စိတ်ပူကြသည့် တပည့်များအား အသိပေးပါသည်။

ဆရာတော်ကြီး (ကိုယ်စား)
သီတဂူစတား
" သီတဂူဆရာတော်ကြီး မျက်စိနှစ်လုံး ခွဲစိပ်ကုသရခြင်း "
(တပည့်များ စိတ်အေးစေရန် ကြေငြာချက် - OFFICIAL Report)

သီတဂူဆရာတော်ကြီးသည် ညာဘက်မျက်လုံး အနီးအဝေး မမြင်သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သည်။ ၂၀၁၄ နိုဝင်ဘာလ ၂၄ရက်နေ့က နီပေါလ်နိုင်ငံ လုမ္ဗိနီဒေသ ဗုဒ္ဓဘာသာအမွေနှစ်များ ထိမ်းသိန်းစောင့်ရှောက်ရေးအတွက် အကြိုညှိနှိုင်းအစည်းဝေးကြွခဲ့သည်။ အပူချိန် ၄၀အထိရှိသည့် လုမ္ဗိနီဒေသ ဖိနပ်မစီးရသတ်မှတ်ထားသော နေရာများတွင် ဖိနပ်မစီးဘဲ တော်တော်ကြာ လမ်းလျှောက်ခဲ့ပြီး ဟိုတယ်အပြန် ရေချိုးလိုက်သောအခါ ဘယ်ဘက်မျက်စိပါ အလင်းမရ ဖြစ်ခဲ့သည်။

ထို့နောက်တွင် နီပေါလ်နိုင်ငံမှ သြစတေးလျနိုင်ငံသို့ သီတဂူသံဃာများနှင့်အတူ သိမ်သမုတ်ပွဲ ကြွခဲ့သည်။

သြစတေးလျမှ အင်္ဂလန်နိုင်ငံသို့ အစည်းအဝေးတစ်ခု တက်ရောက်ရန် ရောက်ရှိနေခိုက် အင်္ဂလန်နိုင်ငံရှိ တပည့်များဖြစ်ကြသည့် ဒေါက်တာသိန်းမြင့်၊ ဒေါက်တာကိုကို၊ ဒေါက်တာကျော်မြင့်ဦး တို့နှင့် မျက်စိကိစ္စ တိုင်ပင် ဖြစ်ခဲ့သည်။

တပည့်ဆရာဝန်များ၏ အကြံပေးချက်အရ စစ်ကိုင်းသီတဂူအာယုဒါန ဆေးရုံတော်ကြီးတွင် လုပ်အားပေးခဲ့ဖူးသော တန်ဇားနီးယားနိုင်ငံဖွား၊ ပါကစ္စတန်နိုင်ငံသား ဆေးရုံပိုင်ရှင်ဖြစ်သော DR. Sherez Daya နှင့်ပြသဖြစ်ခဲ့သည်။ ကြုံတုန်းကြုံခိုက် အခြေနေလည်းပေးသဖြင့် ခွဲစိတ်ကုသသွားပါရန် အကြံပြုကြသည့်အတိုင်း ဆရာတော်ဘုရားမှ ၄-၆-၂၀၁၄ တွင် မျက်စိနှစ်ဖက်လုံး ခွဲစိတ်ကုသမှု ခံယူတော်မူခဲ့သည်။

ယခုအခါ မျက်မှန်မပါဘဲ အဝေးကြည့်ကို ကောင်းစွာမြင်နိုင်သည်။ အနီးကြည့်ကိုတော့ နောက်နှစ်ရက်တွင် ကောင်းစွာမြင်နိုင်မည်။

ကုန်ကျစရိတ် စတာလင်ပေါင် (၁၀၀၀၀) တစ်သောင်းကျော် အားလုံးကိုလည်း ထိုဆေးရုံပိုင်ရှင် ဆရာဝန်ကြီးမှ လှူဒါန်းခဲ့သည်။

ဆရာတော်ကြီးသည် ယခုအခါ ကျန်းမာရေးရော မျက်လုံးနှစ်ဖက်ပါ ကျန်းကျန်းမာမာရှိပါကြောင်း စိတ်ပူကြသည့် တပည့်များအား အသိပေးပါသည်။

ဆရာတော်ကြီး (ကိုယ်စား)
သီတဂူစတား
 ငြိမ်းချမ်းသူ(နည်းပညာ)

06B MADI မုန်တိုင်း မြန်မာနိုင်ငံကို ၀င်မ၀င်ဆိုတာနဲ့ ပတ်သက်လို့- Cyclone News Update


9-12-2013
10:49 am

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း 06B MADI ဟာ တဖြည်းဖြည်း ပိုမို အားကောင်းလာကာCategory I အဆင့်ရှိ မုန်တိုငးဖြစ်လာခဲ့ပေမယ့် MADI ရဲ့ ရှေ့ဆက်ရမယ့်ခရီးကတော့ မချောမွေ့နှိုင်ဘူး လို့ ခန့်မှန်းရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရှိရာဖက်ကိုလာဖို့ကိစ္စမှာ အာရှတိုက်အလယ်ပိုင်းမှာ ရာသီအလိုက် ဖြစ်ပေါ်နေတဲ့ လေဖိအားများရပ်ဝန်းကြီးက တားဆီးထားတဲ့ဖြစ်စဉ်(Blocking High)ဖြစ်နေတာကြောင့် မြန်မာပြည်ကို ၀င်ဖို့ကတော့ မဖြစ်နှိုင်လောက်အောင်ပါဘဲ။

အထူးသဖြင့် (၁၀-၁၂-၂၀၁၃)ရက်မနက်ပိုင်းမှာ အေးပြီးခြောက်သွေ့တဲ့လေတွေ တိုးဝင်လာမှု ကြောင့် မုန်တိုင်းဟာ အင်အားရော၊ သွားရာလမ်းကြောင်းရော စတင်ပြောင်းလဲသွားပါလိမ့်မယ်။

ပိုဆိုးတာကတော့ ကမ္ဘာကျော် မုန်တိုင်းခန့်မှန်းရေးဗဟိုဌာနတွေဖြစ်ကြတဲ့ JTWC(USA), IMD(India), Weather Underground(USA) အားလုံးတို့မှ ထုတ်ပြန်တဲ့ခန့်မှန်းချက်တွေမှာ MADI ဟာ အရှေ့မြောက်ဖက်ကို မလာနှိုင်တဲ့အပြင် ဆန့်ကျင်ဖက်အရပ်ဖြစ်တဲ့ အနောက်တောင်ဖက်ကို Back Gear ပြန် ထိုးပြီး နောက်ပြန်ရွေ့သွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒေါက်တာထွန်းလွင်

Popular Myanmar News Journal

လုပ်ငန်းခွင်များကစောင့်ကြိုနေမယ့် ထိပ်တန်းProgramming Skills များ




(Tech Space နည်းပညာဂျာနယ် Vol-2 Issue-6 Geeks Corner တွင်ဖော်ပြခဲ့သောဆောင်းပါးဖြစ်ပါသည်)

ဘယ်လိုမျိုးProgramming Skillsတွေကသင့်ကို လုပ်ငန်းခွင်ဝင်ဖို့အာမခံချက်ပေးနိုင်ပါသလဲ။ဘယ်အရာတွေကျွမ်းကျင်
စွာတတ်မြောက်ထားမယ်ဆိုရင် သင့်ကို အိုင်တီကုမ္ပဏီကြီးတွေက ကမ်းလင့်လို့ကြိုဆိုနေမယ်ဆိုတာကိုသိပါသလား။ဆော့ဖ်ဝဲ
သမားများအဖို့ ဘယ်လိုမျိုးToolsတွေက သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေ(ခေတ်နဲ့လျော်ညီပြီး တကယ့်ကိုစွမ်းဆောင်ရည်မြင့်
မြင့်မြင့်မားမားနဲ့ အသုံးချနိုင်မယ့်)ကို ဖြည့်ဆည်းထားရမလဲ၊စူးစိုက်စွာလိုက်စားသင့်သလဲဆိုတာတွေကိုဖော်ပြလိုက်ပါတယ်။


Programmer များအဖို့ ဘယ်လိုမျိုးSkillsတွေက ရှိထားဖို့အရေးတကြီးလိုအပ်သလဲဆိုတာကို သိထားမယ်ဆိုရင် သူတို့လျှောက်ရမယ့်လမ်းက ပိုမိုမြန်ဆန်မှာပဲဖြစ်ပါတယ်။
Programming Languageပေါင်းများစွာရှိရာ အားလုံးကိုသိဖို့၊တတ်ဖို့တော့မလိုအပ်ပါဘူး။သို့သော် အချို့သောLanguageများကတော့ Essentialအဖြစ်သိကိုသိ၊တတ်ကိုတတ်ရမှာပါ။အချို့သောProgramming Language
တွေကတော့ အသေးစိတ်ကိုသိကျွမ်းနားလည်ဖို့လိုအပ်ပါတယ်။မတူညီတဲ့Project သဘောသဘာဝများအရ လိုက်ဖက်တဲ့
Toolsများကို သူ့နေရာနဲ့သူ အံဝင်ခွင်ကျအသုံးချတတ်ဖို့လိုအပ်ပါတယ်။


ယခုဖော်ပြမယ့် Skillsများကတော့ indeed.comနဲ့ cio.com တို့ ရဲ့စနစ်တကျပြုလုပ်ထားတဲ့ သုတေသနများမှ နောက်ဆုံးထွက်ရှိလာခဲ့တဲ့Reportပဲဖြစ်ပါတယ်။အလုပ်ခေါ် စာများ၊အလုပ်အကိုင်ရရှိမှုနဲ့ လစာနှုန်းထားများစသည့်အချက်
အလက်ပေါင်းစုံကို အခြေခံကာနောက်ဆုံးအနှစ်ချုပ်ထွက်ရှိလာခဲ့သည့်စစ်တမ်းများလည်းဖြစ်ပါသည်။နောက်ထပ်ဆယ်စုနှစ်တစ်
ခု(အနည်းဆုံးတော့) ၅နှစ်ကျော်အတွင်းကတော့ ဒီ စစ်တမ်းတွေက မှန်နေဦးမယ့်အလားအလာရှိပါတယ်။ဘယ်မြို့တွေကတော့
ဘယ်လို မျိုးSkillsရှိတဲ့ သူတွေပိုလိုအပ်သလဲ၊ဘယ်Skillsတွေကလစာနှုန်းထားနဲ့ လိုအပ်ချက်ပိုမိုမြင့်မားသလဲဆိုတာတွေလည်း
သိရှိနိုင်မှာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့လေ့လာလိုက်ကြရအောင်။

(၁)SQL

ကျွန်တော်တို့သုံးစွဲနေတဲ့စီးပွားရေးလုပ်ငန်းသုံးဆော့ဖ်ဝဲတွေ၊web siteတွေရဲ့မျက်နှာပြင်ရဲ့နောက်ကွယ်မှာdatabase
တွေရဲ့ယန္တရားကြီးရှိပါတယ်။ဒီdatabaseတွေအတွက် SQL(Structured Query Language )အပေါ် များစွာမှီခိုရပါတယ်။Informationတွေကိုထည့်သွင်းဖို့၊ထုတ်ယူဖို့၊ပြုပြင်ဖို့၊တွက်ချက်ဖို့ စသည့်အမျိုးစုံသောလုပ်ငန်းဆောင်တာ
အားလုံးအတွက် တကယ့်ကို အသုံးတည့်ပြီးမဖြစ်မနေသိထားတတ်ထားရမယ့်အရေးအကြီးသော languageဖြစ်ပြီးမည့်သည့်
Programmar များအတွက်မဆို မဖြစ်မနေတတ်မြောက်ကျွမ်းကျင်ထားဖို့လိုအပ်သောကြောင့်ထိပ်ဆုံးမှရပ်တည်လျက်ရှိသည်။
ယခုပေးထားသောပုံတွင် လစာ၊အလုပ်ရသည့်အရေအတွက်၊US ရှိမည်သည့်မြို့များမှာ လိုအပ်ချက်မြင့်မားသလဲ ၊ဘယ်ကုမ္ပဏီများကအခေါ်အများဆုံးလဲဆိုတာတွေကို ဖော်ပြထားပါတယ်။

