Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label အင်တာနက်ဆိုင်ရာ. Show all posts
Showing posts with label အင်တာနက်ဆိုင်ရာ. Show all posts

အွန်လိုင်းစတိုး စတင် တည်ဆောက်မယ်


အွန်လိုင်းစတိုး စတင်တည်ဆောက်မယ်

ဘာပဲဖြစ်ဖြစ် Beginner အဆင့်က စတာပဲကောင်းပါတယ်။ E-Business နဲ့ ပက်သက်လို့ အခန်းဆက်အနေနဲ့ ဖော်ပြမှာပါ။ http://on.fb.me/11Qn02R ယင်းကတော့ ပထမဆုံး အပုဒ် ဖြစ်ပါတယ်။ ဒီတစ်ခေါက် ကတော့ အွန်လိုင်းစတိုး စတင်တည်ထောင်မယ့် Beginer သမားများအတွက် လုပ်ပုံလုပ်နည်း အဆင့်ဆင့်ကို နည်းလမ်းအဆင့်ဆင့်မျှဝေပေးဖို့ ဖြစ် ပါတယ်။

Facebook မှစတင်ခြင်း

Facebook ပေါ်လာတာ အရမ်းကောင်းတယ်။ သူက သုံးတတ်တဲ့သူများ အတွက် လေ့ကျင့်ရေးကွင်း တစ်ခုလိုပဲ။ ပွဲမဝင်ခင် Facebook Page လုပ်ပြီး သေချာ စမ်းသပ် လုပ်ကြည့်ပြီးတော့ Onlin Shopping Site တစ်ခုကို ကောင်းကောင်းဖန်တီး နိုင်ပါတယ်။ ပထမဆုံး ကိုယ်ကြိုက်ရာ အမည်နဲ့ စပေးကြည့်နိုင်ပါတယ်။ ဥပမာ “အောင်အောင် စတိုး” သို့မဟုတ် Aung Aung Store တစ်ခုခု ပေးကြည့်ပေါ့။

ပြီးတော့ ကိုယ်ရောင်းချင်တာလေးတွေ တင်ကြည့်။ ဟုတ်သည်ရှိ မဟုတ်သည်ရှိလေ။ ဒါက Testing ကာလ ဆိုတော့။ သို့တည်းမဟုတ် တကယ်စရောင်းချင်တယ်ဆိုရင် Facebook ကနေ အရင်စရောင်းနိုင် ပါတယ်။ အခုလည်း အဲ့လိုရောင်းနေတဲ့ Page တွေအများကြီးပါ။ အဲ့ဒီလို Page တွေပေါ်လာတဲ့အတွက် လည်း ကောင်းပါတယ်။ ဖုန်းရောင်းမယ်ဆိုရင် ယင်းဖုန်းကို ဓာတ်ပုံရိုက်၊ သို့တည်းမဟုတ် Google ကနေ ရှာပြီးတော့ လှတ၊ပတ လေး ဖြစ်အောင်တင်၊ Description မှာ ဈေးနှုန်းပါ တစ်ခါတည်း ထည့်ရေးပြီး Post လုပ်နိုင်ပါတယ်။ Facebook Page သုံးနေကျ ပုံစံတွေ အတိုင်းပါ။ ဒီတော့ လာဝယ်ချင်သူက ဘယ်အီးမေးလ်ကို ပို့လို့ မှာယူနိုင်ကြောင်း၊ Message ပို့နိုင်ကြောင်းနဲ့ စာတွေရေးထားဖို့တော့ လိုပါတယ်။ မြန်မာပြည်မှာ Payment က Online မှာစီးဆင်းမှု သိပ်မရှိသေးဘူး။ ဒီတော့ အများစုက ငွေအရင်က မှ မှာယူပေးကြပါတယ်။ ကိုယ်တိုင်လည်း Facebook Page ကနေ ပစ္စည်းရောင်းမယ်ဆိုရင်လည်း လက်တလော အကောင်းဆုံး နည်းလမ်းက ငွေအရင်ချေစေတာမျိုး သို့မဟုတ် ဈေးတစ်ဝက် တန်ဖိုး ပေးထားတာမျိုးတို့ လုပ်ထားနိုင်ပါတယ်။

အထက်ပါ ရှင်းပြမှုက တကယ် အခြေခံလေးပဲ ရှိပါသေးတယ်။ Facebook သုံးတတ်သူတိုင်း လုပ်လို့ရပါတယ်။ ဒီမှာမှ တကယ် ပရော်ဖက်ရှင်နယ် ဆန်ဆန် လုပ်တတ်တဲ့သူတွေက Marketing plan ဆွဲတယ်။ ဈေးနှုန်း Plan ဆွဲတယ်။ Product အရေအတွက်ပေါ်မူတည်ပြီး ဘယ်လိုမျိုး Benefit ရအောင်ယူမယ် အစရှိသဖြင့် အမျိုးမျိုး လုပ်ကြပါတယ်။ အလှကုန် ပစ္စည်း အော်ဒါ မှာပေးတဲ့ Facebook page တွေမှာ သွားရောက် လေ့လာ ကြည့်နိုင်ပါတယ်။ ဆက်လက်ပြီးတော့ Beginner များ Facebook page မှာတင် မကတော့ပဲ တကယ့် Plan ကျကျနနဆွဲပြီး လုပ်ချင်သူများအတွက် ဖော်ပြပါမယ်။

1. Create a Website
2. Analyze and Research
3. Add Products
3. Set up shipping and payment options
4. Marketing Strategy

… စတဲ့အချက်များနဲ့ အကြမ်းဖျင်းခွဲကြည့် နိုင်ပါတယ်။


1. Create a Website

ခေါင်းစဉ်ကသာ Create a Website လို့ပြောလိုက်တာ။ ဒီအဆင့်မှာတင် အတော်လေး ဇယားရှုပ်သွားပါတယ်။ ဝဘ်ဆိုဒ်တစ်ခု ဖန်တီးဖို့ဆိုတာ တော် ရုံ ပညာနဲ့ မရပါဘူး။ ပရိုဂမ်တတ်ကျွမ်းသူများ က ဖန်တီးပေးရတာမျိုး ဖြစ် ပါတယ်။ ဒီတော့ ပရိုဂရမ်တတ်ကျွမ်း သူများအနေနဲ့ ရွေးချယ်စရာ Langauge တွေရှိလာပါတယ်။ Amazon က Java , C++ ကို Base လုပ်ထားပြီး အခြား language ၂ ခုလည်း ထပ်သုံးပါတယ်။ eBay လည်း Java ပါပဲ။ ဒီတော့ Java ပဲကောင်းတယ်လို့ မှတ်ယူလို့ မရပါဘူး။ Language တိုင်းမှာ သူ့အားနည်းချက်နဲ့ အားသာချက် ကိုယ်စီ ရှိပါတယ်။ ဘယ် Language ဖြစ်ဖြစ် အသုံးပြုလို့ ရပါတယ်။ နိုင်ငံတကာမှ စစ် တမ်းကောက် လေ့လာချက်များအရ PHP, Perl, JavaScript တို့က E-commerce မှာ အသုံးအများဆုံး Language များ ဖြစ်တယ်လို့ ဆိုပြန်ပါတယ်။ Beginner များကို PHP သုံးဖို့ပဲ ပိုပြီးတော့ Recommand ပေးကြ ပါတယ်။ နောက်မှ ဘယ် Programming language က E-Commerce အတွက် အကောင်းဆုံး ဖြစ်မယ်ဆိုတာကို သီးသန့် ရေးပါ့မယ်။ လောလောဆယ်က Beginner များအတွက်ပါ။

