Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label Model. Show all posts
Showing posts with label Model. Show all posts

အောင်မြင်မှု ပန်းတိုင် ရောက်ဖို့ ကြိုးစားနေသူ ခင်ရူပ


အနုပညာ ခံယူချက်တွေ ပြည့်ဝဖို့ ရှေ့ဆက် အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ မော်ဒယ် ခင်ရူပ နဲ့ တွေ့ဆုံခိုက် မှာ ခန္ဓာကိုယ် ထိန်းသိမ်းမှု နဲ့ ပတ်သက်ပြီး သူ့ရဲ့ လျှို့ဝှက်ချက် ကို မေးကြည့်တော့..

“ခင်ရူပက အစားအသောက် နဲ့ပဲ ထိန်းတာ များတယ်။ အဆီ အစိမ့်တွေ အစား အသီးအရွက်ကို ပိုစားတယ်။ ကိုယ် လက် လှုပ်ရှားမှု ကို အချိန်ပြည့် မလုပ်နိုင်တဲ့ အ တွက်ကြောင့် ဒီအစား အသောက် နဲ့ပဲ ထိန်းတယ်။ တခြား လျှို့ဝှက်ချက်တွေ မရှိပါဘူး” လို့ ပြောပြခဲ့ပါတယ်။ ခင်ရူပ အနေ နဲ့ ဒီမော်ဒယ်လောက တစ်ခု ကိုပဲ ရွေးချယ် လုပ်ဖြစ်သွား မှာလားလို့ မေးကြည့်တော့ “သူများနိုင်ငံမှာ ဆို မော်ဒယ်လိုင်း တစ်လိုင်းတည်း နဲ့ ရပ်တည်လို့ ရတဲ့ အနေအထား ရှိတယ်။ ဒီမှာလည်း အဲဒီလို ရှိစေ ချင်တယ်။ ဒီမှာ မော်ဒယ် ကိုပဲ ဝါသနာ ပါတဲ့ လူရှိတယ်။

အဲဒီလို သီးသန့် မော်ဒယ်လိုင်း နဲ့ သက်မွေး ဝမ်းကျောင်းလို့ ရရင်တော့ ကောင်းတယ်လို့ ပြောပြ ခဲ့ပါတယ်။ ခင်ရူပ အခု မော်ဒယ်လောက မှာ စူပါမော်ဒယ် ဆိုတဲ့ ခေါင်းစီးအောက် ရပ်နေပြီ လားလို့ မေးကြည့်တော့ “လူဆိုတာ ဝါသနာ ပါရာကိုပဲ ရွေးချယ် လုပ်ဆောင် တတ်ကြ တယ်။ ညီမရောပဲ။ ကိုယ့်ကိုယ် ကိုယ် အောင်မြင်လား မေးရင် မပြောတတ်ဘူး။

ဒါက ပရိသတ်တွေ သတ်မှတ်ပေး မှရတာပါ။ ပရိသတ် ကို မေးကြည့်ရင်တော့ ပိုပြီး အဖြေ မှန်လိမ့်မယ်” လို့ ပြောပြခဲ့ပါတယ်။ မော်ဒယ် တစ်ယောက် အတွက် အဝတ်အစား၊ ဖက်ရှင်၊ ဒီဇိုင်းက သိပ် အရေးကြီးတယ်။ လက်ရှိ နိုင်ငံခြားက model တွေနဲ့ တို့နိုင်ငံ က မော်ဒယ် ကွာခြားမှုက အဲဒီ ဖက်ရှင် အပိုင်းလို့ ပြောရင်တောင် ရတယ်လို့ ပြောပြခဲ့ပါတယ်။ အောင်မြင်မှု ပန်းတိုင်ရောက်ဖို့ ကြိုးစားနေတဲ့ ညီမရဲ့ ဘဝနဲ့ ချစ်ရေး ချစ်ရာကော ထူးခြားမှု ရှိလာပြီလားလို့ မေးကြည့်တော့..

