Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label ကျန်းမာရေးဆိုင်ရာ. Show all posts
Showing posts with label ကျန်းမာရေးဆိုင်ရာ. Show all posts

ဘောင်းဘီအကြပ် အ၀တ်များက အောက်ပိုင်းသေနိုင်


ချက်ချင်းတော့ မသေပါဘူး။ အချိန်ကာလ တစ်ခုအထိပါ။ ဂျင်း ဘောင်းဘီအကြပ်များက အောက်ပါ သွေးလမ်းကြောင်း စီးဆင်းမှုကို နှေးကွေး စေပါတယ်။ ကြွက်သားကိုပါ ညစ်ထားပြီး သွေးပေါင်ချိန် အတက် အကြ များစေပါတယ်။

၂၄ နာရီ ဝတ်ထားတာမျိုး မလုပ်ရဘူးလို့ ဆရာဝန်များက လမ်းညွန် ထားပါတယ်။ နေ့စဉ် ဂျင်းဘောင်းဘီ အကြပ်၊ စကင်နီတို့ ဝတ်ဆင် ခြင်းက ခါးအောက်ပိုင်း ကျန်းမာရေးကို ထိခိုက် စေပါတယ်။ အရွယ်ငယ်တုန်း သိသာမှု မရှိပေမယ့် အသက် ၄၀ နောင်းပိုင်းမှာ ကြွက်သားနာခြင်း၊ ကြွက်တက်ခြင်း၊ အသား နာကျင် ကိုက်ခဲခြင်း တို့ကို ဖြစ်ပေါ်စေပါတယ်။ နောက်ဆုံး အဆင့်ကတော့ ခါးအောက်ပိုင်း သေခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဂျင်းဘောင်းဘီ အကပ်များ၊ စကင်နီများ၊ ခါးအောက်ပိုင်း ခန္ဓာကိုယ်ကို ချုပ်တည်းစေသော အဝတ်အစား များ ဝတ်ဆင်မှုကို နေ့စဉ် ပြုလုပ်ရန် မသင့်ပါဟု တိုက်တွန်းထားကြောင်း သိရပါတယ်။

Myawady News

လက်ဖက်ရည် ကြမ်းနဲ့ ကော်ဖီ သောက်သုံးမှုက လေသင်တုန်း ဖြတ်မှုကို လျှော့


လက်ဖက် ရည်ကြမ်းနဲ့ ကော်ဖီသောက် သုံးခြင်း တို့ဟာ လေသင် တုန်းဖြတ်မယ့် အန္တရာယ်ကို လျှော့ချပေးနိုင်ပြီး အထူးသဖြင့် ၎င်းတို့ကို ပုံမှန်သောက် သုံးပါက ပိုမို ထိရောက်မှု ရှိကြောင်း မတ်လ (၁၄) ရက် ကြာသ ပတေးနေ့က ထုတ်ဝေတဲ့ အမေရိကန် နှလုံးရောဂါ အသင်းရဲ့ စထရိုးခ် (Stroke) ဂျာနယ်မှာ ဖော်ပြ ထားကြောင်း ဆင်ဟွာ သတင်းက ဆိုပါတယ်။

အဆိုပါ တွေ့ရှိချက်ဟာ လက်ဖက်ရည်ကြမ်းနဲ့ ကော်ဖီတို့က လေသင်တုန်းဖြတ်မှုအပေါ် လျှော့ချပေးနိုင်တဲ့ ပေါင်းစပ် အကျိုးသက်ရောက်မှုကို ပထမဆုံးအကြိမ် ကျယ်ကျယ်ပြန့်ပြန့် သုတေ သနပြုခဲ့ရာမှ တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ဂျပန် အမျိုးသားဆိုင်ရာ ဦးနှောက်နဲ့ နှလုံးသားစင်တာမှ သုတေသနခေါင်းဆောင် “ရိုရှီဟီရိုကိုကူဘို” က ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။ သုတေသီများက အရွယ်ရောက်ပြီးဖြစ်တဲ့ ဂျပန်လူမျိုးပေါင်း (၈၃၂၆၉) ယောက်ရဲ့ လက်ဖက်ရည်ကြမ်းနဲ့ ကော်ဖီသောက်သုံးတဲ့ သူတို့ရဲ့ အလေ့အထကို နှစ်ပေါင်း (၁၃) နှစ်ကြာ လေ့လာခဲ့ရာမှ သိရှိရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ရတနာပုံ
Myawady News

ခေါက်ဆွဲခြောက် ထုတ်များအား ဟင်းသီးဟင်းရွက်၊ အသား၊ ငါး တစ်ခုခုနဲ့ ရောနှော စားသုံးသင့်


အသင့်စား ခေါက်ဆွဲခြောက် ထုတ်များတွင် လူ့ကျန်းမာရေး အတွက် အကျိုးရှိသည့် အမျှင်ဓါတ်၊ ဗီတာမင်ဓါတ်နှင့် သတ္တုဓါတ်များ မပါဝင် သလောက် နည်းပါးပြီး အန္တရာယ် ပေးနိုင်သော သကြားဓါတ်၊ အချိုမှုန့်ဓါတ်နှင့် ဆိုဒီယမ် ဓါတ်များ ပါဝင်မှုနှုန်း မြင့်မားသည့်အတွက် ရေရှည် စားသုံးပါက အ၀လွန်ရောဂါ ရရှိနိုင်သည့် အပြင် ကျန်းမာရေးအား အလွန် ထိခိုက်နိုင်သည်ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ မြင့်ဦးက ဆိုသည်။

"လူတစ်ယောက် အတွက် နေ့စဉ်ပုံမှန်စားသုံးတဲ့ အစားစာထဲမှာ ပရိုတိန်း(၂၃)၊အဆီ(၂၈) ၊ ကာဗိုဟိုက်ဒြိတ်(၅၅) ရာခိုင်နှုန်း ပါဝင်နေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ခေါက်ဆွဲ ခြောက်မှာ ၉။ ၃၆။ ၅၅ ဖြစ်နေတဲ့အတွက် ပရိုတိန်းဓါတ်က နည်းပြီး ကာဗိုဟိုက်ဒြိတ်နဲ့ အဆီတွေ များလွန်း နေပါတယ်။ ခေါက်ဆွဲခြောက်ဟာ Junk Food လို့ ခေါ်တဲ့ အစားအစာ အမျိုးအစားထဲမှာ ပါဝင်နေတဲ့ အတွက် ကျန်းမာရေးနဲ့မညီညွတ်ပါဘူး အချိန်မရလို့ ခေါက်ဆွဲခြောက်ကို ရေနွေးထဲမှာ ၃ မိနစ်စိမ်ပြိး စားသုံး ရတော့မယ့် ဆိုရင် ဟင်းသီးဟင်းရွက်၊ အသား၊ ငါး တစ်ခုခုနဲ့ ရောနှော စားသုံးဖို့ အကြံပြုလိုပါတယ် "ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ မြင့်ဦးက ပြောသည်။

လူတစ်ယောက် အတွက် ဆိုဒီယမ်ဓါတ် တစ်နေ့တာ လိုအပ်ချက်မှာ ၁၅၀၀ မီလီဂရမ်သာ ရှိကြောင်းနှင့် ခေါက်ဆွဲခြောက် တစ်ထုတ်တွင် ဆိုဒီယမ်ဓါတ် ၂၇၀၀ အထိ ပါဝင် နေသောကြောင့် ရေရှည် စားသုံးပါက အ၀လွန် ရောဂါ စွဲကပ်နိုင်သည့် အပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် ကျောက်ကပ် ဝေဒနာရှင်များ စားသုံးရန် မသင့်လျော်ဟု ၎င်းက ဆက်ပြောသည်။

"အသင့်စား အစားအစာတွေက ကြာရှည်ခံအောင် ဓာတု ပစ္စည်းတွေနဲ့ လုပ်ထားတဲ့အတွက် ကျန်းမာရေး အတွက် မကောင်းဘူး ဆိုတာတော့ သိတယ် ဒါပေမယ့် ခေါက်ဆွဲပြုတ် စားရတာက အချိန်ကုန်လည်း သက်သာတယ် ငွေကုန်လည်း သက်သာတယ် ညဘက် အိမ်ပြန်ရောက်ရင် လွယ်လွယ်ကူကူ ခေါက်ဆွဲပဲ ပြုတ်စားလိုက်တာ များတယ် ခေါက်ဆွဲပြုတ် စားတာများရင် ဆံပင် ကျွတ်တယ်လို့တော့ ကြားဘူးတယ်" ဟု စမ်းချောင်း မြို့နယ်နေ လူငယ် တစ်ဦးက ပြောသည်။

အသင့်စား ခေါက်ဆွဲခြောက် များကို ဂျပန်နိုင်ငံတွင် အဓိက ခေါက်ဆွဲခြောက် ထုတ်လုပ်သည့် Nissin Foods ကုမ္ပဏီ တည်ထောင်သူ မိုမိုဖူကူအန်တိုက ၁၉၅၈ ခုနှစ်တွင် တီထွင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ခေါက်ဆွဲခြောက်ထုတ် ရောင်းအားမှာ ၁၀၁ ဒသမ ၄ ဘီလျံရှိကြောင်း ဂျပန် အခြေစိုက် ကမ္ဘာ့ခေါက်ဆွဲခြောက် အသင်း World Instant Noodles က ထုတ်ပြန် ထားသည်။

credit to နှင်းဆီဖူးလေးများ-Love BUDS

ညပိုင်း လန်းဆန်းဖို့ ကော်ဖီသောက်ရင် နံနက်ပိုင်း မှတ်ဥာဏ်တွေ ထိခိုက်နိုင်စေပါသလား?


