Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label Firefox. Show all posts
Showing posts with label Firefox. Show all posts

Firefox 17 Lands With Facebook API

Social Websites တွေက ဒီနေ့ လူမှုဘ၀မှာ ပိုပြီး အရေးပါလာတာ နဲ့အမျှ လွယ်လွယ်ကူကူ သုံးနိုင်မယ့် နည်းလမ်းတွေ ကိုရှာဖွေနေ ကြပါတယ်။ အခု Facebook က Mozilla Firefox နဲ့ပေါင်းပြီး နောက်ခြေလှမ်း တစ်ခု စတင်လိုက်ပါပြီ။
Facebook က Firefox ကိုသုံးပြီး သင့်ရဲ့ အင်တာနက်ပျော် ဘ၀ကို ထပ်လွှမ်းမိုး နိုင်အောင် နောက်တစ်ဆင့် ကြံစည် နေပါပြီ။ Firefox 17 ကိုတရားဝင် စထုတ်လိုက်ပြီး Mozilla's Social API ကနေတဆင့် Facebook ကို default ပါအောင် လုပ်ထားတာပါ။ Social API က web apps တွေကို browser ကတဆင့် ကိုယ့်ရောင်းရင်းတွေ Facebook မှာဘာတွေ လုပ်နေသလဲ၊ ကိုယ့်မေးလ် ထပ်ရောက်သလား စသဖြင့် အဲဒီ website တွေထဲ သွားစရာ မလိုဘဲ အချိန်နဲ့ တပြေးညီ သိနိုင်အောင် လုပ်ဆောင်ပေး ပါတယ်။ Facebook နဲ့ Gmail ကိုချိတ်ပေးတဲ့ တခြား extensions နဲ့ add-ons တွေအများကြီး ရှိပေမယ့်လည်း social API ကဒီဝန်ဆောင်မှုကို browser ထဲမှာ ထည့်ဆောက် ထားတာပါ။

၁

Social API sidebar ကိုသုံးပြီး Firefox ထဲမှာ ဒီဝန်ဆောင်မှုကို ထည့်သွင်းပေး ထားတာကြောင့် Tabs တွေပြောင်းရတာ၊ အသစ်ဖွင့်စရာ မလိုဘဲ ကိုယ့်ရဲ့ မိသားစု၊ အပေါင်းအသင်းတွေနဲ့ ဆက်သွယ်ရာမှာ ပိုပြီးလွယ်ကူ စေပါတယ်။ တကယ်လို့ ကိုယ်က အင်တာနက်မှာ တစ်ခုခုကို ရှာနေတာပဲ ဖြစ်ဖြစ်၊ ဗီဒီယို ကြည့်နေတာပဲ ဖြစ်ဖြစ်၊ ဂိမ်းကစား နေတာပဲ ဖြစ်ဖြစ် လုပ်နေပေမယ့် ကိုယ့်ကြိုက်တဲ့ လူမှုရေး website တွေနဲ့ အဆက်အသွယ် မပြတ်နေ နိုင်မှာပါ လို့ Mozilla ကဆိုပါတယ်။ တကယ်လို့ Social API ကသုံးဖို့ အသင့်ဖြစ်ပြီ ဆိုတာနဲ့ Facebook Messenger for Firefox က Social API ကိုပထမဆုံး တရားဝင် စသုံးတဲ့ app ဖြစ်သွားမှာပါ။ လွန်ခဲ့တဲ့ တစ်လလောက် ကတည်းက မိတ်ဆက်ခဲ့ပြီး Firefox beta ကိုသုံးတဲ့ သူတွေကို စပေးသုံး နေပါပြီ။ ဒီလုပ်ဆောင်ချက်ကို အသုံးပြုလိုတယ် ဆိုရင်တော့ Messenger for Firefox ဆိုတဲ့ Facebook Page ကိုသွားပြီး "Turn On" ကိုနှိပ်ပေးပါ။

၂

ဒါကို enable လုပ်လိုက်တာနဲ့ Facebook chat and updates တွေအတွက် social sidebar ကိုရသွားမှာပါ။ ကိုယ့်ဆီကို စာတွေ၊ friend requests တွေဝင်လာရင် ၀င်လာကြောင်း အသိပေးမှာ ဖြစ်ပြီး ကိုယ့်ရဲ့ Firefox toolbar ကနေတဆင့် ချက်ချင်း လှုပ်ရှားလို့ ရမှာပါ လို့ဒီဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး Mozilla ကရှင်းပြထား ပါတယ်။ Twitter ၊Gmail တို့က Social API apps တွေသုံး လာမယ်လို့ မျှော်လင့်လို့ ရပြီး နောက်ပိုင်းမှာ apps တွေပိုထွက်လာ ဦးမှာပါ။

၃

အဆင်ပြေပါစေ...

