Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label Funny. Show all posts
Showing posts with label Funny. Show all posts

စေတနာ ထားတတ်ပုံ (ဟာသ)


လူတစ်ယောက်ဆီကို သေမင်းရောက်လာပီး ယခုလို စကားဆိုပါတယ်။

"မိတ်ဆွေ၊ ဒီနေ့ဟာ မင်းလူ့လောကကို စွန့်ခွာရမယ့်အချိန်ပဲ"

ဒါနဲ့ ယင်းလူသားဟာ "ဟင့်အင်း။ ကျနော် အဆင်သင့်မဖြစ်သေးဘူး" လို့ ပြန်ပြောပါတယ်။

ဒီတော့ သေမင်းက "မတတ်နိုင်ဘူး။ မိတ်ဆွေရဲ့ အမည်က ထိပ်ဆုံးမှာပဲလေ" လို့ဆိုပါတယ်။

ဒါကြောင့် လူသားက သေမင်းကို ယခုလို မျက်နှာချိုသွေးပြီး ဧည့်ခံစကား ဆိုပါတယ်။

"ဟုတ်ပြီလေ။ ဒါနဲ့ ခဏစောင့်ပါအုံး။ ထိုင်ခုံမှာ အေးဆေးထိုင်ပါအုံးဗျာ။ လူကြီးမင်းကို ကျနော်ပြုစုချင်သေးလို့ပါ"

ဒါနဲ့ သေမင်းကလည်း ထိုင်ခုံမှာထိုင်ပြီး လူသား ကျွေးသမျှ မုန့်၊အစားအစာ များကို စားသုံးပါတယ်။  အချိုရည်ထဲမှာ အိပ်ဆေးတစ်လုံး ထည့်ထားလိုက်ပါတယ်။ ဒါကြောင့် အိပ်ဆေးမိတဲ့ သေမင်းဟာ အိပ်ပျော်သွားပါတယ်။

ဒါနဲ့ လူသားက သေမင်းရဲ့  စာအုပ်ကို ယူပြီး သူ့နာမည်ကို ဖျက်လိုက်ပါတယ်။ ပြီးတော့ အောက်ဆုံးမှာ ပြန်ထည့်ရေးလိုက် ပါတယ်။

နောက်တော့ သေမင်းက အိပ်ယာက နိုးလာပြီး ယခုလို စကားဆိုပါတယ်။

"မိတ်ဆွေဟာ ကျနော့အပေါ် အင်မတန်ကောင်းမွန်တဲ့ လူသားပဲ။ ဒါကြောင့် စာရင်းကို အောက်ကနေပဲ စကောက်ပါတော့မယ်"
.
Ref:everyjoke

အဆောင်ကျောင်းသားများ မိဘထံမှ ပိုက်ဆံတောင်းနည်း ဗျူဟာ



အဆောင်ကျောင်းသားများ မိဘထံမှ ပိုက်ဆံတောင်းနည်း ဗျူဟာ  :P



ခြင်္သေပုံ
============

မြို့မှာ ကျောင်းသွားတက်နေတဲ့ သားဖြစ်သူက၊ နယ်မှာနေတဲ့ သူ့အဖေဆီကို ဖုန်းဆက်နေတယ်။

သာကြောင်းမာကြောင်း ပြောပြီးတဲ့အခါ သားဖြစ်သူက မေးတယ်... ...

"ဒါနဲ့ စကားမစပ်၊ တစ်ထောင်တန်ပေါ်မှာ ခြင်္သေ့ပုံ
ရိုက်ထားတုန်းပဲလား အဖေ"

"အေးပေါ့ကွ၊ ဘာလို့မေးတာလဲ"

"အော်... မမြင်ရတာကြာတော့ ပြောင်းများ သွားပလားလို့ပါ"

ဒီတော့မှ အဖေလုပ်သူလည်း သဘောပေါက်သွားပြီး... ...

