Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label အိန္ဒြာကျော်ဇင်. Show all posts
Showing posts with label အိန္ဒြာကျော်ဇင်. Show all posts

တူမဖြစ်သူရဲ့ အနုပညာ အရည်အသွေးကို ဖွင့်ဟလိုက်တဲ့ အိန္ဒြာကျော်ဇင်

အိန္ဒြာကျော်ဇင်နဲ့ ရုပ်ချင်းဆင်တူတဲ့အတွက် တူမဖြစ်သူ မေတိုးခိုင်ကို အိန္ဒြာကျော်ဇင် အသေးစားလေး လို့လည်း ပရိသတ်တွေက ဆိုကြပါတယ်။ ဒီလိုမျိုး လူပြောများ လာကြတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးဖို့ စိတ်ကူးနဲ့အတူ ဓာတ်ပုံဆရာ ဝဏ္ဏခွာနီးက တူဝရီးနှစ်ဦးရဲ့ ပုံရိပ် ဒီဇိုင်း ဆန်းဆန်းလေးတွေကို ရိုက်ကူးခဲ့ပြီးရှေ့ အပတ် ပေါ်ပြူလာဂျာနယ် မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
ပရိသတ်တွေကလည်း အဒေါ်နဲ့တူမနှစ်ယောက် ရဲ့ ဒီဇိုင်းဆန်းဆန်းလေး တွေကို မြင်တွေ့ကြရပြီး တအား ကို နှစ်သက် သဘောကျနေကြပါတယ်။ ဓာတ်ပုံရိုက်ကွင်း မှာတော့ တူမဖြစ်သူနဲ့ ပထမဆုံး အတူတူ ရိုက်ကူးမှုဖြစ်တာကြောင့် အိန္ဒြာကျော်ဇင် က တူမ ဖြစ်သူ မတိုးခိုင် အတွက် အစစအရာရာ သေချာပြင်ဆင် ပေးနေသလို အိုက်တင် ပုံစံတွေ ကိုပါ သင်ပေးနေတာကို တွေ့ရပါတယ်။ ဒါကြောင့် အခုတစ်ပတ် မှာတော့ အဒေါ်ဖြစ်သူ အိန္ဒြာ ကျော်ဇင်ကို တူမဖြစ်သူရဲ့ အနုပညာနဲ့ ပတ်သက်ပြီး သူ့မျှော်လင့်ထားမှုတွေကို မေးမြန်းဖြစ်ခဲ့ ပါတယ်။ ဓာတ်ပုံ ရိုက်ကွင်းမှာ တူမဖြစ်သူ မေတိုးခိုင်ကို အစစအရာရာ သေချာပြင် ဆင်ပြောပြ ပေးနေတဲ့ အိန္ဒြာကျော်ဇင်ကို တူမလေးနဲ့အတူ ဓာတ်ပုံ ရိုက်ကူး ရတဲ့ခံစားမှုကို မေးတော့ “ကိုယ့်တူမနဲ့ ရိုက်ရတာ နည်းနည်းတော့ ပိုပင်ပန်း တယ်။ ကိုယ့်တစ်ယောက်တည်း အိုက်တင် မဟုတ်ဘူး။ သူ့အိုက်တင်ပါ ကြည့်ရတာလေ။ သူအဆင်ပြေဖို့အတွက်ပါ စဉ်းစားရတယ်။ ကိုယ့် တူမနဲ့ ရိုက်ရတာ ပျော်ဖို့ကောင်း ပါတယ်။ သူနဲ့ဒီလိုရိုက်တာက ပထမဆုံး ပါပဲ။ အဝတ်အစားက မသဲ(vivid)က စပွန်ဆာပေးတယ်။ ကိုဝဏ္ဏ ကလည်း ဒီလို တိုက်ခေါင်မိုးပေါ်မှာ ရိုက်ချင်တယ် ဆိုတော့ မသဲနဲ့တိုင်ပင်ပြီး ခုခေတ်မှာ Update ဖြစ်နေတဲ့ စတိုင်လေး ရိုက်ဖြစ်တာပါ။ သူ့ကို မိတ်ကပ်က လည်း ပေါ့ပေါ့ပါးပါးလေး လိမ်းဖို့ အတွက်ပြောထားတာ” လို့ဆိုပါတယ်။ ဓာတ်ပုံတွဲရိုက်ရင်းနဲ့ တူမဖြစ်သူရဲ့ အနုပညာ အရည်အသွေးကို ဝါရင့် အနု ပညာရှင် တစ်ယောက်အနေနဲ့ ဘယ်လို မြင်မိလဲလို့ မေးတော့ “သူက ငယ်နေ သေးတော့ အလုပ်အပေါ်မှာ ဘယ်လို လုပ်ရမယ်ဆိုတဲ့ စိတ်၊ လူကြီး စိတ်လေး မရှိသေးဘူး။ ပေါ့ပေါ့ပါးပါး စိတ်မျိုးပဲရှိသေးတယ်။ တကယ်လုပ် မယ်ဆို ရင် သူ့ မှာ Talent လေးတော့ရှိ တယ်” လို့ အိန္ဒြာ ကျော်ဇင်က သူ့ရဲ့ အမြင် ကိုပြောပြပါတယ်။
.-----------အဆင်ပြေအောင်မြင်ပါစေ-------------

