Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share
Widgets
အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts
Patch tool အကြောင်းတစေ့တစောင်း
လွန်ခဲ့သည့် ၃ရက်လောက်က ညီမငယ်လေးတစ်ယောက်က Patch tool ကို သုံးတာ အဆင်မပြေလို့ ဘယ်လိုသုံးလည်ဆိုတာ ရှင်းပြပေးပါဆိုလို့ ဒီနေ့တော့ Patch tool အသုံးပြုနည်းကို ကျနော်အနည်းငယ် တင်ပြပေးပါမယ်။  patch tool လေးနဲ့ နဲ့ ဓာတ်ပုံမှ မလိုအပ်တဲ့ အစိတ်အပိုင်းတွေကို  Patch tool ၀ိုင် ပီတော့ လိုချင်တဲ့ နေရာလေးမှာ သွားချပေးယုံပဲ ဓါတ်ပုံပြင်တဲ့ နေရာမှာ သိပ်အသုံးဝင်တဲ့ tool တစ်ခုပါ။
အဆင့်-၁
 ရှေ့ဦးစွာ မိမိပြုလုပ်မည့် ဓာတ်ပုံကိုဖွင့်လိုက်ပါမယ်။
အဆင့်-၂
ကျနော်တို့ ပြင်ဆင်တည်ဖြက်မည့် ပုံကို ဖွင့်ပြီးပါက Tool box ထဲက patch tool ကိုယူလိုက်ပါမည်။
အဆင့်-၃
ပြီးပါက စတင်လုပ်ဆောင်ပါတော့မယ်။ Patch toolကိုယူပြီးပါက ဓာတ်ပုံမှ မိမိဖယ်ရှာလိုသော် နေရာကို
Patch toolလေးဖြင့် ၀ိုင်လိုက်ပါမည်။
အဆင့်-၎
ထို့နောက်  အဆိုပါနေရာကို အစာထိုးမည့် နေရာကို သွားချပေးလိုက်ပါမည်။
ကယ်အခုဆို အရင်းက ၀က်ခြံလေးပျောက်ကွယ်သွားပါပြီး။
အဆင့်-၅
 နောက်ထပ်ကျန်တဲ့ ၀က်ခြံလေးကို ထပ်ပြီးတော့ အထက်ပါအတိုင်းပြင်ဆင်ကြမယ်နော်
ကယ်အခုဆို ၀က်ခြံတွေကင်စင်သွားပါပြီး
ကယ် ဒီလောက်ဆို Patch toolအကြောင်းကို အနည်းငယ်နာလည် သဘောပေါက်မည်လို့ ထင်ပါတယ်။
ဒီနေရာဖြည့်စွက် ပြောခြင်းတာက မိမိအနေဖြင့် ဓာတ်ပုံLayer များနဲ့ အသုံးပြုနေသည် ဆိုပါက မိမိ
ပြင်ဆင်မည့် ပုံလေးကိုတော့ ရွေးပြီးပြင်ဆင်ပေးမည် ဖြစ်တယ်။
 အဆင်ပြေကြပါစေ
www.nyeinchanthu3.blogspot.com
Phone ငွေဖြည့်ကဒ် ဖောက်ထွင်းနည်း(တွေးမိရာများသာဖြစ်သည်)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieTqTZ674yuKIHU8PESRFnsgr-UiSCUDVnVxyfH8Visy0APItd7KMUsMO8Y0K_V-aa0ZhfbZHZcLq4W3J1fB_at6fZuAJaD7J_3YBLUqehlUFgjY9JtTv1P2bzYLZz5WDkYBYRDB5m8D4/s400/MKAD10-2-1.jpg
တွေးမိသလောက်လေး ကို ရေးပေးလိုက်တာပါ.
ဖြစ်နိုင်မဖြစ်နိုင်တော့ ကို့ ဘာသာ
စဉ်းစားတွေးတောပေးကြပါခင်ဗျာ..
Phone ငွေဖြည့်ကဒ်တွေ Hack တာတော့သိပ်မသိပါဘူး..
ကျွန်တော့်ဘ၀အစက Cracking ကစခဲ့တော့ ခရက်ကင်းနဲ့ ပတ်သက်တာဘဲပြောပါမယ်...
Phone တည်းမှာ ငွေဖြည့်ကဒ်ဆိုတာ SIM တည်းမှာရှိပြီးသား system လည်ပတ်မူကို update လုပ်ပေးတာဘဲဖြစ်ပါတယ်... Software တစ်မျိုးကို License version ၀ယ်ယူသလိုပါဘဲ။သက်မှတ်ချက်
တစ်ခုရောက်ရင် ကုန်ဆုံးလေ့ရှိပါတယ်။ ဒီလိုပါဘဲ SIM ကဒ်တည်းမှာပါတဲ့ System နည်းပညာပာာသည်လည်း သက်မှတ် ချက်တစ်ခုပါပါတယ်။ ဘယ်လောက် သုံးပြီးရင် ကုန်ဆုံးမယ်ဆိုတဲ့သဘောတရားလေးပါဘဲ။
ကျွန်တော်စဉ်းစားဖူးတဲ့နည်း ၃ မျိုးရှိပါတယ်..
၁ - Wordlist generator ကိုသုံးပြီး ကျပန်းကုဒ်ကို ထည့်ပြီးစမ်းတာပါဘဲ။ ဒါက ဖြစ်နိုင်ခြေ ၅% နှုန်းမျှသာရှိပါတယ်.. ဒါပေမယ့်လည်း Phone ငွေဖြည့်တဲ့အခါမှာ ကုဒ် ထည့်တာကို ၄ ခါမှားခွင့်ပေးထားပါတယ်။ ဒီနည်းလေးကို ကျွန်တော့ Website လေးမှာ ပာိုးအရင်ကတင်ပေးထားဖူးပါတယ်ကျပန်း သဘောမျိုးနဲ့  ပြု့ လုပ်ခြင်းမျိုးဖြစ်ပါတယ်။လူတစ်ယောက် ဒါမှမပာုတ် တစ်နေ့  ၄ ခုစမ်းကြမယ်ဆိုရင်ကော....??
