Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label နေတိုး. Show all posts
Showing posts with label နေတိုး. Show all posts

'အောင်းပဒင်၊ အင်ပဒေါင်း' ဗီဒီယို ဇာတ်ကား အတွက် နေတိုး တောင်းပန်


'အောင်းပဒင်၊ အင်ပဒေါင်း' ဇာတ်ကား သည် ကယန်း လူမျိုးများ ၏ ယဉ်ကျေးမှု ကို လှောင်ပြောင်သည့် ပုံစံမျိုး ဖြစ်ခဲ့ပါက အနူး အညွတ် တောင်း ပန် ပါကြောင်း ပါဝင် သရုပ် ဆောင်ခဲ့သော မင်းသား နေတိုး က ပြောဆို လိုက်သည်။

''ဒီဇာတ်ကား အပေါ် ကယန်း လူမျိုး တွေအနေနဲ့ ပြန်ကြည့်တော့ စိတ် အနှောင့် အယှက် ဖြစ်စရာ၊ ယဉ်ကျေးမှုကို လှောင်ပြောင် တဲ့ပုံစံမျိုး ဖြစ်ခဲ့ရင် ဇာတ်ကားမှာ ပါဝင် တဲ့ မင်းသား တစ်ယောက် အနေနဲ့ အနူး အညွတ် တောင်းပန်ပါတယ်'' ဟု နေတိုးက ပြောခဲ့ခြင်း ဖြစ်သည်။

ယင်း ဇာတ်ကားသည် လွန်ခဲ့သော နှစ်နှစ်ခွဲခန့် က ထုတ်လုပ်ဖြန့်ချိ ခဲ့ခြင်းဖြစ် ပြီး အဆိုပါ ဇာတ်ကားနှင့် ပတ်သက်၍ Lavender ထုတ်လုပ်ရေးမှ ကယန်း လူမျိုး များအား တောင်းပန်ရန် ရုပ်ရှင် အစည်းအရုံး သို့ ကယန်း အမျိုးသား ပါတီမှ စာပို့ တောင်းဆို ထားခဲ့ခြင်း ဖြစ်သည်။

''ထုတ်လုပ်သူ၊ ဒါရိုက်တာ ဇာတ်ညွှန်း ဆရာတွေကလည်း တောင်းပန်ချင် ပါတယ်။ ကယန်း အမျိုးသားပါတီက ဒီကိစ္စနဲ့ ပတ်သက် ပြီး စာထုတ်ပြန် ထားတယ် ဆိုတော့ အစည်း အရုံးမှာ တွေ့ရမယ် ထင်တာ။ ဒါရိုက်တာ၊ ထုတ်လုပ်သူနဲ့ ကျွန်တော် တို့သွားတော့ လူ ကိုယ်တိုင် တွေ့ရမယ် ထင်တာ။ ဒါပေမဲ့ မတွေ့ခဲ့ရပါ ဘူး။ တောင်းပန် ဖို့လည်း လိုအပ် တယ်လို့ထင်တဲ့ အတွက် တောင်းပန်ချင် ပါတယ်။ ဒီလို ဖြစ်စေချင်တဲ့ စိတ်နဲ့ ဖန်တီးခဲ့တာလည်း မဟုတ်ပါဘူး''ဟု နေတိုး က ထပ်လောင်းဆိုခဲ့ သည်။

၎င်းတို့ အနေဖြင့် ထိုအချိန်က ဟာသ ကားများ ခေတ်စားနေချိန် ဖြစ်၍ အကောင်းဆုံး ဖြစ်အောင် သာ လုပ်ခဲ့ကြပြီး ယင်းဇာတ်ကားမှာ ဝတ္ထု အနေဖြင့် ထွက်ရှိပြီး သားဖြစ် သည့်အပြင် စာပေ စိစစ်ရေးမှ ခွင့်ပြုခဲ့၍ ယင်းခေါင်းစဉ် အ တိုင်း သာဖြစ်ကြောင်း နေတိုး က ရိုက်ကူးဖြစ်ခဲ့ ပုံကို ရှင်းပြသည်။

''ဒီကားနဲ့ ပတ်သက်ပြီး ကယန်း အမျိုးသား ပါတီက ယဉ်ကျေးမှု အမွေ အနှစ်ကို ထိခိုက် ပျက်ပြားစေတဲ့ အပြောအဆိုတွေ ပါတဲ့ အတွက် တောင်း ပန်စေချင် တယ်။ လှောင်ပြောင် ထား တာတွေအပေါ် စိတ်မကောင်းဖြစ် တယ် ဆိုတာကို ဖတ်ရတယ်။ ကျွန်တော်တို့ ရိုက်ခဲ့တုန်းက ဒါရိုက်တာရော၊ ကျွန်တော်တို့ သရုပ်ဆောင်တွေ ပါ ထိခိုက်စေချင်တဲ့ စိတ် တစ်ခုမှ မရှိခဲ့ကြဘူး'' ဟု နေတိုးက ပြောသည်။