New Update Firefox 26.0 Beta 5 For Wondows (22Mb)

ဒီနေ့မနက်ကမှ Update ပေါ်လာတဲ့ Firefox 26.0 Beta 5 လေးကိုလိုအပ်မယ်ဆိုရင်တော့အောက်မှာ
ဒေါင်းလိုက်ပါ။ မိမိသုံးနေတဲ့ Firefox က Update မဖြစ်ရင်လည်း သုံးရတဲ့နေရာမှာ အဆင်မပြေမှုတွေရှိ
ပါတယ်။ အရင်သုံးနေတဲ့ Version ကအဆင်မပြေမှုတွေရှိနေရင် Update လုပ်လိုက်ပါနော်....
Mozilla Firefox web browser is an open source and free for use browser from Mozilla.org foundation. Mozilla Firefox is available for Microsoft Windows, OS X, and Linux operating platforms. Thought it offers cross platform support however in terms of features and functionality, Firefox delivers same set of performance to all these operating systems
ယနေ့မှစပြီးကျွန်တော်ဆိုဒ်ကိုလာလည်တဲ့ User တွေအတွက်ဒေါင်းလော့စ်ဆွဲရာတွင်အခက်အခဲမရှိအောင်
မည်သည့် Skip မှကြားခံထားခြင်းမရှိပါ။ ဆော့စ်ဝဲများကို တိုက်ရိုက်ဒေါင်းနိုင်ပါတယ်ခင်ဗျာ။
 သို့ပါသောကြောင့်ပြန်လည်ကျေးဇူးတင်တယ်ဆိုရင်တော့
 ကြော်ငြာများကို တစ်ကြိမ်လောက်သာ ကလစ်ခဲ့ပါခင်ဗျာ။


ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 

မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

http://mm-knowledgeinfo.blogspot.com/2013/11/new-update-firefox-260-beta-5-for.html 
နည်းပညာမြို့တော် 
အောင်မြငပျော်ရွင်ပါစေဗျာ.....

မြန်ဆန်သော Firefox အဖြစ် လုပ်ဆောင်ခြင်းနည်းလမ်းများ




မြန်နှုန်းမြင့် INTERNET ဖြစ်ဖို့၊ WEB PAGE တွေ LOADING လုပ်တာမြန်စေဖို့၊ ပုံတွေပေါ်တာ မြန်စေဖို့ စိတ်ကူးရှိရင် သင့် BROWSERကို နည်းနည်းချိန်ညှိပေးဖို့လိုလိမ့်မယ်။ ဒီ ဆောင်းပါးက BROWSER အနေနဲ့ FIRE FOX ကို သုံးထားတဲ့သူတွေ အတွက်ပါ။ မရှိလဲ DOWNLOAD ဆွဲပြီး သုံးနိုင်ပါတယ်။ 
 
(၁)    FIRE FOX ကိုဖွင့်လိုက်ပါ။ ပြီးတော့ ADDRESS BAR မှာ about:config လို့ရိုက်ထည့်ပြီး ENTER နှိပ်ပါ။ ပညာရှင်အဆင့် ချိန်ညှိမှု့တွေ လုပ်မယ့်နေရာကို သွားမှာ ဖြစ်လို့ သတိပေးတဲ့စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်။ ဂရုစိုက်လုပ်ပါ့မယ် လို့အဓိပါယ်ရတဲ့ BUTTON ကို နှိပ်ပေးလိုက်ပါ။
 

(၂)    network.http.pipelining ရှိတဲ့နေရာကိုကိုဆင်းသွားပါ။ သူ့ရဲ့Value Field မှာ FALSE ဖြစ်နေခဲ့ရင် DOUBLE CLICK နှိပ်ပြီး TRUEပြောင်းလိုက်ပါ။

(၃)     network.http.pipelining.maxrequests ကိုသွားပါ။ DOUBLE CLICKနှိပ်ပြီး တန်ဖိုးကို 8 လို့ပြောင်းပါ။

(၄)     network.http.proxy.pipelining ကိုသွားပါ။ DOUBLE CLICK နှိပ်ပြီးတန်ဖိုးကို TRUE ပြောင်းလိုက်ပါ။
 