မေး။ ။ဆရာခင်ဗျား။ ကျွန်တော်တို့ သူငယ်ချင်း တစ်စုဟာ စာမေးပွဲနီးတိုင်း အုပ်စုဖွဲ့ စာကျက်လေ့ ရှိကြရာမှာ တစ်ညလုံး မအိပ်တမ်း စာကျက်လိုဇောနဲ့ ကော်ဖီလည်း သောက်ြက ပါတယ် ဆရာ။ ပြီးခဲ့တဲ့ ရက်ကတော့ စာကျက်ရင်း သူငယ်ချင်း တစ်ယောက် ကော်ဖီ သောက်ရင်း ညမအိပ်တမ်း စာကျက်တာဟာ စာကျက် နေတုန်းကတော့ လန်းဆန်း နေပေမယ့် နံနက်ပိုင်း စာမေးပွဲခန်းလဲ ဝင်ရော စာတွေမေ့သွားတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့လည်း ဒီလိုဖြစ်ပါတယ် ဆရာ။ ဒါဟာ ကော်ဖီကြောင့်ပလား။ ညပိုင်း လန်းဆန်းဖို့ ကော်ဖီသောက်ရင် နံနက်ပိုင်း မှတ်ဥာဏ်တွေ ထိခိုက်နိုင်စေပါသလား။

မောင်သားထူး (ပန်းဆိုးတန်း)

ဖြေ။ ။ကော်ဖီမှာ ကဖင်းဓာတ် ပါဝင်လို့ လူကိုလန်းဆန်း စေတာ အမှန်ပါပဲ။ ကော်ဖီအကြောင်း ပြောရရင် ပထမဆုံး လူ့ဦးနှောက်ထဲက Adenosine ဆိုတဲ့ ဟော်မုန်း အကြောင်းပါပဲ။ သူက လူတွေ အနားယူဖို့ လှုံ့ဆော်ပေးတဲ့ ဟော်မုန်းပါ။ တစ်နေကုန် အလုပ်လုပ်ပြီး ညရောက်တာနဲ့ ငိုက်မျဉ်းလာစေတာ ဒီဟော်မုန်း ကြောင့်ပါ။

ဒီဟော်မုန်းများရင် လူက အိပ်ငိုက် လာပါမယ်။ ကော်ဖီမှ ကဖင်းက အဆိုပါ ဟော်မုန်းကို တိုက်ခိုက်ပါတယ်။ ဒါကြောင့် ကော်ဖီ သောက်လိုက်ရင် မအိပ်ချင်တော့ တာပါ။ ကျောင်းသား လူငယ် အများစုကတော့ ညကော်ဖီ သောက်ရင်း စာကျက်ပြီး နံနက် စာမေးပွဲခန်း ဝင်တာက အစဉ်အလာ ဖြစ်နေပါပြီ။ တကယ်တမ်း ကျတော့ ကော်ဖီသောက်ရင်း ဦးနှောက်ပန်းအောင် တစ်ညတာလုံး ခိုင်းလိုက်တာက နောက်နေ့နံနက်မှာ မလန်းဆန်း စေတော့ပါဘူး။ ကော်ဖီက ပါတဲ့ ကဖင်းဓာတ်ကြောင့် မအိပ်ချင် တော့ပေမယ့် ဦးနှာက်ဟာ နားရမယ့် အချိန်မှာ အနား မရဘဲ ဖိစီးနေလို့ ဦးနှောက်ဝန်ပိ လာပါတယ်။ ဒီအခါကျ နံနက်ပိုင်း စာမေးပွဲခန်း ဝင်ချိန်မှာ ဦးနှောက်ရဲ့ စွမ်းရည်ဟာ သာမန်ထက် လျော့နည်းနိုင်ပါတယ်။ ဒီအခါမှာ ကျက်ပြီးသား စာတွေ မေ့လျော့ခြင်း ဖြစ်လာပါတယ်။ ဒါကြောင့် ကော်ဖီသောက်လျှင် နေ့လယ်ပိုင်းနဲ့ ညဦးပိုင်းသာ သောက်သင့်ကြောင်း၊ ညဥ့်နက်ပိုင်း မသောက်သင့်ကြောင်း အကြံပြုလိုက် ပါရစေ။ မောင်သားထူးတို့ အနေနဲ့ တစ်နှစ်တာ စာတွေကို လွယ်လွယ်ရှင်းရှင်း မှတ်သား ထားပြီး စာမေးပွဲ ဖြေရမယ့် ညမှာ အိပ်ချိန် ၆ နာရီခန့် ပေးခြင်းဖြင့် စာမေးပွဲကို တည်ငြိမ်စွာ ဖြတ်ကျော် သင့်ကြောင်းပါ။ ။
မြ၀တီ

ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက်


သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာသိသိသာသာ ပျောက်ကင်းသွား သလောက်ဖြစ်သွားသောကြောင့် အသည်းအထူးကု ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီးကိုယ်တိုင်အံ့အားသင့်လို့  သခွတ်သောက်သော လူနာကို မှတ်တမ်းအပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင် သာဖြစ်ပါသည် ။

သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ကို ယူပါ။ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ (လက်ဖက်ခြောက်လို့ လည်း သောက်သုံးလို့ ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပြီး အခေါက်ကို သုံးစွဲ ရပါမည်။

ဆေးရည်ကျိုနည်း …. ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ ကို သုံးကြိမ်( သို့  ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။

အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည် ။ အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။ အရွက်ခြောက်နဲ့  အပွင့်ခြောက်အနည်းငယ်ကိုလည်းလက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း ဆေးအဖြစ် သောက်သုံးနိုင်ပါသေးသည် ၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊ သခွတ်ဆေးရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။

mg mandalay

Enervon C ရေရှည်စွဲမသောက်သင့်တဲ့ အားဆေး


မြန်မာနိုင်ငံဆေးဈေးကွက်ထဲမှာ သုံးစွဲသူ တော်တော်များတယ်။
ဆေးသောက်ပြီးရင် လူကိုကြည်လင်လန်းဆန်းစေတယ်။
အားအင်ပြည့်ဖြိုးစေတယ်။ အလုပ်ပိုလုပ်နိုင်တယ်။စွဲသောက်သူတချို့က ဒီဆေးသောက်မှလန်းတယ်ထင်ကြတယ်။တချို့က ဆေးမသောက်ရင် နေလို့မကောင်းတာမျိုးထိရှိတယ်။
ဒါ့ကြောင့် တခါဆေးပြတ်သွားတုန်းက တစ်လုံးကို ၂၀၀၊၂၅၀ထိ ပေးသောက်ကြတာပဲ။
ဒီအချက်တွေဟာ သုံးစွဲသူတွေအဖို့ မှန်ကောင်းမှန်ပါလိမ့်မယ်။
သို့သော် ပြဿနာတခုက ရေရှည်မသောက်သင့်တဲ့ဆေးကို စွဲသောက်နေကြတာပဲ။
Enervon-C ထဲမှာ vitamin C 500mg ပါဝင်တာကြောင့် ရေရှည်စွဲသောက်ရင် ဆီးကျောက်တည်တာမျိုးတွေ ဖြစ်တတ်တယ်။
စာထဲတင်မက လက်တွေ့ဆေးခန်းလာသူတွေထဲမှာပါ ဒီလိုလူနာတယောက်မက၊နှစ်ယောက်မက တွေ့နေရပါတယ်။
တရက် တစ်လုံးကို ၃နှစ်မှ ၅နှစ်ထိစွဲသောက်သူတွေမှာ ဒီလိုပြဿနာတွေ တွေ့ရတယ်။

Enervon-Cဟာ Caplet ပုံစံနဲ့လာတယ်။လိမ္မော်ရောင် အလုံးတောင့်လေးတွေဖြစ်တယ်။အလုံး ၃၀ပါဗူးနဲ့၁၀၀ပါဗူးဆိုပြီး နှစ်မျိုးလာတယ်။ဒီလိုပုံစံအားဆေးတွေဟာ လေဝင်ရင် အမဲပြောက်လေးတွေ ထင်ကျန်တတ်တယ်။
Enervon-Cဟာ packingပုံစံကောင်းတယ်လို့ ဆိုနိုင်တယ်။
အတွေ့အကြုံအရ တခြားဆင်တူဆေးတွေမှာ လေဝင်တဲ့အခါ အမဲပြောက်လေးတွေ တွေ့ရတတ်ပေမယ့် EC မှာတော့ သိပ်မတွေ့ရဘူး။အကယ်၍ ဒါမျိုးဖြစ်လာရင် ဆက်သောက်ဖို့ မကြိုးစားပါနဲ့။

အရပ်အခေါ် ECထဲမှာ ဘာတွေပါလဲ။
Vitamin C 500mg
Vitamin B1. 50mg
Vitamin B2. 20mg
Vitamin B3(niacinamide). 50mg
Vitamin B5(calcium pantothenate). 20mg
Vitamin B6. 5mg
Vitamin B12. 5mcg

Enervon-Cထဲမှာ အဓိကပါဝင်တဲ့ vitamin C 500mgဟာ စိတ်အာရုံကြည်လင် လန်းဆန်းစေတယ်။ ခုခံအားတက်စေတယ်။ စိတ်ဖိစီးမှု ကင်းဝေးစေတယ်။
ကျန်တဲ့ vitamin Bအုပ်စုတွေက အားအင်ပြည့်ဖြိုးစေတယ်။သက်လုံကောင်းစေတယ်။နေ့စဉ်လိုအပ်တဲ့ပမာဏ RDAထက် ပိုမိုထည့်သွင်းထားတယ်။ရောဂါကုသဖို့သုံးစွဲတဲ့ ပမာဏမျိုးဖြစ်တယ်။anti-stress formula အရ စိတ်ဖိစီးမှုအတွက် သီးသန့်ထုတ်လုပ်ထားတယ်လို့ ဆိုတယ်။

Vitamin Cဆိုတာ......
-သက်ရှိဆဲလ်တွေပုံမှန် ကြီးထွားဖွံ့ဖြိုးဖို့ ဗီတာမင်စီဓာတ် လိုအပ်တယ်။
-ဆဲလ်တွေ ပြုပြင်ပြောင်းလဲပေးရာမှာ အဓိကကျတယ်။
-သို့သော် လူ့ခန္ဓာကိုယ်က ဗီတာမင်စီကို မထုတ်လုပ်နိုင်လို့ အစားအသောက်၊ဆေးဝါးစတာတွေနဲ့ ဖြည့်တင်းပေးရတယ်။
-ဟင်းသီးဟင်းရွက်၊သစ်သီးဝလံတော်တော်များများမှာ ဗီတာမင်စီပါဝင်ကြတယ်။အထူးသဖြင့် အချဉ်ဓာတ်များတဲ့အစာတွေထဲမှာ ပိုမိုပါဝင်တယ်။
-အစားအသောက်က လုံလောက်အောင်မရရင် သောက်ဆေးပေးပြီး ပြန်ဖြည့်ရတယ်။
-သိပ်များသွားရင်လည်း လူကိုဒုက္ခပေးမယ်။
-water-soluble vitaminအရည်ထဲမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်တမျိုးဖြစ်တယ်။
-ရေထဲမှာ ပျော်ဝင်တာကြောင့် တော်ရုံ များတာလောက်ကို ဆီးထဲက စွန့်ထုတ်ပစ်နိုင်တယ်။
- ကြာရှည်သောက်သုံးရင် ကျောက်ကပ်က လုံလောက်အောင် စွန့်ထုတ်မပေးနိုင်ဘဲ အနည်ထိုင်ပြီး ဆီးကျောက်တည်တာမျိုးဖြစ်လာတယ်။
-တွေ့ရှိချက်တွေအရ သောက်သင့်တဲ့ပမာဏထက် ပိုမိုသောက်သုံးမှသာ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတယ်။

