Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label ရုပ်ရှင်လောက. Show all posts
Showing posts with label ရုပ်ရှင်လောက. Show all posts

သမီးလေးသာ ဘ၀မှာ အရေးကြီးဆုံးပါလို့ပြောလာတဲ့ မီးမီးခဲ

အသံဝဲ၀ဲလေးနဲ့ ချစ်စဖွယ်အပြုံးကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိခဲ့တဲ့ မီးမီးခဲဟာ ခုနောက်ပိုင်း နယ်ရှိုးတွေ သွားဆိုဖြစ်နေတယ်လို့ သိရပြီး သူမ ရဲ့ Miss call MTV ကိုလည်း စတင် ရိုက်ကူးနေပြီလို့ သိရတာကြောင့် သွားရောက်တွေ့ဆုံမေးမြန်းဖြစ်တဲ့အခါ သူမက “အစ်မ ခု လောလောဆယ် ချောင်းသာ၊ ပုသိမ်တို့မှာ နယ်ရှိုးလေးတွေ တောက်လျှောက် ဆိုဖြစ်နေတယ်။ အစ်မရဲ့ အမ်တီဗီလေးကတော့ အစကတော့ မလုပ်တော့ဘူးဆိုပြီး စဥ်းစားခဲ့တာ၊  ခုတော့ အစ်မရဲ့ပရိသတ် တွေအတွက် ၁၀ပုဒ် ရိုက်ခဲ့ပြီးပါပြီ။ ၃ ပုဒ်ပဲ ကျန်ပါတော့တယ်။ အစ်မ ဒီကြားထဲမှာလဲ အမေနဲ့အတူ ပြည်ပခရီးစဉ်ထွက်ဖို့ ရှိတဲ့အတွက် စက်တင်ဘာလထဲမှာတော့ အစ်မရဲ့ Misscall အခွေကို ပရိသတ် ဆီရောက်အောင် ကြိုးစားနေပါတယ်။ ပြီးတော့ ဒီဇင်ဘာလထဲမှာလဲ အစ်မကိုယ်တိုင် တစ်ခွေလုံးကို ရေးထားတဲ့ Own Tune သံစဉ်တွေကို ပရိသတ်တွေဆီ အရောက်ပို့ပေးနိုင်ဖို့ ဖန်တီးပေးသွားပါမယ်။ အဲ့ဒီအခွေလေးက အစ်မရဲ့ ခံစားချက်တွေကို အသက်ပြန်သွင်းပြီးစိတ်ထဲမှာ ခံစားရသမျှကို ရေးသားထားတာပါ။ အခွေနာမည်ကိုတော့ အသစ်ကပြန်စမယ်လို့ ပေးထားပါတယ်” တဲ့။
သူမရဲ့ အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီးတော့လဲ “အစ်မဘ၀မှာ သမီးလေးကတော့ မရှိမဖြစ်ပါပဲ။ လူတွေဟာ လေမရှိရင် အသက်မရှင်နိုင်သလို အစ်မဘ၀မှာလဲ သမီးလေး မရှိရင် အသက်မရှင်နိုင်ဘူး။ အစ်မက သီချင်းဆိုရင်လဲ ပရိသတ်တွေအတွက် အပြုံးတွေပဲ ပေးနိုင်တာပါ။ တချို့က ထင်ကြတယ်။ အစ်မတို့ အနုပညာရှင်တွေမှာ စိတ်ဆင်းရဲစရာမရှိဘူးလို့။ ဒါပေမဲ့ အစ်မမပါဘူး။ အားလုံးလဲ အစ်မဘ၀ကို သိမှာပါ။ အစ်မ အိမ်ထောင်ကွဲတာ ၃နှစ်ရှိပါပြီ။ အစ်မအနေနဲ့ သမီးလေးကို ငဲ့ပြီး သည်းခံခဲ့တာပါ။ နောက်ဆုံး သည်းမခံနိုင်တဲ့ အဆုံးမှာ ဖွင့်ပြောခဲ့တာပါ။ တချို့က အခုမှသိရလို့ဖြေသိမ့်ပေးကြတယ်။ အစ်မ၀မ်းသာပါတယ်။ ဒါပေမဲ့ ခု အစ်မဘ၀မှာ သမီးလေးကသာ အရေးကြီးဆုံးပါ။ ပြီးတော့ သမီးလေးရဲ့ ပညာရေးကို ပဲ ဦးစားပေးသွားမှာပါ”လို့ သူမက ပြောပြခဲ့ပါတယ်။
အောင်မြင်ပျော်ရွင်ပါစေဗျာ.....

ဦးဇင်ဝိုင်း ပြောသွားတာ ရှင်းလင်းပြီး ပြတ်သားပါတယ်…


" မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဖြစ်ပျက်လာသမျှ ကိစ္စအဝဝသည် နိုင်ငံတော်ကို အုပ်ချုပ်ခဲ့တဲ့ အစဉ်အဆက်သော အစိုးရများမှာ တာဝန်ရှိတယ်လို့ ကျတော်တရားဝင်စွပ်စွဲပါတယ်…

တချိန်က တိုင်းရင်းသားများနဲ့ ငြိမ်းချမ်းရေး ရရှိတယ် ဆိုတဲ့ အသံကောင်းဟစ်ဖို့အတွက်ကို လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ခြင်းမရှိဘဲ တကယ်စားပွဲပေါ်မှာ ထိုင်ပြီး မိမိတို့ရဲ့ တိုင်းရင်းသားများနဲ့ တန်းတူညီမျှအခွင့်အရေးမရရှိခဲ့ဘဲံနဲ့ လက်နက်တွေ ကိုင်စွဲထားစေပြီးတော့ ငြိမ်းချမ်းရေး ဆိုတာကို ဟန်ပြစကားပြောခဲ့ပြီး လုပ်ချင်ရာလုပ်ကြဆိုပြီး လွှတ်ထားပေးခဲ့တဲ့ အကျိုးဆက်တွေဟာ ဒီနေ့ ကျတော်တို့လုငယ်အညွှန့်အဖူးကို ထိခိုက်နေပါပြီ…

တကယ့်ကိုမှ သူဋ္ဌေးသူကြွယ်ကြီးတွေလိုမျက်နှာဖုံးတပ်ပြီးတော့မှ လန်ခရူစာကြီးတွေ ဧကနဲ့ချီတဲ့ ခြံကြီးတွေထဲမှာ နေနေတဲ့ ပုဂ္ဂိုလ်များကို ဖော်ထုတ်ပေးပါ… ဖမ်းဆီးပေးပါ… ရှာဖွေပေးပါလို့ ကျတော်ကတောင်းဆိုပါတယ်ခင်မျာ…

သက်နှင်း သုန္ဒရီ
သတင်းပေါင်းစုံ

ဇာတ်ကားတွေ ပြန်ရိုက်နေပြီ ဖြစ်တဲ့ အိန္ဒြာကျော်ဇင်


ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ နတ်သမီး မျှားတဲ့ငါး ဗီဒီယိုဇာတ်ကားမှာ စိုင်းစိုင်းခမ်းလှိုင်၊ အိန္ဒြာကျော်ဇင် စတဲ့ သရုပ်ဆောင်များ ပါဝင် သရုပ်ဆောင် ထားကြပါတယ်။

ဇာတ်ကား ရိုက်တွေနားထားတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ပထမဆုံး ဇာတ်ကားများ ပြန်လည် ရိုက်ကူးမှု ဖြစ်ပါတယ်။ ကျန်းမာရေးကြောင့် ဇာတ်ကားရိုက်တွေ နားထားပေမယ့် ကြော်ငြာနဲ့ ဓာတ်ပုံ ရိုက်ကူးမှုတော့ အိန္ဒြာကျော်ဇင်က လုပ်ဖြစ်ပါတယ်။

 ဇာတ်ကားတွေကို တလ တကားနှုန်း ပြန်လည် ရိုက်ကူးဖို့ စီစဉ်ထားတဲ့ အိန္ဒြာကျော်ဇင်က “ကျန်းမာရေးကြောင့်ရယ်၊ သမီးလေးကို အချိန် များများပေးချင်တဲ့ စိတ်တွေ များသွားလို့ ကားမရိုက်ဖြစ်ခဲ့တာ။ ရှုတင်ရောက်နေပြီဆိုရင် စိတ်က သတိရနေတာ။ တခြား ဘာမှ စိတ်မချစရာ အကြောင်းလည်း မရှိပါဘူး။ အခု ပြန်ရိုက်တယ် ဆိုတာက ကျန်းမာရေး ပြန်ကောင်းသွားပြီ။ နာကျင်တာ ဘာမှ မရှိတော့ဘူး” လို့ ဆိုပါတယ်။
ရိုက်ကွင်းကို သွားတဲ့အခါ ပြေသုဒြာက အမေဖြစ်သူနဲ့ ရိုက်ကွင်းကို လိုက်မယ်လို့ မပြောဘူးလို့ သိရပါတယ်။

 “အူဝဲက ရှုတင်ကို ခေါ်ချင်တာ။ ရှုတင်ကို တနေကုန်ကြီး ခေါ်ဖို့က အဆင်မပြေပါဘူး။ စားချိန်၊ အိပ်ချိန်က ရှိသေးတယ်။ ခဏ တဖြုတ်လေးကို အူဝဲကခေါ်တာ။ ရှုတင်လိုက်ခဲ့ပါလား၊ မေမေက ရှုတင်ကနေ သမီးလေးကို သတိရနေတာလို့ ပြောတော့ လိုက်ချင်ဘူး၊ အိမ်မှာပဲ နေမယ်လို့ ပြောတယ်။ သူက အပြင် မကြိုက်ဘူး။ အိမ်ပျော်တာ။ အခုအချိန်ပေါ့၊ နောက်တော့မသိဘူး” လို့ အိန္ဒြာကျော်ဇင် က သမီးလေး ပြေသုဒြာနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
အောင်သီရိ ဗီဒီယို ထုတ်လုပ်ရေးအတွက် ရိုက်ကူးတဲ့ ဒီဇာတ်ကားမှာ အိန္ဒြာကျော်ဇင်က မိသားစု တစုအတွက် ကလဲ့စားချေဖို့ နှစ်ပေါင်းများစွာ ကြံစည်ခဲ့သူ အဖြစ် သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။

ဒီဇာတ်ကားကို ရိုက်ဖို့ အောင်သီရိ ဗီဒီယို ထုတ်လုပ်ရေးက ဇာတ်လမ်း လေးငါးပုဒ်လောက် ပေးဖတ်ထားပြီး အဲဒီထဲကမှ အဆင်ပြေတာကို ရွေးချယ် ရိုက်ကူးတာ ဖြစ်တယ်လို့ သိရပါတယ်။

 နိုဝင်ဘာလမှာ ကျရောက်မယ့် ခင်ပွန်းဖြစ်သူ ပြေတီဦးရဲ့ မွေးနေ့အတွက် မွေးနေ့လက်ဆောင် မစဉ်းစားထားသေးပေမဲ့ သမီးလေး ပြေသုဒြာ မွေးနေ့အတွက်တော့ အိန္ဒြာကျော်ဇင် က ပြင်ဆင်ထားပါတယ်။

“သမီးလေး မွေးနေ့အတွက် ကတော့ လှူဖို့လေးပဲ စဉ်းစားထားတယ်။ မရှိတဲ့ နေရာ၊ ကလေးတွေနဲ့ ပတ်သက်ပြီး လိုအပ်မယ့် နေရာတွေကို စဉ်းစား ရွေးချယ် နေပါတယ်။ အဲဒီ နေရာတွေမှာ လှူဖြစ်မယ်” လို့ အိန္ဒြာကျော်ဇင် က ဆိုပါတယ်။

ခင်လေးမြင့်

မူရင်း -  အောက်တိုဘာ ၁၄ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်
အလင်းတန်းဂျာနယ်ကို ခွင့်ပြုချက်တောင်းပြီး ကူးယူ ဖော်ပြပါတယ်။အိန္ဒြာကျော်ဇင်မိသားစုဓာတ်ပုံကို သူ့ဖေ့စ်ဘုတ်ကနေ ယူပါတယ်။

ဧရာဝတီ Myanmar News
အဆင်ပြေပါစေဗျာ...

မိုးအောင်ရင်ရဲ့ ဂျပန် အချစ်ခရီးစဉ်


မိုးအောင်ရင်က ဂျပန် နိုင်ငံ မှာရှိတဲ့ အဒေါ်ဖြစ်သူထံ နှစ် ပတ်ကြာ အလည်အပတ်သွား ရောက်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက် နေ့ မနက် ၉ နာရီက ရန်ကုန် အပြည်ပြည်ဆိုင် ရာ လေဆိပ် ကိုပြန် လည်ရောက်ရှိ ခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ အဒေါ်နဲ့လည်း တွေ့ခဲ့သလို အလုပ်ကိစ္စနဲ့ ဂျပန် မှာ ရောက်ရှိနေတဲ့ ချစ်သူနဲ့ လည်း လည်ပတ်ခဲ့ တာကြောင့် အချစ်ခရီးစဉ်လေးဖြစ် ခဲ့တယ် လို့လည်း မိုးအောင်ရင်က ပြော ပါတယ်။ “Disney Land တို့၊ ဖူဂျီတောင်တို့ကို သွားလည်ခဲ့ တယ်။ အလုပ်ကိစ္စ ရှိတော့ သူနဲ့ လည်း သိပ်မတွေ့လိုက် ရဘူး။ ရတဲ့အချိန်မှာပဲလျှောက်လည် တာပေါ့။ ဖူဂျီတောင်ကို ညနေ ၄နာရီလောက်မှ ရောက်တယ်။ တအားအေးတော့ ဓာတ်ပုံတောင် ကောင်းကောင်း မရိုက်ခဲ့ ရဘူး။
ဒီခရီးစဉ်ရဲ့အကြီး ကျယ်ဆုံး အမှတ်တ ရကတော့ လျှာဖောက်လာခဲ့ တယ်။ကောင်မလေးနဲ့ ဆင်တူ ဖောက်ခဲ့တာ။နောက်ပြီး သူတို့ ရဲ့ ရိုးရာပုံစံဆာမူရိုင်း လိုဝတ်ခဲ့ တယ်။” လို့ ဂျပန် ခရီးစဉ်ရဲ့ အမှတ်တရတွေကို ပြန်လည်ပြောပြ ခဲ့ပြီး၊ ဒီခရီးစဉ် ကတအား ပျော်စရာ ကောင်းခဲ့ကြောင်း မိုးအောင်ရင် ကပြောပါတယ်။

Popular Myanmar News Journal
အဆင်ပြေပါစေ....
http://nyeinchanthu3.blogspot.com/

မူးယစ်ဆေးဝါးကိစ္စအကြောင်း ပရိသတ်ကို ဖြေရှင်းလိုက်တဲ့ မင်းမော်ကွန်း


အခုတလော နာမည်ကြီး အနုပညာရှင်တွေ ရဲ့ ယခင် မူးယစ်ဆေးဝါး စစ်ဆေးချက် မှတ်တမ်းတွေ ထွက်လာတဲ့အပေါ် ဖေ့စ်ဘွတ်ခ် ရပ်ဝန်းမှာ ဟိုးဟိုးကျော်ခဲ့တဲ့အတွက် အနုပညာရှင်တွေအနေနဲ့လည်း ပရိသတ်ကို ပြောစရာစကားတွေ ရှိလာပါတယ်။

မှတ်တမ်းထဲမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ အကယ်ဒမီ မင်းမော်ကွန်း ကတော့ သူနဲ့ပတ်သက်တဲ့ ခံစားချက်အကြောင်း sunday journal ကိုအခုလို ရှင်းပြခဲ့ပါတယ်။

@@``အဲဒီအထဲမှာမှ ကျွန်တော့်နာမည်ကို ထိပ်ဆုံးက တင်ထားကြတယ်။ သြော်.. အဲဒါမျိုးကျတော့ ကျွန်တော့ကို ထိပ်ဆုံးကနေ သတိရကြတဲ့အတွက် တော်တော်လေးကို ချစ်ဖို့ကောင်းကြတယ်ပေါ့။ အနုပညာရှင်တွေနဲ့ပတ်သက်ပြီး ဒီလို မူးယစ်ဆေးတွေ သုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာက တကယ်လုပ်ခဲ့တဲ့ လူတွေကတော့ ဘာမှ မဖြစ်လောက်ဘူး။ ဒါပေမယ့် မလုပ်တဲ့လူတွေ အတွက် အရမ်းကို ဒေါသထွက်ဖို့ကောင်းတယ်။ လူပဲဗျာ မှားတဲ့အချိန်တုန်းကလည်း မှားတာမျိုးတွေရှိခဲ့တာပေါ့။ အမြဲတမ်းချည်းတော့လည်း အားလုံးက မှားမနေကြဘူး။ အမြဲတမ်းမှန်နေတဲ့လူလည်းမရှိဘူးလေ။ တကယ်တော့ ကျွန်တော်တို့ အနုပညာရှင်တွေက သားကောင်တွေလိုဖြစ်နေတာ။ တခြားသူတွေရဲ့ မူးယစ်ဆေးဝါးနဲ့သော်လည်းကောင်း၊ တခြား ပယောဂတွေနဲ့သော်လည်းကောင်းမှိုင်းတိုက်တာကို ခံနေရတဲ့ သားကောင်တွေ ဖြစ်နေတယ်။ ဒါကို ကျွန်တော်တို့လောကသားတွေကို တရားခံတွေလိုစွပ်စွဲပြီး ခေါင်းစဉ်တပ်လို့မရပါဘူး။ နောက်တစ်ခုက ကျွန်တော်တို့ လောကမှာ မူးယစ်ဆေးဝါးကို စီးပွားဖြစ်ဖြန့်ဝေရောင်းချပြီး လူမျိုးဖျက်နေတဲ့လူတွေ တစ်ယောက်မှ မရှိဘူး။ မူးယစ်ဆေးက မရောင်းဘူး ဆိုတာ လူတိုင်းသိတယ်။ ဒါပေမယ့် အဲဒါကို မလွန်ဆန်နိုင်တဲ့ သူတွေသာ ၀ဋ်ကြွေးတစ်ခုလို ငြိတွယ်နေကြတာပါ။ ကျွန်တော်အနေနဲ့တော့ ၀ါးလုံးရှည်နဲ့ မရမ်းစေချင်ပါဘူးဗျာ ...ကျွန်တော်တို့က ပရိသတ်အတွက် အမြဲသစ္စာရှိပါတယ်။ ပရိသတ်တွေ အားပေးရကျိုးနပ်အောင်လည်း အမြဲကြိုးစားနေပါတယ်။ ကျွန်တော်ပြောချင်တာက အနုပညာရှင်တွေကလည်း လူသားတစ်ယောက်ဖြစ်လို့ အမှားနဲ့တော့ မကင်းနိုင်ကြပါဘူး ´´@@ လို့ sunday journal ကို ဒီဇင်ဘာ 4ရက်နေ့က ဖြေကြားခဲ့ပါတယ်။

သတင်း၊ ပိုင်နိုင်သူ
Sunday Journal
အဆင်ပြေပါစေ.....
http://nyeinchanthu3.blogspot.com/

အနုပညာရှင်များ မူးယစ်ဆေးသုံးစွဲမှု စွပ်စွဲဖော်ပြခဲ့သည့် မိုးဇေငြိမ်းကို ဖော်ထုတ်မည်


ကြာသပတေးနေ့၊ ဒီဇင်ဘာ ၅ ရက်၊ ၂၀၁၃ ခုနှစ်

နာမည်ကျော် အနုပညာရှင်များဖြစ်သော စိုးမြတ်သူဇာ၊ န၀ရတ်တို့၏ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်ခဲ့ သည်ဟုဆိုသော ရဲစစ်ချက်မှတ်တမ်းများဟု ယူဆရသော အချက်အလက်များကို လူမှုကွန်ရက်စာမျက် နှာ ဖေ့စ်ဘွတ်တွင် ဖော်ထုတ်ခဲ့သော Moe Zay Nyein (မိုးဇေငြိမ်း) အကောင့်ပိုင်ရှင်ကို စုံစမ်းစစ်ဆေး ဖော်ထုတ်သွားမည်ဟု ရန်ကုန်အနောက်ပိုင်းခရိုင် မူးယစ်အထူးအဖွဲ့မှ ဒု-ရဲမှူး ခင်မောင်သိန်းက ဒီဇင် ဘာ ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က မူးယစ်ဆေးနှင့် ဆက်စပ်ပတ်သက်မှုဖြင့် အနုပညာရှင်အချို့ကို ခေါ်ယူ စစ် ဆေးမှုများ ရှိခဲ့သည်ဟုလည်း ဒုရဲမှူး ခင်မောင်သိန်းက ပြောသည်။

