Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

စိတ်ဓာတ်က တန်ဖိုးမရှိတာလား၊ ဘွဲ့ဝတ်စုံက တန်ဖိုးမရှိတာလား


မကြာသေးခင်က ဂျာနယ်တစ်စောင်ရဲ့ ကာတွန်းမှာ ဘွဲ့ဝတ်စုံ ဝတ်ထားတဲ့ ဓာတ်ပုံကို ကလေးတစ်ယောက် က ကြည့်ပြီး တော့ သူ့ဖခင်ကို “ဒါဆန္ဒပြဝတ်စုံလား ဟင်” လို့ မေးလိုက်တာကို တွေ့ပြီး အတော်လေး စိတ် မကောင်း ဖြစ်သွားမိပါတယ်။

လူငယ်တွေ ဘွဲ့ဝတ်စုံနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေချက်တွေကို သတိထား ဆင်ခြင်သင့်ပြီ ထင်ပါတယ်။ တက္ကသိုလ် ဆရာ၊ ဆရာမတွေလည်း ကိုယ့်တပည့်တွေ လုပ်ဆောင်နေမှုနဲ့ ပတ်သက်ပြီး သင့်မသင့် ပြောကြားကြစေချင်ပါတယ်။ ခုတစ်လော ကျောင်းသားတွေ ဆန္ဒပြနေကြတာ ဘွဲ့ဝတ်စုံဝတ်ပြီး ပဲပြုတ် တောင်း ခေါင်းရွက်၊ ရေစည်လှည်းတွန်း၊ ဆိုက်ကားနင်းပြတဲ့ Performance တွေ လုပ်နေတာတွေကို တွေ့ရပြီး စိတ်မချမ်းသာလွန်းတဲ့အတွက် ဒီစာကို ရေးမိပါ တယ်။


ဘွဲ့ဝတ်စုံဝတ်ပြီး အခမ်းအနား တက်တယ်ဆိုတာ ဘွဲ့ကို သို့မဟုတ် လက်မှတ်ကို လေးစားဂုဏ်ပြုပြီး အားလုံး ယူနီဖောင်း ဖြစ်အောင် ဝတ်ဆင်ကြရတာ ဖြစ်ပါတယ်။ ဘွဲ့ဝတ်စုံအောက်မှာ သိန်းချီ၊ သန်းချီပြီး ဝတ်စား ထားလည်း သတ်မှတ်ထားတဲ့ ဘွဲ့ဝတ်စုံအောက်မှာ တစ်သွေးတည်း တစ်သားတည်း ဖြစ်ကြောင်း ပြဆိုဖို့ ဆင်တူ ဝတ်ဆင်ထားကြတာလည်း ဖြစ်ပါတယ်။


ကျွန်တော်တို့ တက္ကသိုလ် တက်တုန်းက နောက်ဆုံးနှစ် ဘွဲ့ယူခါနီးတော့ အဆောင်မှူးကို ကျောင်းသား တွေထဲက တစ်ဦးက “ဆရာကြီး ကျွန်တော်တို့ ဆိုက်ကားစီးပြီး ဘွဲ့လာယူလို့ မရဘူးလား” လို့ ထမေးလိုက် ပါတယ်။ မြန်မာစာ ပါမောက္ခဖြစ်တဲ့ ဆရာကြီးက ပြုံးရွှင်စွာပဲ “ရတာပေါ့ တပည့်တို့ရာ၊ ဒါပေမဲ့ တစ်ခုစဉ်း စားဖို့ သင့်တာပေါ့။ ဘွဲ့ဝတ်စုံဆိုတာ လူတိုင်း ဝတ်နိုင်တာမှ မဟုတ်တာ။ နေရာတိုင်း ဝတ်ရတာမှ မဟုတ် တာ။ တပည့်တို့ကို ဘွဲ့ပေးတယ် ဆိုတာကလည်း တတ်တာ၊ မတတ်တာ ထက်၊ တပည့်တို့ကို အဆင့်အတန်း တစ်ခု အနေနဲ့ သတ်မှတ်ပေးလိုက်တာ။ တပည့်တို့ လေးနှစ်တာကာလ ဤတက္ကသိုလ်ကြီးတွင် သင်ယူ ခဲ့ကြကြောင်း ဂုဏ်ပြုတဲ့အနေနဲ့ ပေးတာ။ ပေးတဲ့ တက္ကသိုလ်ကဘွဲ့ကို လမ်းဘေးကလူ လာမယူနိုင်ဘူး။ တက္ကသိုလ်ဘွဲ့ကို လမ်းဘေးက အဝတ်အစားနဲ့ တက်ယူလို့ မရဘူး။ အဲဒါ ဂုဏ်တစ်ခု၊ အဆင့်တစ်ရပ် အနေနဲ့ သတ်မှတ်ထားတာ။ အဲဒါကို တပည့်တို့က ဘွဲ့ဝတ်စုံ ဝတ်လာပြီး ဆိုက်ကားနဲ့လာမယ် ဆိုရင်လည်း ဘွဲ့ဝတ်စုံနဲ့ ဂုဏ်အပေါ် တပည့်တို့က ဘယ်လိုသတ်မှတ်သလဲ ဆိုတဲ့ စိတ်နဲ့ အဆင့်အတန်းကို ပြန်ပြတာပဲ။ တန်ဖိုးဆိုတာ တစ်ခါတလေ “သိ” မှ “ရှိ” တာပါ” ဆိုတဲ့ စကားကို တစ်သက်လုံး မှတ်သားခဲ့ရတဲ့ ကျွန်တော် တို့ အဖို့ကတော့ ကိုယ့်ခေတ်ကိုယ့်အခါက လမ်းညွှန်သင်ပြနိုင်ခဲ့တဲ့ ဆရာတွေနဲ့ ကြုံတွေ့ခဲ့ရတာကိုပဲ ကျေးဇူး ကြီးလှပြီလို့ ယူဆနေမိပါတယ်။


ဘွဲ့က တန်ဖိုးမရှိဘူး။ အလကားဘွဲ့။ သုံးစားမရတဲ့ဘွဲ့လို့ အထပ်ထပ် အော်နေတာလည်း ကြားနေရပါတယ်။ ကျွန်တော် အထက်မှာ ပြောခဲ့သလို တန်ဖိုးဆိုတာ “သိ” မှ “ရှိ” တာဆိုတဲ့ စကားကိုပဲ ပြန်ညွှန်းပါရစေ။ ဘွဲ့ရခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်တစ်ခု သတိပေးချင်ပါတယ်။ ခင်ဗျားတို့ ဘယ်နည်းနဲ့ပဲ ဘွဲ့ရလာသည် ဖြစ်စေ သတ်မှတ်ထားတဲ့ အရည်အချင်းစစ် စာမေးပွဲကို မအောင်မြင်ဘဲနဲ့ အဲဒီဘွဲ့ကို မရပါဘူး။ သတ်မှတ်ထားတဲ့ အခကြေးငွေများ အကျေ ပေးဆောင်ရတယ်။ ကျောင်းခေါ်ကြိမ် မှန်အောင် တက်ခဲ့ကြရတယ်။ ဒါမှလည်း စာမေးပွဲ ဖြေဆိုခွင့်ကို ဦးစွာရတယ်။ စာမေးပွဲ ဖြေခွင့်ရ၊ စာမေးပွဲအောင်မှ ဘွဲ့ရလာတဲ့သူတွေချည်းပါပဲ။ ဘယ်သူမှ ဘွဲ့တစ်ခုကို အလကား မရပါဘူး။ ဘွဲ့ရပြီး အလုပ်ရတာ၊ မရတာ၊လုပ်တာ၊မလုပ်တာက တစ်ပိုင်းလို့ထင်ပါတယ်။ အဲဒါကလည်း ဘွဲ့ဝတ်စုံ နဲ့ မဆိုင်ပါဘူး။


ဘွဲ့ယူရင် သတ်မှတ်ချက်မှာ ဘွဲ့ယူအခမ်းအနားသို့ တက်ရောက်သူများသည် ပညာရှင်များပီပီ မိမိတို့ ပညာရပ်ဆိုင်ရာ ဘွဲ့ဝတ်စုံများကို၊ ဂုဏ်အဆင့်အတန်းနှင့် ကိုက်ညီစွာ ဝတ်ဆင်ရမည်ဆိုတာ နိုင်ငံတကာ စံပါ။ ကိုယ့်တစ်နိုင်ငံတည်းက တီထွင်ထားတာ မဟုတ်ပါဘူး။ ဘွဲ့ယူတဲ့ စနစ်ကလည်း မြန်မာ့နည်းမြန်မာ့ဟန် မဟုတ်ပါဘူး။ အနောက်တိုင်းစတိုင်၊ အလေ့အထတွေအတိုင်း ဘွဲ့ယူ၊ ဘွဲ့ပေးနေကြတာပါ။


လူတိုင်း သူ့နေရာနဲ့ သူ့အထာ ဆိုတာကို ဂရုစိုက်ကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ လူ့ဘောင်အသိုင်း အဝိုင်း ထဲမှာ လူတစ်ယောက်အနေနဲ့ နေထိုင်ကြရတာ ဆိုတော့ လူလိုကျင့်၊ လူလိုကြံ၊ လူလိုနေကြဖို့ အရေးကြီး ပါတယ်။ ဘွဲ့ဝတ်စုံကြီး ဝတ်ပြီးတော့ အရက်မူးပြီး လမ်းဘေးမှာ လဲနေရင် အဲဒီဘွဲ့ဝတ်စုံ ဝတ်ထား တဲ့ လူ သိက္ခာကျတာထက် “ဘွဲ့” ဆိုတဲ့ ဂုဏ်ကို ညှိုးမှိန်အောင်လုပ်ပြီး လူတိုင်း အထင်သေး မလေးစား အောင် လုပ်ရာကျပါတယ်။


ဘွဲ့ဆိုတာကို အထင်မကြီးရင် အစကတည်းက တက်မယူကြနဲ့ပေါ့။ အဲဒီ ဘွဲ့ပေးတဲ့ တက္ကသိုလ်တွေကို ဝေးဝေး ရှောင် နေပေါ့။ ဘွဲ့ရမှ အလုပ်ခန့်မယ် ဆိုတာ သတ်မှတ်ချက်တစ်ခုပါ။ ဘယ်သူမှ တတ်တယ်၊ မတတ်ဘူး လို့ လည်း ဒီခေတ်မှာ စစ်ဆေးနေတာ မဟုတ်တော့ပါဘူး။ အလုပ်ခေါ်ရင် ဘွဲ့ရဖြစ်ရမယ် ဆိုတာ စံတစ်ခုပဲ။ ဘွဲ့ရရင် လာခဲ့၊ ဘွဲ့မရရင် မလာခဲ့နဲ့လို့ သတ်မှတ်ထားသလို ဖြစ်နေတဲ့အတွက် ဘွဲ့ဆိုတာ တန်ဖိုး မရှိဘူးလို့လည်း မပြောနိုင်ပါဘူး။


လူ့ဘောင်အသိုင်းအဝိုင်းက သူ့နေရာ၊ သူ့အဆင့်အတန်း ဆိုတာကို လက်ခံထားပါတယ်။ အသုဘ အခမ်းအနား ကို မင်္ဂလာဆောင် သွားသလို မလာကြဘူး။ မင်္ဂလာဆောင် အခမ်းအနားကိုလည်း စွပ်ကျယ် ချိုင်းပြတ်နဲ့ ပုဆိုးခါးတောင်း ကျိုက်ပြီး လာလေ့ မရှိပါဘူး။ သူ့နေရာနဲ့သူ ဝတ်စားကြတယ်ဆိုတာ လူ့ဘောင်ရဲ့ ယဉ်ကျေးမှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ လူ့ဘောင်က သတ်မှတ်ထားတဲ့ စံလွှဲပြီး လုပ်ဆောင်ချက် တစ်ရပ်ဟာ တစ်ခါတလေ စော်ကားမော်ကား လုပ်သလို ဖြစ်တတ်ပါတယ်။ ဘွဲ့ဝတ်စုံကို စော်ကားတာဟာ ကိုယ့်အဆင့်အတန်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး စော်ကားနေသလိုမျိုး ဖြစ်သွားတတ်တယ် ဆိုတာလည်း သတိပြုစေချင်ပါတယ်။


ခေတ်သစ် Performance အနေနဲ့ ကြိုက်တဲ့ဝတ်စုံ ဝတ်ပြီး ဆန္ဒပြနိုင်ပါတယ်။ မကျေနပ်ရင် ဘာမှမဝတ်ဘဲနဲ့ လည်း ဆန္ဒပြ လို့ ရပါတယ်။ ဘွဲ့နဲ့ ရှာဖွေလုပ်ကိုင် စားသောက်နေကြတဲ့ ကိုယ့်ရဲ့မိဘ၊ ဆွေမျိုး၊ ညီအစ်ကို၊ မောင်နှမတွေကို စော်ကား သလိုမျိုး ဘွဲ့ဝတ်စုံကြီးတွေ ဝတ်ပြီး Performance လုပ်နေတာတွေကတော့ အမြင် မတော်လို့ ရပ်တန်းက ရပ်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။


(အငြိမ်းစားကျောင်းဆရာတစ်ဦး)
Photo-The Voice Weekly

ယမကာလုလင်၊ ယမကာလုံမေတို့အတွက် သတင်းဆိုး


တနင်္လာနေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အတည်ပြုပြဌာန်းလိုက်သော ယစ်မျိုးခွန်ဥပဒေကြောင့် အရက်၊ ဘီယာတို့ ဈေးတက်ဖွယ် ရှိနေသည်။



နှစ်ဆန်းပိုင်းက ရန်ကုန်တွင် တွေ့ရသည့် မော်တော်ယာဉ် တစီးတွင် Carlsberg ဘီယာစက်ရုံအတွက် ပစ္စည်း တင်ထားသည် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ) 
 
၁၉၁၇ ယစ်မျိုးခွန်ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲထားသည့် ဥပဒေသစ်အရ အခွန် ကောက်ခံမှုမှာ ယမကာ အမျိုးအစားကိုလိုက်ပြီး ယခင်ကထက် ၂ ဆမှ ၄ ဆကျော်အထိ ကောက်ခံမည် ဖြစ်သည်။