Vitamin Cရဲ့ကောင်းကျိုးတွေလဲ မနည်းလှဘူး။
-စိတ်ဖိစီးမှု လျှော့နည်းစေတယ်။
-သံဓာတ်စုပ်ယူမှု အားကောင်းစေတယ်။
-ကိုလက်စတောကျစေတယ်။
-လေဖြတ်နိုင်ချေ ကျဆင်းစေတယ်။
-နှလုံး၊သွေးတိုး စတဲ့ရောဂါတွေ ကာကွယ်ပေးတယ်။
-သွားဖုံးရောင်တာ၊သွေးထွက်တာတွေ အသုံးဝင်တယ်။
-အနာကျက်မြန်စေတယ်။အရောင်ကျစေတယ်။
-ခုခံအားတက်စေတယ်။
-အအေးမိ၊တုပ်ကွေး ကာကွယ်ကုသဖို့ အသုံးပြုတတ်ကြတယ်။
-antioxidant ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ လူသိများတယ်။
-ရေတိမ်စတဲ့ မျက်စိရောဂါတွေအတွက် အသုံးကျတယ်။
-ခဲဆိပ်သင့်သူတွေမှာ အကျိုးများမယ်။
-collagen များစေလို့ အသားရည်တွန့်သူတွေ သုံးစွဲသင့်တယ်။
-အရက်၊ဆေးလိပ်သောက်သူတွေမှာ ပိုလိုအပ်တယ်။

တနေ့ကို ပုံမှန် ဗီတာမင် စီ ဘယ်လောက်လိုလဲ။
အသက်အရွယ်၊ကျား မ၊ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်စတာတွေပေါ်မူတည်ပြီး မတူညီကြဘူး။
-ပုံမှန်အားဖြင့် ယောကျာင်္းလေးတွေဟာ 90mgလိုအပ်ပြီး မိန်းကလေးတွေဟာ 75mg လိုအပ်တယ်။
-နို့တိုက်မိခင်တွေမှာ ပိုလိုအပ်တယ်။တနေ့ကို 120mg လိုအပ်တယ်။
-ဆေးလိပ်သောက်တတ်သူတွေ အနည်းဆုံး vitamin C 100mgလိုအပ်တယ်။
-ကိုယ်ဝန်ဆောင်မှာ 75mg လိုအပ်တယ်။
-လူပျိုပေါက်(၁၂-၁၈နှစ်)တွေဟာ 70mg လိုအပ်တယ်။
-ကလေးတွေဟာ 30mgလောက် ပုံမှန်လိုအပ်တယ်။

ပုံမှန်လူတယောက်ဟာနေ့စဉ် vitamin C 75-90mg လိုအပ်တယ်လို့ သတ်မှတ်ထားတယ်။Maximum doseအများဆုံးသောက်သုံးနိုင်တဲ့ ပမာဏကို 2000mg လို့သတ်မှတ်ထားတယ်။ဒါကလည်း ရောဂါကုသဖို့သတ်မှတ်ထားတဲ့ ပမာဏသာဖြစ်ပါတယ်။တချို့ကလည်း နေ့စဉ် vitamin C 500mgထိ လိုအပ်တယ်လို့ အငြင်းပွားကြတယ်။လေ့လာမှုတွေလုပ်ကြည့်တဲ့အခါ Normal dose သောက်သုံးသူတွေမှာ side effectမရှိပဲ higher dose ပမာဏများများကို ကြာရှည်စွဲသောက်သူတွေမှာ ဒုက္ခပေးတတ်တယ်။

ဘေးထွက်ဆိုးကျိုး
Nauseaပျို့တာ၊
Diarrheaဝမ်းလျှောတာ
Gastritisအစာအိမ်ရောင်တာ
Fatigueအားအင်ကုန်ခန်းတာ
Heart burnရင်ပူတာ
Intestinal Crampsဗိုက်နာတာ
Flushingအသားရည် ရဲတာ
Insomniaအိပ်မပျော်တာ

ပိုပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုး
Kidney stonesကျောက်ကပ်မှာ ကျောက်တည်တာ၊
Teeth erosionသွားပျက်ဆီးတာ၊
Blood clot in leg ခြေထောက်သွေးကြောပိတ်တာ၊

သတိထားသုံးစွဲသင့်တဲ့ရောဂါတွေ
-goutဂေါက်ရောဂါ
-sickle-cell anaemia သွေးအားနည်းရောဂါ
-cirrhosisအသည်းခြောက်ရောဂါ

Vitamin C ကို အသုံးချခြင်း
အရင်ခေတ်က scurvyခေါ်တဲ့ ဗီတာမင်စီချို့တဲ့ရောဂါ ကာကွယ်ဖို့၊ကုသဖို့ အသုံးချခဲ့တယ်။သဘောင်္သားတွေ၊ရေကြောင်းလုပ်သား၊ပင်လယ်ဓားပြတွေမှာ အတွေ့များတယ်။အခုခေတ်မှာတော့ ရှားပါးသွားပြီ။အအေးမိတုပ်ကွေး ကာကွယ်ဖို့၊ကုသဖို့ အသုံးပြုလာကြတယ်။လိုတာထက် ပိုတာကပိုခေတ်စားလာတယ်။ကြော်ငြာတွေကောင်းတာလဲ ပါလိမ့်မယ်။အသားအရည်၊ဆံပင် ကောင်းခြင်းငါးဖြာနဲ့ပြည့်စုံတယ်ဆိုတာမျိုးတွေ။ antioxidant ဓာတ်တိုးဆန့်ကျင်သတ္တိကြောင့် ကင်ဆာမဖြစ်စေဘူးဆိုတာမျိုးထိပါတယ်။ လက်ရှိချိန်ထိတော့ သက်သေမပြနိုင်သေးဘူး။ခေတ်ကိုက အင်တီအောက်ဆီးဒင့် ဆိုတာတွေကို အလေးထားပြောလာကြတဲ့ခေတ်မဟုတ်လား။အားဆေးတွေထဲမှာ ကျန်တာတွေမပါရင်နေမယ်။ဗီတာမင် ဘီနဲ့ စီကတော့ ပင်တိုင်ပါဝင်တယ်။ နေ့စဉ်စွဲသောက်သင့်တယ်၊မသင့်ဘူးဆိုတာ ပါဝင်တဲ့ mgပေါ်မူတည်တယ်။ဆေးတခုသောက်မယ်ဆိုရင် ပါဝင်တဲ့ပမာဏကလည်း အရေးကြီးတာ သတိပြုပါ။မသိရင်၊မသေချာရင် ဆရာဝန်နဲ့ သေချာမေးပြီးမှ သောက်သင့်တယ်။

အကြံပေးချက်
-ပင်ပန်းတယ်၊မလန်းဘူးထင်ရင်သောက်ပါ။
-အမြဲစွဲသောက်ဖို့ မကြိုးစားပါနဲ့။
-အစာစားပြီးမှ သောက်သင့်တယ်။
-ရေများများနဲ့သောက်ပါ။
-ညဖက်ပိုင်းသောက်ရင် အိပ်မပျော်တာ တွေ့ရတတ်တယ်။
-တနေ့အလွန်ဆုံး သုံး၊လေးလုံးထက် မပိုသင့်ဘူး။
-နေ့စဉ်ရက်ဆက် သောက်တာမကောင်းဘူး။
-တပတ် ၂ကြိမ်၊၃ကြိမ်သောက်တာ ကိစ္စမရှိပါ။
-တခြားအားဆေးတွေလို နှစ်ချီပြီး စွဲမသောက်သင့်တဲ့ဆေးမျိုးဖြစ်တယ်။

Credit to Dr. Aye Min Htoo
အဆင်ပြေပါစေ....
http://nyeinchanthu3.blogspot.com/

TEXT MESSAGE ပို့ခြင်းက ဥာဏ်ကောင်းစေ


ပေါက်ပေါက် ရှာရှာ လေ့လာ တွေ့ရှိမှု များထဲက တစ်ခုပါပဲ။ ယင်းကတော့ ဖုန်းနဲ့ Message ရိုက် ပို့ခြင်းဟာ ဥာဏ်ကောင်း စေတယ် ဆိုတဲ့ အချက်ပဲ ဖြစ် ပါတယ်။ အဖြစ်က ဒီလိုပါ။

Text Message (SMS) ရည်ရွယ်ချက်က စာတိုတိုနဲ့ လိုရင်း ရောက်အောင် ရေးလို့ ပို့ရတာ ဖြစ်ပါတယ်။ စာလုံး Character အလုံး ၁၆၀ ထပ်မပိုရဘူးလို့ ဆိုထားပေမယ့် တော်တော်များများ ကတော့ စာလုံး နည်းနည်းနဲ့ ရောက်အောင်ရေးလို့ ပို့ပါတယ်။

