Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label ကွန်ပျူတာဆိုင်ရာ. Show all posts
Showing posts with label ကွန်ပျူတာဆိုင်ရာ. Show all posts

ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်းနှင့် စနစ်စီမံခန့်ခွဲခြင်း စာအုပ် (မြန်မာလို)

 
 
ယနေ့အချိန်အခါတွင် ကွန်ပျူတာများကို နယ်ပယ်အသီးသီးမှာ အထောက်အကူပြုအသုံးချပစ္စည်းအဖြစ် တွင်ကျယ်စွာ အသုံးပြုလာကြပါသည်။ Electronic Device ဖြစ်တဲ့အတွက်ကြောင့် ချို့ယွင်းမှု၊ ပျက်စီးမှုတွေတွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီလိုဖြစ်ခဲ့ရင် ကိုယ်တိုင်ပြုပြင်နိုင်အောင် ရည်ရွယ်တာပါ။ Computer ရဲ့ System Unit တွေဖြစ်တဲ့ Mother Board၊ RAM၊ CPU၊ HDD၊ CD Drive ၊ Floppy Drive၊ Casing with Power Supply တို့ရဲ့ အလုပ်လုပ်ပုံကို ရှင်းပြပေးထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။ ကွန်ပျူတာကို ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းချင်ရင်တော့ ဒေါင်းပြီးတော့ ဖတ်ကြည့်လိုက်ပါလို့.............

အဆင်ပြေပါစေဗျာ...
http://nyeinchanthu3.blogspot.com/


    Download>>>Tusfiles (or) solifiles

Computer connector များအကြောင်း


အထက်ကပုံမှာဆိုရင် သာမှန်အားဖြင့် Desktop computer တစ်လုံးရဲ့  Case နောက်ဖက်မှာမြင်တွေ့  ရမည့် connector များဖြစ်ပါတယ်…ဒီ connector တွေဟာ built in connector တွေဖြစ်ပြီး သူတို့ မှာ standard color နဲ့  standard size လေးတွေရှိပါတယ်..ဥပမာအားဖြင့် ps/2 keyboard connector သည် အပြာရောင် သတ်မှတ်ထားပြီး pin အားဖြင့် 6pin mini din connector ဖြစ်ပါတယ်..ဒါက desktop ကွန်ပျူတာရဲ့ ဘယ် motherboard မဆို ဒီအတိုင်းသတ်မှတ်ထားတာဖြစ်ပါတယ်..ဒါမှလည်း ကီးဘုတ်ထုတ်တဲ့ company တွေ mouse ထုတ်တဲ့ company တွေအလုပ်ဖြစ်မှာပေါ့..နို့ မိုဆို သူတို့ ထုတ်ချင်တဲ့ design ကိုသာထုတ်မယ်ဆိုရင် motherboard တွေက အမျိုးမျိုးရှိတဲ့အတွက် အရွယ်အစား ကိုက်ညီမှာမဟုတ်ဘူးလေ..ဒါကြောင့် company တွေက သတ်မှတ်ထားတဲ့ standard color နဲ့  size ကိုလိုက်နာပြီး ဒီဇိုင်းထုတ်ကြရပါတယ်..user အနေတွေ ဖက်ကအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဒီလို color လေးတွေကို မှတ်သားခြင်းအားဖြင့် ဘယ် motherboard အမျိုးအစားမဆို color ကိုကြည့်လိုက်တာနဲ့  ဘယ် connector ကတော့ ဘယ် color ဆိုပြီး အလွယ်တကူ တပ်ဆင်နိုင်ပါတယ်..

