
စားသောက်ဆိုင်များတွင် အသုံးပြုနိုင်သော SMART Restaurant Management အမည်ဖြင့် Software ထွက်ရှိလာကြောင်း Ability Software Services Co.,Ltd မှသိရသည်။
အဆိုပါ Software Version မှာ Tablet, Android Phone များကိုအသုံးပြုကာ Kitchen, Bar, Cashier သို့ Order မှာယူနိုင်သည့် Tablet Based Ordering System ဖြစ်ပြီး Waiter မှ Order မှာပြီးသည်နှင့် သက်ဆိုင်ရာ Kitchen, Bar တို့မှ Bon Slip ထုတ်ယူနိုင်ပြီး Cashier မှလည်း မှာယူသည့် Menu အတိုင်း Bill Slip ထုတ်နိုင်မည်ဖြစ်သည်ဟု သိရသည်။ ဆန်းသစ်သော IT နည်းပညာဖြင့် စားသုံးသူ စိတ်ကျေနပ်မှု ရရှိစေနိုင်ပြီး Waiter, Kitchen, Cashier နှင့် စားသုံးသူများကြားတွင် သွက်လက်မြန်ဆန်စွာ လုပ်ငန်းလည်ပတ်စေနိုင်မည့်အပြင် ၀န်ထမ်းအင်အား လျှော့ချနိုင်ခြင်း၊ Menu များကို အလျင်အမြန် စီစဉ်ပေးနိုင် သဖြင့် စားသုံးသူမှ ဟင်းပွဲစောင့်ရသည့် အချိန်ကုန်သက်သာစေခြင်း၊ Waiter တစ်ဦးမှ စားပွဲ (Table) အရေအတွက်များများ တာဝန်ယူနိုင်ခြင်းတို့ကြောင့် ပိုမိုအဆင်ပြေ၊ မြန်ဆန်ထိရောက်ပြီး လုပ်ငန်းအတွက် အကျိုးအမြတ်ပိုရနိုင်မည့် Up Date New Version Restaurant Software ဖြစ်ကြောင်း သိရှိရသည်။ စိတ်ပါဝင်စားသူများအနေဖြင့် Software နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Ability Software Services Co.,Ltd အမှတ် (၈၉)၊ ၄ လွှာ၊ အနော်ရထာလမ်း (ဆိပ်ကမ်းသာလမ်းထောင့်) ကျောက်တံတားမြို့နယ်၊ ဖုန်း- ၃၈၈၈၀၈၊ ၀၉-၅၀၇၂၃၆၆ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။
ရေးသားသူ -ကိုအောင်