“အခု လျှို့ဝှက်စစ်ချက်တွေကိုရေးလိုက်တဲ့အတွက် တကယ်သာ ဆက်ဖော်ထုတ်ရတဲ့အမှုတွေဆို ဆက် ဖော်ထုတ်ဖို့ ခက်သွားနိုင်တယ်။ (အကောင့်ပိုင်ရှင်ကို) အထက်က ညွှန်ကြားချက်နဲ့ စုံစမ်းနေတဲ့ အဖွဲ့ရှိ တယ်။ ရေးတဲ့သူကို စုံစမ်းနေတယ်။ နိုင်ငံတော်လျှို့ဝှက်ချက်များ ဥပဒေအရ အရေးယူသွားမယ်”ဟု ၎င်း က ပြောသည်။

Moe Zay Nyein ၏ အကောင့်တွင် မူးယစ်ဆေးဝါး အစီရင်ခံစာနှင့် စစ်ချက်များတွင် နောက်ထပ် ဖော်ပြစရာများ ကျန်ရှိနေသေးသော်လည်း ပတ်သက်ရာ ပတ်သက်ကြောင်း အဖွဲ့အစည်းများ၏ မေတ္တာရပ်ခံချက်နှင့် ကာယကံရှင်များ၏ မေတ္တာရပ်ခံမှုများကို ထောက်ထားပြီး ဆက်လက် မဖော်ပြရန် ဆုံးဖြတ်လိုက်ကြောင်း ဒီဇင်ဘာ ၄ ရက်က ဖော်ပြထားသေးသည်။

ယင်းသို့ အရေးယူသွားမည့်ကိစ္စနှင့်ပတ်သက်ပြီး Moe Zay Nyein အကောင့်သို့ မဇ္ဈိမက မက်ဆေ့ခ်ျပို့ မေးမြန်းရာ “စစ်ဆေးပေါ်ပေါက်လို့ အရေးယူခံရမှုတစ်စုံတစ်ရာ ရှိနိုင်တယ်ဆိုရင်လည်း ကျွန်တော့်အနေ နဲ့ ရင်ဆိုင်ရဲပါတယ်။ ကျွန်တော်ရေးခဲ့တာတွေဟာ လုပ်ကြံ အပုတ်ချမှုမပါဘဲ ဖြစ်ရပ်မှန်ကိစ္စတွေ ဖြစ်တာရယ်။ နောက်ပြီး အာဏာရှင်အသိုင်းအ၀ိုင်း၊ အာဏာရှင်တွေနဲ့ ပတ်သက်နေသူတွေရဲ့ ဥပဒေကို သားရေကွင်းလို လိုသလို ချုံ့/ချဲ့ လုပ်နေတာတွေကို ပြည်သူတွေသိရအောင် ထောင့်တစ်ခုကနေ မီးမောင်းထိုးပြတာဖြစ်တာမို့ ကျွန်တော့်အတွက် လိပ်ပြာလုံပါတယ်”ဟု ပြန်လည်ဖြေကြားသည်။

အဆိုပါစစ်ချက်များ ရရှိခဲ့ခြင်းနှင့်ပတ်သက်၍လည်း မဇ္ဈိမက ဆက်လက်မေးမြန်းရာ အဆိုပါအကောင့်မှ တစ်ဆင့် “ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေတချို့ဟာ စစ်အစိုးရလက်ထက်ကတည်းက သူတို့နဲ့ပတ် သက်တဲ့ လုံခြုံမှုအဆင့်အတန်းရှိ စာရွက်စာတမ်း အတော်များများကို ရနိုင်သမျှ နည်းလမ်းတွေနဲ့ စု ဆောင်းခဲ့ပါတယ်။ စစ်အစိုးရရဲ့ ထိမ်ချန် လျှို့ဝှက်ထားတဲ့ကိစ္စတွေကို အကျိုးရှိမယ်ဆိုရင် ပြည်သူတွေ ကို တင်ပြနိုင်ဖို့ပါ။ ခု အမှုတွဲကတော့ အဲဒီထဲက တစ်ခုပါ။ ဘယ်ကနေရရှိလဲဆိုတာကိုတော့ ပြောပြဖို့ မဖြစ်နိုင်ပါဘူး”ဟု ပြောသည်။

မည်သူမဆို အစိုးရ၏ လျှို့ဝှက်စစ်ချက်များကို ဖြန့်ချိဖော်ထုတ် ရေးသားပါက မြန်မာနိုင်ငံအစိုးရလျှို့ဝှက် ချက်များအက်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ ၄ အရ နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

အဆိုပါအချက်အလက်များမှာ Moe Zay Nyein အကောင့်မှ စတင်ပျံ့နှံ့လာခြင်းဖြစ်ကာ တစ်ချိန်က အနု ပညာရှင်များကို မူးယစ်ဆေးသုံးစွဲမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးခြင်း ရှိခဲ့သော်လည်း ယခုအချိန်တွင် အနုပညာရှင်များအတွက် ထိခိုက်နစ်နာမှုများ ရှိသောကြောင့် လုပ်ဆောင်နေခြင်းများကို ရပ်တန့်ပေးရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက မေတ္တာရပ်ခံကြောင်း ဒီဇင်ဘာ ၃ ရက်နေ့စွဲဖြင့် ထုတ် ပြန်ထားသေးသည်။

ယင်းသို့ ရေးသားချက်များနှင့်ပတ်သက်၍လည်း သရုပ်ဆောင်စိုးမြတ်သူဇာက သူ၏ဖေ့စ်ဘွတ်အကောင့် မှတစ်ဆင့် ဒီဇင်ဘာ ၂ ရက်တွင် ပြန်လည်ပြောကြားထားပြီး အဆိုပါအကောင့်ပိုင်ရှင်ကို မသိသလို မည် သည့်ရည်ရွယ်ချက်ဖြင့် ရေးသားထားသည်ကိုလည်း မသိပါကြောင်း တင်ထားသည့် အကြောင်းအရာ များကို တစ်ဦးတစ်ယောက်ကမျှ မထောက်ခံသည့်အတွက် လုံးဝအမှန်ဟု မယူဆသင့်ကြောင်း စသည် ဖြင့် ပြန်လည် ရေးသားထားသည်။

အေးမြင့်စန်း
Mizzima Burmese
အဆင်ပြေပါစေ...

မိုးဇေညိမ်းဟာ အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ အမည်နာမ


မူးယစ်ဆေး သုံးတယ်၊ ဖြန့်တယ် ဆိုရင် ထောင်ကျ ရဲဘက်စခန်း ရောက်နိုင်ချေရှိပါတယ်။
သို့သော်လည်း အကောင် သားသမီးတွေဆိုရင်တော့ မထိရဲကြပါဘူး ဆိုတာမျိုး မြန်မာပြည်မှာ ကြားခဲ့ဖူးကြမှာပါ။ အခုထိလည်း ဒီလိုဖြစ်ရပ်မျိုး ရှိနိုင်ပါသေးတယ်။

မကြာသေးခင်နှစ်များအတွင်း အဲသလို မထိရဲခဲ့ကြပုံတွေအကြောင်း တစေ့တစောင်း facebook ထဲ ရောက်လာတာ သိပြီးကြမှာပါ။ ရုပ်ရှင်သရုပ်ဆောင်တချို့ရဲ့ စစ်ကြောရေးစခန်းထွက်ချက် ဆိုတာပါပဲ။
အဲဒီထွက်ချက်ထဲမှာ အကောင်သားသမီးတချို့၊ ငွေကြယ်ပွင့်တချို့ မူးယစ်ဆေးနဲ့ဆက်နွယ်မှုရှိ သုံးစွဲမှု ရှိတဲ့အကြောင်း ပါဝင်နေတဲ့အတွက် စာဖတ်ပရိသတ် စိတ်ဝင်စားခဲ့ကြပါတယ်။

စစ်ချက်ထဲ ပြောဆိုထားတာတွေက အကုန်လုံး မှန်ချင်မှ မှန်ပါလိမ့်မယ်။ သို့သော်လည်း စစ်ချက်ကတော့ အာဏာပိုင်တွေဆီက မှတ်တမ်းမှတ်ရာ အစစ်တွေလို့ သိရပါတယ်။

၂၀၀၈ ခုနှစ်တုန်းက အနုပညာရှင်တွေ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ရန်ကုန် မူးယစ်အထူးရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့တဲ့ စစ်ဆေးချက်တွေကို ဖေ့စ်ဘုတ်စာမျက်နှာကနေ ဖွင့်ထုတ်ဖော်ပြခဲ့တာကြောင့် လူအများ စိတ်ဝင်တစား ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံး “ပတ်သက်ရာပတ်သက်ကြောင်း အဖွဲ့အစည်းများရဲ့ မေတ္တာရပ်ခံချက်တွေနဲ့ ကာယကံရှင်များရဲ့ မေတ္တာရပ်ခံမှုတွေကို ထောက်ထားပြီး ဆက်လက်မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်” တဲ့။
မိုးဇေညိမ်း ဆိုတဲ့ အကောင့်ပိုင်ရှင်ကို ဧရာဝတီသတင်းထောက် မေစစ်ပိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။


မေး။     ။ ဘာကြောင့်  ဒီသတင်းတွေကို ဖွင့်ချဖြစ်တာလဲ။

ဖြေ။     ။ ဒီဖိုင်တွေကို ကျနော်သိမ်းဆည်းထားခဲ့တာ နှစ်နဲ့ချီကြာခဲ့ပါပြီ။ အရင်တုန်းကတည်းက ဘာလို့ မထုတ်ဖော်ရသလဲ ဆိုတာကို ပြောရရင် ဖိုင်တွေ လက်ဝယ်ရှိစဉ်ကတည်းက ပြည်ပအခြေစိုက် မြန်မာသတင်းဌာနတွေကို ပေးပို့တင်ပြနိုင်တဲ့ အခွင့်အလမ်းတွေရှိခဲ့ပေမယ့် စာရွက်စာတမ်းနှင့် ပတ်သက်နေသူများရဲ့ လုံခြုံရေးအနေအထား စိတ်မချရမှုကြောင့် သိမ်းဆည်းထားခဲ့ရတာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီစာရွက်စာတမ်းနဲ့ ပတ်သက်နေသူတွေဟာ တစုံတရာ လုံခြုံမှုရှိနေပြီဖြစ်တဲ့အတွက် ထုတ်ဖော်တင်ပြရခြင်းဖြစ်ပါတယ်။

မေး။     ။ ဒီလိုမျိုး ဖွင့်ချဖော်ထုတ်မှုတွေ ထပ်ပြီး တင်ဖို့ ရှိမလား။

ဖြေ။     ။ အတွင်းရေး သတင်းတွေ၊ အချက်အလက်တွေနဲ့ပတ်သတ်ပြီး ကျနော်ဖော်ထုတ်ခဲ့တာ ခုမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကစပြီး ကျနော့် ရဲ့ Facebook အကောင့်မှာ Post တွေ အပိုင်းလိုက် ခွဲတင်ခဲ့တာတွေရှိသလို သတင်းဝက်ဆိုက်တစ်ခုမှာလည်း ဆောင်းပါးရှည်တချို့ ရေးသားခဲ့ပါတယ်။ မြန်မာပြည်ကို မတရားအုပ်စိုးခဲ့တဲ့ စစ်အာဏာရှင်တွေက သူတို့ရဲ့ဥပဒေမဲ့ လုပ်ရပ်တွေကို အများပြည်သူတွေမသိရအောင် ထိန်ချန်လျှို့ဝှက်ထားတဲ့ကိစ္စတွေကို ဦးစားပေးဖော်ထုတ်ပါတယ်။ နောက်ပြီးပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ယူဆရတဲ့အခြေအနေတွေကို အပြုသဘောနဲ့ ဖော်ထုတ်တာလည်း ဖြစ်ပါတယ်။ ကျနော် ရှေ့ဆက်ပြီး ဖွင့်ချဖို့ စဉ်းစားထားတာတွေ ရှိပါသေးတယ်။

မေး။     ။ ကိုမိုးဇေညိမ်းဆိုတာ တပ်မတော်သားဟောင်း တဦးဖြစ်ပြီး ကိစ္စတခုကြောင့် အရပ်ဘက် ဌာနတခုကို ပြောင်းရွှေ့ခံခဲ့ရတယ်လို့ ရေးသားထားတာ တွေ့ရပါတယ် အဲဒီအပေါ်မှာကော ဘယ်လိုပြောချင်ပါသလဲ။

ဖြေ။     ။ ကျနော်နဲ့ ပတ်သက်ပြီး မိုးဇေညိမ်း ဘယ်သူ၊ ဘယ်ဝါဖြစ်ကြောင်း ရေးနေ ပြောနေကြတာတွေ တွေ့ရပါတယ်။ အဲဒီ့ကိစ္စနဲ့ပတ်သက်ပြီး အမှား အမှန် တစုံတရာ မပြောလိုပါဘူး။ ကျနော် တချိန်က လက်နက်ကိုင် အဖွဲ့အစည်းတခုနဲ့ ပတ်သက်ခဲ့ပါတယ်။ အဲဒီမှာ ကျနော် ဆက်လက် လုပ်ကိုင်မယ်ဆိုရင် လုပ်ကိုင်ခွင့်ရှိပေမယ့် ကျနော် သဘောဆန္ဒအလျောက် လုပ်ငန်းခွင်ကို စွန့်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ ကျနော်နဲ့ပတ်သက်ခဲ့ဖူးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းမှာ ရှိနေစဉ် ကာလအတွင်း ရုံးလုပ်ငန်းဆိုင်ရာ စည်းကမ်းတွေမှာ ဖောက်ဖျက်ခဲ့ခြင်း၊ အရေးယူခံရတဲ့ ကိစ္စမျိုးတွေ မရှိခဲ့ပါဘူး။ ဒါ့ကြောင့်မို့ စစ်ဗိုလ်ချုပ်တွေအပါအ၀င် အထက်လူကြီးတွေနဲ့ ပုဂ္ဂိုလ်ရေးအရ တစုံတရာ မကျေမနပ်ဖြစ်စရာတွေ မရှိခဲ့ပါဘူး။

ကျနော် အခုလို အတွင်းရေး သတင်းတွေကို ထုတ်ဖော်နေတာဟာ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့်မဟုတ်ပဲ ဥပဒေကို လိုသလိုအသုံးပြုခဲ့တဲ့ အာဏာရှင်တွေရဲ့အကြောင်း တစိတ်တဒေသကို ဖော်ထုတ်တာဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော့်ရဲ့ပုဂ္ဂိုလ်ရေးခံစားချက် မပါပါဘူး။

မေး။     ။ ဒီဖိုင်တွေကို ဘယ်လို ရခဲ့တာလဲ။

ဖြေ။     ။ မိုးဇေညိမ်း ဆိုတာက လူတယောက်ပါပဲ။ သို့ပေမယ့် ဒီလိုကိစ္စတွေ၊ အတွင်းရေးတွေကို ဖော်ထုတ်တဲ့နေရာမှာ လုပ်ကိုင်ဆောင်ရွက်နေတာဟာ ကျနော် တယောက်တည်းတော့ မဟုတ်ပါဘူး။ ကျနော့်မှာ အဖွဲတခုရှိပါတယ်။ မိုးဇေညိမ်းဟာ အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ အမည်နာမတစ်ခုလို့ ပြောလို့ရနိုင်ပါတယ်။ ဒီလို အချက်အလက်တွေကိုလည်း ကျနော်တို့အဖွဲ့က စုဆောင်းနေတာ ဖြစ်ပါတယ်။ ဒါတွေကို ဘယ်လိုရခဲ့လဲဆိုတာကိုတော့ ကျနော် အသေးစိတ်ပြောနိုင်မှာမဟုတ်ပါဘူး။

မေး။     ။ ဒီပို့စ်မှာ ဖော်ပြခံခဲ့ရတဲ့ အနုပညာရှင်တွေ၊ တပ်အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေက ကိုမိုးဇေညိမ်းကို ဆက်သွယ်ပြောဆိုတာမျိုးရှိလား။

ဖြေ။     ။ ရှိပါတယ်။ ဟိုအရင်က တင်ပြခဲ့တာတွေမှာရော ခု တင်ပြချက်တွေမှာပါ ကျနော့်ဆီ ဆက်သွယ်ပြီး ဆက်မဖော်ပြဖို့ မေတ္တာရပ်ခံလာသူတွေ ရှိပါတယ်။ (မိုးဇေညိမ်းက ပတ်သက်ရာ ပတ်သက်ကြောင်း အဖွဲ့အစည်းများရဲ့ မေတ္တာရပ်ခံချက်တွေနဲ့ ကာယကံရှင်များရဲ့ မေတ္တာရပ်ခံမှုတွေကို ထောက်ထားပြီး ဆက်လက်မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်လို့ ဖေ့ဘွတ်အကောင့်က ကြေညာထားပါတယ်။)

မေး။      ။ အခုလို ဖော်ပြခဲ့ရတဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ။

ဖြေ။     ။ ကျနော် ဖော်ထုတ်တင်ပြနေခဲ့တာတွေရဲ့ ရည်ရွယ်ချက်ကတော့ အာဏာပိုင်ဆိုတဲ့ အကာအကွယ်ကိုယူပြီး တရားဥပဒေချိုးဖောက်တဲ့ လူတစ်စုအကြောင်းကို အများပြည်သူတွေ တိတိကျကျ သိရှိနိုင်ဖို့ ဖြစ်ပါတယ်။ ဥပဒေနဲ့ ညိစွန်းတဲ့ကိစ္စတွေ ပြုလုပ်ခဲ့သူတွေကို ဆန္ဒကတိ၊ ဘယာကတိတွေလိုက်စားပြီး အရေးယူဖို့ ပျက်ကွက်ခဲ့တဲ့ ဖြစ်စဉ်တွေကိုဖော်ထုတ်တာ ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေ အုပ်စိုးခဲ့တဲ့ မြန်မာပြည်မှာ ဒါမျိုးကိစ္စတွေ ရှိခဲ့တယ်ဆိုတာကို ရပ်ကွက်အတင်း မဟုတ်ပဲ သက်သေ အထောက်အထားတွေနဲ့ ထုတ်ပြတာပါ။ ဒါတွေဟာ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ အနှစ် ၂၀ ကာလအတွင်းမှာ အာဏာအလွဲသုံးစားပြုမှုတွေ အမျိုးမျိုးထဲက အနည်းအကျဉ်းလောက်ပဲ ရှိပါဦးမယ်။

မေး။     ။ ဒီလို ပို့စ်တွေတင်ခဲ့တဲ့အတွက် ဖေ့ဘုတ်စာမျက်နှာ၊ ဂျီမေးလ် စသည်ဖြင့် တိုက်ခိုက်ခံရတာမျိုး ရှိလား။

ဖြေ။     ။ ဂျီမေလ်းကိုတော့ အတိုက်မခံရဖူးပါဘူး။ ဒါပေမယ့် ကျနော်ရဲ့ဖေ့စ်ဘုတ် အကောင့်တွေနဲ့ ပေ့ခ်ျ(Page) တွေ ကတော့ မကြာခဏ အတိုက်ခံရပါတယ်။ တလောက လက်ရှိသုံးနေတဲ့ အကောင့်ကို လုံးဝ ၀င်မရတော့လို့ ဖေ့စ်ဘုတ်ဆီကို Request လုပ်ပြီး ပြန်ယူခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက အရန်အဖြစ် ဖွင့်ထားခဲ့တဲ့ Moe Zay Nyein နာမည်နဲ့ Account တစ်ခုလည်း မနေ့ကပဲ ၀င်မရတော့ပါဘူး။ Report တွေကြောင့် ထင်ပါတယ်။နည်းပညာနဲ့တိုက်ခိုက်တာတွေရှိနေသလို ကျနော့်ဆီကိုလည်း နည်းအမျိုးမျိုးသုံးပြီး ချဉ်းကပ်လာနေသူတွေ ရှိနေပါတယ်။

အရင်ကရော၊ အခုမှာပါ အာဏာကို အကာအကွယ်ယူပြီး ဥပဒေချိုးဖောက်တာတွေနဲ့ပတ်သတ်တဲ့ ဖြစ်စဉ်တွေ၊ လုပ်ဆောင်မှုတွေကို ဆက်လက်ဖော်ထုတ်ဖို့ ရှိပါသေးတယ်။ ဒါပေမယ့် အဖွဲ့မှာ ပါဝင်နေသူတွေရဲ့ လုံခြုံရေးအခြေအနေကို ထိပါးလာနိုင်တာမို့ သတိကြီးကြီးထား လုပ်ကိုင်နေရပါတယ်။
ဧရာဝတီ Myanmar News
အဆင်ပြေပါစေဗျာ...