အထက်ပါအချက်များက Programming တတ်သူများအတွက်ပါ။ မတတ်သူများအတွက် ကျတော့ ဘယ်လိုလုပ်တော့မလဲလို့ မေးခွန်း ထုတ်စရာ ရှိပါတယ်။ Programming language မတတ်ရုံနဲ့ Online shopping လုပ်လို့မရတော့ဘူး မဟုတ်ပါဘူး။ လုပ်လို့ရပါတယ်။ ဒီအတွက် Third Party Software တွေ အသုံးပြုလို့ ရပါတယ်။ ဒီလောက်တောင် မသုံးချင်ဘူး။ ငွေလည်း ရှိတယ်ဆိုရင် Developer တစ်ယောက် ငှားပါ။ ပရောဂျက်နဲ့ Online Shopping ဆိုဒ်ကောင်းကောင်း တစ်ခုကို ဖန်တီးခိုင်းနိုင်ပါတယ်။ ပူးပေါင်းလုပ်တာ အကောင်းဆုံးပါ။ ကိုယ်က မတတ်ရင် တတ်တဲ့သူနဲ့ ပူးပေါင်းတာ ပိုပြီးထိရောက်ပါတယ်။

နောက်ပြီး ဒိုမိန်း ကိစ္စ ရှိပါသေးတယ်။ ဒိုမိန်းအမည်ဝယ်တာ လွယ်ပေမယ့် Hosting ကျတော့ စဉ်းစားစရာပါ။ အချက်အလက်၊ Data များကို သိမ်းဆည်းစေမယ့် Hosting က Secure ဖြစ်ရမယ်။ Down time မရှိရဘူး။ Respond မြန်ရမယ် အစရှိသဖြင့် လိုအပ်တဲ့ အချက်တွေ အများကြီး ရှိပါတယ်။ မြန်မာပြည်မှာ တစ်ဆင့် ဝန်ဆောင်မှု ပေးနေတဲ့ Domain and Web Hosting Service ကုမ္ပဏီတွေ အများကြီးပါ။ ftp server, mail server အစရှိသဖြင့်လိုရင် လိုသလောက် အသုံးပြုရမှာပါ။ ဒါလည်း မသိပါဘူး။ ခုမှ Beginner ပါဆိုရင်လည်း ကိစ္စမရှိပါဘူး။ Service ကုမ္ပဏီတွေဆီကနေ တိုက်ရိုက်ဝယ်သုံးလို့ ရပါတယ်။ သို့ပေမယ့် ကိုယ့်ဆီမှာ အခြေခံ KNOWLEDGE များတော့ ရှိထားဖို့ လိုအပ်ပါတယ်။
Web App နဲ့ Hosting ကိစ္စပြောတာနဲ့တင် တော်တော်များသွားပါပြီ။ ဒီမှာ Front end ကိစ္စတောင် မပါသေး ပါဘူး။ user friendly ဖြစ်မယ့် အမြင်မျိုး ပေးဖို့လိုအပ်ပါတယ်။


2. Analyze and Research

Analyze and Research က အမှန်တော့ ပထမဆုံး လုပ်ရမယ့် အလုပ်ပါ။ ကိုယ်က ဘယ်ဟာကိုပဲ စလုပ်ဖို့ ဆုံးဖြတ်၊ ဆုံးဖြတ် အရင်ဆုံး လေ့လာ ရမယ်။ စစ်တမ်းကောက်ရမယ်။ သုံးသပ် ရမယ်။ ဝေဖန်ရမယ်။ အချက်အလက် ရအောင်ယူရမယ်။ ပြီးတော့မှ ကိုယ်က ဒီထက်ကောင်းတဲ့ Product မျိုးပေးစွမ်းနိုင်မလား စဉ်းစားတာလား Online Business မှာတင်မကပဲ Real World Business မှာပါ အရေးကြီး ပါတယ်။ ဥပမာ - Amazon ဘာလို့အောင်မြင်လဲ။ သူက ဘယ်လိုလုပ်ပေးတာ လဲ။ လေ့လာကြည့်ပေါ့။ သူ့မှာ ကိုယ့်ပိုင် ဂိုဒေါင် ရှိတယ်။ ရောင်းချင်တဲ့ ပစ္စည်းများ သူ့ဆီလာထားပြီး ယင်းပစ္စည်းမှာ သေချာသိမ်းထားပေးတယ်။ စိစစ်ပေးတယ်။ Amazon ကပေးနိုင်တဲ့ အာမခံချက်အတိုင်းအတာနဲ့ သူက တစ်ဆင့်ဝယ်ယူသူကို ပြန်ပေးပါတယ်။ ဒါက အဟောင်းကိုပြောတာပါ။ အသစ်မှာလည်း ဒီတိုင်းပါပဲ။ ဂိုဒေါင်မှာ သိမ်းချင်းသိမ်းမယ်။ သို့တည်း မဟုတ် စတိုးဆိုင်တွေပေါ်မှာပဲ၊ စက်ရုံတွေပေါ်မှာပဲ ရှိချင်ရှိအုံးမယ်။ မှာယူဖို့ တစ်ဖက်က Click နှိပ်ပြီ၊ ငွေလွဲပြီဆိုမှ ပစ္စည်းကို အိမ်အရောက်ပို့ဖို့ လုပ်ပေးတာပါ။ ဒီမှာ ဝန်ဆောင်မှု Charge လုပ်ပုံလုပ်နည်းကလည်း မတူပါဘူး။ Tax ကိစ္စလည်း ရှိပါသေးတယ်။


3. Add Products

ဒီမှာ ကိုယ်က ကုန်ပစ္စည်းတွေ တင်ရတော့တယ်။ Online shopping အတွက် ကိုယ့်မှာ ကုန်ပစ္စည်းတွေ တကယ်ရှိနေဖို့မလိုပါဘူး။ ကိုယ်တကယ် တစ်ဆင့်ဝယ်ပေးလို့ရတယ်ဆိုတာသာ ဖြစ်ဖို့ အဓိကပါ။ user တွေ Online shopping သုံးချင်တဲ့ အဓိကအချက်က အပြင်မသွားချင်လို့၊ အိမ် မှာနေရင်းဝယ်လို့ရအောင်လို့ ပါ။ ကျန်တဲ့အပိုင်းတွေ Customer စိတ်မဝင်စားဘူး။ ဒီတော့ ကိုယ့်ဘက်က အဆင်ပြေတဲ့ နည်းလမ်းနဲ့ run နိုင်ပါတယ်။ product company တွေနဲ့ အရင်ဆုံး တွေ့ဆုံတာမျိုး လုပ်သင့်ရင် လုပ်ရပါမယ်။ အရင်ဆုံး Relation တည်ဆောက်မှုပါ။ ကိုယ်က တစ်နေရာ၊ ဝယ်သူက တစ်နေရာ၊ ကုန်ပစ္စည်းက တစ်နေရာ နေရာ သုံးနေရာ ကွဲနေမှုက ကိုယ်က ကြားနေမှာပဲ ရှိနေရင် မလွယ်ကူပါဘူး။ ကုန်ပစ္စည်းထုတ်လုပ်သူဘက်၊ ရောင်းချသူဘက်ကို နည်းနည်းယိုင်ရပါမယ်။ နည်းနည်းယိုင်ဆိုတာ ကိုယ့် Online Shopping အတွက် မှာယူလာမှုကို အလွယ်တကူ လုပ်ဆောင်နိုင်စေဖို့ပါ။ အဆိုးဆုံးအခြေအနေနဲ့ ဝယ်သူက တကယ်မမှာဘူး။ ကိုယ်က ပစ္စည်းသွားယူပြီးသွားပြီဆို ရင် နောက်ပိုင်း ပြဿနာက မလွယ်ဘူးလေ။ ဒီတော့ Owner နဲ့ relation တည်ဆောက်ထားရင် ယင်းပြဿနာကို ဖြေရှင်းဖို့လွယ်ကူပါတယ်။ ဒါကြောင့် လူမှုဆက်ဆံရေး အရည်အသွေးတွေပါ လိုအပ်လာပါပြီ။