ဝန်ကြီးချုပ် လက်မှတ်ထိုးပြီးပါက ဥပဒေသစ် စတင် အသက်ဝင်မည် ဖြစ်ကြောင်း၊ အခွန်နှုန်းထားသစ်ကို ယခုနှစ်ဘဏ္ဍာနှစ်မှာပင် စတင်ကောက်ခံသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးတင်ဝင်းက ပြောသည်။

“ဒီဥပဒေက နိုင်ငံတကာနဲ့ယှဉ်ပြီး ရေးဆွဲထားတာပါ။
နိုင်ငံတကာမှာလည်း မူးယစ်ပစ္စည်းတွေကို ကောက်ခံတဲ့နှုန်းထားတွေက ကျန်တဲ့အရာတွေကို ကောက်ခံတာထက် ပိုများတယ်။
ဒီဥပဒေအရ ယစ်မျိုးခွန်တွေကို စနစ်တကျကောက်ခံသွားနိုင်ဖို့ ပြဋ္ဌာန်းတာပါ” ဟု ဝန်ကြီးက ပြောကြားသည်။

ဥပဒေသစ်ကြောင့် ထိချက်ပြင်းမည့်သူများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယမကာလုလင်၊ ယမကာ လုံမေတို့ ဖြစ်မည်ဟု ယူဆသူများလည်း ရှိနေသည်။

ဆိပ်ကမ်းမြို့နယ်မဲဆန္ဒရှင် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်ကလည်း “ဒီအခွန်ကိုလျှော့ပေးစေချင်တယ်” ဟု ပြောသည်။

“ဒီလိုအခွန်တွေ တိုးတာကို ထုတ်လုပ်ရောင်းချသူတွေက သူတို့အတွက် ကျန်အောင်ရောင်းမယ်။
ဒီမှာ အထိအနာဆုံးက သောက်သုံးတဲ့ အခြေခံလူတန်းစားတွေပဲ ဖြစ်မယ်” ဟု ဦးနေမျိုးအောင်က ဆိုသည်။

အခွန်နှုန်းထား လျှော့ချပေးရန် သူက တင်ပြသော်လည်း လွှတ်တော်က ငြင်းပယ်ခဲ့သည်။
အောင်မြင်ပျော်ရွင်ပါစေဗျာ.....

ဂုဏ်ပြုပန်းစည်းသိမ်းထားဖို့ မိုးစက်ဝိုင်ကိုမှာကြားတဲ့ ထိုင်းမင်းသား


ဓာတ်ပုံ – ဂျေမောင်မောင်(အမရပူရ)

ဆီးဂိမ်းအကြိုအဖြစ် ပရိသတ်များနှင့် ထိုင်း၊ မြန်မာ အနုပညာရှင်များ တွေ့ဆုံပွဲတွင် ဖိလစ်ပိုင်နိုင်ငံ missosology Organization မှ ပေးအပ်သော People Choice Award ရရှိခဲ့သည့် Miss Universe Myanmar မိုးစက်ဝိုင်အား ထိုင်းမင်းသား Mos Patiphan Patavikran က ဒူးထောက်ကာ ဂုဏ်ပြုပန်းစည်း ချီးမြှင့်ခဲ့သည်။

““မိုးစက်က အရမ်းချစ်စရာကောင်းတယ်။ ပြီးတော့ အခုလိုတွေ့ရတာ ၀မ်းသာတယ်။ ဒီပန်းလေးကို သေချာလေး သိမ်းပေးထားပါ။ နောက်တစ်ခါလာရင် ဒီပန်းလေးကို ပြန်လိုချင်ပါတယ်”” ဟု ထိုင်းမင်းသားက မိုးစက်ဝိုင်ကို  မှာကြားခဲ့သည်။

အဆိုပါပွဲတွင် ထိုင်းမင်းသား Mos Patiphan Patavikran က ထိုင်းသီချင်းသုံးပုဒ် သီဆိုခဲ့သည်။ Pee Mak  ဇာတ်ကားမှ ထိုင်းမင်းသမီး Davika Hoorne က စိုင်းစိုင်းနှင့်အတူ ဘတ်စကက်ဘော၊      စားပွဲတင်တင်းနစ်များ ကစားပေးခဲ့ပြီး ၎င်းကိုယ်တိုင် ဒီဇိုင်းထွင်ထားသော ပုဝါများကို ပရိသတ်များအား  ဝေမျှပေးခဲ့သည်။

ထိုင်းမင်းသား၊ မင်းသမီးတို့သည် မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ဖူးခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင်လည်း စိုင်းစိုင်းခမ်းလှိုင်၊ လူမင်းတို့နှင့် ဇာတ်ကားရိုက်ကူးရန် ထပ်မံလာရောက်မည်ဖြစ်ကြောင်း သိရသည်။ထိုင်းအနုပညာရှင်များသည် ဒီဇင်ဘာ ၄ ရက် နေ့လယ်၌ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြသည်။
7 Day Daily

သွားဖြူချင်သူများ အတွက်


သွားမျက်နှာပြင်ပေါ်မှာ မြင်ရတဲ့ အရောင်တွေက External Stainနဲ့ Internal Stain ဆိုပြီး နှစ်မျိုးရှိတဲ့ အနက် ကွမ်းစားထားတဲ့ သွားတွေဆိုရင် ပြင်ပ အစွန်းအထင်း(External Stain) အနေ နဲ့ အနီရောင်၊ အနက်ရောင်၊ အညို ရောင်စသဖြင့် မြင်ရတတ်ပါတယ်။ အဲဒီ လို မြင်ရတဲ့ ကွမ်းချေးတွေကို Abrasive နည်းနဲ့ ဖြစ်စေ၊ Ultrasonic Scalar နည်းနဲ့ ဖြစ်စေ ခြစ်ထုတ်ပြီး ဖြူစင်အောင် ပြုပြင်လို့ ရပါတယ်။
သွားဖြူစင်အောင်
သွားဖြူအောင် အပြင်မှာ ပြုပြင်တဲ့ နည်းနဲ့ အတွင်းမှာ ပြုပြင်တဲ့နည်းဆိုပြီး နှစ်နည်းရှိပါတယ်။ အပြင်မှာ ပြုပြင်တဲ့ နည်းဆိုတာ ကတော့ အပြင်မှာ ရှိနေတဲ့ သွားအရောင် အဆင်း အညို၊ အဝါ၊ အ မည်း၊ အစင်းတွေကို ခြစ်ထုတ်တဲ့နည်း ပါ။ ဒါက သာမန်သွားတိုက်တဲ့ နည်းနဲ့ တူပါတယ်။ အတွင်းမှာ ပြုပြင်တဲ့နည်းကတော့ အိမ်မှာ ဖြူနေတဲ့အကျÐတွေ ညစ်ပေနေ ရင် ဆပ်ပြာနဲ့ စိမ်ပြီး ကြေးချွတ်လို့ မပြောင်တဲ့အခါ မဲနယ်ဆိုးရသလိုပဲ သွားရဲ့အတွင်း ပိုင်းမျက်နှာပြင်တွေကို ပုံစံယူစနစ်နဲ့ သွားမျက်နှာပြင်ကို ဖြူ အောင် လုပ်လို့ ရပါတယ်။
သွားအရောင်ခြင်း မတူညီကြ
လူတစ်ဦးနဲ့ တစ်ဦး သွားအရောင်ချင်း မတူညီကြပါဘူး။ တချို့က သွားဖြူပြီး တချို့က သွားဝါကြ ပါတယ်။ စားတဲ့ အစားအစာ ကလည်း တစ်ယောက်နဲ့ တစ် ယောက် မတူတာကြောင့်ပါ။ တစ်ယောက် က ကိုကာကိုလာ ကြိုက်တယ်။ တစ် ယောက်က လက်ဖက်ရည်ကြိုက် . စသဖြင့် စားသောက်တဲ့ အစား အသောက်က မတူတဲ့ အတွက် ထွက်ရှိ လာတဲ့ သွားရဲ့ မျက်နှာပြင်က အရောင် မတူတာပါ။ တကယ်တော့ သွားဆိုတာ လုံးဝအဖြူမဟုတ်ဘဲ ဖြူသလိုလို၊ ဝါသ လိုလို၊ ညိုသလိုလို၊ ဖြူနီသလိုလို၊ ဝါညို သလိုလို ဖြစ်တတ်တဲ့ အတွက် လူ တစ်ယောက်နဲ့ တစ်ယောက် အရောင် မတူနိုင်ပါဘူး။
သွားများတွင် မလိုလားအပ်သော အရောင်အဆင်း မရှိအောင်
သွားမှာ အစင်းတွေ၊ အမည်းတွေကို သေချာ ဂရုစိုက်ကြည့်ရှုပြီး ဒါက သွားပိုး စားတာကြောင့်လား၊ ကျောက်ရှိနေတာ လား ဆိုတာ ခွဲခြားရပါမယ်။ သွားပိုးစား နေတာဆိုရင် သွားမျက်နှာပြင်က အ ပေါက်တွေကို ဖာထေးသင့်ရင် ဖာထေး ပေးရပါမယ်။ သွားမှာ ရှိနေ တာက ကျောက် ဆိုရင် ခြစ်ထုတ်ပြီး သွားမျက်နှာပြင်ကို လှပအောင် ပြင်ရမှာပါ။
ဆေးဝါးကြောင့် ဝါနေသော သွားဖြူအောင်
သွားအရောင် ဝါတဲ့အပေါ် မူတည်ပြီး အရောင်ဖြူတာကို မက်မောသူတွေကို သွားအရောင်ဖြူအောင် ပြောင်းလဲယူ လို့ရပါတယ်။ သွားအရောင်ကို ပြောင်း လို့ ရနိုင်တဲ့နည်းတွေက Bleaching (အ ရောင်ချွတ်တဲ့နည်း) နဲ့ သွားမျက်နှာပြင် ကို အုပ်တဲ့နည်းတွေပဲ ဖြစ်ပါတယ်။ အရောင်ချွတ်တဲ့နည်းကတော့ လိုချင်တဲ့ အရောင်အတိုင်းအတာအထိ မရနိုင် ပါဘူး။
မျိုးရိုးအရ သွားဝါနေခဲ့လျှင်
 မျိုးရိုးကြောင့် သွားဝါနေခဲ့ရင် လိုချင်တဲ့ အရောင်ကို ရအောင် ဖုံးအုပ်တဲ့ နည်းနဲ့ ရယူနိုင် ပါတယ်။ ဒီလို ပြုပြင်တာက ကုသမှုလုပ်တာ မဟုတ်ပါဘူး။ အလှဆင် တာ ဖြစ်ပါတယ်။ အလှဆင် ရာမှာ ကောင်းကျိုးရော၊ ဆိုးကျိုးရော ရှိပါ တယ်။ သွားဝါတဲ့ အတိမ်အနက် ရာခိုင် နှုန်းနဲ့ မျက်နှာ အလှအပအပေါ် မူတည် ပြီး ပြုပြင်သင့် ပါတယ်။ သွားဝါတဲ့ ရာခိုင် နှုန်းက များပြီး မျက်နှာ အနေအထားနဲ့ သွားဖွဲ့စည်းတည်ရှိပုံက လှနေရင်တော့ ပြုပြင်သင့်ပါတယ်။ သွားဝါတဲ့ အနေ အထားက နည်းပြီး မျက်နှာအနေ အထား ကလည်း မလှ၊ သွားအနေ အထားက လည်း မမှန် ဆိုရင်တော့ မပြုပြင်သင့်ပါ ဘူး။