ဝိုင်စုခိုင်သိန်း မင်္ဂလာပွဲ ၄ ပွဲ ကျင်းပမယ်

ဝိုင်းစုခိုင်သိန်း (ဓာတ်ပုံ – မြတ်သူအောင် )

သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့ မင်္ဂလာပွဲကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ ဗယ်လင်တိုင်းဒေးမှာ ကျင်းပမှာဖြစ်ပြီး မင်္ဂလာပွဲ ၄ ပွဲတိတိ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အနုပညာရှင်တွေရဲ့ မင်္ဂလာသတင်းတွေဟာ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ သတင်းတွေ ဖြစ်တတ်တဲ့ သဘောသဘာဝ အတိုင်း အခုလည်း ဝိုင်းစုခိုင်သိန်းရဲ့ မင်္ဂလာပွဲက ဒီနှစ်အတွက် စိတ်ဝင်စားစရာ မင်္ဂလာပွဲ သတင်းတပုဒ် ဖြစ်လာနိုင်ပါတယ်။

လတ်တလောမှာ “အာဘွား” ဆိုတဲ့ တတိယမြောက် တေးစီးရီး CD ထွက်ရှိထားတဲ့ ၀ိုင်းစုခိုင်သိန်းဟာ သူ့မင်္ဂလာပွဲကို ထူးထူးခြားခြား အမှတ်တရဖြစ်အောင် ချစ်သူများနေ့မှာ ရွေးချယ်ကျင်းပခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

“၀ိုင်းစုတို့တတွေ တိုင်ပင်ပြီး မင်္ဂလာပွဲ ၄ ပွဲလုပ်ဖို့ စီစဉ်ထားပါတယ်။ မင်္ဂလာဆွမ်းကျွေးကို မင်းကွန်းမှာ လုပ်ဖို့ စီစဉ်ထားတယ်၊ နောက်ပြီး မင်္ဂလာလက်မှတ် ရေးထိုးပွဲကိုတော့ Parkroyal Hotel မှာလုပ်မှာပါ။ မင်္ဂလာဘိသိက်ပွဲ အခမ်းအနားကို Sedona Hotel မှာလုပ်မှာဖြစ်ပြီး မင်္ဂလာ ညစာစားပွဲကိုကျတော့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ လုပ်မှာပါ” လို့ သူ ပြုလုပ်မယ့် မင်္ဂလာဧည့်ခံပွဲ အစီအစဉ်တွေအကြောင်း ရှင်းပြပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ်မှာက မင်္ဂလာဘိသိက်ပွဲဖြစ်ပြီး မင်္ဂလာပွဲတွေ ပြီးတဲ့အခါ သူတို့နှစ်ဦးစလုံးက အလုပ်ကိုယ်စီနဲ့ ဖြစ်တဲ့အတွက် သီးသန့်အနေနဲ့ ဟန်းနီးမွန်းခရီး ထွက်ဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။

ဝိုင်းစုခိုင်သိန်းက သူခံစားနေရတဲ့ အမျိုးသမီးရောဂါ ကျန်းမာရေး အခြေအနေ လုံးဝပြန်ကောင်းသွားပြီ ဖြစ်ကြောင်းလည်း သူ့ရဲ့ ပရိသတ်တွေကို ဧရာဝတီကတဆင့် ဟြေပါတယ်။

“၀ိုင်းစုတို့ မင်္ဂလာပွဲပြီးရင်လည်း မိဘတွေနဲ့အတူ ဒီမှာပဲနေမှာပါ။ ၀ိုင်းစုချစ်တဲ့ အနုပညာ အလုပ်တွေလည်း ဆက်လုပ်မှာပါ။ သူက ၀ိုင်းစုအပေါ်မှာ နားလည်မှု အပြည့်ရှိပါတယ်။ နောက်ပြီး သူ့ကုမ္ပဏီက အမေရိကားမှာ ရှိတော့ ၀ိုင်းစုတို့ သွားလိုက်၊ ပြန်လိုက် လုပ်ရမှာပေါ့။ ဒီမှာလည်း သူ ကုမ္ပဏီဖွင့်ဖို့ အစီအစဉ်ရှိပါတယ်” လို့ သူတို့ရဲ့အနာဂတ် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ၀ိုင်းစုခိုင်သိန်းက ဆိုပါတယ်။

ဧရာဝတီ Myanmar News
အဆင်ပြေပါစေဗျာ....
http://nyeinchanthu3.blogspot.com/

အွန်လိုင်းပေါ်တွင် ပြန့်နေသည့်အနုပညာရှင်များနှင့် မူးယစ်ဆေးဝါးကိစ္စ ရုပ်ရှင်လောကသားများ တုံ့ပြန်ပြီ


သတင်းကိုလူတိုင်းစိတ်ဝင်စားကြသည်။ သတင်းထူးသတင်းဦးဆိုပါက ပို၍ပင် စိတ်ဝင်တစားရှိတတ်ကြသည်။ သတင်းဆိုသည်ကို တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ဖူး သော အဖြစ်အပျက်ဟုဖွင့်ဆိုထားရာ ယင်းကဲ့သို့တစ်ကြိမ်တစ်ခါမျှ မဖြစ်ပျက်ဖူး၊ မပေါ်ပေါက်ဖူးသော သတင်းမျိုးဆိုပါက ပို၍ပို၍ပင် စိတ်ဝင်စားကြမည်ကမလွဲ။

လတ်တလောတွင် ထိုကဲ့သို့သတင်းထူးသတင်းဦးများစွာအနက် သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင် ငလျင်တစ်ခုကဲ့သို့ လှုပ်ခတ်တုန်ခါသွားစေခဲ့သော သတင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။ တကယ်တော့ ထိုသတင်း၏အသွင်ပိုထူးခြားစေခဲ့သည်က လျှို့ဝှက်အပ်သောအရပ်မှ ပေါက်ကြားခဲ့သော သတင်းဖြစ်နေသောကြောင့်ပင်။

”ဟိုးအစောပိုင်းကတော့ ကျွန်တော်တို့လည်း အစစ်ခံခဲ့ရဖူးတာပဲ။ အမှားက တော့ကင်းတဲ့သူ သိပ်မရှိပါဘူး။ ဒီဟာမကောင်းဘူးဆိုတာ သိလို့ လမ်းမှန်လျှောက် နေတဲ့ သူတွေ အများကြီးပါ။ တရားဥပဒေကိစ္စကတော့ ကျွန်တော် သိပ်နားမလည်ဘူး။ ဒီဟာက စစ်ဆေးတဲ့ဟာ အပြင်ထွက်လာတယ်ဆိုတာက မဖြစ်သင့်ဘူးလေ။ အပြင် ထွက်လာတော့ ရှုပ်ကုန်တာပေါ့။ မဟုတ်ဘဲ အစွပ်စွဲခံရသူတွေက ငြင်းတာအကြောင်း မဟုတ်ပေမယ့် ဟုတ်နေတဲ့သူတွေ ငြင်းတာကတော့ ပြဿနာပေါ့။ ဘာပဲဖြစ်ဖြစ် လျှို့ဝှက်အပ်တဲ့ မပေါက်ကြားသင့်တဲ့အရာကတော့ အခုလိုပေါက်ကြားတာ လုံးဝ မသင့်လျော်ဘူး။ အမှားကို ဆက်လုပ်နေတဲ့သူတွေအတွက်ကတော့ သတိပေးလိုက်တဲ့ သဘောတော့ ရှိနိုင်ပေမယ့် အရင်က မှားခဲ့တဲ့အမှားကိုသိပြီး အမှန်ကိုလျှောက်နေ တဲ့သူတွေ ခြေလှမ်းတုံ့ဆိုင်းသွားနိုင်တယ်”ဟု နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ အဖြစ် လူမှုရေးကိစ္စများကို ကိုယ်အား စိတ်အား ထက်သန်စွာဆောင်ရွက်နေသူ ဦးကျော်သူက ယခုရက်ပိုင်းအတွင်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့်အနုပညာရှင် များနှင့်
မူးယစ်ဆေးဝါးကိစ္စအပေါ် သူ၏အမြင်ကို ထုတ်ဖော်ပြောဆိုပါသည်။

အဆိုပါ အနုပညာရှင်များ မူးယစ်ဆေးဝါးသုံးစွဲသည်ဆိုခြင်းနှင့် သုံးစွဲသူတို့၏ အမည်စာရင်းပါ ရဲစစ်ဆေးချက်၌ မူးယစ်ဆေးဝါးသုံးစွဲသူ အဆိုတော်သုံးဦး အမည် စာရင်းတွင် ပါဝင်နေသည့် သားဖြစ်သူ၏ကိုယ်စားသာမက ရုပ်ရှင်လောကတစ်ခုလုံး ကိုယ်စား ပြောကြားသူ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌဟောင်း ဦးဇင်ဝိုင်းက ”ကျွန်တော်ပြောမယ်ဆိုရင် မင်းမော်ကွန်းဖခင်ဖြစ်တဲ့ ဇင်ဝိုင်းအနေထက် ရုပ်ရှင် လောကသားတစ်ဦးအနေနဲ့ လောကတစ်ခုလုံး ကိုယ်စားပြောချင်တယ်။ ကျွန်တော် တို့ သိသလောက် ဒီစစ်ဆေးချက်က ၂ဝဝ၈ ခုနှစ်က ဖြစ်တယ်။ အဲဒီကာလတုန်းက ဒီနှစ်ယောက်တည်း ခေါ်ယူစစ်ဆေးတာ မဟုတ်ပါဘူး။ အနုပညာရှင် တော်တော်များ များကို ခေါ်ယူစစ်ဆေးတာ ကျွန်တော့်သား အပါအဝင်ပါပဲ။ ခေါ်ယူစစ်ဆေးပြီး စစ် ဆေးချက်တွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ မှတ်တမ်းတင်ချက်၊ စစ်ဆေးချက်တွေ ဆိုတာ ရုံးလုပ်ထုံးလုပ်နည်းအရဖြစ်စေ၊ လူမှုရေးအရပဲဖြစ်စေ လျှို့ ဝှက်ထားရမယ့် ကိစ္စပဲဖြစ်ပါတယ်။ အခု ဒီကိစ္စပေါက်ကြားလာတဲ့အတွက် ဘယ်သူ့မှာ တာဝန်ရှိပါ သလဲ မေးချင်ပါတယ်။

ဒီလူမှုကွန်ရက် Facebook ပေါ် တက်လာတာနဲ့ သတင်းကို ပုဂ္ဂလိကစာနယ်ဇင်းတွေက ဖော်ပြတာရှိတယ်။ အတည်ပြုချက်ရယူပြီးမှ ဖော်ပြတာ လား ဆိုတာ ကျွန်တော်မသိပါ။ ကျွန်တော့်နာမည်နဲ့ ပြည့်တန်ဆာခန်း ထောင်ထားသူ ဇင်ဝိုင်းလို့ စာတစ်ကြောင်းကိုFacebook ပေါ်မှာ တက်လာရင် ပေါ်ပြူလာကတင်လာ မယ်ဆိုပါတော့ ကျွန်တော့်ကို အတည်ပြုမေးရပါမယ်။ အဲဒါက အတည်ပြုချက်မပါဘဲ ပါလာရင် လုပ်လို့ မရပါဘူး။ ကျင့်ဝတ်အပိုင်း ပါသွားပြီ။ ဒါကိုတော့ ထားလိုက်ပါ။

ခေတ်စနစ်တစ်ခုကို ပြောင်းလဲနေတဲ့ကာလမှာ အားလုံးက နေသားတကျ မှားယွင်းမှု ကို နားလည်ပါတယ်။ အခု အနုပညာရှင်တွေနဲ့ပတ်သက်တဲ့ နာမည်စာရင်းတွေက အနုပညာသည်တွေ မကပါဘူး။ မူးယစ်ဆေး ဝါးအန္တရာယ်ဟာ ကျွန်တော်တို့နိုင်ငံ တော်အတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခုပါပဲ။ လူငယ်တွေကြားမှာ သူတို့ ပတ် ဝန်းကျင်က စာအုပ်ကောင်းတစ်အုပ် ဘဝတက်လမ်းအတွက် အကျိုးပြုစေတဲ့ အချက်များရှိနေတာထက် မူးယစ်ဆေးဝါး အရက်၊ ဘိန်းဖြူ၊ ဘိန်းမည်း၊ နံပါတ် ၄၊ ရာမ အစုံ အစုံ လက်လှမ်းတမီမှာ ရှိနေပါတယ်။ သိပ်ကြောက်စရာကောင်းပါတယ်။ အများအမြင်မှာ ဒီကလေးတွေ ဒီလူစာရင်းတွေဟာ တရားခံလို့ မြင်ကြပေမယ့် ကျွန် တော် ကတော့ ခေတ်ဆိုးစနစ်ဆိုးရဲ့ သားကောင်လို့ပဲမြင်တယ်။ အနုပညာလောက ရယ်မှမဟုတ်ပါဘူး။ မင်းမော်ကွန်းအတွက် ပြောခြင်းလည်း မဟုတ်ပါဘူး။ ကျွန်တော် တို့ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်ထုတွေကို အမြန်ဆုံးမူးယစ်ကျွန်ဘဝမှ အမြန်ဆုံး ကယ်တင်ပေးကြပါ။ နိုင်ငံသားတစ်ဦးဖြစ်တဲ့ ဇင်ဝိုင်းအနေနဲ့ တောင်းဆိုတာပါ။ မူးယစ် ရာဇာတွေက လူကုံထံရပ်ကွက်ထဲမှာ နန်းတော်တမျှ ကြီးကျယ်ခမ်းနားတဲ့တိုက် ကြီးတွေနဲ့ နောက်ဆုံးပေါ်ကား ၁၄ စီး ၁၅ စီးနဲ့ တဝီးဝီးစီးနေကြတဲ့ မျက်လုံးမည်း မည်း အသား နီစပ်စပ်ပုဂ္ဂိုလ်တွေက ဘိန်းဖြူဘိန်းမည်းက အစရောင်းတာကို ပဲပြုတ်သည် သာမက ဆိုက်ကားသမားပါသိပါတယ်။ သက်ဆိုင်ရာတာဝန် ရှိသူများက မသိကြ တာ၊ မတွေ့ ကြတာ၊ သတင်းမရကြတာကတော့ အလွန်အံ့သြဖို့ ကောင်းပါတယ်”

၂ဝဝ၈ခုနှစ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု၊ ဖြန့်ဝေမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ် ဆေးခဲ့မှု ရဲမှတ်တမ်းတစ်ခု ပေါက်ကြားခဲ့ခြင်းဖြစ်ပြီး ထိုအထဲတွင် လက်ရှိနာမည်ရ အနုပညာရှင်များစွာ ပါဝင်နေခြင်းက သတင်း၏တန်ဖိုးကို ပိုမြင့်မားစေခဲ့ခြင်းဖြစ်သည်။ အများပြည်သူ သိရန်ခဲယဉ်းသော အရေးယူစစ်ဆေးမှုမှတ်တမ်းတစ်ခု ပေါက်ကြား ခဲ့ခြင်းဖြစ်၍ လူထုစိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်လာသကဲ့သို့ ဝေဖန်ကန့်ကွက်မှုများလည်း ဆက်တိုက်ပေါ်ပေါက်လာခဲ့သည်။  အဓိကထောက်ပြကြသည်က လူ့အခွင့် အရေး နှင့် ဂုဏ်သိက္ခာ။

ထိုသတင်းကို ဖေ့စ်ဘွတ်တွင် ထုတ်ဖော်တင်ခဲ့သူကတော့ ယခင် ကာလ ဥပဒေစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးတွင် အာဏာလွှမ်းခဲ့သည့်အတွက် အရေးယူမှုများ   ပေါ့လျော့ဖုံးဖိခဲ့သည်ကို သိရှိရန်ဟု ဆိုခဲ့သည်။ သို့သော် လတ်တ လောရပ်တည်နေကြသူများ၏ ဂုဏ်သိက္ခာအတွက် ခုတ်ရာတခြား ရှရာတခြား ဖြစ်ခဲ့ သည်ဟု ဝေဖန်မှု များက ပို၍ညံလာခဲ့သည်။ ယင်းတို့အနက် သရုပ်ဆောင်လူမင်းက ထိုသတင်းပေါ်ပေါက်ပြီး မရှေးမနှောင်းတွင်ပင် ၄င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှနေ၍ ငြင်းဆို ကန့်ကွက်ေ ကြာင်းတင်ခဲ့ပြီး စိုးမြတ်သူဇာကလည်း ၄င်း၏သဘောထားကို တင်ခဲ့သည်။ သို့အတွက် အကယ်ဒမီစိုးမြတ်သူဇာနှင့် ဒါရိုက်တာမိုက်တီးတို့၏ ဖေ့စ် ဘွတ်တွင် ဖော်ပြချ က်သဘောထားနှင့်တကွ အနုပညာလောကမှ သဘောထားများကို ဆက်သွယ်မေးမြန်းစုစည်းဖော်ပြလိုက်ပါသည်။

လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးဖို့ပြည်ထဲရေးဝန်ကြီးဌာနကို စာတင်ဖို့ လုပ်ဆောင်နေပါတယ်…
လူမင်း(ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)

”အခု ကျွန်တော်တို့ ထုတ်ပြန်ချက် တစ်ခုကို ထုတ်ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လိုအပ်သလို ညှိနှိုင်း ဆောင်ရွက်ပေးဖို့ ပြည်ထဲရေးဝန်ကြီး ဌာနကို စာတင်ဖို့ လုပ်ဆောင်နေ ပါ တယ်။ ကျွန်တော် အရင်အင်တာဗျူး မှာ ဖြေခဲ့တာကို အဓိပ္ပာယ်ကောက်လွဲ မှားခဲ့ကြပါတယ်။ ကျွန်တော် ဖြေတာ ဒီ ထဲက စာရင်းပါတဲ့ လူတွေကို ခေါ်ေ တွ့ တာမဟုတ်ပါဘူး။ ခေါ်တွေ့စရာ အ ကြောင်းလည်း မရှိပါဘူး။ ကျွန်တော် ဆိုလိုတာက ဒီ Facebook ထဲက ပါ တဲ့အကြောင်းအရာသည် မှန်ခြင်း မမှန် ခြင်းကို
စုံစမ်းသွားမှာပါ။ ဒါကို ပြောတာ ပါ”

အထူးလျှို့ဝှက်ဆိုတဲ့ ဖိုင်တွေတောင် ပေါက်ကြားကုန်မှတော့ …
ဇာဂနာ(ဦးသူရ)