“ခင်ရူပရဲ့ အချစ်ရေးကတော့ အေးဆေးပါပဲ”လို့ ပြောပြခဲ့ပါတယ်။

ထူးထူး
Popular Myanmar News Journal
အဆင်ပြေပါစေ...
http://nyeinchanthu3.blogspot.com/

ဒီဇင်ဘာလ(၂)ရက်တွင် နန်းခင်ဇေယျာလို အဖော်ချွတ်ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် မိန်းမချော


မြန်မာနိုင်ငံ ကိုယ်စားပြုဖြစ်တဲ့ Miss International 2013  ပြိုင်ပွဲကို  ဒီဇင်ဘာလ (၂)ရက်နေ့မှာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို သွားရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ နိုဝင်ဘာလ ၂၉ ရက် နေ့က Central Hotel  မှာ ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှ သိရပါတယ်။ အခုလို ဂျပန်နိုင်ငံတိုကျိုမြို့မှာ အခက်အခဲမရှိ သွားရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက်လည်း ပြိုင်ပွဲ ၀င်မယ့် သူတစ်ယောက်အနေနဲ့ Body Training ကစားခြင်း၊ ခန္ဓာကိုယ်ကြံ့ခိုင်အောင် လေ့ကျင့်ခြင်း အပြင် မြန်မာနိုင်ငံကိုကိုယ်စားပြုမှာဖြစ်တဲ့ အတွက် မြန်မာနိုင်ငံရဲ့ ရိုးရာဒေသ၊ ရိုးရာယဉ်ကျေးမှု တွေ၊ စာပေဗဟုသုတတွေအပြင် ဂျပန်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေကိုလည်း လေ့လာထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုဖလှယ်တဲ့အနေနဲ့ နိုင်ငံပေါင်း ၈၀ ကျော်မှ လာပြိုင် တာဖြစ်တဲ့ အတွက် မြန်မာ့ဆောင်းကို ရိုးရာယဉ်ကျေးမှုအနေနဲ့ ပြသသွားမှာဖြစ်သလို သံဇဉ်အနေနဲ့ လည်း မြန်မာ သီချင်းအဖွင့်နဲ့ အပိတ်ကြားမှာ ဂျပန်သီချင်းအမြူးလေးနဲ့ တီးခတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 
ဒါ့အပြင် မြန်မာနိုင်ငံမှာ ယှဉ်ပြိုင်တဲ့ Miss တော်တော်များများဟာ မြန်မာ့ရိုးရာဝတ်စုံ တွေပဲ အများဆုံး ၀တ်ကြတာဖြစ်တဲ့အတွက် အခုအခါမှာတော့ အပြောင်းအလဲလေးဖြစ်အောင် ကချင် ရိုးရာဝတ်စုံလေး ၀တ်ဆင်မယ်လို့ သိရပါတယ်။ ဒီလို မြန်မာနိုင်ငံ ကိုယ်စားပြု Miss International  ပြိုင်ပွဲကို လာမယ့် ဒီဇင်ဘာလ(၁၇)ရက်နေ့ မှာ ပြိုင်ပွဲဝင်ရမှာဖြစ်ပြီး ဂျပန်နိုင်ငံမှ ပြန်လာတဲ့အခါမှာလည်း လူမှုရေး လုပ်ငန်းတွေ၊ ဘိုးဘွား စောင့်ရှောက်မှုတွေကို ဆက်လက်လုပ်ကိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
From: MRTV 4
http://nyeinchanthu3.blogspot.com/

ပထမဆုံးဇာတ်ကားမှာ အတတ်နိုင်ဆုံးကြိုးစားထားတယ်ဆိုတဲ့ နန်းခင်ဇေယျာ

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

သရုပ်ဆောင်အဖြစ် ပထမဆုံးအကြိမ် ပါဝင်သည့် ဗီဒီယိုဇာတ်ကားတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း အတတ်နိုင်ဆုံး ကြိုးစားသရုပ်ဆောင်ခဲ့ကြောင်း နန်းခင်ဇေယျာက ပြောသည်။