ဒါကြောင့် အင်္ဂလိပ် အတိုကောက်သုံးတာမျိုး၊ အလွယ်ဆုံး ဝါကျဖွဲ့လိုက်တာ မျိုး၊ အဓိပ္ပါယ်ချက်ချင်း သိစေနိုင်မယ့် စာတိုတို ဖြစ်အောင် ရေးစပ်တာမျိုး အစရှိသဖြင့် ဦးနှောက်စားစေပြီး ဥာဏ်ကို အသုံးချစေပါတယ်။ အင်္ဂလိပ် သဒ္ဒါ တည်ဆောက်မှု အတတ်နိုင်ဆုံးမှန်အောင်ကြိုးစားမှုလည် ရှိသလို အချို့ ကျတော့လည်း အဆင်ပြေတဲ့ အသံထွက်နဲ့ တစ်ဖက်နားလည်အောင် ကြိုးစား ရေးသား ပါတယ်။ အင်္ဂလိပ်စာနဲ့ ရိုက်တာက ပိုကောင်းပြီး အင်္ဂလိပ် စာ ဝါကျ ဖွဲ့မှုကိုလည်း ပိုမိုတိုးတက်စေပါတယ်။ သို့ပေမယ့် အခြား ဘာသာ သို့မဟုတ် ကိုယ်အဆင်ပြေတဲ့ နည်း လမ်းနဲ့ ရေးသားပေးပို့ခြင်းက လည်း ဥာဏ်သုံးရတဲ့အတွက် ဦးနှောက် ကို အလုပ်လုပ်စေပါတယ်။

ဒါကြောင့် SMS ပို့ခြင်းဟာ ဥာဏ်ကိုကောင်းစေပြီး IQ လယ်ဗယ် မြင့်စေ တယ်လို့ လေ့လာချက်များက ဆိုထားကြောင်း သိရပါတယ်။

Ref: techblog
Aung Kham (TSJ team)
TechSpace Journal
အဆင်ပြေပါစေ...
http://nyeinchanthu3.blogspot.com/

ကျန်းမာ လှပစေရန် မီးဖိုချောင်တွင် ရှိသင့်သော အရာကိုးမျိုး


မီးဖိုချောင်ဆိုတာ အိမ်တစ်အိမ်ရဲ့ နှလုံးသားတစ်ခုလို့ ပြောလို့ ရပါတယ်။ မီးဖိုချောင်ထဲက အစားအစာတွေကြောင့် သင့်ကို ပိုပြီး ကျန်းမာလှပစေ သလိုပဲ အ ခန့်မသင့်ရင် ကိုယ်အလေးချိန် တိုးလာပြီး ကျန်းမာရေးလည်း ချူချာတတ် ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ ဆေးဖက်ဝင် မီးဖို ချောင်လေးတစ်ခု ဖြစ်စေဖို့ ဖန်တီးပေးရ မှာပါ။ ဒီအတွက် သိပ်ပြီး ခေါင်းမစားပါနဲ့။ ဖော်ပြပါ အချက်တွေကို လေ့လာကြည့် လိုက်ပါ။
၁။ ဝယ်ပြီး မစားမိ မဖြစ်ရလေအောင်
သင့်ရေခဲသေတ္တာ ထဲမှာ အစိမ်းစား ရတဲ့အသီးအနှံ တွေကို ရေစင်အောင် ဆေးကြောပြီးမှ ထည့်ထားပါ။ နာနတ် သီး၊ ကီဝီသီးနဲ့ အခွံခွာစားရတဲ့ အသီး တွေကို အသင့်ခွာပြီး လှီးကာ ထည့်ထား ပါ။ ရေခဲသေတ္တာ ထဲကို ထည့်ချိန်မှာ သင့် မျက်စိရှေ့ အလွယ်တကူ မြင်သာတဲ့နေ ရာမှာထည့်ထား တာကြောင့် ရေခဲသတ္တာ ဖွင့်လိုက်ချိန်မှာ အသီးအနှံတွေကို အ လွယ်တကူ စားမိစေ ပါလိမ့်မယ်။
၂။ အသုပ်များကို ခွက်ကြီးကြီးဖြင့် ပြင်ဆင်ပါ
ဟင်းရွက် သုပ်တွေက ကျန်းမာရေး နဲ့ ညီညွတ်တယ်ဆိုတာ သင်သိပါရဲ့လား။ ဟင်းရွက်သုပ်တွေကို ညစာစားတိုင်း ပါဝင်အောင် စားပေးပါ။ တခြားအသားငါး တွေကို ညပိုင်းအချိန်မှာ ပိုစားမယ့်အစား ကျန်းမာလှပစေရန်မီးဖိုချောင်တွင် ရှိသင့်သော အရာကိုးမျိုး ဟင်းရွက်သုပ်တွေကို ပိုစားပေးတာက ခန္ဓာကိုယ်မှာ အဆီပိုကင်းစေပါလိမ့်မယ်။ ဟင်းရွက်သုပ်တွေကို ခွက်ကြီးကြီးထဲမှာ ထညြ့်ပီး များများသပု စ်ားပါ။ ထမင်း မစား ခင် ဟင်းရွက်သုပ်ကို မိသားစုလက်စုံစား တာက ပျော်စရာလည်းကောင်းပါတယ်။
၃။ အတိုင်းအတာပစ္စည်းများ ရှိပါစေ
ဆီဖြစ်စေ၊ အသားငါးဖြစ်စေ၊ ရေ ဖြစ်စေ တိုင်းတာတွက်ချက်ပြီး ချက်ပြုတ် နိုင်ဖို့အတွက် တိုင်းတာရတဲ့ ပစ္စည်းတွေ ဖြစ်တဲ့ ဇွန်းနဲ့ ခွက်တွေကို အလွယ်တကူ ယူသုံးလို့ရအောင် မြင်သာတဲ့နေရာမှာ ထားပါ။ အထူးသဖြင့် ကိုယ်အလေးချိန် ကျအောင် လေ့ကျင့်စားသောက်နေသူ တွေအနေနဲ့ လိုအပ်တဲ့ ပမာဏကို မျှတ အောင်စားနိုင်ဖို့အတွက် အတိုင်းအတာ ပမာဏက အရမ်းကို အရေးပါပါတယ်။
၎။ သရေစာကို ကြိုတင်ဝယ်ထားပါ
သင်က အပြင်သရေစာစားရတာ ကို ကြိုက်တတ်သူဖြစ်ရင် ဈေးဝယ်ထွက် ချိန်မှာ အသင့်ထုပ်ပိုးထားတဲ့ သရေစာ မုန့်ထုပ်တွေထဲက အစေ့အဆန်၊ ပြောင်း ဖူးပေါက်ပေါက်၊ ချိစ်ကိတ်နဲ့ အသီး ခြောက်တွေကို ကယ်လိုရီပါဝင်မှု ဘယ် လောက်ရှိသလဲဆိုပြီး အညွှန်းကို ဖတ်ပါ။ ကယ်လိုရီ ၁၅၀ အောက်သာ ပါဝင်တဲ့ သရေစာမုန့်တွေကို ဝယ်ထားပြီး သင် စားချင်တဲ့အချိန်မှာ ယူစားပေးတာ ကြောင့် မလိုအပ်ဘဲ ကယ်လိုရီပိုမိုရရှိမှု ကို ကာကွယ်ရာရောက်ပါတယ်။
၅။ မတည့်စာများ ဝေးဝေးရှိပါစေ
ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတဲ့ ဆော်ဒါပါဝင်တဲ့ ဖျော်ရည်တွေ၊ ဆီကြော် မုန့်တွေနဲ့ အချိုလွန်ကဲတဲ့အစားအစာ တွေကို သင့်မီးဖိုချောင်ထဲမှာ ဘယ်တော့ မှမထားပါနဲ့။ ကလေးငယ်ရှိတဲ့အိမ်တွေ မှာဆိုရင်လည်း ရေခဲမုန့်လိုမျိုးနဲ့ ဆီကြော် မုန့်တွေကို ဆောင်မထားပါနဲ့။ ကိုယ်တိုင် ပြုလုပ်ရတဲ့ အသီးဖျော်ရည်နဲ့ အသီးအနှံ တွေကိုသာ လတ်ဆတ်အောင် ပြုပြင်ပြီး ကျွေးပါ။
၆။ ပန်းကန်သေးသေးသုံးပါ
ထမင်းစားချိန်မှာ ပန်းကန်သေး သေးကို သုံးပြီး စားတာကြောင့် အစာ အများကြီးမစား မိစေတော့ပါဘူး။ ၇။ များများဝယ်သင့်သော အရာများ သင့်မီးဖိုချောင်ထဲမှာ အများဆုံးရှိ သင့်တာကတော့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေပါပဲ။ ဝယ်လာပြီးချိန်မှာ ရေကို ပြောင်စင်အောင် ဆေးကြောပြီး သိမ်းထားလိုက်ပါ။ နောက်ထပ်ရှိသင့် တာတွေကတော့ ဒိန်ချဉ်၊ ပါစတာ၊ ဟင်း ချိုချက်ဖို့ အသားမှုန့်၊ နှမ်းဆီ ဒါမှမဟုတ် ဟင်းရွက်ဆီ၊ ပင်လယ်ဆားနဲ့ အညို ရောင် ပေါင်မုန့်တွေပဲဖြစ်ပါတယ်
၈။ ဟင်းရည်ချက်နိုင်သော အရာများ
သင်စားတဲ့အချိန်တိုင်းမှာ ဟင်းရည် တစ်မျိုးပါဝင်သင့်ပါတယ်။ မနက်စာဖြစ် စေ၊ ညစာဖြစ်စေ ဟင်းရည်တစ်မျိုးတော့ ပါဝင်အောင်သုံးဆောင်ပါ။ ဒါကြောင့် ဟင်းရည်အဖြစ် အလွယ်တကူဖန်တီးနိုင် မယ့် အရွက်တွေကို သင့်ရေခဲသေတ္တာထဲ မှာ ဆောင်ထားပါ။
၉။ တစ်ခါတစ်ရံသုံးသင့်သော အရာများ
မီးဖိုချောင်ထဲမှာ ချိစ်၊ ထောပတ်နဲ့ ယိုမျိုးစုံတွေကို အလွယ်တကူမြင်နိုင်တဲ့ အကန့်လေးတွေထဲမှာ သိမ်းထားပါ။ တစ်ခါတလေစားတာက ပြဿနာမဟုတ် ပေမယ့် အမြဲတမ်းဆိုရင်တော့ မကောင်း ပါဘူး။ သင်ထိုင်လေ့ ရှိတဲ့ ဧည့်ခန်းထဲမှာ လည်း အစားအစာတွေကို မထားပါနဲ့။ အလွယ်တကူ ယူစားမိပြီး ကိုယ်အလေး ချိန်တက်လာနိုင် ပါတယ်။

