Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label ၁၈နှစ်ပြည့်မှဖတ်ပါ. Show all posts
Showing posts with label ၁၈နှစ်ပြည့်မှဖတ်ပါ. Show all posts

Sexually Aroused Women Find Everything Less Disgusting

Sex ကိစ္စဆိုတာ အနည်းနဲ့ အများဆိုသလို ညစ်ပတ်တာ ပါတယ်ဆိုတာ ဘယ်သူမှငြင်းလို့ မရပါဘူး။ ခန္ဓာကိုယ်ကထွက် တဲ့ အနံ့နဲ့ အရည်တွေဟာ အပြန်အလှန် ရှိနေတာပဲ။
လိင်ကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒဖြစ်လာပြီဆိုရင် အမျိုးသမီး တော်တော်များများဟာ လိင်ဆက်ဆံနေတဲ့ အတောအတွင်းမှာ ရွံရှာတဲ့ စိတ်ကို ခဏတာ ဖျောက်ပေးနိုင်တဲ့ Psychological mechanism တစ်ခု ဖြစ်လာတယ်လို့ Netherlands က သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ Charmaine Borg နဲ့ Peter de Jong တို့က ဒီလို စမ်းသပ်မှု လုပ်ခဲ့ပါတယ်။ ပထမဆုံး အမျိုးသမီး အယောက် ၉၀ ကိုရွေးပြီး soft porn, vibrators, lubricants, voodoo dolls နဲ့ အင်းဆက်ပါတဲ့ အချိုရည် တစ်ခွက်ကို ပေးထား ပါတယ်။ ပြီးတော့ သုတေသန ပညာရှင်တွေက အမျိုးသမီးတွေကို အဖွဲ့သုံးဖွဲ့ ခွဲလိုက်ပါတယ်။ တစ်ဖွဲ့က လိင်ဆန္ဒ နှိုးဆော်ထားတဲ့ အဖွဲ့၊ နောက် လိင်ဆန္ဒ မနှိုးဆော်ထားတဲ့ အဖွဲ့နဲ့ လိင်ဆန္ဒကို ထိန်းချုပ်ထားတဲ့ အဖွဲ့တို့ ဖြစ်ပါတယ်။ ပထမဆုံး သူတို့ကို  behavioral tasks မျိုးစုံပေးပါတယ်။ ဥပမာ သုံးပြီးသား တစ်ရှူးကို ပြန်သုံးခြင်း၊ vibrator ကို ချောဆီသုတ်ခြင်း၊ သုံးပြီးသား ကွန်ဒုံကို ထိခြင်း၊ အင်းဆက်ပါတဲ့ အချိုရည်ကို ဖြည်းဖြည်းချင်း စုပ်ခြင်း စတဲ့ လှုပ်ရှားမှု တွေကို လေ့လာ ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ moral task ကို စစ်ပါတယ်။ Voodoo dolls ပေးထားတဲ့အခါ သူတို့ မုန်းတဲ့သူဆိုရင် ဓါးနဲ့ ထိုးတာတို့၊ သူတို့ သဘောကျတဲ့ လူတစ်ယောက်ရဲ့ အင်္ကျီလို့ ပြောလိုက်ရင် တမ်းတမ်းစွဲစွဲ ဖြစ်နေတာတွေ တွေ့ရပါတယ်။

၁

ဒီစမ်းသပ်မှုရဲ့ ရည်ရွယ်ချက်ကတော့ လိင်ဆန္ဒ လှုံ့ဆော်မှုဟာ ရွံ့ရှာတတ်တဲ့ စိတ်ကို ဘယ်လို သက်ရောက်စေတယ် ဆိုတာကို စမ်းသပ်ဖို့ ဖြစ်ပါတယ်။Borg နဲ့ De Jong တို့ ရှာဖွေ တွေ့ရှိတာ ကတော့ လိင်ဆန္ဒ လှုံ့ဆော်မှု ခံထားရတဲ့ အမျိုးသမီးတွေဟာ sex နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို တခြား အမျိုးသမီး တွေထက် ပိုပြီး မရွံမရှာ ဖြစ်ကြတာကို တွေ့ရပါတယ်။ ပိုပြီး စိတ်ဝင် စားစရာ ကောင်းတာကတော့ သူတို့ဟာ sex နဲ့ မပတ်သက် တာတွေကိုပါ မရွံ့မရှာ ဖြစ်လာ ကြပါတယ်။ လှုံ့ဆော် ခံထားရတဲ့ အဖွဲ့ဟာ တခြား အဖွဲ့တွေနဲ့ ယှဉ်ရင် အများဆုံး ရာခိုင်နှုန်းကို ရရှိခဲ့ပါတယ်။ ဒါကြောင့် အမျိုးသမီး တွေမှာရှိတဲ့ sexual arousal နဲ့ diminished disgust response ဟာ စပ်ဆက်မှု ရှိတယ်ဆိုတာ သေချာနေပါပြီ။ ဒါပေမယ့် အမျိုးသားတွေဆီမှာ ဒီလို တူညီတဲ့ စပ်ဆက်မှု ရှိသလား ဆိုတာတော့ မသေချာ သေးပါဘူးတဲ့။

2

ဒါ့အပြင် အမျိုးသမီးတွေမှာ ဖြစ်တဲ့ sexual dysfuncition သွယ်ဝိုက် ပတ်သက်မှု ကိုလည်း လေ့လာ မိပါတယ်။ လိင်ဆက်ဆံ နေတဲ့ အချိန်မှာ ရွံ့ရှာစိတ် ဖြစ်တဲ့ အမျိုးသမီးတွေဟာ လိင်ဆန္ဒကို အပြည့်အ၀ လှုံဆော်ခြင်း မခံရတာကြောင့် ဖြစ်နိုင်သလို သူတို့ရဲ့ Disgust Reduction Response ဟာ ယို့ယွင်း အားနည်း နေလို့လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ဖြည့်စွက် ဖော်ပြခဲ့ပါတယ်။

Written by Nunki, Images from Telegraph, io9 - Source from io9
အဆင်ပြေပါစေ....

Sex and Relationship

ဒီနေ့ခေတ်ရဲ့ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းမှာ sex ကိစ္စတွေက အချိန်စော သထက်စော လာတာ မြင်နေရမှာပါ။ sex ကိုဆိုင်းထားရင် ကိုယ့်အတွက် ပိုအကျိုးများတယ် လို့လေ့လာတွေ့ ရှိချက်တွေက ဆိုပါတယ်။
ပြီးပြည့်စုံပြီး ကြာရှည်လက်တွဲ ခိုင်ခိုင်မြဲတဲ့ သမီးရည်းစား ဆက်ဆံရေး တစ်ခု ဖြစ်ချင်ရင် လိင်ဆက်ဆံ ရေးကို ဆိုင်းထား သင့်တယ်လို့ လေ့လာချက် တစ်ခုက ဆိုပါတယ်။ ပထမဆုံး အကြိမ်၊ ဒါမှမဟုတ် စတွဲတဲ့ တစ်လ အတွင်းမှာ ချိန်းတွေ့ပြီး နယ်ကျော်သွားတဲ့ အတွဲတွေမှာ အဆိုးရွားဆုံး ပြဿနာတွေ အဖြစ်တတ် ဆုံးပါ။ လိင်ဆက်ဆံရေး ကိုပဲ အာရုံရောက် နေတဲ့ အတွဲ တွေမှာ ဖောဋ္ဌာဗ္ဗာရုံရဲ့ လွှမ်းမိုးမှု တွေကြောင့် ဆုံးဖြတ်ချက် ချတဲ့နေရာမှာ ထိခိုက်မှုတွေ ရှိနိုင်ပြီး ရေရှည်အတွက် ကြည့်မယ်ဆိုရင် အဆင်မပြေ နိုင်ပါဘူးလို့ Brigham Young University ရဲ့ School of Family Life က Busby နဲ့သူ့ရဲ့ သုတေသန အဖွဲ့က Journal of Family Psychology မှာရေးသား ထားပါတယ်။

၁

Busby က sex နဲ့ relationship ကြားက ဆက်စပ်မှုကို လေ့လာ ကြည့်မယ်ဆိုရင် ကောက်ချက် နှစ်ခု ဆွဲလို့ ရပါတယ်။ ပထမ ကောက်ချက်က relationship တစ်ခုအတွက် sex ကလိုအပ်တယ် ဆိုတာပါ။ ဒါကို လိုက်နာတဲ့ စုံတွဲတွေမှာ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အလိုမကျမှုတွေ (marital distress) ဖြစ်နိုင်ပြီး နောက်ဆုံးမှာ အိမ်ထောင် ပြိုကွဲတဲ့ အထိ ဖြစ်နိုင်ပါတယ်။ တစ်ယောက် အပေါ် တစ်ယောက် ခိုင်မာတဲ့ အချစ်၊ ယုံကြည်မှု တွေကို စမ်းစစ်ခြင်း မရှိတာဘဲ sex ပေါ်မှာပဲ အခြေပြု ထားတာကြောင့်ပါ။ ဒီကောက်ချက်နဲ့ ဆန့်ကျင်တဲ့ အတွေးအမြင် ရှိတဲ့အတွဲ တွေကတော့ အစက တည်းက တစ်ယောက်နဲ့ တစ်ယောက် ကြားက ယုံကြည်မှုတွေ၊ နားလည်မှု၊ လေ့လာမှုတွေနဲ့ relationship ကိုတည်ဆောက် ထားတာကြောင့် ပိုပြီး ခိုင်မာမှု ရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် relationship တစ်ခု တည်မြဲဖို့ ဆိုရင် sex ကိစ္စတွေကို ဆိုင်းထား ပြီးတော့ နှစ်ဦးနှစ်ဖက် နားလည်မှုကို အရင် တည်ဆောက် သင့်ပါတယ်လို့ အကြံပြု ထားပါတယ်။

၂

ဒါပေမယ့်လည်း ဒီနှစ်ခု ကြားက ဆက်စပ်မှုက သိမ်မွေ့ ရှုပ်ထွေးလွန်း ပါတယ်။ တစ်ယောက် အပေါ် တစ်ယောက် နှစ်နှစ်ကာကာ ချစ်တဲ့ အတွဲတွေ အတွက်တော့ sex က နားလည်မှု၊ ယုံကြည်မှု၊ လုံခြုံစိတ်ချ ရမှု စတာတွေကို တိုးပွားစေ နိုင်ပါတယ်။ သို့ပေမယ့်လည်း အပေါ်ယံ အတွဲတွေ အတွက်တော့ ပြဿနာ အကြီးစား ကြီးပါ။ မသေချာ၊ မရေရာမှု တွေနဲ့ နောက်ဆုံးမှာ နောင်တ တပွေ့တပိုက်နဲ့ ကျန်ရစ်နေ နိုင်ပါတယ် လို့စစ်တမ်းက ဆိုပါတယ်။ နောက်ထပ် တွေ့ရှိတဲ့ အချက်က ဒီနေ့ခေတ်မှာ sex ကိစ္စတွေက ပိုစောလာတယ် ဆိုတာပါ။ ပျှမ်းမျှ အသက် ၃၆နှစ်ရှိတဲ့ ပထမဆုံး အကြိမ် အိမ်ထောင်ပြုတဲ့ အတွဲပေါင်း ၂၀၃၅တွဲကို လေ့လာ ရာမှာ သူတို့ရဲ့ လိင်ဆက်ဆံရေး ကိုလက်ရှိ အတွဲနဲ့ အိမ်ထောင်ပြု ပြီးမှသာ စတင်ခဲ့တယ်လို့ တွေ့ရှိခဲ့ ရပါတယ်။ စစ်တမ်းမှာ တစ်ဦး အပေါ် တစ်ဦး သဘောထားကို စမ်းစစ်တဲ့ ကိုယ့်လက်တွဲဖော် အပေါ်မှာ ထားတဲ့ စာနာစိတ်၊ အလိုက်သိစိတ်၊ နားလည် သဘောပေါက်မှုတွေ စတဲ့ မေးခွန်းတွေ ပါဝင်ပါတယ်။ ဒါတင်မက အိမ်ထောင်ရေး သုခနဲ့ တည်မြဲရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေပါ ပါဝင်ပါသေးတယ်။ ရင်ဆိုင်ခဲ့ ရတဲ့ အခက်အခဲတွေ၊ ကတောက် ကဆဖြစ်ပြီး ခွဲခွာခဲ့ ရတာတွေ၊ ဘယ်လို ပြန်ပေါင်းထုပ် ခဲ့သလဲစတဲ့ မေးခွန်းတွေပါ။

၃

စစ်တမ်းကို ပထမ အုပ်စုမှာ ချိန်းတွေ့ပြီး ပထမ အကြိမ်မှာ သို့မဟုတ် ပထမဆုံး လမှာ နယ်ကျော်ခဲ့တဲ့သူတွေ၊ ဒုတိယ အုပ်စုမှာ sex ကိုတစ်လကနေ နှစ်နှစ်အတွင်းထိ ဆိုင်းခဲ့တဲ့ သူတွေ၊ အုပ်စုသုံးမှာ အိမ်ထောင်ပြု ပြီးတဲ့ထိ စောင့်ခဲ့သူတွေ ဆိုပြီး သုံးစု ခွဲချ လေ့လာခဲ့ ပါသေးတယ်။ တွေ့ရှိချက် ကတော့ အုပ်စုသုံးက လူတွေမှာ အိမ်ထောင် တည်မြဲဖို့ ၂၂ရာခိုင်နှုန်း၊ အိမ်ထောင်ရေး သုခ ၂၀ရာခိုင်နှုန်း၊ သာယာကျေနပ်မှု ၁၅ရာခိုင်နှုန်း၊ အပြန်အလှန် နားလည်မှု ၁၂ရာခိုင်နှုန်း ပိုများတာကို ရှာဖွေတွေ့ရှိခဲ့ ပါတယ်။ ဒီတွေ့ရှိချက်က relationship တည်မြဲဖို့ sex ကိုအိမ်ထောင်ပြု ပြီးတဲ့အထိ စောင့်ဆိုင်း သင့်တယ် ဆိုတဲ့ အချက်နဲ့ စောစော နယ်ကျူးခဲ့ရင် အဆိုးရွားဆုံး ရလဒ်တွေ ရနိုင်တယ် ဆိုတဲ့ အချက်တွေကို ပိုခိုင်မာ စေပါတယ်။

၎

Busby က အုပ်စုသုံးက အတွဲတွေက ဖောဋ္ဌာဗ္ဗာရုံက ကိုယ့်ရဲ့ ဆုံးဖြတ်ချက် ချနိုင်စွမ်းကို မလွှမ်းမိုးနိုင်ခင် တစ်ဦးအပေါ် တစ်ဦး ဘယ်လောက် ယုံကြည် စိတ်ချမှု ရှိသလဲ၊ ဆက်ဆံရေး ဘယ်လောက် ကောင်းမွန်မှု ရှိလဲ၊ ကိုယ့်ဘ၀ထဲမှာ ဘယ်အရာ တွေကို တန်ဖိုးထား သလဲဆိုတာကို လေ့လာဖို့ အချိန် ပိုရှိပါတယ်လို့ ထပ်ရှင်းထား ပါတယ်။ အခုလောလော ဆယ်တော့ သူ့အဖွဲ့က လေ့လာမှုတွေကို ကျယ်ကျယ် ပြန့်ပြန့် ဆက်လုပ်နေပါတယ်။ အုပ်စုသုံးက အတွဲတွေက သူတို့ရဲ့ ခံယူချက်က တိမ်းစောင်းမှုတွေ ရှိလာခဲ့ရင် မထင်မှတ်တဲ့ ရလာဒ်တွေ ထွက်လာနိုင် မလားဆိုတာကို အရမ်း သိချင်နေပါတယ် လို့အဆုံးသတ် ပြောကြား လိုက်ပါတယ်။ 
အဆင်ပြေသာယာပါစေ....