““အခက်အခဲက ကားလည်း တစ်ခါမှမရိုက်ဖူးဘူး။ ကင်မရာအယူအဆလည်း မသိဘူး။ ဒီကြားထဲမှာလည်း ကြော်ငြာပဲ ရိုက်ခဲ့တယ်။ ကြော်ငြာမှာကျတော့ သီချင်း Beat လေးအတိုင်း သွားရုံပဲ။ ဇာတ်ကားမှာကျတော့ ဒိုင်ယာလော့ခ်လည်း လိုတယ်။ မုဒ်တွေလည်း လိုတယ်။ ဒီကားမှာပါတဲ့ ကာရိုက်တာကအစ   ချိန်းပစ်လိုက်ရတာဆိုတော့ ကာရိုက်တာလုပ်ရတာ အခက်အခဲဖြစ်တယ်။ တိုင်းရင်းသူဆိုတော့ စကားပြောရတာ အခက်အခဲဖြစ်တယ်”” ဟု နန်းခင်ဇေယျာက ၎င်း၏အတွေ့အကြုံကို ပြောပြသည်။
နိုဝင်ဘာလ ပထမပတ်တွင် စတင်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ရိုက်ကူးရက် ၁၀ ရက် ကြာခဲ့ကာ အတူပါဝင်သရုပ်ဆောင်သည့် ခန့်စည်သူနှင့် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်တို့ကလည်း ကူညီပေးကြောင်း ၎င်းက ပြောသည်။
ပထမဆုံးရိုက်ကူးသည့် ဇာတ်ကားဖြစ်သောကြောင့် ပေါ့ပေါ့ပါးပါးဇာတ်လမ်းကို ရိုက်ကူးရန် အကြံပေးသော်လည်း ၎င်းအနေဖြင့် ““အက်တိုးပစ်အပျိုစင်”” ဇာတ်လမ်းကို ကြိုက်ကာ ပရိသတ်များအတွက် မက်ဆေ့ခ်ျပေးနိုင်သောကြောင့် ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
““ခုခေတ်လူငယ်တွေမှာ ဖြစ်နေကြတဲ့ တားဆေးစားတာတွေ၊ ကိုယ်ဝန်ဖျက်ချတာတွေ အဲဒါတွေအတွက် မက်ဆေ့ခ်ျပေးထားတဲ့ ဇာတ်လေးပါ”” ဟု နန်းခင်ဇေယျာက ပြောသည်။
ထပ်မံ၍ ၎င်းနှင့်လိုက်ဖက်သည့် ဇာတ်ကားများရှိလျှင် ပါဝင်ရိုက်ကူးရန် အစီအစဉ်ရှိပြီး လတ်တလော အနုပညာလှုပ်ရှားမှုအနေဖြင့် ကြော်ငြာများ၊ ပြက္ခဒိန်များ ရိုက်ဖြစ်ကြောင်း ၎င်းက ပြောသည်။

7day Daily
အဆင်ပြေပါစေ.....
http://nyeinchanthu3.blogspot.com/

Sexy Model Girl with Swimming Bikini Suite- Honey Oo







အဆင်ပြေပျော်ရွင်ပါစေ......
http://nyeinchanthu3.blogspot.com/

"ကမ်းခြေတွင် အသက်ရှူမှားလောက်စရာ ပြုစားခဲ့သည့် ကန်ဒိုက်စ်ဆွမ်နီပိုဝယ်လ်"

ပြီးခဲ့သည့် သီတင်းပတ် စနေနေ့သည် ကာရေဘီယန်ရှိ နာမည်ကျော် စိန့်ဘက်သ် အပန်းဖြေ ကမ်းခြေတွင် လူအများ အသက်ရှူ မှားလောက်သည့် နေ့တစ်နေ့ ဖြစ်ခဲ့ကြောင်း သတင်းများက တင်စားရေးသား ခဲ့ကြသည်။ Victoria's Secret၏ စူပါမော်ဒယ်လ် ကန်ဒိုက်စ် ဆွမ်နီပိုဝယ်လ်တစ်ယောက် ဖြူလွသော သဲသောင်ပြင်ပေါ်တွင် Victoria's Secret အမှတ်တံဆိပ်အတွက် ရေကူးဝတ်စုံ ဖက်ရှင်များဖြင့် ကိုယ်ဟန်ပြ ဓာတ်ပုံ အရိုက်ခံခဲ့ခြင်းကို ယခုလို ညွှန်းဆိုကြခြင်း ဖြစ်သည်။




PLANET ညနေခင်းသတင်းလွှာ
အဆင်ပြေပျော်ရွင်ပါစေဗျာ.....