Good Health
အဆင်ပြေပါစေ....
http://nyeinchanthu3.blogspot.com/

ကလေးယူမည့်ဖခင်များ ဆေးလိပ်ဖြတ်ရမည်


ကလေးယူရန် ကြိုးစားမည့် မိခင်လောင်းများသာမက ဖခင်လောင်းများသည်လည်း ဆေးလိပ်ဖြတ်ရန်လိုအပ်ကြောင်း ဆရာဝန်များက ရက်နေ့တွင် သတိပေးလိုက် သည်။ ဖခင်လောင်းများ ဆေးလိပ်သောက်သုံးခြင်းကြောင့် မွေးဖွားလာမည့်ကလေးတွင် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ များပြားသည်ဟုဆိုသည်။ ဆေးရွက်ကြီးတွင် ပါဝင်သော အဆိပ်များသည် သုက်ပိုးတွင် ပါဝင်သော ဒီအန်အေကို ထိခိုက် ပျက်စီးစေသောကြောင့် ကလေးသန္ဒေတည်ချိန် ၌ပျက်စီးနေသော ဖခင်ဘက်မှ ဒီအန်အေကြောင့် ကလေးတွင် ကင်ဆာရောဂွ ဖြစ်ပွားနိုင်ခြေ များပြားသည်ဟုဆိုသည်။ သြစတြေးလျ နိုင်ငံ ပါ့သ်မြို့မှ သုတေတနပညာရှင် များသည် သွေးကင်ဆာ ရောဂါရနေသော ကလေး ၃၈၈ဦး၏ မိဘများကို စစ်ဆေးမေးမြန်းကာ သုတေသနပြုလုပ်ခဲ့သည်။ ယင်းသို့ ပြုလုပ်ခဲ့ရာ ၌ ဖခင်ဖြစ်သူ ဆေးလိပ်သောက်ခြင်းကြောင့် ကလေးတွင် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ ၁၅ရာခိုင်နှိုင်း ပို၍ များပြားကြောင်း တွေ့ရှိခဲ့ရသည်။

By ပြည်မြန်မာ
အဆင်ပြေပါစေဗျာ...
http://nyeinchanthu3.blogspot.com/

အားဖြည့်အချိုရည်နှင့်အရက် တွဲဖက်သောက်ခြင်းက ဆိုးကျိုးပိုများ


ဂျာမန်ထုတ် Jagermeister အရက်ကို Red Bullကဲ့သို့ အားဖြည့်အချိုရည်များနှင့် တွဲဖက်ပေးထားသည့် Jager Bomb ယမကာ အခင်းအကျင်းသည် အနောက်နိုင်ငံများတွင် သိသိသာသာ ခေတ်စားလာသော်လည်း ယင်းသည် အန္တရာယ်ကို ဖိတ်ခေါ်မှု တစ်ခုဟု အမေရိကန် ပညာရှင်များက ပြောကြားခဲ့

အားဖြည့်အချိုရည်နှင့်အရက် တွဲဖက်သောက်ခြင်းက ဆိုးကျိုးပိုများ
အရက်ကို အားဖြည့်အချိုရည်များနှင့် ရော၍ သောက်သုံးခြင်းသည် အရက်ချည်းသက်သက် သောက်ခြင်းထက် အန္တရာယ် ပိုကြီးမားကြောင်း သုတေသီများက သတိပေးလိုက်သည်။ ဂျာမန်ထုတ် Jagermeister အရက်ကို Red Bullကဲ့သို့ အားဖြည့်အချိုရည်များနှင့် တွဲဖက်ပေးထားသည့် Jager Bomb ယမကာ အခင်းအကျင်းသည် အနောက်နိုင်ငံများတွင် သိသိသာသာ ခေတ်စားလာသော်လည်း ယင်းသည် အန္တရာယ်ကို ဖိတ်ခေါ်မှု တစ်ခုဟု အမေရိကန် ပညာရှင်များက ပြောကြားခဲ့သည်။ အရက်ကို အားဖြည့်အချိုရည်နှင့် ရောစပ်သောက်သုံးခြင်းသည် အဘက်ဘက်မှ ဆိုးကျိုးသက်ရောက်နိုင်ပြီး အရက်စွဲလမ်းမှု ဖြစ်ပေါ်အောင် ပိုမို လှုံ့ဆော်ပေးကြောင်းလည်း သိရှိရသည်။

အားဖြည့်အချိုရည်၏ အာနိသင်ကြောင့် နိုးကြားနေသည့်အခါ အရက်ကို ပိုမို၍ များများစားစား သောက်ဖြစ်သွားပြီး ရိုင်းစိုင်းသော အပြုအမူမျိုး ကျူးလွန်မိရန် ဖြစ်နိုင်ခြေလည်း ပိုများလာလေ့ရှိကြောင်း သုတေသီများက မှတ်ချက်ပြုခဲ့သည်။ Jager Bombသည် လူငယ်များအကြား ရေပန်းစားသည့် ယမကာတစ်မျိုး ဖြစ်သော်လည်း လက်တွေ့တွင်မူ ရှောင်ကြဉ်သင့်သော အတွဲအဖက်မျိုးဟု မစ်ချီဂန်တက္ကသိုလ်၊ လူမှုရေး သုတေသန ဌာနမှ ဒေါက်တာ မီဂန်ပက်ထရစ်က မှတ်ချက်ပြုခဲ့သည်။

"ကောလိပ်ကျောင်းသားလေးတွေ အရက်ပိုစွဲလာတဲ့ အကြောင်းရင်းဟာ အားဖြည့်အချိုရည်တွေနဲ့ ရောစပ်ပြီး သောက်ကြလို့ ဆိုတာကို ကျွန်မတို့ တွေ့ရှိလာခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အဲဒီလို ရောစပ်တာဟာ အရက်သီးသန့် သောက်တာထက် အဆိပ်အတောက် ပိုများပါတယ်"ဟု ဒေါက်တာမီဂန်က ဆိုသည်။ ပင်ဆယ်လ်ဗေးနီးယား အစိုးရ တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျနီဖာမက်စ်သည် အဆိုပါ လေ့လာမှုတွင် ဒေါက်တာမီဂန်နှင့် ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်သည်။

လူငယ်ကျောင်းသား (၆၅၂)ဦးကို အခြေခံ လေ့လာခဲ့သော သုတေသန ရလဒ်နှင့် စပ်လျဉ်းပြီး ဒေါက်တာဂျနီဖာက "ဒီလိုအရောအစပ်ဟာ အဆိပ်အတောက် ဖြစ်နိုင်ခြေ ပိုများတဲ့အပြင် အရက်များများ သောက်ဖြစ်အောင်လည်း လှုံ့ဆော်တတ်ပါတယ်။ အားဖြည့်အချိုရည်ရဲ့ အာနိသင်ကြောင့် နိုးကြားနေတဲ့အခါ အရက်ကို ပိုပြီး သောက်လေ့ရှိလာတယ်လေ။ အရက်အဝင်များတဲ့အခါ လူမှုရေး နယ်ပယ်မှာ လက်ခံဖို့ခက်တဲ့ အပြုအမူမျိုးတွေ ပိုလုပ်ဖြစ်လာတယ်"ဟု ရှင်းပြခဲ့သည်။ မကြာသေးမီကလည်း ဂျာမနီနိုင်ငံမှ သုတေသီ တစ်စုသည် အားဖြည့်အချိုရည်များ သောက်သုံးခြင်းကြောင့် နှလုံးခုန်နှုန်းကို နှေးကွေးသွားအောင် ပြောင်းလဲသက်ရောက်စေကြောင်း ဖော်ထုတ် တွေ့ရှိထားခဲ့သည်။
Planet Myanmar Network
အဆင်ပြေပါစေ...

ဝမ်းချုပ်နေစဉ် ဆောင်သင့် ရှောင်သင့်သော အစားအစာများ


ဝမ်းချုပ်နေစဉ် ဆောင်သင့် ရှောင်သင့်သော အစားအစာများဝမ်းချုပ်တာဟာ လူတိုင်းမှာ ဖြစ် လေ့ဖြစ်ထရှိတဲ့ ပြဿနာ တစ်ခုပါ။ လူတိုင်း ဆိုပေမယ့် ကွဲပြားခြားနားတဲ့ ပုံစံ မျိုးစုံနဲ့ ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါတယ်။ ဝမ်းမသွားဘဲ နှစ်ရက်၊ သုံးရက်လောက် ကြာလာချိန် မှာတော့ ဝမ်းသွားရခက်ခဲမှု နဲ့အတူ ဝမ်းသွားချိန်မှာ စအိုက နာကျင် လာပါတော့တယ်။ အချိန်ကြာလာရင် စ အိုကွဲရာကနေ သွေးပါလာ တတ်ပါတယ်။ ဝမ်းသွားနေ ချိန်မှာ မစားသင့်တဲ့ အစား အစာတွေရှိ ပါတယ်။ ဖော်ပြပါအစားအ စာတွေကို စားမိရင် သင့်ကို ဝမ်းပိုချုပ်စေ တဲ့အပြင် မအီမသာဖြစ်စေပါတယ်။

ရှောင်သင့်သော အစားအစာများ

ဆော်ဒါပါဝင်တဲ့ ဖျော်ရည်တွေ၊ ဟော့ဒေါ့နဲ့ ဟမ်ဘာဂါလို အစားအစာ တွေ၊ ချောကလက်နဲ့ ချောကလက်ပါဝင် တဲ့ အစားအစာတွေကို ဝမ်းချုပ်နေချိန် မှာ ရှောင်သင့် ပါတယ်။ ပြောင်းဖူးပေါက် ပေါက်၊ ချိစ်နဲ့ ကိတ်မုန့်ခြောက်တွေကို ရှောင်ပါ။ ပီဇာတွေကိုလည်း အသီးအနှံနဲ့ ပြုလုပ်ထားတာမျိုးကိုသာ စားသင့်ပြီး အ သားနဲ့ ပြုလုပ်ထားတာမျိုးကို ရှောင်ပါ။ အသားတွေထဲမှာ ကြက်သားနဲ့ ကြက် ဆင်သားလိုမျိုး အဖြူရောင်အသားတွေ ကိုသာစားသင့်ပြီး ကင်စားတာထက် ချက်ပြုတ်စားသောက်တာက ပိုကောင်း ပါတယ်။ အကင်စာတွေကို ရှောင်ပြီး ရေ ခဲနဲ့ ရေခဲမုန့်တွေကိုလည်း ဝမ်းချုပ်နေစဉ် မှာ ရှောင်ပါ။ အသင့်ပြုလုပ်ထားတဲ့ အ စားအစာတွေကို ဝမ်းချုပ်နေစဉ် ခဏ ရှောင်ထားပါ။ ငှက်ပျောသီးနဲ့ ကာဗို ဟိုက်ဒရိတ်များတဲ့ အစားအစာတွေကို လည်းရှောင်ပါ။