ဇာတ်ကားတွေ ပြန်ရိုက်နေပြီ ဖြစ်တဲ့ အိန္ဒြာကျော်ဇင်


ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ နတ်သမီး မျှားတဲ့ငါး ဗီဒီယိုဇာတ်ကားမှာ စိုင်းစိုင်းခမ်းလှိုင်၊ အိန္ဒြာကျော်ဇင် စတဲ့ သရုပ်ဆောင်များ ပါဝင် သရုပ်ဆောင် ထားကြပါတယ်။

ဇာတ်ကား ရိုက်တွေနားထားတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ပထမဆုံး ဇာတ်ကားများ ပြန်လည် ရိုက်ကူးမှု ဖြစ်ပါတယ်။ ကျန်းမာရေးကြောင့် ဇာတ်ကားရိုက်တွေ နားထားပေမယ့် ကြော်ငြာနဲ့ ဓာတ်ပုံ ရိုက်ကူးမှုတော့ အိန္ဒြာကျော်ဇင်က လုပ်ဖြစ်ပါတယ်။

 ဇာတ်ကားတွေကို တလ တကားနှုန်း ပြန်လည် ရိုက်ကူးဖို့ စီစဉ်ထားတဲ့ အိန္ဒြာကျော်ဇင်က “ကျန်းမာရေးကြောင့်ရယ်၊ သမီးလေးကို အချိန် များများပေးချင်တဲ့ စိတ်တွေ များသွားလို့ ကားမရိုက်ဖြစ်ခဲ့တာ။ ရှုတင်ရောက်နေပြီဆိုရင် စိတ်က သတိရနေတာ။ တခြား ဘာမှ စိတ်မချစရာ အကြောင်းလည်း မရှိပါဘူး။ အခု ပြန်ရိုက်တယ် ဆိုတာက ကျန်းမာရေး ပြန်ကောင်းသွားပြီ။ နာကျင်တာ ဘာမှ မရှိတော့ဘူး” လို့ ဆိုပါတယ်။
ရိုက်ကွင်းကို သွားတဲ့အခါ ပြေသုဒြာက အမေဖြစ်သူနဲ့ ရိုက်ကွင်းကို လိုက်မယ်လို့ မပြောဘူးလို့ သိရပါတယ်။

 “အူဝဲက ရှုတင်ကို ခေါ်ချင်တာ။ ရှုတင်ကို တနေကုန်ကြီး ခေါ်ဖို့က အဆင်မပြေပါဘူး။ စားချိန်၊ အိပ်ချိန်က ရှိသေးတယ်။ ခဏ တဖြုတ်လေးကို အူဝဲကခေါ်တာ။ ရှုတင်လိုက်ခဲ့ပါလား၊ မေမေက ရှုတင်ကနေ သမီးလေးကို သတိရနေတာလို့ ပြောတော့ လိုက်ချင်ဘူး၊ အိမ်မှာပဲ နေမယ်လို့ ပြောတယ်။ သူက အပြင် မကြိုက်ဘူး။ အိမ်ပျော်တာ။ အခုအချိန်ပေါ့၊ နောက်တော့မသိဘူး” လို့ အိန္ဒြာကျော်ဇင် က သမီးလေး ပြေသုဒြာနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
အောင်သီရိ ဗီဒီယို ထုတ်လုပ်ရေးအတွက် ရိုက်ကူးတဲ့ ဒီဇာတ်ကားမှာ အိန္ဒြာကျော်ဇင်က မိသားစု တစုအတွက် ကလဲ့စားချေဖို့ နှစ်ပေါင်းများစွာ ကြံစည်ခဲ့သူ အဖြစ် သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။

ဒီဇာတ်ကားကို ရိုက်ဖို့ အောင်သီရိ ဗီဒီယို ထုတ်လုပ်ရေးက ဇာတ်လမ်း လေးငါးပုဒ်လောက် ပေးဖတ်ထားပြီး အဲဒီထဲကမှ အဆင်ပြေတာကို ရွေးချယ် ရိုက်ကူးတာ ဖြစ်တယ်လို့ သိရပါတယ်။

 နိုဝင်ဘာလမှာ ကျရောက်မယ့် ခင်ပွန်းဖြစ်သူ ပြေတီဦးရဲ့ မွေးနေ့အတွက် မွေးနေ့လက်ဆောင် မစဉ်းစားထားသေးပေမဲ့ သမီးလေး ပြေသုဒြာ မွေးနေ့အတွက်တော့ အိန္ဒြာကျော်ဇင် က ပြင်ဆင်ထားပါတယ်။