”အခုFacebook စာမျက်နှာ တွေပေါ်မှာ မူးယစ်စစ်ကြောရေးစခန်း က စစ်ချက်နဲ့ ထွက်ချက်တွေ ပေါ်ထွက် လာတာတွေ့ရပါတယ်။ ဘရက်ဒ်လေ မန်းနင်း တောင်အဲ ဒီလောက် မစွမ်းသ လို ဝီကီလိခ်လည်း အဲသလို မတတ်နိုင် ခဲ့ပါဘူး။ ဖြစ်ရပ်ကတော့ အထူးလျှို့ ဝှက်ဖို့ ခေါင်းစဉ်တပ်ထားတဲ့ စစ်ကြော ထွက်ဆိုချက်တွေ ပေါက်ကြား တာပါ။ ကာယကံရှင်တွေ နစ်နာတာထက် မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ စီမံမှုညံ့ ဖျင်းတာက ပိုဆိုးတာပါ။ အခုလဝက ဝန်ကြီးဟာ အဲဒီတုန်းက ရဲချုပ်ပါ။ တာဝန်အရှိဆုံး ပါ။
ဖြေရှင်းပေးသင့်ပါတယ်။ အထူး လျှို့ဝှက်ဆိုတဲ့ ဖိုင်တွေတောင် ပေါက် ကြားကုန်မှတော့ လဝကက ကောက်ယူ မယ့်သန်းခေါင်စာရင်းထဲက အချက် ပေါင်း ၄၂ ချက် မပေါက်ကြား စေရပါ ဘူးလို့ အာမခံထားတာ ကျွန်တော်တို့ လုံးဝ မယုံကြည်နိုင်တော့ပါဘူး။ နိုင်ငံသားတိုင်းရဲ့ လုံခြုံမှုအတွက် ပြည်သူ့ရဲ မှာ တာဝန်အရှိဆုံးပါ။ ဖိုင်လေး တစ်ဖိုင် နှစ်ဖိုင်တောင် မထိန်းသိမ်းနိုင်ဘဲနဲ့ အ မျိုးသားထောက်လှမ်းရေးဖွဲ့ဖို့ လွှတ် တော်မှာ တင်နေတာမျိုးကတော့ ဖင် မနိုင်ဘဲ မန်ကျည်းဖျော်ရည် သောက် ချင်နေသ လိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရော၊ မင်းကိုနိုင်ရော၊ အစစ်ခံ ကြတာပဲ။ နောက်လျှို့ဝှက်ချက်တွေကို ဘယ်လိုလျှို့ဝှက်ကြမှာလဲ ပြောစရာဖြစ် လာတယ်။ လုပ္တဲ့လူကိုေ တာ့ မသိဘူး။ ဒါက ရဲဌာနက မပေါက်ကြားရင် ဘယ် ကပေါက်ကြားမှာလဲ။ ရဲမှာပဲ ရှိတာလေ။ စိုးမြတ်သူဇာဘက်က ကြည့်ရင်လည်း စိတ်ထိခိုက်တယ်။ သနားလည်း သ နား သွားတယ်။ သူတစ်ယောက်တည်း မဟုတ်ဘူး။ ကျန်တဲ့ နဝရတ်တို့ အခြား လူတွေနဲ့လည်း သူတို့ခင်မင်မှုတွေအထိ အခိုက်ဖြစ်နိုင်တယ်။ ဒါကို မစဉ်းစား ကြဘူး။ လူ့အခွင့်အရေးဆို တာရှိတယ် လေ”

လူမှုရေးအရပဲ ကြည့်ကြည့်  ဥပဒေအရပဲကြည့်ကြည့် ဒါမျိုးက ဒီလို ဖေ့စ်ဘွတ်မတင်ဘဲ ဥပဒေအရပဲ ဖြေရှင်းရမယ့်ကိစ္စ …
ဦးအောင်စိုးဦး (တရားလွှတ်တော် ရှေ့နေ)

”အဲ့ဒီဖော်ပြချက်က အစိုးရဌာန တစ်ခုရဲ့ တာဝန်ရှိတဲ့ အရေးကြီးသော အစိုးရဌာနရဲ့ ဆောင်ရွက်ချက်ဖြစ် တယ်။ လျှိုဝှက်ချက်တွေပေါ့။ အဲ့ဒီတော့ အပြင်ကို ပေါက်ကြား တယ်ဆိုရင် ဒါက တာဝန်ရှိတယ်။ နောက်ဒါက လွယ်လွယ် ကူကူယူလို့လည်းမရဘူး။ နောက်တစ်ခု က ဒါဟာ တရားဝင်သလားလို့ မေးရမယ်။ ရဲထွက်ချက်က တရားမဝင် ဘူး။ မှန်ခြင်း မမှန်ခြင်းကို ပြောတာ မဟုတ်ဘူး။ သူ့ရဲ့ မှန်ခြင်း မမှန်ခြင်း မဟုတ်ဘူး။ ရဲရှေ့မှာ ထွက်တဲ့စစ်ချက်က အသုံးမဝင်ဘူး။

 နောက်တစ်ချက်က ၂ဝဝ၈ ခုနှစ် မှာ ဖြစ်တဲ့ကိစ္စ။ အဲ့ဒီအတွက် သက်ဆိုင် ရာက အရေးယူသင့်တဲ့ လူတွေလည်း ယူပြီးပြီလို့ ယူဆရတယ်။ ဒါခု ကိစ္စ မဟုတ်ဘူး။ အဲ့ဒီတော့ ခုမှ ဖော်ပြခြင်း က နံပါတ် ၁ သက်ဆိုင်ရာ တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကျဆင်းတယ်။ နံပါတ် ၂ က ကာယကံရှင်တွေရဲ့ဂုဏ်သိက္ခာ ကျဆင်း တယ်။ နောက် ဖေ့စ်ဘွတ် မှာတင်တဲ့သူက တကယ်တမ်း ပြောရမယ်ဆို မတင်သင့် ဘူးပေါ့။ လူမှုရေးအရပဲ ကြည့်ကြည့် ဥပဒေအရပဲကြည့်ကြည့် ဒါမျိုးက ဒီလို ဖေ့စ်ဘွတ်မတင်ဘဲ ဥပဒေအရ ပဲဖြေရှင်း ရမယ့်ကိစ္စ၊ ဒီလိုလုပ်ခြင်းက အဲ့ဒီလိုတင် တဲ့သူမှာလည်း တာဝန်ရှိတယ်။ တင်တဲ့ သူက အကြောင်းမဟုတ်ဘူး။ ကျန်တဲ့ သူတွေက အဲ့ဒါကို Share မလုပ်ဖို့လို တယ်။ Share လုပ်တဲ့သူတွေကလည်း အားပေးတဲ့အထဲမှာ ပါသွားပြီ။ အတွင်း စည်းပေါက်လို့ဖြစ်တာ။ အတွင်းစည်း မပေါက်အောင် ထိန်းရမှာ အဲဒီဌာနရဲ့ တာဝန်ပဲ။”

မိုက်တီး (ဒါရိုက်တာ)

”တိုင်းပြည်အတွက် အရေးကြီးတဲ့ အချိန်မှာ ကြုံတွေ့နေကျ လှည့်ကွက် ဆန်းတစ်ခုပါပဲ။ ပြည်သူ့ဘက်တော် သားတွေနဲ့ ဗိုလ်ချုပ်သားတွေရဲ့ ကြား ဖြစ်လက်စ အမုန်း အတေးတစ်ခုကို အောင်မြင်ကျော်ကြား အနုပညာရှင်များ ရဲ့ ပရိသတ်တွေပါ ရောထွေးပြီး ပဋိပက္ခ ကို ကြီးသထက်ကြီးအောင် ဇာတ်ရှိန် တင်လိုက်တာပါ။ ဝုန်းခနဲ ဒိုင်းခနဲ တစ် မဟုတ်ချင်း ပျံ့နှံ့ပေါက်ကွဲသွားလောက် အောင် ကတော့ ဗေထိဆိုတာနဲ့ ဝိုင်းအုံ တတ်ကြတဲ့ လူသားတို့အကြိုက်အပုပ်နံ့ မိုက်မိုက်လေးပါ အပေါ်ကရိုက်ပေးလိုက် မှတော့ ပြီးပြီပေါ့။ ပထမဦးဆုံး အနု ပညာ ညီအစ်ကိုမောင်နှမ အချင်းချင်း စိတ်ဝမ်းကွဲ၊ ပြီးတာနဲ့ ပရိသတ် ပြည်သူ နှစ်ခြမ်းကွဲ၊ ဒီကြားထဲမှာ မူးယစ်မှုလေး ပါ စနက်တံနှ စ်ချောင်းလောက် လက် တွေ့ရှို့လိုက်လို့ကတော့ မီဒီယာတွေ မှာလည်း သတင်းတွေပါ။ နောက်ဆုံး လည်းကျရော ဗိုလ်ချုပ်နှင့် သား အပေါင်းပါများနဲ့ပါ ၅ သင်းပတ်လည် တိုက်ပွဲတွေလည်း နွှဲကြရော လိုရင်းကို လည်းရောက်ရောပေါ့။ အောင်မြင်ချက် ကတော့ လန်ထွက်တယ်ဗျာ။ တစ်ချက် လေးခုတ်ရုံနဲ့တင် နုတ်နုတ်စဉ်းပြီးသား ဖြစ်တာ မတန်ဘူးလားဗျာ။ အဲ ဒါပေမဲ့ လို့ ခုချိန်ထိတိုင်မှာပဲ မှန်းချက်နဲ့ နှမ်း ထွက် မကိုက်လောက်စရာက သူတို့ ကြို မတွက်မိတဲ့ တစ်ချက် အဲဒါက လူမြင်လို့ တောင် မတော်တာဗျာ။ လူမမာကို ကြိုး တုပ်ပြီး ရိုက်တာကိုး။ ဒီပွဲမှာ ကိုင်လှုပ် မယ့်သူက အနုပညာရှင်တွေလေ။ သူတို့ ခမျာ အော်နိုင်စရာကို အကြောင်းမှ မရှိတော့တဲ့ဟာ၊ ဥပမာပြောရင် ကျွန်   တော်တို့ ကျားထိုးတဲ့အခါ တစ်ကောင် တည်း အကျန်သမားကို အကွက်ရွှေ့ စရာမရှိအောင် ပိတ်ထားမိတဲ့အဖြစ်ပေါ့။ အခုပွဲလည်း ခင်ဗျားဘယ်အနိုင်ရတော့ မလဲ၊ ဒါပေမဲ့ သေချာတာတစ်ခုကတော့ အနုပညာရှင်တွေဘက်မှာ ကိုယ့်သတ် မှတ်ချက်နဲ့ ကိုယ် ဒဏ်ရာလေးတွေ ကိုယ်စီတော့ ရခဲ့ကြရပြီပေါ့ဗျာ။ အဲဒီ အတွက် နောင်ကြီး   ကျေနပ်လိုက်ပါ တော့။ နောင်ကြီး မည်သူမည်ဝါဆိုသည် ကို ကျွန်တော်မသိပါ။ မည်သည့် ရည် ရွယ်ချက်ဖြင့် ရေးသည်ကိုလည်း ကျွန် တော်အမှန်မသိနိုင်ပါ။ အကယ်၍ ပွင့် လင်းမြင်သာ အမှန်အတိုင်း သိစေလို သည့် စေတနာဆိုလျှင်လည်း မည်သူ့ အတွက် မည်သို့ အကျိုးရှိမည်၊ မည်မျှ အကျိုးရှိသည်၊ အလဲအထပ်လုပ်ရမည့် အရင်းအနှီး များနှင့် တန်၏မတန်၏၊ ထို အရင်းအနှီးတွေကရော အဲဒီအတိုင်း အတာလောက် နစ်နာရလောက်စရာ တစ်ဖက်သားအပေါ် ယုတ်မာ စော်ကား ပြစ်မှုမြောက်သူများလား၊ တရားဥပဒေ အရတောင် အမှုမမြောက်တော့တဲ့ ဒီ ကိစ္စ အတွက် သင်တစ်ယောက်တည်းရဲ့ ရန်လိုချက်က မဆိုးလွန်းပေဘူးလား သူ ငယ်ချင်း၊ စိတ်လျှော့ပါဘော်ဒါ၊ အဆင့် မြင့်မြင့်တွေးပြီး အမြင်ကျယ်ကျယ်ကြည့် ပါ၊ တို့တွေ လုပ်ရမှာ ဒီအလုပ်မှ မဟုတ် တာ၊ အသုံးချခံ မဖြစ်ပါစေနဲ့ ကိုရင်။ အသေအချာ ထပ်စဉ်းစား၊ ကျုပ်တို့ပြည် သူတွေအကုန်လုံးလိုအပ်ချက် အလုံးစုံနဲ့ ရုန်းကန်နေရတုန်း မဟုတ်ပါလား။ နေ့ စဉ်နဲ့အမျှ စားဝတ်နေရေးအတွက် တောင် အခြိမ်းခြောက်ခံနေကြရသူတွေ ပဲလေ။ ရုပ်ရှင်မင်းသမီးမို့ လွတ်လိမ့်မယ် ထင်လား၊ အပူကိုယ်စီပါပဲ ညီရယ်၊ အကြီးအသေးသာကွာပါလိမ့်မယ်၊ အေး အဲဒီမှာမှ အခု တို့အတွက်…ပိုပြီး နစ်နာ စရာ တစ်ချက်တိုး တာလေးက ညီတော် မကျေလည်တဲ့ အဲဒီအချိန် အဲဒီ အခါကတည်းကကိုပဲ  တို့တွေ အားလုံးဟာ အာဏာပါးကွက်သား တွေရဲ့ ထောင်ချောက်တွင်းသို့ တစ် ယောက်ပြီး တစ်ယောက် ဆွဲချခံခဲ့ရရင်း သူတို့ ကြိုက်သလို ပြုသမျှ နုရတော့မယ့် ပြန်ပေးအဆွဲ ခံထားရတဲ့ နယ်ရုပ် ကလေးတွေ ဖြစ်နေခဲ့ကြရတယ် ဆိုတာ ပါပဲ နောင်ကြီးရေ။

ဤမျှဆိုရင်တော့ စာရွက်ထဲပါသမျှ စာသားများကို သင် သဘောပေါက်ပေးပါတော့၊ ထိုမျှနှင့်ပင် မကျေ လည်သေးပါလျှင်လည်း အားလုံး ကိုယ်စား ကျွန်တော်ဖြေပေးပါဦး မည်၊ ဖြေပေးနိုင်ပါသည်၊ အကြောင်းကတော့ ဘာ နိုင်ငံတော်အလုပ်မှ မလုပ်တဲ့ ကျွန် တော်တစ်ယောက်တည်းသာ သေသေ ချာချာ အဖမ်းခံလိုက်ရလို့သာပါ။  အတွင်း ထဲအရောက် အကုန်ပေါက်ခဲ့ ပါတယ်။ ကျေနပ်နိုင်ပါလိမ့်မယ်။ တ ကယ်တော့ အရှုပ်ထုပ်တွေအတွက် အလုပ်မရှုပ်ကြပါနဲ့၊ တကယ်လုပ်ရမှာ တွေက အုတ်တစ်ချပ်သဲ တစ်ပွင့်တောင် မလုံလောက်ရတဲ့အထဲ ကဲ

Ready; 1,2,3,4

(ဒါရိုက်တာမိုက်တီး၏ Facebook  မှ)

ကျွန်တော်တို့ထက် တတ်သိနားလည်တဲ့ ဆရာတွေ ပါနေတယ်ဆိုတဲ့အတွက် သူတို့ဦးဆောင်မှုနဲ့ပဲ ကျွန်တော်တို့က ဖြေရှင်းသွားမှာပါ . . .

ညိုမင်းလွင်(သရုပ်ဆောင် ဒါရိုက်တာ)

”ကျွန်တော်တို့ထက် စီနီယာကျတဲ့ လူလည်းပါတယ်။ ကျွန်တော်တို့ထက် တတ်သိနားလည်တဲ့ ဆရာတွေပါနေ တယ်ဆိုတဲ့အတွက် သူတို့ဦးဆောင်မှုနဲ့ပဲ ကျွန်တော်တို့ က ဖြေရှင်းသွားမှာပါ။ သူတို့လမ်းညွှန်မှုအတိုင်းပဲ လုပ်ဆောင် သွားမယ်။ ဘာမှမတိုင်ပင်ရသေးတဲ့အ တွက် ကျွန်တော်တစ်ယောက်တည်း သဘောထား မပြောသေး ပါဘူး။”

ဒါက လူမှုရေးဖောက်ပြန်တာလည်း  မဟုတ်ဘူး။ အဲဒီအတွက်အေးဆေးပဲ။ ဒါက ပြီးခဲ့တဲ့ကိစ္စမို့ ဘာမှလုပ်လို့ မရပါဘူး . . .
သားညီ(သရုပ်ဆောင်)

”ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လူ ကြီးတွေစီမံတဲ့အတိုင်းပဲ လိုက်လုပ်မှာ ပါ။ ကျွန်တော့်အထက်မှာ စီနီယာတွေ အများကြီးပဲ။ လူပဲ မှားမှာပဲလေ ဟုတ် တယ်မလား။ မှားခဲ့ တဲ့အချိန်တွေလည်း ရှိမှာပေါ့။ အဲဒါကို ပြန်လှန်ပြီး ဘာလုပ် မှာလဲ။ အဓိကက ကိုယ်ပဲ။ အခု ကျွန် တော်အေးဆေးပဲ လိမ်လိမ်မာမာပဲနေ တယ်။ အဓိကက ကိုယ့်မိသားစုနဲ့ ကိုယ့် ပတ်ဝန်းကျင်နဲ့ ပြဿနာမဖြစ်ဖို့ပါပဲ။ ဒါကိုဖြေရှင်းဖို့ ကျွန်တော်တော့ ဦးမ ဆောင်ဘူး။ ခေါင်းထဲလည်း ထည့်မထား ဘူး။ ဒီကိစ္စက ဒါကလူမှုရေး ဖောက်ပြန် တာလည်း မဟုတ်ဘူး။ အဲဒီအတွက် အေးဆေးပဲ။ ဒါက ပြီးခဲ့တဲ့ကိစ္စမို့ ဘာမှ လုပ်လို့မရပါဘူး။ လူကြီးတွေ စီမံတဲ့အ တိုင်းပဲ လိုက်လုပ်မယ်။”

ကိုယ်ဟုတ်တယ် မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်က အသိဆုံးပဲလေ။ အစ်မအနေနဲ့ ဘယ်သူတွေဘာပြောပြော
အစ်မ ဘာမှမထိခိုက်ဘူး  . . .

နန္ဒာလှိုင်(သရုပ်ဆောင်)

”ဒီပြဿနာကိစ္စက အဓိက ကိုယ် က အဓိကပဲ။ ကိုယ်ဟုတ်တယ် မဟုတ် ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်က အသိဆုံး ပဲလေ။ အစ်မအနေနဲ့ ဘယ်သူတွေ ဘာပြောပြော အစ်မ ဘာမှမထိခိုက်ဘူး။ အဲဒီတော့ ကိုယ်မဟုတ်ရင် ပြီးတာပဲ လေ။ အစ်မဘာမှလည်း ပြောစရာမရှိ ဘူး။ ဒီလိုမျိုးတွေ တက်လာတာလည်း အစ်မ ဒါနဲ့ပတ်သက်ပြီး ဘာမှမဝေ ဖန် ဘူး။ ဘယ်လိုမှမနေဘူး။ အဓိကကတော့ အစ်မကိုယ်တိုင်က အဓိကပဲလေ ဟုတ် တယ်မလား။”

Nobody Perfect  ဆိုပေမယ့် Perfect ဖြစ်တဲ့သူတွေလည်း အများကြီးရှိနိုင်ပါတယ်။ သေချာတာက ကျွန်မဟာ  Perfect  မဟုတ်ဘူးဆိုတာပါပဲ . . .