Sexy or Slutty

တစ်ချို့ မိန်းကလေးတွေက သူတို့ဝတ်တဲ့ အ၀တ်အစားဟာလှပြီး sexy ဖြစ်တယ်လို့ ထင်ရပေမယ့် သူများ အမြင်မှာကျ အပေါစားဆန်ပြီး Slutty ဖြစ်စေတတ်ပါတယ်။
အဲ့တော့ ဘယ်ဟာက slutty ဖြစ်ပြီး ဘယ်လိုမျိုးကိုမှ sexy ဖြစ်တယ်လို့ ခေါ်လဲဆိုတာကို သိသင့်ပါတယ်။

12

Steps
1. Stick to this rule
>>> အ၀တ်အစား ၀တ်တယ်အခါ ဖော်မယ်ဆိုရင် တစ်နေရာကိုပဲ ဖော်ပါ။ ဆိုလိုတာက မီနီစကတ်တို၊ ဘောင်းဘီအတိုဝတ်ရင် ပေါင်ပေါ်မယ်၊ လည်ဟိုက်တဲ့ အင်္ကျီဝတ်ရင်ဝတ်၊ ဒါမှမဟုတ် စကတ်အတိုဝတ်မယ်။ ဒါပေမယ့် အပေါ်ကော၊ အောက်ရော ဖော်ပြီးတော့ မ၀တ်သင့်ပါဘူး။ ခန္ဓာကိုယ်ရဲ့ တစ်ပိုင်းလောက်ကိုပဲ ဖော်သင့်ပါတယ်။

4

2. Ask yourself when you look in the mirror when wearing your next questionable outfit
>>> အ၀တ်အစား ၀တ်ပြီးရင် မှန်ထဲကြည့်ပြီး "ငါ လှနေတာလား၊ ဟော့တာလား?" လို့ကိုယ့်ဟာကိုယ်မေးပါ။  ဟော့နေတာလို့ထင်ရင် သင်ဝတ်ထားတဲ့ အ၀တ်အစားကို ပြန်လဲသင့်ပါပြီ။ လှတာနဲ့ ဟော့တာကြားက ကွားခြားချက်ကို လူတွေက "Trashy" နဲ့ "Sexy" လို့ သတ်မှတ်လေ့ ရှိပါတယ်။

3. Remember part of being labeled/called a slut is in the attitude and actions taken by a person
>>> Slut ဖြစ်တယ်လို့ ခေါင်းစဉ်တပ်ခံရတာ ကိုယ့်ရဲ့ သဘောထားနဲ့ အပြုအမူ ကြောင့် ဖြစ်နိုင် ပါတယ်။ Drama ကင်းပြီး အလိုလိုက် ခံထားရတဲ့ ကလေးတစ်ယောက်လို မပြုမူဘူးဆိုရင် ဂျင်း ဘောင်းဘီနဲ့ ရိုးရိုး တီရှပ်လေးနဲ့တင် ချစ်စရာ ကောင်းနေပါပြီ။

3

4. Recognize that girls who dress skimpy only look like they are trying to get attention because they can't get it any other way.
>>> အ၀တ်အစားကို အလွန်အကျွံ ဖော်ပြီး ၀တ်တဲ့သူတွေဟာ လူအများရဲ့ အာရုံစိုက်ခံချင်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဖော်ပြီး ၀တ်မယ်ဆိုရင် ဒါလေးကိုတော့ ထည့်စဉ်းစားသင့်ပါတယ်။

6

Tips
* တကယ်လို့ အပေါ်ပိုင်းကို ပေါ့ပေါ့ပါးပါး ဖော်ထားတာကို သဘောကျတယ်ဆိုရင် Blazer လှလှလေးတွေ sweater လေးတွေ ဆောင်ထားပါ။ အဲ့လို တွဲဝတ်ရင် sexy ကျတဲ့အပြင် နူးညံ့ သိမ်မွေ့တဲ့ အလှမျိုး ဖြစ်စေမှာပါ။

* ကိုယ့်အ၀တ်အစားက ဖော်လွန်းနေမှန်းသိရက်နဲ့ မသိချင်ယောင်ဆောင်မနေပါနဲ့။ တစ်ချို့ မိန်းကလေးတွေက အရမ်းဖော်ဝတ်ပြီး ဘာမှမဖြစ်သလိုနေပြီး ကောင်လေးတွေရဲ့ အာရုံစိုက်မှုကို ရအောင် ကြိုးစားပါတယ်။ ဒါပေမယ့် အများအမြင်မှာတော့ သင် Fake လုပ်နေမှန်း လူတိုင်းသိပါတယ်။

4

* ကောင်လေးတွေ တော်တော်များများဟာ စိတ်ကူးထဲမှာ မြင်ယောင်ကြည့်ရတာကို ပိုသဘောကျ တတ်ပါတယ် :P အကုန်လုံးကို တစ်ခါတည်း ဖွင့်ပြရင် သင့်ကို ပစ္စည်းတစ်ခုလို မြင်လာပါလိမ့်မယ်။

* အ၀တ်အစား ၀တ်ရင် classy ကျအောင်နေပါ။ တန်ဖိုးမရှိတဲ့ပုံနဲ့ တကယ်အလှက အရမ်း ကွာခြားပါတယ်။

* သာမန် သွားလာနေတဲ့အခါတော့ နည်းနည်း ဖော်ပြီးဝတ်တာ အကြောင်း မဟုတ်ပါဘူး။ ဒါပေမယ့် ကျောင်းနဲ့ ပတ်သက်တဲ့ပွဲတွေ၊ ဘာသာရေးပွဲတွေ စတဲ့ ပွဲတွေမှာတော့ ပိုပြီး လုံလုံခြုံခြုံ ၀တ်သင့်ပါတယ်။

* လူတိုင်းမှာ ကိုယ်ပိုင် အမြင်နဲ့ စံနှုန်းဆိုတာရှိပါတယ်။ အရေးကြီးတာက သင်ဝတ်တဲ့ အ၀တ်အစားနဲ့ ပတ်သက်ပြီး သင်ကိုယ်တိုင်ကလည်း သက်တောင့်သက်သာနဲ့ အဆင်ပြေဖို့ အရေးကြီးပါတယ်။

5

ဒီလောက်ဆိုရင် ဘယ်လိုပုံစံက Slutty ဖြစ်ပြီး ဘယ်လိုက Sexy ဖြစ်တယ်ဆိုတာ အနည်း အကျဉ်းတော့ ရိပ်မိပြီပေါ့။ MYMC ပရိသတ် ကောင်မလေးတွေ အားလုံး Sexy ဖြစ်ပြီး လှနိုင်ကြပါစေ။

Written by Nunki, Images - Credit Goes to all original respective owners, Source - WikiHow
အဆင်ပြေပျော်ရွင်ပါစေ....

အကာကွယ်မဲ့ လိင်ဆက်ဆံပြီး နောက်ပိုင်း အင်္ဂါမှာ အဖုလေးတွေ ပေါက်လာလို့ (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါရန်)