Thadar Mariah @ သဒ္ဒါမာရီယာ - ဓာတ်ပုံရိုက်ရတာထက် Run Way ပေါ်မှာ Cat Walk လျှောက်ရတာပိုကြိုက်တယ်


Q. Face of Myanmar ပြိုင် ပွဲအတွက် သဒ္ဒါရဲ့ပြင်ဆင်မှုပြောပေး ပါ။
ဗ. သဒ္ဒါ Face of Myanmar ပြိုင်ပွဲကို မနှစ်ကတည်းက စိတ်ဝင်စားတာ။ အဲဒီတုန်းက ပြိုင်ပွဲဝင်တွေ ကိုရီးယားမှာ သွားပြိုင်တာတွေကြည့်ပြီး အားကျတယ်။ စိတ်ဝင်စားတာကြောင့် သဒ္ဒါဒီနှစ်မှာ ၀င်ပြိုင်ခဲ့တာ။ ပြိုင်ပွဲဝင်ဖို့အတွက် သဒ္ဒါ Cat Walk ပိုင်းကိုသေချာလေ့ကျင့်ခဲ့သလို Talent အတွက် အဆို အသံမှန်အောင်လေ့ကျင့်ခဲ့ရပါတယ်။

Q. Face of Myanmar ဖြစ် ခွင့်ရတဲ့ခံစားမှု
A. အရမ်းဝမ်းသာပါတယ်။ သဒ္ဒါဖြစ်ချင်တဲ့အတွက် သေချာ ဂရုစိုက်ပြီး ကြိုးစားခဲ့တယ်။ ခုလို Face of Myanmar ကြိုးစားတဲ့အတိုင်း ဘုရားကပေးတဲ့အတွက် ပျော်ရွှင်မှုက ပြောမပြတတ်အောင်ပါပဲ။

Q. ကိုရီးယားမှာ သွားပြိုင်ဖို့အတွက် ပြင်ဆင်မှုတွေကရော
A. သဒ္ဒါသေချာပြင်ဆင်သွားမှာပါ။ လူတိုင်းက Perfect ဆိုတာ မရှိပေမယ့် Be on perfect ဖြစ်ဖို့ body ပိုင်းရော Talent, catwalk သေချာပြင်ဆင်မှာပါ။ Skin care မကျန်ပေါ့။

Q. Talent အတွက်ဘာတွေ ပြင်ဆင်သွားမလဲ။
A. သဒ္ဒါသီချင်းကို ပိုအားသန်တဲ့အတွက် သီချင်းပဲပြင်ဆင်သွားမယ်။ သဒ္ဒါက အင်္ဂလိပ်ရှေးသီချင်းတွေကို ခေတ်သစ် Version နဲ့ဆိုတာသဘောကျတဲ့အတွက် အဲဒီလိုတွေဆိုဖြစ်ဖို့များပါတယ်။

Q. မော်ဒယ်သင်တန်းတက် ဖြစ်ရတဲ့ရည်ရွယ်ချက်
A. သဒ္ဒါက Professional Model တစ်ယောက်ဖြစ်ချင်တာ ကြောင့်ပါ။

Q. သဒ္ဒါပြိုင်ချင်တဲ့ စိတ်ဝင်စားတဲ့ပြိုင်ပွဲတွေရှိရင် ပြောပေးပါ။
A. လာမယ့် ၂၀၁၄ခုနှစ်၊ ဖေဖေါ်ဝါရီမှာ International ပွဲတစ် ပွဲရှိမယ်လို့ကြားပါတယ်။ သေချာအ တိအကျမသိသေးဘူး။ သေချာရင် ၀င်ပြိုင်ဖြစ်ဖို့များပါတယ်။

Q. Miss Universe ပွဲ တွေအပေါ် သဒ္ဒါအမြင်က
A. Miss Universe ပွဲကို သဒ္ဒါတို့ မြန်မာနိုင်ငံအနေနဲ့ ၀င်ပြိုင်ခွင့်ရလာတာကောင်းပါတယ်။ မြန် မာကိုယ်စားပြုအနေနဲ့ သွားတဲ့သူ တွေကိုယ်စားဂုဏ်ယူပါတယ်။

Q. ဓာတ်ပုံရိုက်တာနဲ့ပတ်သက်လို့ ညီမလေးရဲ့ခံစားမှု
A. ဒီလို Cover ရိုက်ကူးမှုက သဒ္ဒါအတွက် ပထမဆုံးဖြစ်တော့ စိတ်လှုပ်ရှားတယ်။ အချိုးမကျတာ လေးတွေလည်းရှိတယ်လို့ ခံစားမိတယ်။