ဒီလိုပါဘဲ ကံဆိုတာမမြင်နိုင်ပါဘူး။ ဒါပေမယ့်ကံကို အားကိုးရင်ခွေးဖြစ်တတ်တယ်ဗျ..
ကျွန်တော်အရင်က ပြောခဲ့သလိုပါဘဲ ကျွန်တော်သည် ကံကို အားကိုးနေရတာဖြစ်ပါတယ်..
ဒါပေမယ့် ကံကောင်းဖို့ တစ်နေ့  အလုပ် ၁၅ နာ၇ီလုပ်ရပါတယ်...
၃ - ဒါနည်းကတော့ ၃ နည်းလုံးတည်းမှာ အဖြစ်နိုင်ဆုံးနည်းပါဘဲ... ကျွန်တော်ပြောနေကြပါဘဲ..
ကျွန်တော် Online ပာက်ကင်းတွေ ဘာစောက်တစ်လုံးမှ နားမလည်ပါဘူး.. ဒါပေမယ့် အပြင်လောကမှာ ဘယ်လိုလုပ်ရင်ငွေ မကုန်ဘူးလဲဆိုတာကိုတော့ အမြဲလေ့လာဖြစ်ပါတယ်..
အခု နံပါတ် ၃ နည်းကတော့ Phone SIM Data တွေကို ယူပြီး Serial Code (ငွေဖြည့်ကုဒ်)
ကို Crack ပါမယ်.. ဒီနည်းမှာတော့ wordlist တွေလိုပါမယ်.. 0 to 9 လုံး 18 looping ပတ်ပြီးသား
လိုပါမယ်.. အထူးသဖြင့် SIM တည်းမှ ဒေတာတွေကိုကွန်ပျူနဲ့  ချိတ်ဆက်ပြီး Serial code (ငွေဖြည့်ကုဒ်) ကို ခရက် ရမှာဖြစ်ပါတယ်။ ကျွန်တော ပာိုးအရင်က သူငယ်ချင်းတစ်ယောက်နဲ့  Software လေးတစ်ခု ရေးခဲ့ဖူးပါတယ်။ ကံဆိုးစွာနဲ့ ဘဲ ကျွန်တော် ပာက်ဒစ်လေး Format ကျသွားခဲ့လို့  တော်တော်လေး ခံစားခဲ့ရဖူးတယ်ဗျ။ ဒီနည်းသဘောတရားကို ကျွန်တော် သိခဲ့သလို ရှင်းပြပေးပါမယ်။ ကျွန်တော် အသုံးပြု့ ခဲ့တဲ့နည်းကတော့ SIM Card Reader တစ်ခု ကိုသုံးခဲ့ပါတယ်။
ပြီးတော့ Java OS တင်ထားတဲ့ Samsaung ဖုန်းတစ်လုံးကိုလည်းသုံးပြီး စမ်းခဲ့ဖူးပါတယ်။
SIM Crad reader ကိုသုံးတဲ့နည်းက အလုပ်ဖြစ်သွားပါတယ်။ SIM Crad Reader ကိုသုံးပြီး
SIM Card တည်းမှာ၇ှိတဲ့ Data တွေအကုန်လုံးကို ကျွန်တော်ရယူလိုက်ပါ။
ဥပမာပေးရရင် SIM Card Recovery Software ပုံစံမျိုးပါဘဲ။ အတည်းက Data တွေကိုရယူပြီး ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက် Java Software လေးတစ်ခု ဖန်တီးဖြစ်သွားပါတယ်။
Software သဘောတရားကတော့ ကျွန်တော် တို့  Password တွေကို Wordlist Attacking နည်း ပုံစံမျိုး အဖြစ် အသုံးပြု့ သွားကြခြင်းဖြစ်ပါတယ်။ ဒီအချိန်မှာ ကျွန်တော်တို့  Looping ပတ်ထားတဲ့ 0 to 9 ဂဏန်း ၁၈ လုံးကို အစားသွင်း ပြီး စတင် Crack ကြပါတယ်။ လုပ်ဆောင်ချက်တော့ရိုး၇ှင်းပါတယ်။
Phone ပျက်စီးနိုင်တဲ့အခြေအနေ ထိဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် လူကြီးတွေ ပြောသလိုပါဘဲ။
တစ်ခု လိုချင်တစ်ခု ပြန်ပေးရပါမယ်တဲ့..
သက်ဆိုင်ရာ လူကြီးမင်းများအနေဖြင့်လည်း..အခုနည်းတင်ပေးတယ်ဆိုတာက အဖျက်သဘောမဟုတ်ပါ.
.အပြုသဘောသာဆောင်ခြင်းဖြစ်ပါတယ်.
.မြန်မာနိုင်ငံရဲ့ နိုင်ငံသူနိုင်ငံ သားတွေရဲ့ ဘ၀ရပ်တည်မှုအခြေအနေကိုလည်းနားလည်လိမ့်မယ်လို့ထင်ပါတယ်..အခု Crack နည်းက လူတိုင်းရဖို့ဆိုတာ မလွယ်ကူပါဘူး..
အချို့အဆင့်တွေမှာ ဦးနှောက်သုံးရမယ့် နေရာတွေ ရှိပါတယ်..
လူကြီးမင်းများကိုယ်တိုင် လုပ်ကြည့်မယ်ဆိုရင်တောင် မလွယ်ကူဘူးဆိုတာ အခိုင်အမာပြောပါရစေ :P
ဒါကြောင့် ဗွေမယူဘဲ လှူတယ်လို့သဘောထားပေးကြပါ............။
ကဲ..ဦးနှောက်လေးသုံးမယ်.. တွက်နည်းလေးနှစ်ခုကျွမ်းကျင်မယ်ဆိုရင် တော့..MPT နှင့်ပြိုင် ဘယ်သူနိုင် အစီအစဉ်ကို စတင်လို့ရပါပြီ ခင်ဗျာ.................