"အောင်မယ်၊ ခွေးမသား၊ ပိုက်ဆံပို့ပါအုံးအဖေဆို ပြီးတာကိုများ"

သန်းကို၎

Shan News


ခြင်္သေပုံ
============

မြို့မှာ ကျောင်းသွားတက်နေတဲ့ သားဖြစ်သူက၊ နယ်မှာနေတဲ့ သူ့အဖေဆီကို ဖုန်းဆက်နေတယ်။

သာကြောင်းမာကြောင်း ပြောပြီးတဲ့အခါ သားဖြစ်သူက မေးတယ်... ...

"ဒါနဲ့ စကားမစပ်၊ တစ်ထောင်တန်ပေါ်မှာ ခြင်္သေ့ပုံ
ရိုက်ထားတုန်းပဲလား အဖေ"

"အေးပေါ့ကွ၊ ဘာလို့မေးတာလဲ"

"အော်... မမြင်ရတာကြာတော့ ပြောင်းများ သွားပလားလို့ပါ"

ဒီတော့မှ အဖေလုပ်သူလည်း သဘောပေါက်သွားပြီး... ...

"အောင်မယ်၊ ခွေးမသား၊ ပိုက်ဆံပို့ပါအုံးအဖေဆို ပြီးတာကိုများ"

သန်းကို၎

Shan News
ပျော်ရွင်ကြပါစေ.....