Q. သဒ္ဒါနောက်ထပ်လုပ်ဖြစ်မယ့် အနုပညာအလုပ်တွေရှိရင်ပြောပေးပါ။
A. သဒ္ဒါအနေနဲ့ခုမော်ဒယ်လုပ်တာကို အမြဲဆက်လုပ်ဖြစ်မှာပါ။ သဒ္ဒါက Modelling ကို အဓိက အားထားပြီးဝင်လာတာဆိုတော့ မရပ်ဘူး။ ရှေ့လျှောက် Model Showe တွေလျှောက်မယ်။ ပြီးတော့ သဒ္ဒါကအဆိုကိုဝါသနာပါတဲ့အတွက် သီချင်းဆိုဖို့လည်း ကြိုးစားဦးမှာပါ။ ပြီးတော့ ခုအိန်ဂျယ်လက်တကမ်း ရုပ်ရှင်လည်းရိုက်ဖို့ရှိပါတယ်။

Q. Cat Walk လျှောက်ရတာနဲ့ ဓာတ်ပုံရိုက်ရတာ ဘာကိုပိုနှစ်သက် လဲ။
A. Cat Walk လျှောက်ရ တာပိုနှစ်သက်တယ်။ Run Way ပေါ်မှာ လျှောက်နေရတဲ့ ခံစားမှုက ဘာနဲ့မှမတူဘူး။ အဲဒီအချိန်မှာ သဒ္ဒါ ဆာလောင်တာ၊ ခေါင်းကိုက်တာ တွေဘာမှမသိတော့ဘူး။ တစ်နေ ကုန်အလုပ်လုပ်လို့ဆာနေရင်တောင် Show လျှောက်နေရင် မေ့သွားတယ်။ Run Way မှာလျှောက်နေရတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိတယ်။ Show လျှောက်ရတာကို သဒ္ဒါ (၉)တန်းလောက်ကတည်းက စိတ်ဝင်စားတယ်။ ဖက်ရှင် TV တွေ ကြည့်ပြီးလုပ်ချင်တယ်။ အမေက သဘောမတူဘူး။ မိဘတိုင်းကတော့ ကိုယ့်သားသမီးကို ပညာပဲသင်စေချင်တာပေါ့။ အမေ့ကိုလည်း နားလည်ပါတယ်။ အဲဒါကြောင့် ဆယ် တန်းအောင်ပြီးမှပဲ အမေ့ကို သဒ္ဒါ စာလည်းကြိုးစားမယ်။ ဒီ Model အလုပ်လည်းပေးလုပ်ပါဆိုပြီး ကတိ ပေးပြီးလုပ်ခဲ့တာ။ သဒ္ဒါက Catwalk လျှောက်တာကို သင်တန်းတက်ရုံတင်မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် အိမ်ကမှန်ရှေ့မှာ လျှောက်ကျင့်တာ။

Q. ညီမလေးရဲ့ Cat Walk Role Model ကရော
A. မြန်မာနိုင်ငံမှာတော့မသန္တာလှိုင်၊ ဆရာမမြရွှေဝါနဲ့ မအွန်ဆိုင်းတို့ကို သဘောကျတယ်။ သူတို့သုံးယောက်က Similar ဖြစ်တယ်။ Catwalk လျှောက်နေရတာကို သူတို့မှာ Confidence အပြည့်ရှိနေတယ်။ သူတို့ရဲ့ မျက်နှာ expression တွေ အရမ်းသဘောကျတယ်။ နိုင်ငံတကာကဆိုရင် Tyra Banks ကိုသဘောကျတယ်။ သဒ္ဒါကဓာတ် ပုံရိုက်တာထက် Pose ပေးရတာ အရမ်းနည်းတယ်။ Tyra Banks Run Way လျှောက်တဲ့ပုံစံ၊ မဂ္ဂဇင်း တွေမှာ သူ့ရဲ့ဓာတ်ပုံတွေကြည့်တဲ့ အခါ သူ့ Pose တွေက ဘယ်သူနဲ့ မှမတူဘူး။ သူ့ရဲ့ ရိုးရိုးလေး စတိုင်လ် တွေကိုသဘောကျပါတယ်။

8 DAYS A WEEK ENTERTAINMENT
အဆင်ပြေအောင်မြင်ပါစေ....

မြန်မာပြည်သားအားလုံး၏ကျေးဇူးကြောင့် ဆုရရှိခဲ့သည်ဟုဆို


ရန်ကုန်၊ နိုဝင်ဘာ ၂၃။

ထိုင်းနိုင်ငံဘန်ကောက်တွင် ကျင်းပပြုလုပ်ခဲ့သော Miss Grand International 2013 တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး ဆုလေးဆု ရရှိခဲ့သော ထားထက်ထက်က မြန်မာပြည်သူပြည်သားအားလုံး ကျေးဇူးကြောင့် ဆုရရှိခဲ့ပါသည်ဟု ပြောသည်။