PS/2 port(keyboard)
အပြာရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 keyboard connector ဖြစ်ပါတယ်..mini din keyboard connector လို့ လည်းခေါ်ပါတယ်..
PS/2 port(mouse)
အစိမ်းရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 mouse connector ဖြစ်ပါတယ်..mini din mouse connector လို့ လည်းခေါ်ပါတယ်..
USB port
USB port တွေဟာ 4 pin flat connector (ခေါင်းအပြား)ဖြစ်ပြီး အနည်းဆုံး နှစ်ခုပါလေ့ရှိပါတယ်..USB connector သုံးထားတဲ့ device မှန်သမျှ computer နဲ့ ချိတ်ဆက်ဖို့ ဒီ USB connector ကို လာတပ် ရပါတယ်..
Ethernet port(network)
Ethernet port ကို RJ-45 port လို့ လည်းခေါ်ပါတယ်..Desktop မှာ ရော laptop မှာပါ ဒီ RJ-45 port ကိုအသုံးပြုပါတယ်..မိမိကွန်ပျူတာကို network/internet ချိတ်ဆက်သည့်အခါ ဒီ port မှာလာတပ်ရပါတယ်..
Serial port(dial-up modem)
Phone line နဲ့ internet ချိတ်ဆက်သည့်အခါ အသုံးပြုတဲ့ modem port ဖြစ်ပါတယ် serial port connector တွေဟာ male connector ဖြစ်ပါတယ်..pin အရေတွက်အားဖြင့် 9 pin ပါရှိပါတယ်..
LPT1 printer port(printer)
Printer နဲ့ ကွန်ပျူတာ ချိတ်ဆက်ဖို့ ဒီ connector မှာ လာတပ်ပေးရပါတယ်..DB 25 connector လို့  လည်းခေါ်ပါတယ်..printer တွေကို USB port နဲ့  အသုံးပြုတာများပါတယ်..USB connector က printer မှာမပါဘူးဆိုရင်တော့ DB 25 printer port ကိုအသုံးပြုရမှာဖြစ်ပါတယ်…..
VGA port(monitor)
VGA DB connector ဟာ 3 row15 pin အပြာရောင် ဖြစ်ပါတယ်..motherboard တွေမှာ built in ပါလေ့ရှိပါတယ် တစ်ချို့ ဘုတ်တွေ မှာတော့ မပါဘူး အဲဒီလိုမပါခဲ့ရင် VGA card ကို ၀ယ်စိုက်ရပါတယ်..
Speakers port
သီးချင်းနားထောင်ဖို့  speaker သုံးပြီးဖွင့်မယ်ဆိုရင် jack plug ကို ဒီ အစိမ်းနုရောင် connector မှာ လာတပ်ရပါတယ်
Line in
Line in ဆိုတာ အပြင်က tape ,recorder တွေကို ကွန်ပျူတာထဲကို သွင်းချင်တယ်ဆိုရင် ဒီ အပြာနုရောင် line in connector မှာလာတပ်ပြီးတော့သွင်းလို့ ရပါတယ်..
Microphone
Microphone ကတော့ စကားပြောဖို့ အတွက် အသံသွင်းဖို့ အတွက် jack plug ကို ဒီ ပန်းနုရောင် connector မှာ လာတပ်ရပါတယ်..ဒီ connector တွေရဲ့ ဘေးနားလေးတွေမှာ microphone ဆိုလည်း microphone ပုံစံ speaker ဆိုလည်း speaker ပုံလေးတွေ case cover(I/O frame cover ) မှာပြထားပေးတတ်ကြပါတယ်..
Game port(joystick)
Joystick 2 row 15 pin connector ကို game ဆော့တဲ့အခါ အသုံးပြုတဲ့ connector ဖြစ်ပါတယ်..ခုနောက်ပိုင်းတော့ joystick ကို USB connector ကို အသုံးပြုတာများပါတယ်..ဒါပေမဲ့ backward compatible ဖြစ်အောင်ထည့်ပေးထားပါတယ်..တစ်ချို့ motherboard တွေမှာတော့ မပါပါဘူး..