(၂)Java

Write-once-any-where ဆိုတဲ့စကားလုံးနဲ့နာမည်ကြီးခဲ့တဲ့Javaဟာ ဒီနေ့ခေတ်လို ကွန်ပျူတာသာမက အခြားသော
Electronics divicesပေါင်းစုံကို ကွန်ပျူတာဆော့ဖ်ဝဲထိန်းချုပ်စနစ်တွေနဲ့အသုံးချနေတဲ့အချိန်မှာ နေရာတကာမှာအသုံးတည့်တဲ့
Languageဖြစ်သလို Open Sourceလည်းဖြစ်၊cross platformလည်း runလို့ရတဲ့အပြင် Software Engineering လုပ်ငန်းစဉ်
များအတွက် လွယ်လင့်တကူ developing,maintainingတွေ လုပ်နိုင်မယ့်Object oriented programming သွင်ပြင်များနဲ့ဖွဲ့
စည်းတည်ဆောက်ထားတဲ့ languageတစ်ခုဖြစ်ပါတယ်။1995ကတည်းကတောက်လျှောက်ယနေ့ခေတ်ထက်ထိတိုင်အောင် developerများနဲ့ employer များကြားမှာ ရေပန်းအစားဆုံး၊နာမည်အကျော်ဆုံးနဲ့ အာမခံချက်အပေးနိုင်ဆုံးlanguageတစ်ခုအဖြစ်ရပ်တည်လျှက်ရှိပါတယ်။


(၃)HTML

အင်တာနက် Web siteတွေကိုပင်မတည်ဆောက်ထားတာကတော့HTML(Hyper Text Markup Language) ပါပဲ။ကမ္ဘာတလွှားဖြန့်ကျက်ထားတဲ့အင်တာနက်ကွန်ရက်ကြီးတစ်ခုလုံးအတွက် စံသတ်မှတ်ထားတဲ့ languageတစ်ခုလည်းဖြစ်ပါတယ်။ယခုနောက်ဆုံး HTML5 အထိ ရောက်ရှိလို့လာခဲ့တဲ့အခါမှာတော့သူ့ရဲ့ powerဟာ ထင်မှတ်မထားလောက်အောင်ကို ကြီးမားသွားပါတယ်။သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေပိုမိုများပြားလာသလို ယခင်က third party applicationတွေပေါ်မှာမှီခိုခဲ့ရမှုတွေက တဖြည်းဖြည်းလျော့ကျလာပြီး မိုဘိုင်းOSပေါင်းစုံရဲ့ appsတွေဖန်တီးဖို့အထိအားထားလို့လာခဲ့ရပါတယ်။HTMLကို JavaScript နဲ့ CSSတို့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ပိုမိုဆွဲဆောင်မှုရှိပြီး interactive ဖြစ်တဲ့web စာမျက်နှာများကို ဖန်တီးနိုင်ပါတယ်။Geolocation, Video နဲ့ ဂိမ်းများအတွက်လိုအပ်တဲ့ ဒီဇိုင်းပုံစံများကိုဖန်တီးနိုင်မှာဖြစ်သလို CSSနဲ့jQueryတို့ကိုရောစပ်သုံးစွဲလိုက်တဲ့အခါမှာတော့ Web siteတွေထဲမှာ hot အဖြစ်ဆုံးသောဒီဇိုင်းပုံစံများကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။

(၄)JavaScript

Java Scriptကတော့HTMLလိုဘဲwebအတွက်အလွန်အရေးကြီးပါတယ်။ကျွန်တော်တို့အနေနဲ့ တော်ရုံတန်ရုံ processingလုပ်ဆောင်ဖို့ လိုအပ်တဲ့ကိစ္စတွေအတွက်ဆိုရင် ကျွန်တော်တို့ကြည့်နေတဲ့Web Browser မှာrunကာserver side မှာလုပ်ဆောင်တာထက်ပိုမိုမြန်ဆန်တဲ့responseများကိုရရှိနိုင်မှာပါ။မကြာသေးမီက java script libraryများကို အသုံးပြုပြီး ဒီဇိုင်းများအတွက် ပိုမိုလွယ်ကူစွာ ဖန်တီးနိုင်(အသင့်သုံးနိုင်မယ့်) jQuery လိုမျိုး library တွေများစွာပေါ်ပေါက်လာတာကလည်း
Java Scriptကို ပိုမိုတွင်ကျယ်စွာအသုံးချလာနိုင်ခြင်းပဲဖြစ်ပါတယ်။

(၅)C++

1983 ခုနှစ်က Bjarne Strousup တီထွင်ဖန်တီးခဲ့တဲ့ C++ဟာ C languageအပေါ် အဆင့်မြှင့်တင်မှုတွေများစွာပြုလုပ်ခဲ့ပြီး programming ရဲ့ လမ်းကြောင်းသစ်တစ်ခုကိုဖောက်နိုင်ခဲ့ပါတယ်။low-level စွမ်းဆောင်ရည်တွေကို OOP စနစ်များနဲ့ပြုပြင်ပြောင်းလဲအစားထိုးလိုက်နိုင်ကာ OOPရဲ့ခေတ်ကိုစဖောက်ခဲ့တဲ့languageလည်းဖြစ်ပါတယ် ။ Reusable code တွေကို ပြန်လည်အသုံးချနိုင်စွမ်းကြောင့် High-level languageတစ်ခုအဖြစ် applicationများစွာကိုလွယ်ကူလျှင်မြန်စွာတည်ဆောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ကွန်ပျူတာစနစ်ရဲ့ တကယ့်အတွင်းပိုင်းSystemတွေနဲ့ပတ်သက်တဲ့နယ်ပယ်တွေမှာတော့C နဲ့ C++တို့ဟာ ပင်မ အသုံးချရတဲ့languageတွေပဲဖြစ်ပါတယ်။များသောအားဖြင့်ဒီLanguageတွေနဲ့ တိုက်ရိုက်အသုံးချပြီးDevelopingလုပ်တာဟာ တကယ့်ကြီးမားလှတဲ့ကုမ္ပဏီကြီးတွေမှာဖြစ်ပြီး programmerများအတွက် ကတော့ C++ကျွမ်းကျင်မယ်ဆိုရင် အခြားသော languageတွေကို လွယ်လင့်တကူ လျှင်မြန်စွာတတ်မြောက်နိုင်မှာပါ။ဥပမာအားဖြင့် C++ ကျွမ်းကျင်သူတစ်ယောက်ဟာ Java,C#နဲ့ Object-C languageများကို လျှင်မြန်စွာတတ်မြောက်မှာပဲဖြစ်ပါတယ်။


(၆)C#

C Sharpလို့အသံထွက်တဲ့Object-oriented C#ဟာMicrosoft ရဲ့ .Net libraryတွေနဲ့ လုံးဝသုံးစွဲနိုင်စွမ်းရှိတဲ့ Multi –paradigm programming languageပဲဖြစ်ပြီး Microsoftမှ ဖန်တီးခဲ့ခြင်းလည်းဖြစ်ပါတယ်။ကမ္ဘာတစ်ဝှမ်းအသုံးအများဆုံးOS ဖြစ်တဲ့Windows OSများအတွက်တော့C#ဟာပင်မလိုအပ်ချက် languageဖြစ်ပြီး cross-platform languageတစ်ခုအဖြစ်ဒီဇိုင်းချပြုလုပ်ထားတာဖြစ်ပါတယ်။


(၇)XML

Extensible Markup Language သို့မဟုတ် XMLဟာလည်းHTMLလိုမျိုးmarkup languageတစ်ခုဖြစ်ပြီး dataများကို web စာမျက်နှာများမှာဖော်ပြနိုင်ဖို့၊transfarလုပ်နိုင်ဖို့ ၊သိုလှောင်သိမ်းဆည်းထားနိုင်ဖို့တို့အတွက်ပေါ့ပေါ့ပါးပါးသုံးစွဲနိုင်တဲ့formatတစ်ခုပဲဖြစ်ပါတယ်။XML codeတွေကလူတွေနားလည်နိုင်မယ့်ပုံစံနဲ့ဖတ်ရှုနိုင်ပြီးစက်ကလည်းinterpret လုပ်နိုင်ပါတယ်။


(၈)C

Cကတော့ဘယ်အချိန်ပဲမဆို ထိပ်ဆုံးကရပ်နေမယ့်languageပဲဖြစ်ပါတယ်။ဘာလို့လဲဆိုသောအားလုံးသောအခြားနာမည်ကြီးprogramming languageများ(ဥပမာ-C#,Phthon,PHPနဲ့Perl)တို့လိုမျိုးGeneral purpose languageတွေရဲ့မိခင်ဖြစ်နေလို့ပါပဲ။သူ့ဆီကနေပဲ
ခွဲထွက်ကာစံအဖြစ်ယူထားတာပါ။


(၉)Perl

Perl ကလည်းထွက်ရှိခဲ့တာကြာပါပြီ။1987 ခုနှစ်က Larry Wallကဖန်တီးခဲ့ပြီး Unix Scripting languageတစ်ခုအဖြစ်စတင်ခဲ့ပါတယ်။Perlက C, Shell Script ,AWK တို့ရဲ့featureများကို ပေါင်းစပ်ပြီး developerများအတွက် ပိုမိုလွယ်ကူစွာရေးသားနိုင်စေမယ့်text dataများအဖြစ် သုံးစွဲနိုင်ရန်ဖန်တီးထားခြင်းလည်းဖြစ်ပါတယ်။


(၁၀)Python

High-level OOP languageတစ်ခုဖြစ်တဲ့ Pythonဟာ Googleရဲ့ပင်မအသုံးပြုတဲ့Languageတွေထဲကတစ်ခုအပါအ၀င်ဖြစ်ပြီး ပုံစံမျိုးစုံနဲ့သုံးစွဲနိုင်ပါတယ်။pythonက နားလည်လွယ်တဲ့languageတစ်ခုလည်းဖြစ်ပါတယ်။ codeများကို တိုတိုတောင်းတောင်းနဲ့ အသုံးချနိုင်မှာဖြစ်ပါတယ်။dynamicဖြစ်တဲ့languageတစ်ခုလည်းဖြစ်ပါတယ်။

ဆီးဂိမ်းအကြမ်းဖက်မည့် သတိပေးကြေညာချက် ရဲချုပ်ရုံးမသိ၊ ပြန်ကြားရေးဒုဝန်ကြီးက မဖြစ်နိုင်ဟုဆို


နေပြည်တော်- ဆီးဂိမ်းပြိုင်ပွဲကာလတွင် အဖျက်အမှောင့်လုပ်ငန်းများလုပ်ကိုင်ရန် အကြမ်းဖက်သမားသုံးဦး ရန်ကုန်မြို့သို့ထွက်ခွာသွားပြီး ၎င်းတို့၏ကိုယ်ရေးအချက်အလက်အကျဉ်းကို ဗီနိုင်းဖြင့် နေပြည်တော်မြို့မဈေးတာဝန်ခံက ကြေညာထားသည်။

အဆိုပါကြေညာချက်တွင် အဖျက်အမှောင့်လုပ်ငန်းများလုပ်ရန် ရန်ကုန်တွင်ရောက်ရှိနေသော အစ္စလာမ်ဘာသာရေး အစွန်းရောက်မွတ်ဆလင်အဖွဲ့များနှင့် ဆက်သွယ်လုပ်ဆောင်ရန် ကေအိုင်အေကချင်အဖွဲ့မှ အကြမ်းဖက်သမားသုံးဦး ရန်ကုန်သို့ အောက်တိုဘာ ၁၈ ရက်တွင် ထွက်ခွာသွားပြီဟု ကြေညာထားပြီး ထိုကြေညာချက်နှင့်ပတ်သက်၍ နေပြည်တော်ရဲချုပ်ရုံးကမသိဟု တာဝန်ရှိသူများကပြောသည်။

ကြေညာချက်တွင် ကေအိုင်အေအဖွဲ့မှ အကြမ်းဖက်သမားသုံးဦးဖြစ်သော အသက် ၂၈နှစ်အရွယ် ဗိုလ်ကြီးအဆင့်ရှိ ကရင်လူမျိုး ရန်အောင်၊ အသက် ၂၄နှစ်အရွယ် ဒုအရာခံဗိုလ် ကရင်လူမျိုး မျိုးနိုင်နှင့် တပ်ကြပ်အဆင့်ရှိ ကချင်လူမျိုး ရဲဝင်းဟု ဖော်ပြထားသည့်အတွက် ကေအိုင်အေမှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်းခါးကိုမေးမြန်းရာ ၎င်းတို့အနေဖြင့် ထိုသို့အကြမ်းဖက်လိုလျှင် တရားဝင်ကြေညာပြီးမှ လုပ်မည်ဖြစ်ပြီး ဆီးဂိမ်းကိုအနှောင့်အယှက်မပေးဘဲ ကူညီရန်သာရှိသည်ဟုပြောသည်။