စာဖတ်သူ များအားလုံး ကို အထူးလေးစားလျှက်ပါ။
   http://nyeinchanthu3.blogspot.com/
Phone ငွေလက်ကျန် '0' ကျပ်နဲ့ အင်တာနက်သုံးမယ်...
ခုနည်းက ပာိုးအရင်က ငွေ လက်ကျန် ၂၀၀ ကျပ် အောက် အထိ အင်တာနက် သုံးခွင့်ရှိပါတယ်...
နောက်ပိုင်းမှာ ၂၀၀ အောက်ဆို ရင် error တွေကြောင့် အဆင်ပြေစွာသိပ်သုံးမရတော့ပါဘူး..
ငွေ လက်ကျန် ၂၀၀ ကျပ်အောက် သုံးလို့ ရနေတဲ့အချိန်မှာတော့ ဒီနည်းက ၁၀၀% အလုပ်လုပ်ခဲ့ပါတယ်..
ခုနောက်ပိုင်း ကျွန်တော်စမ်းတာ သိပ်အဆင်မပြေခဲ့ပါဘူး... ဒါပေမယ့်လည်း ခုတလော ကျွန်တော်တို့ မြန်မာ ပြည်မှာ ဖုန်း လိုင်း နဲ့ ပတ်သက်ရင် error တော်တော်များများ တတ်နေပါတယ်..
ဥပမာ လူအများကြုံ နေရတဲ့... ဆက်သွယ်မူဧရိယာပြင်ပ... ဖုန်းမအားသေပါဘူး ပြောနေ၇င် ဖုန်းဝင်သွားတာမျိုးပေါ့...တစ်ခါတလေဆို ၁နာ၇ီလောက်ပြောတာကို ၂၀ ကျပ်လောက်သာ ဖြတ်သွားပါတယ်... ဆက်သွယ်ရေး က အသိတွေကတော့.. system မှားယွင်မူ လေးတွေကြောင့်လို့ ပြောပါတယ်..
ဒီလို error ဖြစ်နေတာလေး တွေကြားရတော့ ကျွန်တော်စမ်းခဲ့ဖူးတဲ့ နည်းပောာင်းလေးတွေကို ပြန်စမ်းချင်ခဲ့လို့ ခုနည်းကို ပြန်စမ်းခဲ့တာ ၆ ခါစမ်းတာ ၄ ခါ တော့ အဆင်ပြေသွားပါတယ်..
နည်းကတော့ ဘာမှ ခက်ခဲတဲ့နည်းလေးမပာုတ်ပါဘူး... လွယ်လွယ်လေးပါဘဲ..
ကျွန်တော်က အမြဲလိုလို 3G(သက်ဂျန်နရရေးရှင်း) စနစ် ကို ဘဲ သုံးပြီး အင်တာနက် အသုံးပြု့ လေ့ရှိပါတယ်..
ဒါပေမယ့်.. 3G နဲ့ အင်တာနက်သုံးနေချိန်မှာ.. G Type (ရိုးရိုး GSM Connection) က လူအများသိတဲ့အတိုင်းပါဘဲ G-talk ခုဖွင့်ထားရင်နာရီ ၀က်လောက်နေမှ တတ်ချင် တတ်တာပါ..
(နာရီဝက် နေလို့  ကျိန်းသေတတ်တယ်လို့ မပြောပါဘူး)...
ဒီလိုသာ ကျွန်တော် 3G ကိုသုံးရင် အလုပ်အတွက်ဝင်လာမယ့်ဖုန်းတွေ ... သူငယ်ချင်းတွေ ဆီက ၀င်လာမယ့် ဖုန်းတွေအတွက် ဆက်သွယ်မူ ဧရိယာ ပြင်ပ ဖြစ်သွားပါတယ်..
ဒီတော့ ကျွန်တော့် အလုပ်က ည ၁၂နာ၇ီလောက်မှပြန်ရတာပါ... အိမ်ရောက်ရင်တော့ ၁၂ ခွဲ ၁ နာရီလောက်ဖြစ်သွားတာပေါ့ဗျာ...  အဲ့အချိန်ဆို အင်တာနက် သုံးတဲ့ User နည်း သွားပါပြီ....
ဒီတော့ ကွန်န၇ှင်လေးကလည်း နည်းနည်းလေးမြန်လာပါတယ်...
G-Talk တစ်ခုတည်းသုံးမယ်ဆိုရင် ကျွန်တော်က G-Type ကိုသာ အမြဲ သုံးလေ့ရှိပါတယ်..
ဘာလို့ လဲဆိုတော့ တစ်ခြားသူတွေ ကျွန်တော့်ဖုန်းကို ခေါ်လို့ မရမှစိုးလို့ ပါ..
ကြာပါပီ.. မှတ်မိသလောက်တော့ လွန်ခဲ့တဲ့ ၄,၅ လလောက်ပါ... ဖုန်းဘီလ် လေး ၁၈၀ကျပ် လောက်ဘဲရှိမယ်ဗျ.. ချက်တင် ထိုင်ချက် စိတ်လေးကလည်း တစ်ဖွားဖွားဖြစ်နေတော့..
မတတ်နိုင်ဘူးဗျာ ၁၈၀ကျပ် လည်း ၁၈၀ ကျပ်ပေါ့ ဆိုပြီး အင်တာနက်သုံးတာ အဝေးရောက်သူငယ်ချင်းတွေနဲ့ တိုးတော့ သူ့ အကြောင်းကို့ အကြောင်းပြောလိုက် နဲ့  မိုးလင်းပေါက်ပါဘဲ...ကျွန်တော် ကွန်န၇ှင် လုံးဝ ပျက်တောက်သွားခြင်း မ၇ှိခဲ့ပါဘူး ..
ခန့် မှန်းခြေအရဆို ကျွန်တော် ၁ နာရီ ခွဲလောက်က အင်တာနက်စသုံးတာပါ.. မနက် ၆ နာ၇ီ ၂၀ လောက်မှ ကျွန်တော်ရပ်သွားခဲ့တာပါ...