“မြန်မာပြည်သူပြည်သူပြည်သားတွေ အကုန်လုံးက အားတတ်သရောနဲ့နေ့တိုင်း သတိတရနဲ့ ရှိသမျှလင့်တိုင်းမှာ ၀င်ပြီးတော့ မဲပေးခဲ့ကြတယ်။ ဖုန်းတွေလည်း အပျက်ခံပြီး မောက်စ်တွေလည်း အပျက်ခံပြီးတော့ အားပေးခဲ့ကြတာ အဲဒီ့အတွက် ဒီလိုမျိုးဆုတွေ အများကြီးရလာခဲ့တယ် ။ အားပေးတဲ့ မက်စ်ဆေ့ဂ်ျတွေ ကော်မန့်တွေတွေ့ရတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ အရမ်းရှိလာတယ်။ ပြိုင်တဲ့ ပွဲတိုင်းမှာ အကောင်းဆုံး အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်နိုင်ခဲ့တယ် ကျေးဇူးတင်ဂါရ၀ ပြုပါတယ်လို့ ” ထားထက်ထက် ကပြောသည်။

Miss Grand International 2013 ပြိုင်ပွဲတွင် ထားထက်ထက်သည် Miss Popular Vote ဆု အမေရိကန်ဒေါ်လာ ဆုကြေး ၃ ထောင် ၊ T-Pageant ၀က်ဆိုဒ်မှ ချီးမြှင့်သော People Choice Award ဆု၊ The Beauty Concept ၀က်ဆိုဒ်မှ ချီးမြှင့်သော People Choice Award ဆု၊ Global Beauties မှ ချီးမြှင့်သော Favourite Poll Winner စသည့် ဆုလေးဆုကို ရရှိခဲ့ပါသည်။

မြန်မာရိုးရာ ယွန်းဆွမ်းအုပ်ကို သယ်ဆောင်သွားပြီး လေလံတင်ခြင်းနှင့် ပတ်သက်ပြီး ထားထက်ထက်က “အဲဒါ အလှူ သီးသန့်ပွဲလေး တစ်ခုပေါ့ ။ ယူသွားတယ် ဆိုတာကလည်း အလှူတန်း တစ်ခုအနေနဲ့ လှူလိုက်တယ်။
ဟိုမှာ သူတို့ ကြိုက်တဲ့ ပစ္စည်းတွေကို ရွေးချယ် ပြီး ၀ယ်ကြတယ်။ နောက်ပြီးတော့ မှ သူတို့ အလှူလုပ်မယ် အဲဒါကို ပြန်ပြီး
အကြောင်းကြားပေးမယ်ပြေလို့ ပြောပါတယ်။ ခုတော့ မသိရသေးပါဘူး” ဟုပြောသည်။

ထားထက်ထက်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက ပြန်လည်ရောက်ရှိလာပြီး ရှေ့ဆက်အနုပညာ လုပ်ငန်းများနှင့် Miss Grand International ပြိုင်ပွဲမှရရှိသော ဆုကြေးများနှင့်ပက်သက်၍ သီးသန့်
သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြောဆိုသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ရွှေထွဋ်
The Myanma Age
အောင်မြင်ပျော်ရွင်ကြပါစေဗျာ....

ဘေဘီမောင်က သူ့အကြောင်းကို ဒီလိုပြောတယ်


My Head - Brain ကို ထိန်း ချုပ်တဲ့နေရာမှာ အရေးပါတဲ့ အရာ တစ်ခုပါ။ ဆွဲဆောင်မှုရှိတဲ့ ဆံပင် တွေကို မွေးဖွားပေးလို့ ဆံပင်ဆိုတဲ့ အရာကိုလည်း မြတ်နိုး ရပါတယ်။

My Brain - လူ့ဘဝအတွက် အရေးပါတဲ့ အရာတော်တော်များ များကို ဆုံးဖြတ်ပေးတဲ့ အရာ တစ်ခု ပေါ့။ ဘဝအတွက် ပြီးပြည့်စုံမှုမှာ လည်း Brain လိုအပ်ပါတယ်။