3. Set up shipping and payment options

အထက်က ပြောနေတဲ့ ပေးတာတို့၊ပို့တာတွေ ခုလာပါပြီ။ မြန်မာပြည်မှာ အခက်ကြုံနေတဲ့ ကိစ္စပေါ့။ Shipping က သိပ်မဟုတ်သေးဘူး။ Payment မှာ ခက်ခဲတဲ့ ကိစ္စတစ်ခုပါ။ Online payment အပေါ်မှာ user တွေ awareness မဖြစ်သေးဘူး။ မသိသေးဘူး။ ဒီအတွက် ပညာပေးဖို့ လိုအပ်သေးတယ်။ ဒါကြောင့်ပဲ အွန်လိုင်းငွေချေစနစ် မထွန်းကားသေး တာပါ။ ပြီးတော့ Customer rely လုပ်လို့ရမယ့် Payment System ကောင်းကောင်းမရှိသေးလို့လည်း အချို့ က ယုံကြည်နေသေး လို့ ဖြစ်ပါတယ်။ eBay ကိုစောင့်ကြကပါတယ်။ Paypal ကိုစောင့်ကြပါတယ်။ Master Card ကိုစောင့်ကြပါတယ်။ အချို့ ကလည်း မစောင့်နိုင်လို့ ကိုယ်နိုင်တဲ့ နည်းလမ်းနဲ့ လုပ်သွားပါတယ်။ ခုနေ ကျနော့ကို အွန်လိုင်းစတိုး တစ်ခု မဖြစ်မနေ လုပ်ပါလို့ ပြောရင် အသုံးပြုမယ့် Payment ပုံစံက သုံးမျိုးလောက် အကြမ်းဖျဉ်းရှိလိမ့်မယ်။ အလွယ်ကူဆုံး အနေနဲ့ ဘဏ်အကောင့် နံပါတ်တင်ထားပေးမယ်လေ။ အချို့ လည်း ဒီနည်းလမ်း သုံးနေပါပြီ။ နောက်တစ်နည်းက လက်တလော မြန်မာပြည်က Develop လုပ်ထားတဲ့ Payment စနစ်ကိုလည်း contribute လုပ်ထားမှာပါ။ သုံးတဲ့သူများလည်း ရှိမှာမို့ ဒါလည်း ထည့်ထားပါမယ်။

နောက်တစ်နည်းကတော့ Direct Payment ပါ။ ငွေအရင်ပေးစနစ်ပေါ့။ တစ်ဝက်ပေးတာမျိုး၊ အပြည့်ပေးတာမျိုးတို့ပေါ့။ Customer က အွန်လိုင်းမှာ ကလစ်နှိပ်လိုက်တာ မသေချာ ဘူးလေ။ သေ ချာအောင် နေရပ်လိပ်စာ အထိကို အပင်ပန်းခံ သွားပြီး ငွေကောက် ပေး တာမျိုးပေါ့။ ဒါကလည်း ဒီတိုင်းစလို့မရသေးဘူးလေ။ User Trust Relationship အရင်တည်ဆောက် ရမယ်။ ငွေအရင်ပေးပါ။ ပြီးမှ ပစ္စည်းဝယ်ပို့ပေး ပါမယ်ဆိုရင် ဘယ် Customer မှ တော်ရုံ Trust မထားနိုင်ပါဘူး။ ဒီတော့ မြန်မာပြည်မှာ E payment ခက်ခဲနေတဲ့ ကာလမှာ Direct Payment ဖန်တီးဖို့ အရင်ဆုံး Trust Relation အရင်တည်ဆောက်ရပါမယ်။ ဥပမာ အိုင်ဖုန်းမှာယူမှုအတွက် မူရင်းဈေးအတိုင်း ပို့ပေးတာတို့။ ငွေရှိနေရင်လည်း Percentage အနည်းငယ်လျော့ပေးတာတို့။ Delivery charge ကို ၁၀ ကြိမ်မှာယူမှုအတွက် အခမဲ့ ဖြစ်စေတာတို့ပေါ့။ ဒီအတွက် Strategy က အများကြီးပါ။

Shipping က အထက်ပါရှင်းလင်းချက်မှာ ပါသင့်သလောက် ပါနေပါပြီ။ ကိုယ်က ငွေမရှိသေး ရင်လည်း ကိစ္စမရှိပါဘူး။ ပစ္စည်း အသေးအကြီးပေါ်မူတည်လို့ သယ်ယူပို့ဆောင်မှု စရိတ်ကို အတတ်နိုင်ဆုံးချွေတာနိုင်တာ အကောင်းဆုံးပါ။ Location ကလည်း စကားပြောလာ့ပါပြီ။ ကိုယ်က beginner ဆိုရင် ကိုယ်နေတဲ့ မြို့ ငယ် ဧရိယာနဲ့ အရင်စရမှာပါ။ ရန်ကုန်လိုမြို့ မှာဆိုရင် အင်မတန် လုပ်လို့ကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။


4. Marketing Strategy

Marketing Strategy က ယေဘုယျအားဖြင့် ကဏ္ဍနှစ်ခုဖြစ်သွားပါမယ်။ Real World နဲ့ Virtual ပေါ့။ Real World အနေနဲ့ တကယ့် အပြင်မှာ မာကဲတင်း ဘယ်လိုလုပ်ရမယ်က တစ်ကဏ္ဍ၊ Virtaul (အင်တာနက်) မှာ ဆိုရင်လည်း တစ်မျိုး ဖြစ်လာပါမယ်။

တကယ့်အပြင်မှာအနေနဲ့ ကိုယ်က လက်ကမ်းစာစောင်ပဲဝေမလား၊ အင်တာနက်ဆိုင်တွေမှာပဲ ပိုစတာကပ်မလား၊ ပညာပေး ဟောပြောမှု ပုံစံနဲ့သွားမလား အများကြီးစဉ်းစားစရာ ရှိပါတယ်။ ကိုယ်က Beginner လေ။ လက်ထဲမှာလည်း အရင်းက သိပ်မရှိဘူး ဆိုရင် Real World Marketing မှာ ငွေအတတ်နိုင်ဆုံး ချွေတာဖို့ လိုပါမယ်။ နောက်တစ်မျိုးကတော့ Virtaul World မှာပါ။ အရမ်းအဆင်ပြေပါတယ်။ Online Shopping လုပ်မယ့်သူက Online မှာပဲ ရှိဖို့များမှာလေ။ ဒီတော့ ကိုယ်ဆွဲတဲ့ Marketing plan က အွန်လိုင်းမှာ အကောင်းဆုံး ဖြစ်ဖို့လိုအပ်ပါတယ်။ Facebook ကြီးတစ်ခုလုံး ရှိနေတာ Marketing မှ ကောင်းအောင်မလုပ်နိုင်ရင် ကိုယ်ညံ့လို့ပါ။ ကိုယ့်ရဲ့  ဝဘ်ဆိုဒ်ကို Facebook နဲ့ Link ချိတ်ထားမယ်။ Update လေးတွေတင်ပေး မယ်။ ပရိုမိုးရှင်းအကြောင်းလေးတွေ အဆင်ပြေရင်အဆင်ပြေသလို တင်ပေးမယ်။ Like များလာအောင်ဖန်တီးမယ်။ Share မယ်။ အစရှိသဖြင့် အများကြီးလုပ်လို့ရပါတယ်။ ပြီးတော့ အခြားသော ဖိုရမ်၊ ဝဘ်ဆိုဒ်တွေမှာ၊ ဆိုရှယ်ဆိုဒ်တွေမှာလည်း ကြော်ငြာလို့ ရပါတယ်။
..