မေး။ ။ HIV သွေးစစ်ရင် သုံးလ တခေါက် ခြောက်လ တခေါက်စစ်ရင် ပိုသေချာတယ်လို့ ကြားဖူးပါတယ်။ အဲ့မှာ ကျွန်တော် သိချင်တာလေးရှိလို့ပါ။ လွန်ခဲ့တဲ့ ဖေဖဝါရီလ ၂၀ ရက် လောက်က ကျွန်တော် တရုတ်ပြည် ခရီးသွားပြီး မိတ်ဆွေတွေနဲ့ အရက်သောက်ပြီး နောက် KTV က အမျိုးသမီးနဲ့ အကာကွယ်မဲ့ အတူ နေမိပါတယ်။ အဲ့ဒီနောက် မေလ ၁၀ ရက်လောက် မြန်မာပြည်ကို ပြန်ရောက်ပါတယ်။ ကျွန်တော် မြန်မာပြည် ပြန်ရောက်ပြီး ချက်ချင်း သွေးစစ်ပါတယ်။ မေလ ၁၃ ရက်နေ့မှာ ပိုးမရှိဆိုတဲ့ အဖြေရပါတယ်။ ဒါပေမယ့် ချက်ချင်းစစ်ရင် ပိုးကို ရှာတွေ့မှာ မဟုတ်ဘူးလို့ ကြားဖူးလို့ ကျွန်တော် အခု ဇွန် လ ၁၃ ရက်နေ့ဆို ၃ လပြည့်ပါပြီ။ ဒါပေမဲ့ သွေးစစ်မဲ့ သုံးလအတွင်း လိင်မဆက်ဆံရဘူးလို့လဲ သိထားပါတယ်။ ဧပြီလပိုင်းမှာ ကျွန်တော့် အမျိုးသမီးက ခရီးက ပြန်လာတော့ အတူနေဖြစ်ပါတယ်။ အစက ကျွန်တော် အဖော် သုံးပါတယ်။ နောက်ပိုင်း အမျိုးသမီးက ဘာလို့ အဖော်သုံးတာလဲ မေးပါများတော့ ဆက်ဆံတဲ့ အချိန် အဖော်မသုံးပဲ တ၀က်လောက်ရောက်မှ အဖော်ပြန်သုံးပြီး အမျိုးသမီးအထဲကို တခါမှ သုတ်ရည် မထည့်ဖူးပါ။
အမျိုးသမီးက ခရီးပြန်သွားခါနီး ဆက်ဆံတဲ့ တကြိမ်တော့ သုတ်ရည် ထည့်မိပါတယ်။ တကြိမ်တည်း ထည့်မိတာတော့ သေချာပါတယ်။ ပြန်ရောက်ပြီး နောက်ပိုင်း လိင်အင်္ဂါမှာ အဖု ပေါက်လာတယ်။ အမည်းရောင် အဖုလေးပါ။ နာလည်မနာ ယားလဲမယားပါဘူး။ တကြိမ်မှ လိင်မှာ အဖုဆိုတာ မပေါက်ဖူးပါ ဘူး။ နောက် လက်မောင်းနဲ့ ချိုင်းစပ်မှာလဲ အပူများလို့ ထွက်တဲ့ ပုံစံနဲ့ ၀က်ခြံလို အနီ အဖုလေးတွေ ၈ ဖု ၉ ဖုလောက် အထိ ပေါက်နေတာ ဆေးလိမ်းလဲ မပျောက်ပါဘူး။ ဘာဖုလဲတော့ သေချာ မသိပါဘူး။ အင်္ဂါမှာ လဲ အမည်းရောင် အဖုလေးပေါက်တာ တွေ့နေရတော့ ရောဂါများ လက္ခဏာ ပြတာလားဆိုပြီး စိုးရိမ်တာနဲ့ အိပ်မပျော် စားမ၀င် ဖြစ်နေပါတယ်။ ဒါကြောင့် သွေးစစ်ဖို့ဆိုလဲ ကြားမှာ ကျွန်တော့် အမျိုးသမီးနဲ့ ဆက်ဆံမိတာက တစ်ခု၊ ဒီလ ၁၃ ရက်နေ့မှ ၃ လ ပြည့်မှာ တစ်ခုကြောင့် ကျနော် ဘာဆက်လုပ်ရမှန်း မသိ ဖြစ်နေ ပါတယ်။ နေ့ တိုင်းကို စိတ်ပင်ပန်းစွာ ဖြတ်နေရပါတယ်။ ကျွန်တော် အဆုံးစွန်ထိ တွေးထားပါတယ်။ ကျွန်တော် ရောဂါလဲ မကြောက်ပါဘူး။ ကျွန်တော့် အမျိုးသမီး အတွက်တော့ အရမ်းစိုးရိမ်ပါတယ်။ ကျွန်တော် သုတ်ရည် တကြိမ် ထည့်မိတယ်။ နောက်ပြီး ဆက်ဆံတဲ့ အချိန် အစမှာ အဖော်မပါပဲ ပြီးခါနီး ကျမှ အဖော်သုံးလေ့ ရှိတယ်။ အဲ့ဒါတွေ တွေးပြီး သူ့ဆီ ကူးစက်မှာ ကျွန်တော် စိုးရိမ်းပါတယ်။ ကျွန်တော့်ကို ဘာဆက် လုပ်သင့်တယ်ဆိုတာ လမ်းညွန်ပေးစေချင်ပါတယ်။
ကျွန်တော် အဲ့ဒီ KTV အမျိုးသမီးကိုလဲ ဆေးစစ် ခိုင်းလိုက်ပါသေးတယ်။ မရှိဘူးလို့ အဖြေထွက်ပါတယ်။ အဲ့ဒီ အမျိုးသမီးက ပိုက်ဆံပေးတိုင်း ယောကျာင်္းတွေနဲ့ လျှောက်အတူနေတဲ့ အမျိုးစားလောက်တော့ မဆိုး ဘူးလို့လဲ ပြောလို့ရပါတယ်။ ကျွန်တော် သူဆေးစစ်ထားတာကို တွဲပို့ လိုက်ပါတယ်။ တရုတ်လိုရေး ထားတာတော့ မရှိဘူးလို့ ရေးထားပါတယ်။ သူ့မှာ မရှိဘူးဆို ကျွန်တော်က ဘာလို့ တခါမှ လိင်မှာ အဖု မပေါက်ဖူးတဲ့ လူက အဖုပေါက်လာတာလဲ။ သူစစ်တဲ့ ရက်စွဲက စာရွှက်မှာ ပါတယ်။ မတ်လ ၁၆ ရက်ပါ။ သူစစ်တဲ့ အချိန်က မပေါ်လို့လာ။ ကျွန်တော် မစဉ်းစားတတ်တော့ပါဘူး။ သူ့မှာ မရှိရင် ကျွန်တော်က လိင်မှာ ဘယ်လိုလုပ် အဖုပေါက်တာလဲ။ နောက်ပြီး ကျွန်တော်က သန့်ရှင်းရေး ကောင်းကောင်း လိုက်စား ပါတယ်။
ဖြေ။ အခု ပြောပုံအရဆိုရင် ကျနော်တို့ဘက်က ဆွေးနွေးစရာ အပိုင်း (၃)ပိုင်းရှိနေပါတယ်။
၁) HIV ပိုး ရှိ/မရှိ သွေးစစ်ခြင်း
ဒီလိုသွေးစစ်တာဟာ အန္တရာယ်ရှိတဲ့အပြုအမူ တစ်ခုခု (ဥပမာ - ကွန်ဒုံး မသုံးဘဲ လိင်ဆက်ဆံခြင်း၊ မူးယစ် ဆေးထိုးအပ် မျှဝေသုံးစွဲခြင်း၊ သွေးသွင်းခြင်း....) ကို ပြုလုပ်ပြီးတာနဲ့ HIV ပိုးကို ချက်ချင်း စစ်လို့မရပါဘူး။ ဒီပိုးကို သွေးထဲမှာ စစ်လို့ သိမြင်နိုင်တဲ့ အချိန်ကာလ တစ်ခုကို စောင့်ရပါတယ်။ အဲလို စောင့်ရတဲ့ ကာလ (ကြားကာလ)ဟာ ၃ လကနေ ၆ လအထိ ရှိတတ်ပါတယ်။
ဒီကြားကာလဆိုတာ လူကို HIV ပိုး ကူးစက်နေပေမယ့် ပိုးကို သွေးစစ်တဲ့ အခါ သေသေချာချာ မသိနိုင်တဲ့ ကာလပါ။ ဥပမာ - ဖန်ခွက်ထဲ သကြား တစ်မှုံ နှစ်မှုံ ထည့်ထားရင် ရေသောက်တဲ့အခါ သကြားအရသာ မပေါ် သလိုပါပဲ။ ဒီအချိန်မှာ သွေးစစ်ရင် သွေးအဖြေက ပိုးမရှိပါ (Negative) ဆိုပြီး မှားယွင်းစွာ ထွက်ပေါ် တတ်ပါတယ်။ ဒါကြောင့် ကျနော်တို့က ၃ လကနေ ၆ လ စောင့်ခိုင်းတာပါ။ ဒီလိုစောင့်နေတုန်း အကာ အကွယ်မဲ့ လိင်ကိစ္စ မလုပ်ရဘူး ဆိုတာကတော့ ပထမ တစ်ခါ အတွက် မသေချာလို့ ၃ လက ၆ လ စောင့် နေတုန်း နောက်တစ်ခါ ထပ်ပြီး အကာအကွယ်မဲ့ လိင်ကိစ္စလုပ်ရင် ပထမ သွေးစစ်ဖို့ စောင့်နေ ရတာ အတွက် ရှုပ်ထွေးစေပါတယ်။
၂) လိင်မှ တဆင့် ကူးစက်တက်သော ရောဂါများ
မိတ်ဆွေအနေနဲ့ အပြင်မိန်းကလေးနဲ့ အတူနေစဉ်မှာ အကာကွယ် မပါတဲ့ အတွက် လိင်မှတဆင့် ကူးစက် တဲ့ ရောဂါတွေ ကူးစက်နိုင်ချေ ရှိပါတယ်။ ကူးစက်နိုင်တာတွေကတော့ အိတ်အိုင်ဗွီ၊ ကာသလား ရောဂါ နဲ့ အသည်းရောင် အသားဝါ ဘီ၊ စီ စတဲ့ ပိုးတွေ ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက အိတ်ခ်ျအိုင်ဗွီ မကူးဘူး ဆိုသည့်တိုင် ကာလသားရောဂါတွေ၊ အသည်းရောင် အသားဝါတွေ ကူးနိုင်ချေ ရှိပါသေးတယ်။ ကာလသား ရောဂါ ဆိုတာ ရောဂါအမျိုး များစွာရှိပါတယ်။ အဖြစ်များတာကတော့ လိင်အင်္ဂါ အနာပေါက်ခြင်း၊ လိင်အင်္ဂါမှ ပြည်ကျခြင်း၊ လိင်အင်္ဂါ တ၀ိုက် အဖုပေါက်ခြင်း၊ ကြွက်နို့ပေါက်ခြင်း၊ ပေါင်ခြံ အကြိတ်တည်ခြင်း ၊ လိင်အင်္ဂါ အနားေ၇ယုန်ပေါက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ရောဂါ အမည်တပ်ဖို့ အတွက် သွေးစစ်ရ ပါမယ်။ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသရပါမယ်။ အချိန်မီ ကုသရပါမယ်။
အခု ပြောပြတဲ့ ဇာတ်လမ်းအရ မိတ်ဆွေတင်မက မိတ်ဆွေရဲ့ ဇနီးသည်ကိုပါ သွေးစစ်စေချင်ပါတယ်။ ဒါမှ လင်မယားနှစ်ဦး စလုံးအတွက် စိတ်ချရမှာပါ။ သွေးစစ်တဲ့ အခါမှာ HIV၊ ကာလသားရောဂါ၊ အသည်းရောင် အသားဝါ ဘီ၊ စီ စတာတွေကို စစ်သင့်ပါတယ်။
၃) လက်ရှိအချိန်မှာ စိတ်ပူပန်မှုများ နှင့် လိင်အင်္ဂါအဖု ကိစ္စ
လက်ရှိအချိန်မှာ မိတ်ဆွေအနေနဲ့ စိတ်ပူပင် သောကရောက်နေမယ်ဆိုတာ နားလည် မိပါတယ်။ စိတ်ပူ ပင်ပြီး ခြေမကိုင်မီ လက်မကိုင်မီ မဖြစ်စေပဲ စိတ်အေးအေး ထားစေချင်ပါတယ်။ မိတ်ဆွေအနေနဲ့ ပထမဆုံး တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သွေးစစ်ပါ။ မိတ်ဆွေ သွေးစစ်လို့ရတဲ့ အဖြေပေါ် မူတည်ပြီး ဇနီးသည် ကိုလည်း လိုအပ်ရင် စစ်ရပါလိမ့်မယ်။
လက်ရှိ လိင်အင်္ဂါ အဖုကို မညှစ်ပါနဲ့၊ မဆွပါနဲ့၊ မကုတ်ဖဲ့ပါနဲ့၊ အဲလို လုပ်ရင် ပိုပွားတတ်ပါတယ်။ လိင်အင်္ဂါမှာ ဖြစ်နေတဲ့ အဖုအတွက် အရေပြား ဆရာဝန်နဲ့လည်း ပြသလို့ ရပါတယ်။ ဆရာဝန်နဲ့ ပြသတဲ့ အခါမှာ အရင်က KTV က အကြောင်းလည်း ပြောပြဖို့ လိုပါလိမ့်မယ်။
ဒီအတော အတွင်းတော့ အမျိုးသမီးနဲ့ အတူနေရင် ကွန်ဒုံး သုံးတာ ပိုစိတ်ချရပါလိမ့်မယ်။ မိတ်ဆွေရဲ့ လိင် အင်္ဂါက အဖုက ကာသလားရောဂါကြောင့် ဖြစ်နေတာမျိုးဆိုရင် အမျိုးသမီးက ကွန်ဒုံးသုံးတာ မကြိုက်ဖူး ဆိုရင်တော့ သူမကိုပါ အဲဒီပိုး ကူးသွားနိုင်ပါတယ်။
ဒီလောက်ဆို ကျေနပ်လိမ့်မယ်ထင်ပါတယ်
လမင်းကို
By HIM
အဆင်ပြေအောင်မြင်ပါစေ....

Wet dream (2) အိပ်နေတုံးမှာ သုက်ထွက်တာ - အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ


ကျွန်တော်က ၁၉ နှစ်အရွယ် ကျောင်းသားတစ်ဦးပါ။ ကျွန်တော့်မှာ အရမ်းစိုးရိမ်နေတတ်တဲ့ ရောဂါရှိပါတယ်။ ဒီရောဂါ ကြောင့်လား မသိဘူး ညအိပ်လို့ရှိရင် ညတိုင်းလိုလို သုက်ထွက်နေပါတယ်။ အရမ်းကို စိတ်ဆင်းရဲ နေရပါတယ်။ ဒီလို သုက်ထွက်တိုင်း ကျွန်တော် အရမ်းစိတ်ဓာတ်ကျပါတယ်။ ဒါကြောင့် စိတ်ညစ်တာကို မထိန်းနိုင်ဘူး ဖြစ်နေတယ်။ ဒီလိုနဲ့ပါ သံသရာလည်နေပါတော့တယ်။ ဒီလိုဖြစ်နေတာ နှစ်နှစ်လောက် ရှိနေပြီ။ သုက်က သာမန်လူလို အများကြီးလဲ မဟုတ်ဘူး။ နည်းနည်းနဲ့ ခဏခဏ ထွက်တတ်တယ်။ လိင်စိတ်တွေလည်း ပုံမှန်မဟုတ်ဘူး။
Zavesca ဆေးက စိတ်မကျဆေး မဟုတ်ပါ။ ဘယ်ဆရာဝန်ကနေ ဘာအတွက် ညွှန်တာပါလဲ။ ဒီဆေးက Type 1 Gaucher disease ဆိုတဲ့ မျိုးရိုးပါ ရောဂါတမျိုးအတွက် သုံးရတယ်။ (အင်ဇိုင်းမ်) တမျိုး နည်းနေသူတွေကို ပေးပါတယ်။ ဒီရောဂါ ရှိနေသူဟာ ဆေးမကုဘဲနေရင် သွေးအားနည်းစေတတ်တယ်။ ဒီရောဂါအပြင် Zavesca ဆေးကို ရှာပါးတဲ့ အာရုံကြောရောဂါ အတွက်လဲ ပေးသေးတယ်။ Zavesca ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက ထုံ-ကျင်တာ၊ လက်တုံတာတွေ ဖြစ်နိုင်တယ်။ သာမန်ဆိုးကျိုးတွေက ဝမ်းပျက်တာ၊ ဝမ်းချုပ်တာ၊ ခေါင်းနဲနဲမူးတာ၊ ခေါင်းကိုက်တာ၊ အစားပျက်တာ၊ လူပိန်လာတာတွေ ဖြစ်နိုင်တယ်။

စိတ်ဓါတ်ကျနေတာကို ပြင်ရပါမယ်။ ပြင်လို့လဲရပါတယ်။ လိုအပ်ရင် ဆရာဝန်၊ စိတ်အထူးကုကို ပြပါ။ မြန်မာနိုင်ငံမှာ စိတ်-အထူးကုဆရာဝန်ဆီ သွားရတာ ရှက်စရာလို့ ထင်နေကြတုံးဘဲ။ မမှန်ပါ။ နဲနဲလေးဖြစ်တာနဲ့ စိတ်-အထူးကု ဆရာဝန်ဆီ သွားသင့်ကြတယ်။

ယောက်ျားလေးတွေ ငယ်တုံးအရွယ် အိမ်ထောင်လဲ မကျသေးချိန်မှာ အလိုလိုသုက်ထွက်တာ ဖြစ်တတ်ပါတယ်။ လူတိုင်း လိုလိုလို့တောင် ပြောနိုင်တယ်။ အိပ်နေတုံး ထွက်မယ်။ တခါတလေ သုက်က နည်းချင်နည်းမယ်။ အများအားဖြင့် လိင်ကိစ္စ ပြီးစီးသွားသလိုမျိုး များတယ်။ လူငယ်တွေသာ မဟုတ်ပါ။ အိမ်ထောင်ရှိသူ၊ လိင်ဆက်ဆံမှု ပုံမှန်ရှိသူတွေ မဆက်ဆံတာ ကြာသွားရင်လဲ အိပ်နေတုံးမှာ သုက်ထွက်တာ ဖြစ်တာပါဘဲ။ (မာစတာဘေးရှင်း) လုပ်နေကျလူဟာ မလုပ်တာကြာသွားရင်လဲ ဖြစ်မယ်။ ရောဂါမဟုတ်ပါ။ ဆေးကုစရာ မလိုပါ။