မိုးလင်းခါနီးလေ ကွန်န၇ှင်လေးက ဖလန်းဖလန်းဖြစ်လာလေဆိုတော့ ကျွန်တော့စိတ်ကို ဆွဲခေါ်နေသလိုပါဘဲ..  ဒီမှာ စတဲ့ဇာတ်ပေါ့ဗျာ...
ကျွန်တော်စသုံးခဲ့တာ 1:30 လို့  ပျှမ်းမျှ ယူလိုက်မယ်... ရပ်သွားတဲ့အချိန်က 6:20 လောက်မှာပါ..
ကြားတည်းမှာ 5 နာ၇ီလောက်ပာပါတယ်... 5 နာ၇ီဘဲထားဗျာ.. တစ်မိနှစ် ၂ ကျပ်နဲ့ သာဆိုရင် ကျွန်တော် ၃၀၀ ကျရမှာပါ.. ၇ှိတာက ဖုန်းတည်းမှာ ၁၈၀ကျပ်ကျော်ကျော်လေးဆိုတော့...
ဝါးးးးးးး သိပ်မပျော်၇ှာပါဘူး... ၂၀၀ လောက် ဖြစ်သွားပီဆိုရင် ကျွန်တော် ဖုန်း မပြောတော့ပါဘူး MSG တော့ ပို့  လေ့ရှိပါတယ်.. တစ်နေကုန် အင်တာနက်ဖွင့်သုံးတယ်.. ဖုန်းပြောချင်ရင် Tango ကို ကွန်ပျူတာတည်းထည့်ပြီးသုံးတယ်... အဆင်ကိုပြေနေတာဘဲဗျာ...
ဒီတော့ ခု နည်းကို စိတ်ဝင်စားမယ်ဆိုရင် သင့်ဖုန်းမှာ ငွေလက်ကျန် ၂၀၀ နဲ့  ၂၀၀ အောက် ဖြစ်နေပီဆိုရင်..
အင်တာနက်သုံး ချိန်မှာ.. လုံးဝ မရပ်ဘဲ ဆက်သုံးဖို့ ပါဘဲ... 0ကျပ် သာဖြစ်သွားမယ်..
ကွန်န၇ှင် ပျက်မသွားပါဘူး...  ခု တလောလည်း error တွေကြားပျော်ပျော်ကြီးစမ်းလိုက်ပါအုံးလို့  ညီကိုတွေကို ပြောချင်ပါတယ်ဗျာ.. ပျော်၇ွင်ပါစေ..
 ခုနည်းလေးက သင့်အတွက် 100% မဖြစ်ခဲ့ဘူးဆိုရင်တောင် 70% သေချာနိုင်ပါတယ်..
Google Plus က Posts တွေရဲ့  Width ကိုအကြီးချဲ့ ကြည့် မယ်
မကြာသေးမီက google က google plus ရဲ့ ဒီဇိုင်းကို ပြောင်းခဲ့ပါတယ်။ဒီဇိုင်းအသစ်မှာ တော့ posts တွေကို two column layout ,  one column layout နှစ်မျိုးနဲ့ ကြည့်နိုင်ပါတယ်။ဒါပေမယ့် post တွေ ရဲ့ width က သေးသွားတာတွေ့ ရပါတယ်။တကယ်လို့  သင်ဟာ ကျွန်တော့်လို ပဲ google plus က post တွေကို ဖတ်ရတာ အားမရတဲ့သူဆိုရင် အောက်ကနည်းနဲ့  post တွေရဲ့ width ကို အကြီး ချဲ့ ကြည့်နိုင်ပါတယ်။
Width တွေကို မပြောင်းခင်နဲ့ ပြောင်းပြီး ကွာခြားချက်ကို အောက်ကပုံနှစ်ပုံမှာ ကြည့်နိုင်ပါတယ်။
ashampoo 05
ashampoo 03
ဒီလို ပြောင်းဖို့ အတွက် Stylish  ဆို တဲ့ browser extension (or) add-on ကို သုံးပါမယ်။Stylish ကို Chrome  , Firefox  စတဲ့ သင်အသုံးပြုတဲ့ browser မှာ အင်စတောလုပ်ပါ။ပြီးရင် Wider Posts On Google Plus ကို Stylish မှာ အင်စတောလုပ်ပါ။ပြီးရင်တော့ Google Plus က posts တွေကို ကြီးကြီးနဲ့ ရှင်းရှင်းမြင်ရပါပြီ။
nyeinchanthu3.blogspot.com
အောင်မြင်ပျော်ရွင်ပါစေ...... 
Facebook News Feed ဒီဇိုင်းအသစ်ယူမယ်
Facebook ရဲ့ ဒီဇိုင်းအသစ်ကို အောက် ကလင့်ကနေ သွားကြည့်ကြည့်ပြီး waiting list ကို နှိပ်ထားရင် အဲဒီဒီဇိုင်းအသစ်ကို သုံးစွဲနိုင်မယ့် အချိန်ရောက်ရင် သင်အသုံးပြုနိုင်မှာပါ။ဒီဇိုင်းအသစ်မှာ ထူးခြားလာတာကတော့ ပုံတွေကို ကြီးကြီး နဲ့ ရှင်းရှင်း မြင်ရတာရယ် ပုံတွေကိုပဲ သီးသန့် ကြည့်ရှုဖို့  photo feed ပါရှိလာပါတယ်။Mobile application နဲ့  ဆင်တူတဲ့ ဒီဇိုင်းကို တွေ့ မြင်နိုင်မှာပါ။အောက်ကလင့်ကနေ ဒီဇိုင်းအသစ်ကို ကြည့်ရှုနိုင်ပြီး သဘောကျတယ်ဆိုရင် page ရဲ့ အောက်ဆုံးက waiting list ကို နှိပ်ပြီးစာရင်းပေးထားနိုင်ပါတယ်။
Checkout Facebook New Design @ www.facebook.com/about/newsfeed
အောင်မြင်ပျော်ရွင်ပါစေဗျာ......
nyeinchanthu3.blogspot.com/
webcam နဲ့ လက်ဟန် အမူအရာလေး ပြပြီး သီချင်းတွေ.ဗွီဒီယိုတွေ ခိုင်းမယ်ဗျာ....