အနှစ်ချုပ်

အမှန်တော့ ရေးမယ်ဆိုရင်အများကြီးပါ။ ပထမဆုံးအနေနဲ့ Beginner များ လွယ်လွယ်ကူကူနဲ့ စတင်လို့ ရအောင် နည်းလမ်းပေးခြင်း ဖြစ်ပါတယ်။ အနှစ်ချုပ်ပြောချင်တာကတော့ ကိုယ်တစ်ယောက်တည်း မလုပ်ပါနဲ့။ Team work တစ်ခုဖန်တီးနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။ အရမ်းခင်တဲ့ သူငယ်ချင်း နှစ်ယောက်၊ သို့မဟုတ် ညီအကို နှစ်ယောက်၊ မောင်နှမများ အစရှိသဖြင့် ပူးတွဲလုပ်တာ ပိုပြီးထိရောက်ပါမယ်။ တစ်ယောက်တည်း အားလုံးကို Hold လုပ်ဖို့ဆိုတာ မလွယ်ဘူးလေ။

ပြီးတော့ Online Shopping ကို စလုပ်တော့မယ်ဆိုရင် ကိုယ်ရမယ့် Profit ကိုအရင်မတွက်ပါနဲ့။ အများစုက Online shopping လုပ်ပြီဆိုရင် ဝန်ဆောင်ခ ဘယ်လောက်ယူလိုက်မယ်။ ပို့ဆောင်ရေးစရိတ် ဘယ်လောက်ယူရမယ် ဆိုတာကို အရင်တွက်ပါတယ်။ အမှန်တော့ ကိုယ်တကယ် စဉ်းစားရမှာပါ။ ငါဒီလို လုပ်လိုက်ရင် ဝယ်သူတွေအတွက် ဘယ်လို အကျိုးသက်ရောက်မှု ရှိစေမှာလဲ။ သူတို့ ဒီလိုကောင်းသွားရင် ငါကော ဘာတွေ ပြန်ရမှာလဲ။ အဲ့နှစ်ချက်ပေါ့။ ကိုယ့်အတွက် ကျန်ဖို့အရင်စဉ်းစားတဲ့ Business မှာ အပြင်မှာလုပ်လည်း အောင်မြင်ဖို့ မသေချာပါဘူး။

Online Shopping ဖန်တီးမှုက ဝယ်သူတွေအတွက် သက်သောင့်သက်သာ ရှိမှု၊ ဈေးသက်သာမှု ရှိစေပြီး ကိုယ့်ဘက်ကလည်း ထိုက်တန်တဲ့ အကျိုးရလဒ် တစ်ခုရ မယ်ဆိုရင် ဘာမှမလိုအပ်တော့ပါဘူး။ ကိုယ့်ဘက်က ငွေကြေးနဲ့ပက်သက်လို့ Charging ကို Customer ဘက်မှ မြင်အောင် ပွင့်လင်းမြင်သာတဲ့ စနစ် ကျင့်သုံးမှုက ပိုကောင်းပါတယ်။ ဒါကလည်း မပြောပဲ သိတယ်လေ။ အပြင်မှာ iPhone တစ်လုံး ဒေါ်လာ ၈၀၀ ပေါက်နေချိန် ကိုယ့်ဆိုဒ်မှာ ၈၅၀ ဖြစ်နေရင်တော့ ကိုယ် မပွင့်လင်းလည်း Customer ဘက်က မြင်နေရ ပါပြီ။ ဈေးနှုန်းမြင့် တက်ရတဲ့အခြေအနေကို Customer တွေနားလည်ပေးနိုင်တဲ့ အပေါ်ယံဖြေရှင်းချက်လေးထားပြီး ကျန်တဲ့အကျိုးမြတ်အပိုင်းကို ကိုယ်လိုသလို ဖန်တီး ယူသွားလို့ ရပါတယ်။

နိဂုံးချုပ်အနေနဲ့ Beginner များ အွန်လိုင်းစတိုး အစမ်း လေ့ကျင့် ဖန်တီးလို့ရအောင် ဝဘ်ဆိုဒ်လခ့် အချို့ မျှဝေ ပေးလိုက် ရပါတယ်။

http://www.shopify.com/
http://www.webasyst.com/.

 
အောင်ခမ်း (TSJ team)
http://blog.techspace.com.mm/2013/06/blog-post_544.html
အားလုံးပဲအဆင်ပြေကြပါစေ...

ကွန်ပျူတာတစ်လုံး ၏ start-up time နှင့် performance ကို ပိုမိုမြန်ဆန်စေသော PC Cleaner Pro 2013 (V10.11) (direct download)

                                PC Cleaner Pro လို့ခေါ်တဲ့ ကွန်ပျူတာတစ်လုံး၏ start-up အချိန် နှင့် performance ကို ပိုမိုမြန်ဆန်စေမည့် software တစ်ခုပါဖြစ်ပါတယ်။ System registry များကို စစ်ဆေးပေးခါ ပြင်ဆင်ပေးခြင်း၊ မလိုလားအပ်သော Junk file များကို ရှင်းလင်းပေးခြင်း၊ နောက်ခံ background process တွင်ပွင့်နေသော အသုံးမပြုသည့် task process များ (ဥပမာ- program updater) ကို သတ်ပေးခြင်း၊ worms, spyware, adware အစရှိတဲ့ antivirus များကို ရှင်းလင်းပေးခြင်း၊ Privacy ပိုင်းနှင့် Security ပိုင်းတွင်လည်း မလိုအပ်သည့် ActiveX file များကို ရှင်းလင်းပေးခြင်း စသည်တို့ကို one click ဖြင့် ဆောင်ရွက်ပေးနိုင်ပါတယ်။ ငြိမ်းချမ်းသူ(နည်းပညာ)

                               Antivirus software တစ်ခုခုနှင့်ပါ အတူတကွအသုံးပြုနိုင်ပါတယ် အခြား System cleaner, booster များနှင့်မတူပဲ ထူးခြားချက်ကတော့ Security ပိုင်းတွင် malware များ၊ spyware များ စသော antivirus များကို ရှင်းလင်းရာတွင် microsoft server မှ တိုက်ရိုက် download ရယူပြီး ရှင်းလင်းပေးခြင်းပဲဖြစ်ပါတယ်။ Scheduler လို့ခေါ်တဲ့ အလိုအလျှောက် scan ဖတ်ပေးနိုင်တဲ့ စနစ်မပါဝင်ခြင်းက အားနဲချက်တစ်ခုဖြစ်ပေမယ့် အသုံးများသော ကွန်ပျူတာများမှာ ၃ ရက် တစ်ကြိမ်ခန့် manually လုပ်ပေးနိုင်လျှင် အဆင်ပြေပါတယ်။ 5 MB ခန့်ရှိခါ Window XP မှ 8 အထိအသုံးပြုနိုင်ပြီး၊ download လုပ်ခါ PC Cleaner Pro 2013 v10.11 ဖိုင်ကို run ပြီးလျှင် install လုပ်ပါ။ ပြီးလျှင်ပုံတွင်ပြထားသည့်အတိုင်း Register button ကို click နှိပ်ခါ serial ဖိုင်တွင်ပါဝင်သော serial key တစ်ခုခုကို ထည့်ခါ Activate ကို နှိပ်ပေးလိုက်လျှင် Full Pro version ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ငြိမ်းချမ်းသူ(နည်းပညာ)


Coffee Cup

Coffee Cup Free HTML Editor

အိမ်မှာ ကွန်ပျူတာတော့ ရှိတယ်။ Internet မရှိဘူး။ အင်တာနက်ကို ပိုက်ဆံပေးပြီး သုံးစွဲ ရတာကလည်း cyber cafe ရောက်တဲ့အခါမှာ စာရိုက်နေရတာနဲ့ အချိန်ကုန်တာပဲ။
ဖြစ်ချင်တာက blogger ဖြစ်နေတာက စာစီသမား အဲဒီလိုမျိုး တဖွဖွ ဖြစ်နေတဲ့ လူငယ်တွေကိုတော့ coffee cup blogging software လေးကို ညွှန်းဆိုချင်တယ်။ အိမ်မှာရှိတဲ့ PC မှာ အဆင်သင့်ရိုက်ပြီး ‘html’ file တွေ ရရှိလာတဲ့ အခါမှာ cyber cafe မှာ copy paste လုပ်လိုက်ရုံနဲ့ကို ဆင်ပြေ စေပါတယ်။
ငြိမ်းချမ်းသူ(နည်းပညာ)