(၅)   network.dns.disableIPv6 ကိုရှာပြီး တန်ဖိုးကို TRUEပြောင်းပေးပါဦး။
CONFIGURATION WINDOW ရဲ့ ညာဘက်က လွတ်နေတဲ့ ကြိုက်တဲ့ နေရာမှာRIGHT CLICK ထောက်လိုက် ပါ။ POP UP MENU လေးပေါ်လာပါလိမ့်မယ်။ MENU ထဲကNEW ကိုရွေးပြီး BOOLEANကိုတဆင့် ရွေးပေး ပါ။ ပေါ်လာတဲ့ New booleanvalue pop-up window ထဲမှာ content.interrupt.parsing  လို့ရိုက်ထည့် ပါ။ OK ရွေးပြီး New Boolean အတွက် VALUE ကို TRUE ထားပေးပါ။

(၆)     နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါ။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.max.tokenizing.time လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို  2250000  လို့ထားလိုက်ပါ။

(၇)     နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.notify.interval လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE BOX မှာ 750000  လို့ထားပါ။

(၈)     နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကBOOLEAN ကိုရွေးပါ။ ပေါ်လာတဲ့ New boolean value pop-up window မှာ content.notify.ontimer လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို TRUE  ထားပေးပါ။

(၉)     နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.notify.backoffcount လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 5 လို့ထားပေးပါ။

(၁၀)     နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး ။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.switch.threshold လို့ရိုက်ထည့်ပါ။
OK ပေးပြီး VALUEကို 750000 လို့ထားပေးလိုက်ပါ။

(၁၁)     နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ  nglayout.initialpaint.delay လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 0 ထားလိုက်ပါ။

အခုက စပြီး သင့် FIRE FOX ရဲ့ အမြန်နှုန်းဟာ မင်သက်လောက်စရာမြန်ဆန်နေခဲ့ပြီပေါ့။

အရမ်းမြန်တဲ့ Browser တွေဖြစ်လာဖို့

အခုမျှဝေပေးမယ့်ဟာလေးကလည်း အင်တာနက်သုံးတဲ့သူတွေ အသုံးဝင်ကြမှာပါ။ Browser ကို SPEED မြှင့်တဲ့ Registry ပြုလုပ်နည်းလေးပါ။
ပထမဆုံး  Run Box ခေါ်လိုက်ပါ... မသိသူများအနေနဲ့  Win ဒိုးခလုပ်နဲ့  R နဲ့တွဲကလစ်ုလိက်ပါ... Run Box လေးကျလာမှာ ဖြစ်ပါတယ်.. ကျလာတဲ့ ဘောက်လေးထဲကို Regedit  ဆိုတာလေးထည့် ပြီး သွားလိုက်ပါ....အောက်မှာ ပုံးလေးနဲ့တော့ပြထားပါတယ်...နော် လေ့လာလိုက်ပါ....

၁။ HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\Dnscache\Parameters ကို ရောက်အောင် သွားပါ။ ညာဘက် အကွက်ထဲမှာ ဖိုင် (၂) ဖိုင်ပဲ ရှိနေပါလိမ့်မယ်။ဒါဆို  အောက်က နည်းလမ်းတွေအတိုင်းဆက်လက် ဆောင်ရွက်ကြမယ်ဗျာ....

 ၂။       အိုကေ...ဆက်ကလိကြမယ်နော်... အောက် က Code တွေကို Notepad ထဲကို ကူးထည့်ပေးလိုက်ပါ။

Windows Registry Editor Version 5.00
[HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\Dnscache\Parameters]
"CacheHashTableBucketSize"=dword:00000001
"CacheHashTableSize"=dword:00000180
"MaxCacheEntryTtlLimit"=dword:0000fa00
"MaxSOACacheEntryTtlLimit"=dword:0000012d

၃။    အထက်က Code တွေကို Notepad ထဲမှာ ထည့်ပြီးပြီဆိုရင် save as ကိုသွားပြီး dnscache.reg ဆိုပြီး Desktop ပေါ်မှာပဲ Save ပေးလိုက်ပါ။ File Name နောက်က (.reg) ဆိုတာ ထည့်ပေးဖို့ မမေ့ပါနဲ့။

၎။      အဲဒီ dnscache.reg ဆိုတဲ့ Registry file လေးကို Double Click နဲ့ run ပေးလိုက်ပါ။

၅။   Reg ဖိုင်လေးကို Run ပြီးတာနဲ့ HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\Dnscache\Parameters  ဆိုတဲ့ နေရာရဲ့ ညာဘက် အကွက်ထဲမှာ ဖိုင် (၄)ဖိုင် တိုးတာပြီး အားလုံးပေါင်း (၆) ဖိုင် ဖြစ်သွားပါလိမ့်မယ်။

ဒါဆိုရင်တော့ Browser ကို Speed မြှင့်လို့ ပြီးသွားပါပြီ။ Registry ကို ပြင်တဲ့အတွက် ကွန်ပျူတာကို Restart လုပ်ပေးဖို့ လိုပါလိမ့်မယ်။ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်....နော်....