Motherboard ပေါ်ရှိ Switch panel


Motherboard ပေါ်မှာ ရှိတဲ့  switch panel တွေဖြစ်ပါတယ်..သူကဘာလုပ်ပေးလဲဆိုတော့ စက်ကို power on ဖို့ Hard disk မီးလုံးလေးတွေလင်းစေဖို့  Restart ခလုပ်တွေ လာရောက်ချိတ်ဆက်ဖို့ အတွက် panel လေးတွေ ပါပါတယ်…ဒါအပြင် system beep အသံထုတ်ပေးဖို့ အတွက် speaker အသေးလေးပါရှိပါတယ်(ဒီ speaker က သီချင်းနားထောင်တဲ့ speaker မဟုတ်ပါ)ပုံမှာဆိုရင် switch panel ရဲ့  connector ငုတ်လေးတွေ တွေ့ ရမှာဖြစ်ပါတယ်..Hard disk LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ် power LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ်ဆိုတာ အဲဒီ panel ရဲ့ ဘေးနားမှာ ငုတ် အနေအထားရဲ့ ပုံစံအတိုင်း စာလေးနဲ့ ရေးပြထား ပါတယ်.. အဲဒီအတိုင်း တပ်ဆင်နိုင်တယ်..တကယ်လို့ မှ ဘယ် connector ကဘယ်ငုတ်မှာတပ်ရမှန်း မသေချာဘူးဆိုရင် motherboard မှာ manual book ကနေ ကြည့်ပြီးတပ်ဆင်နိုင်တယ်(manual စာအုပ်ပျောက်နေရင် motherboard model နဲ့ manual book ကို အင်တာနက်မှာ ရှာနိုင်တယ်)


RESET SW - ဆိုတာ restart ခလုတ်ပါပဲ ကျွန်တော်တို့ ကွန်ပျူတာကို restart ချချင်တယ်ဆိုရင် case က restart ခလုတ်ကို နိုပ်ရတယ်မလား..SW ဆိုတာ switch ကိုအတိုကောက်ရေးထားတာဖြစ်ပါတယ်..
H.D.D LED(IDE LED) - ဆိုတာ ကျွန်တော်တို့ hard disk ပုံမှန်အလုပ်လုပ်တဲ့အနေထားကို LED ကနေ ကြည့်ရင်သိနိုင်တယ် တစ်ခါတရံ စက်ကလေးလံနေပြီး ဘာမှလုပ်လို့ မရတော့တဲ့အခြေအနေမှာ Hard disk lED ကိုကြည့်လိုက်ပါ အနီရောင်ဖြစ်နေပြီး အကြာကြီးလင်းနေတတ်ပါတယ်..တစ်ခါတစ်ရံ HDD LED လို့ ရေးတတ်သလို IDE LED လို့ လည်းရေးတတ်ကြပါတယ်..motherboard company တစ်ခုနဲ့တစ်ခု မတူပါ..
POWER SW(PWR)- ဆိုတာ ကျွန်တော်တို့ စက်ကို စတင်ပြီး ခလုတ်ဖွင့်ဖို့ အတွက် ချိတ်ထားတဲ့ connector ပဲဖြစ်ပါတယ်…သူက motherboard မှတစ်ဆင့် power supply အလုပ်လုပ်စေဖို့ အတွက် စတင်စက်နိုးပေးတဲ့သူဖြစ်ပါတယ်..
POWER LED - ဆိုတာ power ပုံမှန်အလုပ်လုပ်မှု အနေထားတိုင်းရှိမရှိ LED ကနေသတိထား ကြည့်ရှု့  နိုင်ပါတယ်..power LED ကိုတပ်မထားလည်း ကိတ်စတော့မရှိပါ..သို့ သော် power ပိုင်းနဲ့  ပတ်သက်လာလျင်ခန့် မှန်းရလွယ်ကူအောင်တပ်ဆင်ပေးသင့်ပါတယ်..
Speaker - ဆိုတာ computer စက်စတက်တက်ချင်း တီ ဆိုတဲ့  post သံတွေ Error beep သံတွေ ပေးဖို့  အတွက် panel မှာ speaker ဆိုတဲ့နေရာမှာ တပ်ဆင်ပေးရပါတယ်….ဒီ RESET SW တို့  H.D.D LED connector တို့ ကို motherboard ပေါ်မှာ ရှိတဲ့ switch panel မှာ လာတပ်ပေးရပါတယ်..အခု switch panel တွေရဲ့ ငုတ်အနေအထားဟာ motherboard ထုတ်တဲ့ ကုမ္ပဏီတွေ တစ်ခုနဲ့ တစ်ခု မတူညီနိုင်ပါဘူး..ဒါကြောင့် manual ကြည့်တတ်ရမယ် motherboard ပေါ်မှာရှိတဲ့ panel ရဲ့ ဘေးမှာ ရေးထားတဲ့ စလုံးအတိုကောက်တွေ panel ရဲ့ အနေအထားပုံစံတွေကို သိဖို့ လိုပါတယ်..power LED တို့ Hard disk LED တို့ ဆိုတာ ဒီ connector တွေက case(computer casing) တိုင်းမှာ ပါရှိတဲ့ connector တွေဖြစ်ပါတယ်..