Good Health 

နာမည်ကောင်း မရသည့်တိုင် နာမည်ပျက် စာရင်း မဝင်မိဖို့ လိုသည်


နာမည်ကောင်း တစ်ခုရဖို့၊ လူရိုသေ၊ ရှင်ရိုသေဖြစ်ဖို့ အတွက်တော့ အချိန်ယူ ရပါသည်။ ထိုကြာရှည်သော ကာလအတွင်းတွင် လည်း အမှားနည်းနိုင် သမျှနည်းအောင် တည်ဆောက် ရပါသည်။ ဂုဏ်သတင်းမွှေး ဖို့အတွက်တော့ အချိန်ယူရသည့် သဘော ဖြစ်သည်။ နာမည်ပျက် ချင်လျှင် တစ်ခဏ အတွင်း၊ တဒင်္ဂအတွင်း အမည်တစ်ခုသည် ပျက်သွားဖို့ လွယ်သည်။ ဂုဏ်သတင်း ကောင်းရဖို့ အတွက်တော့ လူတွေအပေါ် မည်မျှကောင်းကျိုးပြု ခဲ့သည်ဟူသော အချက်သည် လွန်စွာ အရေးကြီးသည်။ တိုယိုတာ ကုမ္ပဏီသည် Prius ကားတစ်မျိုး ကိုထုတ်လုပ် လိုက်သောကြောင့် ကားစီးသူ များအကြား Prius ကြောင့် နာမည်ကြီးခဲ့ သည်။ Prius ကြောင့် ဂုဏ်သတင်းမွှေးခဲ့ သည်။ ဆီစားအံ့မခန်း သက်သာကြောင့်ဖြစ် သည်။
တစ်ဂါလံကို မိုင် (၅ဝ)ရအောင် မောင်းနိုင်သည်။ မော်တော်ယာဉ် သုံးစွဲသူ များအကြိုက်ဖြစ်စေသည်။ GE သည်လည်း ထို့အတူ လူတွေလေးစား ဂုဏ်ပြုမှုဖြစ်လာ အောင် လူထု အကျိုးပြုလုပ်ငန်းများ အနေ ဖြင့် လေအားလျှပ်စစ် ထုတ်လုပ်မှုများတွင် လည်းကောင်း၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင်လည်း ကောင်း တီထွင်ဖန်တီးပြီး ဈေးကွက်တွင် ရောင်းချနိုင်ခဲ့သည်။ လောင်စာစွမ်းအင် သက်သာစေခြင်းကြောင့်လည်း GE ကို Ecomagination ဟုပင်ခေါ်ဝေါ်လာ သည်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လည်း အနည်းဆုံးဖြစ်စေသည်။ လေထု ညစ်ညမ်းမှုကိုလည်း လုံးဝမဖြစ်စေသော ကြောင့်ဖြစ်သည်။ Starbucks ကိုလည်း ကော်ဖီစိုက်ပျိုးသောစိုက်ပျိုးရေးသမားများ က ဂုဏ်ပြုကြသည်။
ကမ္ဘာပေါ်တွင် Starbucks ကြောင့် ကော်ဖီစိုက်ပျိုးသူများ ဝင်ငွေတိုးစေခဲ့သည်ကား အမှန်ဖြစ်သည်။ Starbucks မတိုင်မီက ထင်ရှားသော အမှတ်တံဆိပ်များရှိခဲ့ဖူးသည်။ သို့သော် လည်း ထိုအမှတ်တံဆိပ်များထင်ရှားမှုသည် သူ့လုပ်ငန်း၊ သူ့ကုမ္ပဏီအတွက်သာဖြစ်စေ သည်။ ကော်ဖီတောင်သူများအတွက်ကား အကျိုးမပြုခဲ့၊ Starbucks သည် ကော်ဖီ စိုက်ပျိုးသူတောင်သူများအတွက်ပါ အကျိုး ပြုစေသောကြောင့် ကော်ဖီလောကတွင် Starbucks ၏ဂုဏ်သတင်း Reputation မွှေးပျံ့ခဲ့သည်။ Reebok သည်လည်း ထို့အတူပင်ဖြစ်သည်။ Reebok တွင် အလုပ်အကိုင်တစ်ခုရဖို့အတွက်တော့ အလွန်ခက်ခဲသည်။ အကြောင်းကတော့ သူ့အလုပ်သမားများကို အလွန်ဂရုစိုက် သောကြောင့်ဖြစ်သည်။ အလုပ်သမားများ ရပိုင်ခွင့်နှင့်ပတ်သက်လာလျှင် အပြည့်အဝ ပေးသည်။
ထို့အတူ ကောင်းသောအင်္ဂါရပ်များနှင့် ပြည့်စုံသောကုမ္ပဏီလုပ်ငန်းများ၊ ဂုဏ် သတင်းမွှေးသောလုပ်ငန်းများရှိသကဲ့သို့ လုပ်ငန်းလည်ပတ်မှုနှင့်ပတ်သက်ပြီး အား နည်းခဲ့သောလုပ်ငန်းများလည်းရှိခဲ့ပါသည်။ ပမာအားဖြင့် Walmart ဆိုလျှင် တစ်ချိန် က သူ၏ဝန်ထမ်းများသည် လုပ်ခလစာ နည်းနေမှုများ၊ လုပ်ငန်းခွင်အတွင်း ရသင့် ရထိုက်သောအခွင့်အရေးများ နစ်နာဆုံးရှုံး သွားမှုများကြောင့် ကျယ်ကျယ်လောင် လောင်အရေးဆိုမှုများ၊ သတင်းစာဂျာနယ် များတွင် သတင်းအဖြစ်ဖော်ပြခံရမှုများရှိခဲ့ ဖူးသည်။ Nike လည်း ထို့အတူပင်ဖြစ် သည်။ သို့သော်လည်း ဖြစ်ပုံကတစ်မျိုးဖြစ် သည်။ သူကတော့ ကလေးလုပ်သားများ ခိုင်းစေခဲ့မှုဖြစ်သည်။ နိုင်ငံရပ်ခြားတိုင်း တစ်ပါးတွင် ဖွင့်လှစ်ထူထောင်ထားသော Nike လုပ်ငန်းများတွင် ကလေးလုပ်သား များခိုင်းစေမှုကြောင့် နာမည်ပျက်သော သဘောလည်းရှိခဲ့သည်။
ထို့ကြောင့် လုပ်ငန်း၏နာမည်သည် အရေးကြီးသည်။ နာမည်ကောင်းစာရင်း reputation တွင် မပါနိုင်သည့်တိုင်အောင် နာမည်ပျက်စာရင်း Blacklists များတွင် မဝင်မိဖို့ အရေးကြီးလာသည်။ ကုမ္ပဏီ လုပ်ငန်းတစ်ခုအတွက် နာမည်ကောင်းရဖို့ အတွက် အောက်ဖော်ပြပါအချက်ကြီး (၅)ချက်ကို ဂရုစိုက်ရန်လိုအပ်သည်ဟု လည်း လေ့လာသူများကသုံးသပ်ကြသည်။ ၁။ ကုမ္ပဏီလုပ်ငန်းတစ်ခုအနေဖြင့် မိမိထုတ်လုပ်လိုက်သော ကုန်စည်နှင့်ဝန် ဆောင်မှုများသည် အမှန်တကယ်အရည် အသွေးပြည့်မီခြင်းရှိမရှိ၊ စံချိန်စံညွှန်းကိုက် မကိုက်၊ ဂရုတစိုက်ထုတ်လုပ်သည်လားဟူ သောမေးခွန်းကို မှန်မှန်ကန်ကန်ဖြေတတ် ဖို့ အရေးကြီးသည်ဟုဆိုပါသည်။ အကယ် ၍ ထိုမေးခွန်းကိုမဖြေနိုင်ပါက နောက်မေး ခွန်းများလည်း မေးရန်မလိုတော့ဟုဆိုပါ သည်။ ထိုအချက်သည် အခြေခံအချက်ဖြစ် သည်။ မိမိရောင်းချလိုက်သည့် ထုတ်ကုန် သည်ပင်လျှင် အမှန်အကန်မထုတ်လုပ် သောလုပ်ငန်းအတွက်တော့ နာမည် ကောင်းဆိုသည့် Reputation လည်း ရှိမည်မဟုတ်တော့ပါ။
၂။ ကုမ္ပဏီအနေဖြင့် တည်ငြိမ်သော အမြတ်အစွန်းများရရှိမှု/ရှိမရှိဆိုသည့် အချက်ကို သုံးသပ်ရန်လိုသည်။ အမြတ် အနေဖြင့် များခြင်း၊ နည်းခြင်းဆိုသည် သဘောထက်၊ ပုံမှန်ရရှိနေသောအမြတ် အစွန်းကိုဆိုလိုသည်။ ထိုသို့သောအမြတ် အစွန်းသည် ကာလအတော်ကြာသည် အထိ ထိန်းသိမ်းထားနိုင်စွမ်းရှိသော လုပ်ငန်းများသည် ဖောက်သည်မပျက်သော ကြောင့်ဖြစ်သည်။ ဖောက်သည်မပျက်သည့် အကြောင်းရင်းမှာလည်း လုပ်ငန်းအပေါ် ယုံယုံကြည်ကြည်သုံးစွဲနေသောကြောင့်ဖြစ် သည်။
၃။ လုပ်ငန်းများစီမံခန့်ခွဲအုပ်ချုပ်ပုံ အနေအထားသည် ထင်သာမြင်သာရှိသော စီမံခန့်ခွဲမှုဖြစ်မဖြစ်ဆိုသည့်အချက်လည်း ဆန်းစစ်ရန်လိုသည်။ ရေလိုက်၊ ငါးလိုက်၊ သင့်သလိုအုပ်ချုပ်၊ တော်သလိုစီမံ၊ ဖြစ်သလို စီမံသောလုပ်ငန်းများစွာရှိသည်။ စီမံခန့်ခွဲ မှုညံ့ဖျင်းသောလုပ်ငန်းအတွက် နာမည် ကောင်းထိန်းသိမ်းရန်ခက်ပါမည်၊ အကြောင်းမှာ နာမည်ကောင်းမရှိသော ကြောင့်ဖြစ်သည်။
၎။ လုပ်ငန်းတွင် လုပ်ငန်းအတွက် လိုအပ်သောအရည်အချင်းနှင့်ပြည့်စုံသော လုပ်သားအင်အားခန့်ထားမှု ပြည့်စုံမှုရှိမရှိ ဆိုသည့်အချက်များကိုလည်း ဂရုစိုက်ရန် လိုပါသည်။ ကုန်ကြမ်းရရှိမှုအခြေအနေ၊ ကုန်ချောဖြန့်ဖြူးမှုအခြေအနေ ပုံမှန်အနေ အထားတွင်ရှိမရှိဆိုသည့်အချက်သည် အရေးကြီးသည်။ လုပ်ငန်းတစ်ခုလုပ်ကိုင် ရာတွင် မကြာခဏအရေးပေါ်အခြေအနေ လုပ်ကိုင်နေရခြင်းများ၊ မကြာခဏ အိုဗာ တိုင် (Overtimes) ဆင်းနေရမည်ဆိုပါက ထိုလုပ်ငန်းသည် Reputation ရရှိရန် မလွယ်ပါ။
 ၅။ လုပ်ငန်းများအနေဖြင့် လူမှုရေး ဆောင်ရွက်မှုများ၊ ဘာသာရေးပွဲတော်များ၊ နှင့် အခါကြီးရက်ကြီး၊ နိုင်ငံတော်နှင့်ဆိုင် သော ပွဲလမ်းသဘင်များတွင် ပါဝင်မှုရှိမရှိ ဆိုသည့်အချက်ကိုလည်း ဆန်းစစ်ရန်လိုပါ မည်။ အချို့သောလုပ်ငန်းများသည် လုပ်ငန်းရှင်အနေဖြင့်သာ လူမှုရေး၊ ဘာသာ ရေးလုပ်ငန်းများတွင် ပါဝင်ခြင်းရှိကြသည်။ သို့သော်လည်း လုပ်ငန်းအမည်ဖြင့်ပါဝင်မှု အတွက်တော့ နည်းတတ်ပါသည်။ ယနေ့ မျက်မှောက်အခြေအနေတွင် လုပ်ငန်းရှင် အနေဖြင့် ဘာသာရေး လူမှုရေးလုပ်ငန်း များတွင် ပါဝင်ခြင်းထက်၊ လုပ်ငန်းအနေ ဖြင့် ပါဝင်လာမှုအသွင်ပြောင်းလာပါသည်။ တစ်နည်းအားဖြင့် လူထုကြားတွင် လုပ်ငန်း ရှင်ထက်၊ လုပ်ငန်းကို လူသိပိုခံသည့် သဘောမျိုးဖြစ်သည်။ လုပ်ငန်းရှင်အနေဖြင့် လူသိခံခြင်း၊ လုပ်ငန်းအနေဖြင့် လူသိခံခြင်း ဆိုသည်မှာလည်း လုပ်ငန်းအနေအထား ပေါ်များစွာမူတည်နေ ပါလိမ့်မည်။
အချို့သောလုပ်ငန်း များသည် စုပေါင်း ပိုင်ဆိုင်သည့်လုပ်ငန်းများ Employee Owned Company များဖြစ်နေလျှင် လုပ်ငန်းအနေဖြင့် လုပ်ဆောင်တတ်ကြ သည်။ အချို့လုပ်ငန်းများသည် အကျိုးတူ ပူးပေါင်းဆောင်ရွက်သောလုပ်ငန်းမျိုး Mutual Company လည်းရှိတတ်ပါသည်။ ထိုလုပ်ငန်းမျိုးများတွင် လုပ်ငန်းရှင်အနေဖြင့် ရပ်တည်လို့မရပါ။ လုပ်ငန်းအနေဖြင့်သာ လှုပ်ရှားဆောင်ရွက်ရပါသည်။ နောက်တစ် မျိုးကတော့ သမဝါယမလုပ်ငန်း (Cooperative) များဖြစ်သည်။ တစ်ဦးတစ် ယောက်အမည်ဖြင့် လုပ်ငန်းကိုအမည် ကောင်းခံလို့မရသော လုပ်ငန်းမျိုးများဖြစ် သည်။ နောက်ဆုံးတစ်မျိုးမှာ Benefit Corporation များဖြစ်သည်။ လူမှုရေး အကျိုးအလို့ငှာ ထူထောင်ထားသော လုပ်ငန်းမျိုးများဖြစ်သည်။
ထိုသို့သော လုပ်ငန်း မျိုးများသည် တစ်ဦးတစ်ယောက် ကောင်းဖြင့် လုပ်ဆောင်ထားသောလုပ်ငန်း မျိုးမဟုတ်သောကြောင့် လုပ်ငန်း အတွက် သာ နာမည်ကောင်းရယူနိုင် ပါသည်။ အမည်ကောင်း လက်မှတ်အတွက် လူတိုင်း၊ လုပ်ငန်း တိုင်းသည် ကြိုးစားကြ သည်ချည်း သာဖြစ်သည်။ သို့သော်လည်း လူတိုင်းအတွက်ကြိုးစားရာတွင် Individuals သဘောမျိုးရယူသွားခြင်းရှိသကဲ့သို့ အဖွဲ့အစည်းသဘောမျိုး (Institutions) အနေဖြင့်လည်း ရယူနိုင်ပါသည်။ သို့သော် လည်း နာမည်ကောင်းအတွက် အရေးကြီး သောအချက်မှာ လုပ်ငန်းတစ်ခု အနေဖြင့် Institutional Factors သဘောမျိုးအရ ဖွဲ့စည်းထား သော်လည်း တစ်ဦးကောင်း တစ်ယောက်ကောင်း သဘောမျိုး Individual Reputation ရယူမည် ဆိုလျှင် ထို Reputation ကို ရယူထား သူအတွက် အလွန်အန္တရာယ်များ သည်ကိုတော့ သတိ ချပ်ရန် လိုပါမည်။

ဒေါက်တာမောင်မောင်စိုး(ဘောဂဗေဒ)
အခွင့်အလမ်း

ရှေးဟောင်းစေတီ ထီးတော်အောက်မှ ရေထွက်သည်ဆိုကာ ဖူးမြော်သူ၊ ရေယူသူများစည်ကား

 
ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ရှေးဟောင်းစေတီတစ်ဆူတွင် ရွှေသင်္ကန်းကပ်လှူရန် ပြင်ဆင်နေစဉ် ထီးတော်အောက်ဘက်မှ နှစ်ရက်တိုင် ရေများ အလိုအလျောက် ပန်းထွက်နေသောကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသများမှ လူဦးရေငါးရာခန့် လာရောက်ဖူးမြော်ကာ ယင်းရေများကို ရေမန်းအဖြစ် သယ်ဆောင်နေကြကြောင်း အဆိုပါဒေသမှ ဒေသခံများကပြောသည်။