“လုပ်ချင်ရင် တရားဝင်ကြေညာပြီးမှလုပ်မယ်။ အစ္စလာမ်နဲ့ ပူးပေါင်းစရာမလိုဘူး။ နမ့်လင်းပါကိစ္စပြီးကတည်းက စစ်တပ်ကစနစ်တကျလုပ်နေတာပါ။ ဆီးဂိမ်းလို နိုင်ငံတော်အနေနဲ့ကျင်းပတဲ့ပွဲမှာ အနှောင့်အယှက်ပေးမှာမဟုတ်ဘူး။ ဒီပေါ်မှာ နိုင်ငံရေးအမြတ်ထုတ်မှာလည်း မဟုတ်ဘူး။ ဆီးဂိမ်းလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်တဲ့ပွဲမှာ နိုင်ငံ့ဂုဏ်သိက္ခာကို ၀ိုင်းဝန်းတည်ဆောက်ပေးမယ်ဆိုတာ အရင်ကတည်းကပြောပြီးသား”ဟု ဦးဒေါင်ခါးက ဒီဇင်ဘာ ၇ ရက် ညဦးပိုင်းတွင် ပြောကြားသည်။

ထို့အပြင် နေပြည်တော်ရဲချုပ်ရုံးမှ ဒုတိယရဲမှူးချုပ်တစ်ဦးကလည်း လုံခြုံရေးအတွက် သတင်းများနေ့စဉ်ဖလှယ်နေပြီး အဆိုပါသတင်းကို မိမိတို့မသိရှိဘဲ ဒီဇင်ဘာ ၇ ရက် ညနေပြုလုပ်သော အစည်းအဝေးတွင်လည်း အစီရင်ခံခြင်းမရှိဟုပြောသည်။ ၎င်းကိုယ်တိုင် ဒီဇင်ဘာ ၇ ရက် ညနေတွင် မြို့မဈေးမှပြန်လာခဲ့ပြီး အဆိုပါကြေညာချက်ကို မတွေ့ခဲ့သည်ဟုဆိုသည်။

“ရဲချုပ်ကြီးနဲ့လည်း နေ့တိုင်းသတင်းဖလှယ်ရေးအစည်းအဝေးတွေလုပ်နေတာ။ ဒီသတင်းမျိုး အစီရင်ခံတာမကြားမိဘူး”ဟု အထက်ပါဒုရဲချုပ်ကဆိုသည်။

သို့သော် ဗီနိုင်းများကို နေပြည်တော်မြို့မဈေးဝန်းနှင့် ဘောဂသီရိအဝေးပြေးကားများတွင် ဒီဇင်ဘာ ၆ ရက်က စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

“လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက အဲဒီသတင်းကတက်လာတာ။ မှန်လည်းမှန်တယ်။ မှန်လို့လည်း ဗီနိုင်းတွေထုတ်ပြီးတော့ အသိပေးထားတာဖြစ်မယ်။ တော်ဝင်ကားဂိတ်နားမှာလည်းရှိတယ်”ဟု နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)ဥက္ကဋ္ဌ ဦးဝင်းဆွေက ဒီဇင်ဘာ ၇ ရက် ညဦးပိုင်းတွင် ပြောကြားသည်။

နေပြည်တော်ဆီးဂိမ်းလုံခြုံရေးဆောင်ရွက်နေသော ရဲအရာရှိကြီးတစ်ဦးကလည်း “အခုအချိန်မှာ အရမ်းအရေးကြီးနေပါတယ်။ သတင်းရရင်တော့ ကိုယ့်ဘက်က လက်ဦးမှုရအောင် ကျိတ်ဖမ်းလိုက်မှာပါ။ ရဲတပ်ဖွဲ့ဝင်တွေကိုတော့ ၂၄ နာရီလုံး တပ်လှန့်ထားပါတယ်။ ဆီးဂိမ်းကို အဖျက်အမှောင့်လုပ်မယ့်သူတွေ နေပြည်တော်ကို ရောက်နေတယ်ဆိုတာမဟုတ်ပါဘူး။ မြို့မဈေးမှာသွားပြီး ကြေညာချက်ထုတ်ထားစရာလည်းမလိုပါဘူး။ ရဲချုပ်ရုံးကိုလည်း အဲဒီသတင်းမရောက်ပါဘူး”ဟု ဆိုပြန်သည်။

အလားတူ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်ကလည်း အထက်ပါအကြမ်းဖက်မှု အသိပေးချက်ကို မကြားမိသေးသလို၊ ယင်းသတင်းမှာ မဖြစ်နိုင်ဟု ၎င်းအနေဖြင့်ထင်မြင်ကြောင်း ဆီးဂိမ်းပြိုင်ပွဲကျင်းပမှုများမှာ အေးအေးချမ်းချမ်းရှိနေကြောင်း ဒီဇင်ဘာ ၇ ရက် ညက ပြောကြားသည်။

မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC)သို့ ဆက်သွယ်မေးမြန်းရာတွင် အဆိုပါသတင်းအချက်အလက်ကို မရရှိသေးကြောင်း MPC ၏ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကပြောကြားသည်။

“ကျွန်တော်တို့ မသိသေးဘူး။ ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးအတွက် ပြင်ဆင်ပေးတဲ့ အလုပ်အဖွဲ့အနေနဲ့ပဲ အလုပ်လုပ်တာပါ။ လုံခြုံရေးကိစ္စတို့ဘာတို့တော့ မသိနိုင်ဘူး”ဟု ဦးလှမောင်ရွှေကပြောသည်။

အထက်ပါကြေညာချက်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မကြာခဏပြုလုပ်နေပြီး အပစ်အခတ်ရပ်စဲရေးကြိုးပမ်းနေချိန်တွင် ကေအိုင်အေအဖွဲ့အမည်ကို အတိအလင်းတပ်ထားကာ (KIA) ကချင်အဖွဲ့မှ အကြမ်းဖက်သမားသုံးဦးဟု သုံးနှုန်းထားသည်ကိုတွေ့ရပြီး ထိုသုံးဦးတွင် ကရင်တိုင်းရင်းသားနှစ်ဦး ပါဝင်သည်ကိုတွေ့ရသည်။ ထိုသုံးဦးကိုတွေ့လျှင် အကြောင်းကြားပေးရန်လည်း ဖော်ပြထားပြီး၊ ကြေညာချက်ကို ဈေးများဌာနကကပ်ခိုင်းသည်ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

အထူးရဲတပ်ဖွဲ့ ရဲမှူးကြီးအောင်ထွန်းလွင်ကလည်း ဆီးဂိမ်းတွင် ဆန့်ကျင်ဖက်အဖွဲ့အစည်းအချို့၊ ဖျက်လိုဖျက်ဆီးလုပ်မည်ဟု သတင်းမျိုးစုံရထားသော်လည်း ရဲတပ်ဖွဲ့က မည်သည့်အဖွဲ့ကဟု အတိအကျထုတ်ပြန်ထားသည်မျိုးမရှိဟုလည်း ပြောသည်။
7 Day News Journal

ကမ္ဘာ့ကုန်သွယ်ရေး ပထမဆုံးသဘောတူညီမှုရ


၈.၁၂.၂၀၁၃၊ တနင်္ဂနွေနေ့

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမှာ ကျင်းပနေတဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ညီလာခံကြီးမှာ တက်ရောက်နေကြတဲ့ ကိုယ်စားလှယ်တွေက ၁၉၉၅ ခုနှစ်မှာ WTO အဖွဲ့ကြီးကို စတင်တည်ထောင်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ကုန်သွယ်မှု သဘောတူညီချက်တစ်ခုကို ချမှတ်နိုင်ခဲ့ကြပါတယ်။

ဒီကနေ့ ညီလာခံပိတ်ပွဲအခမ်းအနားအတွင်း မိန့်ခွန်းစကား ပြောကြားရာမှာတော့ WTO ညွှန်ကြားရေးမှူးချုပ် Roberto Azevedo က - သမိုင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ WTO အဖွဲ့ကြီးက သဘောတူညီချက်ကို ဆောင်ကျဉ်းပေးနိုင်ခဲ့ပြီဖြစ်တဲ့အကြောင်း မျက်ရည်တွေ သုတ်ရင်းနဲ့ ပြောဆိုခဲ့ပါတယ်။

သဘောတူညီချက်မှာ အဓိကအားဖြင့် ထည့်သွင်းထားတကာကတော့ ရဲ့ အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ပိုမိုလွယ်ကူအောင်နဲ့ ပွင့်လင်းမြင်သာမှုရှိလာအောင် လုပ်ခြင်းအားဖြင့် ကုန်သွယ်ရေးမှာ အဟန့်အတားဖြစ်နေတာတွေကို လျော့ပါးအောင် ရည်ရွယ်ထားတာပါ။ ဒီသဘောတူညီချက်ကိုတော့ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၅၉ နိုင်ငံက အစိုးရတွေ အားလုံးကနေ အတည်ပြု လက်ခံဖို့လည်း လိုအပ်ပါတယ်။

အစောပိုင်းမှာ တုန်းကတော့ အမေရိကန် ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတာတွေ အဆုံးသတ်ရေးအတွက် အထောက်အကူ မဖြစ်တဲ့အတွက် လက်ခံမှာ မဟုတ်ဘူးဆိုပြီး ကျူးဘားနိုင်ငံကနေ ပြောဆိုခဲ့တာကြောင့် လေးရက်ကြာ ဆွေးနွေးပွဲအတွက် ခြိမ်းခြောက်မှုတခု ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ဗီတိုအာဏာသုံး ပယ်ချမယ့် အစီအစဉ်ကို ကျူးဗားက စွန့်လွှတ်ခဲ့တာပါ။

အကဲခတ်တွေကတော့ သဘောတူညီချက်ဟာ ကမ္ဘာ့စီးပွားရေးအတွက် ခန့်မှန်းချေ ဒေါ်လာ ၁ ထရီလီယံလောက် ပိုမိုဝင်ရောက်လာနိုင်ပြီး WTO ရဲ့အနာဂတ်ကိုလည်း ထိန်းသိမ်းရာ ရောက်တယ်လို့ သုံးသပ်ကြပါတယ်။
VOA Burmese News

မြန်နှုန်းမြင့် အင်တာနက်လိုင်း တည်ဆောက်မှု ပြီးစီးဟုဆို


ရန်ကုန်၊ ဒီဇင်ဘာ ၅

ဂျပန်အကူအညီဖြင့် Sumitomo Corporation၊ NEC Corporation နှင့် NTT Communications Corporation တို့ ပူးတွဲ တည်ဆောက်နေသော မြန်နှုန်းမြင့် အင်တာနက်လိုင်း တည်ဆောက်မှု ပြီးစီးပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများက ထုတ်ပြန် ကြေညာသည်။

အဆိုပါ အင်တာနက် ဆက်ကြောင်းကို ဒီဇင်ဘာလ ၄ ရက်နေ့က ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနထံသို့ နေပြည်တော်တွင် တရားဝင် လွှဲအပ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီ လလယ်အထိ နည်းပညာပိုင်း ဆိုင်ရာများကို ဆက်လက်ကူညီမည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီများထံမှ သိရသည်။

အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၁၃ ခုနှစ် မေလက သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ဂျပန်အစိုးရ၏ ODA ချေးငွေမှ အကူအညီဖြင့် JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ) က တာဝန်ယူ စီမံခန့်ခွဲ၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ယခုစီမံကိန်းကို (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ရာထူးတို့တွင် အင်တာနက်သုံးစွဲမှု အဆင်ပြေစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် ကျင်းပနေသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ နီးချိန်များတွင် အင်တာနက် မြန်လာမည်ဟု ဆိုသော်လည်း ပိုမို နှေးကွေးလာသဖြင့် ဝေဖန်မှုများ ရှိနေသည်။
“SEA Games နားနီးရင် အင်တာနက် မြန်မယ်သာပြောတာ။ ဒီရက်ပိုင်းမှာ အင်တာနက်က ပိုစုတ်ချာလာတယ်။ ဒီအတိုင်းဆို မလွယ်ဘူး” ဟု Web Programmer တစ်ဦးဖြစ်သူ ဦးစိုးမိုးက ဆိုသည်။