ကိုစံငြိမ်း(မြန်မာမိသားစုဖိုရမ်)

Enable/Disable CD Burning

 အခုဆက်ပြီး Enable/Disable CD Burning တင်ပြသွားမှာပါ...
cbox မှာမေးထားတာလေးရှိလို့ပါ... တစ်ချို့မသိသေးတဲ့ ဘော်ဒါတွေအတွက်ပါ....
ပညာရှင်ကြီး တွေကိုတော့ တောင်းပန်ပါတယ်... သိရင်ကျော်သွားပေးပါဗျာ... ကျွန်တော့်လို မသိသေး သူတွေ အတွက်ရည်ရွယ်တာပါ....ငြိမ်းချမ်းသူ(နည်းပညာ)
ပထမနည်းက CURRENT _ USER ထဲမှာပါ ။ နောက်တစ်ခုကတော့ LOCAL _ MACHINE ထဲမှာပါ။

ပထမနည်း

Run ကနေ Regedit ။ အဲ့ဒီကနေမှတဆင့် Registry Editor ထဲမှာအောက်ပါ Key တွေကိုရှာပေးပါ။

HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer ထိသွားလိုက်ပါ။








ပီးရင် ရလာတဲ့ DWORD Value ကို NoCDBurning ဆိုပီးရေးပေးပါ။ပီးရင် Modify နဲ့ဖွင့်လိုက်ပါ။Edit DWORD Value Box လေးကျလာပါမယ်။ Value Data နေရာမှာ 1 လို့ထားပေးလိုက်ပါ။ပီးရင် Ok ပေးလိုက်ပါ။အားလုံးပီးရင်တော့ Reboot လုပ်လိုက်ပါ။
ငြိမ်းချမ်းသူ(နည်းပညာ)

ဒုတိယနည်း

ထုံစံတိုင်း Registry Editor ထဲကို ၀င်လိုက်ပါ။ ပီးရင် HKEY_LOCAL_MACHINE ဆီကိုသွားပါ။

သူ့ဆီရောက်ရင်တော့ အောက်မှာပြထားတဲ့ Key တွေအတိုင်းဆက်သွားကပါမယ်။

SOFTWARE\Microsoft\Windows\CurrentVersion\policies\Explorer ထိသွားလိုက်ပါ။

ပီးရင် DWORD Value တစ်ခုကိုရယူပါ။ ပီးရင် ရလာတဲ့ Value ကို NoCDBurning လို့ ရေးလိုက်ပါ။

ပီးရင် သူ့ကို Modify နဲ့ဖွင့်လိုက်ပါ။ Value Data နေရာမှာ 1 ထားပေးလိုက်ပါ။

ပီးရင် Ok ပေးလိုက်ပါ။ အားလုံးပီးရင်တော့ Reboot လုပ်ပေးလိုက်ပါ။  ငြိမ်းချမ်းသူ(နည်းပညာ)
ကျေးဇူးတင်ပါတယ်ခင်ဗျာ..