ယောင်္ကျားလေးများ ရေတိမ်မနစ်စေဖို့ ........ဆောင်ရန် နဲ့ ရှောင်ရန်

 မိန်းကလေးများ၏ အယုံသွင်းစကားများကြောင့်သင့်ဘ
ဝ ရေတိမ်မနှစ်ပါစေနှင့် ..... ယောက်ျားလေးနဲ့ မိန်းကလေး ချစ်ကြိုက်ကြပြီဆိုရင် မိန်းကလေးတွေဟာယောက်ကျားလေးတွေ ကို အယုံ သွင်းတတ်ကြပါတယ်။ မိန်းကလေးတွေဟာယောက်ကျားလေးတွေရဲ့ ခန္ဓာကိုယ်ကို ရဖို့ဆိုရင် နည်းမျိုးစုံပြောဆိုတတ်ကြပါတယ်။ အဲလိုမျိုး စကားတွေကို ယောက်ကျားလေးတွေရှောင်နိုင်ရအောင်လို့ မျှဝေ ပေးလိုက်ပါတယ်။ ၁။ မောင် ချစ်ဘယ်လိုမှ မနေနိုင်လို့ပါလို့ သင်ကောင်မလေးကများပြောလာခဲ့ရင် သင်ပြန်ပြောရမဲ့ စကားက တစ်ခွန်းထဲပါ။မင်းခေါ်တိုင်းလိုက်ရရင်အောင် ငါကိုဘယ်လိုကောင်များ မှတ်နေလဲလို့ပြတ်ပြတ်သားသား ငြင်းလွှတ်လိုက်ပါ။ ဒါမှ သင်ဘဝ ရေမရှိတဲ့ ချောင်းမှာနှာခေါင်းမနှစ်တော့ မှာပါ။ ၂။ နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ် စကားပြောချင်လို့ပါ လို့ပြောလာခဲ့ရင်ဘယ်တော့မှ မလိုက်ပါနှင့် သင်ဘဝ သူများတံတွေးခွက်မှာမှောက်ရက်ေ မျှာသွားပါလိမ့်မည်။ လူမြင်ကွင်းတွင် လည်းလွတ်လွတ်လပ်လပ်ပြောဆို၍ ရပါသည်။ သင်ကို လိမ်ညာခေါ်ဆောင်နေသည် ကိုသတိပြုမိပါစေ။ ၃။ မောင်ကို တကယ်ချစ်တာပါ၊ အရမ်းလည်းတန်ဖိုးထားပါတယ် လို့ပြောဆိုလာလျှင်တကယ်ချစ်မချစ်ဆိုတာ နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ်တွေ့ရုံနှင့် သက်သေပြသည်မဟုတ်ပါ။ အချိန်တွေက အချစ်ကို တန်ဖိုးထားမထား ဆိုတာအလိုလိုပေါ်လာပါလိမ့်မည်။ ပါးစပ်က ပြောနေသည်ထက် နှလုံးသားကပြောသည်ကမှပိုလေးနက်ပါလိမ့်မည်။ ၄။ ချစ် ကိုတကယ်ချစ်တာဆိုရင် အလိုလိုက်မှာပါနော်ဟု ပတ်ချွှဲနှပ်ချွှဲပြောနေတဲ့ စကားမျိုးကို မယုံကြည်မိပါစေနှင့်။ သင်ကို အပြစ်မကင်းသလိုခံစားရအောင် ပြောတဲ့စကားမျိုးပါ။ အချစ်ဆိုတာ ကိုခုတုံးလုပ်ပြီးမိန်းကလေးတွေ အယုံသွင်းတာ ကို သင်သတိကြီးစွာ ထားကာမှ သင့်ဘဝတန်ကာကျပေလိမ့်ပါမည်။ ၅။ ချစ်နဲ့မောင်ရဲ့ ချစ်ခြင်းက ပိုလေးနက်လာမှာပါလို့ သင်ရဲ့စောင့်စည်းထိမ်းသိမ်းလာတဲ့  အချစ်နဲ့ သိက္ခာကို ထင်ယောင်ထင်မှားဖြစ်အောင်ပြောဆိုပြီး သင်ရဲ့ အချစ်ကမလေးနက်ဘူးထင်လာအောင်ဖျားယောင်းနေခြင်းကိုသင်ရှောင်ကျဉ်နိုင်အောင် ထိန်းသိမ်း နိုင်ပါစေ။ ၆။ မောင်ကလဲ သူများတွေလဲ ဒီလိုပဲနေကြတာပဲ လို့ပြောဆိုလာလျှင်သူများကတာနဲ့ သင်ကို ကိုင်ပေါက်လာပြီဆိုလျှင်တော့ အဲလိုအလွယ်တကူခေါင်းညိမ့်တတ်တဲ့ သူများ တွေဆီပဲ သွားနေလိုက်တော့ ၊ငါနဲ့လာမပတ်သတ်နဲ့တော့ ဟု ယောက်ကျားမာန နှင့် ရဲရဲသာ ပြောပလိုက်ပါ။ ၇။ ချစ် ဘယ်သူကိုမှ မပြောပါဘူး၊ ချစ်ကိုယုံပါ မောင်နဲ့ချစ် ကလွဲလို့တစ်ခြားဘယ်သူကိုမှ မပြောပါဘူး ဟုပြောလာလျှင် အဲဒီ အချိန်ကာလလေးတစ်ခုအတွက်တော့ ဖြစ်ချင်ဖြစ်ပေလိမ့်မည်။ ချစ်စိတ်မွှန်နေတဲ့ အချိန်မှာမှန်နိုင်ပေမဲ့ အဲဒါတွေ ပြီးတဲ့နောက်မှာတော့ သူတို့မိန်းကလေးတွေကြားထဲပြောေ နပေလိမ့်မည်။ ငါမောင် ကိုဘယ်လိုလိမ့်ပြီးခေါ်သွားတာလေလို့သူအစွမ်းကို ထုတ်ပြောနေပေလိမ့်မည်။ အင်း အဓိကပြောချင်တာကတော့ အခုခေတ်ယောက်ကျားလေးတွေကို ယောက်ကျားသိက္ခာနဲ့လူပျိုဘဝကို တန်ဖိုးထားစေ ချင်လို့ပါ။ အနောက်တိုင်းယဉ်ကျေးမှုတွေလွမ်း မိုးလာတဲ့နောက်မှာ ယောက်ကျားလေးတွေဟာ သိပ်ပြီးမထူးဆန်းတဲ့ကိစ္စလို့ထင်လာမှာ ဆိုးလို့ပါ။ ယောက်ကျားလေး ဘဝဆိုတာ ကျောက်ပျဉ် ပေါ်က ကြက်ဥ ဖြစ်နေလို့ ကိုယ်ကိုယ်တန်ဖိုးထားစေချင်တဲ့ စေတနာနဲ့ပါ။ လူရှေ့သူရှေ့တောင် မရှောင် ယိုသူမရှက်မြင်သူ ကြည်နေတဲ့ အချိန်မှာ သင်ကို ဆိတ်ကွယ်ရာ ခေါ်ဆောင်သွားပြီဆိုရင်တော့ဘုရားသာ တပေတော့လို့သာပြော ချင်ပါတယ်။ အခုစာလေးက အမည်မသိ စာရေးဆရာကြီးတစ်ဦးရဲ့ စာစုလေးကို အတိုချုံပြီးအသိပေးလိုက်တာ ပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ အရွယ်ရောက်ပြီးယောက်ကျားလေးတိုင်း ဖတ်ရှု့ လိုက်နာသင့်ပါတယ်။ .ပျော်ပြီးရင်ပျော် 
by Chit Nyi Lay
  အဆင်ပြေပါစေ....