ဒီဇင်ဘာ ၄ ရက် နံနက်က ဘုရားအား ရွှေသင်္ကန်းကပ်လှူရန် ရောင်တော်ဖွင့်ရာမှ ထီးတော်အောက်ဘက်တွင် လက်မ၀က်ခန့် အပေါက်ပေါက်ကာ ရေများထွက်လာခြင်းဖြစ်ပြီး ဒီဇင်ဘာ ၅ ရက် အထိ ရေများ ဆက်လက်ပန်းထွက်လျက်ရှိကြောင်း သတင်းရရှိသည်။
““ဘာကြောင့် အခုလို ရေတွေထွက်နေတာလဲဆိုတာ ဘုန်းကြီးတို့မသိပါဘူး။ ဟိုအရင်ကလည်း မဖြစ်ဖူးပါဘူး။ ဖြစ်စဉ်ကို လာလေ့လာတဲ့သူတွေကတော့ များတယ်””ဟု ယင်းစေတီတော်တည်ထားသည့်ကျောင်းမှ ဆရာတော် ဦးသုမနကမိန့်ကြားသည်။

အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ စိတ်ဝင်စားသူများ လာရောက်ဖူးမြော်ခဲ့ကြသလို ဒီဇင်ဘာ ၅ ရက်တွင်မူ အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များမှပါ လာရောက်ဖူးမြော်ခဲ့ကြကာ ပန်းထွက်နေသည့်ရေများကို ရေမန်းအဖြစ် သယ်ဆောင်သွားကြကြောင်း ယင်းဒေသမှ ဒေသခံတစ်ဦးက ပြောသည်။
““ရဲတပ်ဖွဲ့ဝင်တွေက ရေတွေကို ရေဘူးနဲ့ခံပေးတယ်။ တစ်ဘူးကို နှစ်မိနစ်လောက်တော့ စောင့်ရတယ်။ ဘုရားဖူးတွေကတော့ အခုအချိန်အထိ လူတစ်ရာ့ငါးဆယ်လောက် ရှိတုန်းပဲ””ဟု ယင်းဒေသမှ ဒေသခံတစ်ဦးက ဒီဇင်ဘာ ၅ ရက်ညတွင် ပြောသည်။

စေတီတော်သည် ဉာဏ်တော်အမြင့် ၂၇ တောင်ခန့် မြင့်ပြီး ဉာဏ်တော်အတောင် ၂၀ ခန့် နေရာစေတီတော်၏ ထီးတော်အောက်ဘက် ဖောင်းရစ်အနီးရှိ လက်မ၀က်ခန့်အပေါက်မှ ရေများပန်းထွက်နေခြင်းဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။

ဒီဇင်ဘာလ၅ ရက် နံနက်ကလည်း ကြို့ပင်ကောက်မြို့ နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူများ လာရောက်ဖူးမြော်ခဲ့ကာ ယင်းကိစ္စနှင့်ပတ်သက်၍မူ မှတ်ချက်တစ်စုံတစ်ရာ မပြောကြားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

မြေလွှာထုအောက်တွင်ရှိသော ရေကြောနှင့် ဆက်စပ်နေသည့် ကျောက်လွှာများ အက်ကွဲရာလမ်းအတိုင်း ရေစိမ့်တတ်သောသဘာဝရှိပြီး စေတီပုထိုးများနှင့်ပတ်သက်၍ ဖြစ်လေ့ရှိသော သဘာဝလွန်ဖြစ်ရပ်ဆန်းများကိုမူ မှတ်ချက်မပေးလိုကြောင်း ဘူမိဗေဒပညာရှင် ဦးကျော်ထွန်းကပြောသည်။

7 Day Daily
အဆင်ပြေပါစေဗျာ....
http://nyeinchanthu3.blogspot.com/

ခန္ဓာဝန်ချသည်မှာ ခြောက်နှစ်ကြာသော်လည်း ဆားတောင်ဆရာတော်ကြီး ရုပ်ကလာပ် မပုတ်မသိုးရှိနေ

မန္တလေး တိုင်းဒေသကြီး စဉ့်ကိုင်မြို့အ နောက်ဘက် ငါးမိုင်ခန့်အကွာ ကသဲကုန်းကျေးရွာရှိ ဆားတောင် ပဋိပတ္တိရိပ်သာဝင်းအတွင်း ထာ ဝရဗိမာန်တော်ဖြင့် အပူဇော်ခံ ထားရှိသည့် ဆားတောင်ဆရာ တော်ကြီး ဦးပညာဏိက ၏ ဥတုဇ ရုပ်ကလာပ်တော်အား ယခုရက် ပိုင်းအတွင်း လာရောက်ဖူးမြော် လေ့လာသူများ များပြားလျက်ရှိ ကြောင်း သိရသည်။

ဆရာတော်ကြီးသည် ခန္ဓာ ဝန်ချသွားသည်မှာ ခြောက်နှစ် ကျော်ရှိပြီဖြစ်သော်လည်း ဥတုဇ ရုပ်ကလာပ် တော် သည် ယနေ့အ ချိန်အထိ မပုပ်မသိုးဘဲ တည်ရှိ နေရာ အသားအရည်မှာလည်း ဝင်းအိနေဆဲဖြစ်ကာ အကြော စိမ်းများကိုပင် မြင်တွေ့ရသဖြင့် ထူးခြားမှုများ ဖြစ်ပေါ်နေသည့် ဆရာတော်ကြီးအကြောင်းကို တပည့် ဒါယကာ များက အများ ပြည်သူသိရှိနိုင်ရန် အင်တာနက် ပေါ်သို့တင်ပြီးနောက် လာရောက် ဖူးမြော်ကြသည့် အရေအတွက် မှာ ယခင်ကာလများကထက် သိ သာစွာ များပြားနေခြင်းဖြစ် ကြောင်း ထာဝရဗိမာန်တော်ထိန်း သိမ်းစောင့်ရှောက်ရေးကော်မတီ မှ ဦးထွန်းရွှေ က ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။







''ရဟန္တာမို့လို့သာ ဒီလိုမျိုး ရုပ်ကလာပ်တော် မပုပ်မသိုးဘဲ ကျန်ရစ်တာလို့ ဒီဘက်ကဒေသခံ တွေက ယုံကြည်တယ်။ ခြောက်နှစ်အတွင်းမှာလဲ ညာဘက် လက်မောင်းတော် တံတောင်ကွေး နေရာမှာ ဓာတ်တော်ကျခဲ့ပါတယ်။ မြတ်စွာဘုရားရဲ့ တရား တော် ကို ကျင့်ကြံရင် လက်တွေ့အကျိုးထူး ရတယ်ဆိုတာကို ဆရာတော်ကြီး က နောင်လာနောက်သားတွေ သိရှိအားထုတ်နိုင်အောင် ဒီရုပ် ကလာပ်တော်ကို ထားရှိခဲ့ပုံပါပဲ။ ဟိုးအရင်ကတည်းကတော့ ဆရာ တော်ကြီးရဲ့ ရုပ်ကလာပ် တော် ကို လာရောက်ဖူးမြော်တဲ့သူတွေ ပုံ မှန်ရှိပေမယ့် အခုရက်ပိုင်းအတွင်း မှာ ဆရာတော်ကြီးတပည့်တွေ က အင်တာနက်ပေါ်မှာတင်ထား တဲ့ ဆရာတော်ကြီးရဲ့အကြောင်း နဲ့ ဓာတ်ပုံတွေကို ဖူးလိုက်ရပြီး တော့မှ နေရာကိုစုံစမ်းပြီး မျက် မြင် ကိုယ်တွေ့ လာဖူးကြတာပါ။ လာဖူးတဲ့သူအရေအတွက်က ပုံ မှန်မရှိဘဲ ရုံးပိတ်ရက်တွေနဲ့ လ ပြည့်နေ့တွေမှာဆိုရင် ပိုပြီးတော့ များသလို တချို့ဆိုရင်း ဝေးလံ တဲ့နယ်ဒေသတွေကနေ လာကြ တာမျိုးလဲရှိပါတယ်''ဟု ယင်းက ထပ်မံ ပြော သည်။

ဗိမာန်တော်အတွင်း ဆရာ တော်ကြီး၏အကြောင်းနှင့်အတူ မှတ်တမ်းဓာတ်ပုံများ၊ ဟောကြား ခဲ့သည့် တရားစာများနှင့် ဓာတ် တော်များကို လာရောက်သူများ ကြည့်ရှုလေ့လာဖူးမြော်နိုင်ရန် ဖော်ပြပေးထားရာ အဆိုပါရိပ် သာအတွင်းတွင် ကြွင်းကျန် ရစ် သောဓာတ်တော်များဖြင့် ရွှေစေ တီတစ်ဆူကို တည်ထားကြောင်း သိရသည်။

ဆားတောင်ဆရာတော် ကြီး၏မွေးရပ်ဇာတိမှာ စစ်ကိုင်း တိုင်းဒေသကြီး ဆားတောင်ကျေး ရွာအုပ်စု သင်းတွဲရွာဖြစ်ပြီး ခမည်း တော် ဦးငွေဒင်နှင့် မယ်တော် ဒေါ်ပြောင်းမယ်တို့မှ ၂၉.၁၀. ၁၉၂၅တွင် ဖွားမြင်ခဲ့ခြင်းဖြစ် သည်။ ၁၃.၁၁.၂ဝဝရခုနှစ်တွင် ခန္ဓာတော်ဝန်ချခဲ့ရာ မပုပ်မသိုး ဘဲ ကြွင်းကျန်ရစ်သည့်ရုပ်ကလာပ် တော်ကို ၁၀.၂.၂၀၀၈တွင် ထာ ဝရဗိမာန်တော်သို့ ပင့်ဆောင်အ ပူဇော်ခံခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ခွန်စိုင်းအောင်
The Yangon Times
အဆင်ပြေပါစေ...
http://nyeinchanthu3.blogspot.com/

ခေါင်းဆောင်ကြီးများနှင့် လမ်းလျှောက်ခြင်း


မှတ်မှတ်ရရ ကျွန်တော်ကျောင်း တက်ခါစ၊ အဖေ့ရဲ့ လမ်းညွှန်သြ ဝါဒ စကားက လမ်းလျှောက်တဲ့ အခါ မြန်မြန်သွက်သွက် လျှောက်ပါတဲ့။ လေးအီဖင့်နွှဲပြီး လျှောက်ရင် မင်းဘယ် တော့မှ ခေါင်းဆောင်ဖြစ်မှာ မဟုတ်ဘူး တဲ့။ ကဲ ကိုယ်လည်း ဘာမှတော့ မသိ ဘူးပေါ့ဗျာ။ လျှောက်ဆိုတော့လည်း လျှောက်ပေါ့။