အဆိုပါ ဇာတ်ကားကို Lavender ထုတ်လုပ်ရေး မှဖြန့်ချိခဲ့ပြီး ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးကာ သရုပ်ဆောင် နေတိုး၊ သက်မွန်မြင့် တို့က ပါဝင်သရုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။

မေမွန်မောင်
Popular Myanmar News Journal
အဆင်ပြေပါစေဗျာ
http://nyeinchanthu3.blogspot.com/

ကျွန်တော့်ရဲ့ မင်္ဂလာ သတင်းလည်း ကြားရ မှာပါလို့ ဖွင့်ဟလာတဲ့ နေတိုး


လတ်တလောမှာ နေတိုးက ဒါရိုက်တာ အောင် ဇော်လင်း ရိုက်ကူး တဲ့ ‘သစ္စာတရားရဲ့တမန်တော်’ ဇာတ်ကားကို ကျော်ကျော်ဗို၊ သက်မွန်မြင့် တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားလေးက ပဟေဠိ ဆန်ဆန် အချစ်ဇာတ်လမ်း ပုံစံလေး ဖြစ်ပါတယ်။

အကြိုက်ဆုံး ဇာတ်ဆိုတာထက် ဇာတ်လမ်းတွေကိုလည်း မျှတအောင် အဓိက စဉ်းစားကြောင်း ပြောလာတဲ့နေတိုးက.
“တစ်နှစ် စာရိုက်ကူးမယ့် ပုံစံတွေက အချစ်၊ ဒရာမာတွေက များ လား၊ ဒါမှမဟုတ်ရင်လည်း ဟိုးအရင်တုန်းကလို အက်ရှင် တွေပဲ ရိုက်ပေးရ မလား၊ မျိုးစုံတော့ ကျွန်တော်စဉ်းစားပြီး ချင့်ချိန်ရတာပေါ့။ အမြဲတမ်းတော့ အသစ် အဆန်းဖြစ် အောင်တော့ ကြိုးစားကြရတာပဲ။ ကျွန်တော်တို့ ဒီလောက မှာဖြတ် သန်းလာခဲ့ တဲ့ တစ်လျှောက်လုံးမှာ လည်း ဇာတ်လမ်းပုံစံတွေလည်း များနေပြီ။ ဇာတ်အခြေအနေအရ ပရိသတ်တွေ ကြိုက်နှစ် သက်မယ့်ပုံစံတွေ ဒီဟာမျိုးတွေ အဓိကဦးစားပေး ရိုက် ကူးဖြစ်နေတယ်” လို့ ပြောပါတယ်။

ဝါကျွတ်တဲ့အခါမှာလည်း အနုပညာရှင်တချို့ရဲ့ မင်္ဂလာသတင်းကို ကြားနေ ရပြီဖြစ်တဲ့ အတွက် နေတိုးက
“ကျွန်တော့်သတင်းလည်း ကြား ရမှာပါ။ ဘဝမှာ လုပ်ရတဲ့အရာတွေ အများကြီး ကျန်တယ်။ ချစ်ခြင်း တရား၊ ချစ်ခြင်းမေတ္တာဆို တာ လူတိုင်းမှာ ရှိတဲ့အရာပါ။ ကျွန်တော့်ရဲ့ စိတ်ထဲမှာလည်း အချစ်နဲ့ပတ် သက်လို့ ခံစား မှု တွေ အများကြီးရှိပါတယ်။ အချစ်ဆိုတာ ရင်ခုန်ကြည်နူးစရာကောင်း တယ်လို့ပဲ ယူဆ ပါတယ်။ အိမ်ထောင်ရေးဆိုတာ ချစ်ခြင်း မေတ္တာနဲ့ တည်ဆောက်တဲ့ အိမ်ထောင်ရေး ပေါ့။ သာယာဖြောင့် ဖြူးပြီး အေးချမ်းတဲ့ အိမ်ထောင်ရေး၊ ဒီလိုမျိုးအိမ်ထောင်ရေး ဖြစ်ဖို့အတွက် အေးချမ်းသာယာဖို့ စိတ် ခံစားမှုတွေ တစ်ထပ်တည်းကျတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့ လိုပါတယ်” လို့ပြောပါတယ်။

တွယ်တာ
Popular Journal
အဆင်ပြေအောင်မြင်ပါစေဗျာ......