Create a funny custom Message Box !

ကလေးကလားတော့ နဲနဲ ဆန်တယ်ဗျာ။ သဘောကျစရာတော့ အတော်ကောင်းတယ်။ ကျွန်တော်တို့ 

windows ပေါ်မှာ ကိုယ်ပိုင် ဖန်တည်းထားတဲ့ message box လေး ပေါ်လာအောင်လုပ်နည်းပါ။ ဒီလိုဗျာ .. 


အဲလို message box သဘောမျိုးပေါ့။ စာလေးတစ်ကြောင်းရေးလိုက်ရုံနဲ့ ပေါ်စေတာပေါ့ဗျာ။ vbs လို့ခေါ်တဲ့ Visual Basic Script ပေါ့။ လွယ်လွယ်လေးပါဗျာ။ Notepad ထဲမှာရေးလိုက်ရုံပါ။
မြှားနဲ့ ပြထားတာတွေကတော့ အဲဒီ function ကို ဘယ်လိုဖွဲ့စည်းထားသလဲပေါ့။ function name ဖြစ်တဲ့ msgbox ဆိုတာကတော့ မဖြစ်မနေပါရမှာပေါ့ဗျာ။ သူ့နောက်က " .." ကြားက စာသားကတော့ ကိုယ်ပေါ်ချင်တဲ့ဟာပေါ့။ 64 ဆိုတာကတော့ အမျိုးအစားပေါ့ဗျာ။ Error Box, Warning Box, Information Box စတာတွေပေါ့။ 64 ဆိုတာကတော့ Information Box အမျိုးအစားလို့ပြောလိုက်တာပေါ့ဗျာ။ နောက်ဆုံးက ဟာကတော့ message box ရဲ့ ခေါင်းစဉ်ပေါ့ဗျာ။ အဲလိုရေးပြီးတဲ့နောက် ကျွန်တော်တို့က file >> Save as ကနေ သိမ်းရမယ်။

သိမ်းတဲ့အခါမှာ အရေးကြီးဆုံးအချက်တွေကတော့ ..
  ၁။  filename ရဲ့နောက်မှာ .vbs ဆိုပီးextension ထည့်ပေးရမယ်။ 
  ၂။  Save as type မှာ All Files ကိုရွေးရမယ်။
  ၃။  Encoding မှာတော့ ကျွန်တော်တို့က မြန်မာစာလုံးပေါ်ချင်တဲ့  အတွက် Unicode လို့ ရွေးရမယ်။ တကယ်လို့   unicode မဟုတ်တဲ့စာတွေဆိုရင်တော့ သူ့မူရင်းအတိုင်းထားလိုက်ရုံပါပဲဗျာ။
အားလုံးရွေးပြီးတဲ့အခါ ကျွန်တော်တို့ Save ကို click ပါမယ်။ အဲဒါဆိုရင်တော့ အောက်ကပုံလေးအတိုင်း file တစ်ခုရမှာ ဖြစ်ပါတယ်။