စိုးမြတ်သူဇာ

”ပရိသတ်များရှင် ဒီရက်ပိုင်းအ တွင်း ဖေ့စ်ဘွတ် စာမျက်နှာပေါ်သို့ ရောက်လာသည့် ကျွန်မနှင့် ပတ်သက် သော အကြောင်းအရာများနှင့် ပတ် သက်ပြီး ကျွန်မ မိသားစု မိတ်ဆွေသူ ငယ်ချင်းများအပါအဝင် ကျွန်မကို သံ ယောဇဉ်ရှိကြတဲ့ ပရိသတ်များ အားလုံး စိတ်အနှောင့်အယှက်များစွာ ဖြစ်ရ သလို ကာယကံရှင် ကျွန်မကိုယ်တိုင် လည်း အတိုင်းအဆမရှိ စိတ်ထဲမှာ ထိခိုက်နာကျင်ရပါတယ်။

Moe Zay Nyein ကိုကျွန်မ မသိပါ။ဘယ်လိုရည်ရွယ်ချက်နဲ့ဒီလိုလုပ် ရပ်ကို လုပ်ခဲ့လဲဆိုတာကိုလည်း ကျွန်မ နားမလည်ပါ။ သူတင်ပြထားတဲ့ အ ကြောင်းအရာများကို မှန်ကန်ပါတယ်လို့ တစ်ဦးတစ်ယောက်ကမှမထောက်ခံထား သလိုလုံးဝအမှန်လို့လည်းမယူဆသင့်ပါ။

အခြေအနေမှန်ကို သေချာမသိ ဘဲ ဝင်ရေးထားတဲ့ Comment  နှစ်ခု လောက်ကို မြင်ရတဲ့အခါ ကျွန်မ တော် တော်ကို စိတ်ပျက်မိပါတယ်။

 အနုပညာရှင်တွေဟာ စည်းကမ်း မရှိ၊ အရှက်အကြောက် မရှိ၊ ဥပဒေ ဘောင်အတွင်း တကယ်နိုင်ငံတော်အစိုး ရက ဒီတိုင်းကြည့်မနေဘဲ ထိထိ ရောက် ရောက် အပြစ်ပေး ခဲ့တာ လူတိုင်းလည်း သိကြပါတယ်။

Nobody Perfect  ဆိုပေမယ့်Perfect ဖြစ်တဲ့သူတွေလည်း အများကြီး ရှိနိုင်ပါတယ်။ သေချာတာက ကျွန်မ ဟာ Perfect မဟုတ်ဘူး ဆိုတာပါပဲ။ ကျွန်မမှာ အား နည်းချက်၊ ချို့ယွင်းချက် တွေ အများကြီးရှိသလို အမှားမရှိ အပြစ်ကင်းတဲ့ လူမျိုးလည်း မဟုတ်ပါ ဘူး။ ကျွန်မ အသက် ၄၂ နှစ်ရှိပါပြီ။ လက်ရှိ မိဘတွေနဲ့အတူတူနေပြီး ကျွန်မ ကျွမ်းကျင်တဲ့ အသက်မွေးဝမ်းကျောင်း ပညာနဲ့ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း မှာ ရိုးသားစွာ နေထိုင်ပြီး တင့်တယ် အောင် ရပ်တည်နေပါတယ်။ အခု ကိစ္စ မှာ ကျွန်မကို မရည်ရွယ်လည်း ကျွန်မ ဓာတ်ပုံနဲ့ ခေါင်းစဉ်တပ်အကြောင်းအရာ တွေကိုတော့ ကျွန်မအနေနဲ့ အင်မတန် ခံရခက်ပါတယ်။

 နိုင်ငံရေး နားလည်သည့် အသိ ဥာဏ်မျိုးမရှိတဲ့အတွက် နိုင်ငံရေးကို စိတ်မဝင်စားပေမယ့် ဒီနိုင်ငံသူတစ် ယောက်အနေနဲ့ နိုင်ငံရေးကိုတော့ ကျွန် မစိတ်ဝင်စားပါတယ်။ ပစ္စုပ္ပန်ကာလမှာ ရုပ်ရှင်မင်းသမီးတစ်ယောက် ဖြစ်နေတဲ့ အတွက် ကျွန်မနဲ့ သက်ဆိုင်သော ကိစ္စ များကိုပဲ ကျွန်မစိတ်ဝင်စားပါတယ်။ ကျွန်မအလုပ်ကို လေးလေးစားစား လုပ် ပါတယ်။ ဘယ်သူ့ကိုမှ အနိုင်မယူ၊ ဘယ်သူ့ကိုမှ အရှုံးမပေးWin Win Situation   ကို လက်ခံကျင့်သုံးပါတယ်။ ကျွန်မ  Life ကို Day by day  ဖြတ် သန်း ပါတယ်။ ကျွန်မ ပျော်ပျော်နေတတ် ပေမယ့် ဘယ်တုန်းကမှ ပေါ့ပေါ့မနေခဲ့ ပါဘူး။

 ကျွန်မ Life Perfect  မဖြစ်ပေ မယ့် ဒီနေ့ ဒီအချိန်ထိ ကျွန်မကြောင့် ဘယ်တစ်ဦးတစ်ယောက်ကိုမှ ထိခိုက် နစ်နာအောင်၊ ပျက်စီးဆုံးရှုံးအောင် ဆိုး ရွားတဲ့ အပြစ်မျိုး၊ အမှားမျိုး မလုပ်ခဲ့ တဲ့အတွက် ဒီအသက်အရွယ်ထိ ဒီနေ ရာမှာ ကျွန်မရပ်တည်ခွင့်ရနေတာ လူ တိုင်းအမြင်ပါပဲ။ လိပ်ပြာသန့်တဲ့အတွက် ကျွန်မဘဝက မင်္ဂလာရှိပါတယ်။

 MZN ရဲ့ အမှန်တရားဖော်ထုတ် တဲ့ ကိစ္စက ကျွန်မတင်မက အကြောင်း အရာထဲမှာ နာမည်ပါတဲ့ လုပ်ဖော် ကိုင် ဖက် ကျွန်မရဲ့ အနုပညာရှင် မောင်နှမ တွေကိုပါ အများကြီးထိခိုက်နစ်နာစေပါ တယ်။ မိသားစုတွေ ရှိကြတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် အပြန်အ လှန်လေးစားတဲ့ ဆက်ဆံရေးကို ပျက်စီး စေပါတယ်။ သံသယေ တွနဲ့ ရင်းနှီးမှုကို ဒုက္ခရောက်စေပါတယ်။

 ဘယ်သူ့အတွက်မှ အကျိုးမရှိ အ များအတွက် နစ်နာဆုံးရှုံးမှုကို ဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေဟာ ဘယ်လောက် ပဲ (အမှန်) ဖြစ်နေပါစေ နောက်ဆုံးမှာ (အမှား) ဖြစ်စေပါ တယ်။

ပရိသတ်များရှင် MZN  တင်ပြ ချက်မှာပါတဲ့ ကျွန်မနဲ့ ပတ်သက်တဲ့ ဓာတ်ပုံအပါအဝင် အကြောင်းအရာ အားလုံးကို ကျွန်မလုံးဝ လက်မခံပါ ဘူး။ အစစ်အမှန် ဆိုတာကိုလည်း မယုံ တဲ့အတွက် အသိအမှတ်လည်း မပြုပါ ဘူး။ ကျွန်မအတွက် အချိန်က ဘဝပါ။ ဘဝကို တန်ဖိုးထားသလို အချိန်ကို လည်း ကျွန်မ အရမ်းတန်ဖိုး ထားပါတယ်။

ကျွန်မရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ကို အကုန်ခံပြီး ဒီလိုပြန်ရှင်းပြရတာ ကျွန်မကိုချစ်တဲ့လေးစားကြတဲ့ ပရိသတ် တွေကို ကျွန်မတန်ဖိုးထား ထားလို့ပါ။ ကျွန်မအတွက် နံပါတ်တစ် ဦးစားပေး အရေးပါတဲ့ လူတွေထဲမှာ ပရိသတ်များ ပါပါတယ်။ ဆက်လျှောက်ဖို့ ကျန်နေ သေးတဲ့ခရီးမှာ ကျွန်မကို လက်တွဲထား မယ့် အဖော်ကောင်းမပါပေမယ့် မိတ် ဆွေကောင်းတွေကိုလက်တွဲပြီး ပရိသတ် ပေးတဲ့ ခွန်အားတွေနဲ့ ကျွန်မ ဆက် လျှောက် ချင်ပါတယ်။

MZN က ကွန်းမန့်တစ်ခုမှာ မကြီးစိုး စဆရလို့ သုံးနှုန်းထားပါတယ်။ စစ်သား သားသမီးဖြစ်လို့ ဒီအသုံးအနှုန်း ကို ကျွန်မနားလည်ပါတယ်။ ဦးMZN ရှင် (ဦးနဲ့ ပတ်သက် လို့ အနည်းငယ် သိထားတဲ့အတွက် ဦးတပ်ပြီး ခေါ်လိုက် တာပါ) ဦးပြောသလို အကြောင်းအရာ တွေ ချန်ထားခဲ့လို့ဆိုပြီး မရှိတဲ့ အကြောင်းအရာတွေအတွက် ကျွန်မ ကတော့ ဘယ်တော့မှ ကျေးဇူးတင်မှာ မဟုတ်ပါဘူးရှင်။ ဒါပေမဲ့ ဦးပြောတဲ့ အသုံးနှုန်းအတိုင်းပြောရရင် ကျွန်မအ တွက် MZN စဆရမှာ မိတ်ဆွေကောင်း တွေ အများကြီး ထပ်ရလိုက်လို့ ဒီ့အတွက် ဦးကို ကျေးဇူးတင်မိပါတယ်။

ဘယ်သူနဲ့မှ ရေရှည်အခြေအတင် မဖြစ်ချင်တာ ကျွန်မဆန္ဒပါ။ လူမှုဆက် ဆံရေးဟာ လူတစ်ယောက်အတွက် အရေးကြီးဆုံး ကဏ္ဍပါ။ လူမှုဆက်ဆံ ရေး မပြေလည်ရင် တခြားဘယ်အရာ မှ အဆင်ပြေမှာ မဟုတ်ပါဘူး။

ကျွန်မနိုင်ငံခြားမှာ နေရတဲ့အချိန် မှာ သိခဲ့တဲ့ ဥပဒေတစ်ခုရှိပါတယ်။ ဘယ်နိုင်ငံမှာပဲ နေနေ၊ နိုင်ငံတိုင်းရဲ့ ဥပ ဒေမှာ တူညီတဲ့ ဥပဒေတစ်ခုတော့ရှိပါ တယ်။ အနုပညာ ရှင်များ(သို့) အောင် မြင်ထင်ရှား လူသိများသူတွေရဲ့ ပုဂ္ဂိုလ် ရေးဆိုင်ရာတွေကို (၁) ကာယကံရှင်ရဲ့ ခွင့်ပြုချက် မရရှိပါက (၂) တရားဥပဒေ အရ အကြောင်းမတိုက်ဆိုင် (သို့) တရား ရုံးမှ ခွင့်ပြုချက် မရရှိပါက (၃) လက်ရှိ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်ကျူးလွန် နေသူဟု ခိုင်လုံသောသတင်းအထောက် အထားမရှိပါက ဘယ်တော့မှ လူအများ မြင်သာတဲ့ နေရာတွေမှာ  ဖြန့်ဝေနိုင်ခွင့် မရှိဘူးဆိုတာပါပဲ။

ကျွန်မကတော့ ဒီအကြောင်းအရာ နဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အနေခက် တာမျိုး မဖြစ်စေချင်သလို ဥပဒေနဲ့ စကားပြောရတာမျိုးတွေအထိလည်း အလုပ်တွေ မရှုပ်ချင် ပါ။ အဲဒါကြောင့် ဒါနဲ့ ပတ်သက်ပြီး ပထမဆုံးနဲ့ နောက် ဆုံး ရှင်းပြတာပါ။ နောက်ထပ်ဒါနဲ့ ပတ်သက်တဲ့ ဘာအကြောင်းအရာကိုမှ ကျွန်မ ပြန်ရှင်းပြမှာ မဟုတ်ပါဘူး။ လူ့ အခွင့်အရေးကို တကယ်နားလည် လေး စားမယ်ဆိုရင် စာနာစိတ်နဲ့ ဆက်ဆံ ရေးကို အသုံးပြုကြတာ အကောင်းဆုံး  မဟုတ်ဘူးလား။

ကျွန်မကိုချစ်တဲ့ ပရိသတ်များ၊ ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး နာမည် ပါတဲ့ အနုပညာ မောင်နှမများရှင် ။ကျွန်မနဲ့ ပတ်သက်ပြီး စိတ်အနှောင့် အယှက်ဖြစ်ခဲ့ကြတဲ့ အတွက် ဒီနေရာ ကနေ ကျွန်မတောင်းပန်ပါတယ်။ ကျွန် မကို နားလည်ပေးကြပါ။ ဒီကိစ္စမှာကျွန်မကို ကူညီဖေးမခဲ့တဲ့ သူများနဲ့ အ ကြံဥာဏ်ပေးခဲ့သူတွေအားလုံးကို အထူး ကျေးဇူးတင်ပါတယ်။

(စိုးမြတ်သူဇာ ဖေ့စ်ဘွတ်မှ)”
Popular Myanmar News Journal
အဆင်ပြေပါစေ....

N ကိုင်ရာ ရဲ့ မင်္ဂလာပွဲအစီအစဉ်


တေးသံရှင် Nကိုင်ရာက အောက်တိုဘာလ ထဲမှာ သူမရဲ့ဖခင်ဖြစ်သူ ဆုံးပါး သွားတာကြောင့် သူ့ရဲ့ မင်္ဂလာပွဲကိုလည်း ရွှေ့ဆိုင်း ခဲ့ရပြီး အနုပညာ အလုပ်တွေ လည်း ရပ်နား ထားခဲ့ပါတယ်။ အခု နိုဝင်ဘာလ ထဲမှာတော့ Nကိုင်ရာက အနုပညာ အလုပ်တွေကို ပြန်လည် လှုပ်ရှားနေပြီး မင်္ဂလာပွဲ ကိုတော့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ ထဲမှာစီ စဉ်ထားတယ် လို့သိရပါတယ်။

“နေ့လယ်ပိုင်း ကတော့ ဘုရားကျောင်း မှာပဲ မင်္ဂလာပွဲ လုပ်ဖြစ်မယ်။ ဒင်နာ ကိုတော့ ဟိုတယ်ရွေးတုန်းပါပဲ။ ပြီးတော့ အနုပညာ အလုပ်ကို လည်း ဒီကြား ထဲ မှာ ပြန်လုပ် သွားမှာ ပါ။ လေဒီ ကိုင်ရာ စီးရီး MTV ကိုလည်း ချစ်သူများနေ့ အမီထွက်ချင်သေးတာ ဆိုတော့ ဒီကြား ထဲမှာ အလုပ်တော့ နည်းနည်း ရှုပ်နေတယ်” လို့ Nကိုင်ရာ က ပြောပါတယ်။ N ကိုင်ရာက လတ်တလော မှာတော့ သူတို့ မင်္ဂလာပွဲ အတွက် ရည်ရွယ်ထားတဲ့ သီချင်း တစ်ပုဒ် ကိုလည်း မင်္ဂလာပွဲအမီ အသံ သွင်းနေ တယ် လို့ လည်း ပြောပြီး Nကိုင်ရာရဲ့ အမျိုးသား လောင်း ကလည်း ဂီတကို ဝါသနာကြီး တဲ့လူတစ် ယောက်လို့ သိရပါတယ်။

“သူက ကိုင့် ထက်တောင် ဝါသနာ ကြီးသေးတယ်။ သူ့ကိုလည်း အနု ပညာ လောက အကြောင်း ပြောပြတော့ သူလည်း နားလည်ပါတယ်။ သူကလည်း ဝါသနာကြီးတဲ့ အတွက် သူနဲ့လည်း အမှတ်တရလေး တွဲဆို ဖို့တော့ စီစဉ်ထားတယ်။ သူက သီချင်းရေးလည်း ရတယ်။ အရင်နှစ်က ထွက်တဲ့ မနောအလှ ဂီတညထဲ က ကိုင်ဆိုတဲ့ သီချင်း က သူရေးပေး ထားတာ။ ရည်းစား ဖြစ်ခါစတုန်း ကပေါ့” လို့ Nကိုင်ရာ ကပြောပြီး အိမ်ထောင်ပြုပြီး နောက်ပိုင်း မှာလည်း ဒီဂီတ အပေါ် မှာပဲ အကောင်း ဆုံး ဖြစ်အောင် လုပ်သွားမယ် လို့လည်း Nကိုင်ရာ ကပြောပြခဲ့ ပါတယ်။

ရဲရဲ
Popular Myanmar News Journal
အဆင်ပြေပါစေ...

Pee Mak မင်းသမီး မြန်မာနိုင်ငံသို့ရောက်ရှိ

နာမည်ကျော်ထိုင်းရုပ်ရှင်ကား (Pee Mak )ပီးမတ်ဇာတ်ကား မှ မင်းသမီး Davika Hoorne နှင့် အဆိုတော် Mos တို့သည် ယနေ့ ဒီဇင်ဘာ 3 ရက်နေ့ တွင် Juntion Square တွင် ပြုလုပ်မည့် ဆီးဂိမ်း အကြို အားပေးပွဲတွင် ပါဝင်ဆင်နွှဲရန် အတွက် နေ့ လယ် 1 နာရီ 50 မိနစ် အချိန် က မြန်မာနိုင်ငံသို့ ရောက်၇ှိလာခဲ့ပြီ ဖြစ်သည်။ မင်းသမီးသည် 3း00 မှ 4း00 ၀န်းကျင် ထိ ချက်ထရီယမ် ဟိုတယ်တွင် လူမင်း စိုင်းစိုင်း မိုးစက်ဝိုင်တို့ နှင့် အတူ ညနေ ပွဲ အတွက် အစီအစဉ် များကို တိုင်ပင် ဆွေးနွေးလျှက်ရှိကြောင်းသိရသည်။










ရဲရဲ ဓာတ်ပုံ မင်းမင်းထွန်း
Popular Myanmar News Journal
အဆင်ပြေပါစေ....
http://nyeinchanthu3.blogspot.com/

အွန်လိုင်းမှာ ပျံ့နေတဲ့ ကိစ္စ ရုပ်ရှင်အစည်းအရုံး ရှင်းလင်းချက်ထုတ်ပြန်


ဒီရက်ပိုင်း အတွင်း အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကျော် အနုပညာရှင်တွေရဲ့ တချိန်က မူးရစ်ဆေးဝါး သုံးစွဲခဲ့ကြတယ်ဆိုတဲ့ ရေးသားဖော်ပြချက်တွေကြောင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ဒီကနေ့ နေ့စွဲနဲ့ စာထုတ်ပြီး ရှင်းလင်းချက် ထုတ်ပြန်လိုက်ပါတယ်။



အွန်လိုင်းပေါ်က အနုပညာရှင်တွေ မူးရစ်ဆေး သုံးစွဲမှု မှတ်တမ်းဆိုတာတွေ ပေါ်ထွက်ခဲ့အပြီး သက်ဆိုင်ရာ အနုပညာရှင်တချို့ကလည်း ဖေ့စ်ဘုတ်ပေါ်က ဖြေရှင်းမှုတွေရှိလာခဲ့တာတွေလဲရှိခဲ့ကြပါတယ်။

ဧရာဝတီ Myanmar News
အဆင်ပြေပါစေ...
http://nyeinchanthu3.blogspot.com/

WY ဆေးပြား သုံးစွဲသည်ဆိုခြင်းကိစ္စ ရုပ်ရှင်ဥက္ကဋ္ဌ လူမင်း စတင်ရှင်းပြီ


မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသူ သရုပ်ဆောင်လူမင်း အပါအ၀င်ရုပ်ရှင် လောကအတွင်းမူးယစ်ဆေး သုံးစွဲသူများ အဖြစ် WY ဆေးပြားသုံးစွဲသူ(၁၃)ဦးစာရင်းနှင့် အဆိုတော်လောက WY ဆေးပြားသုံးစွဲသူ(၃)ဦးစာရင်းတို့ ကို (၃ဝ-၄-၂ဝဝ၈)နေရက်စွဲပါ အစစ်ခံချက်အဖြစ်“ရန်ကုန်မူးယစ် အရှေ့အထူးအဖွဲ့ စစ်ဆေးချက်”ဆိုသည့် အမူမှတ်တမ်း တစ်စောင် အွန်လိုင်းတွင်ပျံ့ နှံလျှက်ရှိပါသည်။
အဆိုပါ အစစ်ခံချက်ပါအမည် စာရင်းတွင်၎င်း၏ အမည်ပါရှိသည့်အတွက် ပရိသတ်တွေထင် ယောင် ထင်မှား ဖြစ်မည်ကို စိုးရိမ်ခြင်းဟု ဆိုကာ အကယ်ဒမီလူမင်းက မူးယစ်ဆေးဝါးကို ယောင်လိုတောင် လက်တည့် မစမ်းခဲ့ဖူးပါဟူ၍ အွန်လိုင်းတွင်ရှင်းလင်း ဖြေကြားချက် တစ်စောင်ကို ယမန်နေ့ဒီဇင်ဘာ(၁)ရက်နေ့ ရက်စွဲဖြင့် ပြန်လည်ရှင်းလင်းပြောကြား ထားပါသည်။