အဖေပဲ၊ မဟုတ်တာတော့ ဘယ်သင်ပါ့မလဲ၊ ဒါပေမဲ့လည်း လမ်း လျှောက် အနှေးအမြန်နဲ့ ခေါင်းဆောင် ဖြစ်တာနဲ့ကျတော့ အချိတ်အဆက်က တယ်ဝေး သားကိုးဗျ။ ကိုယ်လည်းမမီဘူး လေ၊ စိတ်ထဲတော့ တစ်မျိုးပေါ။ ဒါပေမဲ့ လို့လည်း မြန်ဆိုတော့လည်းမြန်ရတာပေါ့။ အဲနောက်သုံးလေးနှစ်လောက် ကြာတော့မှ အဖေ့ကို အထွန့်တက်စရာ အကွက်ကတွေ့တော့တာ၊ မြန်မာ့ရုပ် မြင်သံကြားက သတင်းကြေညာနေ တာ တွေကို ပြလိုက် တယ်လေ။ ကြည့်ပါဦး ဗျာ။ မြန်မာပြည်မှာ ဒီထက်ကြီးတဲ့ခေါင်း ဆောင်ရှိဦးမလား။ အောင်မလေး လမ်း လျှောက်နေလိုက်တာများ တစ်လှမ်းစီ၊ တစ်လှမ်းစီလှမ်းနေတာ တရားမှတ်နေ သလားတောင် အောက်မေ့ရတယ်ဗျာ၊ ပြုံးပြုံးကြီးဖြီးပြီး တောင်ကြည့် လိုက် မြောက်ကြည့် လိုက် လျှောက်နှုတ်ဆက် နေလို့မှသာ အော်-ဒါ-ပဲပေးပြီး ပွဲခံနေ တာ ပါလားဆိုတာ သိရတာ။
နောက် တော်ပါး က ခေါင်းဆောင်ကြီးစဉ်ငယ် လိုက် အပေါင်းကလည်း ထိုနည်းလည်း ကောင်းပဲလေ။ ဆရာကြီးကို ကျော်တက် လို့မှ မရတာ၊ သူတို့ကျမှ ပိုဆိုးတာက ကိုယ့် ခြေလှမ်းကိုယ် မပိုင်ဘူးလေ။ ရှေ့ ကို ချောင်းပြီးတော့ သူလုပ်သမျှ လိုက် ကရ တာကိုး။ တစ်ခါတလေများ ရှေ့ တိုး နောက်ဆုတ်ကြား တိုင်ပင်မှားသွား ရင် ယိုင်ထိုးတောင် ကျသွားသေးတာ ဗျာ။
”ကဲ အဲဒါမြန်မာပြည်ရဲ့ ခေါင်း ဆောင်တစ်ပြွတ်လိုက်ကြီး အဖေရာ၊ အဖေ ပြောခဲ့တာက အကုန်အလွဲကြီး လွဲပြီပေါ့ အဖေရ၊ ကျွန်တော့်မှာ မှတ် လိုက်ရတာ အဖေရာ”၊ ဟဲဟဲ ကိုယ့် ဘက်က အပိုင် ဆိုတော့ နည်းနည်းပိုပို သာသာလေး ပေါ့။ အဖေက ခေါင်းလေး တညိမ့်ညိမ့်နဲ့ စကားလုံးရွေးရင်း ဝူးခနဲ လေပူတစ်ချက် ကတော့ ဘယ်သူ့အ တွက် ထုတ်လိုက်တယ်မသိ၊ ကျွန်တော့် ကို ပြန်ရှင်းပေးတဲ့ စကားကတော့၊
”အရင်တုန်းက ငါ မင်းကို ပြော ခဲ့တဲ့ ဟာကလည်း မမှားဘူးကွ၊ ဒါပေမဲ့ အဲဒီတုန်းက မင်းက တစ်တန်းလေကွာ၊ တစ်တန်းကို လေးတန်းစာ သွားပေးလို့ ဘယ်ရပါ့မလဲ။ တစ်တန်းနဲ့တန် သ လောက်ပြောရတာပေါ့ကွာ။ ကဲအခု မင်းက လေးတန်းရောက်ပြီဆိုတော့ .. ဆက်တက်ပြီပေါ့။
သေသေချာချာ မှတ်၊ ခေါင်းဆောင် ဆိုတဲ့ နေ ရာ မှာ ခေါင်း ဆောင်နှစ်မျိုးရှိတယ်ကွ၊ အလွယ်ဆုံး ပြောရရင် ကောင်းတဲ့ ခေါင်းဆောင်နဲ့ မကောင်းတဲ့ ခေါင်းဆောင်ပဲ၊ ကောင်း တဲ့ ခေါင်းဆောင်က လူကောင်းတွေ ကို ခေါင်းဆောင်တယ်၊ မကောင်းတဲ့ခေါင်း ဆောင်က လူဆိုးလူမိုက်တွေကို ခေါင်း ဆောင်တယ်၊ ခေါင်းဆောင်ကောင်းတို့ ရဲ့ အရည်အချင်းတွေထဲမှာ လမ်း လျှော က်မြန်ခြင်းဟာ အချက်တစ်ချက် အနေနဲ့ပါလို့ မင်းကို မြန်တဲ့ အလေ့ အထဖြစ်အောင် ကျင့်ခိုင်းရတာ၊ အေး- ဒါပေမဲ့ လမ်းလျှောက်မြန် တိုင်း ခေါင်း ဆောင်ေ ကာင်း ဖြစ်ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်၊ အေး-နှေးခြင်း အကြောင်းကတော့မင်းဟာမင်းဆက်တွေး တောပေါ့ကွာ၊ နောက်တဖြည်းဖြည်း ကိုယ့်ဟာကိုယ် သိလာဦး မှာပါ။ ကောင်းတဲ့ဟာ ကိုရွေးပေါ့”တဲ့။
 အဖေ့ရဲ့ ဖြေရှင်းချက်ကတော့ အဲ ဒါလေးပါပဲ။ အဲ ကျွန်တော့်ရဲ့ ဆုံးဖြတ် ချက်ကလည်း အဖေ့စကား မဆုံးခင်မှာ ကို ပြတ်သားပြီးသားပါပဲ။ ကျွန်တော် အတိအကျကို လမ်းအမြန်လျှောက်တော့ မှာပါ။ အဲဒီနေ့ကစပြီး ကျွန်တော် စနစ် တကျ လမ်းအမြန် လျှောက်ဖြစ်ခဲ့ ပါတယ်။ ရည်ရွယ်ချက်ရှိရှိပဲ အသေ အချာ လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ အလေ့အကျင့်ကနေ အလေ့အထပင် ဖြစ်ခဲ့သည့်တိုင် ကျွန်တော့်ထံ မြဲမြံ နိုင်ခဲ့ပါပြီ။
လမ်းလျှောက်တိုင်းမှာလည်း မြန်မှန်းမသိဘဲ လျှောက်ဖြစ် နေကာ၊ လျှောက်မှန်း မသိဘဲနှင့်လည်း မြန်၍ သာ နေပါတော့တယ်။ ထို့နောက် အဖေပြောခဲ့တဲ့ အတိုင်းလည်း လျင် မြန်ဖျတ်လတ်စွာ လှုပ်ရှားသွားလာခြင်း ၏ သဘောသဘာဝနှင့် အနှစ်သာရ တို့ ကို ပို၍ပို၍သိမြင်လာခဲ့ရပါတယ်။
သာမန်အားဖြင့် အလုပ်တစ်ခုကို လျင် မြန်စွာ ပြီးမြောက်စေနိုင်တဲ့ ရုပ်ပိုင်း ဆိုင်ရာမျိုး၌သာမက၊ ထိုအလေ့အထနှင့် တစ်ဆက်တည်း ပတ်သက်ဆက်နွှယ် လျက်ရှိတဲ့ စိတ်ပိုင်းဆိုင်ရာများမှာပါ ညီညွတ်မျှတတဲ့ ပြောင်းလဲမှုကို ဖြစ်စေ လျက် ၎င်းတို့နှစ်ခု အပြန်အလှန် ထိန်း ကျောင်း မြှင့်တင်ခြင်းဖြင့် ပင်လည်း ခေါင်းဆောင်ကောင်းတို့၏ အရည်အ သွေးများသို့တိုင် တစ်ဆင့်စီ တစ်ဆင့်စီ မွေးမြူပေးနေခြင်းမျိုး ဖြစ်ရာ ငယ်သူအ ပေါင်းအား ခေါင်းဆောင် ကောင်း များ ဖြစ်စေကြောင်းနှင့် ခေါင်းဆောင်ကောင်း ကို ရွေးချယ်နိုင်တတ်စေကြောင်းတို့ အား ရှုထောင့်တစ်နေရာမှ အချက်အ လက်တစ်ခုအဖြစ် မျှဝေလိုက်ရခြင်း ဖြစ် ပါသည် ခင်ဗျား။ အောက်ပါတိုင်းပြည်ခေါင်းဆောင်ကြီးများ၏ ခြေလှမ်းများကို ကြည့်၍ ခေါင်းဆောင်ကောင်းနှင့် ခေါင်းဆောင်ဆိုးအား အလွယ်တကူ ရွေးချယ်နိုင်ကြ မည်ဖြစ် ပါကြောင်း။
 - အမေရိကန်သမ္မတ ဘားရက်အိုဘားမား
- ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း
- ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး
- မြန်မာ့အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း
- တရုတ်သမ္မတ ရှီကျင်းပင်
- မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအွန်
- အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီ

Popular Myanmar News Journal
အဆင်ပြေပါစေ....
http://nyeinchanthu3.blogspot.com/

ကမ္ဘာ့အချောဆုံး အမျိုးသမီး ဟက်ကာ ငါးဦး

hacker
Adenna Cooke
ပလေးဘွိုင်း မဂ္ဂဇင်းရဲ့ မော်ဒယ် ဖြစ်ပြီး ကွန်ပြူတာ ဟက်ကာ တစ်ဦး ဖြစ်ကြောင်းတော့ လူသိနည်းပါတယ်။ အိပ်ယာပေါ်မှာ သူမ ဓာတ်ပုံတွေကို တင်လိုက်တဲ့ ဝဘ်ဆိုဒ်တစ်ခုကို တစ်ညအတွင်း ဟက်နိုင်ခဲ့ ပါတယ်။ ပြီးတော့ သူမရဲ့  ဓာတ်ပုံကို အသုံးပြုပြီး ဝင်ငွေရှာနေတဲ့ ဝဘ်ဆိုဒ်တစ်ခုကိုလည်း သက်ဆိုင်ရာက အရေးမယူ ရသေးခင် သူမ ကိုယ်တိုင် Remove လုပ်နိုင်ခဲ့ ပါတယ်။  
Anna Chapman
ရုရှား စပိုင်လို့ လူသိများပြီး အမေရိကန် နိုင်ငံ၊ နယူးယောက်မြို့ မှာနေထိုင်တဲ့ ဟက်ကာ ဖြစ်ပါတယ်။ သူမနဲ့ အတူ အပေါင်းပါ ၉ ဦးကို ရုရှားအတွက် သူလျှို လုပ် သတင်းအချက်အလက် ခိုးယူမှုနဲ့ FBI တို့ ဖမ်းဆီးခဲ့ဖူးပါတယ်။ အဲ့နောက်ပိုင်း သူမရဲ့ အလှဓာတ်ပုံတွေ၊ ဂုဏ်သတင်း ပြန့်နှံ့ခဲ့ ပါတယ်။ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ အမေရိကန် ဟက်ကာ Edward Snowden ကို လက်လက်လိုကြောင်း တရားဝင် ပြောဆိုပြီးနောက် မီဒီယာနဲ့ ကမ္ဘာက အာရုံစိုက်လာတဲ့ Celebrity တစ်ဦး ဖြစ်လာ ပါတယ်။
Kistina Svechinskya
အမေရိကန်နဲ့ ဗြိတိန်နိုင်ငံများက ဘဏ်တွေကို ဖောက်တဲ့ ဟက်ကာ ဖြစ်ပါတယ်။ အကောင့်အတု၊ လျှို့ ဝှက် ကုဒ် အတုနဲ့ ဝင်ရောက်ပြီး စုစုပေါင်း ငွေထုတ်ခဲ့တာ အမေရိကန်ဒေါ်လာ ၃ သန်းကျော်ပါတယ်။ ဘဏ်ပေါင်း ထောင်ချီကို ဟက်ပြီး ရခဲ့တဲ့ငွေ ဖြစ်ပါတယ်။ ယခုတော့ သူမဟာ အမေရိကန်မှာ အဖမ်းဆီး ခံထားရပါတယ်။
Joanna Rutkowska
ပိုလန်နိုင်ငံက Ethical Hacker တစ်ဦး ဖြစ်ပြီး Low level security and stealth malware တီထွင်ဖန်တီးနိုင်မှု နဲ့ လူသိများ အောင်မြင်ခဲ့ပါတယ်။ မိုက်ခရိုဆော့ဖ်ရဲ့  Windows Vista System က လုံခြုံရေး နည်းပညာများကို ဖောက်နိုင်ခဲ့ပြီး ကမ္ဘာက အံ့သြလေးစားတဲ့ ဟက်ကာ တစ်ဦး ဖြစ်ခဲ့ပါတယ်။ ယခုတော့ သူမဟာ ပိုလန်မှာပဲ ကိုယ်ပိုင် အိုင်တီ လုံခြုံရေး ဝန်ဆောင်မှု ကုမ္မဏီ တည်ထောင်ပြီး အောင်မြင်နေကြောင်း သိရ ပါတယ်။
Ying Cracker
တရုတ်မလေး Ying က ဟက်ကာ အခြေခံ ပညာရပ်ကို သင်ကြားပေးနေတဲ့ ဆရာမ တစ်ဦး ဖြစ်ပါတယ်။ သို့ပေမယ့် အထင်မသေးလိုက်ပါနဲ့။ ကမ္ဘာမှာ သူ Crack လို့မရတဲ့ ဆော့ဖ်ဝဲ မရှိဘူးလို့ ပြောစမတ် ပြုကြ ပါတယ်။ ဒါကြောင့်ပဲ သူ့နာမည် နောက်ဆုံးမှာ Cracker ဆိုတာလေး ပါဝင်လာခြင်း ဖြစ် ပါတယ်။ ဆော့ဖ်ဝဲ Crack တဲ့ ပညာနဲ့ အသက်မွေးပြီး ငွေလျှံ၊ ရုပ်လှတဲ့ တရုတ်ဟက်ကာမလေး ဖြစ်ပါတယ်။
.
Ref: nuts
အောင်ခမ်း
အဆင်ပြေအောင်မြင်ပါစေ.....
http://nyeinchanthu3.blogspot.com/


ဘ၀ဆိုတဲ့ လက်ဆောင်ကောင်း ( Life is a gift)


ရှုထောင့်တွေ ပြောင်းသွားတဲ့အခါ မြင်ကွင်းတွေလည်း ပြောင်းသွားတာကို လက်ခံတယ်မဟုတ်လာ့း့ ? အခြေအနေတွေပြောင်းလဲသွားတဲ့အခါ လူတွေရဲ့ အတွေးအခေါ် ခံယူချက်တွေ ဟာလည်းပြောင်းလဲ သွားတတ်ပါတယ်။

ဒီတော့ သင်ဟာ ဘယ်လိုဆိုးရွားတဲ့ ထိခိုက်ကြေကွဲဖွယ် အဖြစ်ဆိုးတွေနဲ့ကြုံတွေ့နေပါစေ အောက်ပါ သတိရဖွယ်အချက်လေးတွေကိုသာ သတိရလိုက်စမ်းပါ ။


၁။ဒီနေ့ကစပြီး သင့်ပါးစပ်က အကြင်နာကင်းတဲ့ စကားမျိုး ပြောတော့မယ်ကြံရင့့် လူတစ်ချို့ဟာ သင့်လိုစကားမပြောနိုင်ဘဲ ဆွံ့အနေကြတယ်ဆိုတာသတိရလိုက်စမ်းပါ့ 


၂။ ဒီနေ့ကစပြီး သင်စားမယ့် အစားအစာရဲ့ အရသာကိုခံတွင်းမတွေ့လို့ အပြစ်တင်တော့မယ်ဆိုရင့့်  စားစရာမရှိတဲ့လူတစ်ချို့ကို သတိရလိုက်စမ်းပါ့ 


၃။ ဒီနေ့ကစပြီး သင့်ရဲ့ ချစ်ရည်းစားလေးကို စိတ်အလိုမကျ အပြစ်တော်တင်တော့မယ်ကြံရင့့် 
ရည်းစားမရှိလို့ အထီးရောအမရောကျန်နေတဲ့သူတွေကို သတိရလိုက်စမ်းပါဦ့း့ 


၎။ သင့်ရဲ့ကလေးတွေကို ဆူပူမောင်းမဲတော့မယ်ဆိုရင်လည့်း့ အကြောင်းအမျိုးမျိုးကြောင့် ကလေးမရနိုင်တဲ့ မိဘတွေကိုသတိရလိုက်စမ်းပါ့ 


၅။ အိမ်မှာ တစ်ယောက်ယောက်ကဖွထားလို့  သန့်ရှင်းရေးမလုပ်လို သင့်အိမ်ကိုကြည့်ပြီးစိတ်တွေရှုပ်လာတဲ့အခါ့ 
နေစရာမရှိလို့ လမ်းဘေးအိပ်နေရသူတွေကို သတိရလိုက်ပါဦ့း့ ။


၆။ စိတ်တိုင်းမကျလှတဲ့ ကိုယ့်ဘဝကြီးကို အပြစ်တင်တော့မယ် ဆိုရင်လည့်း့ 
ကိုယ့်ထက်စောပြီး ရေဝေးရောက်ကုန်တဲ့သူတွေကို သတိရလိုက်ပါ့ 