စားသင့်သော အစားအစာများ

ဝမ်းချုပ်နေစဉ်မှာ သံပရာသီးတစ် ခြမ်းကို ရေနွေးတစ်ခွက် ထဲမှာ ည§စ်ထည့် ပြီး တစ်နေ့တစ်ခွက်သောက်ပေးပါ။ ဂျုံနဲ့ ပြုလုပ်ထားတဲ့ အချိုနည်းမုန့်တွေနဲ့ လတ် ဆတ်တဲ့ သစ်သီးတွေကို စားပေးပါ။ စွပ် ပြုပ်၊ လက်ဖက်ရည်ကြမ်း၊ လိမ္မော်သီးနဲ့ ပျားရည်ရောထားတဲ့ ဖျော်ရည်မျိုးတွေကို သောက်ပေးပါ။ ဟင်းရွက်တွေနဲ့ ပြုလုပ် ထားတဲ့ စွပ်ပြုတ်မျိုးကတော့ ဝမ်းချုပ်နေ ချိန်မှာ အစားသင့်ဆုံး အစားအစာပဲဖြစ် ပါတယ်။ ဝမ်းချုပ်နေချိန်မှာ ငါးလည်းစား ပေးနိုင်ပါတယ်။

ဝမ်းချုပ်နေချိန် စားသင့်သော အစာစားနည်း ပုံစံ

ဝမ်းချုပ်နေချိန်မှာ အစာကို လျှော့ စားရမယ် ပိုစားရမယ် ဆိုပြီးမရှိပါဘူး။ ဒါ ပေမဲ့ တိကျမှန်ကန်တဲ့ စားသောက်မှုပုံစံ တော့ လိုအပ်ပါတယ်။

အချိန်မှန်မှန် စားသောက်ပါ

မနက်ပိုင်း အစာများများစားတာ ကြောင့် တစ်နေ့တာလုံးအတွက် ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပါတယ်။ လူ တစ်ယောက်အတွက် တစ်နေ့တာလုံး လှုပ်ရှားနေရမှာဖြစ်တဲ့အတွက် သင့်ခန္ဓာ ကိုယ်က စွမ်းအင်တွေလိုအပ်ပါတယ်။ မ နက်ခင်းအိပ်ရာက နိုးထလာချိန်မျိုးမှာ သင့်ခန္ဓာကိုယ်လှုပ်ရှားချိန် လောင်ကျွမ်း ဖို့ အစာကောင်းကောင်းစားထားဖို့လိုပါ တယ်။ မဟုတ်ရင် စွမ်းအင်တွေကို ခန္ဓာ ကိုယ်က ထုတ်သုံးရတဲ့အတွက် မောပန်း လွယ်တတ်ပါတယ်။ မနက်စာစားပေး တာကြောင့် အစာလည်း ကြေလွယ်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ် ပုံမှန်အလုပ်လုပ် နိုင်ပြီး ဝမ်းချုပ်မှုဖြစ်စဉ်ကို ရပ်တန့်သွား စေကာ ပုံမှန် ဝမ်းသွားစေနိုင်ပါတယ်။

အချိန်မှန်မှန် စားသောက်ပါ

အစာစားချိန် မှန်ကန်မှုမရှိတာက လည်း သင့်ကို ဝမ်းချုပ်စေတဲ့ အကြောင်း ရင်းတစ်ခုပဲဖြစ်ပါတယ်။ အစာစားချိန် မ မှန်ကန်တာကြောင့် သင့်ခန္ဓာကိုယ်ထဲက အစာခြေစနစ်တွေက ပုံမှန်မဖြစ်ဘဲ ကြာ လာတဲ့အခါမှာ ဝမ်းချုပ်စေနိုင်ပါတယ်။ မနက်ပိုင်းစာကို ပုံမှန်စားပြီးပြီဆိုတာနဲ့ နေ့လယ် အနပ်ကြီးတစ်နပ်ကို ဘယ်အ ချိန်မှာ စားမယ်လို့ သတ်မှတ်ပြီး ပုံမှန် အဲဒီအချိန်အတိုင်း စားပေးပါ။

အမျှင်ဓာတ်ကို ပိုစားပါ

အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာ တွေက အစာခြေစနစ်ကို ကောင်းမွန်စေ တာကြောင့်ပါ။ အမျှင်ဓာတ်က ဆာ လောင်မှုကိုလည်း ခံနိုင်ရည်ရှိစေတာ ကြောင့် အစာလျှော့စားနေသူ တွေအနေ နဲ့ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာကို ပို စားပေးသင့် ပါတယ်။ လတ်ဆတ်တဲ့ ဟင်း သီးဟင်းရွက်တွေနဲ့ သစ်သီးဖျော်ရည်တွေ ကို သောက်သုံးပေးပြီး ထမင်းစားချိန် တိုင်း ရေတစ်ဖန်ခွက် လောက်တော့ သောက်ပေးပါ။ စားတဲ့ ထမင်းဟင်းထဲမှာ လည်း ဟင်းချို၊ စွပ်ပြုတ်တစ်ခွက် ပါဝင်အောင် စားသင့်ပါတယ်။
Good Health
အဆင်ပြေပါစေ....

ငရုတ်သီးပါ ဓာတ်ပစ္စည်း နာကျင် ကိုက်ခဲမှုကို သက်သာ စေနိုင် ဟုဆို


ဒီနေ့ခေတ် ကမ္ဘာကြီးကို သက်ကြီးကမ္ဘာ (Ageing World)လို့ တင်စား ခေါ်ဝေါ် လာကြ ပါတယ်။ ဥရောပမှာ လူဦးရေရဲ့ ၂၀ရာခိုင်နှုန်းဟာ အသက်ကြီး သူတွေ ဖြစ်လာနေပြီး ၂၀၂၀ မှာဆိုရင် ၂၅ ရာခိုင်နှုန်း အထိ ရှိလာ လိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်း ထားပါတယ်။ အာရှ နိုင်ငံတွေမှာ ဆိုရင် သက်ကြီးရွယ်အို ဦးရေက ဥရောပ မှာထက် ပိုပြီးတောင် များနေပါတယ်။ အကြောင်းရင်း ကတော့ ကလေး မွေးဖွားနှုန်း လျော့နည်းတာ၊ ပတ်ဝန်းကျင် သန့်ရှင်းလာတာ၊ အာဟာရရှိတဲ့ အစားအစာများ လာတာ၊ ဆေးပညာ တိုးတက် ခေတ်မီ လာတာတွေကြောင့် ဖြစ်ပါတယ်။

သက်ကြီး ရွယ်အိုတွေ များလာတာဟာ ကောင်းမွန်တဲ့ ရလဒ်ဆိုပေမယ့် ကျန်းကျန်း မာမာ ရှိနေဖို့လည်း လိုအပ် နေပါတယ်။ ဒါကြောင့် အသက်ကြီးသူတွေမှာ အဓိက လျော့နည်း တတ်တဲ့ အာဟာရ ဓာတ်တွေနဲ့ ပါဝင်တဲ့ အရင်းအမြစ်တွေကို အဓိက စားသုံးနိုင်စေဖို့ ဖော်ပြ ပေးလိုက်ပါတယ်။
မြ၀တီ
အဆင်ပြေပါစေ....

ပန်းသီး စားခါနီးရင် သတိထားပါ


ပန်းသီး အခွံတွေပါ စားတတ်တဲ့ သူတွေအဖို့ သတိထားရမယ့် အချက် ဖြစ်ပါတယ်။ ပန်းသီးတွေရဲ့အခွံကို ဖယောင်းတွေ သုတ်ထားလေ့ ရှိတယ် ဒါကြောင့် ဘယ်အသီးပဲ စားစား မစားခင် အရင် စစ်ဆေး ကြည့်ပါ ။

ဖယောင်းကို အအေး ခံနိုင်အောင်နဲ့ Preservation ( တာရှည်ခံ နိုင်ရန် ရည်ရွယ်ချက်ဖြင့် ) အနေနဲ့ အသုံးပြု ကြပါတယ် ။အထူးသဖြင့် မြန်မာနိုင်ငံ မှာတော့ သိပ်မသိသာ ပေမယ့် အနောက်နိုင်ငံ တွေမှာ တစ်နှစ်ထက် ခံအောင်ဆိုပြီး အသီးတွေကို ဒီလိုနည်းတွေနဲ့ အသုံးပြု ကြပါတယ် ပုံသဏ္ဍန် အရ ကြည့်မယ် ဆိုရင်လည်း တောက်ပြောင်နေပြီး လတ်ဆတ်နေအောင် ဖြစ်ပါတယ် ။ Becox wax ကို သုတ်လိမ်း ထားရင် ဘတ်တီးရီးယား တွေကို မ၀င်အောင်လည်း ကာကွယ် ပေးနိုင်ပြီး ခြောက်သွေ့ခြင်းလည်း မဖြစ်ပေါ် စေပါဘူး ။ဒါကြောင့် ပုံမှာ ပြထားတဲ့ အတိုင်း ပန်းသီးမစားခင် ဖယောင်းတွေကို အရင်ခြစ်ထုတ် ပစ်ကြပါ။

ဒီစာလေးကိုလည်း မသိသေးသူများကိုမျှဝေပေးကြပါ။ အထူးသဖြင့် USA လို အနောက်နိုင်ငံ တွေမှာ ဒီနည်းလမ်းကို အသုံးများပါတယ် ။

သက်တန့်ချို
အဆင်ပြေပါစေ....
http://nyeinchanthu3.blogspot.com/

ခွန်အားဖြည့် အချိုရည်များက နှလုံးခုန်နှုန်းကို နှေးကွေးသွားစေ


ကဖိန်းဓာတ် ပါဝင်သည့် ခွန်အားဖြည့် အချိုရည်များအား ထိုသူများကို သောက်သုံးစေပြီးနောက် တစ်နာရီ အကြာတွင် ဇီဝကမ္မ ဖြစ်စဉ်များကို လေ့လာခဲ့ခြင်း ဖြစ်သည်။