(ဦး)လူမင်း၏ ရှင်းလင်းချက်မှာ“မူးယစ်ဆေးဝါး...... ယောင်လိုတောင် လက်တည့် မစမ်းခဲ့ဖူးပါ။ မိတ်ဆွေအပေါင်းအသင်း ပတ်ဝန်းကျင်အားလုံး အသိပါ။ ကျွန်တော် ပရိသတ်တွေ ထင်ယောင်ထင်မှားဖြစ်နေ မှာစိုးလို့ ပါ။ ကျွန်တော်ကိုယ်တိုင် မူးယစ်ဆေးဝါးဆန့် ကျင် တိုက်ဖျက်ရေး အသင်း<MANA>ရဲ. သံတမန်တစ်ယောက်ပါ”ဟုပါရှိပါသည်။

ထို့ အတူအဆိုပါ ရန်ကုန်မူးယစ်အရှေ့အထူး အဖွဲ့စစ်ဆေး ချက်စာရင်းပါ အနုပညာရှင်များ အနေဖြင့်လည်း ၄င်းတို့ သာအမှန်တကယ် မူယစ်ဆေးဝါး သုံးစွဲခဲ့ခြင်း မရှိက ပရိသတ်အထင်အမြင် မမှားစေခြင်း အလို့ ငှာပြန်လည် ငြင်းချက်ထုတ်မူများ အသီးသီး ပြုလာဖွယ် ရှိကြောင်း ရုပ်ရှင် ဂီတအနုပညာ အသိုင်းအ၀ိုင်းက ဆိုပါသည်။
အဆင်ပြေပါစေ....
http://nyeinchanthu3.blogspot.com/

Thank You ဆိုတဲ့ စကားထက် ကောင်းတဲ့ စကား ရှိရင် ပရိ သတ်ကို ပြောချင် ပါတယ် စိုင်းစိုင်း ခမ်းလှိုင်


စိုင်းစိုင်း ခမ်းလှိုင်က ဘန်နီဖြိုး ရဲ့ လူပျို လှည့်တေး ကို သူ့ရဲ့ Franzo Production ကနေ Co-producer အနေနဲ့ ထုတ်ပေး မှာဖြစ်ပါ တယ်။ ဘန်နီ ဖြိုးရဲ့ လူပျို လှည့်တေး စာနယ်ဇင်း မိတ်ဆက်ပွဲ နေ့က သူက ဘန်နီ ဖြိုးကို တေးရေး၊ တေးဆို အပြင် သူ့ရဲ့ စီးရီး Cover Design တွေက အစ ကိုယ်တိုင် လုပ်တာမို့ တကယ် တော်တဲ့ အဆိုတော် တစ်ယောက် ပါလို့ သူက ချီးမွမ်း စကား ပြောခဲ့ ပါ တယ်။ တကယ်တော့ လည်းသူ ကိုယ် တိုင်က မော်ဒယ် သရုပ်ဆောင်၊ တေး ရေး၊ တေးဆို၊ စာရေး ဆရာ စတဲ့ အောင်မြင်မှု များစွာကို ပိုင်ဆို င်ထား နိုင်ခဲ့ သူပါ။ သူနဲ့ ခဏတာ တွေ့ဆုံ ခိုက်

Q. စိုင်းစိုင်း Franzo ကနေ တခြား အဆိုတော်တွေရဲ့ အခွေတွေ ထုတ်တဲ့ အခါ ဘာကို အဓိက ထားပြီး ထုတ်လဲ။ ခင်မင်မှု ကြောင့်လား၊ သီ ချင်း ကြောင့်လား။

A. အဓိက ကျွန်တော်ကြိုက် ရင်ထုတ် တယ်။ အကြမ်း ဖျင်းက တော့ ကျွန်တော် ကလည်း ဂီတရဲ့ ပရိသတ် ဖြစ်တဲ့ အတွက် သူတို့ ဖန်တီး လိုက်တဲ့ သီချင်း တွေကို ကျွန်တော် ကြိုက်တယ်။ ကိုယ်တိုင် လည်း နား ထောင်ချင် သလို ပရိသတ် ကိုလည်း နားထောင် စေချင် တယ်။ နောက် တစ်ခုက လူငယ်တွေ တောက်လျှောက် လှမ်းတဲ့ သူတို့ရဲ့လမ်းကြောင်း ခံယူ ချက်မှာ ကျွန်တော် နဲ့ခံယူ ချက်ခြင်း သိပ်မ ကွဲပြား ဘူးဆိုရင် လက်တွဲဖြစ် တယ်။ ရံဖန် ရံခါမှာ တော့ တချို့အနု ပညာ ကိုတော့ ကျွန်တော် အရမ်း ကြိုက် တယ်။ ဒါပေမဲ့ သူတို့ရဲ့ ခံယူ ချက်က ကျွန်တော်နဲ့ သွားချင်တဲ့ လမ်းကြောင်း မတူဘူး ဆိုရင်တော့ အလုပ်တွဲ လုပ်ဖို့တော့ ခက် တာပေါ့။ ကိုယ်နဲ့ ခံယူ ချက်ခြင်း လည်းတူ၊ သွား ချင်တဲ့ လမ်းကြောင်း ပုံစံလည်း တူ တယ်။ ပြီးတော့ အဲဒီ အချိန်မှာ ကိုယ် လည်း တတ်နိုင်တယ် ဆိုရင်တော့ ပူး ပေါင်းအား ထုတ်လိုက်တာ ပေါ့ဗျာ။

Q. ဘန်နီဖြိုး အခွေ ထဲက ဘယ် တော့ များမှ နီးရ မှာလဲ ဆိုတာ ဘယ် သူ့ကို ရည်ရွယ်ပြီး ရေးထား တာလဲ။

A. ဘယ်သူ့ ကိုမှ မရည် ရွယ်ပါ ဘူး။ လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ် ကတည်း က ကျွန်တော် ကိုယ်တိုင် ဆိုဖို့ ရေး ထားတဲ့ သီချင်း ပါ။ ဒါပေမဲ့ ဘန်နီနဲ့ သီရိဆွေ ဆိုလိုက်တဲ့ အခါ ကျွန်တော် ဆိုတာထက် ပိုကောင်း နေတဲ့ အတွက် ကျွန်တော် ဘယ်လိုမှ မတတ် နိုင်ပါ ဘူး။ နှမျောစွာ နဲ့ပဲ ပေးလိုက် ရပါ တယ်။

Q. သူငယ်ချင်း တွေ မင်္ဂလာ ဆောင်မှာ ဘာတွေ ကူညီပေး ဖြစ်ဦး မလဲ။

A. ဘယ်လို မှတော့ မကူ ညီပါ ဘူး။ သူတို့ ဖိတ်တဲ့ ပွဲတွေကို လိုက် စားမှာ ပေါ့ဗျာ။

Q. သတို့သား အရန် လုပ်ဦး မှာ လား။

A. သတို့သား အရန် လည်းမ လုပ် ပါဘူး။

Q. Pee Mark မင်းသမီး နဲ့ ရိုက်မယ် ဆိုတာ သေချာ ပါပြီ လား။

A. မသေချာ သေးပါ ဘူး။ ရိုက် ဖြစ်ဖို့ ကြိုးစား နေကြ ပါတယ်။ ရိုက် ဖြစ်မှပဲ ကျွန်တော် အဲဒီ သတင်းကို ပြောချင် ပါတယ်။

Q. ဒီနှစ်မှာ စိုင်းစိုင်း Brand Ambassador အဖြစ် အများ ကြီးပဲ လက်ခံ ဖြစ်တယ် နော်။

A. Brand Ambassador ဆို တာက ခုခေတ်စား လာတဲ့ စကားလုံး ဖြစ်ပါတယ်။ ခါတိုင်း နှစ်တွေက လည်း ကျွန်တော်တို့ ကြော်ငြာတွေ ရိုက်ပါ တယ်။ ဒီနှစ် မှာတော့ ကြော် ငြာရိုက်တဲ့ အခါမှာ ကြော်ငြာ မှာအ သုံးပြုတဲ့ Model ကို Brand Ambassador ဆိုတဲ့ စကားလုံး က အနည်းငယ် ဖောင်းပွ လာပါ တယ်။ ကျွန်တော်ရဲ့ နဂိုက တည်းက မူက တော့ များသော အားဖြင့် ကျွန်တော် တစ်နှစ် အတွင်းမှာ အမျိုး အစားတူ ကုန်ပစ္စည်း နှစ်မျိုးကို ကြော်ငြာ လေ့မ ရှိပါ ဘူး။

Q. ဆယ်စုနှစ် တစ်ခု ကျော်ထိ အောင်မြင်မှု ထိန်းသိမ်း လာနိုင်တာ ဘာကြောင့် လို့ထ င်လဲ။

A. ဟုတ်လို့ လား။ ကျွန်တော့် ကိုယ် ကျွန်တော် တော့ မနှစ် တစ်နှစ် ကမှ တောင်ကြီးက ဆင်းလာပြီး လူ တွေ လက်ခံ လာတာလို့ နားလည်ထား တုန်းပဲ ရှိသေး တယ်။ ကျွန်တော်ရေး တဲ့သီချင်း ကျွန်တော်ရိုက်ချင်တဲ့ ဇာတ်လမ်း တွေကိုတော့ တစ်နှစ်နဲ့ တစ်နှစ်မ တူအောင် တော့ အားထုတ် ဖြစ်တယ်။ ဒါတွေ ကပဲ ကျွန်တော့်ရဲ့ ရင်ခုန်မှု တွေဖြစ် တယ်။

Q. ဝတ္ထု ဇာတ်လမ်း ရော မရေး တော့ဘူး လား။

A. ဝတ္ထု ဇာတ်လမ်း တိုင်းရေးရ လောက်အောင် တော့ ကျွန်တော် အချိန် မဖြစ်နိုင် သေးပါဘူး။ ဝတ္ထု ရေးဆရာ တစ်ယောက် ဖြစ်ဖို့ ကျွန် တော် အချိန် အများ ကြီးလို သလို skill လည်း အများ ကြီးလို ပါသေး တယ်။

Q. ဒီနှစ် တောင်ကြီး ပြန်တဲ့ Feeling ကရော

A. ဒီနှစ် တောင်ကြီး ပြန်တဲ့ Feeling ကတော့ ဘယ်နှစ် နဲ့မှ မတူ ပါဘူး။ ကျောင်းမှာ အာစရိ ယပူ ဇော်ပွဲ လုပ်တယ် ဆိုတော့ ငယ်သူ ငယ်ချင်း ဟောင်းတွေ အများ ကြီးတွေ့ ရသလို ဆရာ၊ ဆရာမ တွေလည်း အများကြီး တွေ့ရတယ်။ ကျွန်တော့် အတွက် မမေ့ နိုင်တဲ့ အချိန်လေး ပါပဲ။

Q. ဒိတ်ဒိတ် ကြဲ VCD ဘယ် တော့လောက် ထွက်ဖြစ် မလဲ။

A. ဒီဇင်ဘာ ၂၉ ကတော့ မမီ နိုင်တော့ဘူး ထင်ပါ တယ်။ ဒီဇင်ဘာ မထွက် နိုင်ရင် ဖေဖေါ်ဝါရီမှ ထွက် ဖြစ်တော့ မယ်။

Q. ဖက်ရှင်ရဲ့ Idea တွေ အမြဲ လန်းနေတာ ဘာကြောင့် လဲ။

A. ကျွန်တော် တစ်ယောက် တည်းထူး ပြီးတော့ ဆန်းသစ် အောင် တော့ ကျွန်တော် မကြိုးစား နေပါဘူး။ ကျွန်တော်က ဒီကမ္ဘာ မြေမှာ နေထိုင် တဲ့ လူတစ်ယောက် ပီပီ ဒီ ကမ္ဘာလုံးရဲ့ ရေစီးကြောင်း ထဲမှာ ကိုယ်အဆင် ပြေသလို လိုက်နေ ထိုင်တာပါ။ ကမ္ဘာ မှာ ဒီဖက်ရှင် ခေတ်စား လာတယ် ကိုယ်ကြိုက် တယ်ဆို ဝတ်လိုက် တာပဲ။ ကမ္ဘာမှာ ဒီဟန်ပန် မုရာခေတ် စားတယ်။ ကိုယ်လည်း အားကျ တယ်။ ကိုယ်နဲ့လည်း လိုက်တယ်ဆို အများ နည်းတူ လိုက်ပါ စီးမျော လိုက် တာပဲ။ ငါသည် ဖက်ရှင်မှာ တစ် ကမ္ဘာ လုံးနဲ့ ရှေ့ပြေး နေရမယ် ဆိုတဲ့ စိတ်မျိုး တော့မ ရှိဘူး။ ကျွန်တော်က ကိုယ် ကိုယ်ကိုယ် ခေတ်ထဲ ကကောင် လို့ထင် တယ်။ ကျွန်တော်ခေတ်ထဲ မှာပဲ နေထိုင် တယ်။

Q. ပရိသတ်ကို ဘာတွေ ပြော ချင်သေး လဲ။

A. ဒီ ရက်ပိုင်း ကျွန် တော်တော် တော်ပင် ပန်းပါ တယ်။ ပွဲတွေ ရော၊ ရိုက်ကူး ရေးတွေ ရော၊ Seagames Reharsal တွေရောသွားရ တယ်။ နိုင်ငံ တကာ အနု ပညာရှင် တွေနဲ့ တွဲ ဖက်ဖျော် ဖြေရမှာ ဆိုတော့ ဖိစီးမှု လည်းများ တယ်။ ဖိအား လည်းများ တယ်။ ကျွန်တော့် စိတ်နဲ့ ကျွန်တော် ဆို ကျွန်တော် ဒီလောက် မလုပ်နိုင် ပါဘူး။ ကျွန်တော် ညမ အိပ်ခင်ပဲ ဖြစ် ဖြစ်၊ နံနက် အိပ်ရာ ထရင်ပဲ ဖြစ်ဖြစ် Facebook က message တွေ ဖုန်းက message တွေဖတ် ပါတယ်။ အဲဒီ အခါ ပရိသတ် တွေက Sai Sai fighting ဆိုတဲ့ စာလုံး လေးတွေ ဖတ်ပြီး ဆက်သွား နေတာ ပါ။ ကျွန် တော် သိစေချင် တာက ပရိသတ် အားပေးလို့ ကျွန်တော် ကျေးဇူးတင် တယ်ဆို တဲ့စကား မျိုးမ ဟုတ်ဘူး။ Thank You ဆိုတဲ့ စကား ထက်ပို တဲ့ စကားလုံး ရှိရင် ပရိသတ် ကြီးကို ပြောချင် တယ်။

8Days Celebrities
အဆင်ပြေပါစေ....
http://nyeinchanthu3.blogspot.com/

ရင်သွေးလေး လွယ်ထားရပြီဖြစ်တဲ့ ချောရတနာ


အခုအချိန်မှာတော့ ကိုယ်ဝန်လေးလကျော် လွယ်ထားရတဲ့ ချောရတနာက ရင်သွေးလေးက သားဦးဖြစ်တဲ့အတွက် မိခင်တစ်ယောက်အနေနဲ့ အစစ အရာရာဂရုစိုက် ပြီးေ တာ့ သတိ ထားဆင်ခြင်နေထိုင်ဖြစ်တယ်လို့ ဆိုပါတယ်။ “ဝိတိုရိယဆေးရုံက ဆရာမ ဒေါ်ခင်လေးကြွယ်နဲ့ ချောက ပြနေ တယ်။ ကိုယ်ဝန်က လေးလခွဲရှိနေ ပြီ။ အစက ချောမှာ ကိုယ်ဝန်ရှိလို့ ရှိနေမှန်း မသိဘူး။ အရင်ကတည်းက ကိုယ်မှာက သွေးပေါင်ကျပြီး မူး တတ်တဲ့ အကျင့်ရှိတယ်။ ကိုယ်ဝန် ရှိတဲ့ လက္ခဏာမျိုးလည်း သူများတွေလို မပြတော့ ကိုယ်ဝန်ရှိမှန်း မသိဘူး။ နောက်တော့ ဆေးခန်းပြကြည့် တော့ ကိုယ်ဝန်ရှိမှန်းသိသွားတယ်။ တအားလည်း ဝမ်းသာပြီး ပျော်သွား တယ်။ ချောနဲ့အတူ ချောရဲ့အမျိုး သားကလည်း ပျော်နေတယ်။ တအားလည်း အံ့သြသွားတယ်။ အခု ထိတော့ သမီး လေးလား၊သားလေးလားဆိုတာတော့ မသိရသေးဘူး။ အခုချိန်ထိတော့ ချောက အစား အသောက်လည်း စားရတာ အဆင်ပြေတယ်။ အစား မရွေးဘူး။ အရင်လို တော့ သွားချင်တဲ့ နေရာမျိုးတွေ ရှိ ရင် တအားတော့သွားလို့မရဘူး။ ဆင်ခြင်ပြီးတော့ နေထိုင်ဖြစ် တယ်။ အစားအသောက်လည်း အကုန်စားတယ်။ ဒုက္ခ တော့ မရှိဘူး။ သူများတွေ လို အော့အန်တာမျိုးလည်း မရှိဘူး။ ကိုယ်က သားဦးလေးမွေးမှာဆိုတော့ အစစ အရာ ရာတော့ ဂရုစိုက်ဖြစ်တယ်။ ကလေးကို ကျန်း ကျန်းမာ မာလေးဖြစ်ဖို့တော့ ဆုတောင်း ဖြစ်တယ်။ချောကတော့ ဝိတိုရိယ ဆေးရုံမှာ ပဲ မွေး ဖြစ်မှာပါ။ ချောတို့ နှစ်ယောက်စလုံး က အခု မွေးမှာက သားဦးဖြစ် တဲ့အတွက် သားသားပဲ ဖြစ်ဖြစ်၊ မီးမီးပဲဖြစ်ဖြစ် ချစ်မှာပါ။ အခုလည်း ဆေးရုံ ကိုတော့ ပုံမှန်သွားပြီး ပြဖြစ်တယ်။ အစစအရာရာတော့ အမှားမရှိအောင် အတတ် နိုင်ဆုံး ဂရုစိုက်ပြီး နေရတယ်။ တခြားစိုး ရိမ်စိတ်တော့ မရှိပါဘူး” လို့ ပြောပါတယ်။

လွင်လွင်ထွန်း

Popular Myanmar News Journal
အဆင်ပြေပါစေ....
http://nyeinchanthu3.blogspot.com/

အကယ်ဒမီပွဲအတွက် ရင်ခုန်နေပါတယ်လို့ ဆိုတဲ့ န၀ရတ်


လတ်တလောမှာ အင်တာနက်ပေါ်မှာတက်နေတဲ့ န၀ရတ်ရဲ့ သတင်းအချို့နဲ့ပတ်သတ်ပြီး သူမကိုအားပေးနေတဲ့ ပရိသတ်တွေ စိုးရိမ်နေကြမှာ အမှန်ပါပဲ။ အဲဒီသတင်းဟာ လွန်ခဲ့တဲ့၅နှစ်ခန့်က စစ်ဆေးထားတဲ့ စစ်ချက်ဖြစ်နေတာကြောင့် စိုးရိမ်စရာဘာမှမရှိဘူးလို့ သိရပေမယ့် သူမကို သွားရောက်တွေ့ဆုံပြီးမေးမြန်းကြည့်တဲ့အခါ ဒါဟာဘာမှမဟုတ်တဲ့အကြောင်း၊  အချိန်ကြာနေပြီဖြစ်တဲ့ အတွက် အားပေးနေတဲ့ ပရိသတ်တွေ သူမအတွက် မစိုးရိမ်ကြဖို့နဲ့ သူမဟာ ခု နေအိမ်မှာပဲရှိနေပြီး ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ အကြောင်း၊ အကယ်ဒမီပွဲအတွက် ရင်ခုန်နေပြီဖြစ်တဲ့အကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