့၇။သင်ကားဖြင်မောင်းသွားရမယ့်ခရီးဟာ ဝေးလွန်းလို့ စိတ်ပျက်ငြီးညူတော့မယ်ဆိုရင့့် 
ဒီခရီးကိုပဲ ခြေလျှင်သွားနေကြသူတွေကိုသတိရလိုက်ပါ့ ။


၈။ လက်ရှိသင့်ရဲ့အလုပ်ဟာ ပင်ပန်းပြီးအဆင်မပြေမှုတွေများလို့ စိတ်ပျက်မယ်ဆိုရင့့် အလုပ်အကိုင်မရှိလို့ သင့်အလုပ်မျိုးကို ငမ်းငမ်းတက်လုပ်ချင်နေသူတွေကို သတိရလိုက်စမ်းပါ့ ။


၉။ သင်ဟာသူတစ်ပါးကို လက်ညှိုးထိုး အပြစ်ရှာတော့မယ်ကြံရင်လည့်း့ 
တို့တွေအားလုံး အမှားနဲ့မကင်းနိုင်ဘူးဆိုတာ သတိရလိုက်ပါ့ ။


၁၀။ ကဲနောက်ဆုံး စိတ်ဓာတ်ကျစရာ အတွေးတွေက သင့်ကိုကျရှုံးအောင်လုပ်တော့မယ်ဆိုရင့့် 

သင့်မျက်နှာပေါ်မှ အပြုံးလေးတစ်ပွင့် အမြန်ဖန်ဆင်းလိုက်စမ်းပါ့ 
ခုချိန်အထိ အသက်ရှင်နေထိုင်ခွင့်ပေးထားတဲ့ သင့်ကံကြမ္မာကို ကျေးဇူးတင်လိုက်စမ်းပါ့ 

(ဒီလိုဆိုတော့လည်း ကိုယ့်ဘဝက ထင်သလောက်မဆိုးဘူးပဲ နော့ )


•Life is a gift.•

ဘဝဆိုတာလက်ဆောင်ကောင်းတစ်ခုပါပဲ့ 
ဘဝမှာနေလိုက်စမ်းပါ့ ပျော်လိုက်စမ်းပါ့ အောင်မြင်မှုတွေ ကျော်ကြားမှုတွေ ပျော်ရွှင်မှုတွေ နဲ့ ဘဝကိုအကောင်းဆုံး ဖြည့်ဆည်းလိုက်စမ်းပါ့ 

ကဲ သင်စိတ်ချမ်းမြေ့ရပြီဆိုရင့့် သင့်ရဲ့ သယ်ရင်းတွေ အတွက်လည်း မမေ့နဲ့ဦ့း့ 

စိတ်ချမ်းသာစေချင်လွန်းလို့ပါ့ 

-Nyein Chan Win မှကူးယူမျှဝေပေးပါသည်
အဆင်ပြေပါစေ.....
http://nyeinchanthu3.blogspot.com/

တရုတ်နိုင်ငံက လပေါ်သို. ဂြိုဟ်တု လွှတ်မည်




လူလိုက်ပါခြင်း မရှိတဲ့ လဆင်းယာဉ် တစ်စင်းကို ပထမဆုံး အကြိမ်အဖြစ် လွှတ်တင်ဖို. ရည်ရွယ်ထားတယ်လို. တရုတ်နိုင်ငံက ကြေငြာလိုက်ပါတယ်။

ရှေ.လမှာ လွှတ်တင်မယ့် ဒီလဆင်းယာဉ်ကို တရုတ်ဘာသာနဲ. Yutu လို. အမည်ပေးထားပြီး ကျောက်စိမ်းယုန် "Jade Rabbit" လို. အဓိပ္ပါယ် ရပါတယ်။ ရွှေလမှာယုန်ဝပ်တယ် ဆိုတဲ့ တရုတ် ရိုးရာဓလေ့ကို အစွဲပြုပြီး ခုလို အမည် မှည့်ခေါ်တာလို.လဲ သိရပါတယ်။

တရုတ်နိုင်ငံဟာ ဒီနှစ်ပိုင်းတွေမှာ အာကာသ နည်းပညာပိုင်းနဲ. ပက်သက်လို. ထူးထူးခြားခြား အောင်မြင်မှုတွေ ရအောင် စွမ်းဆောင်နိုင်တာကို တွေ.မြင်ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက တရုတ် အာကာသယာဉ်မှုးတွေဟာ ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ၁၅ ရက်ကြာ နေထိုင်ခဲ့ပြီး ကမ္ဘာမြေကို အောင်မြင်စွာ ပြန်ဆင်းလာနိုင်ခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာလဲ လပတ်လမ်းကြောင်းထဲကို Chang'e လို. အမည်ပေးထားတဲ့ ဂြိုဟ်တု တစ်စင်း ပစ်လွှတ်ခဲ့ပါသေးတယ်။ ဒီဂြိုဟ်တုဟာ ၁၆ လကြာ လကို လှည့်ပတ်အပြီးမှာ လမျက်နှာပြင်ပေါ်ကို ကြိုတင် စီစဉ်ထားတဲ့အတိုင်း ပျက်ကျသွားခဲ့ပါတယ်။

ယခုတကြိမ် လဆင်းယာဉ် လွှတ်တင်မယ့်နေ.ကို အတိအကျ မပြောပေမယ့် ဒီဇင်ဘာ လဆန်းပိုင်း ဖြစ်မယ်လို. တာဝန်ရှိသူတွေက ပြောပါတယ်။ စီစဉ်ထားတဲ့အတိုင်းသာ ဖြစ်လာမယ်ဆိုရင် လွှတ်တင်မယ့် လဆင်းယာဉ်ဟာ ဒီဇင်ဘာ လလယ်လောက်မှာ လမျက်နှာပြင်ပေါ်ကို ဆင်းသက်နိုင်မှာ ဖြစ်ပါတယ်။

Jade Rabbit လဆင်းယာဉ်ဟာ လပေါ်က သက်တန်.ပင်လယ်အော် "Bay of Rainbows" လို. ခေါ်တဲ့ ဒေသတ၀ိုက်မှာ ဆင်းသက်မှာ ဖြစ်ပြီး လပေါ်မှာ သုံးလကြာ သွားလာ စူးစမ်းမယ့် လေ့လာရေးယာဉ်ကို သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။

လဆင်းယာဉ်ရဲ. အမည် Yutu ခေါ် "Jade Rabbit" ကို တရုတ်နိုင်ငံသား သန်းပေါင်းများစွာက အင်တာနက်ကနေ Vote လုပ်ပြီး ရွေးချယ်ခဲ့တာလို. သိရပါတယ်။ တရုတ်တပ်မတော်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဒီအာကာသ အစီအစဉ်တွေဟာ တရုတ်ပြည်သူတွေကြား ရေပန်းစားနေပြီး တရုတ်နိုင်ငံသားတွေရဲ. အောင်မြင်မှုတွေလို. တရုတ်ပြည်သူတွေက ဂုဏ်ယူနေကြကြောင်း သိရှိရပါတယ်။
အဆင်ပြေပါစေ.....
http://nyeinchanthu3.blogspot.com/

လုမ္ဗီနီတွင် ရှာဖွေတွေ့ရှိမှု ဗုဒ္ဓမွေးဖွားရက်ကို ပြောင်းသွားစေနိုင်




ဗုဒ္ဓဖွားမြင်ရာ ရက်စွဲသည် ရာစုနှစ်တခု နီးပါးမျှ နောက်သို့
ဆုတ်သွားစေနိုင်သည့် အထောက်အထားများ နီပေါနိုင်ငံ လုမ္ဗီနီတွင် ရှာဖွေတွေ့ရှိ ခဲ့သည်။

နာမည်ကျော် National Geographic မဂ္ဂဇင်းက ဗုဒ္ဓဖွားမြင်ရာနေရာအဖြစ် ထင်ရှားပြီး ဘုရားဖူးများ လာရောက်ကြသည့်နေရာဖြစ်သည့် နီပေါနိုင်ငံ လုမ္ဗီနီရှိ မာယာဒေဝီကျောင်းတော်တွင် ဘီစီ ၅၅၀ ခန့်တွင် တည်ဆောက်ခဲ့သည်ဟု ယူဆရသည့် ရှေးအကျဆုံးသော အထောက်အထားများကို ရှေးဟောင်း သုတေသန မြေတူး ပညာရှင်များက တွေ့ရှိခဲ့ကြောင်း သတင်းပေးပို့ထားသည်။

ထိုတွေ့ရှိချက်က ဗုဒ္ဓဖွားမြင်သည့်နေ့သည် ပညာရှင်အများအပြားက လက်ခံထားသော နေ့ထက် ရှေ့ကို ရာစုနှစ်တခုခန့် ပိုစောကြောင်း ညွှန်ပြနေသည်ဟု သတင်းက ဆိုသည်။

“ဗုဒ္ဓဟာ ဘယ်ကာလမှာ နေထိုင်သွားခဲ့တာလဲ ဆိုတာကို အကြီးအကျယ် အချေအတင် ငြင်းခုန်ခဲ့ကြရပါတယ်။ ခုအချိန်မှာ ကျနော်တို့ တွေ့ရှိခဲ့တဲ့ တည်ဆောက်ပုံကတော့ ဘီစီ ၆ ရာစုလောက်ကို ညွှန်ပြနေပါတယ်” ဟု လေ့လာသူအဖွဲ့ ခေါင်းဆောင်ဖြစ်သော အင်္ဂလန်နိုင်ငံ Durham တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင် Robin Coningham က တနင်္လာနေ့တွင် ထုတ်ဝေခဲ့သော Antiquity ဂျာနယ်သို့ ပြောကြားခဲ့ကြောင်း သတင်းက ဆိုသည်။

ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်ရှိ ဘာသာကြီးများထဲက တခုဖြစ်ပြီး ကိုးကွယ်ယုံကြည်သူ သန်း ၃၅၀ ကျော်ရှိပြီး အများစုမှာ အာရှ အရှေ့ပိုင်းတွင် နေထိုင်ကြသည်။

ရိုးရာယုံကြည်မှုအရ လုမ္ဗီနီတွင် သည် ဗုဒ္ဓ၏ မယ်တော်ဖြစ်သူ မာယာဒေ၀ီက သစ်ပင်တပင်ကို ဆုပ်ကိုင်အားယူရင်း နောင်အခါ တွင် ဗုဒ္ဓဖြစ်လာမည့် သိဒ္ဓတ္ထ ဂေါတမ မင်းသားကို မွေးဖွားခဲ့သည့် ဥယျာဉ်နေရာဖြစ်သည်။

ဗုဒ္ဓဖွားမြင်ရာ နေ့ရက်အတိအကျသည် အငြင်းပွားဖွယ်ရာများရှိနေသည်။ နီပေါ အာဏာပိုင်များက ဘီစီ ၆၂၃ ခုနှစ် ဟု လက်ခံထားကြပြီး အခြားယုံကြည်မှုများက ပို၍ နောက်ကျသော ဘီစီ ၄၀၀ ခုနှစ်ဝန်းကျင်ဟု သတ်မှတ်ကြသည်။

ဘီစီ ၂၄၉ ခုနှစ်မှ စ၍ လုမ္ဗီနီသည် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာဖြစ်သော သံဝေဇနိယ လေးဌာန အနက်မှ တခု ဖြစ်လာသည်။ ဗုဒ္ဓဘာသာကို အာရှတလွှားသို့ ပျံ့နှံ့အောင် ဆောင်ရွက်ခဲ့သော အိန္ဒိယ ဧကရာဇ် အသောကက ဘီစီ ၂၄၉ ခုနှစ်တွင် ကဗ္ဗည်းကျောက်တိုင် စိုက်ထူ၍ အလေးအမြတ်
ထားရမည့် နေရာအဖြစ် သတ်မှတ်ခဲ့သည်။

နောက်ပိုင်းတွင် တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပြီး ၁၈၉၆ ခုနှစ်တွင်မှာ
ပြန်လည်တွေ့ရှိကာ ၀တ်ပြုရန်အတွက် မာယာဒေ၀ီ ဘုရားကျောင်း အဖြစ်ပြန်လည်တည်ထောင်ခဲ့သည်။ အခုအခါ မာယာဒေ၀ီ ဘုရားကျောင်းကို ကမ္ဘာ့ အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခြင်းခံထားရပြီ ဖြစ်သည်။

လာရောက်ကြည့်ရှု့ကြသူများကိုလည်း အတားအဆီးမဖြစ်စေဘဲ Robin Coningham နှင့်လုပ်ဖော်ကိုင်ဖက်များက UNESCO အဖွဲ့ ဂျပန်နှင့် နီပေါအစိုးရများ၏ ထောက်ပံ့ ကူညီမှုဖြင့် လုမ္ဗနီမှ အခြေအနေများကို မှတ်တမ်း မှတ်ရာများ စုဆောင်းခြင်းနှင့် အသောက ခေတ်လက် ကျန် အုတ်လွှာများ အောက်ကို တူးဖော်ပြီး သမိုင်းကို စူးစမ်းလေ့လာခြင်းများ
ပြုလုပ်နေသည်။

အဆိုပါလေ့လာမှုကို အမျိုးသား ပထ၀ီဝင်အသင်းကြီး (National Geographic Society) ကလည်း ထောက်ပံ့ ကူညီပေး နေသည်။

နိုင်ငံတကာ ရှေးဟောင်းသုတေသနပညာရှင်များ ပါဝင်သည့် အဖွဲ့က လက်ရှိကျန်နေသည့် ဘုရားကျောင်း၏ အုတ်ရိုးများ အောက်ဖက်ကို တူးဖော်ပြီး လေ့လာခဲ့ကြသည်။ အဆိုပါ မာယာဒေဝီကျောင်းသို့ နှစ်စဉ် ဘုရားဖူးများ သိန်းနှင့် ချီ၍ လာရောက်ကြသည်။