ခွန်အားဖြည့် အချိုရည်များသည် နှလုံး၏ လုပ်ငန်းဆောင်တာများကို အနှောင့်အယှက် ပေးနိုင်သည့် သက်ရောက်မှုမျိုး ရှိနေကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ဂျာမနီနိုင်ငံ၊ ဘွန်းတက္ကသိုလ်မှ ပညာရှင်များသည် လူ(၁၇)ဦး၏ နှလုံးလှုပ်ရှားမှုများကို လေ့လာပြီးနောက် ယခုကောက်ချက်ကို အခိုင်အမာ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ကဖိန်းဓာတ် ပါဝင်သည့် ခွန်အားဖြည့် အချိုရည်များအား ထိုသူများကို သောက်သုံးစေပြီးနောက် တစ်နာရီ အကြာတွင် ဇီဝကမ္မ ဖြစ်စဉ်များကို လေ့လာခဲ့ခြင်း ဖြစ်သည်။ ထိုအခါတွင် အားဖြည့်အချိုရည် သောက်သုံးထားသည့်နောက် နှလုံးခုန်နှုန်း သိသိသာသာ နှေးကွေးသွားသည်ကို ဖော်ထုတ် တွေ့ရှိနိုင်ခဲ့သည်။

သုတေသီ တစ်ဦးဖြစ်သည့် ဂျိုနက်စ် ဒေါနားက "ခွန်အားဖြည့် အချိုရည်တွေကြောင့် နှလုံးရဲ့ လုပ်ဆောင်မှုတွေကို သက်ရောက်သွားတဲ့ အကြောင်းရင်းကိုတော့ ကျွန်တော်တို့ ခုထိ တိတိကျကျ မသိရသေးဘူး။ ဒါပေမဲ့ အားဖြည့် အချိုရည်တွေမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ဟာ ကော်ဖီလို၊ ကိုလာလို ကဖိန်းပါဝင်တဲ့ တခြားအစားအသောက်တွေထက် (၃)ဆလောက် မြင့်နေတာကိုတော့ သတိပြုရပါမယ်။ ကဖိန်းဓာတ်ဟာ များများမှီဝဲရင် ဘေးထွက်အာနိသင်တွေ ရှိတတ်တာကို ကျွန်တော်တို့ သိပြီးသားပါ။ တစ်ခါတစ်လေ နှလုံးခုန်နှုန်း မြန်သွားတယ်။ သွေးဖိအား ပြောင်းသွားတတ်တယ်။ အဆိုးဆုံး အခြေအနေဆိုရင် လေသင်တုန်း ဖြတ်သွားတာ၊ ရုတ်တရက် အသက်ဆုံးရှုံးသွားတာတွေထိ ဖြစ်နိုင်တယ်လေ"ဟု ပြောကြားခဲ့သည်။

သုတေသီများက အားဖြည့် အချိုရည်များ သောက်သုံးပြီးချိန်တွင် နှလုံးအတွင်းရှိ အခန်းအကန့်များ၌ ကြွက်သားများသည် ပို၍ကျုံ့သွားပြီး ဖော်ထုတ် တွေ့ရှိခဲ့သည်။ "အနည်းဆုံးတော့ ကာလတို သက်ရောက်မှုတစ်ခု နှလုံးကို ရိုက်ခတ်သွားပါတယ်။ အားဖြည့် အချိုရည်တွေကြောင့် နှလုံးကြွက်သားတွေ လှုပ်ရှားပုံ ပြောင်းသွားတာကို ကျွန်တော်တို့ ပြနိုင်ပါတယ်။ အကြောင်းရင်းကိုသာ မသိသေးတာပါ။ ပြောရရင် နေ့စဉ်နေ့တိုင်း ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ နှလုံးကြွက်သားတွေ သန်မာ မြန်ဆန်လာတာကို သိနိုင်ပေမယ့် ဘာကြောင့်လဲဆိုတာ ရှင်းပြဖို့ ခက်နေသလိုပေါ့"ဟုလည်း ဒေါနားက မှတ်ချက်ပြုသွားသည်။

Planet Myanmar Network
အဆင်ပြေပါစေ.....

သွားနှင့် ခံတွင်း ဆိုင်ရာ သင့်ကို သိစေလိုသော အချက်များ


Saturday, 30 November 2013

သွားနဲ့ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး သွားဆရာဝန် တွေက သင့်ကို သိစေလိုတဲ့ အချက်တွေကို ရေးသား လိုက်ရပါတယ်။

၁) လူတွေက သင့်ကို ပထမဆုံးအကြိမ် စတွေ့တဲ့အခါ အရင်ဆုံး သူတို့ သတိထား မိတာက သင်ရဲ့ မျက်လုံးတွေ ဖြစ်ပြီး ဒုတိယ အနေနဲ့ သတိထား မိတာက သင့်သွား တွေပါပဲ။ တတိယ အနေနဲ့ကျမှ သင့်ဆံပင်တွေကို သတိပြုမိတာပါ။ ဒါပေမဲ့ လူတွေက သွားတွေထက် ဆံပင်အတွက် ပိုပြီး ငွေကုန် ကြေးကျခံကာ ပြုပြင် နေကြပါတယ်။

၂) သွားဆေးခန်းကို လာတဲ့ လူနာတွေက နာမည်ကျော် သူတွေရဲ့ ပုံတွေကို ယူဆောင်လာပြီး “ကျွန်မရဲ့ သွားတွေကို သူ့လို ပုံစံမျိုး ဖြစ်ချင်ပါတယ်” လို့ ပြောကြပါတယ်။ အဲဒီအခါမှာ ကျွန်တော် ပြန်ရှင်းပြ ချင်တဲ့ အချက် ရှိပါတယ်။ သင့်အနေနဲ့ အင်ဂျလီနာ ဂျိုလီလို အပြုံးမျိုးတော့ ပြုံးနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို သွားတွေနဲ့ အံဝင်ခွင်ကျ အဆင်ပြေတဲ့ မျက်နှာ ပုံစံမျိုး သင့်မှာ မရှိတာကြောင့် ပါပဲ။

၃) သင့်အနေနဲ့ သင့်ခံတွင်းထဲမှာ မကောင်းတဲ့ ဘက်တီးရီးယားတွေ လျှော့ချ လိုတယ်ဆိုရင် Xylitol (ပီကေထဲမှာ တွေ့ရတဲ့ သကြား အစားထိုး ပစ္စည်း) ကို စားပေးဖို့ လိုပါတယ်။ Xylitol က သင့်ခံတွင်းရဲ့ ဓာတ်သဘာဝကို ပြောင်းလဲ ပစ်နိုင်ပါတယ်။ Xylitol ပါတဲ့ ပီကေ ခြောက်ခု၊ ခုနစ်ခုလောက် နေ့စဉ်စားရင် သွားပိုးစား ရောဂါ ကင်းဝေး စေပါတယ်။

၎) ခံတွင်းကို အပေါက် ဖောက်ပြီး အလှဆင်တာက ကူးစက်ပိုး ဝင်နိုင်ခြေ များပါတယ်။ လျှာကို အပေါက်ဖောက်ပြီး အလှဆင်တာကြောင့် ပိုးဝင်ကာ လျှာဖြတ်လိုက်ရတဲ့ သူတွေကို ကြုံဖူးပါတယ်။ တကယ်လို့ အဲဒီလို မဖြစ်ဘူး ဆိုရင်တောင် လျှာကို အပေါက် ဖောက်တာ ကြောင့် ရှေ့သွားတွေ ပဲ့ထွက် တာမျိုး ဖြစ်တတ် ပါတယ်။

၅)လူတွေက ခက်ခဲ ကြန့်ကြာတဲ့ ကိစ္စမျိုးဆိုရင် သွားနုတ်ရသလိုပဲလို့ တင်စား ပြောဆို တတ်ကြတယ်။ တကယ်တမ်းက သွားနုတ်ရတာက လွယ်ကူ မြန်ဆန်ပါတယ်။

၆) သွားဆေးခန်းကို မလာခင် ကြက်သွန်ဖြူတွေ စားမလာခဲ့ရင် ကျေးဇူးတင် နေမှာပါ။

၇)လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တုန်းက ကလေးတွေက နို့ဘူးစို့ပြီး အိပ်ရင် သွားပျက်စီး နိုင်တယ်လို့ သွားဆရာဝန်တွေက မိဘတွေကို သတိပေးခဲ့ကြ ပါတယ်။ ဒါကြောင့် နို့ဘူးစို့ရက်နဲ့ ကလေးကို မအိပ်စေဖို့ လိုပါတယ်။ ဒီသဘောတရားက အခုအထိလည်း ပြောင်းလဲမှု မရှိပါဘူး။

၈)သွားဖုံးတွေကနေ သွေးထွက်တဲ့အခါ သင်တို့အနေနဲ့ ဘာမှ ကိစ္စမရှိပါဘူး လို့ပဲ ထင်နေကြပါတယ်။ သွားကို ခပ်ကြမ်းကြမ်း မတိုက်ဘဲနဲ့ သွားဖုံးကနေ သွေးတွေ ထွက်နေရင် ဒါက သွားပတ်မြှေး ရောဂါ (Periodontal Disease) ဖြစ်နေ နိုင်တာကြောင့် သွားဆရာဝန်နဲ့ ပြသသင့် ပါတယ်။

ဇွန် (Ref;RD)
မြ၀တီ
အဆင်ပြေပါစေ....