န၀ရတ်ဟာ မကြာခင်မှာကျရောက်တော့မယ့် အကယ်ဒမီပေးပွဲနဲ့ ပတ်သတ်ပြီး ၂၀၁၂ ထဲမှာ ကားပြိုင်နှစ်ကားနဲ့ ပရိသတ်တွေကြား ပွဲဆူနေသူမို့ မေးမြန်းကြည့်တဲ့အခါ ‘အကယ်ဒမီကတော့ တိမ်မင်းသမီးလဲရင်ခုန်တာပဲ။ မွေခံထိုက်သူလဲ ရင်ခုန်တာပဲ။ တိမ်မင်းသမီးကတော့ ပိုပြီးတော့ရစေချင်တာပေါ့နော်။ လူအများကြီးလဲထည့်ထားတယ်။ ဇာတ်ကားတစ်ကားလုံးမှာလဲ ပရိသတ်ကြည့်ရတာအားရတဲ့ ကားတစ်ကားပေါ့။ ဒီကားလေးထဲမှာ ရခဲ့တယ်ဆိုရင် အစ်မ ရိုက်ရကျိုးနပ်တယ်ပေါ့။ ဒါပြည်သူတွေကို ပင်ပင်ပန်းပန်းနဲ့ ကြိုးစားပြီး ရိုက်ထားတဲ့ ကားတစ်ကားဖြစ်တဲ့အတွက် ပြသမှုအပိုင်းနဲ့ပတ်သတ်ပြီးတော့လဲ ကျေနပ်တယ်။ ရုံတင်တဲ့အခါမှာလဲ န၀ရတ်နဲ့ထပ်တူခံစားပေးတဲ့အတွက် အရမ်းဝမ်းသာတယ်။အကယ်ဒမီရရ၊ မရရ၊ အမြတ်ရရမရရအသာထား ဇာတ်ကားတစ်ကားအနေနဲ့ ဒရမ်မာကားကိုအားပေးတဲ့အတွက်၊ လက်ခံတဲ့အတွက် ကိုယ့်ရဲ့စိတ်ကူးက သူတို့နဲ့ စိတ်တူကိုယ်တူဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ဖန်တီးမှုအပိုင်းနဲ့ပတ်သတ်ပြီးတော့လဲ ပိုပြီးတော့ အားရှိတယ်။ ဒီကားကို မရိုက်ခင်တုန်းက အရမ်းစဥ်းစားရတယ်။ ဇာတ်ကလဲ မင်းသမီးဇာတ်ဖြစ်တဲ့အတွက် ကိုယ်တိုင်မှပဲရမှာ။ ကိုယ်တိုင်ရိုက်ဖို့အတွက် အရင်ဆုံးပိုက်ဆံစုတယ်။ ပြီးတော့ ပါမဲ့သူတွေကို လျာ၊ လျာပြီးတော့မှအားလုံးကွက်တိပဲရွေးထားတဲ့သူတွေက အားလုံးလဲအဆင်ပြေတယ်။ အားလုံးအထစ်အငေါ့မရှိဘဲ အဆင်ပြေတယ်။’လို့ ပြောပါတယ်။

ပါဝင်တဲ့သရုပ်ဆောင်တွေတစ်ဦးချင်းရဲ့ကြိုးစားအားထုတ်မှုအပိုင်းကိုလည်း သူမက ‘တိမ်မင်းသမီးတစ်ဖွဲ့လုံးကောင်းလို့လဲ ဇာတ်ကားတစ်ကားလုံးကောင်းသွားတာပါ။ ပြီးတော့ ဒီဇာတ်လေးက အစ်မရဲ့ပရိသတ်တစ်ယောက်က ပေးတဲ့ဇာတ်လေးပေါ့။ သူတို့ပြောလို့ ကိုယ်ကသိတာဆိုတော့ သူတို့ကိုလဲ ကျေးဇူးဆပ်ချင်ပါတယ်။ အကယ်လို့ရခဲ့တယ်ဆိုရင် အဲဒီပရိသတ်ကို အစ်မလိပ်စာအတိုင်း ဆက်သွယ်ပါ။ ကျေးဇူးဆပ်မယ်လို့ပြောထားပါတယ်။ အစ်မကိုယ်တိုင်ရိုက်ရတာကလဲ ဇာတ်ရုပ်၂ ရုပ်လုံးကကောင်းတယ်။ အစ်မလုပ်ရမလား။ ညီမလုပ်ရမလား ကြည့်တဲ့အချိန်မှာ ၂ ခုစလုံးကကောင်းနေတယ်။ စာရေးဆရာမကလဲ ဗီဒီယိုဆို မရောင်းဘူး။ ရှေ့မှာလဲ ၃ ဦးလောက်လာဝယ်သေးတယ်။ ရုပ်ရှင်ကားကြီးအနေနဲ့ပဲ မျှော်မှန်းထားတယ်ပေါ့နော်။ အဲဒါနဲ့ပဲ ရုပ်ရှင်ကားကြီးအနေနဲ့ဝယ်ခဲ့တာပေါ့။ ရုံမှာကြည့်တဲ့သူတိုင်း သိပါတယ်။ လာကြည့်တဲ့သူတိုင်းပြန်ထွက်လာရင် မျက်လုံးလေးတွေမို့အစ်နေတာပဲ။ အဲဒါကြောင့် ဒီကားလေးဟာပရိသတ်အတွက် အစ်မရဲ့ အနုပညာတာဝန်ကျေတယ် လို့ပြောလို့ရတဲ့ကားလေးတစ်ကားပါ။ ပါတဲ့ဇာတ်ကားနှစ်ကားလုံးက ပင်ပန်းတယ်။ မွေခံထိုက်သူမှာဆိုလဲ ချိုင်းထောက်နဲ့အရမ်းခက်ခဲပါတယ်။ သူတောင်းစားမအခန်းနဲ့ သားက ဆွမ်းခံကျွေးတဲ့ထမင်းကို ထိုင်စားတယ်။ တိမ်မင်းသမီးကျတော့လဲ လှလှပပ ဟန်ချက်ညီညီနဲ့ ဇာတ်အိမ်တစ်ခုလုံးက ဟာကွက်မရှိအောင်လုပ်ရတာဆိုတော့ တစ်ဖွဲ့လုံးကိုရစေချင်ပါတယ်။ တိမ်မင်းသမီးကိုလဲရစေချင်တယ်။ မွေခံထိုက်သူကိုလဲ ရစေချင်တယ်။ ဆေးစက်ကျရာ အရုပ်ထင်ချင်တယ်။ ကျော်ဟိန်းသမီးဆိုတော့ လောဘကြီးတယ်။ အားလုံးကိုရစေချင်ပါတယ်တဲ့။ အကယ်ဒမီပေးပွဲမှာ ၀တ်မဲ့ဝတ်စုံကိုတော့ တိမ်မင်းသမီးတစ်ကားလုံးကိုချုပ်လုပ်ပေးခဲ့တဲ့ ဒီဇိုင်နာမလတ်ကစီစဉ်ပေးမှာပါ။ မိတ်ကပ်လဲအဲလိုပါပဲ။ ဦးမာပဲပြင်ပေးမှာပါ။ ပိုးထည်ကတော့ မလတ်ကိုပဲစီစဉ်ခိုင်းမယ်ဆိုတော့ လေ။ အစ်မ၀ယ်လာတဲ့ဟာလေးတွေလဲရှိတော့ သူ့ဆီပို့ထားတယ်။ သူပဲစီစဉ်ပေးမှာပါ။’ လို့ပြောပြပေးခဲ့ပါတယ။်

ခင်ဆွေသက်

Trend Myanmar

ပထမဆုံးနဲ့ နောက်ဆုံးရှင်းပြတာပါဆိုတဲ့ အကယ်ဒမီစိုးမြတ်သူဇာ



ပထမဆုံးနဲ့နောက်ဆုံး ရှင်းပြတာပါ နောက်ထပ် ဒါနဲ့ ပတ်သက်တဲ့ ဘာ အကြောင်းအရာ ကိုမှ ကျမ ပြန်ရှင်းပြ မှာ မဟုတ်ပါဘူး လူ့အခွင့်အရေး ကို တကယ်နားလည်လေးစားမယ်ဆို ရင် စာနာစိတ်နဲ့ ဆက်ဆံရေးကို အသုံးပြုကြတာ အကောင်းဆုံး မဟုတ်ဘူးလား ကျမကို ချစ်တဲ့ ပရိသတ်များ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နာမည်ပါခဲ့တဲ့ အနုပညာ မောင်နှမ များရှင် ကျမနဲ့ ပတ်သက်ပြီး စိတ်အနှောက်အယှက် ရခဲ့ကြတဲ့ အတွက် ဒီနေရာကနေ ကျမ တောင်းပန်ပါတယ် ကျမ ကိုနားလည်ပေးကြပါ ဒီကိစ္စမှာ ကျမ ကိုကူညီဖေးမခဲ့တဲ့ သူများ နဲ့ အကြံဥာဏ်ပေးခဲ့သူတွေအားလုံးကို အထူးကျေးဇူးတင်ပါတယ် အားလုံး မင်္ဂလာရှိသော သူများ ဖြစ်ကြပါစေရှင်။
စိုးမြတ်သူဇာ
2nd December 2013
1:30 pm

Popular Myanmar News Journal
အဆင်ပြေပျော်ရွင်ပါစေ....
http://nyeinchanthu3.blogspot.com/

ဖေ့ဘုတ်ပေါ်မှ အကြောင်းအရာများနှင့်ပတ်သက်ပြီး စိုးမြတ်သူဇာရဲ့ ဖြေရှင်းချက်



ပရိတ်သတ်များရှင် ဒီရက်ပိုင်းအတွင်း FB စာမျက်နာပေါ်သို့ ရောက်လာသည့် ကျမ နှင့် ပတ်သက်သော အကြောင်းအရာများနှင့် ပတ်သက်ပီး ကျမ မိသားစု မိတ်ဆွေသူငယ်ချင်းများအပါအဝင် ကျမကို သံယောဇဉ် ရှိကြတဲ့ ပရိတ်သတ်များ အားလုံး စိတ်အနှောက်အရှက် များစွာဖြစ်ရသလို ကာယကံရှင် ကျမကိုယ်တိုင်လဲ အတိုင်းအဆမရှိ စိတ်ထဲမှာ ထိခိုက် နာကျင်ရပါတယ် Moe Zay Nyein ကိုကျမ မသိပါ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ရပ်ကို လုပ်ခဲ့လဲ ဆိုတာကိုလည်း ကျမ နားမလည်ပါ သူတင်ပြထားတဲ့ အကြောင်းအရာများကို မှန်ကန်ပါတယ်လို့ တစ်ဦးတစ်ယောက်ကမှ မထောက်ခံထားသလို လုံးဝ အမှန်လို့လဲ မယူဆသင့်ပါ အခြေအနေမှန်ကို သေချာမသိဘဲ ဝင်ရေးထားတဲ့ comment နှစ်ခုလောက်ကို မြင်ရတဲ့အခါ ကျမ တော်တော် ကို စိတ်ပျက်မိပါတယ် အနုပညာရှင်တွေဟာ စည်းကမ်းမရှိ အရှက်အကြောက်မရှိ ဥပဒေ ဘောင်တွင်း တကယ် နိုင်ငံတော်အစိုးရက ဒီတိုင်းကြည့်မနေဘဲ ထိထိရောက်ရောက်အပြစ်ပေးခဲ့တာ လူတိုင်းလဲသိကြပါတယ် nobody perfect ဆိုပေမဲ့ perfect ဖြစ်တဲ့သူတွေလဲ အများကြီးရှိနိုင်ပါတယ် သေချာတာက ကျမဟာ perfect မဟုတ်ဘူး ဆိုတာပါဘဲ ကျမ မှာ အားနဲချက် ချို့ယွင်းချက်တွေ အများကြီးရှိသလို အမှားမရှိ အပြစ်ကင်းတဲ့ လူမျိုးလဲ မဟုတ်ပါဘူး ကျမ အသက် ၄၂ နှစ်ရှိပါပြီ လက်ရှိမိဘ တွေနဲ့ တူတူနေပြီး ကျမ ကျွမ်းကျင်တဲ့ အသက်မွေး ဝမ်းကျောင်းပညာနဲ့ လူ့ပါတ်ဝန်းကျင် အသိုင်းအဝိုင်း မှာ ရိုးသားစွာ နေထိုင်ပြီး တင့်တယ်အောင် ရပ်တည်နေပါတယ် အခုကိစ္စမှာ ကျမကို မရည်ရွယ်လဲ ကျမ ဓါတ်ပုံ နဲ့ ခေါင်းစဉ်တတ် အကြောင်းအရာတွေကိုတော့ကျမ အနေနဲ့ အင်မတန် ခံရခက်ပါတယ် နိုင်ငံရေး နားလည်သည့် အသိ ဥာဏ်မျိုး မရှိတဲ့ အတွက် နိုင်ငံရေးကို စိတ်မဝင်စားပေမဲ့ ဒီနိုင်ငံသူတစ်ယောက်အနေနဲ့ နိုင်ငံ့အရေးကိုတော့ ကျမ စိတ်ဝင်စားပါတယ် ပစ္စုပ္ပန်ကာလ မှာ ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်နေတဲ့ အတွက် ကျမ နဲ့သက်ဆိုင်သော ကိစ္စ များကိုဘဲ ကျမ စိတ်ဝင်စားပါတယ် ကျမ အလုပ်ကို လေးလေးစားစား လုပ်ပါတယ်ံဘယ်သူ့ကိုမှ အနိုင်မယူ ဘ်ာသူ့ကိုမှ အရူံး မပေး Win win situation ကို လက်ခံကျင့်သုံးပါတယ် ကျမ life ကို Day by day ဖြတ်သမ်းပါတယ် ကျမ ပျော်ပျော်နေတတ်ပေမဲ့ ဘယ်တုန်းက မှ ပေါ့ပေါ့ မနေခဲ့ပါဘူ့း  ကျမ life perfect မဖြစ်ပေမဲ့ ဒီနေ့ဒီအချိန်ထိ ကျမကြောင့် ဘယ်တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာအောင် ပျက်ဆီး ဆုံးရူံးအောင် ဆိုးဝါးတဲ့ အမှားမျိုး အပြစ်မျိုး မလုပ်ခဲ့တဲ့အတွက် ဒီအသက်မရွယ်ထိ ဒီနေရာမှာ ကျမ ရပ်တည်ခွင့် ရနေတာ လူတိုင်းအမြင်ပါဘဲ လိပ့်ပြာသန့်တဲ့အတွက် ကျမ ဘဝက မင်္ဂလာ ရှိပါတယ် MZN ရဲ့အမှန်တရားဖော်ထုတ်တဲ့ ကိစ္စက ကျမတင်မက အကြောင်းအရာ ထဲမှာနံမည်ပါတဲ့ လုပ်ဖော် ကိုင်ဖက် ကျမရဲ့ အနုပညာရှင်မောင်နှမတွေ ကိုပါ အများကြီး ထိခိုက်နစ်စေပါတယ် မိသားစုတွေ ရှိကြတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် အပြန် အလှန်လေးစားတဲ့ ဆက်ဆံရေးကို ပျက်ဆီးစေပါတယ် သံသယ တွေနဲ့ ရင်းနှီးမူ ကို ဒုက္ခ ရောက်စေပါတယ် အဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ အများအတွက် နစ်နာဆုံးရူံးမူကို ဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေဟာ ဘယ်လောက်ဘဲ ( အမှန် ) ဖြစ်နေပါစေ နောက်ဆုံးမှာ ( အမှား ) ဖြစ်စေပါတယ် ပရိတ်သတ်များရှင် MZN တင်ပြချက်မှာပါတဲ့ ကျမနဲ့ပတ်သက်တဲ့ ဓါတ်ပုံအပါအဝင် အကြောင်းအရာ အရာအားလုံးကို ကျမ လုံးဝ လက်မခံပါဘူး အစစ်မှန်ဆိုတာကိုလဲ မယုံတဲ့ အတွက် အသိအမှတ်လဲ မပြုပါဘူး ကျမ အတွက် အချိန်က ဘဝ ပါ ဘဝကို တန်ဖိုးထားသလို အချိန်ကိုလဲ ကျမ အရမ်းတန်ဖိုးထားပါတယ် ကျမရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကိုအကုန်ခံပြီး ဒီလိုပြန်ရှင်းပြရတာ ကျမကို ချစ်တဲ့ လေးစားကြတဲ့ ပရိတ်သတ်တွေကို ကျမ တန်ဖိုးထားထားလို့ပါ ကျမ အတွက် နံပါတ် တစ် ဦးစားပေး အရေးပါတဲ့ လူတွေထဲမှာ ပရိတ်သတ်များ ပါပါတယ် ဆက်လျှောက်ဖို့ ကျန်နေသေးတဲ့ ခရီးမှာ ကျမကို လက်တွဲထားမဲ့ အဖော်ကောင်း မပါပေမဲ့ မိတ်ဆွေကောင်းတွေကို လက်တွဲပြီး ပရိတ်သတ်ပေးတဲ့ ခွန်အားတွေနဲ့ ကျမ ဆက်လျှောက်ချင်ပါတယ် MZH က comment တစ်ခုမှာ မကြီးစိုး စဆရ လို့ သုံးနူန်းထားပါတယ် စစ်သားသားသမီးဖြစ်လို့ ဒီအသုံးအနူံးကို ကျမ နားလည်ပါတယ် ဦး MZN ရှင် ( ဦးနဲ့ပတ်သက်လို့ အနဲငယ် သိထားတဲ့ အတွက် ဦးတတ်ပြီး ခေါ လိုက်တာပါ ) ဦးပြောသလို အကြောင်းအရာတွေ ချန်ထားခဲ့လို့ ဆိုပြီး မရှိတဲ့ အကြောင်းအရာ တွေ အတွက် ကျမ ကတော့ ဘယ်တော့မှ ကျေးဇူးတင်မှာ မဟုတ်ပါဘူးရှင် ဒါပေမဲ့ ဦးပြောတဲ့ အသုံးနူန်းတိုင်း ပြောရရင် ကျမ အတွက် MZN စဆရ မှာ မိတ်ဆွေကောင်းတွေ အများကြီး ထပ်ရလိုက်လို့ ဒီအတွက်တော့ ဦး ကို ကျေးဇူးတင်မိပါတယ် ဘယ်သူ နဲ့မှ ရေရှည် အခြေ အတင် မဖြစ်ချင်တာ ကျမ ဆန္ဒ ပါ လူမူဆက်ဆံရေးဟာ လူတစ်ယောက်အတွက် အရေးကြီးဆုံး ကဏ္ဍ ပါ လူမူဆက်ဆံရေး မပြေလည်ရင် တခြား ဘယ်အရာ မှ အဆင်ပြေမှာ မဟုတ်ပါဘူး ကျမ နိုင်ငံခြားမှာနေရတဲ့ အချိန်မှာ သိခဲ့တဲ့ ဥပဒေ တစ်ခု ရှိပါတယ် ဘယ်နိုင်ငံမှာဘဲ နေနေ နိုင်ငံတိုင်းရဲ့ ဥပဒေ မှာ တူညီတဲ့ ဥပဒေ တစ်ခုတော့ ရှိပါတယ် အနုပညာရှင်များ (သို့) အောင်မြင်ထင်ရှား လူသိများသူတွေရဲ့ ပုဂ္ဂိုလ် ရေးဆိုင်ရာတွေကို (၁) ကာယကံရဲ့ ခွင့်ပြုချက်မရရှိပါက (၂) တရားဥပဒေအရ အကြောင်းမတိုက်ဆိုင် (သို့) တရားရုံးမှ ခွင့်ပြုချက်မရရှိပါက (၃) လက်ရှိ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက် ကျုးလွန်နေသူဟု ခိုင်လုံသော သတင်းအထောက်အထား မရှိပါက ဘယ်တော့မှ လူအများမြင်သာတဲ့ နေရာတွေမှာ ဖြန့်ဝေ နိုင်ခွင့် မရှိဘူး ဆိုတာပါဘဲ ကျမကတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အနေခက် တာမျိုး မဖြစ်စေချင် သလို ဥပဒေ နဲ့ စကားပြောရတာမျိုးတွေ အထိ လဲ အလုပ်တွေ မရူပ်ချင်ပါ အဲဒါကြောင့် ဒါနဲ့ပတ်သက်ပြီး ပထမဆုံးနဲ့နောက်ဆုံး ရှင်းပြတာပါ
နောက်ထပ် ဒါနဲ့ ပတ်သက်တဲ့ ဘာ အကြောင်းအရာ ကိုမှ ကျမ ပြန်ရှင်းပြ မှာ မဟုတ်ပါဘူး
လူ့အခွင့်အရေး ကို တကယ်နားလည်လေးစားမယ်ဆို ရင် စာနာစိတ်နဲ့ ဆက်ဆံရေးကို အသုံးပြုကြတာ အကောင်းဆုံး မဟုတ်ဘူးလား