Computer မှာသီချင်းတွေ videoတွေကြည့်ရင်း ခဏ pause လုပ်ဖို့ ၊ပြန်ပြီး play လုပ်ဖို့ကို ဘာခလုတ် ဘာ click မှလုပ် စရာ မလိုဘဲ webcam ကို လက်ဟန် အမူအရာလေး ပြရုံနဲ့ လုပ်ခိုင်းလို့ ရပါတယ်။
media player တွေကိုသုံးပြီး သီချင်းတွေ videoတွေ ခံစားကြည့်ရှုနားဆင်ရာမှာ ပိုမိုအဆင်ပြေစေဖို့  plug in တွေပေါ် လာလိုက်တာ တစ်နေ့တစ်မျိုး မရိုးရအောင်ပါပဲ။ တချို့ plug inတွေက media library တွေသုံးရတာ ပိုအဆင်ပြေစေ တယ်။ တချို့ plug inတွေက hotkeys လို့ခေါ်တဲ့ အလွယ်သုံး keyတွေ သုံးလို့ ရစေတယ်။ တချို့တွေကတော့ audio, video code အမျိုးပေါင်း များစွာကို ဖွင်လို့ ရအောင် လုပ်ပေးတယ်။
ခေတ်ရှေ့ ပြေးတတ်တဲ့ user တော်တော် များများဟာ media player တွေရဲ့ ပုံမှန် function တွေကို ချဲ့ထွင်ဖို့ အတွက် third party extension တွေကို အားကိုး အသုံးပြု တတ်ကြပါတယ်။ ဥပမာ- windows media player တို့ Win amp တို့ အတွက် lyric plugin ဆိုရင် သီချင်း lyrics တွေကို auto download လုပ်ပေးပြီး track တွေရဲ့ ID3 tag အနေနဲ့ သိမ်းပေးပါတယ်။ အဲ့ဒီလိုပဲ album art တို့၊ album ဖြန့်တဲ့နှစ်တို့ albumနာမည်တို့ လိုမျိုး သီချင်းနဲ့ ပတ်သက်ပြီး မပါတဲ့ information တွေကို download လုပ်ပေးတဲ့ add in တွေ အများကြီး ရှိပါတယ်။
1
ဒီတော့ တစ်ခါတစ်ရံ သင်က သီချင်းတွေ video တွေကြည့်ရင်း ခဏ pause လုပ်ဖို့ ၊ပြန်ပြီး play လုပ်ဖို့ကို ကွန်ပျူတာရဲ့ အဝေးမှာ ရောက်နေလို့ လက်လှမ်းမမီ ဖြစ်နေတာ၊ mouse click တို့ hot keyတွေ ထနှိပ်ဖို့ ပျင်းနေတာတွေ ဖြစ်တတ် တယ်မဟုတ်လား။ တကယ်တော့ gesture လေးပြပြီး သီချင်းရပ်အောင် ဖွင့်အောင် လုပ်လို့ရပါတယ်။
ပြီးခဲ့တဲ့ လတုန်းက Mac OS အသုံးပြုသူ တွေအတွက် iTunes နဲ့ Spotify မှာ gesture လို့ခေါ်တဲ့ လက်ဟန်အမူ အရာကို သုံးပြီး player ကို ထိန်းချုပ်တဲ့ Flutter ကိုတွေ့ရှိခဲ့ပါတယ်။ အခု အဲဒီ Flutter ကို Windows OS ရဲ့ windows media player နဲ့ winamp တွေမှာ သုံးလို့ရအောင် တင်ပေး လိုက်တာ တွေ့ရပါတယ်။ လောလော ဆယ်တော့ Windowsမှာ Flutter ကိုသုံးပြီး media file တွေကို ခဏရပ်တာ ပြန်ဖွင့်တာ တွေပဲ လုပ်နိုင် ပါသေးတယ်။ Flutter ရဲ့developer တွေကတော့ play/pause အပြင် track အသွားအလာ အပြောင်းအလဲ၊ playlist ထဲက သီချင်းတွေကို ရောနှော မွှေနှောက်ခြင်းစတဲ့ တခြား လက်ဟန် အမူအရာ တွေကိုလဲ ထပ်မံ ပေါင်းထည့် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
2
Flutter ကိုသုံးဖို့ အတွက်ကတော့ သင့်ရဲ့ လက်အမူအရာ ကို ဖမ်းယူဖို့ webcam တစ်ခုပဲလိုမှာပါ။ သင့်ရဲ့ လက်ဟန် အမူ အရာကို webcam ကတဆင့် flutter ကဖတ်လိုက်ပြီ ဆိုတာနဲ့ သင်ဖွင့်လက်စ track ကို play လုပ်တာ pause လုပ် တာတွေ လုပ်ဆောင်ပေးပြီး on-screen indicator ကလဲ screen ပေါ်မှာ play/pause ကို ပြပေးမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ webcam ကောင်းတာလေး သုံးရင်တော့ ပိုသင့်တော် ပါတယ်။ ဒါမှ သင့်ရဲ့ လက်ဟန် လှုပ်ရှားမှုကို webcam ကချက်ချင်း ဖတ်နိုင်ပြီး media file ကို ရပ်ဖို့ ပြန်ဖွင့်ဖို့ ခိုင်းစေနိုင်မှာပါ။
3
Flutter ကိုသုံးခြင်းရဲ့ အဓိက အကျိုး ကျေးဇူးကတော့ play/pause လုပ်ဖို့အတွက် mouse click တို့ hot key တို့ဘာမှ နှိပ်စရာ မလိုခြင်းပါပဲ။ Flutterဟာ window က active ဖြစ်မနေတဲ့ အချိန်မှာတောင် အလုပ် လုပ်ပါတယ်။ Flutter ကို install လုပ်ပြီးသွားရင် သင် hand gesture မသုံးခင် media player မှာ play list တစ်ခုခုကို အရင် ဖွင့်ထား လိုက်ပါ။ webcam လဲအသင့် ရှိပါစေနော်။ status bar ပေါ်က flutter icon လေးကို နှိပ်ပြီး webcam အဖွင့်အပိတ်တို့ camera ရွေးတာတို့ auto startတို့ လုပ်နိုင်ပါတယ်။ အားလုံး အသင့်ပဲ ဆိုရင်တော့ webcam ရှေ့နား လောက်မှာ stop hand gesture ဖြစ်တဲ့ လက်ဝါးကို ဖြန့်ထောင် ပြလိုက်ပါ။ သင့်ရဲ့ ဖွင့်လက်စ သီချင်း ရပ်သွားပါမယ်။ နောက်တစ်ကြိမ် လက်ဝါး ထပ်ထောင် ပြလိုက်ရင် သီချင်း ပြန်လာပါတယ်။