အိပ်နေရင်း သုက်ထွက်တာကို Nocturnal emission လို့ခေါ်တယ်။ ယောက်ျားတွေမှာ သုက်ထွက်ပြီး၊ မိန်ကလေးတွေလဲ အိပ်ပျော်နေရင်း (ဗဂျိုင်းနား) စိုစွပ်လာတာကိုပါ ခေါ်တယ်။ Wet dream လို့ လွယ်လွယ် ခေါ်သေးတယ်။ အမှန်က Spontaneous orgasm အလိုအလျှောက် လိင်ကိစ္စပြီးသွားတာ ဖြစ်တယ်။ ငယ်သူတွေမှာ ပိုအဖြစ်များပေမဲ့ အရွယ်မရွေး ဖြစ်နိုင်ပါတယ်။

ဘယ်လောက် အဖြစ်များသလဲ အတိအကျ ပြောမရပါ။ လေ့လာမှုတွေက အဖြေမတူတာတွေ ထွက်တယ်။ အမေရိကားမှာ -
• ၈၃% ယောက်ျားတွေဟာ အိပ်နေတုံးမှာ သုက်ထွက်တာ ဖြစ်ဘူးကြတယ်။
• ၁၅ နှစ်သား ယောက်ျားလေးတွေမှာ ၇ ရက်တပါတ်မှာ ဝ့၃၆ ကြိမ်နှုန်းဖြစ်တယ်၊
• အသက် ၄ဝ ရှိသူ အိမ်ထောင် မရှိသူတွေမှာ ဝ့၁၈ ကြိမ်နှုန်းဖြစ်တယ်။
• ၁၉ နှစ်သား မိန်းမရှိသူတွေမှာ တပါတ်မှာ ဝ့၂၃ ကြိမ် နဲ့
• အသက် ၅ဝ အိမ်ထောင်သည်တွေမှာ ဝ့၁၅ ကြိမ် ဖြစ်ကြတယ်။
• တချို့နိုင်ငံတွေမှာ ပိုနိုင်တယ်။ ဥပမာ အင်ဒိုနီးရှားမယ် ၂၄ နှစ်ရောက်သူတွေထဲက ၉၇% မှာ အဲလိုဖြစ်ကြတယ်။

နာမည်ကြီး လိင်-ဆေးပညာရှင် Alfred Kinsey က Masturbation (မာစတာဘေးရှင်း) နဲ့ Nocturnal dreams အိပ်ရင်း အိပ်မက်ဟာ အကြိမ်ရေ ဆက်စပ်မှု ရှိတယ်လို့ ဆိုပါတယ်။ (မာစတာဘေးရှင်း) လုပ်တာ နည်းရင် ညသုက်ထွက်တာ များမယ်။ Testosterone-based drugs ယောက်ျား-ဟော်မုန်းဆေး သောက်ရင် အကြိမ်ပိုများနိုင်တယ်။ ၁၉၉၈ သုတေသနတခုအရ ဒီဆေး မသောက်သူတွေမှာ ၁၇% သာရှိပေမဲ့ ဟော်မုန်းဆေး များများ သောက်သူတွေမှာ ၉ဝ% အထိရှိတယ်။ လူပျိုပေါက် အရွယ်မှာ ယောက်ျားလေး ၁၃% က ပဌမဆုံး-သုက်လွှတ်တာကို ညအချိန်မှာ ဖြစ်ကြတယ်။

Nocturnal emissions အိပ်ရင်း သုက်ထွက်ခြင်းလို့ သတ်မှတ်ရာကနေ Nocturnal sex dreams အပြာ-အိပ်မက်လို့ ခေါ်လာတယ်။ Nocturnal orgasm အိပ်ရင်း ပြီးတာ လို့ဆိုရင် ပိုမှန်မယ်။ ဒါလဲ အကုန် မမှန်သေးဘူး။ ခဏတဖြုတ် နေ့ခင်း အိပ်နေရင်းလဲ ဖြစ်တတ်တာဘဲ။ Diurnal sex dreams နေ့အိပ်မက်လို့ ခေါ်ပြန်တယ်။ Orgasm during sleep အိပ်ရင်း-ပြီးတာလို့ ခြုံခေါ်တာက မလွဲတော့ဘူး။

• ခရစ်ယန်မှာ Saint Augustine က အိပ်နေတုံး သုက်လွှတ်တာဟာ Sin အပြစ် မဟုတ်ဘူးလို့ ယူဆတယ်။ (မာစတာဘေးရှင်း) လုပ်သလို လူတယောက်ရဲ့ ဝိဥာဉ်ကို မညှိုးနွမ်းစေဘူး။
• Jewish ဂျူးအယူအဆကတော့ Mosaic Law of the Bible မှာ ယောက်ျားတယောက်ဟာ အိပ်နေတုံး သုက်လွှတ်တယ် ဆိုရင် တကိုယ်လုံးကို ရေနဲ့ မနက်ကနေ ညနေအထိ ဆေး-ချိုး သန့်ရှင်းပြစ်ရမယ်။ သုက်ပေတဲ့ အဝတ်အစားကိုလဲ အဲလိုလုပ်ရမယ်။ တချို့နေရာတွေမှာ (ကင့်ပ်) ထဲမဝင်ရတာ၊ မြင့်မြတ်တဲ့အစာ မစားရတာမျိုး အထိ တားမြစ်ထားတယ်။
• ရှေးဟောင်း မွတ်ဆလင်တွေကလဲ ဘာသာရေးလုပ်ရင် သုက်ကို ဘယ်နည်းနဲ့ ထွက်ထွက် မသန့်ရှင်းဘူးလို့ ယူဆတယ်။ ရေချိုး သန့်စင်စေတယ်။ ဒါပေမဲ့ ညအချိန်မှာ သုက်အလိုလို သုက်ထွက်တာကို အကုသိုလ်လို့ မသတ်မှတ်ဘူး။
• ဘာသာရေးတွေကနေ ယောက်ျားတွေကိုသာ အဲလို တားမြစ်မှု လုပ်ထားခဲ့ကြတာဟာ မိန်းမတွေမှာ (အီဂျက်ကူလေးရှင်း) မဖြစ်ဘူးလို့ ယူဆလို့ ဖြစ်မယ်။ လိင်-ဆေးပညာ ထွန်းကာလာမှ ဖြစ်တာနည်းပေမဲ့ အမျိုးသမီးတွေလဲ ပြီးရင် Female Ejaculation ပန်းထွက်တာမျိုး ဖြစ်နိုင်တယ်လို့ သိလာကြတယ်။

Noctural emission ကို Spontaneous orgasm သူ့အလိုလို လိင်ဆန္ဒပြည့်ဝတာလို့ သတ်မှတ်တယ်။ Psychological စိတ်ပိုင်းကြောင့်ဖြစ်နိုင်တယ်။ Fatigue အားကုန်တာ၊ Depression စိတ်ဓါတ်ကျတာ နဲ့ Stress စိတ်ဖိအားများတာတွေက အကြောင်းတရားတွေ ဖြစ်နိုင်တယ်။

(ဟာဗယ်) မှာတော့ ကုသနည်းတွေ ရှိတယ်။ Ashwagandha or withania somnifera ခေါ်တယ်။ Indian ginseng, Ajagandha Winter cherry လို့လဲ ခေါ်ကြတယ်။ Peppermint oil ပင်စိမ်းဆီ ကိုလဲသုံးတယ်။ Pumpkin seed ဖရုံစေ့ ကိုလဲ သုံးတယ်။ အမှန်က ဒီဆေးတွေဟာ Aphrodisiac လိင်စိတ်-အားပေးဆေးမျိုး ဖြစ်တယ်။

• ယောက်ျားတွေမှာ သုက်လွှတ်တယ်ဆိုတာ လိင်စိတ်က အရင်ဖြစ်ရမယ်၊ စိတ်ထက်သန်လာမယ်၊ လိင်မှုကိစ္စ တခုခုလုပ်မယ်၊ နောက်ဆုံး ကျေနပ်အားရတော့မှ သုက်လွှတ်တယ်။ ညအချိန်လွှတ်တာက အဲလိုမဟုတ်ဘူး။ လိင်စိတ်က အိပ်မက်ထဲမှာ ပေါ်နိုင်ပေမဲ့ လိင်အင်္ဂါ မသန်မာဘဲလဲ ဖြစ်နိုင်တယ်။
• မိန်းမတွေဟာ ယောက်ျားနဲ့ လိင်ဆက်ဆံရင် (အော်ဂဇင်) ရဘို့ အချိန်ကြာတတ်ပေမဲ့ အိပ်ပျော်နေတုံးဆိုရင် ပိုမြန်ကြတယ်။
• ပညာပိုသင်ထားသူတွေမျာ ပိုများတာ တွေ့ရတယ်။
• Nocturnal Emissions ဆိုတဲ့ တေးဂီတအဖွဲ့ ရှိတယ်။ Wet Dream နာမည်နဲ့ ရုပ်ရှင်တွေကို အမေရိကား၊ တောင်ကိုရီးယား၊ အီရန်၊ ယူကေ၊ စတဲ့နိုင်ငံတွေမှာ ရိုက်တယ်။
• Masturbation လုပ်ပေးရင် သက်သာတယ်။ ဒါပေမဲ့ လုံးဝ မဖြစ်တော့မှာတော့ မဟုတ်ဘူး။
• Extreme stress စိတ်ဖိစီးမှုများတာကို မသိစိတ်ကနေ လျှော့ဖြေပေးတာလို့ တချို့က ယူဆတယ်။
• Sexually deviant လိင်စိတ် မမှန်တာလဲ မဟုတ်ဘူး။
• Gay or straight အဖြောင့်သွားသူ၊ ဂေးဖြစ်သူ မကွဲပြားဘူး၊ အတူဘဲ။
• Wet Dream Experiences ဆိုပြီး ပဌမဆုံး အိပ်နေရင် သုက်ထွက်တဲ့ အတွေ့အကြုံတွေ ဖလှယ်ကြသူတွေလဲ ရှိတယ်။
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-

ကျွန်တော် ညအိပ်တဲ့အချိန် သုက်ထွက်တာနဲ့ပါတ်သတ်ပြီးတော့ မြန်မာနိုင်ငံကနေ လိင်ကျွမ်းကျင်ဆရာဝန်နဲ့ရော စိတ်ရောဂါဆရာဝန်တွေနဲ့ပါ ပြသပြီးသွားပါပြီး။ တစ်ကိုယ်လုံးလဲစစ်ပြီးပါပြီး။ ဘာရောဂါမှမရှိဘူးလို့ ပြောပါတယ်။ ဆရာဝန်တွေက ပထမအိပ်ဆေးတွေနဲ့ အားဆေးတွေပေးတယ်။ ဒါပေမယ့် အိပ်ဆေးသောက်လဲထွက်တာပါပဲ။ အကြိမ်တော့ နည်းနည်းလျှော့သွားပေမယ့် ဆေးဖြတ်လိုက်တာနဲ့ ပြန်များလာပါတယ်။ နောက်ဆုံး ဆရာဝန်တွေက Masterbation သုံးရက်တစ်ကြိမ် လုပ်ခိုင်းပါတယ်။ အဲ့လိုလုပ်နေတော့ စစချင်းမထွက်ပေမယ့်နောက်နားတဲ့ရက်မှာ အိပ်စဉ်သုတ်ပြန်ထွက်ပါတယ်။ အဲ့လိုထွက်ပြီးရင် ပိုလို့တောင် မထူနိုင်မထနိုင်ဖြစ်ရပါတယ်။ နောက် Masterbation နဲ့ အိပ်တဲ့အချိန်သုတ်ထွက်တာနဲ့က မတူပါဘူး။ အိပ်တဲ့အချိန်သုတ်ထွက်တာက ကျွန်တော့်အတွက် အရမ်းကို စိတ်ကျပြီး မနက်ကျရင်မထနိုင်သလို ဖြစ်ပါတယ်။ အခုဆို ညဘက်သုံးရက်တစ်ကြိမ်လောက်ထွက်တာ ၅ နှစ်လောက်ရှိပါပြီ။ ဆရာဝန်တွေက နောက်ဆုံးနိုင်ငံခြားမှာသွား ခွဲစိတ်မှရမယ်လို့ ပြောပါတယ်။ အကောင်းဆုံးနည်းလမ်းကို စဉ်းစားပေးပါအုံးဆရာ။

အိပ်နေတုံးမှာ ယောက်ျားလေး၊ ယောက်ျားကြီးတွေ သုက်အလိုလိုလို ထွက်တာကို Sexual dreams အိပ်မက်ပြာ၊ Wet dream အိပ်မက်အတွင်းစွပ်စိုခြင်း၊ Nocturnal emission အကာလမှာ သုက်ထွက်တာစသဖြင့် ခေါ်တယ်။

အိပ်မက်ဆိုတဲ့သဘောက Intense activity တခုခုလုပ်ခြင်ဇောကြီးလို့လဲ ဖြစ်နိုင်တယ်လို့ ယေဘုယျပြောနိုင်တယ်။ အိပ်မက်တိုင်းက အဲလိုမျိုး အမြဲတန်းမှန်တာတော့ မဟုတ်ပါ။ Subconscious minds မသိစိတ်မှာ ကိန်းအောင်းနေတာလို့ ယူဆချက်လဲရှိတယ်။ သိစိတ်ကနေ ကိုယ့်ကိုယ်ကို (ဆင်ဆာ) မလုပ်နိုင်ပါဆိုတဲ့အယူအဆနဲ့ လုပ်နိုင်တယ်အယူအဆမှာ မတူတာ ရှိပါတယ်။ အတိတ်နိမိတ်ကောက်ကြတာကလဲ အရပ်စကား လူပြောများတယ်။

လိင်ပိုင်းဆိုင်ရာမှာ ပိုပိုပြီးပွင့်လင်းမှုရှိလာတဲ့ အခုခေတ်အခြေအနေမှာတောင်မှ လူ့စိတ်သဘာဝကို ခေတ်ယဉ်ကျေးမှုက မကျော်နိုင်ပါ။ ငါ့ဘာမှဖုံးစရာမလိုဘူးလို့ ယူဆသူတွေဟာ တကယ်တော့ စိုးရိမ်သောက ရှိနေတာ သူကိုယ်တိုင်မသိပါ။