ကျမကို ချစ်တဲ့ ပရိတ်သပ်များ
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး
နာမည်ပါခဲ့တဲ့ အနုပညာ မောင်နှမ များရှင်
ကျမနဲ့ ပတ်သက်ပြီး စိတ်အနှောက်အယှက် ရခဲ့ကြတဲ့ အတွက် ဒီနေရာကနေ ကျမ တောင်းပန်ပါတယ်
ကျမ ကိုနားလည်ပေးကြပါ

ဒီကိစ္စမှာ ကျမ ကိုကူညီဖေးမခဲ့တဲ့ သူများ နဲ့ အကြံဥာဏ်ပေးခဲ့သူတွေအားလုံးကို
အထူးကျေးဇူးတင်ပါတယ်

အားလုံး မင်္ဂလာရှိသော သူများ ဖြစ်ကြပ်စေရှင်။

စိုးမြတ်သူဇာ
2nd December 2013
1:30 pm

SOEMYAT THUZAR စိုးမြတ်သူဇာ ဖေ့ဘုတ်မှ
အဆင်ပြေပါစေ....
http://nyeinchanthu3.blogspot.com/

ချစ်သုဝေနှင့် တွေ့ဆုံခြင်း


ရုပ်ရှင်နဲ့ ဂီတနယ်ပယ် နှစ်ခုစလုံးမှာ ပရိသတ် အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင်၊ တေးသံရှင် ချစ်သုဝေနှင့် တွေ့ဆုံပြီး မကြာမီ ရုံတင်ပြသမည့် သူမပါဝင် သရုပ်ဆောင်ထားသည့် သေးသေးလေးပဲလား ကြီးကြီးလား ရုပ်ရှင်ဇာတ်ကား အကြောင်း၊ သူမ မရိုက်ကူးလိုသည့် ဇာတ်ကောင် စရိုက်များအပေါ် သဘောထားအမြင်နှင့် လတ်တလော အနုပညာ လှုပ်ရှားမှုများ အကြောင်းကို The Voice ကမေးမြန်းထားခြင်း ဖြစ်သည်။

Voice : သေးသေးလေးပဲလား ကြီးကြီးလား ရုပ်ရှင်ဇာတ်ကားမှာ ချစ်သုဝေ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်ကို ပြောပြပေးပါဦး။

CTW : ထရီဇာက ဒီကားမှာ သီရိသံစဉ်ဆိုတဲ့ ကောင်မလေးနေရာက သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားလေးက ဟာသကားလေး ဖြစ်တဲ့အတွက် Character ထူးထူးခြားခြားရယ်လို့ မရှိပါဘူး။ မမျှော်လင့်တဲ့ အကြောင်းအရာ တစ်ခုကြောင့် မင်းသားနဲ့ ဆုံတယ်။ ထရီဇာတို့ နှစ်ယောက်က တစ်ကားလုံးမှာပါတဲ့ သူတွေကို လိုက်မွှေရတဲ့ သူတွေပေါ့နော်။ ထရီဇာကတော့ ဒီကားလေးကို ပရိသတ်တွေ လာကြည့်စေချင်တယ်။ ဒီကားက တစ်ကားလုံး အလှုပ်၊ အသွက်။ နောက်ပြီး ပါဝင်တဲ့ သရုပ်ဆောင်တွေလည်း အရမ်းများတယ်။ ဇာတ်အိမ် ဖွဲ့ထားတာလည်း အရမ်းများတယ်။ ဇာတ်ကားအစကနေ အဆုံးအထိလည်း ရယ်နေရတယ်။

Voice : ဒီဇာတ်ကားကို အထူးပွဲ ကြည့်ပြီးတဲ့ အချိန်မှာရော ကိုယ့်ရဲ့ သရုပ်ဆောင်မှုကို အားရကျေနပ်လား။

CTW : ဒီဇာတ်ကားလေးမှာ ကိုယ်ကိုယ်တိုင်ရော၊ ဇာတ်ပို့ သရုပ်ဆောင်တွေ ဖြစ်တဲ့ ဦးခင်လှိုင်တို့၊ ကိုဇော်ဇော်အောင်တို့ရဲ့ သရုပ်ဆောင်မှုတွေကိုရော ကြည့်ရတာ ပျော်စရာကြီး။ ကိုယ်ပါရတဲ့ ကားလေးမို့လို့ မဟုတ်ဘူး။ ပရိသတ် တစ်ယောက် နေရာကနေ ကြည့်ပြီးတော့ကို ဒီကားလေးကို ထရီဇာ ကြိုက်တယ်။ ညစ်ညမ်းတဲ့ ဟာသတွေလည်း မပါဘူး။ ကိုယ်ပါတဲ့ အခန်းတွေရော၊ ကိုယ်မပါတဲ့ အခန်းတွေရော ထရီဇာ ကြိုက်တယ်။

Voice : ချစ်သုဝေက Romance၊ Drama ဇာတ်ကားတွေ ရိုက်တာများပြီး ဟာသကား အရိုက်နည်းတယ်လေ။ ဟာသကားတွေမှာ သရုပ်ဆောင်ရတာ ချစ်သုဝေအတွက် ဘယ်လို အခက်အခဲတွေ တွေ့ရလဲ။

CTW : ဒီဇာတ်ကားက ညစ်ညမ်းတဲ့ စကားတွေ မပါဘူး။ ညစ်ညမ်းတဲ့ စကားလုံးတွေ ဆိုရင်တော့ ထရီဇာကပြောဖို့ ပါးစပ်မရဲဘူး။ အဲ့ဒီအတွက် ဟာသကားလေးတွေကို နည်းနည်းရှောင်တာ များတယ်။ ဒီဇာတ်ကားလေးကတော့ ကိုယ်ဇာတ်ညွှန်း ဖတ်ကတည်းက ကိုယ်ပြောနိုင်လို့ လက်ခံခဲ့တာပါ။ ထရီဇာက Romance၊ Drama တွေ ရိုက်တာ များနေတဲ့အတွက် အခုနောက်ပိုင်းတော့ Fancy လေးတွေ၊ Comedy ဇာတ်ကားလေးတွေ ရွေးပြီး ရိုက်ပါတယ်။

Voice : ချစ်သုဝေ သရုပ်ဆောင်တဲ့ ဗီဒီယို ဇာတ်ကားတွေက ဇာတ်လမ်းလေးတွေ ကောင်းတယ်လေ။ ဇာတ်လမ်းတွေကို ဘယ်လို စဉ်းစားရွေးချယ် ဖြစ်လဲဆိုတာ ပြောပြပေးပါဦး။

CTW : ထရီဇာကတော့ ဇာတ်ကားတစ်ခု ကောင်းဖို့က ဇာတ်လမ်းရယ်၊ အတူတွဲပြီး သရုပ်ဆောင်ရမယ့် သူတွေရယ် ဒါရိုက်တာရယ်က အရေးကြီးဆုံးလို့ ထင်တဲ့အတွက် ကိုယ့်ကို ဇာတ်လမ်းတစ်ခု လာပြတဲ့ အခါမှာလည်း ဒါတွေကို ကြည့်ပြီးရွေးတော့၊ ကိုယ်ပါတဲ့ ဇာတ်ကားလေးတွေ ထွက်လာတဲ့ အခါမှာ သပ်သပ်ရပ်ရပ်လေး ထွက်လာတယ် ထင်ပါတယ်။ ထရီဇာ လက်ခံထားတာ တစ်ခုက ရုပ်ရှင်တို့၊ ဗီဒီယိုတို့ဆိုတာ Team Work ကောင်းမှကောင်းမယ်။ ဇာတ်ကား တစ်ကားမှာ ပါဝင်တဲ့သူတွေ အကုန်လုံး မြိုင်မြိုင်ဆိုင်ဆိုင် ကြိုးစားကြမယ်ဆိုရင် ဇာတ်ကားကောင်း တစ်ကားကို ဖန်တီးနိုင်မယ်လို့ ထရီဇာ ယုံကြည်ထားတယ်။

Voice : အနုပညာရှင် တချို့က ဘယ်လို ဇာတ်ကောင်စရိုက်မျိုး ဆိုရင်တော့ သရုပ်မဆောင်ချင်ဘူးလို့ ပြောကြတယ်။ ချစ်သုဝေရော သရုပ်မဆောင်ဖို့ ကန့်သတ်ထားတဲ့ ဇာတ်ကောင်စရိုက် ရှိလား။

CTW : အနုပညာရှင်ဆိုတာ အားလုံး သရုပ်ဆောင်နိုင်ရမယ်လို့ ပြောကြတယ်။ ကိုယ့်ရဲ့ Role အရ ကန့်သတ် ထားတာမျိုးတော့ မဟုတ်ဘူး။ ကိုယ်မလုပ်ရဲ မပြောရဲတဲ့ အရာမျိုးကို သရုပ်ဆောင်ပြမယ် ဆိုရင်လည်း ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ဘူး။ အဓိက ကတော့ ထရီဇာက ကိုယ်ပီပီ ပြင်ပြင် သရုပ်မဆောင်နိုင်တဲ့ ဇာတ်ရုပ်တွေကို မလုပ်တဲ့ သဘောပါ။ ကိုယ့်စိတ်ထဲမှာ မနှစ်မြို့ဘူး၊ မကြိုက်ဘူး ဆိုတဲ့အရာ တစ်ခုကို သရုပ်ဆောင်ရရင် ဘယ်လိုမှ ပီပြင်မှာ မဟုတ်ဘူးလေ။ မပီပြင်တဲ့ အရာတစ်ခု ကိုလည်း ပရိသတ်တွေကို ချမပြချင်ဘူး။

Voice : အခုချိန်အထိ ချစ်သုဝေ သရုပ်မဆောင်ဖူးသေးတဲ့ ဇာတ်ကောင် စရိုက်တွေကို ပြောပြပေးပါဦး။

CTW : ထရီဇာ စကားမပြောတတ်တဲ့ သူတစ်ယောက် ပုံစံမျိုး သရုပ်မဆောင်ဖူးသေးဘူး။ ဆိုက်ကိုဆန်ဆန် လူသတ်ကားမျိုးတွေ မရိုက်ဖူးသေးဘူး။ အဲဒီလို ကားမျိုးလေးတွေ ရိုက်ချင်တဲ့အတွက် ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေကို ပြောပေမယ့် ဘယ်သူ့ပြောပြော ရိုက်ဖို့ အားမသန်ကြဘူး။

Voice : မီးအိမ်ကဗျာ ဗီစီဒီကရော ဘယ်တော့လောက် ထွက်ဖို့ မှန်းထားလဲ။

CTW : မီးအိမ်ကဗျာ ဗီစီဒီကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှာ ထွက်ဖို့ မှန်းထားပါတယ်။ သရုပ်ဆောင်တွေကတော့ ကိုနေတိုး၊ အောင်ရဲလင်း၊ ရဲမင်းသူ၊ သန္တာဗိုလ်၊ ပိုင်ဖြိုးသူတို့ ပါမယ်။ ဒါရိုက်တာတွေကတော့ ကိုညိုမင်းလွင်၊ ကိုမင်းထင်ကိုကိုကြီး၊ ပွင့်သိင်္ဂီဇော်နဲ့ နောက်ပြီးထရီဇာ ရိုက်တဲ့ သီချင်းတစ်ပုဒ် ပါမယ်။ အဲဒီသီချင်းကို ကိုနေတိုးနဲ့ ရိုက်မှာပါ။

Voice : လင်းလင်းရဲ့ တစ်ကိုယ်တော် ရှိုးပွဲမှာ စုံတွဲသီချင်း ဝင်ဆိုဖြစ်သွားပုံလေး ပြောပြပေးပါဦး။

CTW : အဲဒီပွဲကို ထရီဇာ ပရိသတ် တစ်ယောက်အနေနဲ့ သွားကြည့်ခဲ့တာပါ။ စင်အောက်က ပရိသတ်တွေက နားလည်မှု သီချင်းလေးကို ဆိုပေးဖို့ ထရီဇာ့နာမည်ကို အော်အော်ပြီး တောင်းကြတယ်။ ကိုလင်းကလည်း ကြေညာထား ကတည်းက Solid One Man Show ဆိုပြီး ကြေညာထားတော့ တက်ဆိုဖို့လည်း အစီအစဉ် မရှိဘူး။ နောက်ပိုင်း ပရိသတ်က အရမ်းအော်တော့ ကိုလင်းကလည်း စင်ပေါ်ခေါ်လိုက်တော့ ဒီတိုင်း တက်သွားတာ စလွယ်သိုင်း အိတ်ကြီးတောင် ပါသွားတယ်။ သီချင်းလည်း မတိုက်ထားဘဲနဲ့ ဆိုလိုက်ရတယ်။ စင်ပေါ် ရောက်တော့လည်း တလွဲတွေ ဖြစ်တာပေါ့နော်။ ထရီဇာ ဆိုနေကြက D Key ကို C Key နဲ့ တီးလိုက်တော့ Key ထပ်မြှင့်ခိုင်းရတယ်။ အလွဲအချော်လေးတွေနဲ့ပေါ့။

Voice : လင်းလင်းရဲ့ တစ်ကိုယ်တော် ရှိုးပွဲက သူရဲ့အမာခံ ပရိသတ်နဲ့ သူနဲ့ တစ်သားတည်း ကြတယ်လေ။ ချစ်သုဝေရော ဒီပွဲလေးကို ပရိသတ် တစ်ယောက် နေရာကကြည့်ပြီး ဘယ်လိုမြင်လဲ။

CTW : ဒီရှိုးပွဲလေးက အနုပညာမြောက်တဲ့ ပွဲလေးပေါ့နော်။ ကိုလင်းက သူ့အနုပညာကို သေသေချာချာ လုပ်တယ်။ သီချင်း ဆိုရင်လည်း ဒီသီချင်းလေးကို ပုံစံမတူအောင် ပရိသတ်ကို တင်ဆက်မလဲဆိုတာ သူသေချာ ပြင်ဆင်ထားတယ်။ ပရိသတ်ကို သူလေးစားပုံက အပြင်ပန်းတွေ မပါဘူး။ သူ့ရဲ့ အတွင်းစိတ်ထဲက အနုပညာအရ ပေးဆပ်ချင်တဲ့ စိတ်လေးက လေးစားဖို့ ကောင်းတယ်။ သူက ရှိုးပွဲမတိုင်ခင် ထရီဇာတို့ စတူဒီယိုမှာ သီချင်းတွေ လာတိုက် ကတည်းက ဒီပွဲလေးကို ထရီဇာ ကြည့်ချင်ခဲ့တာပါ။ သူနဲ့ စုံတွဲ ဆိုဖြစ်သွားတာကလည်း ပရိသတ်တွေက အရမ်းတောင်းဆို ကြတဲ့အတွက် ဆိုဖြစ်သွားတာပါ။

Voice : ချစ်သုဝေရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုလေးကို ပြောပြပေးပါ။

CTW : ထရီဇာရဲ့ အနုပညာ လှုပ်ရှားမှုကတော့ ဗီဒီယို ဇာတ်ကားတွေ ရိုက်ဖြစ်နေတယ်။ ထရီဇာ့ ဒုတိယ တစ်ကိုယ်တော် စီးရီးအတွက် သီချင်းတွေ စုနေတာလည်း တစ်ဝက်လောက် ရပြီဆိုတော့ ရှေ့နှစ်လယ် လောက်တော့ စလုပ်ဖြစ်မှာပါ။

Voice : ချစ်သုဝေကို အားပေးနေကြတဲ့ ပရိသတ်တွေအတွက် ပြောချင်တာတွေ ရှိရင် ပြောပေးပါဦး။

CTW : ထရီဇာ့ကို အားပေးနေကြတဲ့ ပရိသတ်တွေအတွက် စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။ အတိုက်အခိုက် အနှောင့်အယှက် ကင်းတဲ့ဘဝမှာ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

(သန့်ဇင်ဦး)

The Voice Weekly
အဆင်ပြေပါစေ....

ခင်ဝင့်ဝါ ပါဝင်သရုပ်ဆောင်သော နတ်သမီးနှင့် ကျွန်တော်


ပန်းမြတ်ဇော်| ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၁၃ ခုနှစ်

ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးထားပြီး ခင်ဝင့်ဝါ ပါဝင် သရုပ်ဆောင်ထားသည့် နတ်သမီးနှင့် ကျွန်တော် ဗီဒီယိုဇာတ်ကားကို ၂၀၁၄ မှာ ဖြန့်ချိရန်စီစဉ်ထားကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က မဇ္ဈိမကို ပြောသည်။

နတ်သမီး နှင့် ကျွန်တော် ဇာတ်ကားသည် စာရေးဆရာ မင်းတစ်ခေတ်၏ ဝတ္တုကို ဇာတ်အိမ် အခြေခံထားပြီး ရိုက်ကူးမည်ဖြစ်သည်။ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးမည်ဖြစ်သော ယင်းဇာတ်ကားတွင် သရုပ်ဆောင် ကောင်းပြည့် ၊ ခင်ဝင့်ဝါနှင့် ပွင့် တို့ ပါဝင် သရုပ်ဆောင်ထားကြမည်ဖြစ်သည်။

ဒါရိုက်တာ ကြည်ဖြူသျှင်က " ဒီကားက အန်နီမေးရှင်း (animation) တွေ တစ်ကားလုံး နီးပါးပါတော့ ကားဆက်တာ နောက်ကျမှာဖြစ်တဲ့အတွက် ၂၀၁၄ ထဲ ဝင်သွားမှာပါ ။ ဒီဇာတ်ကားမှာ ခင်ဝင့်ဝါ ပထမဆုံး သရုပ်ဆောင်တာ ဆိုတော့ ဝါရင့် သရုပ်ဆောင်တွေ လိုတော့ မဟုတ်သေးဘူးပေါ့ ။ ဒါပေမဲ့ သူ့ကို သဘောကျတာက ရိုက်ကွင်းကို အချိန်အတိအကျလာတယ် အလုပ်ကို လေးစားတယ်၊ အရမ်းကြိုးစားတယ် အဲတာကြောင့် သူနဲ့ ဇာတ်ကားတွေ ဆက်ရိုက်သွားမှာပါ" ဟု ပြောသည်။

နတ်သမီးနှင့် ကျွန်တော် ဇာတ်ကား ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် စတင် ရိုက်ကူးတာဖြစ်ပြီး နိုဝင်ဘာလ ၄ ရက်တွင် ရိုက်ကူး ပြီးစီးခဲ့သည်။

သရုပ်ဆောင် ခင်ဝင့်ဝါက "အခက်အခဲတော့ရှိပေမယ့် ညီမ တစ်ကားလုံးကို ကြိုက်ပါတယ် ၊ ဖန်စီ ဇာတ်ကားလေးဆိုတော့ ရိုက်ကူးရတာ ပျော်စရာလဲ ကောင်းပါတယ် ။ ညီမအနေနဲ့ ပထမဆုံး ဇာတ်ကားဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်တော့ အားမရဘူး အများကြီး ကြိုးစားရအုံးမှာပါ လိုအပ်ချက်တွေ ရှိနေပါသေးတယ်" ဟု ဆိုသည်။

ဒါရိုက်တာ ကြည်ဖြူသျှင်က ခင်ဝင့်ဝါနှင့် နောက်ထပ် ဇာတ်ကား သုံးကား စာချုပ်ချုပ်ဆိုထားပြီးဖြစ်သည်။

Mizzima - News in Burmese
အဆင်ပြေပါစေဗျာ....