4
တစ်ခါတစ်ရံမှာ gesture ပြလို့မှ မတုန့် ပြန်တော့ရင် media player ကိုပိတ်လိုက်ပါ။ သင့် webcam ကိုလဲ disconnect လုပ်ပြီးမှ ပြန် connect လုပ်ကြည့်ပါ။ ပြီးတာနဲ့ media player ကို ပြန်ဖွင့်ပြီး gesture ပြန်စမ်း ကြည့်ရပါမယ်။ ဒီ application က Windows XP, Windows Vista နဲ့ Windows7 မှာ အလုပ်လုပ် ပါတယ်။ 32bit နဲ့ 64bit OS နှစ်မျိုး စလုံးမှာ သုံးလို့ရပါတယ်။ စာရေးသူ ကိုယ်တိုင် windows7 မှာစမ်းကြည့်တာ သုံးလို့ အဆင်ပြေ ပါတယ်။
https://flutterapp.com/ မှာ windows အတွက် download လုပ်လို့ ရပါတယ်။ Mac OS မှာ iTunes နဲ့ Spotify အတွက် လိုချင်ရင်တော့ https://flutter.io/ မှာယူလို့ ရပါတယ်။
အဆင်ပြေပါစေဗျာ....
command prompt ကို အစားထိုး သုံးဖို့ command prompt အလန်း နှစ်ခု
Windows မှာမူလ ပါရှိတဲ့ command prompt ကို outdate ဖြစ်နေပြီလို့ မထင်မိဘူးလား။ အဲဒီ command prompt ကို အစားထိုး သုံးဖို့ command prompt အလန်း နှစ်ခုနဲ့ မိတ်ဆက် ပေးချင်ပါတယ်။
တကယ်တမ်းတော့ windows command prompt မှာပါတဲ့ command line တွေက outdate ဖြစ်တာ မဟုတ်ပါဘူး။ command prompt ရဲ့ပုံစံနဲ့ သူ့မှာ လိုအပ်တဲ့ shell တို့ text selection တို့ tab တွေတို့ ဖောက်ထွင်း မြင်နိုင်စေ တာတို့မှာ outdate ဖြစ်တာပါ။ ဒါ့ကြောင့်မူလ command prompt အစား သုံးလို့ရမယ့် ConEmu အကြောင်းကို အရင်ပြော ပြပါမယ်။
1
ConEmu ခေါ် ConEmu-Maximus5 ဟာနောက်ဆုံးပေါ် windows console တစ်ခုဖြစ်ပြီး ရွေးချယ်စရာ option အများအပြားနဲ့ သုံးစွဲသူစိတ် ကြိုက်ပုံစံကို ပြောင်းလို့ ရစေပါတယ်။ သူ့ရဲ့မူလ screenက information တွေပြတဲ့ status bar နဲ့ tab bar တစ်ခု ပါရှိပါတယ်။ သူ့ကို အမြင်လှအောင် transparency ပြောင်းပြီး ဖောက်ထွင်း မြင်ရအောင် လုပ်လို့ လဲရပါတယ်။
2
သင့်ရဲ့ console အတွက် transparency မကြိုက်ရင်လဲ wallpaper လိုမျိုး နောက်ခံ Image ထည့်သုံးနိုင် ပါတယ်။ ConEmu ကိုသုံးတဲ့အခါ screen အပေါ် ဘက်ကနေ လျှောဆင်းလာတဲ့ console style လေးလဲ ပါရှိပါတယ်။
ConEmu setting ရဲ့ task pane မှာ windows 7 နဲ့ 8 ရဲ့ task bar မှာလိုမျိုး သုံးနေကျ comomand တွေကို အလွယ်တကူ ဖွင့်နိုင်တဲ့ jump-list entry တွေကို ထည့်ထားလို့ ရပါတယ်။ ConEmu tab မှာလဲ GUI application လိုမျိုး ရိုးရှင်းတဲ့ application တွေကို ထည့်ထားလို့ ရပါသေးတယ်။
3
သင်က chkdsk (check disk) command ကိုသုံးတဲ့ အခါမျိုးမှာ ConEmu ရဲ့ taskbar entry မှာ စစ်ဆေးမှု အခြေအနေကို prograss bar လေးနဲ့တောင် ပြပါလိမ့်မယ်။
4
သင်ဘာ option ကိုရွေးစရာ ရှိရှိ ConEmu ရဲ့ extensive setting မှာ ရှာလို့ရပါ သေးတယ်။ ဥပမာ- သင်က ConEmu window မှာ run နေတဲ့ application တွေမှာ အခြေခံပြီး setting အမျိုးမျိုးကို သတ်မှတ်လို့ ရပါတယ်။ ဒါ့အပြင် ConEmu မှာ Norton commander လိုမျိုး  Far Manager လို့ခေါ်တဲ့  text ကိုအခြေခံတဲ့ file manager လဲပါရှိ ပါတယ်။  file တွေကို  text-mode file manger ထဲကို ဆွဲပြီး ထည့်လိုက်ရုံနဲ့ သုံးနိုင် ပါတယ်။
5
နောက်ထပ် command prompt အသစ်တစ်မျိုး ကတော့ Console2 လို့ခေါ်ပါတယ်။ ConEmu နဲ့ယှဉ်ရင် Console 2 မှာက ပြောင်းစရာ သိပ်မပါပါဘူး။ ဒါပေမယ့် tab တွေခွဲပြီး tab တစ်ခုစီမှာ shell တစ်မျိုးစီ runလို့ရတဲ့ feature မျိုးတော့ ပါပါတယ်။ ဥပမာ- ဘယ် program အတွက်ပဲ ဖြစ်ဖြစ် ပုံမှန် command prompt shell တစ်ခုရှိပြီး တစ်ပြိုင်နက်ထဲ window တစ်ခုထဲမှာပဲ console အမြင့်တစ်ခု ထပ်ဖွင့်လို့ ရပါတယ်။ startmenu ကိုပြန်သွား စရာမလိုဘဲ ဖွင့်လက်စ program ထဲကနေ tab အသစ်တွေကို ထပ်ထပ်ပြီး ဖွင့်နိုင်တာပါ။ သတိ ပြုရမှာကဒီ feature ကမူလ အနေနဲ့ မရှိတာကြောင့် သင့်ဘာသာ entry တွေထပ်ပေါင်း ရမှာ ဖြစ်ပါတယ်။