Blog တွေကို offline ရေးသားဖို့အတွက် ဖန်တီးပေးထားတဲ့ ပရိုဂရမ်ငယ်လေးဟာ 17.91 MB ပဲ ရှိပြီး ရုပ်ပုံတွေ၊ သီချင်း ဖိုင်တွေနဲ့ movie ဖိုင်တွေက အစ ပေါင်းထည့်နိုင်ပြီး အဆင့်မြင့်တဲ့ပြက္ခဒိန်တစ်ခု ပါရှိတဲ့ အပြင် blog ရေးသားတဲ့ လူငယ် လက်သင်တွေကို ညွှန်ပြထားတဲ့ sample file တချို့ ပါဝင် ပါသေးတယ်။ အလွန် ကောင်းမွန်ပြီး ရိုးရှင်းလွယ်ကူတဲ့ ဆော့(ဖ်)၀ဲလေးကို အခမဲ့ လိုချင်တယ် ဆိုရင်တော့ Coffee Cup ကို အရောက် သွားပြီး download ရယူဘို့ လိုပါလိမ့်မယ်။ငြိမ်းချမ်းသူ(နည်းပညာ)

RoboForm






ဝက်ဘ်ဆိုက်တွေထဲကို Log in လုပ်တဲ့အခါမှာ အသုံးပြုရတဲ့ Register လုပ်ထားတာတွေကို လျင်မြန် လွယ်ကူစွာနဲ့ လုံခြုံစိတ်ချစွာ ဖောင်ဖြည့်နိုင်ဖို့ အတွက်ပါ။ အသုံးပြုသူတိုင်ရဲ့  နာမည်နဲ့ လျှို့ ဝှက်စာလုံးတွေ အားလုံးကို လုံခြုံစိတ်ချစွာ သိမ်းဆည်းပေးမှာပါ။ ပြီးရင် ကိုယ် အဲဒီဆိုက်ထဲ ဝင်တဲ့အခါ အော်တိုပြန်ဖြည့်ပေးမယ်။ RoboForm ရဲ့  ဒီစွမ်းအင်မြင့် Log in Feature ကြောင့် အွန်လိုင်း အကောင့်တွေထဲကို Manual အတိုင်း Log in လုပ်ရတာကို လွမ်းနေတော့မှာ အမှန်ပါပဲ။ Click တစ်ချက်ပဲ နှိပ်လိုက်တာနဲ့ User Name နဲ့ Password တွေကို တခါတည်း navigate လုပ်ပြီး submit လုပ်ပေးမှာပါ။

Android ဖုန်းများအတွက် iTunes ကဲ့သို့ လုပ်ဆောင်ပေးနိုင်သော SnapPea

                           
                              Apple mobile device များအားလုံး ကို iTunes အသုံးပြုခါ သီချင်းများ၊ ဗွီဒီယိုများ၊ ဂိမ်းများ ထည့်သွင်း သကဲ့သို့ Android device များအတွက် media file များ၊ application များကို ထည့်သွင်း စီစဉ်ပေးနိုင်မယ့် SnapPea လို့ခေါ်တဲ့ window software ပါ။ မိမိ၏ Android ဖုန်းကို USB connection ဖြင့်သော်လည်းကောင်း Wifi network တစ်ခုတည်းတွင် ချိတ်ဆက်​​ ၍သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ အသုံးပြုလိုသော application များကို Google play store တွင် သွားရောက် download လုပ်စရာမလိုပဲ SnapPea မှတိုက်ရိုက် download ပြုလုပ်ခါ Install ပြုလုပ်နိုင်သည့်အပြင် ဖုန်းအတွင်းယခင်ကရှိပြီးသား application များကိုလည်း ကွန်ပျူတာတွင် backup လုပ်ထားနိုင်ပါတယ်။ ငြိမ်းချမ်းသူ(နည်းပညာ)

                     
                               အထက်ပါ function များအပြင် အသုံးဝင်ဆုံး function တစ်ခုမှာ ဖုန်းကိုချိန်ဆက်ထားသောအချိန်တွင် ကွန်ပျူတာမှတစ်ဆင့် SnapPea ကိုအသုံးပြုခါ SMS message များပေးပို့နိုင်ခြင်းပဲဖြစ်ပါတယ်။ Message အသစ်ဝင်လာချိန်တွင် SnapPea တွင် Notify ပြုလုပ်ပေးမည်ဖြစ်ပြီး၊ SnapPea မှတစ်ဆင့် တိုက်ရိုက် reply messge ပြုလုပ်နိုင်မှာ ဖြစ်ပါတယ် ။ Apple iTunes မှာကဲ့သို့ Android device တစ်ခုခုကို USB မှတစ်ဆင့် ကွန်ပျူတာတွင် တပ်ဆင်လိုက်သည်နှင့် SnapPea အလိုအလျှောက် တက်လာမှာဖြစ်ပါတယ်။ Backup လုပ်မည့် နေရာ နှင့် အခြား သတ်မှတ်ချက်များကို Setting မှာ ချိန်ညှိုပေးနိုင်ပါတယ်။ အသုံးပြုလိုသော Android ဖုန်းတွင် SnapPea for Android.apk ဖိုင်ကို ထည့်သွင်းထားရမည်ဖြစ်ပြီး၊အောက်တွင်ပေးထားသော download file မှာ အဆင်သင့် ပါဝင်ပါတယ်။ 18 MB ကျော်ရှိသည့် SnapPea 2.36 (beta) version ကို Window ကွန်ပျူတာများအတွက်  အောက်တွင်ပေးထားသော link မှာ တိုက်ရိုက် download ရယူနိုင်ပါတယ်။
ငြိမ်းချမ်းသူ(နည်းပညာ)


Google Image Search တွင် animated GIFs format ပုံများကို Filter ဖြင့်ရှာနိုင်ပြီ

                         ဓါတ်ပုံဖိုင်အမျိုးအစားများစွာရှိသည့်အနက်မှ animation လှုပ်ရှားမှုပုံရိပ်များဖြင့် ဖန်တီးထားသော GIF format (Graphics Interchange Format) ပုံများကို အလွယ်တကူရှာဖွေနိုင်ရန် Google Image တွင် စတင်ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် search result မှာပါ animated လှုပ်ရှားမှုပုံရိပ်များကို တိုက်ရိုက် မြင်တွေ့နိုင်မည်ဖြစ်ပြီး၊ GIFs အမျိုးအစား ပုံများကိုရှာဖွေရန်အတွက် Google Image Search သို့သွားခါ Search tools ကို click နှိပ်ခါ Any type တွင် "animated" ဟူ၍ ရွေးချယ်ပေးရမှာဖြစ်ပါတယ်။


Google Image Search သို့သွားရန်
ငြိမ်းချမ်းသူ(နည်းပညာ)

