Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label အတွေးစာစုများ. Show all posts
Showing posts with label အတွေးစာစုများ. Show all posts

အတွေးစာစု(၃)


အချိန်မတန်မီ ခူးတဲ့ပန်း မမွှေးပျံ့ နိုင်သေးဘူး။

အချိန်မတန်မီ ဆွတ်တဲ့သစ်သီး မချိုမြိန်နိုင်သေးဘူး။

အချိန်မတန်မီ ပြောတဲ့စကား အရာမထင်နိုင်သေးဘူး။

အချိန်မတန်မီ လုပ်တဲ့အလုပ် အထမမြောက်နိုင်ပါဘူး ။
အမုန်းရန်ငြိုးတွေလည်း ငြိမ်းအေးကင်းစင်သွားပါစေ....

ဒေါသမာနမီးလျှံတွေလည်း ငြိမ်းချမ်းပြီးဆုံးသွာပါစေ...

လူသားအားလုံးလည်းအသက် ဘေးအန္တရာယ်အပါင်းကနေ ကင်းလွတ်ငြိမ်းချမ်းကြပါစေ....

ပူပန်ကြောင့်ကြသောကမှန်သမျှ ကင်းစင်ငြိမ်းချမ်းကြပါစေသား။

ချစ်သူ ဆိုတာ...
ကိုယ်သယ်ပိုးရမယ့် ဝန်တစ်ခုကို ကိုယ်စားသယ်ပိုးပေးတတ်တဲ့ ကိုယ်ပွားတစ်ခု...
ကိုယ်ငိုကြွေးခါနီး ညင်သာစွာ အဆင်သင့်ဖြစ်နေတတ်တဲ့
ပခုံးတစ်ဖက်...
ကိုယ်လမ်းပျောက်ခါနီး လှမ်းပေးလာတတ်တဲ့ လက်တစ်စုံပါ ။
 


လူတိုင်းဆီက ချီးကျူးစကားသံတွေကြားချင်ခဲ့ ပေမယ့် ..

တခြားသူတစ်ယောက်ကို စတင်ချီးကျူးစကားဆိုဖို့ ..

ဝန်လေးတွန့်ဆုတ်ချင်နေလိမ့်မယ်..။

လူတိုင်းဆီက မာယာကင်းတဲ့ ရိုးသားတဲ့ ဆက်ဆံရေးကို

မျှော်လင့်နေမိသော်လည်း..

ကိုယ်က စတင်ရိုးသားကြည့်ဖို့ ..သတိမေ့ချင်မေ့နေလိမ့်မယ်..။

သူတစ်ပါးဆီက နက်ရှိုင်းလေးနက်လွန်းတဲ့  ချစ်မြတ်နိုးခြင်းကို

အလိုရှိတောင့်တလွန်းမိပေမယ့် ..

ကိုယ်ကိုယ်တိုင်က စတင်လေးနက်ကြည့်ဖို့ 

မလိုအပ်သေးဖူးလို့  ထင်ချင်ထင်မိနေလိမ့်မယ်..။

တကယ်သာ နေတတ်မယ်ဆိုရင် ဘဝဆိုတာ ပျော်စရာအကောင်းဆုံး ခရီးတစ်ခု...
တကယ်သာ ချစ်တတ်မယ်ဆိုရင် ချစ်သူဆိုတာ ကိုယ့်ရဲ့ရင်ချင်းဆက်
အဖော်တစ်ယောက်...
တကယ်သာ ကြိုးစားကြည့်မယ်ဆိုရင် အောင်မြင်မှုဆိုတာ ကိုယ့်အတွက်
အလှပဆုံး စိမ်ခေါ်မှုတစ်ခုပါ ...။
 အားလုံးပဲပျော်ရွင်ကြပါစေ.....
ငြိမ်းချမ်းသူ(နည်းပညာ)
Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics
 
 

အတွေးစာစု(၂)

ဘယ်သူကမှ မယုံကြည်နိုင်ဘူးဆိုရင်တောင်

ကိုယ်ကိုယ်ကိုယ်တော့ ယုံကြည်ရလိမ့်မယ်။

ဘယ်သူကမှ မလေးစားနိုင်ဘူးဆိုရင်တောင်

ကိုယ့်ကိုယ်ကိုယ်တော့ လေးစားရလိမ့်မယ်။

ဘယ်သူကမှ တန်ဖိုးမထားနိုင်ဘူးဆိုရင်တောင

ကိုယ့်ကိုယ်ကိုယ်တော့ တန်ဖိုးထားရလိမ့်မယ်။

ဘယ်သူကမှ မထူမတ်ပေးနိုင်ဘူးဆိုရင်တောင်

ကိုယ့်ကိုယ်ကိုယ်တော့ပြန်ထူမတ်နိုင်ရလိမ့်မယ်။
အရှုံးမပေးခြင်းဆိုတဲ့လက်တွေဟာ...