My Computer ရဲ့ Properties ကိုပိတ်မယ်

ကျွန်တော်တို့ My Computer > Right Click > Properties ကိုဖွင့်လို့ရကြပါတယ်။အခု အဲ့ဒီ Properties ကိုဖွင့်လို့မရအောင်လုပ်တာဖြစ်ပါတယ်။ မြင်တာတော့မြင်ရတယ်။မြင်ရတယ်ဆိုတာကဗျာ Properties ဆိုပြီးတော့ တော့ မြင်ကတယ်ဗျာ..သူ့မလုပ်ခင်ကလည်းမြင်ကတယ်..ဒါပေမယ့် အဲ့ချိန်တုန်းကတော့ ဖွင့်လို့ရတယ် အဲ့လိုဖွင့်လို့မရတော့အောင်လုပ်မှာ ခုက ... ကျွန်တော်နားလည်သလိုရှင်းပေးတာပါ. ထုံစံအတိုင်း Registry ထဲကို ၀င်လိုက်ပါ။ပြီးရင် အောက်မှာ ကျွန်တော်ပြထားတဲ့ Key တွေကိုရှာပီးတော့ တဆင့်ချင်းဆက်သွားလိုက်ပါ...ငြိမ်းချမ်းသူ(နည်းပညာ)

[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer]

ထိရောက်အောင်သွားပီးပီဆိုရင် သူကနေပီးတော့ DWORD Value တစ်ခုကိုယူလိုက်ပါ။


ပီးရင်ရလာတဲ့ DWORD Value ကို NoPropertiesMyComputer လို့ရေးပေးလိုက်ပါ ပြီးရင်တော့ သူ့ကို Modify နဲ့ဖွင့်လိုက်ပါ။

အဲ့ဒါဆို Edit DWORD Value ဆိုပီးတော့ ထပ်ပေါ်လာပါလိမ့်မယ်

Value Data နေရာမှာ 1 ထားပေးလိုက်ပါ။ ပီရင် Ok ပေးလိုက်ပါပြီးရင် Desktop ပေါ် Refresh ပေး လိုက်ပါ။ပြီးရင်တော့ Properties Option ကို ဖွင့်ကြည့်ပါ။မရတော့ပါဘူး... ငြိမ်းချမ်းသူ(နည်းပညာ) ပျော်ရွင်အေးချမ်းကြပါစေ...

ငွေကြေးစာရင်းဇယားတွေကို အကောင်းဆုံးထိန်းသိမ်းကိုင်တွယ်ပေးမယ့် Adarian.Money.5.3.Build.3673 ( 5 MB )


ငွေကြေးစာရင်းဇယားတွေကို အကောင်းဆုံးထိန်းသိမ်းကိုင်တွယ်ပေးမယ့် Adarian.Money.5.3.Build.3673 ဖြစ်ပါတယ်.. ဘတ်ဂျက်တွေစီမံခန့်ခွဲဖို့၊ Stock Investment တွေ စီမံခန့်ခွဲဖို့အကောင်းဆုံးလို့ပြောပါတယ်.. စာရင်းဇယားသမားတွေသိမှာပေါ့ဗျာ.. စာရင်းဇယားနဲ့ဆိုင်တဲ့ Software တွေ ဘယ်လောက်ဈေးကြီးလဲဆိုတာကိုလေ.. iStock တို့ ဘာတို့ပေါ့.. ဈေးကြီးတယ်.. ခု ဒီကောင်လေးကို သုံးကြည့်လိုက်ပါ..စာရင်းဇယားတွေကို DataBase နဲ့စနစ်တကျ လုပ်ကိုင်ချင်ပါတယ်လို့ တောင်းဆိုလာတဲ့
အစ်ကိုအတွက် ကျနော်သိတာလေး ပြန်လည်ဝေမျှလိုက်တာပါ..အဆင်ပြေပါစေခင်မျာ။
 
 Download=> Link 1 / Link 2

Wi-Fi scanning software (inSSIDer for Home 3.0.7)