အိုင်ဖုန်းနှင့် တွဲဖက်အသုံးပြုနိုင်သည့် အရက်မှုးနှုန်းတိုင်း ကိရိယာ Breathalyzer

                   ကားမောင်းရင်းဖြစ်စေ၊ အခြားတားမြစ်ထားသော အရက်မသောက်ရ နေရာများတွင်ဖြစ်စေ လေမှတစ်ဆင့် သွေးကြောအတွင်း alcohol ပမာဏ blood alcohol concentration (BAC) ကို တိုင်းတာစစ်ဆေးပေးနိုင်သော Breathometer ခေါ် ကိရိယာကို Smith and Wesson ကုပ္မဏီမှ စတင်တီထွင်ခဲ့ပါတယ်။ အဆင့်မြင့်လာသည့် မိုဘိုင်းကွန်ပျူတာစနစ်များ နှင့် တွဲဖက်အသုံးပြုနိုင်သည့် portable gadget hardware များမျိုးစုံပေါ်ပေါက်လာခါ ယခု Breathalyzer ကို အိုင်ဖုန်းဖြင့် တွဲဖက်အသုံးပြုနိုင်ရန် Breathometer ကုမ္ပဏီမှ ဖန်တီးထုပ်လုပ်လိုက်ပါတယ်။ ကားကီးချိန်းတစ်ခုအရွယ်သာရှိသည့် ၄င်း Breathalyzer ကို ဈေးပေါပေါဖြင့် ဝယ်ယူရရှိနိုင်ပြီး၊ အလွယ်တကူလည်း သယ်ဆောင်နိုင်ပါတယ်။ အသွင်းအထုတ်ပြုလုပ်နိုင်သည့် jack pin ကိုထုတ်ခါ အိုင်ဖုန်း၏ 3.5 mm စတီရီယို နားကြပ်ပေါက်တွင် တပ်ဆင်ပေးပြီး၊ အိုင်ဖုန်းတွင်ထည့်သွင်းထားသည့် Application ဖွင့်ရမှဖြစ်ပါတယ်။ ပြီးနောက် တိုင်းတာလိုသူ၏ ပါးစပ်မှတစ်ဆင့် Breathalyzer ကိရိယာသို့ လေမှုတ် ပေးရမှာဖြစ်ပြီး၊ အိုင်ဖုန်း၏ application မှတစ်ဆင့် Alcohol ပါဝင်မှုပမာဏကို ဖေါ်ပြပေးမှာဖြစ်ပါတယ်။

ငြိမ်းချမ်းသူ(နည်းပညာ)                    
  iOS တွင်သာမကပဲ Android system သုံး mobile device များအတွက်ပါ အသုံးပြုနိုင်စေရန် ဆက်လက်ဖန်တီးသွားမယ်လို့ သိရပါတယ်။ သောက်လိုက်၊ တိုင်းလိုက်ပြုလုပ်ခြင်းဖြင့် သတ်မှတ်ထားသည့် alcohol ပါဝင်မှုဖြင့်တိုင်းတာစစ်ဆေးသည့် "Don't drink and drive" ဥပဒေကို လက်တစ်လုံးခြား ပြုလုပ်နိုင်ရန် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

Apple မှ Smart Pen ခေါ် စမတ် ကွန်ပျူတာ ဘောပင် ထုတ်မည်

photo: cdn.psfk.com
                           Apple ကွန်ပျူတာကုမ္ပဏီမှ iWatch ခေါ် စမတ်နာရီထုတ်လုပ်မည့်သတင်းများ ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း ယခုတဖန် ကွန်ပျူတာစနစ်၊ sensor စနစ်နှင့် ကြိုးမဲ့ဆက်သွယ်ရေးစနစ်များပါဝင်သည့် Smart Pen စမတ်ဘောပင်တစ်မျိုးကို ထုတ်လုပ်တော့မည် ဟု သတင်းများ ထပ်မံထွက်ပေါ်လာပါတယ်။ လွန်ခဲ့တဲ့ 1997 ခုနှစ်ကတည်းက ဒီ ကွန်ပျူတာဘောပင်နဲ့ပါတ်သက်တဲ့ ဒီဇိုင်းကို အင်္ဂလန် နည်းပညာရှင် Lyndsay Williams ဆိုသူကတီထွင်ပေးခဲ့ပြီး Apple ကုမ္ပဏီမှ 2008 မှာ မူပိုင်အဖြစ်ဝယ်ယူခဲ့တယ်လို့သိရပါတယ်။ စမတ်ဘောပင်မှာ touchscreen LCD display တစ်ခုပါဝင်မည်ဖြစ်ပြီး၊ ၄င်း screen မှတစ်ဆင့် အီးမေးများ၊ text message များနှင့် အခြား စာသားဖြင့်ဖေါ်ပြနိုင်သော information များကို ဖေါ်ပြမှာဖြစ်ပါတယ်။ Cellular သို့မဟုတ် GPS data စနစ် တမျိုးမျိုးပါဝင်နိုင်ပြီး၊ ၄င်းစနစ်ကိုအသုံးပြုခါ အင်တာနက်ဖြင့်ချိန်ဆက်နိုင်မှာဖြစ်ပါတယ်။

                         
                                ဒါ့အပြင် accelerometers ခေါ် လှုပ်ရှားမှုအလိုက် ဘာသာပြန်ပေးသည့် စနစ်ပါဝင်သောကြောင့် လက်ရေးမှတစ်ဆင့် computer text အဖြစ်သို့ ပြောင်းလဲပေးနိုင်ပါတယ်။ ဥပမာ- အီးမေးတစ်စောင်ပို့လိုပါက ရေးသားလိုသော စာများကို အဆင်ပြေရာ မျက်နှာပြင်ပေါ်တွင် ဘောပင်နှင့်ချရေးခါ ၄င်းစာသားများကို ဘောပင်တွင်ထည့်သွင်းထားသော accelerometers နှင့် CPU မှတစ်ဆင့် handwriting to text ပြောင်းလဲပေးပြီး၊ အီးမေးပေးပို့နိုင်မှာဖြစ်ပါတယ်။ microphone နှင့် speaker ပါပါဝင်ပြီး speech-to-text နှင့် text-to-speech စနစ်၂ မျိုးလုံးပါဝင်ခါ အသံဖြင့်ရော စာရေးခြင်းဖြင့်ပါ ခိုင်းစေနိုင်မှာဖြစ်ပါတယ်။ Input command ပေးစရာ keyboard မပါဝင် သည့်အပြင်၊ touchscreen display မှာလည်း သေးငယ်နေမည်ဖြစ်သောကြောင့် အထက်ပါ text-to-speech စနစ်များမှာ အဓိက input command ပေးစရာ စနစ်များဖြစ်နေပါတယ်။
                             အားပြန်လည်ဖြည့်သွင်းနိုင်သော rechargable battery ပါဝင်သည့် Smart Pen ကို portable computer device အဖြစ် သီးသန့်သုံးနိုင်ရုံမကပဲ ကွန်ပျူတာ သို့မဟုတ် tablet နှင့် မိုဘိုင်းဖုန်းများဖြင့်ပါ input device တစ်ခုအဖြစ် တွဲဖက်အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။ GPS စနစ်ပါဝင်သောကြောင့် တွဲဖက်ထားသော ကွန်ပျုတာသို့မဟုတ် mobile device များ၏ location tracking စနစ်များနှင့် အခြား location ဆိုင်ရာ အချက်အလက်များကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်။
ငြိမ်းချမ်းသူ(နည်းပညာ)