My Eyes - ဆွဲဆောင်မှုရှိတဲ့ အရာထဲမှာ တစ်ခုပေါ့။ ဒါပေမဲ့ ဘေဘီက မျက်စိအားနည်းတော့ သေသေချာချာလေး ဂရုစိုက်ဖြစ် ပါတယ်။

My Ears - လူ့ဘဝရှင်သန်ဖို့ အတွက် အကြားအာရုံကလည်း မရှိမဖြစ်ပါ။ အကြားအာရုံရှိမှ ဦး နှောက်က ထိန်းချုပ်နိုင်မှာလေ။ ဒါ ကြောင့် နားက မရှိမဖြစ်ပေါ့။

My Nose - ရှင်သန်ဖို့အတွက် နှာခေါင်းဟာ မရှိမဖြစ်လိုအပ်ပါ တယ်။ အနံ့ဆိုးခြင်း၊ ကောင်းခြင်း ကိုလည်း ခွဲခြားဆုံးဖြတ်ပေးပါတယ်။ လှပတဲ့ ခန္ဓာကိုယ်တစ်ခုမှာ နှာ ခေါင်းဟာလည်း အရေးပါတဲ့ အ ရာတစ်ခုပါ။

My Mouth - နှုတ်ခမ်းက လည်း ဆွဲဆောင်မှုအရှိဆုံးထဲမှာ မပါမဖြစ်တဲ့ အရာတစ်ခုပါ။ စား သောက်ပြောဆိုတဲ့နေရာမှာ အသုံး ပြုနိုင်ပြီး ဆွဲဆောင်မှု ရှိလာအောင် လိုသလို အသုံးပြုလို့ရတဲ့ အရာတစ် ခုပါ။

My Teeths - မာကြောတဲ့ အရာ၊ နူးညံ့တဲ့အစားအစာတွေကို သုံးဆောင်တဲ့ နေရာမှာ အသုံးပြု လို့သွားတွေကို ကျေးဇူးတင်ပြီး မြတ် နိုးပါတယ်။ ပြုံးလိုက်တဲ့အခါမှာ လည်း သွားလေးတွေ ဖွေးအောင် ပြုံးပြတတ်ပါတယ်။ ဒါကြောင့်သွား တွေကို အထူးဂရုစိုက် ဖြစ်ပါတယ်။

My Neck - လည်တိုင်လှပ ကြော့ရှင်းအောင် အမြဲဂရုစိုက်ပါ တယ်။ လည်ပင်းကိုလည်း လည် ချောင်းမနာအောင် သတိထားပါ တယ်။ ဘာကြောင့်လဲဆို ဘေဘီက တစ်ခါတစ်ရံဂီတကိုလည်း ဝါသနာ ပါတတ်လို့ပါ။

My Shoulder - ပခုံးက လည်း လူ့ကိုယ်ခန္ဓာ အစိတ်အပိုင်း မှာ မရှိမဖြစ်လိုအပ်တဲ့ အပိုင်းပေါ့။ မြန်မာရင်ဖုံး၊ ပွဲတက်ဂါဝန် အစရှိ တဲ့ ဝတ်စုံဝတ်တဲ့အခါကျရင် ပခုံး လှနေရင် ပိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသလိုပေါ့။ ဒါကြောင့် ပခုံးလေး ကိုလည်း မက်မောပါ တယ်။

My Heart - ပြီးပြည့်စုံတဲ့ ဘ ဝမှာ နှလုံးသားဟာလည်း အရေး ပါတဲ့ အရာတစ်ခုပါပဲ။ နှလုံးသား ဟာ လူတစ်ယောက်ချစ်ဖို့အတွက် တွန်းအားပေးတဲ့ အရာတစ်ခုဖြစ် ပါတယ်။

My Hands - အမှန်တကယ် တော့ လက်ချောင်းတွေ လိုအပ်ပါ တယ်။ အရာဝတ္ထုမှန်သမျှကို ထိ တွေ့ကိုင်တွယ်လို့ရတဲ့အရာတစ်ခု ပေါ့။

My Legs - သွားဖို့၊ လာဖို့ အရေးပါသလို ကိုယ်လိုရာ ခရီးကို အလွယ်တကူမြန်မြန်ဆန်ဆန် အ ထောက်အကူပြုတဲ့ အရာဆိုလည်း မမှားပါဘူး။