မိခင်တို့၏ နုပျိုအောင် နေထိုင်နည်းများ


Saturday, 30 November 2013

အိုမင်းတာ၊ ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်တာနဲ့ ပတ်ဝန်းကျင် အကြောင်း အချက်တွေကြောင့် ရရှိလာတဲ့ ဓာတ်တိုး ပစ္စည်းတွေက အသား အရေကို ထိခိုက် စေနိုင် ပါတယ်။ ဒါကြောင့် အသက် ကြီးလာပေမယ့် အသား အရေ တောက်ပမြဲ တောက်ပနေအောင် မိခင်တွေ ထိန်းသိမ်းလေ့ ရှိတဲ့ သဘာဝ အသားအရေ ထိန်းသိမ်းနည်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

၁) သင်္ဘောသီး

သင်္ဘောသီးမှာ ကယ်ရိုတင်း၊ ဗီတာမင်စီ၊ မရှိမဖြစ် သတ္တုဓာတ်နဲ့ ပက်ပိန်း အင်ဇိုင်း ပါဝင်မှု များတာကြောင့် သဘာဝ အသားအရေ ချောမွေ့စေတဲ့ အစိုဓာတ်ထိန်း ခရင်မ်ပဲ ဖြစ်ပါတယ်။ သင်္ဘောသီးကို ပါးပါးလှီးပြီး ပုံမှန် လိမ်းပေးတာက အသားအရေကို တောက်ပစေပြီး သက်ကြီး အစက် အပြောက်တွေကို လျော့ကျစေပါတယ်။ သင်္ဘောသီးဟာ ချွေးပေါက်ပိတ် ဆို့တာကို ပွင့်စေတာကြောင့် အရေပြားကို နူးညံ့ပြီး ချောမွေ့ တောက်ပစေပါ တယ်။

ဘယ်လို လိမ်းသင့်သလဲ

သင်္ဘောသီးက အသုံးပြုရ လွယ်ပါတယ်။ သင်္ဘောသီး အနှစ်ကို ကြေညက် အောင် ချေပြီး မျက်နှာပြင်ပေါ်ကို စက်ဝိုင်းပုံစံ လှည့်ပြီး တိုက်ရိုက် လိမ်းပေးပါ။ လိမ်းတဲ့အခါ နည်းနည်းပဲ ကုန်မှာ ဖြစ်တာကြောင့် ကျန်တဲ့ သင်္ဘောသီးကို စားပေး နိုင်ပါတယ်။ အမျှင်ဓာတ်၊ ပိုတက် စီယမ်နဲ့ ဗီတာမင်အေ၊ စီတို့ ပါဝင် တာကြောင့် အကျိုးရှိပါတယ်။

၂) ထောပတ်သီး

အသားအရေ နူးညံ့ ချောမွတ်နေစေဖို့ အတွက် ဗီတာမင်တွေ လိုအပ်နေပါ တယ်။ ထောပတ်သီးမှာ ဗီတာမင်အေ၊ ဘီ၊ ဒီနဲ့ အီးတွေ ပါဝင်မှု များပါတယ်။ ငှက်ပျောသီး တစ်လုံးမှာထက် ပိုတက်စီယမ် ပါဝင်မှု ပိုများပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ပါတာကြောင့် သဘာဝ အစိုဓာတ်ထိန်း ပစ္စည်းအဖြစ် သုံးနိုင်ပါတယ်။ ထောပတ်သီးဟာ အရေးကြောင်းတွေ ထင်တာနဲ့ ပါးရေ တွန့်တာတွေလို အိုမင်းတဲ့ လက္ခဏာတွေကို လျော့ကျ စေပါတယ်။ ထောပတ် သီးမှာ ပါတဲ့ သဘာဝ အဆီဓာတ်က မျက်နှာပြင်က အညစ်အကြေးတွေကို ကင်းဝေးစေပြီး နှင်းခူ၊ အနီရောင် အစက်အပြောက်နဲ့ ထိလွယ် ခိုက်လွယ်တဲ့ အသားအရေအတွက် အကောင်းဆုံး ကုသနည်း ဖြစ်ပါတယ်။

ဘယ်လို လိမ်းသင့်သလဲ

ထောပတ်သီးကို မျက်နှာပေါင်းတင် ပစ္စည်းအဖြစ် အသုံးပြုတာက ဆိုးကျိုး မရှိဘဲ အဆင်ပြေတဲ့ နည်းပါ။ ပြုလုပ်နည်းကတော့ ထောပတ်သီး အမှည့် တစ်လုံးကို နုညက်တဲ့အထိ ကြိတ်ခြေပြီး မျက်နှာပေါ်ကို ညင်ညင်သာသာ လိမ်းပေးပါ။ အချိန် ၁၀ မိနစ်လောက် ကြာမှ အေးမြစိုစွတ်တဲ့ ပိတ်စသန့်သန့်နဲ့ သုတ်ပေးပါ။ ပိုပြီး အစိုဓာတ် ရစေဖို့အတွက် နွားနို့ အနည်းငယ် ဒါမှမဟုတ် ပျားရည် လက်ဖက်စားဇွန်းရဲ့ လေးပုံတစ်ပုံလောက် ထည့်ပြီး မျက်နှာပေါ် လိမ်းပေး နိုင်ပါတယ်။

၃) ပျားရည်

ပျားရည်ထဲမှာ အရေပြားကို ပြန်လည် ကောင်းမွန် စေနိုင်တဲ့ အင်တီအောက် ဆီးဒင့်တွေ ပါဝင်တဲ့အပြင် ဘက်တီးရီးယားကို ကင်းစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါကြောင့် ပျားရည်ကို မျက်နှာသန့်စင် ပစ္စည်းအနေနဲ့ နေ့စဉ် သုံးပေးသင့်တာ ဖြစ်ပါတယ်။

ဘယ်လို သုံးသင့်တာလဲ

ပျားရည် အနည်းငယ်ကို ရေနွေးအနည်းငယ် ရောထည့်ကာ ချောမွတ်တဲ့အထိ မွှေပါ။ ဆံပင်တွေကို အကုန်စု သိမ်းပြီး မျက်နှာပေါ်ကို ပျားရည်လိမ်းကာ သန့်စင် ပေးပါ။ ကြေးချွတ်တဲ့ အာနိသင် ရလိုရင် အဆိုပါ အရည်ထဲကို အညို ရောင်သကြား ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပြီး သန့်စင် သင့်ပါတယ်။ ပြီးမှ ရေနဲ့ ဆေးကြောချလိုက်ပါ။

ကြယ်စင်
အဆင်ပြေပျော်ရွင်ပါစေ....
http://nyeinchanthu3.blogspot.com/

လက်ဖက်စိမ်းရဲ့ ကောင်းကျိုး ဆယ်ချက်


၁. ကင်ဆာရောဂါကို ကာကွယ်ပေးတယ်။
၂. ကိုယ်အလေးချိန် လျော့ကျစေတယ်။
၃. အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများကို လျှော့ချပေးတယ်။
၎. အရိုးအဆစ်ရောဂါများ ဖြစ်ပွားမှု့ကို ကာကွယ်ပေးတယ်။
၅. သွေးဖိအားမြင့်တက်မှု့ကို လျှော့ချနိုင်တယ်။
၆. အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်တယ်။
၇. အစာကြေလွယ်စေတယ်။
၈. ရောဂါများဝင်ရောက်မှု့ကို ကာကွယ်ပေးတယ်။
၉. စိတ်ဖိစီးမှု့များကို လျှော့ချနိုင်တယ်။
၁၀. သွားတွေ ပျက်စီးမှု့ကိုလည်း ကာကွယ်နိုင်တယ်။

သုတဘဏ်
အဆင်ပြေပါစေဗျာ....
http://nyeinchanthu3.blogspot.com/

တုပ်ကွေးပိုးအကြောင်း သိကောင်းစရာ


အသက်ရှူရုံနှင့် ကူးတတ်သည်
တုပ်ကွေးပိုးကူးစက်ခံရရန် ချောင်းဆိုး၊ နှာချေစရာမလို၊ အသက်ရှူရုံနှင့် ပိုးပေါင်းထောင်ပေါင်းများစွာ ကူးစက်နိုင်သည်။ ရောဂါပိုးကူးစက်ခံ ရသူတစ်ဦးရောဂါလက္ခဏာများ မပြမီ(၂၄)နာရီအတွင်း အခြားသူများထံ ကူးစက်နိုင်သည်။

အ၀လွန်လျှင် တုပ်ကွေးလက္ခဏာများ ပိုဆိုးသည်
တုပ်ကွေးရောဂါပိုးသည် အ၀လွန်သူများကို သာမန်လူသားများထက် သုံးဆပိုမိုဒုက္ခပေးနိုင်သည်။ ကိုယ်အလေးချိန်များသူတစ်ဦးတွင် အဆီပိုများကြောင့် အဆုတ်ပေါ် ဖိအားသက်ရောက်မှုများပြားပြီး အဆုတ်ပြန့်ကားနိုင်စွမ်းကို အနှောင့်အယှက်ပေးသောကြောင့် ရောဂါပိုးကို ရှူ၍မစွန့်ထုတ်နိုင်ဘဲ ဖြစ်စေသည်။

တုပ်ကွေးကူးစက်ခံရစဉ် အနားမယူလျှင် ပိုဆိုးသည်
တုပ်ကွေးကူးစက်ခံနေရစဉ် လုပ်ငန်းခွင်သို့သွားခြင်း၊ အနားမယူခြင်းတို့ကြောင့် အခြားသူများထံ ထပ်မံကူးစက်တတ်သလို အဖျား လည်းပိုကြာတတ်သည်။ တုပ်ကွေးခံ နေရချိန် တစ်ရက်ခန့် အနားယူရုံမျှဖြင့် ရောဂါကူးစက်ဖြစ်ပွားနှုန်း (၂၅)ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်။

ခေါင်းလျှော်လျှင် ရောဂါပိုးတွယ်ကပ်တတ်သည်
ခေါင်းလျှော်ခြင်းကြောင့် တုပ်ကွေးဖြစ်ခြင်းမဟုတ်ပေ။ ခေါင်းလျှော်ပြီးခြောက်အောင်မသုတ်လျှင် တုပ်ကွေးပိုးများ ဆံပင်ကြားထဲတွယ်ကပ်ရလွယ်သောကြောင့် ရောဂါပိုးကူးစက်နှုန်းမြင့်မားသည်။

ကလေးများတွင် တုပ်ကွေးပိုးကူးစက် ခံရသည်
ကလေးငယ်များ၏ ကိုယ်ခံအားစနစ်သည် တုပ်ကွေးပိုးကို တိုက်ထုတ်ရန် ပိုမိုအချိန်ယူရသည်။ ကလေးသဘာဝအရ သန့်ရှင်းမှုအားနည်းခြင်းကြောင့် ပိုးကူးစက်ချိန်ပိုကြာမြင့်နိုင်ပြီး မိသားစုဝင်များ၊ အတန်းဖော်များထံ ရောဂါပိုး ကူးစက်နှုန်း ပိုမြင့်မားသည်။

သီဟ
Ref;RD

Health Updates Journal No. 94
အဆင်ပြေပါစေ....
http://nyeinchanthu3.blogspot.com/