6
ConEmu နဲ့ယှဉ်ရင် Console2 ရဲ့ setting ကနည်းပါတယ်။ ဒါပေမယ့် windows command prompt ထက်တော့ အများကြီး သာပါတယ်။ ConEmu မှာလိုမျိုးပဲ ဖောက်ထွင်း မြင်ရတဲ့ window နဲ့ custom background တွေလဲ ထည့်လို့ ရပါတယ်။ console tab တစ်ခုစီကို image တစ်မျိုးစီ ထားလို့ရပြီး အဲ့လို မထားချင်ရင် desktop wallpaper ကိုပဲ ထည့်ထားလို့ လဲရပါတယ်။ tab တွေကို နာမည်ပြောင်း ပေးလို့လဲ ရပါတယ်။
7
8
အထက်ပါ application နှစ်မျိုး စလုံးဟာ windows command prompt ကိုအသာလေး အနိုင်ယူ သွားပါတယ်။ ဒီ application တွေက အမြင်လှရုံ တင်မကဘဲ console tab တွေခွဲဖွင့်တာ၊ window တစ်ခုထဲမှာ shell တွေခွဲသုံးတာ အစရှိတဲ့ သွင်ပြင် လက္ခဏာတွေ ပါတာကြောင့် သင့်အတွက် သုံးရတာ အဆင်ပြေ စေမှာပါ။ အောက်မှာ download ရယူနိုင်ပါတယ်။
မူရင်းလင့်ကတော့...
Written by Kyi Kyi Zin, source and images : howtogeek.com 
အဆင်ပြေပါစေ...
http://nyeinchanthu3.blogspot.com/
အင်တာနက် ကော်နက်ရှင် မြန်အောင် လုပ်နည်း
connection
အင်တာနက်ကော်နက်ရှင် မြန်အောင်လုပ်တယ်ရယ်လို့တော့မဟုတ်ပါဘူး။ ကိုယ်သုံးနေတဲ့ ကွန်ပျူတာတစ်ခုတည်းကနေ ကော်နက်ရှင် သာမန်သုံးနေ ကျထက် အနည်းငယ်ပိုမြန်အောင် ဖြစ်ပါတယ်။ နဂို ရတဲ့ အင်တာနက် Speed နဲ့ ပမာဏ က နည်းနေရင်တော့ ဘယ်လိုနည်းနဲ့မှ မြန်အောင် လုပ်လို့မရပါဘူး။ ဒီလိုရှိပါတယ်။
စာဖတ်သူတို့လည်း သတိထားမိမယ်ထင်ပါတယ်။ Browser တစ်ခုတည်းမှာ www.google.com ရိုက်လိုက်တယ်ဆိုပါစို့။ သူက ကိုယ်ဖွင့်လိုတဲ့ ဝဘ်ဆိုဒ်ဆီ ကို တန်းမသွားပဲ ကြားမှ ISP ဆီ ဝင်ရပါသေးတယ်။ Redirect လုပ်တာ ဖြစ် ပါတယ်။ ဒီတော့ ISP (Internet Service Provider) သို့မဟုတ် DNS (Domain Name Server) က Process လုပ်ပြီးမှ ကိုယ်ဝင်ချင်တဲ့ ဝဘ်ဆိုဒ်ဆီ ကို တစ်ဆင့် ပြန်ပို့ပေးပါတယ်။ ဒီတော့ မလိုအပ်ပဲ ကြားမှ အချိန်ကြာသွား ရပါတယ်။ ဒါကြောင့် DNS server တစ်ဆင့်ကို ကျော်လိုက်မယ်ဆိုရင် မူလ သုံးနေတာထက် ၃၀ ရာခိုင်နှုန်း ပိုမြန်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ပါအဆင့်အတိုင်းသွားရန် လိုအပ်ပါတယ်။
၁။ Control Panel ကိုဝင်ရပါမယ်။
၂။ Network Connection သို့မဟုတ် Network and Sharing Centre ကိုဝင်ရပါမယ်။
၃။ မိမိအသုံးပြုနေတဲ့ Network (ဥပမာ- Local Area Connectin)ကိုရွေး ချယ်ရပြီး Click နှိပ်ရပါမယ်။ XP သုံးနေတယ်ဆိုရင် Right cick နှိပ်ဝင် ရမှာ ဖြစ်ပါတယ်။ Window 7 သုံးနေတယ်ဆိုရင်တော့ left Click နှိပ် ဝင်နိုင်ပါတယ်။
၎။ Properties ကိုနှိပ်ပါ။
၅။ Netwokring Tab ဝင်ပြီး Internet Protocol (TCP/IP) ထဲကို ဝင်ရပါမယ်။ စက်တစ်လုံးနဲ့မတူညီတဲ့အတွက် အချို့ ဆို Internet Protocol Verson 6 နဲ့ 4 ဆိုပြီး ပေါ်နေတတ်ပါတယ်။ အောက်တစ်ခု 4 ကိုဝင်ရပါ တယ်။ သာမန် မြင်နေကျ 192.168 အစရှိသဖြင့် ဖြည့်ထား တဲ့အကွက်များကိုမြင်တွေ့ရပါမယ်။
၆။ Use the following DNS server address: မှာ click နှိပ်ပြီး အောက်ပါ ကုဒ်များကို ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။
Preferred DNS Server မှာ - 208.67.222.222
Alternate DNS server မှာ - 208.67.220.220
တို့ကို ဖြည့်စွက်ပေးရပါမယ်။
၇။ အထက်ပါအတိုင်း ဖြည့်ပြီးပြီဆိုရင်တော့ OK နှိပ်နိုင်ပါပြီ။ ကျန်ရှိနေတဲ့ Box တိုင်းမှာ OK နှိပ်ပြီးရင် ပြီးပါပြီ။
ကွန်ပျူတာကို Restart ပြန်လိုက်၊ Connection ကို Restart ပြန်လုပ်ပြီးရင် ယခင်ထက် ၃၀ ရာခိုင်နှုန်း ပိုမြန်သော အင်တာနက် ကော်နက်ရှင်ကို အသုံးပြုလို့ရပါပြီ။
စာဖတ်သူတို့ စမ်းကြည့်လို့ အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။
အဆင်ပြေပါစေ....