အဲဒီဖိုင်ကို ဖွင့်ကြည့်လိုက်ရင်တော့ .. ကျွန်တော်တို့ ကိုယ်ပိုင်ရေးထားတဲ့ Message Box လေးပေါ်လာမှာ ဖြစ်ပါတယ်။ source file ကတော ဒီမှာပါ ။
Message Box အမျိုးအစားတွေကတော့ အောက်မှာပါ ..။ 64 ဆိုတဲ့နေရာကို အစားထိုးလို့ရတဲ့ number တွေဖြစ်ပါတယ်။
  • 0 = vbOKOnly - OK button only
  • 1 = vbOKCancel - OK and Cancel buttons
  • 2 = vbAbortRetryIgnore - Abort, Retry, and Ignore buttons
  • 3 = vbYesNoCancel - Yes, No, and Cancel buttons
  • 4 = vbYesNo - Yes and No buttons
  • 5 = vbRetryCancel - Retry and Cancel buttons
  • 16 = vbCritical - Critical Message icon
  • 32 = vbQuestion - Warning Query icon
  • 48 = vbExclamation - Warning Message icon
  • 64 = vbInformation - Information Message icon
  • 0 = vbDefaultButton1 - First button is default
  • 256 = vbDefaultButton2 - Second button is default
  • 512 = vbDefaultButton3 - Third button is default
  • 768 = vbDefaultButton4 - Fourth button is default
  • 0 = vbApplicationModal - Application modal
ကဲဗျာ ပိုပြီး ရှုပ်ထွေးတဲ့ ဟာလေး တစ်ခုလောက်လုပ်ရအောင်ဗျာ။ Do u remember me? ဆိုတာမျိုးလေးပေါ့။ 
No ဆိုပြီး နှိပ်ရင်တော့ .. အောက်က message box ထပ်ပေါ်လာမှာ ဖြစ်ပါတယ်။ Yes လို့ မပြော မချင်း ပေါ်နေမှာပါ။
Yes ကို နှိပ်လိုက်မှသာ .. အောက်က box ပေါ်လာပြီး close သွားမှာဖြစ်ပါတယ်။
x=msgbox("သတိရရဲ့လား ?",4,"ကဲ .. ပြော")
If x<>6 Then    
Do 
    x=msgbox("သတိမရဘူးဆိုရင် ဆက်ပေါ်လာမယ်နော်",4,"ကဲ ..  ပြော")
Loop While x<>6
End If
If x=6 Then
    msgbox "၀န်ခံရပြီပေါ့ကွာ..",,"Yep!"
End If
အထက်က code လေးကို ယူပြီးလုပ်ကြည့်ကြည့်ဗျ။
အဆင်ပြေပျော်ရွင်ကြပါစေဗျာ

သယ်ရင်းတို့ အပျင်းပြေအောင်စကားပြောပေးမဲ့ကောင်လေးပါ.. (မဆဲနဲ့ နော်သူ့ ကို)


ဒီဆော့ဝဲလေးက ဖုန်းအတွက်သာမဟုတ်ပဲ  ကွန်ပျုတာမှာလည်း သုံးလို့ ရပါတယ်

အပျင်းပြေ အပြန်အလှန် စကားပြောလို့ ရပါတယ် ။ သိချင်တာလည်း မေးလို့ ရ၏

မေးချင်ရာမေး ဖြေချင်ရာဖြေတယ် ရီလည်း၇ီရ စိတ်လည်းတိုရပေါ့ သွားပြီးတော့

ဆဲရင် ပြန်ဆဲတယ်ဗျာ ။ ကျွန်တော် အခုပဲပြောလာတာ တော်တော်မိုက်တယ်... စမ်းကြည့်ပါ... တစ်နေကုန် ပင်ပန်းထားသမျှ ဒီကောင့်နဲ့ စကားပြောတာ နဲ့ ပင်ပန်းသမျှတွေပြေတယ်ဗျ...ဖုန်းမှာမထည့်ခင် ကွန်ပျုတာမှာလည်း စမ်းကြည့်လိုက်ပါ