“ကျနော်တို့ ဒီနေရာကို လေ့လာစူးစမ်းဖို့ အခွင့်အရေးအလုံးစုံနီးပါး ရရှိထားပါတယ်။ နောက်မျိုးဆက်တွေ ထပ်ပြီးတော့ လေ့လာစရာ မလိုတော့လောက်အောင်ပါပဲ၊ ဒါကြောင့် ကျနော်တို့ အလုပ်တွေကို ဘုရားဖူးလာသူတွေ ရှေ့မှာပဲ ထင်သာ မြင်သာ လုပ်ခဲ့ပါတယ်။ သူတို့ကလည်း ကျနော်တို့ အလုပ်လုပ်နေတာကို လိုက်ကြည့်ကြပါတယ်” ဟု Coningham ကပြောသည်။

တူးဖော်လေ့လာကြည့်မှုအရ အဆောက်အဦ၏ အုတ်ရိုးနံရံများ အောက်ဖက်တွင် ပို၍ ရှေးကျသော သစ်သားထည် အဆောက်အဦ ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။ ထို့ပြင် လက်ရှိ ပုံစံသည် မူလက သစ်သားဖြင့် တည်ဆောက်ခဲ့သည့် အဆောက်အဦ၏ ပုံစံကို ပုံတူကူးယူ၍ တည်ဆောက်ထားခြင်းဖြစ်သည်ဟုလည်း Coningham က ပြောသည်။

ဘုရားကျောင်း၏ အလယ်တွင်တူးဖော်ကြည့်သည့်အခါ သစ်ပင်ကို ၀ိုင်းပတ်ထားသည့် သစ်သားအကာအရံများ စိုက်ထူ ခဲ့သည့် ကျင်းများကိုတွေကြရပြီး ဘီစီ ၅၅၀ ခုနှစ်ဝန်းကျင်က ဖြစ်သည်ဟုလည်း Coningham ကဆိုသည်။ အုတ်နှင့် ဆောက်လုပ်ထားသည်နေရာများ တွေ့ရသည်ဟုလည်း သိရသည်။

အမိုးမရှိသော ဘုရားကျောင်း၏ အလယ်တွင် သစ်မြစ်များ၏ ရုပ်ကြွင်းများတွေ့ရပြီး လူအသွားအလာများသဖြင့် ချောမွေ့ နေ သော ရွှံ့ခင်းကြမ်းပြင်က ၀ိုင်းပတ်ထားသည်။ အထွဋ်အမြတ်ထားသည့် သစ်ပင် သို့မဟုတ် ဗောဓိပင်ဖြစ်ဖွယ်ရာရှိသည်ဟုလည်း သိရသည်။

ညောင်ပင် ကိုးကွယ်မှုကို ရှေးဟောင်း အိန္ဒိယ အစဉ်အလာတွင်တွေ့ရသော်လည်း ယခုသစ်ပင်တွင် အခြားသော အလား တူ နေရာမျိုးများလို ဆည်းကပ်ပူဇော်မှုများ ပြုလုပ်ထားသည့် အရိပ်လက္ခဏာ မတွေ့ရဟုလည်း သိရသည်။

“အဲဒီမှာ အရမ်းသန့်ရှင်းနေပါတယ်။ တကယ်တော့ ဗုဒ္ဓဘာသာရဲ့ အစဉ်အလာဖြစ်တဲ့ ငြိမ်းချမ်းမှုနဲ့ ရိုသေမှုကို ဒါက ဖော်ပြနေတာ ပါပဲ” ဟုလည်း Coningham က ပြောသည်။

၎င်းတို့ အဖွဲ့က တွင်းဟောင်းထဲမှ ရရှိသော မီးသွေးများကို ရေဒီယိုကာဗွန် သက်တန်း စစ်ဆေးပြီး ဘုရားကျောင်း၏ သက် တန်းကို မှန်းဆကြည့်ခဲ့သည်။

သစ်ပင်နေရာကို တူးဖော်စစ်ဆေးပြီးနောက် ဘီစီ ၁၀၀၀ ခုနှစ်ဝန်းကျင်ခန့်တွင် စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်ဟု Coningham က ပြောသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကဲ့သို့ အနေအထားမျိုး အဖြစ်ဖွံ့ဖြိုးလာခဲ့ချိန်မှာ ဘီစီ ၆ ရာစု တွင်ဖြစ်နိုင်သည် ဟုလည်း သိရသည်။

“အခု လေ့လာမှုကနေ တွေ့ရတဲ့ အထောက်အထားသစ်အရ ဒီရိုးရာ ဓလေ့ဟာ အသောကခတ် မတိုင်မီ ရာစုနှစ်များစွာ ကထဲက ရှိနေခဲ့တာဆိုတာနဲ့ ဒါဟာ တကယ်ကို ထူးခြားပြီး စိတ်ဝင်စားစရာ ကောင်းတယ် ဆိုတာပါပဲ” ဟု Leicester တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင် Ruth Young က ပြောသည်။

လန်ဒန် ရှိ University Collage တောင်အာရှရေးရာ ရှေးဟောင်း သုတေသနဌာနမှ ကထိကတဦးဖြစ်သော Julia Shaw က သစ်သားအကာအရံများ ၀ိုင်းရံထားသည့်နေရာသည် အထွဋ်အမြတ်ထားသည့် သစ်ပင်ဖြစ်ဖွယ်ရှိသော်လည်း မှန်းဆ ချက်တခုသာ ဖြစ်သည်ဟု ဆိုသည်။

သက်တမ်းအရင့်ဆုံး ဗုဒ္ဓဘာသာဘုရားကျောင်း ဖြစ်သည်ဆိုသည့် ပြောဆိုချက်ကိုလည်း သူက သတိပေးခဲ့သည်။

“သစ်ပင်ကို ကိုးကွယ်တာ၊ ယဇ်ပလ္လင်ကို ပူဇော်တာက ရှေးဟောင်း အိန္ဒိယကိုးကွယ်ယုံကြည်မှုမှာ နေရာတိုင်းတွေ့နေကျ ကိစ္စဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ ဓလေ့ထုံးစံတွေနဲ့ နဂိုရှိပြီသား ရိုးရာအစဉ်အလာ ကြားမှာ ထပ်တူဖြစ်နေတာတွေရဲ့ အတိုင်းအတာကို ထည့်တွက်မယ်ဆိုရင် သက်တမ်းရင့် သစ်ပင်တွေကို အလေးအမြတ်ထားတာက ဗုဒ္ဓဘာသာ ကိုးကွယ်မှု ကြားမှာ အဆက်အစပ်မရှိဘူးလို့ ယူဆမယ်ဆိုရင်လည်းဖြစ်နိုင်ပါတယ်” Julia Shaw ကပြောသည်။

“အခုထိတော့ ဒါက တကယ်တမ်းဆိုရင် အိန္ဒိယ ရိုးရာဓလေ့ နဲ့ ပတ်သက်တဲ့ ရှေးဟောင်းသုတေသနပညာ အတွက် နောက်ထပ်ရတာတဲ့ အသိအမြင် အသစ်တချို့လို့ပဲ ယေဘုယျအားဖြင့် ပြောလို့ရပါသေးတယ်” ဟုလည်း သူက ထပ်ပြောသည်။

အခြားပညာရှင်များက တွေ့ရှိမှုကို ဂုဏ်ပြုခဲ့ကြသော်လည်း ထပ်မံ၍ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခြင်းမရှိဘဲ ရှေးအကျဆုံး ဗုဒ္ဓဘာသာ အဆောက်အဦးတခုကို ရှာဖွေတွေ့ရှိမှု အဖြစ် အလျင်စလို သတ်မှတ်လက်ခံခြင်း မပြုရန် သတိပေးခဲ့ကြသည်။

“ရှေးဟောင်း သုတေသန ပညာရှင်တွေက သူတို့ ရှာဖွေတွေ့ရှိတာဟာ ရှေးအကျဆုံး ဒါမှမဟုတ် သက်တမ်းအရင့်ဆုံး လို့ ပြောချင်ကြတယ်လေ”ဟု အင်္ဂလန်နိုင်ငံ Leicester တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင် Ruth Young က ပြောသည်။

ဧရာဝတီသတင်း
အဆင်ပြေပါစေ.....
http://nyeinchanthu3.blogspot.com/ 

အခြေခံကားမောင်းနည်း ( အစအဆုံးဖတ်စေချင်ပါသည်)


အခြေခံကားမောင်းနည်း-
1. ကားရှေ့ခန်း စတီယာရင်ဘေးနားက သော့ကို လှည့်လျက် စက်နှိုးပါ။
2. ခြေထောက်တွင် နင်းစရာ သုံးခုအနက် ဘယ်ခြေထောက်ကို ကလပ်ပေါ်တင်ထားပါ၊ ညာခြေထောက်ကို လီဗာပေါ်တင်ထားပါ၊ အလယ်က တင်စရာသည် ဘရိတ်ဖြစ်သည်။ အော်တိုဂီယာစနစ်တွင် ဘယ်ခြေထောက်သည် ဘရိတ်ဖြစ်ပြီး ညာခြေထောက်သည် လီဗာဖြစ်သည်။
3. ဘယ်ခြေထောက်က ကလပ်ကို နင်းလျက် ဂီယာကို နံပတ် ၁ သို့ထိုးပါ။ အော်တိုဂီယာတွင် ဘရိတ်ကိုနင်းလျက် ဂီယာတံတွင် ဖိစရာ တစ်ခုကို ဖိထားရင်း D သို့ရွှေ့ပါ။
4. ဘယ်ခြေထောက်က ကလပ်ကို ဖြည်းဖြည်းချင်းလွှတ်လျက် လီဗာကို ဖြည်းဖြည်းချင်း နင်းပါ။ အော်တိုဂီယာတွင် ဘရိတ်ကိုလွှတ်လျက် လီဗာကို ဖြည်းဖြည်း နင်းချလိုက်ပါ။
5. အရှိန်ရလာသောအခါ ကလပ်ကို နင်းလက် ဂီယာကို 2 3 4  စသည်ဖြင့် လိုအပ်သလို ထိုးပါ။ အော်တိုဂီယာတွင် ထိုးစရာမလိုတော့ဘဲ လီဗာကိုသာ အတိုးအလျှော့ပြုလုပ်ပါ။
6. ဘယ်ညာကွေ့ရန်အတွက် စတီယာရင် ခေါ် အဝိုင်းကြီးကို ဘယ်ဘက်၊ ညာဘက် လှည့်ပါ။
7. အရှိန်တင်လိုခြင်း၊ ရပ်တန့်လိုခြင်းအတွက် ကလပ်ကိုနင်းလျက် ဘရိတ်ကိုနင်းပါ။ အော်တိုဂီယာတွင် ဘရိတ်ကိုသာနင်းပါ..
ဒါဆိုရင် အခြေခံကားမောင်းနည်း ဖြစ်ပါတယ်.
*************

အထက်ပါ စာကိုဖတ်ပြီး တစ်ယောက်တည်း ကားမောင်းသင်ပါက တစ်ခုခုကို တိုက်မယ်၊ ချောက်ထဲထိုးကျမယ်၊ ကိုယ်လည်း ကားတိုက်လို့ သေရင်သေ၊ မသေရင် အနာတရဖြစ်မယ်၊ ဒါကျွန်တော် ကားမောင်းနည်းလို့ရေးထားတဲ့ သင်ခန်းစာ မှားလို့မဟုတ်ဘူးနှော်။

ဘာဖြစ်လို့လဲ..
စာဖတ်ရုံနဲ့ မတတ်ကျွမ်းနိုင်တဲ့ ပညာရပ်တွေရှိနေလို့ပါပဲ.. တကယ်တော့ စာဖတ်ရုံနဲ့လိုက်လုပ်ပြီး တတ်ကျွမ်းကြမယ်ဆိုရင် ဘယ်ကျောင်း၊ တက္ကသိုလ်၊ သင်တန်းကိုမှ တက်ကြတော့မှာ မဟုတ်ပါဘူး.. အကုန်လုံး စာဖတ်ပြီး ပညာတွေ တတ်ကုန်လို့ ခုလောက်ဆို မောင်ပေါက်တစ်ယောက် ကမ္ဘာ့ထိပ်တန်း နည်းပညာရှင်ကြီးဖြစ်နေပြီ..

ဒီတော့ ကျွန်တော့် ဘလော့မှာ ရေးထားတဲ့စာကို ဖတ်ပြီး အဆင်မပြေလို့ ဆဲနေကြ၊ အပြစ်တင်နေကြတဲ့ မိတ်ဆွေများကို ပြောချင်ပါတယ်.. ကိုယ်ကိုယ်တိုင်က ဘာမှ မသိတာကို အတတ်နိုင်ဆုံး နားလည်အောင်၊ လွယ်ကူအောင် လုပ်ပေးထားပါလျက်နဲ့ သူများအဆင်ပြေပြီး ကိုယ်အဆင်မပြေတာတာ ပို့စ်တင်သူ၊ စာရေးသူရဲ့ အပြစ်မဟုတ်ဘူး.. ကိုယ်တိုင်ကိုယ်ကျ လေ့လာသင်ယူရအုံးမယ့် အခြေအနေ အများကြီးရှိသေးတယ်ဆိုတာပါပဲ..

