အချိန်တွေက
ပိုနေလို့လားမသိဘူး ပိုစ့်တွေတော့ တောက်လျှောက်ရေးနေဖြစ်တယ်။ အခုလည်း ကျွန်တော်
Crazy ကျကျ လေ့လားခဲ့တဲ့ စာအုပ်လေးတွေ ပေးချင်ပါသေးတယ်။ ဘာစာအုပ်တွေ ဖြစ်မလဲ့ စာဖတ်သူ
စိတ်ထဲက သိနေလောက်ပါပြီ။ ခေါင်းစဉ်ကြီးပါနေတာကို :P ။ ကျွန်တော် ကင်မရာအကြောင်းကို
အသေးစိတ်တော်တော်လေး လေ့လာဖြစ်ပါသေးတယ်။ စိတ်ဝင်စားစရာတွေလည်း တပုံတခေါင်းပဲ့ တကယ်ပြောတာ။
ပြောလိုက် စာဖတ်လိုက် လက်တွေ့လုပ်လိုက်နဲ့ မှ တဖြေးဖြေး နားလည်လာတာ အရင်က ISO Mode
ဆိုတာ ဘာလည်း CCD ဆိုတာ ဘာလည်း ဘာတွက်လည်း ဘာတွေ လုပ်ပေးလည်း တခုမှ သိဘူး။ ကင်မရာရိုက်တက်အောင်များ
ဘာခက်လည်းကွာလို့ တော့ မထင်လိုက်နဲ့နော် ဘယ်ပညာမှ မလွယ်တာတော့ အမှန်။
အခု
လက်ရှိ စာဖတ်သူလက်ထဲ့ကို ကင်မရာ တလုံးရောက်လာပြီထားပါစို့ ဒီချိန်မှာ ညပိုင်းဖြစ်နေမယ်ဆိုရင်
Focus တွေ
Zoom
တွေ Mode တွေ ဘယ်လိုချိန်ညှိမလည်း။ လက်သား ဘယ်လိုတင်ပြီး ကင်မရာတလုံးကို ကိုင်တွယ်မလဲ၊
စာဖတ်သူ သိထားသင့်ပါတယ်။ ဒါတွေသိဖို့က စာအများကြီးဖတ်ဖို့တော့ မလိုပါဘူး။ အဓိကကတော့
အတွေ့အကြုံကလည်း ကင်မရာကို ကိုင်တွယ်ဖို့ အကြောင်းရင်းထဲ့မှာ အဓိကက ပါပါတယ်။ ဘာပဲ့
ဖြစ်ဖြစ် စာတွေ့ကနေ စကြတာ အကောင်းဆုံးပဲ့ မဟတ်လား လက်တွေ့ စာတွေ့ပေါင်းစပ်လိုက်ရင်
အတော် အစဉ်ပြေသွားပြီ။ ဒါကြောင့် အောက်က စာအုပ်တွေကို သေချာ ဖတ်ကြည့်ပါ။ စာအုပ်သိပ်မများပါဘူး။
11 အုပ်ထဲ့ပါ။ အဲ့စာအုပ်တွေ ဖတ်နေတဲ့ အချိန်မှာ စာဖတ်သူလက်ထဲ့မှာ ကင်မရာ တလုံးရှိရင်တော့
အတိုင်းထက် အလွန် သိပ်ကောင်းဗျ။ ဒီလို မရှိလို့လည်း စိတ်အားမငယ်သွားပါနဲ့။ စာဖတ်ပြီး
တက်မြောက်သွားတဲ့ လူတွေလည်း လောကမှာ မနည်းပါဘူး။ ဒါကြောင့် ဒီ ကင်မရာ Ebooks
Collection (Myanmar) ကိုတော့ ဆောင်ပြီး ဖတ်ဖို့ ဗဟုသုတ အဖြစ် သိသင့်သလောက် ဖတ်ထားဖို့
တိုက်တွန်းလိုပါတယ်။
စာတွေ့ မှလက်တွေ့ သို့ .pdf
ဒီဂျစ်တယ်ကင်မရာဖြင့်လုပ်ငန်းစကြစို့.pdf
ဒီဂျစ်တယ်ပုံရိပ်များသိုလှောင်မှု.pdf
ဒီဂျစ်တယ်ပုံဖေါ်ခြင်းအတတ်ပညာ.pdf
နိဒါန်း ။ နိဂုံး.pdf
ပုံရိပ်ဖမ်းယူခြင်းအဆင့်.pdf
ပုံ၇ိပ်ကျွမ်းကျင်စွာကိုင်တွယ်ဖန်တီးခြင်း.pdf
-
သမားရိုးကျဓါတ်ပုံပညာနှင့်ဒီဂျစ်တယ်ဓါတ်ပုံပညာနှိုင်းယှဉ်ချက်.pdf
ဦးချစ်ဝိန် အင်တာဗျူး.pdf -
အားလုံး အဆင်ပြေပါစေ.. http://nyeinchanthu3.blogspot.com/