တကယ်ပျော်ရတယ် ။ ဖုန်းမှာထည့်သုံးချင်ရင် Gplay မှာယူလို့ ရပါတယ် ။

ကွန်ပျုတာမှာစမ်းချင်ရင် ဒီမှာ ဒီလင့်ကနေသွားပြောလို့ရတယ်.. http://www.simsimi.com/talk.htm
 Android Phone မှာထည့်ချင်ရင် ဒီမှာhttps://play.google.com/store/apps/details?id=com.ismaker.android.simsimi&feature=search_result#?t=W251bGwsMSwxLDEsImNvbS5pc21ha2VyLmFuZHJvaWQuc2ltc2ltaSJd
 ဘော်ဒါတွေအားလုံးကိုပျော်စေချင်လို့ပါ.....
အဆင်ပြေအောင်မြင်ပါစေဗျာ....
 

Click တစ်ချက်နှိပ်လိုက်တာနဲ့ စကြ၀ဠာကြီးတစ်ခုလုံး သင့်ရှေ့မှောက် ဒူးထောက်လာလိမ့်မယ်

ဒီနေ့တော့ .. အပျင်းပြေပေါ့ဗျာ .. 
အင်တာနက်သုံးနေရင်း ဗဟုသုတလည်းရ အသစ်အဆန်းလေးတွေလည်း
လေ့လာနိုင်မယ့် Website လေးတစ်ခုကို မိတ်ဆက်ပေးပါမယ် ..
အဲဒီ Website မှာ ကျွန်တော်တို့နေထိုင်တဲ့ စကြ၀ဠာကြီးတစ်ခုလုံးအကြောင်းကို
စိတ်ဝင်စားစရာလေ့လာနိုင်မှာ ဖြစ်ပါတယ် ... 
စကြ၀ဠာကြီးကို အဝေးတစ်နေရာကနေ လှမ်းကြည့်လို့ မြင်ရမယ့် အနေအထားကနေ
တဖြည်းဖြည်း စကြ၀ဠာထဲ တိုးတိုးပြီးဝင်သွားလိုက်တာ .. လမ်းတလျှောက်မှာရှိတဲ့
ဂြိုလ်တွေအကြောင်းကိုလည်း လေ့လာမှတ်သားသွားနိုင်ပါတယ် ..


အဲဒီလို တဖြည်းဖြည်းတိုးဝင်သွားရင်းနဲ့ ဘယ်လောက်ထိအောင် လေ့လာခွင့်ရမလဲဆိုရင်
မိုက်ခရိုစကုပ်နဲ့တောင် ကြည့်လို့မရတော့လောက်အောင် သေးငယ်တဲ့ အခြေအနေအထိရှိတဲ့
အရာတွေအကြောင်းကိုပါ လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် .. 
ကျွန်တော်တောင် ခဏတဖြုတ်ဆိုပြီး ၀င်ကြည့်လိုက်တာ နေ့တစ်ပိုင်းလောက်
အချိန်ကုန်သွားတယ်ဗျို့ ..
အဲ .. ကျွန်တော်လေ့လာခဲ့တဲ့ထဲက တစ်ခုအကြောင်းကို အမြည်းသဘော ပြောပြမယ်နော်
ကျွန်တော်က လူအကြောင်းကို ဗဟုသုတဖြစ် မှတ်သားခဲ့တာပါ ..

ကမ္ဘာဂြိုလ်ပေါ်မှာ လူဦးရေဟာ သန်းပေါင်းခုနစ်ထောင်ကျော်ရှိပါတယ်တဲ့
ကျွန်တော်တို့ဟာ တစ်စက္ကန့်ကို လူတစ်ယောက်နှုန်းနဲ့ တွေ့ဆုံလိုက်မယ်ဆိုရင်တောင်
ပထမဆုံးတွေ့ဆုံခဲ့တဲ့လူကို ဒုတိယတစ်ကြိမ်ပြန်ဆုံဖို့ နှစ်ပေါင်းနှစ်ရာကျော် ကြာမယ်လို့
ဆိုပါတယ် ...