အဆိုပါ စီမံကိန်းတွင် ရန်ကုန်-မန္တလေး-နေပြည်တော် 30 Gb အမြန်နှုန်းမြင့် အင်တာနက်လိုင်း တည်ဆောက်ခြင်း၊ အဆိုပါ မြို့များတွင် 4G LTE ကွန်ရက်နှင့် 10 Gb မိုဘိုင်းလ် အင်တာနက်စနစ် တည်ဆောက်ခြင်း၊ LTE Station ၅၀ ကို မြို့ကြီး သုံးမြို့တွင် တည်ဆောက်ခြင်းတို့ ပါဝင်ကြောင်း ဂျပန်ကုမ္ပဏီများက ကြေညာခဲ့သည်။

အဆိုပါ စီမံကိန်းကြောင့် အင်တာနက် အသုံးပြုသူ တစ်သန်း၊ တယ်လီဖုန်းလိုင်း ၁ ဒသမ ၅ သန်းနှင့် LTE စနစ် သုံးစွဲသူ ၄၀,၀၀၀ ထပ်မံတိုးချဲ့နိုင်မည် ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly
အဆင်ပြေပါစေ...
http://nyeinchanthu3.blogspot.com/

ရေယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိပြီး ရေမြုပ်သွား၍ လူတချို့ ပျောက်ဆုံးနေ


ဟုမ္မလင်း ၊ ၆-၅-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်း မြို့နယ် ထမံသီ နယ်မြေ ရဲစခန်းတွင် ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီခွဲက ချင်းတွင်း မြစ်ကြောင်း အတွင်း ခရီးသည်များ တင်ဆောင် လာသည့် ရေယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ၍ ရေယာဉ်များ နစ်မြုပ်ကာ လူတချို့ ပျောက်ဆုံး နေသည့်အတွက် ရေယာဉ် မောင်းနင် လာသူများကို အမှုဖွင့် အရေးယူ ထားကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပြသည်။

အဆိုပါ ရေယာဉ်နှစ်စီး မျက်နှာချင်း ဆိုင် တိုက်မိသည့် နေရာမှာ ဟုမ္မလင်း မြို့နယ် မှန်ကင်း ဆိပ်ကမ်း အနီး ချင်းတွင်း မြစ်ကြောင်း အတွင်း ဖြစ်သည်ဟု စစ်ကိုင်းတိုင်း ဒေသကြီး ရေယာဉ် ကြီးကြပ်ရေး အဖွဲ့၏ မှတ်တမ်း များက ဖော်ပြထား ကြောင်း သိရသည်။

ဟုမ္မလင်း မြို့နယ် မောင်းခမ်း နယ်မြေ ရဲကင်းမှူး ဒုတိယ ရဲအုပ် အောင်စိုးဝင်း နှင့်အဖွဲ့သည် ဒီဇင်ဘာ ၂ရက်ညက အဆိုပါ ရေယာဉ် နှစ်စီး နစ်မြုပ် သွားခဲ့သည့် နေရာသို့ သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်ဟု အတည်ပြုပြော ကြားသည်။ (ပုံ)

ရေယာဉ်များ မျက်နှာချင်း ဆိုင် တိုက်မိကာ ရေထဲသို့ နစ်မြုပ် သွားခဲ့ခြင်း နှင့် ပတ်သက်၍ သက်ဆိုင်ရာ ၏ စစ်ဆေး ပေါ်ပေါက်ချက် များအရ သိရှိသည်မှာ ဟုမ္မလင်း မြို့နယ် ပုတ်သိုး ကျေးရွာမှ မောင်းခမ်း (တောင်/မြောက်) ကျေးရွာများ သို့ ဦးတင်မောင်ထွေး (ခ) ဦးထွေး မောင်းနှင်သည့် တရုတ်နီ အမျိုးအစား မြင်းကောင်ရေ ၂၅ ကောင် အင်ဂျင် တပ်ဆင် ထားသော အလျား ၁၈ ပေရှိ ရေယာဉ်နှင့် ဟုမ္မလင်း မြို့နယ် ဟိန်းစွန်း ကျေးရွာနေ ကိုစန်းလှိုင် မောင်းနှင်သည့် တရုတ်နီ အမျိုးအစား မြင်းကောင်ရေ ၂၅ ကောင် အင်ဂျင်စက် တပ်ဆင် ပါရှိသည့် အလျား ၂၄ ပေရှိ အပြာရောင် ရေယာဉ် နှစ်စီးမှာ မျက်နှာချင်း ဆိုင် တိုက်မိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တိုက်မိ ခဲ့သည့် အတွက် ရေယာဉ် နှစ်စီးမှာ ရေထဲသို့ နစ်မြုပ်သွား ခဲ့သည်။ ရေယာဉ်နှစ်စီး တိုက်မိပြီး ရေနစ်မြုပ် သွားသည့် အတွက် ကိုစန်းလှိုင် မောင်းနှင် လာသော ရေယာဉ်ပေါ်မှ စီးနင်း လိုက်ပါ လာသည့် ခရီးသည် ၂၄ ဦးအနက် ဦးမိုးညွန့် ၊ ဒေါ်သန်းမြင့်ဆိုသူ ခရီးသည် နှစ်ဦးမှာ ရေထဲ၌ နစ်မြုပ် ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။

'' ဖြစ်တာက ည ၇ နာရီ အချိန်ကြီး ဆိုတော့ ဘာမှ ကောင်းကောင်း မမြင် ရတော့ဘူး။ ပျောက်နေတဲ့ ခရီးသည် တွေလဲ အသက်ရှင်လျက် ပြန်တွေ့ နိုင်ဖို့ မျှော်လင့်ချက် အပြည့်နဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင် နေပါတယ် .. .. '' ဟု မောင်းခမ်း နယ်မြေ ရဲကင်းမှူး ဦးဆောင်သည့် ကယ်ဆယ်ရေး အဖွဲ့က ပြောပြသည်။ အဆိုပါ ရေယာဉ်စီး ခရီးသည် များကို ကူညီ ကယ်ဆယ် ပေးလျက် ရှိသည့် ဒုတိယ ရဲအုပ် စိုးဝင်းအောင် က ၄င်းကိစ္စကို တရားလို ပြုလုပ်၍ ထမံသီ နယ်မြေ ရဲစခန်းသို့ တိုင်တန်း ခဲ့သည့် အတွက် ရဲစခန်းက ယာဉ်(ပ) ၂၁/၂ဝ၁၃ ပြစ်မှုပုဒ်မ ၂၈၂ အရ အမှုဖွင့် ထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူး ဦးအေးမင်း က ရေယာဉ်များ တွင် သက်ကယ် အင်္ကျီများနှင့် သက်ကယ် ပစ္စည်းများ ခရီးသည် အရေအတွက် နှင့် ကိုက်ညီစွာ အလုံအလောက် ထားရှိရန် နိုဝင်ဘာလ က ပြောကြား ခဲ့ကြောင်း သိရသည်။ ရေယာဉ် သုံးစွဲမှု တစ်နေ့တခြား များပြားလာသည့် ချင်းတွင်း မြစ်ကြောင်း၌ မကြာခဏ ရေယာဉ် တိမ်းမှောက်မှု များနှင့် ယာဉ်တိုက် မှုများ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်လျက် ရှိရာ ခရီးသည် များ၏ အသက်ဆုံးရှုံး ခဲ့ရသည့် အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ချင်းတွင်း မြစ်ကြောင်း အတွင်း ရေယာဉ် တိမ်းမှောက် နစ်မြုပ်မှု ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်သည် ယခုနှစ် အတွင်း ၁၄ ကြိမ်ခန့် ရှိခဲ့ပြီး ယခုလ အတွင်း ကလေးဝ ဆိပ်ကမ်းတွင် အမြန် ရေယာဉ်၏ ရေယက်ပန်ကာ ခုတ်မိ သဖြင့် ဈေးရောင်း လှေတစ်စီး တိမ်းမှောက်ကာ ဆယ်တန်း ကျောင်းသူလေး တစ်ဦး ရေယက် ပန်ကာ ခုတ်မိ၍ သေဆုံးခဲ့သည့် ဖြစ်စဉ်များ လည်း ရှိခဲ့ကြောင်း သတင်း မှတ်တမ်းများ အရ သိရသည်။ ဒီဇင်ဘာ ၄ ရက် နံနက်တွင် ချင်းတွင်း ရေကြောင်းသွား ကုန်တင် ရေယာဉ် တစ်စီးသည် မြင်းမူမြို့ အနီး ဧရာဝတီမြစ် အတွင်း၌ တိမ်းမှောက် နစ်မြုပ် သွားကြောင်း စစ်ကိုင်းတိုင်း ရေယာဉ် ကြီးကြပ်ရေး အဖွဲ့ထံမှ သိရှိရသည်။

မြ၀တီ
အဆင်ပြေပါစေဗျာ.....

စက်သုံးဆီ မှောင်ခိုတင်သွင်းမှု မမိနိုင်သေး၍ နည်းလမ်းမျိုးစုံ သုံးနေရ


မှောင်ခိုတင်သွင်းမှု ရှိနေသော စက်သုံးဆီကိုသက်သေဖြင့် ဖမ်းမမိနိုင် သေး၍ ရှာဖွေတားဆီးရေးအဖွဲ့က နောက်ထပ် နည်းလမ်းတစ်မျိုးကို အသုံး ပြုနေရသည်ဟု ရန်ကုန် မှောင်ခိုတား ဆီးရေးအဖွဲ့ထံမှ သိရသည်။

အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ဝင်ရောက်မစစ်ဆေးမီ ပြုလုပ်သော စက်သုံးဆီ ရှာဖွေရေး တားဆီးရေးအဖွဲ့ သည် ရန်ကုန်သီလဝါ ပင်လယ်ဝ၌ အထိုင်အဖွဲ့တစ် ခု ထားကာ နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်စစ်ဆေးနေသော် လည်း မတွေ့၍ ၄င်းနည်းလမ်း အပြင် နောက်ထပ်နည်းလမ်းကို အသုံးပြုရ ခြင်း ဖြစ်သည်ဟု စီးပွား/ ကူးသန်း ဒုတိ ယ ညွှန်ချုပ် ဦးညွန့်အောင်က ဆိုသည်။

”မှောင်ခိုရှိနေခဲ့တဲ့ ကိစ္စက အခု မရှိဘူးဆိုတော့ မဟုတ်သေးဘူးလေ။ ဒါ့ ကြောင့် အသေးစိတ် ထပ်ရှာနေတယ်၊ အခု မတွေ့တာက မလုပ်ရဲသေးတာလို့ပဲ မြင်တယ်” ဟု ၄င်းကပြောသည်။

အထိုင်အဖွဲ့အပြင် သင်္ဘောဖြင့်ရေ ယာဉ်များကို ရှောင်တခင်စစ်ဆေးနေမှု ကိုလည်း ပြီးခဲ့သော ၄ရက်ခန့်က စတင် နေပြီဖြစ်ကြောင်း ၄င်းထံမှ သိရသည်။

သို့သော်ရာသီဥတုပြင်းထန်၍လှိုင်း လေများရှိသဖြင့် ထိုအဖွဲ့သည်ယာယီ ရပ်နားနေရပြီး မကြာမီရက်ပိုင်းမှ ပြန် လည်စတင်နိုင်မည်ဟုလည်း ၄င်းအဖွဲ့ ထံမှ သိရသည်။ တရားမဝင် မှောင်ခိုမှု တို့ကြောင့် နိုင်ငံ၏ ကုန်သွယ်မှုပမာဏ ကို ထိခိုက်ကျဆင်းလာသည်အထိ ဖြစ် လာ၍ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် မြဝတီနှင့်မူဆယ် ၌ မှောင်ခို တားဆီးရေး ကို အစိုးရက ဗဟိုအဖွဲ့ဖွဲ့ကာထိရောက် သောဖမ်း ဆီးစစ်ဆေးမှုတို့ ပြုလုပ်ခဲ့သည်။

ယခု စက်သုံးဆီ စစ်ဆေးမှု၌ ရေ ကြောင်းရဲ၊ စီးပွား/ကူးသန်း၊ ဆိပ်ကမ်း အာဏာပိုင်၊ အကောက်ခွန်စသည်တို့ ပါဝင်သည်။
Popular Myanmar News Journal
အဆင်ပြေပါစေ...