ဒီတော့ အဆင်မပြေဘူး၊ နားမလည်ဘူး ဆိုရင် ပြောပါ။ အတတ်နိုင်ဆုံး အခြေခံကိုတောင် မသိသေးသူတွေ သိအောင်လုပ်ပေးပါမယ်.. ဆဲတာ၊ ဆိုတာ၊ အပြစ်တင်တာဟာ တကယ့် စေတနာနဲ့ လုပ်ပေးနေတဲ့ သူကို စိတ်ပျက်သွားစေပါတယ်..

credit :www.maungpauk.org
 အဆင်ပြေပျော်ရွင်ပါစေ.....
http://nyeinchanthu3.blogspot.com/

ခေါင်းဆောင်မှု၊ ပြဿနာဖြေရှင်းခြင်းနှင့် ဆုံးဖြတ်ချက်ပြုလုပ်ခြင်း ၊အချိန်စီမံခန့်ခွဲခြင်း



စာအုပ်အမည်               -      ခေါင်းဆောင်မှု၊ ပြဿနာဖြေရှင်းခြင်းနှင့်
                                        ဆုံးဖြတ်ချက်ပြုလုပ်ခြင်း ၊အချိန်စီမံခန့်ခွဲခြင်း။

စာရေးသူအမည်            -      မသိ
စာအမျိုးအစား              -      စီးပွားရေး ၊ စီမံခန့်ခွဲမှု
အားလုံးပဲအဆင်ပြေအောင်မြင်ကြပါစေဗျာ....
http://www.nyeinchanthu3.blogspot.com/


"Android သမိုင်းအကျဉ်း"

"Android သမိုင်းအကျဉ်း"





Android OS ဆိုတဲ့စနစ်ကို Smart မိုဘိုင်းဖုန်းများတွင် စတင်အသုံးပြုခဲ့သည်မှာ Google ဖြစ်သည်။ Google ၀ယ်ယူခဲ့သော Android Inc. ကနေပြီး Android ဆိုသည့် Operating System(OS) တစ်ခုကို စတင်ပြုလုပ်ခဲ့သည်။ Android OS ၏ Beta Version ကို ၂၀၀၇ ခုနှစ်မှာ Google မှစတင်ပြီးထုတ်လုပ်ခဲ့သည်။

Android OS ကိုစတင်ထုတ်လုပ်ခဲ့သည့် Version မှာ Version 1.0 ဖြစ်ပြီး၊ ထိုဗားရှင်းကို ၂၀၀၈ ခုနှစ်မှာ စတင်ထုတ်လုပ်အသုံးပြုခဲ့သည်။ မိုဘိုင်းဖုန်း OS တစ်ခုအဖြစ် စတင်အသုံးပြုခဲ့တာဖြစ်ပြီး ၄င်း OS စနစ်သည် Linux ပလက်ဖောင်းတစ်ခုပေါ်မှာ အခြေခံပြုလုပ်ရေးဆွဲထားခဲ့သည်။

Android OS စနစ်ကို မိုဘိုင်းဖုန်းတွေပေါ်မှာ စတင်ထည့်သွင်းအသုံးပြုခဲ့သည်မှာ HTC ဖြစ်သည်။ HTC သည်မိုဘိုင်းဖုန်း Hardware ပိုင်းဆိုင်ရာတွေကိုထုတ်လုပ်ခဲ့ပြီး Google နှင့်ပေါင်းစည်းကာ Android OS စနစ်ကိုစတင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ Android OS ကို စတင်ထည့်သွင်း အသုံးပြုခဲ့သည့်ဖုန်းသည် HTC Dream လို့ခေါ်သော HTC Google G1 ဖုန်းနှင့် စတင်အသုံးပြုခဲ့သည်။ Google G1 မှာ စတင်ထည့်သွင်း အသုံးပြုခဲ့သည့် Android OS Version 1.0 ဖြင့်စတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ၄င်း OS စနစ်ကို ပိုမိုဖွင့်ဖြိုးတိုးတက်လာစေရန်အတွက် ပြုလုပ်ခဲ့ကြသည်။

Version 1.0 ၏နောက်မှာ 1.1 ကိုထပ်မံထုတ်လုပ်ခဲ့ပြီး Version 1.5 ကနေစတင်ပြီး Android OS 1.5 Cupcake ဆိုသည့်နာမည်ကို စတင်အသုံးပြု ထုတ်လုပ်ခဲ့သည်။ Android OS စတင်ကာစအချိန်တွင် Google ကကိုင်တွယ်ခဲ့ပြီး OS Develope ဖြစ်နိုင်ဖို့ရန်အတွက် Google က ပြုလုပ်ခဲ့သည်။ ထို့နောက် Android OS နည်းပညာပြန့်ပွားစေရန်နှင့် OS အဆင့်ပိုမိုမြင့်မားလာစေနိုင်ရန်အတွက် Android ကို Open Source တစ်ခုအနေနှင့် အခမဲ့ရယူအသုံးပြုနိုင်စေဖို့ ပြုလုပ်ပေးခဲ့သည်။ ထိုသို့ပြုလုပ်ခဲ့သည့်အတွက် အခြားမိုဘိုင်းဖုန်းထုတ်လုပ်ရေးကုမ္ပဏီများအနေဖြင့် Android OS ကိုထိတွေ့ခံစားခွင့်ရရှိခဲ့ကြပြီး Android OS ကို မိမိတို့ကိုယ်ပိုင်ဟန်တစ်ခု၊ ကိုယ်ပိုင် Software Interface တစ်ခုပုံစံမျိုးဖြစ်လာအောင် ပြုပြင်အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။

Android OS စနစ်ကို စတင်အသုံးပြုခဲ့သည့်အချိန်တုန်းက Version 1.0 လို့ခေါ်သော Astro ဆိုတဲ့နာမည်နှင့် စတင်ခဲ့တာဖြစ်သည်။ နောက်ပိုင်းတွင်မူ OS Version တွေကို တဖြည်းဖြည်းအဆင့်မြှင့်တင် ထုတ်လုပ်ခဲ့ကြသည်။
Version 1.1 Astro ၏နောက်တွင် 1.1 Bender ကိုထုတ်လုပ်ခဲ့ပြီး ထိုအချိန်အတောအတွင်း Version 1.2, 1.3, 1.4 များကို မထုတ်လုပ်ခဲ့ချေ။

Version 1.1 မှနေ၍တိုက်ရိုက် Version 1.5 ကိုပြောင်းလဲခဲ့ပြီး၊ Vesion 1.5 ကို Android Cupcake ဟုခေါ်တွင်ခဲ့ခြင်းကို တွေ့ရသည်။ 1.5 ၏နောက်မှာ 1.6 Donut ကိုထုတ်လုပ်ခဲ့ပြီး Version 1.6 ၏နောက်ပိုင်းမှာ 2.1 Éclair, 2.2 Froyo, 2.3 Gingerbread အစရှိသဖြင့် ဗားရှင်းများအသီးသီးထွက်ရှိလာခဲ့သည်ကို တွေ့ကြရမှာဖြစ်သည်။ ထွက်ရှိခဲ့သည့် Android OS Version များအားလုံးသည် မိုဘိုင်းဖုန်းတွေအတွက် အသုံးပြုနိုင်ရန် ထွက်ရှိခဲ့တာဖြစ်ပြီး ထိုဗားရှင်းတွေအားလုံးကို မိုဘိုင်းဖုန်းများပေါ်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

2.1 ဗားရှင်း၏နောက်မှာ နောက်ထပ်ဗားရှင်းတစ်ခုကို ထပ်မံထုတ်လုပ်ခဲ့သည်။ ၄င်းမှာ Version 3.0 ဖြစ်ပြီး ဤဗားရှင်းသည် မိုဘိုင်းဖုန်းတွေအတွက် မရည်ရွယ်ဘဲ ကွန်ပျူတာအသေးစားလေးတွေအဖြစ် သယ်ဆောင်အသုံးပြုနိုင်ရန် ထုတ်လုပ်လာကြသည့် Tablet များမှာ အသုံးပြုရန်အတွက် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ Android Version 3.0 ကို Tablet များမှာသာ သီးသန့်အသုံးပြုနိုင်ရန် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည့်အတွက် ၄င်းဗားရှင်းကို မိုဘိုင်းဖုန်းများပေါ်တွင် မြင်တွေ့နိုင်မှာမဟုတ်ချေ။ Android Version 3.0 ကို Honeycomb လို့ ခေါ်ဆိုသတ်မှတ်ခဲ့ကြသည်။

နောက်ပိုင်းမှာ Version 4.0 ထွက်ရှိလာခဲ့သည်။ ထိုဗားရှင်းက မိုဘိုင်းဖုန်းများတွင်သာမက Tablet များမှာပါ နှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်မည့်OS Version တစ်ခုအနေနှင့် ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။ Version 4.0 ကို Ice-cream sandwich လို့ခေါ်ဆိုခဲ့ကြသည်။ ICS လို့ခေါ်သော Version 4.0 ၏နောက်မှာ များမကြာသေးမီက အသစ်စက်စက်ထွက်ရှိထားသည့် Android ၏ Jelly Bean ဟုခေါ်သော Version 4.1 ဖြစ်သည်။

Ref: ကိုသက်(Internet Journal)

facebook မှပြန်လည်မျှဝေပါသည်။ 
အဆင်ပြေပျော်ရွင်ပါစေဗျာ.....

"ကြက်သွန်နီက ဘာကြောင့်ငိုခိုင်းသနည်း"

"ကြက်သွန်နီက ဘာကြောင့်ငိုခိုင်းသနည်း"






ကြက်သွန်နီသည် ဘယ်လိုလူမျိုးကိုမဆို မျက်ရည်ကျစေတတ်သည်။ ဘာကြောင့်လဲ။ အလွန်ကိုနည်းလမ်းကျသော ဖြေရှင်းချက်တစ်ခုပါ။ အခြေခံကျကျပြောရလျှင် ကျွန်ုပ်တို့မျက်လုံးနှင့် ကြက်သွန်နီအကြားတွင် သေးငယ်သောဓာတုဗေဒဆိုင်ရာသက်ရောက်ခြင်းကိုဖြစ်ပေါ်စေရန် ကြက်သွန်မှ အငွေ့ပျံ့မှုဖြစ်သောကြောင့်ဖြစ်သည်။

စားပွဲပေါ်တွင် ကြက်သွန်ကို ဒီအတိုင်းထားလျှင် ဘာမှမဖြစ်ပေမယ့် ကြက်သွန်ကိုလှီးလိုက်သောအခါမှာ ပြောင်းလဲမှုတစ်ခုကို စတင်ကြုံတွေ့လာပါတော့သည်။ ကြက်သွန်ကိုလှီးနေသောအချိန်တွင် ၄င်း၏ ဆဲလ်တွေကွဲပျက်သွားခြင်းကြောင့် အမိုင်နိုအက်စစ်ဖြစ်သော(Amino acid) ဆာလ်ဖောအ်ဆိုဒ်တွေက (sulfoxides) ဆာလ်ဖိဒ်နစ်အက်စစ်တွေ (sulfenic acids)အဖြစ်သို့ပြောင်းလဲသွားသည်။ ထိုသို့ပြောင်းလဲမှုမှ ပရိုပန်နက်ထိရို အက်စ် အောက်ဆိုဒ်(propanethiol S-oxide)အငွေ့တွေကို ထုတ်လွှတ်သည်။ ထိုအငွေ့များသည်ပျံ့လွှင့်လာပြီး မျက်လုံးထဲကိုဝင်ရောက်လာသည်။

တစ်ချိန်တည်းမှာ ဆာလ်ဖျူရစ်အက်စစ်ဒြပ်ပေါင်း(sulfuric acid compound)က မျက်လုံးကိုထိတွေ့သည်။ နောက်ဆုံးရလဒ် ဆာလ်ဖျူရစ်အက်စစ်(sulfuric acid)ကြောင့် မျက်လုံးသည် ဆိုးဝါးစွာခံစားရမည်။ ထိုအခါ မျက်လုံးသည် ဆိုးရွာသောအက်စစ်ငွေ့များကို ပြန်လည်တိုက်ထုတ်ရန်နှင့် ဆေးကြောရန် တက်နိုင်သလောက် များစွာမျက်ရည်ကိုထုတ်သည်။

ထိုကဲ့သို့ ဓာတုဗေဒဆိုင်ရာသက်ရောက်ခြင်းသည် မျက်ရည်ကျခြင်းမှာ သဘာဝကျလှသည်။ ကြက်သွန်နီကြောင့် မျက်ရည်ကျရသည်မှာနှစ်ပေါင်းများစွာ ကျော်ဖြတ်လာခဲ့ပြီ။ ထိုကြောင့် ကြက်သွန်နီကမလှီးခင် မျက်ရည်မကျချင်လျှင် စီးကျနေသောသောရေအောက်မှာလှီးလျှင်လှီး သို့တည်းမဟုတ်ပါက အန္တာရယ်ကင်း မျက်မှန်ဝတ်ပြီးလှီးလျှင် ကောင်းမွန်လိမ့်မည်။

Ref: www.hforcare.com
 
ရှားရှားပါးပါးဗဟုသုတများမှ ပြန်လည်မျှဝေသည်။ 
အဆင်ပြေပျော်ရွင်ပြီး ဗဟုသုတများတိုးပွားပါစေဗျာ....
ငြိမ်းချမ်းသူ(နည်းပညာ)

ခေတ်အဆက်ဆက်အသုံးပြုခဲ့တဲ့ computer windows များ

1985 Windows 1.0



The First Version of Microsoft Windows, Windows 1.0, with simple applications and the concept of multitasking on PC
1987 Windows 2.0
The Second Version of Windows, Windows 2.0 with some fixes and the Control Panel.


1988 Windows 2.1


The Second Version of Windows with some additions, and some fixes, Windows 2.1, the Paint software is seen in this one!

1990 Windows 3.0

The Third Version of Windows, Windows 3.0, featuring the File Manager and Program Manager, replacing the old MS DOS based File and Program Managers.




1992 Windows 3.1
The later released upgraded version of Windows 3.0, which had support for 32-bit Disk Access, Personalization options and had the Minesweeper game for the first time.

1995 Windows 95

Windows 95, the changed look, the new interface and the beginning of the form of Windows which we see now. Enhanced Graphics and better Communication Programs.

1998 Windows 98

Windows 98, one of the most successful versions of Windows till now, this version of Windows can still be seen in some PCs even today. With Extended Softwares, better Performance, this Version was the first milestone in the path of the development of Windows.

2000 Windows ME

Windows ME or Windows Millenium Edition, though not a very popular version of Windows, but still it had some better tools and performance than the previous ones in some cases.
2001 Windows XP

Windows XP, the Daddy of all versions of Windows, the most popular version of windows even today. Windows XP is still used today because of its unmatched performance, tools and interface. This has been the best version of Windows till the arrival of Windows 7.
2006 Windows Vista

Windows Vista, though it didn’t go so well in the public, but still its a good version of Windows specially for the interface the Windows Aero™ Effect, making the Window Transparency work like magic.

2009 Windows 7

Windows 7, the best version of Windows till date. With the new and advanced features such as the Superbar, this version of Windows created another milestone for Microsoft after Windows 98 and Windows XP. Windows 7 features an unbeatable user interface, and powerful tools that makes it the best among the rest.

2012 Windows 8

Windows 8, to be released in the late 2012. The interface of Windows 8 as seen at the D9 Conference. A better version of Windows as proposed by Microsoft, with the changed User Interface.