အဲဒီလိုပေါ့ဗျာ .. အများကြီးမှ အများကြီးပါ .. လေ့လာလို့လည်း ကုန်ပါ့မလားမသိဘူး ..
စက်ြဝဠာကြီးတစ်ခုလုံးအကြောင်းဆိုတော့လေ ..
ကဲ .. သွားရောက်လေ့လာကြည့်ချင်တယ်ဆိုရင်တော့ ..http://htwins.net/scale2/အခုပေးထားတဲ့လင့်ကနေသွားလိုက်ပါ။
အောက်ကပုံအတိုင်း Website ကိုရောက်သွားပါ့မယ် .. 


အဲဒီမှာ Loading ကို ပြည်အောင်စောင့်ပေးလိုက်ပါ ..
Loading ပြည့်သွားရင် Start ဆိုတာပေါ်လာပါမယ် .. Start ကိုနှိပ်လိုက်ရင်
အောက်ကပုံအတိုင်း စကြ၀ဠာခရီးစဉ်ကြီး စတင်ရုံပါပဲ ..



မောက်မှာပါတဲ့ Scroll ဘီးလေးကို ရှေ့တိုးနောက်ဆုတ်လုပ်ပြီး ခရီးဆက်လိုက်ပါ ..
လမ်းမှာတွေ့သမျှ အရာတွေအားလုံးထဲက ကိုယ်သိချင်တဲ့ အရာလေးများတွေ့ရင်
အဲဒီနေရာလေးကို ကလစ်နှိပ်လိုက်ပါ .. အဲဒီအရာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို
ဖော်ပြပေးမှာ ဖြစ်ပါတယ် ...  
ခရီးဆက်မယ်ဆိုရင်တော့ မောက်က Scroll Wheel ကို လက်ညှိုးလေးနဲ့ထိပြီး လီဗာတင်လိုက်ပေါ့ဗျာ
ကဲ .. အပေါ်ကလင့်ကိုသာ Click တစ်ချက်နှိပ်လိုက် စကြ၀ဠာကြီးတစ်ခုလုံး
သူငယ်ချင်းရဲ့ရှေ့ကို ဒူးထောက်ရောက်ရှိလာလိမ့်မယ်......
ဘော်ဒါတွေအားလုံးပဲအောင်မြင်ပျော်ရွင်ပါစေဗျာ.....
http://nyeinchanthu3.blogspot.com/


မိမိချစ်သူဘာလုပ်နေတယ်ဆိုတာ satellite ကနေ ကြည့်ချင်သလား

                 ဒီနေ့ ခေတ်အား IT ခေတ်ဆိုတဲ့ အတိုင်း အရမ်းတိုးတက်တာ အံ့သြသင့်စရာပါပဲ …..

အခုပဲ satellite ကနေ မိမိချစ်သူဘာလုပ်နေတယ်ဆိုတာ အလွယ်တကူကြည့်လို့ ရပါတယ် ..
ဘာမှမလိုအပ်ပါဘူး .. မိမိချစ်သူရဲ့ GSM ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးယုံပါပဲ ..
satellite ကနေ GSM Network နဲ့ ချိတ်ဆက်ပြီး ရှာဖွေပေးတာပါ ..
ကော်နက်ရှင် အရမ်းကောင်းစရာလဲ မလိုပါဘူး ..

မြန်မာမိသားစုဝင်အချင်းချင်း လက်တို့ ပေးလိုက်ပြီးနော် .. အောက်ကလင့်ကို
ပြေးပေတော့ ..
လုပ်နည်းကတော့ Countery ကိုရွေး ၊ ပြီးရင် မိမိချစ်သူ ဖုန်းနံပါတ်ကိုထည့်
ဒါဆိုရပါပြီး ..http://www.themobiletracker.com/
သွားကြည့်ပြီးလို့ အဖြေထွက်လာပြီးရင် ကျွန်တော့်ကိုတော့အပြစ် မတင်ကြနဲ့နော်... ဟဲဟဲ
အဆင်ပြေပျော်ရွင်ပါစေ.....
http://nyeinchanthu3.blogspot.com/