Sysem File Type များ

System File
System File
ကွန်ပျူတာတွင်အသုံးပြုထားသည့် System File Type များနှင့် ၄င်းတို့၏ File Extension များကို ဗဟုသုတအနေဖြင့်ဖော်ပြလိုက်ပါသည်။ ထိုသို့ သိရှိထားခြင်းဖြင့် ကွန်ပျူတာ System ၏ အရေးကြီးသည့် File များကို မှားယွင်းဖျတ်မိခြင်းမှလည်း ကင်းဝေးစေနိုင်ပါသည်။
Extension- File Description
.adm- Administrative Template File
.ani -Animated Cursor
.ann -Help Annotations
.bmk -Help Bookmarks
.cab -Windows Cabinet File
.cnt -Contents File
.cpl -Windows Control Panel
.cur -Windows Cursor
.desklink- Desktop Shortcut
.dev -Windows Device Driver File
.dmp -Windows Memory Dump
.drv- Device Driver
.dss- DCC Active Designer File
.dvd -DOS Device Driver
.ffa- Find Fast Status File
.ffl- Find Fast Document List
.ffo- Find Fast Document Properties Cache
.ffx- Microsoft Find Fast Index
.fpbf -Mac OS X Burn Folder
.ftg- Full Text Group
.fts- Full Text Search
.grp- Windows Program Manager Group
.hdmp- Windows Heap Dump
.hhc- HTML Help Table of Contents
.hhk- HTML Help Index
.hlp -Windows Help File
.icns -Icon Resource
.ico- Icon File
.idx- Index File
.ini- Initialization File
.ins-Internet Naming Service File
.ion- 4DOS File Description
.its- Internet Document Set
.kbd- Keyboard Layout Script
.kext- Mac OS X Kernel Extension
.key- Security Key
.manifest- Windows Visual Styles File
.mapimail -Send To Mail Recipient
.mdmp- Windows Minidump
.msc- Microsoft Management Console Snap-in Control F
.msp- Windows Installer Patch
.msstyles- Windows XP Style
.mui- MultiLanguage Resource File
.mydocs- Send To My Documents
.nt- Windows NT Startup File
.p7b- PKCS #7 Certificate File
.pdr- Windows Port Driver
.pfx PKCS- #12 Certificate File
.pid- Creative Driver File
.pol- Windows Policy File
.prefpane- Mac OS X System Preference Pane
.prf- Windows System File
.prt -Printer Driver File
.pwl- Windows Password List
.reg- Registry File
.scf- Windows Explorer Command
.scr- Windows Screensaver
.sdb- Custom Application Compatibility Database
.str- Windows Screensaver File
.swp- Swap File
.sys- System File
.sys- Motorola Driver File
.theme -Desktop Theme
.vga- VGA Display Driver
.vgd- Generic CADD VGA Driver
.vxd- Virtual Device Driver
.wdgt- Dashboard Widget ငြိမ်းချမ်းသူ(နည်းပညာ)

Enable Root login in Ubuntu

 ဟုတ်ကဲ့ ကျွန်တော်ကတော့ ငြိမ်းချမ်းသူ ပါ
 ကျွန်တော် Ubuntu အကြောင်းလေးနည်းနည်းပြောချင်ပါတယ်.....
ပုံမှန်အတိုင်းဆို Ubuntu မှာ Adiminstration [root] account နဲ့  ၀င်လို့ မရပါဘူး။ Root User ကို ပိတ်ထားပေမယ့် Account က ရှိနေတဲ့ အတွက် Root User နဲ့  Login ၀င်ပြီး အသုံးပြုချင်တယ်ဆို ရအောင်လုပ်ဖို့ နည်းလမ်း ရှိပါတယ်။

၁။ Root user အတွက် Password သတ်မှတ်ပေးဖို့ လိုပါတယ်။

Terminal ကိုသွား sudo passwd root ဆိုတာကို ရိုက်ထည့်ပြီး root user အတွက် password ကို သတ်မှတ်ပေးလို့ ရပါတယ်။

၂။ Root User login ကို ဖွင့်ပေးရပါမယ်။
System -->Administration-->Login Window ကိုသွားပါ။
Password ထည့်ခိုင်းတဲ့အခါ လက်ရှိ ၀င်ထားတဲ့ user ရဲ့ passowrd ကိုထည့်ပေးပါ။ Pop-up window တစ်ခု ပေါ်လာပါလိမ့်မယ်။ "Security" tab ကိုသွားပါ။

"Allow local system administrator login". ဆိုတဲ့ checkbox ကို ရွေးပြီး အဲဒီ Widnow ကို ပိတ်လိုက်ပါ။

ဒါဆိုရင် Ubuntu ကို root user နဲ့  login လုပ် သုံးနိုင်ပါပြီ။ password အမြဲတမ်း ရိုက်ထည့်နေရတာကို နှစ်သက်ခြင်း မရှိ၊ အလုပ်ရှုပ်တယ် ထင်တဲ့အတွက် Ubuntu သုံးတဲ့အခါတိုင်းမှာ root အကောင့်နဲ့ ပဲ သုံးဖြစ်ပါတယ်။ ကျွန်မအနေနဲ့  တခြား Security အရေးတွေကို သိပ်ပြီး ဂရုစိုက်စရာမှ မလိုတာ။ ဒါနဲ့  Root Account ကို သုံးခြင်းရဲ့ ကောင်းတဲ့ အချက်နဲ့  မကောင်းတဲ့ အချက်တွေကို သိချင်တယ်ဆို ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။
Root User အတွက် Password သတ်မှတ်ရာမှာ နောက်တစ်နည်းက System--> Administration -->Users and Groups ကိုသွားပြီး သတ်မှတ်လို့ လည်းရပါတယ်။ အဲဒီမှာ root account က lock ဖြစ်နေရင် unlock အရင်လုပ်ဖို့ လိုပါတယ်။ အဲဒီနောက် "root" အပေါ်မှာ Double-click နှိပ်ပြီး ပေါ်လာတဲ့ Window ထဲက "Set password by hand" ဆိုတဲ့ နေရာမှာ ကိုယ့်သတ်မှတ်ချင်တဲ့ Password ကို ထည့်လို့ ရပါတယ်။
ငြိမ်းချမ်းသူ(နည်းပညာ) အားလုံးပဲအဆင်ပြေကြပါစေဗျာ..

To Protect Your Privacy







 ကျွန်တော်ကတော့ ငြိမ်းချမ်းသူပါ.....ကျွန်တော်အခုshare ချင်တာကတော့
Website တွေ၊ အထူးသဖြင့် မြန်မာ blogs တွေသွားရင် tools ပေါင်းစုံ သုံးပြီး ဘယ်နိုင်ငံ၊ ဘယ်မြို့၊ ဘယ် IP စသည်ဖြင့် လာကြည့်တဲ့သူတွေကို track လုပ်တတ်ကြတယ်။ ဒါမျိုးလုပ်တာတွေက ကိုယ်ရဲ့ privacy ကိုထိခိုက်တယ်၊ စိတ်အနှောက်အယှက် ဖြစ်တယ် ခံစားရရင် ဒါလေး သုံးကြည့်ပါ။ Web bugs တော်တော်များများကို block လုပ်ပေးပါတယ်။ Blogs တွေ သွားကြည့်ရင် ကိုယ့်ရဲ့ခြေရာလက်ရာ မကျန်ခဲ့တော့ဘူးပေါ့။ သုံးဖြစ်နေတာတော့ ကြာပါပြီ၊ တနှစ်နီးပါးလောက်ရှိပြီ ထင်တယ်။ အခုမှ စိတ်ကူးပေါက်လို့ share လိုက်တာပါ။

သုံးရတာ လွယ်ပါတယ်။ Ghostery Add-on ကို Install လုပ်ပြီး Firefox ကို restart လုပ်လိုက်ရင် Firefox ရဲ့ အောက်ဆုံးက Status bar မှာ ဒီလို icon လေး နဲ့  ကိုယ်ဖွင့်ထားတဲ့ ဆိုဒ်မှာ Track လုပ်နေတဲ့ အရေအတွက် ပေါ်နေကို တွေ့ ရပါလိမ့်မယ်။ Icon လေးပေါ် Click လုပ်ပြီး ပိတ်ချင်တာကို တစ်ခုချင်း ရွေးပိတ်လို့ ရသလို Detect လုပ်နိုင်သမျှ အကုန်ပိတ်မယ်ဆိုတဲ့ သဘောနဲ့  Blocking (On) ဆိုတာကို ရွေးထားလိုက်လည်း ရပါတယ်။


Ghostery Addon for Firefox ကို ဒီနေရာမှာ ယူလို့ ရပါတယ်။ တခြား IE နဲ့  Chrome အတွက်ကိုလည်း ရှိပါတယ်။ ဒါပေမယ့် Chrome မှာတော့ Blocking features မရသေးပါဘူး။