လိင်စိတ်ဆိုတာ Human drives လူ့စိတ်စေ့ဆော်မှုတွေထဲမှာ အင်အားအကြီးဆုံးလို့ မှတ်ယူတာမို့ အိပ်မက်ထဲမှာ ပါတာ သဘာဝကျတယ်လို့ဆိုပါတယ်။ လိင်အိပ်မက်ကို ယောက်ျား၊ မိန်းမ မက်ကြပါတယ်။ Dr. David Delvin နဲ့ Christine Webber တို့တွဲရေးခဲ့တဲ့ The Big 'O' - Understanding and Improving Your Orgasm and Your Partner's စာအုပ်ထဲမှာ မိန်းမတွေမှာ Orgasms လိင်ဆန္ဒပြည့်ဝတဲ့အထိ မရောက်ကြဘူးလို့ပါခဲ့တယ်။ ဒါပေမဲ့ စာရေးသူတွေဆီကို တုံ့ပြန်စာရေးတဲ့ အမျိုးသမီးတွေက သူတို့ရဲ့ ပထမဆုံး (အော်ဂဇင်) ကို အိပ်မက်မက်ရင်း ရတယ်လို့ဆိုပါတယ်။ Dr Alfred Kinsey ရဲ့ သုတေသနအရ ၂၁ နှစ်ကနေ ၂၅ နှစ်ကြား ယောက်ျားတွေမှာ ၇ဝ% ကျော်မှာ အိပ်မက်ထဲမှာ လိင်နဲ့ဆိုင်တာမက်ပြီး သုက်လွှတ်ကြတယ်လို့ ဆိုပါတယ်။ အသက်ရလာရင် နည်းလာတယ်။ လုံးဝ မဖြစ်တော့တာလဲ မဟုတ်ပြန်ပါ။

မြန်မာနိုင်ငံက ယောက်ျားလေးတချို့မှာ အဲလိုဖြစ်နေလို့ စိတ်ရတ်သူ၊စိတ်ပျက်သူ၊ စိတ်ထခိုက်သူတွေရှိတယ်ဆိုတာကို ဒီ (ဘလော့ခ်) အမေးအဖြေတွေအရ သိရပါတယ်။ ဖါသိဖါသာနေသူတွေက မေးစရာလို့ထင်ကြပါ။ သူတို့လိုနေတတ်တာ မှန်ပါတယ်။ စိတ်ဓါတ်ကျနေသူတွေအတွက်တော့ သတင်းကောင်းမဟုတ်တာ ရေးပါရစေ။ အဲလိုဖြစ်နေတာကို ပျောက်စေဆိုတဲ့ဆေး မရှိသေးပါ။ ဆောရီး။ ညဝတ် အဝတ်အစားတွေ ပေကျံနေလို့ စိတ်ပျက်တယ်ဆိုသူကို မညှာမတာပြောတဲ့ ဆရာဝန်ကတော့ အတွင်းခံ တိုတိုလေးသာဝတ်ပါလို့ဆိုပါတယ်။

အားငယ်စရာကို ပြောပြီးနောက် ဒီလိုဖြစ်နေလို့ ကျန်းမာရေးထိခိုက်စရာမရှိပါဆိုတာ ပြောပါရစေ။ အာရှတိုက်က ယောက်ျားလေးတွေက ပိုးရိမ်တတ်ကြတယ်လို့ ဆိုပါတယ်။ အားနည်းသွားတယ်လို့ ထင်ကြလို့ဖြစ်တယ်။ သူငယ်ချင်းချင်းလဲ အဲလိုပြောလေ့ရှိကြတယ်။ လိင်ပိုင်းဆိုင်ရာ ဆေးပညာသုတ ဖြန့်တာတွေက နည်းတာရော၊ မထိရောက်တာရော၊ မမှန်တာတွေရောကြောင့် အထင်မှား၊ အပြောမှား၊ အလုပ်မှားနေကြတာ စိတ်မကောင်းပါ။

ယောက်ျားတယောက် သုက်ရည်ထွက်ရင် ချက်ချင်း ဘာဆိုဘာမှ မလုပ်ချင်အောင် ပုံကျသွားတယ်။ တခါတည်း ဘာကလေးတခုမှတောင် တွေးမနေချင်အောင် လူအလုပ်-စိတ်အလုပ်မှန်သမျှ နားလိုက်ချင်တော့တယ်။ အားအင်မှန်သမျှ တစက်ကလေးမှ မကျန်အောင် ကုန်ခမ်းသွားသလိုနဲ့တူတယ်။ အဲ့ ဒီလိုမမြဲမဖြစ်ပါ။ တိုက်တိုက်ဆိုင်ဆိုင် အဲလိုအချိန်မှာ ထပြေးစရာ၊ ခုန်ချစရာ စတာမျိုးကြုံလာရင် ထပြေးနိုင်၊ ခုန်နိုင်ပါတယ်။ အဲ့ မနားရရင်တော့ နားဘို့လိုပါတယ်။ နားလိုက်ရင်လဲ အားပြန်ပြည့်ပါတယ်။ ဆေးသိပ္ပံနည်းကျပြောရရင် ဒီလို အလိုလိုသုက်လွှတ်ခြင်းဟာ Body's natural response to its hormones ဟော်မုန်းဓါတ်တွေကို ခန္ဓာကိုယ်ကနေ အလိအလျှောက်တုံ့ပြန်မှုလုပ်ငန်းကို ဆောင်ရွက်တာသာဖြစ်ပါတယ်။ မိန်းကလေးတွေ လစဉ်ရာသီဆင်းသလိုသဘောနဲ့ ဆင်ပါတယ်။ အိပ်နေချိန်မှာ သုက်လွှတ်တာကြောင့် (၁) ကျန်းမာရေးနဲ့ (၃) နောင်တချိန်မှာ သားသမီးရနိုင်ရေး မထိခိုက်ပါ။ ဘာသာရေးကနေ လိင်မှုဆက်ဆံရေးအပေါ်မှာ အယူအဆတွေ မတူကြပါ။ မွတ်ဆလင်အဆုံးအမမှာ ဒီလိုဖြစ်တာကို Satan ကလုပ်တာ အကုသိုလ်ပါလို့ ဆိုထားပါတယ်။

ဘာလုပ်ရမလဲ
• တချို့က သဘောကျပြီး ရယ်ရတယ်လို့ထင်ပါတယ်။
• Kegel exercises (ကီဂယ်လ်) လေ့ကျင့်ခန်း နေ့စဉ်လုပ်ပါ။
• Antidepressants စိကျရောဂါဆေးကနေ ကောင်းသွားနိုင်ပါတယ်။
• တကယ်လို့ အဲလိုဖြစ်နေတာကို ရောဂါကြီးလို့ ထင်နေတာ မဟုတ်ပါဘူးပြောလဲ စွဲထင်နေသူတွေကတော့ စိတ်အထူးကုဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ Therapists စိတ်ကုရာဝန်၊ Hypnotherapists အိပ်မွေ့ချဆရာဝန်တွေ ကုသပေးနည်းတွေက မတူကြပါ။
• အိက်မက်ထဲမှာ ကိုယ်ချစ်ခင်စွဲမက်သူတွေကို မက်ရာကနေဖြစ်တာကို Dreams of love လို့ခေါ်တယ်။ ဒါပေမဲ့ တခါမှ မတခါဘူးသူတယောက်ယောက်ကို အိပ်မက်ထဲလာပေါ်တာမျိုးလဲရှိပါတယ်။ လိုအပ်ရင် Relationship therapist ကုသပေးတဲ့ဆရာဝန်နဲ့ကုရပါမယ်။

ဒေါက်တာတင့်ဆွေ
အဆင်ပြေအောင်မြင်ပျော်ရွင်ပါစေ.....
http://nyeinchanthu3.blogspot.com/

Kegel Exercise for Men ယောက်ျားများ စိတ်ဝင်စားကြသည် - အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ


သည်းခြေကြိုက် ခေါင်းစဉ်ဆိုတာ ကျန်းမာရေး နယ်ပယ်မှာလဲ ခေတ်စားပါတယ်။ “(ကီးဂယ်လ်) လေ့ကျင့်ခန်းဖြင့် ကျား-အင်္ဂါ ကျန်းမာရေး နှင့် ကြီးထွားနည်း”။ “အမျိုးသမီးများအကြား ရေပန်းစားပေမဲ့ ယောက်ျားလေးများ မသိသူ ကျော်သွား၊ သိသူ ဖေါ်စားနည်း” လဲပါတယ်။

ကိုယ်ဝန်ဆောင် နဲ့ ကလေးဖွါးပြီးသူ အမျိုးသမီးတွေ မ-အင်္ဂါအတွင်းမှာ ရင်းစားပြန်ရဘို့ Pelvic Floor exercise တင်ပါးဆုံတွင်း ကြွက်သား လေ့ကျင့်ခန်းကို ဆရာဝန်တွေက ထောက်ခံချက် ပေးယုံသာမကာ လုပ်ခိုင်းတဲ့နည်းလဲ ဖြစ်ပါတယ်။ အမျိုးသားအတွက် ဆိုတာတော့ ဆရာဝန်တွေက မညွှန်းဘဲ၊ “ကျွမ်းကျင်သူ” ဆိုသူ များကသာ ရေးကြတာပါ။ “ကျွမ်းကျင်သူ” လို့ ဘယ်သူက ဘွဲ့ပေးသလဲ။ “ဗမာ့အရေး ကျွမ်းကျင်သူ” ဆိုတာတော့ ရေဒီယိုတွေကနေ ပေးတယ်။
ဘာဘဲဖြစ်ဖြစ် ဗဟုသုတ ရလိုသူများ၊ ဆန္ဒပို အလိုရှိသူများ သိစေဘို့ ရေးပါရစေ။ လေ့ကျင့်ပေးရမဲ့ ကြွက်သားကို သိအောင် အရင်လုပ်ရတယ်။ “ဆီးသွားနေတုံး ဆီးမကုန်ခင် ရပ်အောင် ကြိုးစားတဲ့အခါ ကြုံ့ပေးရမဲ့ ကြွက်သားတွေ” ဖြစ်ပါတယ်။ Pubococcygeus muscle ခေါ်တယ်။ ဆီးစပ်ရိုး နောက်ကနေ ဟိုနောက်ဆုံးက အမြီးပိုင်း နေရာအထိ ဆက်နေတဲ့အရာ ဖြစ်ပါတယ်။

(ပြူဘို-ကောက်ဆီဂျီယပ်စ်) ကြွက်သားဟာ Levator ani ဆိုတဲ့ တင်ပါးဆုံတွင်းမှာ Pelvic floor အခင်းသဘော ဖြစ်နေတဲ့ ကြွက်သားကြီးရဲ့ အစိတ်အပိုင်းပါ။ ဒီကြွက်သားကြီးကနေ စအို နဲ့ (ဗဂျိုင်းနား) တွေကို ထိန်း-မ-ပင့်တင် ပေးထားတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေကိုသာ ဆေးနည်းပေးတာ ဖြစ်ပါတယ်။ ကျားအင်္ဂါနဲ့ အဆက် အစပ်က အတော်ကြီး အမျိုးလိုက်စပ်မှ ရတယ်။

“သူ့ကို လေ့ကျင့်ရင်း Cremaster muscle ဆိုတဲ့ ကျား-ကပ်ပဲ့အိတ်၊ ကျား-အစိနဲ့ ဆိုင်တဲ့ ကြွက်သားကိုပါ လေ့ကျင့်ရာ ရောက်တယ်၊ ယောက်ျားတိုင်းတော့ မလုပ်နိုင်ကြဘူး” တဲ့။ အပြောကတော့ ချောသလား မမေးနဲ့။ “အင်္ဂါ သန်မာစေမယ်၊ သုတ်လွှတ်စောတာ ထိန်းနိုင်မယ်” တဲ့။ ကြွက်သား မှန်သမျှ လေ့ကျင့်ပေးရင် သန်လာစေတာတော့ မှန်ပါတယ်။

ကျား-လိင်အင်္ဂါ Penis မှာ Corpora Cavernosa ဆိုတာက လိုအပ်ချိန်မှာ သန်မာလာစေဘို့ ဆောင်ရွက်ပါတယ်။ သူ့မှာ အနုစား-ကြွက်သားတွေ ပါတယ်။ အနုစား-ကြွက်သားကို စိတ်ကနေ ထိန်းမရသလို၊ သန်မာအောင် လေ့ကျင့်ပေးလို့လဲ မရဘူး။ Sexual stimulation လိင်စိတ် နိုးထလာမှသာ အဖြစ်အပျက်တွေ တလှေကြီး ဖြစ်လာတယ်။ သွေးလျှောက်တာ ပိုများလာမယ်၊ ဝင်လာတဲ့ သွေးတွေကို စုပေးထားမယ်၊ သွေးပြန်ထွက်မှာကိုလဲ ထိန်းထားအုံးမယ်၊ အတွင်းဖိအား ဆိုတာ တက်လာမယ်၊ Ischiocavernosus ဆိုတဲ့ ကြွက်သားက ရှုံ့-ကြုံ့လာမယ်။ Kegel exercise ဆိုတာ ဒီ (မာဆယ်လ်) ကို လေ့ကျင့်ပေးရတာပါ။ ဒါကတော့ ဖြစ်နိုင်ပါတယ်။ ခန္ဓာဗေဒကို ခပ်ပေါ့ပေါ့ ရေးသူတွေက ဒီကြွက်သားလို့ တည့်တည့် မပြောကြဘူး။