http://nyeinchanthu3.blogspot.com/
.
လျှို့ ဝှက်ကင်မရာအများအပြား မြန်မာနိုင်ငံရှိ တရုတ်ပိုင် ဟိုတယ်များတွင် တပ်ဆင်ထားကြောင်း သိရှိရ
တရုတ်နိုင်ငံမှာတစ်ဆင့် ရွှေလီ-မူဆယ်လမ်းကြောင်းမှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများတွင် မြန်မာပြည်သူများအား ဆိုးကျိုး ဖြစ်စေမည့် ဓါတုဗေဒ ဆေးဝါးများပါဝင်သော Fast Food များနှင့် အခြားသော စားသောက်ကုန်များပါဝင်လျှက်ရှိနေကြောင်းကို သတင်းအများအပြားတွင် ဖတ်ရှုမှတ်သားပြီးဖြစ်ပါသည်။
ယခုလည်း တရုတ်ပြည်တွင် ညစ်ညမ်းဗီဒီယိုကားများ၌ Category ကွဲပြားစွာ ထုတ်လုပ်ရောင်းချရန် အတွက် Hidden Camera ဆိုသည့် ညစ်ညမ်းကားမျိုး ခေတ်စားလျှက်ရှိရာ မြန်မာနိုင်ငံအတွင်းမှ အမျိုးကောင်းသမီးများအား ကုန်ကြမ်းအဖြစ်အသုံးချရန်အတွက် နေရာစုံတွင် တပ်ဆင်နိုင်သော လျှို့ ဝှက်ကင်မရာများ တင်သွင်းရောက်ရှိလျှက်ရှိကြောင်း နယ်စပ်မှ ကုန်သွယ်ရေးလုပ်ဆောင်သည့် စီးပွားရေးသမားတစ်ဦး၏ ပြောပြချက်အရ သိရသည်။
“ကင်မရာတွေကတော့ အစုံပဲ၊ တခါးလက်ကိုင်ဘုမှာ တပ်တာမျိုး၊ ရေချိုးခန်းမှာရှိတဲ့ အသုံးအဆောင်တွေ မှာ တပ်တာမျိုးတွေပေါ့၊ ဒီက တရုတ်ပိုင်ဟိုတယ်တွေ က အဲဒီဗီဒီယိုတွေကို ဟိုက ညစ်ညမ်းဒါရိုက်တာတွေ ဆီ ပြန်ရောင်းတယ်၊ သူတို့ က Burmese Hidden Camera Girl ဆိုပြီး ဟိုမှာ ပြန်ရောင်းတာ၊ အွန်လိုင်း ကနေ ပိုက်ဆံပေးပြီးမှ ကြည့်လို့ ရတဲ့ Websiteတွေ ထိအောင်တင်တာ၊ စိတ်လွတ်ကိုယ်လွတ် ချစ်သူ နဲ့ ပျော်မြူးတာတော့ ပျော်မြူးတာပေါ့လေ၊ ဒါပေမယ့် သိတဲ့အတိုင်းပဲ၊ ကျွန်တော် ရွှေလီမှာရှိတုန်းက ဆိုရင် ရွှေစုံတွဲ ရေချိုးခန်းထဲမှာ ပလူးနေတဲ့ ဗီဒီယို ဆိုပြီးရောင်းလို့ ဝယ်ကြည့်တာ၊ ကိုယ့်မျက်နှာ ဘယ်ထား ရမှန်းမသိဖြစ်ခဲ့ရတယ်”ဟု စီးပွားရေးလုပ်ငန်းရှင် ကိုခင်ရီမောင် ကအတွေ့ အကြုံကိုပြောပြသည်။
မြန်မာအမျိုးကောင်းသမီးများအနေဖြင့် တရုတ်အမျိုးသားပိုင် ဟိုတယ်များသို့ မသွားရောက် ရန်နှင့်ဖြစ်နိုင် ပါက စိတ်မထိန်းနိုင်လျှင်လည်း တခြားအဆင်ပြေသည့် နည်းလမ်းမျိုးဖြင့်ဖြေရှင်းရန် စေတနာရှေ့ ထားကာ သတိပေးလိုက်ရပါသည်။
ZK(ကနောင်)
FROM-SHAN NEWS
အသိပညာတိုးပါစေ....
http://nyeinchanthu3.blogspot.com/