“သမီးလေး မွေးနေ့အတွက် ကတော့ လှူဖို့လေးပဲ စဉ်းစားထားတယ်။ မရှိတဲ့ နေရာ၊ ကလေးတွေနဲ့ ပတ်သက်ပြီး လိုအပ်မယ့် နေရာတွေကို စဉ်းစား ရွေးချယ် နေပါတယ်။ အဲဒီ နေရာတွေမှာ လှူဖြစ်မယ်” လို့ အိန္ဒြာကျော်ဇင် က ဆိုပါတယ်။

ခင်လေးမြင့်

မူရင်း -  အောက်တိုဘာ ၁၄ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်
အလင်းတန်းဂျာနယ်ကို ခွင့်ပြုချက်တောင်းပြီး ကူးယူ ဖော်ပြပါတယ်။အိန္ဒြာကျော်ဇင်မိသားစုဓာတ်ပုံကို သူ့ဖေ့စ်ဘုတ်ကနေ ယူပါတယ်။

ဧရာဝတီ Myanmar News
အဆင်ပြေပါစေဗျာ...

အိန္ဒြာကျော်ဇင် ခန္ဓာကိုယ်အလှထိန်းနည်း


အိန္ဒြာကျော်ဇင်က ဆာဂျရီနဲ့ ပတ်သက်ပြီး ဝန်ဆောင်မှုရရှိနိုင်တဲ့ My Princess ဆိုင် ဓာတ်ပုံကြော်ငြာကို နိုင်းနိုင်းနဲ့ ရိုက်ကူးခဲ့ပါ တယ်။

မြန်မာနိုင်ငံမှာလည်း ဆာဂျရီလုပ် တာ နဲ့ ပတ်သက်ပြီး ခေတ်စားလာတဲ့ အပေါ် အိန္ဒြာကျော်ဇင် က
“နိုင်ငံခြားမှာတော့ တော်တော်များများ အကုန် လုပ်ကြ ပါတယ်။ မင်းသမီးတွေရော၊ မော်ဒယ် တွေရော လုပ်ကြ တယ်။ မြန်မာပြည်မှာတော့ အခုမှ ခေတ်စားတာပေါ့။ အခုမှ လည်းနိုင်ငံခြားကလူတွေကလာ ဖွင့်ကြ တယ်” လို့ပြောပါတယ်။

ခန္ဓာ ကိုယ်လှပအောင် ထိန်းသိမ်း ထားနိုင်တဲ့ အိန္ဒြာကျော်ဇင် က
“အူဝဲက ဟိုးအရင်ကတည်းက လေ့ကျင့်ခန်း တွေကို လုပ်ဖြစ်တယ်။ ဆရာဝန်တွေကလည်း ပြော တယ်။ ကျန်းမာရေး အတွက် လုပ်သင့် တယ် ဆိုတဲ့ အတွက်ကြောင့်လည်းပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် သူများ ထက် ပိုပြီး ခုခံအားကောင်း တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လေ့ကျင့် ခန်းက လုပ်သင့်တယ်။ အသား အရေလည်း ကျစ်ကျစ်လျစ်လျစ် ရှိတယ်။ ထမင်း ဆိုရင်လည်း တာဝန်အရ စားရသလိုပဲ။ ထမင်း သိပ်မကြိုက်ဘူး။ အပြုတ်တွေ ပိုကြိုက်တယ်။ အပြုတ်က ဝိတ်သိပ်မတက် ဘူး။ ဟော့ပေါ့ တို့၊ ကြေး အိုးတို့ ခေါက်ဆွဲပြုတ် တို့ကို ကြိုက် တယ်။ အသီးအရွက်များများ စားတယ်။ အဲဒါတွေနဲ့လည်း ဆိုင်မယ်။ ပြီးတော့ ညစာကို တအား အများကြီး မစား ဘူး။မနက်စာကို ကောင်း ကောင်းစားတယ်။ နေ့ လယ်စာကို ပုံမှန် စားတယ်။ ညစာကိုလျှော့စား တယ်။ ကိုယ်ဝလာပြီဆိုရင်အချိန်ယူပြီး ပြေး တယ်။ အဓိကကတော့ပြေး တာရယ်၊ ခါးကစား တယ်။ တစ်နေ့ကို နာရီဝက်လောက် ၄၅မိနစ် လောက် လမ်းလျှောက်လိုက် ၊ ပြေးလိုက်လုပ် တယ်” လို့ ပြောပါတယ်။

အိန္ဒြာကျော်ဇင်က ဒီလ ထဲမှာေ တာ့ ကြော်ငြာနဲ့ ဓာတ်ပုံရိုက်ပဲ လက်ခံ ရိုက်ကူးမှာဖြစ်ပြီး တစ်လ တစ်ကားအနေနဲ့ ဒီလ ထဲမှာ ‘နတ်သမီးမျှားတဲ့ငါး’ ဇာတ်ကားကို စိုင်းစိုင်း ခမ်းလှိုင်နဲ့ ရိုက်ကူးခဲ့ပြီးပြီဖြစ်ပါ တယ်။

ခိုင်ဝေလွင်

ဓာတ်ပုံအိသွဲ့(တန့်ယန်း)
Popular Journal
အောင်မြင်ပျော်ရွင်ပါစေ....