အစိုးရတပ်နှင့် ကေအိုင်အေ ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေ


အစိုးရတပ်နှင့် ကေအိုင်အေတို့ကြား ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ဒီဇင်ဘာ ၄ ရက်က တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ခလရ (၄၀၅) အပါအ၀င် အစိုးရတပ်များနှင့် ကေအိုင်အေ တပ်မဟာ (၄) လက်အောက် တပ်ရင်း(၈)တို့ ကွတ်ခိုင်မြို့နယ် နမ်လိတ်တောင်ကုန်းတွင် ဒီဇင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီခန့်မှ စတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
နမ်လိတ်တောင်ကုန်းတွင် အခြေစိုက်သော ကေအိုင်အေတပ်ရင်း(၈)ကို အစိုးရတပ်က ၀င်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကေအိုင်အို သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းရာ““ကျွန်တော်တို့နယ်မြေထဲမှာ တိုက်ပွဲဖြစ်တာလုံးဝမရှိပါဘူး။ အာမခံပါတယ်။ အခုဖြစ်တာက အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေဘက်မှာပါ”” ဟု ထိပ်တန်းအရာရှိတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

ယခုတိုက်ပွဲနှင့်ပတ်သက်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းခေါ်ဆို၍မရခဲ့ပါ။
ဒီဇင်ဘာ ၄ရက်က နမ်လိတ်တောင်ကုန်းတွင် အခြေစိုက်သော ပလောင်(တအောင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့်လည်း အစိုးရပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းအဖွဲ့အစည်းများထံမှ သတင်းရရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း မန်စီမြို့နယ်အတွင်း အစိုးရနှင့် ကေအိုင်အေတို့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ ထောင်နှင့်ချီ ဗန်းမော်မြို့ပေါ်သို့ တိမ်းရှောင်ခိုလှုံခဲ့ရသည်။
7 Day Daily
အဆင်ပြေပါစေဗျာ.......
http://nyeinchanthu3.blogspot.com/

ဈေးကွက်တွင်း ဖုန်းငွေဖြည့်ကတ်အတုများ ပေါ်ပေါက်နေ


ဈေးကွက်အတွင်း မိုဘိုင်းဖုန်းငွေဖြည့်ကတ်အတုများ ပေါ်ပေါက်နေ၍ ၀ယ်ယူရာတွင် သတိထားဝယ် ယူသင့်ကြောင်း ဈေးကွက်အတွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့က မဇ္ဈိမကို ပြောသည်။

ထိုသို့ဖြစ်ပေါ်ခြင်းမှာ ငွေဖြည့်ကတ်များဝယ်ယူ၍ Pin Code နံပါတ်ရိုက်ထည့်ရာတွင် ဖုန်းဘီလ်ဝင်သွားခြင်းမရှိဘဲ အသုံးပြုပြီးသားငွေဖြည့်ကတ်ဖြစ်နေခြင်းဖြစ်သည်ဟု အရောင်းဆိုင်များက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး  Mr.Fone မိုဘိုင်းအရောင်းဆိုင်မှ အထွေထွေမန်နေဂျာ ဦးထက်လင်းက “မိုဘိုင်းဖုန်းကတ်အတုတွေ ဈေးကွက်မှာ ပေါ်နေတယ်လို့ သိရပါတယ်။ မန္တလေးဘက်မှာက ပိုအဖြစ် များနေတယ်။ မိုဘိုင်းဖုန်းဆိုင်တွေ အနေနဲ့ရော အသုံးပြုသူတွေပါ သတိထားဖို့လိုတယ်”ဟု ပြောသည်။

အဆိုပါငွေဖြည့်ကတ်အတုများမှာ အသုံးပြုပြီးသား(ခဲခြစ်ပြီးသား) ငွေဖြည့်ကတ်များကို ခဲဖြင့် ပြန်လည် ဖုံးအုပ်ခြင်း ဖြစ်ပြီး ငွေဖြည့်ကတ်ဝယ်ယူရာတွင် ခဲခြစ်သည့်နေရာတွင်ပါသော အမှတ်အသားများကို ကြည့်ရှုဝယ်ယူသင့်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနရှိ အင်ဂျင်နီယာမှူး ဦးအောင် ကျော်သက်က ပြောသည်။

၎င်းက “ငွေဖြည့်ကတ်ထုတ်တဲ့အခါမှာ လုံခြုံရေးအနေနဲ့ ငွေဖြည့်ကတ် ခဲအုပ်ထားတဲ့နေရာမှာ MPT ဆိုတဲ့ Logo တံဆိပ်ကို ရိုက်ထားပေးတယ်။ ၀ယ်ယူအသုံးပြုသူတွေအနေနဲ့ ငွေဖြည့်ကတ် ၀ယ်တဲ့အခါ ခဲခြစ်နေရာမှာ MPT ပါ၊ မပါ ကြည့်ပြီးဝယ်သင့်တယ်။ MPT မပါဘဲ ခဲသားချည်းပဲဖြစ်နေရင် အတုဖြစ်နိုင် တယ်”ဟု ပြောသည်။

အဆိုပါခဲခြစ်နေရာတွင်  MPT နှင့် (၁၅၀၀ တန်ဖုန်းအတွက်ဆိုပါက)  MPT အမှတ်အသားများ ပါဝင်ပြီး ယင်းတို့ကို သတိထားသင့်ကာ အတုဖြစ်ပါက ယင်းနေရာများတွင် မည်သည့်အမှတ်အသားမှ ပါဝင်မည် မဟုတ်ပေ။

ဦးထက်လင်းကလည်း “ဖုန်းကတ်ဝယ်ယူသူတွေက ၀ယ်ယူပြီး ငွေဖြည့်ကြည့်တဲ့အခါ ကတ်အတုဖြစ်နေ လို့ဆိုရင် ကျွန်တော်တို့ဆိုင်တွေအနေနဲ့ကလဲ မဖြေရှင်းတတ်ဘူး။ ဆက်သွယ်ရေးကို ဖြေရှင်း ခိုင်းရင်လဲဒီကိစ္စက မလွယ်ဘူး”ဟု ပြောသည်။

ယင်းသို့ဖြစ်ပေါ်မှုများရှိနေသောကြောင့် ငွေဖြည့်ကတ်စနစ်ကို E-Top up Card စနစ်ဖြင့် ထုတ်လုပ်ပါက ပိုမို၍လုံခြုံစိတ်ချရနိုင်ပြီး လက်ရှိထုတ်လုပ်နေသော ငွေဖြည့်ကတ်များကိုလည်း လုံခြုံရေးစနစ် ပိုမို ကောင်းမွန်အောင်လုပ်ဆောင်ထားသင့်ကြောင်း  Amara Communication  မှ တာဝန်ရှိသူ ဦးထွန်း ထွန်းလင်းက သုံးသပ်ပြောကြားသည်။

ဦးထွန်းထွန်းလင်းက “Electronic Charging  စနစ်ကို အသုံးပြုပြီး ငွေဖြည့်ကတ်ထုတ်ပေးတဲ့စနစ်က ပိုမိုပြီးလုံခြုံရေး ကောင်းတာပေါ့။ လက်ရှိ Top up Card နဲ့ ထုတ်နေတဲ့စနစ်မှာလည်း လုံခြုံရေးအရ အတုအပမပြုလုပ်နိုင်အောင် လုပ်ဆောင်ထားဖို့လိုနေပြီ”ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် Electronic Charging စနစ်ဖြစ်သောE-Top up Card စနစ်ကို အသုံးပြုနိုင်ရန် အကောင်အထည်ဖော်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာဝန်ကြီးဌာန ဒု-၀န်ကြီး ဦးသောင်းတင်က နိုဝင်ဘာ ၁၃ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖြေကြားထားသည်။

မိုဘိုင်းဖုန်းငွေဖြည့်ကတ်စနစ် ထုတ်လုပ်ရာတွင် GSM နှင့် CDMA  ငွေဖြည့် ကတ်နှစ်မျိုးရှိပြီး အဆိုပါ ငွေဖြည့်ကတ်များကို Asia Mega Link Co., Ltd.? Global Telephone Co., Ltd..၊ တာမိုးညဲချမ်းသာ ထွန်းဝေသာကုမ္ပဏီ၊ ရတနာပုံတယ်လီပို့နှင့် Elite Tech IT Services Co., Ltd. တို့က ထုတ်လုပ် ရောင်းချလျက်ရှိသည်။

ယင်းအပြင် ငွေဖြည့်ကတ် ထုတ်လုပ်ရောင်းချမည့်ကုမ္ပဏီများကိုလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း က တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါပိတ်သိမ်းသည့် ယခုနှစ် အောက်တိုဘာ ၁၄ ရက်အထိ တင်ဒါတင်သွင်း သည့်ကုမ္ပဏီ ၂၁ ခုအထိရှိသည်။

Written by  စ,ချိုကို
Mizzima Burmese
အဆင်ပြေပါစေ...

တယ်လီဖုန်းခေါ်ဆိုမှု နှုန်းထားများ မြင့်တက်လျက်ရှိ


ရန်ကုန်၊ နိုဝင်ဘာ ၃၀

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ယူ ဆောင်ရွက်လျက် ရှိသည့် ဖုန်းဘီလ်ဖြတ် မှု နှုန်းထားများသည် ယခင်လများ ကထက် ယခုလတွင် ဖုန်းငွေဖြည့်ကတ်များမှ တယ်လီဖုန်းေ ခ်ါဆိုမှု နှုန်းထားများ ပိုမို ကုန်ကျသည်ဟု ဖုန်းသုံးစွဲသူ ပြည်သူများ က ဝေဖန် လျက်ရှိသည်။

““သမီးတို့ရဲ့ ဖုန်းဘီလ်တွေက ဒီလမှာ အရမ်းစားပြီး ဘီလ်ဖြတ် တာတွေ များများနေတယ်။ ၁ မိနစ်ကို နည်းနည်းလေး စွန်းသွားနဲ့ ၁၀၀ ဖြတ်နေတယ် ပေါ့နော်။ ပြီးတော့ အင်တာနက် လိုင်းတွေမှာလည်း ၁ မိနစ် ၂ ကျပ်လောက် ကျရမှာကို အခု ၄ ကျပ်လောက် ဖြစ်နေတယ်။ ခါတိုင်းဆို သမီးတို့ GSM တွေက ၂ ကျပ်ပဲကျတာ အခုတော့ ၄ ကျပ် ဖြစ်နေတယ်။ ဖုန်းဘီလ်စစ်မယ် ဆိုရင်လည်း System Busy ဖြစ်နေတာ သုံး၊ လေးကြိမ် လောက် ပြန်ပြန်စစ်နေရပြီး နောက်ဆုံး error ဖြစ်ဖြစ်သွားကာ မြန်မာ့ဆက်သွယ်ရေးမှ ဖြတ် တာတွေ များပြီး ဘီလ်စနစ်ကလည်း ဖြတ်တာ ပုံမှန်မရှိဘူး””ဟု Red Link ကုမ္ပဏီမှ စာရင်းကိုင် တစ်ဦးဖြစ်သူ မ၀တ်ရည်က ပြောသည်။ …

အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည့် Elite မှ အထွေထွေ မန်နေဂျာကို အောင်နေဇင်ဦးက ““၁ မိနစ် ၅၀ ဖြတ်တယ်ပေါ့နော်။ ဒါပေမဲ့ အတိ အကျ ဘယ်လောက်ဖြတ်လဲ သိချင်ရင်တော့ မြန်မာ့ဆက်သွယ်ရေးကို မေးမှရမယ်။ ကျွန်တော်တို့က ဘီလ်စနစ်တော့ မသိဘူး။ ဖြန့်ချိတဲ့ ကုမ္ပဏီဖြစ်တဲ့အတွက် ငွေဖြည့် ကတ်တွေကို သုံးစွဲသူတွေ error တက်နေတယ် သုံးစွဲလို့ မရဘူး။ ဖြည့်လို့မရဘူးလို့ ပြောနေတာ တွေရှိတယ်။ အဲဒီတော့ ကျွန်တော် တို့ဘက်က ဆက်သွယ်ရေးကို complain ပြန်တက်တယ် ပေါ့နော်။ ဖြည့်လို့ ရရင် ရမယ်မရရင် ကျွန်တော်တို့ ကတစ်ဆင့် customer တွေကို ဆောင် ရွက်ပေးတာတွေ ရှိတယ်။ ဖုန်းဘီလ်နဲ့ ပတ်သက်လို့ ဘယ်လောက်ကျော်ရင် ဘယ်လောက် ဖြတ်တဲ့ detail တော့ မြန်မာ့ဆက်သွယ်ရေး MPT က ကျွန်တော်တို့ကို ပေးမထားပါဘူး”” ဟု ပြောသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တယ်လီဖုန်းခေါ်ဆို ခနှုန်းထားများကို ၂၀၁၀ပြည့်နှစ်မှ စတင်ကာ တစ်မိနစ်လျှင် နှစ်ဆယ့်ငါးကျပ်မှ ကျပ်ငါးဆယ်သို့ တိုးမြှင့် ကောက်ခံခဲ့ပြီး မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းက ရောင်းချထားပေးသည့် မိုဘိုင်းလ်ဖုန်းခေါ်ဆိုခနှုန်းထားများကို၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် တစ်မိနစ် ၅၀ကျပ်နှုန်းကို လျှော့ချပေးမည်ဖြစ်ကြောင်း တို့ကို ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာ ၀န်ကြီးဌာန ဒုတိယ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး သောင်းတင်ကသတင်း မီဒီယာများ ကို ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လမ်း ၃၀ Complain ဆက်သွယ် ရေးရုံးမှ တာဝန်ရှိသူ တစ်ဦးအား ဆက်သွယ်မေးမြန်းရာ ““ကတ်ဖုန်း တွေအတွက်ကတော့ ၁ မိနစ်ကို ၅၀ ယူပါတယ်။ ၁ မိနစ်၊ ၁၀ စက္ကန့်ဆို ၁၀၀ ယူမယ်။ ၁ မိနစ် မပြည့်လည်း ၁ မိနစ်စာယူတယ်။ GSM ၂ ကျပ်၊ WCDMA ၊ CDMA ဆို ၄ ကျပ်ယူတယ်။ ဖုန်း ဘီလ်စစ်တဲ့ အခါမှာ System Busy ဖြစ်ဖြစ် နေတာကတော့ ဟန်းဆက် နဲ့လည်း ဆိုင်တယ်။ ဟန်းဆက်ကောင်းမှ ဆွဲအားကောင်းတာ။ ဘီလ်ဖြတ်တဲ့ အခါမှာ ဈေးနှုန်းမြင့် တက်တာတော့ မရှိသေးဘူး။ ပုံမှန်ပါပဲ။ ကျမယ်လို့တော့ ပြောထားတယ်။ ၂၅ ကျပ်လောက်တော့ မှန်းထားတယ်။ လောလော ဆယ် အတိအကျတော့ မထုတ်ပြန်သေးဘူး””ဟု ပြောသည်။

အေမီ

Myanmartandawsint Newspaper
အဆင်ပြေပါစေ....
http://nyeinchanthu3.blogspot.com/

ဦးအောင်မင်းရဲ့ငြိမ်းချမ်းရေးကားပါမစ်ကြောင့်ဌာနအချင်းချင်းဝေစု မတည့်ဖြစ်နေ


5.12.13

ငြိမ်းချမ်းရေးနဲ့ကားပါမစ်ကိစ္စဘားအံကညနရုံးတွးင်စာရင်းစစ်ကန့်ကွက်
ချက်ကြောင့်ပျက်သနာအချို့ဘယ်လိုဖုန်းရမည်မသိဖြစ်နေပါသည်။

စာရင်းစစ်ကလည်းကားဘယ်ကနေ၀င်လာလဲဘယ်မှာလည်းကာစတန်ထောက်ခံစာတောင်းနေကာစတန်ကလည်းကျွန်တော့်ဆီဘယ်ကားမှလာပြီးလက်မှတ်လာမယူဆိုပြီးပြသနာတက်တော့ကညနကဗိုလ်သင်တန်းအပါတ်စဉ်(၁၀၁)ကာစတန်ကဗိုလ်သင်တန်းအပါတ်စဉ်(၉၇)ဆိုတော့မင်းကငါဆီကနေဘာလို့ခွင့်မတောင်းတာလဲဆိုပြီးကြီးနိုင်ငယ်ညှင်းဖိတော့ ကညနကလည်းအကိုကြီးရယ်သမ္မတရုံးကနေပြီးငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ၏လက်ဝယ်ရှိမော်တော်ယာဉ်များကိုတရားဝင်အခွန်မဲ့လိုင်စင်ပြုလုပ်ပေးရန်ဆိုပြီးညွှန်ကြားလာလို့ပါတဲ့။

ခက်နေတာကစာရင်းစစ်ကိုလည်းမပေးနိုင်ကြတော့မော်တော်ယာဉ်လိုင်စင်ကလည်းအခမဲ့စာရင်းစစ်ကလည်းသူကိုမဂါတော့ဟိုကြပ်ဒီကြပ်လုပ်အောက်ကဌာနတွေကလည်းခောတ်အခြေအနေအရမပေးနိုင်ဖြစ်နေပြန်ကဲမြန်မာနိုင်ငံမှာတရားရေးတခုတည်းမဟုတ်တော့ဘူးဗျို့စာရင်းစစ်ပါစည်းကမ်းဖေါက်နေလို့နိုင်ငံဘဏ္ဍာတွေလေလွင့်နေတာ သနားပါတယ်ဦးအောင်မင်းရေ

ခင်ဗျားရဲ့ငြိမ်းချမ်းရေးကားပါမစ်ကြောင့်ဌာနအချင်းချင်းအဝေ
မတည့်တော့ဘူးဗျို့


သံလွင်တံတားတွင်ရန်ကုန်သို့သယ်ဆောင်မည့်ကားပါမစ်ယာဉ်များ
သူရိယနေ၀န်း

ပြည်ပပညာတော်သင်သွားမည့် နိုင်ငံ့ဝန်ထမ်းများ အာမခံလျော်ကြေး သိန်း ၅၀ ခံဝန်ထိုးရန်မလိုတော့


နိုင်ငံ့ဝန်ထမ်းများအား ပြည်ပသို့ ပညာသင်စေလွှတ်ရာတွင် ပညာသင်ကြားပြီးနောက် မိခင်နိုင်ငံသို့ ပြန်လာရန် ပျက်ကွက်ပါက ပညာသင်အာမခံလျော်ကြေး ကျပ်သိန်းငါးဆယ် ပေးဆောင်ရန် ကတိခံဝန်ချက်ချုပ်ဆိုခြင်းကို ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ထုတ်ပြန်သည်။

ထိုနည်းတူ နိုင်ငံခြားပညာတော်သင် နိုင်ငံ့ဝန်ထမ်းများအား နောက်ကြောင်းရာဇ၀င်စစ်ဆေးခြင်းနှင့် ကျန်းမာရေးဆေးစစ်ချက်များလည်း ပြုလုပ်ရန်မလိုအပ်တော့ပေ။

ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့် နိုင်ငံဝန်ထမ်းများအား ပညာသင်စေလွှတ်ရာတွင် ပြန်လာရန်ပျက်ကွက်ခဲ့ပါက ကျပ်သိန်းငါးဆယ်ပေးဆောင်ရန် ကတိခံဝန်ချက်တစ်ခု ချုပ်ဆိုရပြီး ယခုအခါ အဆိုပါခံဝန်ချက်ချုပ်ဆိုခြင်းကို ပယ်ဖျက်လိုက်ကာ ပညာသင်များသည် ပြည်ပမှသင်ကြားလာသည့် ပညာရပ်များကို ပြန်လည်ဆင့်ပွားအသုံးချရန်နှင့် မိမိဝန်ကြီးဌာန၊ အဖွဲ့ အစည်းတွင် အနည်းဆုံး တာဝန်ထမ်းဆောင်ရမည့် ကာလသတ်မှတ်ချက်ကို သက်ဆိုင်ရာဝန်ကြီးဌာန လုပ်ငန်းသဘာဝအပေါ် မူတည်၍ သတ်မှတ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ စာထုတ်ခဲ့ခြင်းမှာ မှန်ကန်ကြောင်း၊ ယခုကဲ့သို့ ပယ်ဖျက်ပေးလိုက်ခြင်းမှာ ယခင်ကထက်များ စွာကောင်းမွန်လာစေကြောင်း မွေးရေ၊ ကျေးလက်ဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဦးလှထွန်းက အတည်ပြု ပြောကြားသည်။
““တရုတ်အစိုးရရဲ့ မူဝါဒမျိုး မြန်မာအစိုးရကလုပ်ဆောင်တာထင်တယ်။ တရုတ်နိုင်ငံမှာ တရုတ်လူမျိုးတစ်ယောက် နိုင်ငံခြားကို ပညာသွားသင်ပြီး ပြန်မလာရင်လည်းရတယ်။ ဒါကို တရုတ်အစိုးရက တရုတ်လူမျိုး ပညာတတ်တစ်ယောက်တိုးတယ်ဆိုပြီး ခွင့်ပြုထားတယ်”” ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် အဆင့်မြင့်တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားစိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းက သုံးသပ်သည်။

ယခင်က ကန့်သတ်ချက်များရှိသဖြင့် ပညာတော်သင်ဆုရရန် ၀န်ထမ်းများက ကြိုးစားအားထုတ်မှု လျော့နည်းခဲ့ကြောင်း ဒေါက်တာထွန်းဝင်းက ပြောကြားသည်။
““ဖျက်သင့်တာကြာပြီ။ တချို့ဆို ခံရတာဘယ်လောက်များမတရားသလဲ။ သွားရတာ သုံးရက်၊ တစ်ခါတလေ တစ်ပတ်။ အဲဒီတုန်းက ပြန်လာရန်ပျက်ကွက်တောင် မဟုတ်ဘူး။ ပြန်လာပြီး အလုပ်ထွက်ရင် သိန်းငါးဆယ်တဲ့။ တစ်ပတ်သွားတဲ့သင်တန်း ဘယ်သူမှ သိန်းငါးဆယ်မရဘူး။ မသွားကြတော့ဘူး။ နောက်ဆို တချို့မသွားချင်ကြတော့ဘူး။ မသွားရအောင် လုပ်လာကြတယ်။ နစ်နာစရာရှိ တိုင်းပြည်ပဲနစ်နာတယ်”” ဟု နေပြည်တော်စီးပွားကူးသန်းဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။

ပညာသင်အာခံလျော်ကြေးငွေပေးဆောင်ရန် ကတိခံဝန်ချက်ဖြင့် ပညာသင်စေလွှတ်ခဲ့မှု၊ ပြန်လည်သတင်းပို့ရန် ပျက်ကွက်ခဲ့မှုများရှိပါက စာရင်းပြုစုတင်ပြရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပြည်ထောင်စုဝန်ကြီးဌာနအားလုံး(ကာကွယ်ရေးဝန်ကြီးဌာနမပါ)သို့ စာထုတ်ပေးပို့ခဲ့ခြင်းဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်ကို နိုဝင်ဘာ ၁၈ရက်က စာအမှတ် ၁၉၄၃ ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
7 Day Daily
အဆင်ပြေပါစေဗျာ...