ဒါလေးကတော့ ကျွန်တော်တို့ အိမ်တွေမှာ အသုံးဝင်မယ့် open-source Wi-Fi scanning software လေးတစ်ခုပဲဖြစ်ပါတယ်။ Windows XP, Vista and 7 (32 and 64-bit) တွေမှာ အသုံးပြုနိုင်ပြီးတော့ ကျွန်တော်တို့ GPS devices တွေဖြစ်တဲ့  (NMEA v2.3 and higher) တွေမှာ အသုံးပြုနိုင်ပါလိမ့်မယ်။  ဖိုင်ဆိုဒ်ကတော့ 5.3 MB ပဲရှိပါတယ်.။ အောက်မှာယူသွားလိုက်ပါဗျာ။






Window Registry Repair 2.8

ပေါ့ပေါ့ပါးပါးလေး ဖြစ်တဲ့ Freeware လေးတစ်ခုပါ။ ဖိုင်ဆိုဒ်ကတော့ 1 MB ကျော်ကျော်လေးပဲ ရှိပါတယ်.။ ကျွန်တော်တို့ Registry တွေကြောင့်ဖြစ်လာတဲ့ Windows crashes နဲ့  error messages တွေကို repair ပြန်လုပ်ပေးနိုင်ခြင်း ၊ system speed နဲ့ stability တွေကို ပြန်လည်မြှင့်တင်ပေး နိုင်ခြင်း၊Windows Registry တွေကို အလိုလျောက်  backups ပြန်လုပ်ပေးနိုင်ခြင်း စတဲ့ Features လေးတွေ တော်တော်များများပါဝင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 1 MB ကျော်ကျော်လေးပဲရှိပါတယ်.။ အောက်မှာယူသွားလိုက်ပါဗျာ။ ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေးကနေသာ ယူသွားလိုက်ပါ ခင်ဗျာ။
Window Registry Repair 2.8



အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Windows 7 မှာ Android Style Themes နဲ့သုံးချင်သူများအတွက် Android Gingerbread Skin Pack ( 86/64Bit )



Windows 7 မှာ Android Style Themes နဲ့သုံးချင်သူများအတွက် Android Gingerbread Skin Pack  တင်ပေး
လိုက်ပါတယ်..သက်ဆိုင်ရာ Version အလိုက် ဒေါင်းပါ..ပြီးတာနဲ့ Install လုပ်လိုက်ပါ..Restart ချခိုင်းရင်ချပေး
လိုက်ပါ..စက်ပြန်တက်လာတာနဲ့ မိမိရဲ့ Windows 7 ဟာ Android Style Themes နဲ့လန်ထွက်နေတာကို
တွေ့ရပါလိမ့်မယ်ခင်မျာ..အဆင်ပြေပါစေ။





Window 8 တွင် AERO Effect အသုံးပြုနည်း



လွယ်လွယ်ပြောရရင် ဖောက်ထွင်းမြင်ရတဲ့ Effect ပေါ့ဗျာ အောက်က Zip file လေးကိုဒေါင်းပြီး ဖြည် လိုက်ပါ ထွက်လာတဲ့ exe file ကို နိပ် run လိုက်ရင် ရပါပြီဗျာ

ရုံးလုပ်ငန်းသုံးရန် ဆောင်ထားသင့်တဲ့ PDFZilla v3.0.0.0 + Serial

PDFZilla v3.0.0.0 with Key
ကျွန်တော်တို့ ရုံးလုပ်ငန်းပိုင်းမှာတော့ အခု  PDFZilla v3.0.0.0 ကအတော်လေးကိုအသုံးတည့်ပါတယ်ဗျာ။ Microsoft Office တွေနဲ့အတူတူကို အသုံးတည့်တာပါ။ လိုအပ်တာပါ။ PDF Converter လို့ပြောလည်းမမှား ပါဘူး။ လုပ်ငန်းအချင်းချင်းမှာ စာရွက်စာတန်းတွေကို Mail ပို့မယ်ဆိုရင်တော့ PDF Format ကအသင့်တော် ဆုံးပါဘဲ။ PDFZilla အနေနဲ့ Support လုပ်ပေးနိုင်တယ်...
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။