လိင်အင်္ဂါ နှစ်မျိုး မသုံးဘဲ အာသာဖြေခြင်း (မာစတာဘေးရှင်း) ကြောင့် ကျား-လိင်အင်္ဂါ ပိုမို ကြီးထွား-သန်မာ စေသလား။ ကျွမ်းကျင်သူ ဆိုသူများက စနစ်ကျဘို့ လိုကြောင်း၊ (မာစတာဘေးရှင်း) လုပ်ရတာနဲ့ နဲနဲ မတူကြောင်း၊ ဖါသာ အာသာ-ဖြေဖျောက်မှုက ကျားအင်္ဂါကို အင်ပြည့်-အားပြည့် အနေအထားမှာ ဆောင်ရွက်ရတာ ဖြစ်ပြီး၊ လေ့ကျင့်တာက သန်းမာမှု တဝက် အနေအထားမှာ လုပ်ပါတဲ့။ ပဌမ-ရည်မှန်းချက်အတွက် ပြီးပြီးရော လုပ်တာများပေမဲ့ ဒုတိယ-ပန်းတိုင် အတွက်တော့ စိတ်ရှည်ပါ။ အချိန် (တနေ့ ၁ဝ မိနစ်) ပေးပါတဲ့။

(မာစတာဘေးရှင်း) လုပ်ရတဲ့သူတွေ ဘာအကျိုး-အပြစ်တွေ သက်ရောက်သလဲ။ ပြောကြတယ် “ထိခိုက်စေတယ်။ သုတ်လွှတ် မြန်စေမယ်။ အားယုတ်တယ်။ ဘာ-ညာ”။ တကယ်လို့ တယောက်ထဲ စခန်းသွားတဲ့ အကျင့်မှာ မြန်တဲ့အလေ့ ရှိရင် နှစ်ယောက်တွဲလဲ မြန်တတ်တာ ဖြစ်နိုင်တယ်။ ဒါမျိုး မဖြစ်အောင် အချိန်ယူ နည်းလုပ်ခြင်းဟာ အင်္ဂါ-လေ့ကျင့်ခန်း လုပ်ရာလဲ ကြာစေမယ်လို့ ယူဆနိုင်တယ်။ စိတ်အလိုကို မလိုက်သေးဘဲ Climax မဖြစ်ခင် နားထားရမှာ ပြောတာပါ။ ဆေးပညာအရ (မာစတာဘေးရှင်း) ခဏခဏလုပ်လို့ သုတ်ရည် များမယ်၊ နည်းမယ်၊ ဆီးကြိတ်-ကင်ဆာ ဖြစ်မယ်-မဖြစ်ဘူး၊ ဆိုတာ ကံသေကံမ မပြောနိုင်ပါ။

“စိတ်ကို အားပေးတဲ့ အစားအစာများ နဲ့ သုတ်ပိုးကို အားပေးတဲ့အစာများ” ဆိုတာတွေ ပြောစမှတ်ရှိတယ်။ ဆေးပညာ အရတော့ သတ်မှတ်ထားတာမျိုး မရှိသလောက်ပါ။ ဒီစိတ်ကို အားပေးတဲ့ အစား-အစာတွေကို ဗဟုသုတအတွက် ရေးပါရစေ။

• Celery တရုတ်-နံနံကြီး။ ပြောသူတွေကတော့ “ဒီအရေးအရာ သာမက (ကိုလက်စထော) ပါ နည်းစေတယ်၊ ကင်ဆာကို ကာကွယ်နိုင်တယ်” တဲ့။ (ဟိုးမား) ရဲ့ ခရီးရှည် ကဗျာရှည်ကြီးထဲမှာလဲ Celery ပါခဲ့သေးတယ်။ ဆေးပညာအရ ထောက်ခံချက် ပေးနိုင်တာက ဗီတာမင် K နဲ့ C တွေပါတာ သေခြာတယ်။
• Oysters မုတ်ကောင်ကလဲ နာမယ်ကြီးပါတယ်။ စိတ်ကိုသာမက သုတ်လဲ ပွါးများပါသတဲ့။ အစိမ်းစားရင် ပိုသိသာတယ်၊ သန့်ရှင်းဘို့တော့ မမေ့ပါနဲ့။ စားနည်းလဲ သူများကို မေးပါတဲ့။
• Bananas ငှက်ပျောသီး၊ သူများတိုင်းပြည်တွေမှာက ငှက်ပျောသီးဆို သီးမွှေး အမျိုးအစားသာ သိတာများတယ်။ ဗမာတွေက ကျန်းမာရေးအတွက် ဖီးကြမ်းငှက်ပျောဘဲ ညွှန်းတယ်။ ဂျပန်မှာ ငှက်ပျောသီး Crazy ဖြစ်နေတာ မကြာခင်က ရေးရသေးတယ်။
• Avocado ထောပတ်သီး၊ လိင်စိတ်ကို အားပေးစေချင်သူ ယောက်ျားတွေသာမက အမျိုးသမီးတွေလဲ စားပါတဲ့။ Vitamin K, Potassium, Vitamin B6, Vitamin C တွေ ပါတာ သေခြာတယ်။
• Almonds ဗာဒံစေ့၊ အစေ့-အဆံတွေရဲ့ အစွမ်းကို နှလုံးရောဂါအတွက်ပါ ရေးကြ-ပြောကြတယ်။ ကျား-ဟော်မုန်း ကိုလဲ အားပေးလို့ ဒီအနံ့ပါတဲ့ ဖရောင်းတိုင်းထွန်းပြီး၊ ကုတင်ဘေးမှာ Almonds ပန်းကန် ထားပါတဲ့။
• Mangoes သရက်သီး၊ ဒီအရေး အားပေတာ သေခြာတယ် ပြောတယ်။ LDL (ကိုလက်စထော) ကျစေတယ်။ Manganese, Copper နဲ့ ဗီတာမင် ဘီ ၂ တွေ ပါတယ်။
• Eggs ကြက်ဥ။ ဗမာတွေလဲ ယုံကြ-လက်ခံကြတယ်။ မတူတာက အစိမ်းသောက်တာ ထူးတယ်လို့ သူများတွေက သိပ်မယုံဘူး။ Libido ဒီစိတ်မှာ အရေးပါတဲ့ ဗီတာမင် B5 and B6 တွေ ပါတယ်။
• Liver အသဲ။ ဒီကိစ္စအတွက်တော့ ကျွမ်းကျင်သူများလို ဟုတ်-မဟုတ် မပြောတတ်ဘူး၊ Glutamine ဆိုတဲ့ ခုခံအား၊ သွေးအား ကောင်းတာတွေ ပါတယ်။ ဂေါက်ရောဂါရှိသူအတွက်တော့ မကောင်းဘူး။
• Chocolate ချော့ကလက်။ အကောင်းစားက ကောင်းစေပါသတဲ့။

Q: ဆရာခင်ဗျား Masters and Johnson method ဂျွန်ဆင်နည်းစနစ်၊ Kegel exercises ကြွက်သား လေ့ကျင့်ခန်းများ ဆောင်းပါးထဲက လေ့ကျင့်ခန်းဟာ လိုသလောက် ဆွဲထားနိုင်တဲ့အတွက် သုတ်တွေကို ထိန်းထားသလို ဖြစ်မနေဘူးလား။ သုတ်တွေ အတွင်းမှာ ခဲတာ (သို့) အခြားအန္တရာယ်များ ရှိနိုင်မလား။ သုတ် မထွက်အောင် လက်နဲ့ ဖြစ်ဖြစ် အကြောကို ထောက်ပြီး ပိတ်ထားမိရင်ရော ရောဂါရနိုင်ပါသလား။

A: သုတ်ရည်က အထဲမှာ မခဲနိုင်ပါ။ လက်နဲ့ ပိတ်ထားလို့ မရနိုင်ပါ။ စိတ်နဲ့သာ ထိန်းနိုင်ပါတယ်။ တကယ် လွှတ်ချင်လာရင် အဲဒီစိတ်ကို ထိန်းမရတော့ပါ။ Spinal reflex အလိုအလျှောက်-တုံ့ပြန်မှုကနေ ဖြစ်တာမို့ပါ။ မလွှတ်သေးအောင်တော့ ထိန်းနိုင်ပါတယ်။ ဒါပေမဲ့ ထိန်းတဲ့ကြားက တစက်လောက် ထွက်ရင် ကိုယ်ဝန် ရစေတာမို့ မိသားစု စီမံကိန်းနည်းတွေထဲက သုတ်ရည် ပြင်ပစွန့် ထုတ်နည်းဟာ ၁၅-၂၈% ကိုယ်ဝန်ရတယ်။ လဖက်ရည်ဇွန်း တဝက် (၂့၅ စီစီ) မှာ သုတ် ကောင်ရေ သန်း ၅ဝ ပါတယ်။

သင်ရ-လေ့လာရတဲ့ ဆေးပညာအလိုအရ Professional advice ပေးပါ့မယ်။ ကြိုက်ရင် ယူပေါ့။ လေ့ကျင့်ခန်းရော အစာအာဟာရပါ အန္တရာယ် ဖြစ်စရာ မတွေ့ပါ။ ဒါလုပ်လို့၊ ဒါစားလို့ ပိုကောင်းမယ်လို့ ယုံကြည်မှုကိုနှိုက်က တဝက် ကောင်းနေပြီ မဟုတ်ပါလား။

Fri, May 4, 2012 at 12:23 PM
ဆရာ ရေးသားတဲ့ Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည် စာစောင်မှာ exercises ဘယ်လိုဘယ်ပုံ လုပ်ရလဲဆိုတာ ကျနော် မတွေ့မိပါဘူး။ ကျနော်ပဲ မျက်စိလျှမ်းတာ နေမှာပါ။

• ဆီးသွားနေချိန်မှာ ဆီးမကုန်သေးခင် ရပ်ဘို့ကြိုးစားကြည့်ပါ။ အဲလို ကြိုးစားရင် ညှစ်ရ-တင်းရတဲ့ ကြွက်သားတွေဟာ ဘာတွေလဲလို့ သိလာမယ်။
• အဲဒီ ကြွက်သားတွေကို တကယ် ဆီးမသွားဘဲ နေရင်း၊ ထိုင်ရင်း ညှစ်လိုက်၊ လျှော့လိုက် လုပ်တာဖြစ်ပါတယ်။
• ဒါက အမျိုးသမီးတွေအတွက် အကုန်ပါဘဲ။
• အမျိုးသားတွေဆိုရင်လဲ မကွာပါ။ ကိုယ့်လက်နဲ့ကိုယ် ကိုင်တွယ်လို့ ရတဲ့နေရာတွေကို တင်းချီ-လျှော့ချီ လုပ်နိုင်သေးတယ်။ ဆုပ်နယ်ပြီး သန်မာစေအောင်လဲ လုပ်ပေးနိုင်သေးပါတယ်။

Dr. တင့်ဆွေ
အောင်မြင်ပျော်ရွင်ပါစေ........
http://nyeinchanthu3.blogspot.com/

အမျိုးသမီးများ ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့ အကျင့် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ )


ဆရာရှင့် ကျမ အခု ရောဂါတခု ခံစားနေရလို့ စိတ်ပူလို့ ဆရာ့ကို မေးတာပါ ရင်ဖွင့်တာပါရှင့်။ ကျမ အသက်က ၃၂ နှစ် ရှိပါပြီ။ အပျိုပါရှင့်။ ကျမ

အရမ်းချစ်တဲ့ ချစ်သူတယောက် ရှိပါတယ်။ ပြောချင်တာက ကျမ တခါမှ ယောက်ျားနဲ့ တူတူ
မနေဘူးပါဘူး။ ချစ်သူရှိတယ် ဆိုတာကလည်း သူက အဝေးမှာပါရှင့်။ ကျမမှာ
မကောင်းတဲ့အချက်တခုရှိပါတယ်။ ကျမ လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်ပါတယ်။

ဒါကြောင့် လွန်ခဲ့တဲ့ ၅ နှစ်လောက်တည်းက ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့
အကျင့် ဖြစ်သွားခဲ့ပါတယ်။ ကျမ သွားတိုက်တံ လက်ကိုင်ထူထူနဲ့ဟာမျိုးနဲ့ ၁
နှစ်လောက်ထိ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ကိုယ့်လက်နဲ့ကိုယ်ပဲ
လုပ်ပါတယ်။ မလုပ်ရင်လည်း ကျမ တကယ် မနေနိုင်တော့လို့ပါရှင့်။ အမှန်ဆိုရင်တော့

အဲလိုမျိုးကို မလုပ်ချင်ပါဘူး။ အဲလိုလုပ်တာ အပြစ်ရှိလားရှင့်။ အခု
ကျမပြောချင်တာက ကျမရဲ့ သားအိမ်လို့ထင်ရတဲ့ ဘယ်ဘက်ဆီးခုံ အထက်နားက တခါတခါဆိုရင်
အရမ်းနာပါတယ်။ ဆိုင်ကယ် စီးတဲ့အခါမျိုးမှာလည်း နာပါတယ်။ နောက်ပြီး
လိင်ဆက်ဆံချင်တဲ့စိတ် ဖြစ်ရင် အခုနောက်ပိုင်း ကြောက်လို့ ဘာနဲ့မှ
မလုပ်ဖြစ်ပါဘူးရှင့်။ အဲဒါဆိုလည်း အဲလိုစိတ် ဖြစ်လာတော့လည်း နာပါတယ်ရှင့်။
အဲဒါ ကျမ သားအိမ်မှာ ရောဂါများ ရနေတာလား၊ ကျမ လိင်ဆက်ဆံချင်တဲ့စိတ်က ခဏခဏ
ဖြစ်တာလည်း ရောဂါလားရှင့်။ နောက်ပြီး ကျမ ရည်းစားနဲ့ အိမ်ထောင်ကျခဲ့ရင်ကော ကျမ
အဲလိုမျိုးတွေ လုပ်ခဲ့ဖူးတာ ပြောပြရမှာလားရှင့်။ ကျမကို ဖြေကြားပေးပါရှင့်။

မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်တာနဲ့
ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့အကျင့် ရှိတယ်ဆိုတာ ပုံမှန်စိတ်ဖြစ်တယ်။
အဲလိုမဖြစ်ရင်သာ ဆေးကုဘို့လိုပါတယ်။ ၁၉၅ဝ တုံးက Alfred Kinsey
(အဲလ်ဖရက်-ကင်ဆေး) လုပ်တဲ့ သုတေသနအရ ယောက်ျား ၉၂% နဲ့ မိန်းမ ၆၂% ဟာ
ဘဝတသက်တာမှာ ဖါသာ-အာသာဖြေတာ လုပ်ကြတာကို သိရတယ်။ ၂ဝဝ၇ ခုနှစ် ဗြိတိန်မှာ
လေ့လာမှုလုပ်တော့လဲ အသက် ၁၆ နှစ်ကနေ ၄၄ နှစ်ကြား ယောက်ျား ၉၅% နဲ့ မိန်းမ ၉၁%
လုပ်ဖူးကြတာ သိရတယ်။

၂ဝဝ၉ ခုနှစ်မှာ ဗြိတိန်၊ နယ်သာလင် နဲ့ ဥရောပနိုင်ငံတွေက ဆယ်ကျော်သက်တွေကို
နေ့တိုင်း Masturbation (မာစတာဘေးရှင်း) လုပ်စေဘို့ အားပေးခဲ့တယ်။ Orgasm
(အော်ဂဇင်မ်) လိင်ဆန္ဒပြည့်ဝမှု ဆိုတာ အခွင့်အရေးတရပ် ဖြစ်တယ်လို့တောင် လက်ကမ်း
ကြော်ညာမှာ ပါသေးတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်တခုက Teen pregnancy
ဆယ်ကျော်သက်-ကိုယ်ဝန်ရမှာနဲ့ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေကို ကာကွယ်စေဘို့
ဖြစ်ပါတယ်။ ဒီခေတ်မှာ Safe sex လို့ လူသုံးများလာပြီ။ စိတ်ချရတဲ့
လိင်မှုရေးရာလို့ ပြောချင်တာပါ။ HIV-AIDS ရောဂါ၊ အသဲရောင် ဘီ-စီ တွေပါ
မကူးစက်နိုင်ပါ။

Benefits ကောင်းကျိုးတွေ
• Intercourse တကယ်တန်း လိင်ဆက်ဆံဘို့ အဆင်မပြေချိန်မျိုးမှာ လုပ်နိုင်လို့
တခြားမသင့်တာမျိုး အားကိုးစရာမလိုတဲ့ အစားထိုးနည်းကောင်း ဖြစ်တယ်။
• Masturbation လုပ်တာကြောင့် လိင်ဆက်ဆံရာမှာ Fertility မျိုးပွါးစေရေး
အားပေးတယ်။ ၂ဝဝ၉ ခုနှစ် သြစတြေးလျ လေ့လာမှုတခုအရ နေ့တိုင်း သုက်လွှတ်ခြင်းဟာ
သုက်ပိုး-ကျန်းမာရေးကို အားပေးတယ်။
• Female masturbation အမျိုးသမီးတွေ ဖါသာ-အာသာဖြေတာကြောင့် ဗဂျိုင်းနာ၊
သားအိမ်ဝ နဲ့ သားအိမ်တွေမှာ အပြောင်းအလဲတွေ ဖြစ်စေတယ်။ ဒါတွေကနေ သန္ဓေရစေဘို့
ပိုပြီးအဆင်ပြေစေမယ်။ ကလေးမရလို့ သုက်ပိုးကို အပြင်ကနေ ထည့်ပေးနည်း လုပ်အပြီး
၁-၄၅ မိနစ်အတွင်းမှာ Orgasm ရစေအောင်လုပ်နိုင်ရင် သုက်ပိုးက လိုရာခရီးကို
ကောင်းကောင်းရောက်စေတယ်လို့ သိရတယ်။ မ-မျိုးဥနဲ့တွေ့စေဘို့ ဖြစ်ပါတယ်။
• Female masturbation ကြောင့် သားအိမ်ဝက အချွဲကို အက်စစ်ဓါတ်ပိုစေတာမို့
ရောဂါပိုးဝင်မှာကို အဟန့်အတားပြုရာ ကျတယ်။
• Relieve depression စိတ်ကျတာကို သက်သာစေပြီး၊ Higher sense of self-esteem
ကိုယ့်ကိုယ်ကို ကျေနပ်မှု ပိုစေတယ်လို့ စိတ်ကျန်းမာရေး အရေးအသားတွေမှာ ဖတ်ရမယ်။
• Mutual masturbation ဆိုတာ နှစ်ဦးသား အပြန်အလှန် လိင်စိတ်ဖြေပေးကြတာ
ဖြစ်တယ်။ ဘယ်လိုနေရာကို ဘယ်လို လုပ်တာကို တဖက်သား သဘောကျတယ် ဆိုတာကို
ဖေါ်ထုတ်ပေးမယ်။
• (STDs) လိင်ကတဆင့်-ကူးစက်ရောဂါတွေ ဖြစ်မှာကိုပါ နည်းစေတယ်။
• Masturbation လုပ်ပြီး Sexual climax ရစေတယ်ဆိုရင် Relaxed ကိုယ်ရောစိတ်ပါ
ပြောလျှော့သွားပြီး Contented state ကျေနပ်မှုရစေမယ်။ Drowsiness and sleep
အိပ်ပျော်စေမယ်။
• တချို့ဆရာဝန်တွေက (မာစတာဘေးရှင်း) လုပ်တာဟာ Cardiovascular workout
နှလုံး-သွေးကြောဆိုင်ရာ လေ့ကျင့်ခန်းလို့ ယူဆကြတယ်။ သွေးတိုးကို ကျစေတယ်။
• ကိုယ်ဝန်မရစေဘူး။

Risks ဘာတွေကို ဂရုစိုက်ရမလဲ
• လက်ကို မတိုင်ခင် အသေအခြာ ရေဆေးပါ။ လက်သည်းဖြတ်ထားရမယ်။ လက်မှာ အနာအဆာ
မရှိရဘူး။
• အသုံးပြုတဲ့ ကိရိယာပစ္စည်းကြောင့် ဘေးဖြစ်မှာသတိထားပါ။ ဂျာမနီမှာ တခါက
အမျိုးသမီးတယောက် ခဲတန်က ဆီးအိမ်ထဲ ရောက်နေတာ ဖြစ်ဘူးတယ်။ ဗဂျိုင်းနား နဲ့
ဆီးသွားပေါက် မှားသွားလို့ဖြစ်တယ်။
• စအိုကို ထိကိုင်ရင် ပိုသတိကြီးရမယ်။ စအိုသုံးသူတွေဆိုရင် Latex gloves
(လေးတက်စ်) လက်အိပ်သုံးရမယ်။ ရေကိုအခြေခံလုပ်တဲ့ Lubricant ချောဆီသုံးရမယ်။
စအိုနဲ့ ဗဂျိုင်းနား အပြန်အလှန်လက်သွားတာ မကောင်းဘူး။
• Finger cot (Finger condom) လက်ဖျားထိပ် (ကွန်ဒွမ်) ဆိုတာလဲရှိတယ်။ အထဲမှာ
ကျွတ်ကျန်နေမှာကို သတိထားရတယ်။

Methods နည်းလမ်းတွေ
“ဘယ်နည်းက အကောင်းဆုံးသလဲ မပြောနိုင်ပါ” လို့ Paul Joannides
စိတ်အထူးကုဆရာဝန်က ဆိုပါတယ်။ အများဆုံး သုံးကြတာက (၁) Fingers နဲ့ (၂)
Vibrators ကရိယာဖြစ်တယ်။ အမေရိကားမှာတော့ လေ့လာမှုတခုထဲက “အသက် ၁၈ ကနေ ၆ဝ
နှစ်ကြားရှိ အမျိုးသမီးပေါင်း ၂ဝ၅၆ ယောက်ထဲမှာ တဝက်ကျော်က Vibrator သုံးတယ်”
လို့ Indiana University အင်ဒီယာနာ-တက္ကသိုလ် Center for Sexual Health
Promotion က တွဲဖက်-ဒါရိုက်တာ Debby Herbenick ကဆိုပါတယ်။ သူတို့ဟာ
Masturbation ဖါသာ-အာသာဖြေတာမှာရော Intercourse လိင်ဆက်ဆံရာမှာပါ သုံးကြတယ်။

Fingering လက်ကိုသုံးတဲ့နည်း
• Vaginal fingering ဗဂျိုင်းနာထဲ လက်ချောင်းထည့်ခြင်း ဆေးစကားလဲဖြစ်၊
ဥပဒေသုံးလဲဖြစ်တယ်။ လက်ချောင်း တချောင်း၊ တချောင်းမက ဖြစ်နိုင်တယ်။
လက်တခုလုံးဆိုတာလဲ ရှိသေးတယ်။
• Clitoris မ-အစိ၊ Vulva မိန်းမကိုယ်၊ Vagina (ဗဂျိုင်းနား) တွေကို လက်နဲ့
ပွတ်သပ်တာ၊ ကလိတာ၊ ထိုးသွင်းတာတွေ ပါမယ်။
• ရည်ရွယ်ချက် ၂ ခုရှိတယ်။ Sexual arousal and stimulation လိင်စိတ်ဖြစ်စေ၊
ကဲစေဘို့နဲ့ Orgasm လိင်ဆန္ဒ ပြည့်ဝစေဘို့ ဖြစ်တယ်။
• ဒီလိုလုပ်တာချည်းနဲ့ အဆုံးသပ်တာရှိသလို တကယ့်လိင်ဆက်ဆံမှုရဲ့
အစိတ်အပိုင်းအဖြစ်လဲ Foreplay အစပိုင်းမှာဖြစ်ဖြစ် Sexual activities
ကြားကာလမှာဖြစ်ဖြစ် လုပ်နိုင်တယ်။
• Mutual masturbation နှစ်ယောက်သား အပြန်အလှန် အာသာဖြေပေးတာမှာလဲ
သုံးနိုင်သလို Finger oneself တယောက်ထဲလဲ လုပ်နိုင်တယ်။
• မိန်းမတယောက် Orgasm (အော်ဂဇင်မ်) ရစေဘို့ရာ Massage of the vulva
မိန်းမကိုယ်နေရာကို ပွတ်သပ်ခြင်းနဲ့ အထူးသဖြင့် Clitoris
မ-အစိကိုပွတ်သပ်ခြင်းဟာ အဓိကအရေးပါတယ်။
• Clitoral body မ-အစိကိုယ်ရော Shaft အရင်နေရာပါ သုံးနိုင်တယ်။ အများအားဖြင့်
Skin of the clitoral hood မ-အစိအထက်နေရာ အရေပြားကို ထက်-အောက်၊ ဘယ်-ညာ၊
စက်ဝိုင်းလို ကြိုက်သလို လုပ်နိုင်တယ်။
• Labia မိန်းမကိုယ် နှုတ်ခမ်းသားတွေနဲ့ ကျန်နေရာမှန်သမျှကိုလဲ
အသုံးပြုနိုင်တယ်။

Fingering the vagina (ဗဂျိုင်းနား) ထဲကို လက်ထည့်တာလဲ လုပ်ပါတယ်။
• G-Spot ဆိုတာကို ထိမိစေရတယ်လို့လဲ ပြောကြတယ်။ (ဗဂျိုင်းနား) ရဲ့ရှေ့
(ရှေ့ဆိုတာ ပက်လက်အိပ်နေရင် အပေါ်ကိုပြောတာပါ) ၅ စင်တီမီတာနေရာမှာလို့ ဆိုတယ်။
• A-spot က သူ့ထက် ပိုနက်တဲ့နေရာမှာ ရှိတယ်။
• ဒါပေမဲ့ အဲဒီနေရာတွေ တကယ်ရှိ-မရှိ ငြင်းနေကြဆဲဖြစ်တယ်။
• ကိုယ့်ဖါသာကိုယ်လုပ်သူတွေက ဘယ်နေရာကို ဘယ်လိုလုပ်ရင် ကျေနပ်မှုပိုစေမယ်ဆိုတာ
ကိုယ်တိုင်သိပါတယ်။ ဆရာဝန်မလိုပါ။ သာယာမှုရရင် အရည်ပိုစိုစွပ်လာမှာ အမှန်ပါ။
• G-Spot ejaculation ဆိုတာ ကျေနပ်မှု ကောင်းလွန်းပြီး အရည်ဟာ Urethra
ဆီးထွက်လမ်းကနေ ထွက်တယ်။ Urine ဆီးတော့ မဟုတ်ဘူး။
• အမျိုးသမီးတွေ Orgasm ပြီးတဲ့အခါ ထွက်တဲ့အရည် Female ejaculate ထဲမှာ
Antibodies (အင်တီဘော်ဒီ) တမျိုးပါတယ်။ အဲဒါဟာ ယောက်ျားတွေ Prostate
ဆီးကျိတ်ကထွက်တာနဲ့ အလားတူတယ်။ အတွင်းကျကျအထိ လက်ထည့်ရမှာမို့
လက်ချောင်းသုံးတာကြောင့် A-spot ကိုထိစေဘို့ နည်းတယ်။