မြန်မာ စစ်တပ်နဲ့ ဆက်ဆံရေးကို အမေရိကန် ကွန်ဂရက် ကန့်ကွက်


မြန်မာစစ်တပ်ကို အကန့်အသတ်နဲ့ ဆက်ဆံရေး အိုဘားမား အစိုးရရဲ့ အစီအစဉ်တွေကို ကွန်ဂရက်လွှတ်တော်မှာ ရှိတဲ့ ရီပတ်ဘလီကန် အမတ်တွေကရော ဒီမိုကရက်အမတ်တွေကပါ ပြင်းပြင်းထန် ကန့်ကွက်လိုက်ကြပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ ဝင်ရောက် စွက်ဖက်မှုတွေ ရှိနေပေမယ့် မြန်မာ စစ်တပ်ကို လူ့အခွင့်အရေးဆိုင်ရာ သင်တန်းတွေ ပေးတာမျိုး၊ ဒီမိုကရေစီ စနစ်မှာ စစ်တပ်က ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားသင့်သလဲ ဆိုတာကို ပညာပေးတာမျိုးတွေ လုပ်ခြင်းအားဖြင့် ပြုပြင်ပြောင်းလဲရေးသမားတွေ အားကောင်းလာစေလိမ့်မယ်လို့ အိုဘားမား အစိုးရ အဖွဲ့ ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်တွေက ဗုဒ္ဒဟူးနေ့က ကွန်ဂရက်လွှတ်တော်မှာ တိုက်တွန်း ပြောသွားခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ မြန်မာ စစ်တပ်က လိုလိုလားလား မရှိဘူးလို့ အမေရိကန် ကွန်ဂရက် လွှတ်တော် အမတ်တွေက ယူဆနေကြပြီး မြန်မာ စစ်တပ်ဟာ လူနည်းစု တိုင်းရင်းသားတွေနဲ့ ဘာသာခြားတွေအပေါ် မတရား ဖိနှိပ်မှု တွေ ရှိနေသလို ကုလသမဂ္ဂ ရဲ့ ပိတ်ဆို့မှုတွေကို ဆန့်ကျင်ပြီး မြောက်ကိုးရီးယားနဲ့ လက်နက် ရောင်းဝယ်မှုတွေမှာ ဆက်လက် ပါဝင်ပတ်သက်နေတာ တွေ့ရတယ်လို့ ပြောပါတယ်။

BBC Burmese
အဆင်ပြေပါစေ....
http://nyeinchanthu3.blogspot.com/

မက်စ်မြန်မာက ချောင်းသာကမ်းခြေမြေသိမ်းမှုအတွက် လျော်ကြေးပေး



မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ပိုင်ဆိုင်တဲ့ မက်စ်မြန်မာကုမ္ပဏီက မြန်မာနိုင်ငံက ထင်ရှားတဲ့ ချောင်းသာကမ်းခြေက အုန်းခြံမြေတွေအတွက် ၁ ဧကကို သိန်း ၉၀ နှုန်း လျော်ကြေးပေးအပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

၂၀၁၂ နိုဝင်ဘာ ၂ ရက်နေ့က မြေသိမ်းမှုတွေအတွက် တောင်သူတွေ ချောင်းသာမှာ ဆန္ဒပြခဲ့စဉ်၊ ဓာတ်ပုံ- ဆလိုင်းသန့်ဇင်/ဧရာဝတီ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့နယ်ခွဲ ချောင်းသာကျေးရွာက အုန်းခြံမြေ ၅.၀၉ ဧကအတွက် လျော်ကြေး ကျပ်သိန်း ၄၅၀ ကျော်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးပတ်ထဲမှာ မူလ ပိုင်ရှင် တောင်သူ ၄ ဦးထံ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

“ဦးဇော်ဇော်က ကျနော်တို့နဲ့ တွေ့ဆုံညှိနှိုင်းပြီး ... နစ်နာကြေး ပေးလိုက်တာပါ။ ခုလိုနစ်နာကြေးပေးတဲ့ အပေါ် ၀မ်းသာပါတယ်။ ကျနော်တို့ဘ၀တွေ ပြန်လည်ထူထောင်လို့ ရပြီပေါ့”လို့ ၂ ဧကစာ နစ်နာကြေးရခဲ့တဲ့ ချောင်းသာကျေးရွာက ဦးမောင်မောင်ကြီးက ပြောပါတယ်။



ချောင်းသာကမ်းခြေအနီးမှာရှိတဲ့ အဲဒီအုန်းခြံတွေကို အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) က ၁၉၉၆ ခုနှစ်မှာ သိမ်းယူခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ မက်စ်မြန်မာ ကုမ္ပဏီက လွှဲပြောင်းရယူ လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကအစောပိုင်းကာလမှာ စစ်တပ်ကသိမ်းခဲ့တဲ့မြေတွေပါ။ ချောင်းသာမှာ ဟိုတယ်ဆောက်ဖို့ ဆိုပြီး
တောင်သူတွေ ရဲ့ဥယျာဉ်ခြံတွေ၊ လယ်မြေတွေအများအပြား သိမ်းခဲ့တာက ၁၉၉၉ ခုနှစ်မှာ ဖြစ်ပါတယ်။

သိမ်းခံရတဲ့ မြေစုစုပေါင်း ၆၁၇ ဧကရှိပြီး တာဝန်ယူသိမ်းသူကတော့ ယခင်စစ်အစိုးရလက်ထက် ပုသိမ် ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအတွင်းရေး ဗိုလ်မှူးရင်စိန်ဖြစ်ပြီး မဖြစ်မနေ ဖိအားပေး လက်မှတ်ထိုးခိုင်းလို့ လျော်ကြေးငွေ သောင်းဂဏန်းနဲ့ ပေးခဲ့ရတာလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မက်စ်မြန်မာကတော့ တောင်သူတွေကျေနပ်လောက်မယ့်ငွေကြေးနဲ့ ပေးလျော်တာတွေ လုပ်ခဲ့ပါပြီ။

ဒါက ပထမဆုံးတော့ မဟုတ်ပါဘူး။ ပထမအကြိမ်ကတော့ ငွေဆောင်ကမ်းခြေက သဇင်ကျေးရွာ မှာ
ရေငန်ပုစွန်မွေးမြူဖို့ ရယူထားတဲ့မြေတွေအတွက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ လျော်ကြေးပေးအပ်ခဲ့ပါတယ်။

တောင်ယာမြေ ၁ ဧကကို သိန်း ၁၀၀ နှုန်း၊ လယ်မြေ ၁ ဧကကို ၂၅ သိန်းနှုန်းနဲ့ ကျပ်သိန်း ၇,၄၀၀ ကျော်
ပေးလျော်ခဲ့တာပါ။

ချောင်းသာရော၊ ငွေဆောင်ကမ်းခြေမှာပါ မြန်မာနိုင်ငံက ထိပ်တန်းစီးပွားရေးသမားကြီးတွေရဲ့ ဟိုတယ်တွေ ဖွင့်လှစ်လုပ်ကိုင်နေကြပါတယ်။

ဟိုတယ်ပိုင်ရှင်တွေကတော့ စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇက Aureum Palace နဲ့ Myanmar Treasure ဟိုတယ်၊ ဦးပိုင်ကုမ္ပဏီ လီမိတက်က Central ဟိုတယ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့သမီး
ဒေါ်ခင်ပြုံးရွှေ က ရွှေဟင်္သာဟိုတယ်၊ သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်က AMBO ဟိုတယ်နဲ့ ဦးဌေးမြင့်က ယုဇနဟိုတယ်၊ ဦးဇော်ဇော်က မက်စ်ဟိုတယ် တို့ကို အသီးသီး ပိုင်ဆိုင်ကြပါတယ်။

ဒါ့အပြင် ဦးလှမောင်ရွှေက Silver View ဟိုတယ်၊ ဦးဖြိုးကိုကိုတင့်ဆန်းက Hotel Ace၊ ဦးထွန်းမြင့်နိုင်က Asia World ဟိုတယ်၊ ၊ ဦးဝေလွင်က Sunny Paradise နှင့် Ocean Paradise ဟိုတယ်တွေကို ပိုင်ဆိုင်လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ဟိုတယ်ဆောက်ထားတဲ့မြေအတွက်လျော်ကြေးပေးတဲ့ကုမ္ပဏီဆိုလို့ ဦးဇော်ဇော်ပိုင် မက်စ်မြန်မာ ကုမ္ပဏီ တခုတည်းပဲရှိနေပါတယ်။ ကျန်တဲ့သူဌေးကြီးတွေကတော့ ငွေမရှိလို့လား၊ မလျော်ချင်လို့လားတော့ မသိပါဘူး။ ခုထိတော့ လျော်မယ်ဆိုတဲ့အသံတွေ မကြားရသေးပါဘူး။ ခရိုနီသူဌေးကြီးတွေ ငွေမရှိတာတော့ မဖြစ်နိုင်လောက်ပါဘူး။ ဖြစ်ခြင်းဖြစ် မလျော်ချင်တာပဲ ဖြစ်မယ်ထင်ပါတယ်။

“ဦးဇော်ဇော်ရဲ့မက်စ်မြန်မာက လျော်သလိုပဲ ကျန်တဲ့ကုမ္ပဏီတွေအနေနဲ့ ဒေသခံတွေ အဆင်ပြေအောင်
လျော်ကြေးပေးတာတွေ လုပ်စေချင်ပါတယ်။ ဘာလို့ဆိုတော့ ဒီဒေသကလူတွေမှာ မြေတွေအသိမ်းခံရပြီးနောက် ပိုင်း အလုပ်လက်မဲ့တွေဖြစ်ကုန်ပြီး ဆင်းရဲကုန်ကြတယ်။ ကမ်းခြေမှာ ဖားကင်၊ ငါးကင်ရောင်းရတဲ့ ဘ၀တွေတောင် ရောက်သွားကြတယ်” လို့ ချောင်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိုတေဇာအောင် က ပြောပါတယ်။

လျော်ကြေးသောင်းဂဏန်းလောက်နဲ့ မြေတွေသိမ်းသွားတာကို မကျေနပ်တဲ့ ချောင်းသာရွာသား ၁၆၀ ကျော် ဟာ မနှစ်က နိုဝင်ဘာလတုန်းက ချောင်းသာကျေးရွာမှာပဲ ဆန္ဒဖော်ထုတ်ခဲ့ကြပါသေးတယ်။

မြန်မာနိုင်ငံမှာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းဟာ မြေသိမ်းခံရမှုအများဆုံးဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်ကဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်က ထုတ်ဖော်ပြောဆိုထားပါတယ်။
ဧရာဝတီ Myanmar News
အဆင်ပြေပါစေ....

တရုတ်အလံကို မီးရှို့ဆန္ဒပြသူ ရန်ကုန်မှာ အဖမ်းခံရ


နိုဝင်ဘာ ၂၉ ရက်နေ့က ရန်ကုန်က တရုတ် သံရုံးရှေ့မှာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ကန့်ကွက်တဲ့ အနေနဲ့ တရုတ် အလံကို မီးရှို့ ဆန္ဒပြခဲ့တဲ့ မျိုးဆက်သစ် လူငယ်များအဖွဲ့(GY) က ကိုတင်ထွဋ်ပိုင်ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ အာမခံ မပေးဘဲ ဖမ်းဆီး လိုက်ပါတယ်။

ကိုတင်ထွဋ်ပိုင်ကို ဒီဇင်ဘာ ၃ ရက် မနေ့ညက ဒဂုံရဲစခန်းက ဖမ်းဆီးသွားပြီး ဒီမနက်မှာ ရုံးတင်စစ်ဆေးပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။ ဒီမနက် ရုံးထုတ်ချိန်မှာ ကိုတင်ထွဋ်ပိုင်ကို မိသားစုက တွေ့ခွင့်မရခဲ့ကြောင်း ကိုတင်ထွဋ်ပိုင်ရဲ့ မိခင် ဒေါ်ငယ် ပြောပါတယ်။

ကိုတင်ထွဋ်ပိုင်ကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ ခ နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ဒဂုံရဲစခန်းကို ဆက်သွယ်မေးကြည့်ရာမှာ တာဝန်ကျ ရဲအရာရှိက သူ့အနေနဲ့ ပြောရခက်တယ်လို့ ဆိုပါတယ်။

ရှေ့နေကြီး ဦးအောင်သိန်းကတော့ တခြားနိုင်ငံရဲ့ အလံကို မီးရှို့တာနဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်တယ်ဆိုတဲ့ ပုဒ်မနဲ့ စွဲဆိုတာဟာ အစိုးရသစ် လက်ထက်မှာ ထူးဆန်းတဲ့ ပုဒ်မ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပုံစံနဲ့ ဒီမိုကရေစီကို သွားဖို့ မလွယ်ဘဲ အခုကိစ္စဟာ တရုတ်အလံကို မီးရှို့လို့ တရုတ် ကျေနပ်အောင် ထောင်ချပြတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

ကိုတင်ထွဋ်ပိုင်ကို ဖမ်းဆီးတာနဲ့ ဆက်စပ်ပြီး အဲဒီနေ့က ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ယက်က ကိုအောင်စိုးနဲ့ ဒေါ်နော်အုံးလှ တို့ကိုလည်း ရဲက အလိုရှိတယ်ဆိုလို့ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

BBC Burmese
အဆင်ပြေပါစေ....