တခြား သုံးလေ့ရှိတဲ့၊ အသုံးဝင်တဲ့ Firefox add-on တချို့ ပါ။

Tamper Data နဲ့ Live Http headers က ကိုယ်သွားကြည့်တဲ့ website ကကိုယ့်ကွန်ပြူတာထဲကို malicious code တွေ inject လုပ်ထည့်နေတယ်လို့  သံသယဖြစ်တဲ့အခါ http request နဲ့ response information တွေကို အသေးစိတ်ကြည့်ပြီး review လုပ်နိုင်ပါတယ်။ web developer တွေ
 debugging လုပ်ရာမှာလဲ အသုံးတည့်ပါတယ်။
ဒါကတော့ Autonomous System (AS Number) lookup လုပ်တဲ့ addon ပါ။ Network Engineer တွေအသုံးတည့် ပါတယ်။
ဒါကတော့ ကိုယ်သွားကြည့်တဲ့ website ကို host လုပ်ထားတဲ့ server IP address ကို အလွယ်တကူသိနိုင်ပါတယ်။
ကိုယ်သွားကြည့် တဲ့ website တွေဟာဘယ် web server အမျိုးအစားသုံးထားလဲဆိုတာ သိချင်ရင် ဒါလေး သုံးကြည့်နိုင်ပါတယ်။ 
တခြား header information တွေလည်း ကြည့်လို့ရပါတယ်။

Internet မှာ လိုချင်တဲ့ Serial Key ကိုအတိအကျ ရှာဖွေခြင်း



Internet မှာ Software တွေရဲ့ Serial Key ကိုရှာဖွေတဲ့ နည်းတွေ အများကြီး ရှိပါတယ်။ အဲဒီထဲက အလွယ်ဆုံးလို့ ထင်ရတဲ့ နည်းနှစ်ခုကို ပြောပြပေးပါ့မယ်။ မသိ့သေးတဲ့ သူတွေ အတွက်ပါ။ သိ့ပြီးသားသူတွေကတော့ ဆော်ရီးပဲဗျာ ။
ပထမ နည်းလမ်း

အရင် ဆုံး Google Search ကို ဖွင့်ထားလိုက်ပါ။ www.google.com

Search ဆိုတဲ့နေရာမှာ... မိမိ ရှာချင်တဲ့ Software နာမည်ကို “ “ ခံပြီး နောက်က 94FBR ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပြီးရင် Search ကိုနှိပ်ပြီးရှာလို့ရပါတယ်။  Fomular  =  “Product Name”94FBR
ဥပမာ. "Nero Burning Rom11" 94FBR
"Edraw Network Diagram 5.5" 94FBR
အဲလောက်ဆို အဆင်ပြေမယ်ထင်ပါတယ်။

ဒုတိယ နည်းလမ်း


ဒုတိယ နည်းလမ်း အနေနဲ့တော့ ကျွန်တော်တို့ သုံးနေတဲ့ http://www.google.com ကို http://www.google.com.hk  လို့ပြောင်းရိုက်ပေးလိုက်ပါ။ China Google Site ရဲ့ Search Box ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ မိမိရှာလို့တဲ့ Software အမည်ကို ရိုက်ထည့်ပြီးရှာနိုင်ပါတယ်။ တစ်ခု သတိပြုရမှာက Software နာမည် ရိုက်တဲ့ အခါ အစစာလုံးတွေကို Capital Letter နဲ့ရိုက်ရပါမယ်။ နောက်တစ်ခု နောက်ဆုံးမှာ sn ဆိုပြီး Small Letter နဲ့ရိုက်ပေးရပါမယ်။ ဥပမာ -  Neo Burning Rom 11 sn ။ အဲဒီလို ရိုက်ပြီးရှာလိုက်ရင် လိပ်စာတွေနဲ့အတူ Serial Key တွေကို တွေ့ရပါလိမ့်မယ်။

အောက်ပါ Site များမှာလဲ Serial Key များကိုရှာဖွေရရှိနိုင်ပါတယ် ။

http://www.serials.ws/index.php                                    





အားလုံးပဲ အဆင်ပြေကြပါစေဗျာ ....ငြိမ်းချမ်းသူ(နည်းပညာ)

အင်တာနက်ပေါ်မှာ တစ်နေ့ကိုမိနစ် 30 အချိန်ပေးပြီး ငွေရှာနည်းစာအုပ် Beta Version ( မြန်မာလို ) ထွက်ပါပြီ

မင်္ဂလာပါခင်မျာ..ကနေ့ ဘဲငွေရှာနည်းစာအုပ်ထွက်မယ်ဆိုပြီးကျနော်မနက်ခင်းပိုင်းကတည်းက ကြော်ငြာ
ခဲ့ပါတယ်..အခုညနေ ပိုင်းမှာတော့ စာအုပ်လေးကို Beta Version အနေနဲ့ထုတ်ပေးလိုက်ပါပြီခင်မျာ..
Beta Version ဆိုတာ Error ပါနိုင်တဲ့ အနေအထားဖြစ်ပြီး Error များတွေ့ရှိပါက အချိန်နဲ့တပြေးညီ ပြုပြင်
ပေးပါ့မယ်လို့ ဆိုလိုထားခြင်းဖြစ်ပါတယ်. ဒီနည်းလမ်းကိုနော်ကိုယ်တိုင်လဲ လက်တွေ့လုပ်ဆောင်နေပါ
တယ်..လိုက်ပါလုပ်ဆောင်သူများအဖို့လည်း လုံးဝ (လုံးဝ) ဘေးမဖြစ်စေရဘူးလို့အာမခံပါတယ်ခင်ဗျာ။
ဒီနည်းလမ်းကိုလုပ်ဆောင်မယ်ဆိုရင်တော့ ဇွဲရှိဖို့ နဲ့စိတ်ရှည်သီးခံဖို့လိုအပ်တယ်ဆိုတာ အရင်ဆုံးအသိ
ပေးပါရစေနော်...ကဲ..အားလုံးဘဲ..စာအုပ်လေး  ဒေါင်းနိုင် ကြပါပြီခင်မျာ။

Download => Link 1 / Link 2 / Link 3 / Link 4

Facebook Chat Box တွင်စာသားအလှပို့ခြင်း





အဲ့လိုလေးပေါ့ဗျာ ကျတော်ပြောတာနောက်တောင်ကျသွားပြီလားမသိဘူး သူကပုံပါပို့ရအောင်လုပ်ပေးတယ် အရင်တုန်း စာသားအလှလေးတွေကိုဘယ်လိုပို့မလဲကြည့်ရအောင်..
အရင်ဆုံးအောက်ကလင့်ကိုသွားပါ
ပို့ချင်တဲ့စာသားကိုရိုက်ထည့်ပြီးတော့အောက်က code တွေကော်ပီကူးပြီးပို့လိုက်ပါ စာသားအလန်းလေးတွေထွက်လာပါလိမ့်မယ် အောက်မှာပုံပြထားပါတယ်ကြည့်လိုက်ပါ
ကျေနပ်နိုင်ပါစေဗျာ သူငယ်ချင်းတွေကိုပို့ပေါ့ဗျာ

Google ကနေငွေလွှဲပြောင်းနိုင်ပြီ



Google update လုပ်ပေးလိုက်တဲ့ Gmail တွင် ပိုက်ဆံ လွှဲပြောင်း ပေးပို့ နိုင်သော လုပ်ဆောင်မှု Feature အသစ် တစ်ခုပါရှိလာပြီး သင်၏ Bank account (သို့ ) Google wallet balance မှနေ၍ တိုက်ရိုက် email attach အနေနဲ့  ပေးပို့ နိုင်ပါပြီ။


အသုံးပြုနိုင်သော Mobile Device list ကို ဤနေရာတွင် ကြည့်ရန်...

အသေးစိတ်ဖတ်ရှုရန်...