My Money - နေရာတိုင်းမှာ ပိုက်ဆံဆိုတာ အရေးပါတဲ့ အရာ တစ်ခုပါ။ ပိုက်ဆံဟာ အရာရာ တိုင်းလိုလို အသုံးပြုနိုင်တဲ့အရာ လည်းဖြစ်ပါတယ်။ ဥပမာပြောရရင် အလှူအတန်းဆိုလည်း ငွေ (ပိုက်ဆံ)နဲ့ လှူဒါန်းလို့ရပါတယ်။

My Work - ဘဝမှာ အလုပ် ရှိမှ ဂုဏ်ရှိမှာပါ။ ဂုဏ်ရှိမှ တင့် တယ်နိုင်မှာပါ။ ဂုဏ်ရှိဖို့ဆိုတာ အ လုပ်ရှိမှ ဖြစ်မှာလေ။ ဒါကြောင့် အလုပ်တွေကို ကြိုးစားပြီး လုပ်ကိုင် ချင်ပါတယ်။

My Lover - အချစ်ဆိုတာ မရှိမကောင်း ရှိမကောင်းဆိုသလို အချစ်ကို ထားဖို့စဉ်းစားနေပေမယ့် အခုထိတော့ အချစ်ကို စဉ်းစားနေ ဆဲပါပဲ။

My Hobby - သရုပ်ဆောင် အနုပညာ ဂီတ အစရှိတဲ့ အလုပ် တွေကို ခုံမင်ပြီး ဝါသနာကြီးပါ တယ်။ မော်ဒယ်လုပ် ရတာလည်း ဝါသနာပါတယ်။ ဒါကြောင့် အောင် မြင်ကျော်ကြားအောင်ကြိုးစားနေ ပါတယ်။

My Aim - အောင်မြင်ကျော် ကြားပြီး ပရိသတ်ကအားပေးတဲ့ သရုပ်ဆောင်အနုပညာရှင် တစ် ယောက်ဖြစ်ခွင့် ရချင်ပါတယ်။

မိုးထက်ကျော်
8 Days
အောင်မြင်ပျော်ရွင်ပါစေဗျာ
http://nyeinchanthu3.blogspot.com/

မြန်မာ မော်ဒယ်(လ်)များ သေနတ်ကိုင်ကာ ဓါက်ပုံရိုက်မှု များပြာလာ


























 ဒီမိုကရေစီ ရရှိလာသည့် နောက်ပိုင်းတွင် မြန်မာ မိန်းကလေး အများအပြား ၀တ်စားဆင်ယင်မှု
ယိုယွင်းလာသည်ကို မကြာခဏဆိုသလို  အင်တာနက်စာမျက်နှာများတွင် တွေ့ရှိနေရပါသည်။
ထိုကဲ့ သို့ အမျိုးသမီးများထဲမှ  အချို့သည်  တပ်မတော် တွင် တာဝန်ထမ်းဆောင်လိုသည့် စိတ်
အပြည့်ဖြင့်   သေနတ်များကိုင်ကာ ဓါက်ပုံရိုက်လျက်ရှိသည်ကိုလည်း တွေ့မြင်နေရပါသည်။
တစ်ချို့   အမျိုးသမီးများမှာ  အမျိုးသမီး စစ်မှု့ထမ်း  ခေါ်ဆိုမှုအား  အများအပြား စိတ်ဝင်စားကာ
တပ်မတော် တွင် အမှုထမ်းလိုကြောင်းကိုလည်း  မကြာခဏ ပြောဆိုနေမှုများကို လည်း  တွေ့မြင်နေ ရပါတယ်။  မည် သို့ပင်ဖြစ်စေကာမှု ထိုကဲ့သို့ မြန်မာ့တပ်မတော်တွင် အမှု့ထမ်း လိုသော အမျိုးသမီး များအား  မြန်မာ မိန်းကလေး များစွာ အတုယူသင့်ပေသည်။

www.mmdailystar.com
အဆင်ပြေအောင်မြင်ပါစေ......
http://nyeinchanthu3.blogspot.com/ 

နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ မိုးစက်ဝိုင် Sexy ရေးကူးဝတ်စုံ ပုံများ



ဘယ်တစ်ယောက်ကို အကြိုက်ဆုံးလဲ???
 အဆင်ပြေပျော်ရွင်ပါစေ...
http://nyeinchanthu3.blogspot.com/