အောင်မြင်ခြင်းဆိုတဲ့ပန်းတိုင်ကို

မြဲမြံစွာ ဆုပ်ကိုင်ခွင့်ရှိတယ်....။
 

နင့်ကိုငါ သိပ်ချစ်ခဲ့ဖူးတယ်။

ဒါပေမယ့် နင်ဟာ ငါ့ရဲ့ ချစ်တွေနဲ့  မထိုက်တန်ပါလားလို့  သိလာတဲ့အခါမှာ

ငါ့ကိုယ်ငါ ဒဏ်ရာမရအောင် အားပေးနှစ်သိမ့်ရတယ်။

စိတ်ဓါတ်တွေကြံ့ခိုင်ရင့်သန်အောင် အားထုတ်ရတယ်။

လူတိုင်းဟာ အချစ်စစ် ..သစ္စာတရားနဲ့  မထိုက်တန်ပါလားလို့ 

ငါသိလိုက်ရတဲ့နောက်မှာ...

ငါ့ကိုယ်ငါပဲ ချစ်တတ်ဖို့ ၊ သစ္စာရှိဖို့  သင်ယူတတ်မြောက်ခဲ့ရတယ်။


 
အချစ်ဆိုတာ နှစ်ဦးနှစ်ဖက် ဘက်တူညီမျှရမယ်။

ဒါမှ သက်တမ်းရှည်မယ်။

အချစ်မှာ တကိုယ်ကောင်းမဆန်ရဘူး။

သူ့ ဖက်ကို အမြဲငဲ့ကြည့်ဖို့ လိုတယ်။

ကိုယ်တစ်ယောက်တည်း ရှေ့ ကနေပြေးနိုင်တိုင်း

စွတ်ပြေးနေလို့ မရဘူး။

စောင့်ခေါ်နိုင်ရမယ်။

အဲဒါမှမဟုတ်ရင်

တစ်ယောက်က ကျန်ခဲ့မှာပဲ၊၊

လက်တွဲညီညီထားပြီး

နံဘေးချင်းကပ်ထားနိုင်မယ့် ဟာမိုနီမျိုးရှိမှ

အချစ်က ခိုင်မြဲတာပါ...၊၊

ဘဝကို အမြဲရယ်မောပျော်ရွှင်စွာ ဖြတ်သန်းတတ်သူတွေရဲ့ ဘဝဟာ အမြဲပျော်ရွင်ရယ်မာစရာတွေနဲ့ သာတွေ့ ကြုံရတတ်တယ်။

အရာရာကို သံသယတွေနဲ့ ပဲစောင့်ကြည့်တတ်သူတွေရဲ့  ဘဝကတော့
သံသယဖြစ်စရာတွေနဲ့ ချည်း ရင်ဆိုင်တိုးရတတ်ပြန်တယ်။

အမြဲတမ်းအားငယ်ကြေကွဲနေတတ်သူတွေကျတော့
အရှုံးတွေကပဲ အပါင်းအသင်းဖွဲ့ တတ်တယ်။

နေရာတကာမကောင်းမြင်စိတ်နဲ့ ရန်လိုတတ်သူတွေကိုတော့
ပြဿနာတွေနဲ့ ချည်းထိပ်တိုက်ဆုံဆည်းစေပြန်တယ်။

ဘဝကို ရိုးရိုးရှင်းရှင်း အရှိအတိုင်းရိုးစင်းစွာဖြတ်သန်းတတ်သူတွေအတွက်တော့
ဘဝဆိုတာ စင်းစင်းရှင်းရှင်းလေးပါပဲ၊၊