ဗုဒ္ဓဆင်းတု ဦးခေါင်းတော်မှ ဆံတော်များထွက်ပေါ်

ဗုဒ္ဓဘုရားဆင်းတုတော်၏ ဦးခေါင်းတော်မှ ဆံတော်များ ထွက်ပေါ်လာသည်ကို အနီးကပ်ဖူးတွေ့ရစဉ်။ ဓာတ်ပုံ-ငယ်ထွေး

ဗုဒ္ဓဘုရား ဆင်းတုတော်၏ ဦးခေါင်းတော် မှဆံတော်များ ထွက်ပေါ်လာသ ဖြင့် ပြည်သူအများပူဇော်နိုင်ရန် ပညာ သိပ္ပံဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ပြောင်းရွှေ့ အပူဇော်ခံထားကြောင်း သိရ သည်။ မရမ်းကုန်း မြို့နယ် (၈)ရပ် ကွက် ရေကူး ဘူတာရုံလမ်း ပညာ သိပ္ပံ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း တွင် ဦးခေါင်းတော်မှ ဆံတော်များ ထွက်ပေါ်လာသည့်  ဗုဒ္ဓရုပ်ပွားတော်ကို အများပြည် သူပူဇော်ဖူးမြော် နိုင်ရ န် ဘုရား ဒကာမှပြောင်းရွှေ့ပူဇော်ထား ကြောင်း ဘုရား ဒကာဖြစ်သူဦး ခင်မောင်ဦးက ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။

ဘုရားဒကာဖြစ်သူ ဦးခင် မောင်ဦးက ''ဇူလိုင် ၁ ရက်က စပြီးတော့ ဘုရားရုပ်ပွားတော် ကနေဆံတော်တွေ ပွင့်လာတာ ကိုဖူးမြော်ရပါတယ်။ အဲဒီနောက် မှာတော့ ရုပ်ပွားတော်လုံခြုံရေး နဲ့ အများပြည်သူဖူးမြော်နိုင်ဖို့ အတွက် ဆိုပြီး ဦးတို့ ကိုးကွယ် တဲ့ဆရာတော်ကျောင်းကို နိုဝင် ဘာ ၃ဝရက်မှာ ရွှေ့ပြောင်းပူ ဇော်ခဲ့ တာပါ''ဟုပြောသည်။ ၂၀၁၁ခုနှစ် မတ် ၁၆ရက် တွင် ရန်ကုန်တိုင်းဒေသကြီးလယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနရုံး ဒုတိယညွှန်ကြား ရေးမှူး ဦးဝင်းဗိုလ် က ရာထူးတိုး နှင့် ပြောင်းတဲ့အချိန်တွင် အဆို ပါဗုဒ္ဓရုပ်ပွားတော်ကိုပူဇော်ရန် ပေးထားခဲ့ခြင်းဖြစ်ပြီး ဘုရား ဆံတော်မပွင့်မီအချိန်တွင် နေ အိမ်၌ ဝင်ငွေများတိုးပွားခဲ့ပြီးထူး ခြားဖြစ်စဉ်များဖြစ်ခဲ့သည်ဟု ဦးခင်မောင်ဦးက ပြော သည်။

''ဘုရားဆံတော်မပွင့်ခင် အချိန်မှာကျွန်တော်တို့အိပ်ရာ က စောင်ခေါက်တွေထဲမှာ လောက်ကောင်တွေတွေ့ခဲ့ရပါ တယ်။ ဘာအပုပ်အသိုးမှမရှိဘဲ တွေ့ခဲ့ရတာပါ။ဘုရားဆံတော် ပွင့်တဲ့နေ့မှာပဲ တိုက်ဆိုင်စွာနဲ့ ဘုရားမှာပူဇော်ထားတဲ့ သပြေခက် ကနေ အရွက်တွေထွက်လာပါ တယ်။ နေ့ချင်းကိုထွက်လာခဲ့ တာပါ။ ဘုရားဆံတော်ပွင့်ပြီး နောက်ပိုင်းမှာတော့ ငွေအလုံး အရင်းနဲ့တစ်ခါရခဲ့ပါတယ်'' ဟု ဦးခင်မောင်ဦးက ပြောသည်။ ယင်းကဲ့သို့ ဘုရားဆံတော် ပွင့်ခြင်းသည်ဖြစ်ခဲသည့် ကိစ္စ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ဗုဒ္ဓ သာသနာတော်ယခုထက်ပိုပြီး ထွန်းကားပြန့်ပွားလာနိုင်သည့် နိမိတ်ပင်ဖြစ်ကြောင်း ပညာ သိပ္ပံဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းဆရာတော် သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ ကမိန့် တော်မူ သည်။

ပညာသိပ္ပံဘုန်းတော်ကြီး သင်ပညာရေးကျောင်းဆရာ တော် သဒ္ဓမ္မဇောတိကဓဇဘဒ္ဒ န္တပညာသာမိက ''နိုဝင်ဘာ ၃၀ ရက်မှာ ကျောင်းကိုရုပ်ပွားတော် ရောက်တဲ့ ည ၇ နာရီခွဲအချိန် မှာပဲ ကျောင်းဝင်းပြည့်ဖူးမြော် ပူဇော်သူတွေနဲ့ ပြည့်နေ ခဲ့ပါတယ်'' ဟုမိန့်တော်မူသည်။ တိုင်းသူပြည်သားခုနစ် ရက်သားသမီးများအနေဖြင့် ကံပွင့်၊ ဉာဏ်ပွင့်၊ ဓာတ်ပွင့်၊ လာဘ်ပွင့်ပြီးတော့ စီးပွားရေး များ တိုးတက်ပြီး သာသနာပြု ခွင့်များရသည့်အပြင် လက်ရှိ ကျင်းပတော့မည့် (၂၇) ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲသည်လည်း မြန်မာနိုင်ငံ၏အရေးအကြီးဆုံး သော အောင်မြင်မှုများရနိုင်    အောင်ကျင်းပနိုင်မည့်ပွဲတော် တစ်ခုဖြစ်လာနိုင်သည့်နိမိတ် များဖြစ်ကြောင်း ဆရာတော်သဒ္ဓ မ္မဇောတိကဓဇဘဒ္ဒန္တပညာသာ မိက မိန့်တော် မူ သည်။ လက်ရှိအချိန်တွင် ဆံ တော်ပွင့်သည့်ဗုဒ္ဓဘုရားဆင်း တုတော်အား ယာယီစံကျောင်းဖြင့် အပူဇော်ခံထားရှိပြီး နောက်ပိုင်း အချိန်များတွင် စံကျောင်းတော် များ၊ ဘုရားကျောင်းဆောင် များတွင် ပူဇော်ပြီး အများပြည် သူဖူးမြော် နိုင်ရန် ခမ်းနား စွာ စီမံသွားရန်စီစဉ်နေကြောင်း သိ ရသည်။

ငယ်ထွေး(ကလေး)
Yangon Media Group
အဆင်ပြေပါစေဗျာ....
http://nyeinchanthu3.blogspot.com/

ဥပဒေကို မထီမဲ့မြင်လုပ်လာရင် ဆက်လက်ဖော်ထုတ်မယ်လို့ မိုးဇေညိမ်း ဆို


မူးယစ်ဆေးဝါး အစီရင်ခံစာနဲ့ စစ်ချက်တွေထဲမှာ နောက်ထပ်ဖော်ပြစရာတွေ အများအပြား ကျန်ပါသေးတယ်။ အဲဒီ့အမှုကို စစ်ဆေးစဉ်က တရားခံ (၁၀) ဦး၊ ပတ်သတ်ပါဝင်သူ (၃၃) ဦး၊ စုစုပေါင်း (၄၃) ဦးကို စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးခံခဲ့ရသူ အများစုဟာ အနုပညာလောကသားတွေ ဖြစ်ပါတယ်။ အပိုင်း (၁) ကို စတင်စဉ် ကတည်းက အားလုံးကို မချွင်းမချန်ဖော်ပြဖို့ စီစဉ်စဉ်းစားထားပါပြီး ဖြစ်ပါတယ်။ သို့ပေမဲ့ ပတ်သတ်ရာပတ်သတ်ကြောင်း အဖွဲ့အစည်းများရဲ့ မေတ္တာရပ်ခံချက်တွေနဲ့ ကာယကံရှင်များရဲ့ မေတ္တာရပ်ခံမှုတွေကို ထောက်ထားပြီး ဆက်လက်မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ငရုတ်သီးဟာ ဒီတိုင်းနေရင်ကောင်းပါတယ်။ ကြက်သွန်နဲ့ပေါင်းရင်တော့ အထောင်းခံမှာပါပဲ။ အနုပညာရှင်ပဲဖြစ်ဖြစ်၊ ဘယ်လိုလူပဲဖြစ်ဖြစ် ပြည်သူတွေကို ကုပ်စီးဖိနှိပ်နေတဲ့ အာဏာရှင်တွေနဲ့ သွားပေါင်းရင်တော့ ပြည်သူတွေ ပြန်ထောင်းတာ ခံရပါလိမ့်မယ်။ လက်ရှိဖော်ပြနေတဲ့ အစီရင်ခံစာဟာ ကျွန်တော့် လက်ဝယ်မှာ ရှိနေတဲ့ အတွင်းရေးနဲ့ ပတ်သတ်တဲ့ ထိပ်တန်းလျှို့ဝှက်အဆင့် စာရွက်စာတမ်းတွေထဲက တစ်ခုမျှသာဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကို ထောက်ထားပြီး လက်ရှိကိစ္စကို ဆက်လက်မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်တာပါ။ သို့ပေမဲ့ အများပြည်သူတွေ သိရှိသင့်တယ်လို့ ယူဆရတဲ့ အခြေအနေတွေရှိရင်၊ ဥပဒေကို မထီမဲ့မြင်လုပ်လာတဲ့ ကိစ္စတွေရှိလာရင်တော့ ဒီလိုကိစ္စတွေသာမကပဲ အခြားကိစ္စတွေ၊ အကြောင်းအရာတွေ ကိုလည်း ဆက်လက်ဖော်ထုတ်ရဦးမှာ ဖြစ်ပါတယ်။

ငရုတ်သီးနဲ့ပေါင်းမိလို့ အထောင်းခံလိုက်ရတဲ့ အနုပညာရှင်များအတွက် ပုဂ္ဂိုလ်ရေးအရ ထိခိုက်သွားရတဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ အဲ့ဒီအတွက်လည်း ကိုယ်ချင်းစာစိတ်နဲ့ ရိုးသားစွာတောင်းပန်ပါတယ်။ Public စာမျက်နှာပေါ်ကို ရောက်မလာပေမဲ့ ဒီအမှုတွဲမှာ ပါဝင်ပတ်သတ်နေသူတွေအနေနဲ့လည်း သင်ခန်းစာတစ်ခု အနေနဲ့ နောက်နောင်ဆင်ခြင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

မိုးဇေညိမ်း
အဆင်ပြေပါစေဗျာ....
http://nyeinchanthu3.blogspot.com/

ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လိုင် ကျောက်တော်နှင့် မြောက်ဦးသို့ သွားရောက်


ရခိုင်ပြည်နယ်ကို မနေ့က ရောက်ရှိလာတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင်နဲ့ စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေဟာ ဒီကနေ့မှာ ကျောက်တော်နဲ့ မြောက်ဦးမြို့ တို့ကို ရဟတ်ယာဉ်တွေနဲ့ သွားရောက်နေကြတယ်လို့ ဆိုပါတယ်။

ဒီကနေ့ နံနက်မှာ ကျောက်တော်မြို့ရှိ စကခ (၉) ကိုရောက်ရှိလာပြီး ကျောက်တော် မဟာမုနိ ရှင်တော်မြတ်ကို တော့ နံနက်  ၁၀ နာရီခွဲခန့်မှာ ၀င်ရောက် ဖူးမျှော်သွားတယ်လို့ ဆိုပါတယ်။  မြောက်ဦးမြို့သို့ နံနက် ၁၁ နာရီ ၁၅ မိနစ် ခန့်မှာ  ရောက်ရှိလာပြီး ခမရ ၃၇၇ တပ်ရင်းကို သွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ရခိုင် ခရီးစဉ်မှာ  တပ်မတော် (ရေ) ဦးစီချုပ် ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ တပ်မတော်(လေ) ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်တို့ အပါအ၀င် ဒါဇင်နဲ့ ချီတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေလည်း အတူ လိုက်ပါလာကြတယ်လို့ သိရပါတယ်။
narinjara burmese news
အဆင်ပြေပါစေ....