Vibrator တုန်ခါမှုရှိတဲ့ ကရိယာနည်း
• (ဗစ်တိုးရီးယား) ခေတ်က Female hysteria အမျိုးသမီး (ဟစ်တီးရီးယား)
ရောဂါကုသနည်း တခုထဲမှာ Masturbation နည်းပါတယ်။ Pelvic massage လို့သာ
ခေါ်သေးတယ်။ ခေတ်ပေါ် Vibrators နဲ့ Sex toys တွေဟာ ၁၉၈ဝ နောက်ကစပြီး ပေါ်ပြူလာ
ဖြစ်လာတယ်။
• ၂ဝဝ၉ လေ့လာမှုတခုအရ အမေရိကားမှာ ၁၈-၆ဝ နှစ်အရွယ်ရှိ ယောက်ျား ၄၆% နဲ့ မိန်းမ
၅၃% ဟာ Vibrator သုံးသတဲ့။
• မိန်းမ ၃ဝ% ကသာ ပုံမှန် ဖိုမ ဆက်ဆံရာကနေ (အော်ဂဇင်မ်) ရတယ်။ အဲဒါအတွက်
Vibrators ကို သုံးဘို့ ဆရာဝန်တွေက ညွှန်တယ်။ Masturbation အတွက်ရော
Intercourse အတွက်ပါ အသုံးခိုင်းတာ ဖြစ်ပါတယ်။
• Clitoral vibrator ဆိုတာ သပ်သပ်လာသေးပေမဲ့ အားလုံးဟာ ဒီနေရာကို
ထိမိစေရတာဖြစ်တယ်။ ဒီဇိုင်းကတော့ အမျိုးမျိုးရှိတယ်။
o G-Spot Vibrator ဆိုတာလဲလာသေးတယ်။ ခပ်ကောက်ကောက်ပုံရှိတယ်။
o Dildo-shaped ဆိုတာ ယောက်ျား-အင်္ဂါပုံအတိုင်း အရွယ်တူ လုပ်ထားတဲ့
ကစားစရာမျိုးဖြစ်တယ်။ Plastic (ပလပ်စတစ်)၊ Silicone (စီဘီကွန်)၊ Rubber
(ရာဘာ)၊ Vinyl (ဗီနိုင်းလ်) နဲ့ Latex (လေးတက်စ်) ပစ္စည်းတွေနဲ့ လုပ်ထားတယ်။
o Waterproof လဲရှိတယ်။ ရေချိုးခန်းမှာ သုံးနိုင်ဘို့ ဖြစ်တယ်။
o Egg-shaped vibrator နဲ့ Rabbit ဆိုတာတွေက ဗဂျိုင်းနာရော (ကလိုက်တောရစ်)
ကိုပါ ထိမိစေဘို့ လုပ်တားတယ်။
• ကနေဒါနိုင်ငံက (တိုရွန်တို) လေ့လာမှုအရ ဖါသာ-အာသော ဖြေရာမှာ (ဘိုင်ဗရေတာ) ကို
အသုံးများရင် တကယ်တန်း ခင်ပွန်း-အဖေါ်နဲ့ဆက်ဆံချိန်မှာ (အော်ဂဇင်မ်) ရတာကို
Desensitize ပြောင်ပြန်အကျိုး သက်ရောက်စေနိုင်တယ်လို့ သတိပေးတယ်။ အဲဒီ ဆရာဝန်က
သူ့လူနာတွေကို (အိုက်စ်ခရင်မ်) ကို နေ့တိုင်း မစားချင်ကြသလို နေသင့်တယ်လို့
အကြံပေးတယ်။ Autonomic nervous system အလိုအလျှောက် သက်ရောက်တဲ့
အာရုံကြောစနစ်က အကျင့်ရသွားစေမယ်လို့ ပြောတာ ဖြစ်ပါတယ်။
• Vibrator သုံးရင် လိင်အင်္ဂါနေရာမှာ နာတာ-ထုံတာ ဖြစ်မလား သတိထားသင့်တယ်။
Herbenick's vibrator survey သုတေသနအရ ၃ဝ% မှာ အဲလိုဖြစ်တယ်။

တခြားနည်းတွေ
• တချို့က Back of a vibrating toothbrush head တုံခါမှု လုပ်ပေးနိုင်တဲ့
သွားတိုက်တံခေါင်းရဲ့ နောက်ဖက်၊
• တချို့က Handle of a hairbrush ခေါင်းဘီး လက်ကိုင်ရိုး၊
• တချို့က Water jets in the bathtub ရေချိုးခန်းက ရေပန်း ထိပ်ဖျား သုံးကြတယ်။
• တခြားနည်းနာတွေလဲ ရှိမှာပါ။

ရောဂါမဟုတ်ပါ
• မိန်းကလေးတွေလဲ ယောက်ျားလေးတွေလိုဘဲ ဖါသာအာသာဖြေဖျောက်တာလုပ်မိတာကို Feel
guilty အပြစ်လုပ်သလို ခံစားတတ်ကြတယ်။ Sex therapists လိင်အထူးကု
ဆရာဝန်တွေကတော့ အဲလို မထင်မြင်သင့်ဘူးလို့ ဆိုပါတယ်။
• Mood စိတ်မူ၊ Spirits စိတ်ဓါတ် တက်စေမယ်။ စိတ်ကျနေသူတွေကို သက်သာရာ ရစေမယ်။
Solo sex တယောက်ထဲစခန်းသွားတာမို့ ကိုယ့်အဖေါ် ဘယ်လိုနေမလဲ ဆိုတာ
စိတ်ကူးထည့်စရာလဲ မလိုဘူး။
• အဲလိုလုပ်တာဟာ ကိုယ့် ခင်ပွန်း-အဖေါ်ကို မချစ်လို့လဲ မဟုတ်ဘူး။
ကိုယ့်အတွက်ကိုယ်လုပ်တာသာဖြစ်
တယ်။ သူနဲ့နေတဲ့အခါမှာလဲ ပိုပြီးသာလွန်ကောင်းမွန်စေနိုင်

သေးတယ်။
သူ့ကိုကိုယ်ကနေ ဘယ်လိုကဘယ်လိုဆိုတာ ဆရာလုပ်နိုင်တယ်။
• ယောက်ျားနဲ့နေလို့ (အော်ဂဇင်မ်) မရတတ်သူတွေ ဒီနည်းနဲ့ကူနိုင်တယ်။
Lubrication စိုစွပ်မှု၊ Desire ဆန္ဒဖြစ်ပေါ်မှု၊ Arousal စိတ်နိုးထမှု နဲ့ Orgasm
(အော်ဂဇင်မ်) တွေမျာ ပိုကောင်းစေတယ်။
• Pain နာတတ်တာလဲ သက်သာစေမယ်။ မနာတတ်သူတွေလဲ သုံးကြတာပါဘဲ။
• သိတဲ့အတိုင်း အမျိုးသမီးများဟာ စိုးရိမ်မှုများတတ်တယ်၊ ဖိစီးမှုများတတ်တယ်။
ဒါ့ကြောင့် စိတ်ဖြေလျှော့ပေးဘို ပိုလိုမယ်။ (မာစတာဘေးရှင်း) ကနေ ကူညီနိုင်တယ်။
• Migraine (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ ရှိသူတွေကိုလဲ သက်သာရာ
ရစေနိုင်တယ်။ ခပ်ရှားရှား တချို့လူနာတွေမှာ (အော်ဂဇင်မ်) ကနေ (မိုင်ဂရင်း)
ထတတ်တယ်။
• Menstrual cramps ရာသီလာရင်နာတာ နဲ့ Premenstrual syndrome (PMS) ရာသီအလာခင်
ဖြစ်ချင်တာတွေ ကိုပါ သက်သာစေမယ်။ From:ဒေါက်တာ တင့်ဆွေ
အဆင်ပြေအောင်မြင်ပါစေ......
http://nyeinchanthu3.blogspot.com/

Virginity fraud အပျိုရည် ပျက်ခြင်း(အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ )


မိန်း ကလေး တယောက် ကနေ အကျိုးတခုခုကို မျှော် ကိုးပြီး မမှန်ဘဲနဲ့ အပျိုစစ် ပါတယ်လို့ ပြောလိုက် တာကို Virginity fraud အပျိုရည်- လိမ် တယ်၊ Virginity lie အပျိုရည်-မုသား နဲ့ Chastity fraud အဗြဟ္မစရိယ-အ ကျင့် လို့လဲ ခေါ် တယ်။

Paternity fraud မိဖ မစစ်ဘူးဆိုတာလိုဘဲ ဒီ အယူအ ဆဟာလဲ ငြင်းခုန်စရာ တခုပါဘဲ။ အပျို စစ်-မစစ်ရဲ့ Definition အဓိပ္ပါယ်ဖွင့်မှု နဲ့ Importance အရေးပါမှု ဆိုတာကို လူ့အသိုင်း အဝိုင်းမှာ တသဘော ထဲ မရှိပါ။ Sexual double standard ကျား-မ နှစ်ခွအမြင် ရှိတာနဲ့ မရှိတာမှာ ကွာကြ တယ်။

Female virginity အပျိုစစ်မှုကို

1. Hymen အပျိုမြှေး ရှိတာ-မရှိတာနဲ့ တိုင်းမလား။
2. Philosophical criteria ဒဿနိက-သတ်မှတ်ချက်ကော ထားမလား။

လူမှုအသိုင်းအဝိုင်းတွေက မတူကြပါ။ Rape victim အဓမ္မပြုကျင့်ခံရသူမျိုးကို အကဲဖြတ်တာတော့ တူကြတာ များပါတယ်။ မိန်းကလေး တယောက် Boyfriend ယောက်ျားလေးအဖေါ် ထားပြီဆိုကတည်းက (လိင်ဆက်ဆံမှု မရှိအုံးတော့) တန်ဘိုး သတ်မှတ်မှုမှာ အမှတ် လျော့ခံရပြီ။ Lesbian sexual activity မိန်းကလေးချင်းချင်း လိင်ကိစ္စထိ ရောက်ကြအုံးတော့ စောစောက မိန်းကလေးလောက် အမှတ် မလျှော့တတ်ဘူး။

ရှေးခေတ်လို့ ပြောရမယ်၊ ခုခေတ်လဲ ရှိတော့ ရှိသေးတာပါ၊ မင်္ဂလာဦးညမှာ အိပ်ယာခင်း၊ အဝတ်အစားမယ် ကညာမြှေးစုတ်လို့ ထွက်တဲ့ သွေးစွန်းတာ လက်တွေ့ မြင်ရမှသာ သတို့သမီးဟာ အပျိုစစ်ခဲ့ပါတယ် ဆိုတာရဲ့ Proof သက်သေခံ ဖြစ်တယ်။ ဒီအချက်ကို Marriage contract မင်္ဂလာဆောင် (ကန်ထရိုက်) စာချုပ်ကတည်းက တည့်ထားတတ်တယ်။ ဘယ်ရမလဲ လူဆိုတာ ကြံရည်-ဖန်ရည် ရှိတယ် မဟုတ်လား။ ခေတ်လူတွေမှ တော်ကြတယ် မထင်ပါနဲ့။ Techniques to simulate the bleeding သွေးအတု လုပ်နည်းတို့ Physical sensation of rupture စုတ်ပြဲသွားလို့ နာကျင်မှု အယောင်ဆောင်တို့ ဆိုတာတွေလဲ ရှေးကတည်းက ရှိနေခဲ့ပါတယ်။

Methods of detection ဘယ်လို စမ်းသပ်မလဲ -

1. Hymen restoration surgery အပျိုမြှေးကို ခွဲစိတ်ကုသပြီး ပြန်လုပ်ပေးထားသလား။ Vagina's general state of elasticity ပုံမှန်ရှိအပ်တဲ့ (ဗဂျိုင်းနား) ရဲ့ ကြုံ့နိုင်-ဆန့်နိုင်စွမ်း ရှိသလား-မရှိဘူးလား ဆိုတာတွေ စစ်တာကို လူမျိုးစု အတော်များများမှာ ဆရာဝန်တွေက လုပ်ရတာတော့ မဟုတ်ပါ။ အများလက်ခံတဲ့ အမျိုးလဲတော်တဲ့ အမျိုးသမီးကြီး တဦးဦးကနေ လုပ်ရပါတယ်။ နောက်ပိုင်းမှာတော့ ဆရာဝန်တွေကို သုံးလာတာလဲ ရှိပါတယ်။ ဆေးလက်မှတ် ထုတ်ပေးဘို့ လိုတတ်လို့ပါ။

2. ဆရာဝန်နဲ့ မလုံလောက်ရင် "စုံထောက်" အားကိုးကြတာလဲ ရှိတယ်။ Private detective တွေက မိန်းကလေးရဲ့ သမီးရည်းစားထား သမိုင်း ပြန်လှန်မယ်။ သွားဘူး-လာဘူးတဲ့ ဆေးရုံ-ဆေးခန်းတွေ လိုက်စုံစမ်းမယ်။ မပေါ်ပေါ်အောင် ဖေါ်မယ်။

အနောက်နိုင်ငံတွေမှာ Hymen replacement surgery အပျိုမြှေးပြန်လုပ်ပေးတာကို ဝေဖန်လာကြတယ်။ Medically unnecessary ဆေးပညာအရ မလိုအပ်ဘူးတဲ့။ လူတွေ အဲလို လိုက်လုပ်ကြတဲ့ Social practices အလေ့အထက မကောင်းဘူးလို့ ပြောတယ်။ သိတဲ့အတိုင်း ဒီနည်းကြောင့် အပျိုမဟုတ်သူတွေက အပျိုတု လုပ်လာပါတယ်။

ပြဿနာ များတာက မွတ်ဆလင်တွေမှာ ဖြစ်မယ်။ ၂ဝဝ၆ တုံးက ပြင်သစ်နိုင်ငံ Lille မှာနေတဲ့ သတို့သားက သူ့ သတို့သမီးကို အပျိုမစစ်လို့ မယူတော့ဘူး ငြင်းခဲ့တယ်။ မိန်းကလေးကလဲ စစ်ပါတယ်ပြောပေမဲ့ အယူခံ မတက်တော့ ယောက်ျားလုပ်သူက အနိုင်ရလိုက်တယ်။

၂ဝဝ၉ ရောက်တော့ မီဒီယာ အာရုံစိုက်မှုများတဲ့ကြားကနေ တရားရေးဝန်ကြီး Rachida Dati က အစိုးရကို အယူခံဘို့ အမိန့်ချလိုက်တယ်။ အယူခံတရားရုံးက အရင်အမိန့်ကို ပြောင်းပြန်လုပ်လိုက်တယ်။ လက်ထပ်တာမှာ အပျို စစ်-မစစ်ဟာ Essential condition မရှိမဖြစ် လိုအပ်ချက် မဟုတ်လို့ ချမှတ်ထာ ဖြစ်တယ်။

မိန်းကလေးက မုသားဆိုအုံးတော့ အိမ်ထောင်သည်ဘဝအတွက် အပျိုရည်ပျက်လဲ ကိစ္စမရှိဘူးတဲ့။ သူ့အတိတ်ဟာ အတိတ်ဘဲတဲ့။

Dr. တင့်ဆွေ
အောင်မြင်ပျော်ရွင်ပါစေ.....