တကယ်တော့ ဘဝဆိုတာ ကိုယ်မြင်တတ်တဲ့ပုံရိပ်အတိုင်းပဲ ထင်ဟပ်တတ်တာမျိုးပါ၊၊
------------------------------
အောင်မြင်ပျော်ရွင်ပါစေ.....
ငြိမ်းချမ်းသူ(နည်းပညာ)
http://nyeinchanthu3.blogspot.com/
 
 

အတွေးစာစု (၁)


အမှောင်ဆုံးအချိန်နဲ့ ရင်ဆိုင်နေရချိန်မှာ စိတ်ဓာတ်တွေကို အဆုံးရှုံးမခံလိုက်ပါနဲ့ ၊

သိပ်မကြာခင်မှာ ရောက်လာမယ့် အလင်းရောင်ကိုခံစားပျော်ရွှ့င်အောင်ပွဲခံဖို့ 
သိမ်းဆည်းထားလိုက်ပါ ။

တစ်နာရီ စိတ်ကောက်စိတ်ဆိုးမိရင်

တစ်နေ့ တာရဲ့ ပျော်ရွှ့င်ချိန်တွေထဲက တစ်နာရီစာ ဆုံးရှုံးလိုက်ရမယ်။

တစ်နာရီ စိတ်ဓါတ်ကျတွေဝေအားငယ်မိရင်

တစ်နေ့ တာရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေထဲက တစ်နာရီစာဖဲ့ပေးလိုက်ရမယ်။

တစ်နာရီ စိတ်ထက်ထက်သန်သန်နဲ့ အလုပ်ကြိုးစားမိရင်

သူများထက်တစ်နာရီစာ ခရီးရောက်နှင့်နေလိမ့်မယ်...။

စကားတွေ တရစပ် ကိုယ်ချည်းဇွတ်ပြောတတ်သူထက်

သူတစ်ပါးကို စကားပြောခွင့်ပေးတတ်ပြီး နားထောင်ပေးတတ်သူက

ပိုပြီးလေးစားစရာကောင်းပါတယ်။
အမှန်တရားက အမှောင်ထဲကနေ ထွက်မလာနိုင်သေးခင်မှာ

မတရားမှုက မီးရောင်ထဲဝင်ပြီး ကခုန်နေလေရဲ့ ...။

လူနှစ်ယောက် မျက်နှာချင်းဆိုင်ဆုံမိတဲ့အခါ

ကိုယ်ကစပြီး ပြုံးပြဖို့ ကို မတွန့် ဆုတ်ပါနဲ့ ၊

ဒီအပြုံးလေးက အကောင်းဆုံးမိတ်ဆွေသူငယ်ချင်းတစ်ယောက်ကို

ကိုယ့်ဘဝထဲ ဖိတ်ခေါ်နိုင်စွမ်းရှိတတ်လို့ ပါ။

ဘဝရဲ့ ပထမဆုံးခြေလှမ်းတစ်လှမ်းကို

စပြီးလှမ်းဖို့  မတွေဝေမိပါနဲ့ ၊

ဒီခြေလှမ်းလေးက အမြင့်မားဆုံးအောင်မြင်မှုတစ်ခုဆီ

ကိုယ့်ကိုဆွဲခေါ်နိုင်စွမ်းရှိတတ်လို့ ပါ၊၊
စကားလုံးတွေရဲ့ အသွားက ထက်ရှလွန်းတတ်ပါတယ်။

စကားတစ်ခွန်းမပြောခင်မှာ ကိုယ်ပြောမယ့်စကားက

တစ်ဖက်သားရဲ့ နှလုံးသားနဲ့ စိတ်ကို နာကျင်ပြတ်ရှ ဒဏ်ရာရနိုင်သလား

ဆိုတာလေးရယ်...

ဒီစကားတစ်ခွန်းက ပြောပြီးရင် ကိုယ့်တိုင်လည်း နောင်တကင်းကင်းနဲ့ 

လိပ်ပြာသန့် နိုင်မလား ဆိုတာလေးကို

အရင်တွေးလိုက်မိရင်...

ဘဝမှာ နောင်တရစရာတွေ တော်တော်ကင်းသွားမှာပါနော်။
--------------------------------------
အားလုံးပဲပျော်ရွင်နိုင်ကြပါစေ.....
ငြိမ်းချမ်းသူ(နည်းပညာ)