Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label ဗေဒင်ကဏ္ဏ. Show all posts
Showing posts with label ဗေဒင်ကဏ္ဏ. Show all posts

ဒီဇင်ဘာလ အတွက် (၇) ရက်သားသမီး ဟောစာတမ်း


တနင်္ဂနွေသား သမီး ။ ။ မိတ်ဆွေကောင်း များနှင့် တွေ့ မည် ။ စပ်တူ လုပ်ငန်းများ အထူးအောင် မြင်မည် ။ ပညာရေး ပညာပေး အတတ်ပညာ နှင့်ပတ်သက်သော လုပ်ငန်းများ အကျိုးပေးမည် ။ လူငယ်များ ပညာရေးနှင့် ပတ်သက်ပြီး စိတ်ချမ်းသာမှုရမည် ။ အမွေရသကဲ့သို့  မမျှော်လင့်ပဲ ငွေဝင်မည် ။ ငယ်ရွယ်သူများ အောင်သွယ်ကောင်း မှုကြောင့် ချစ်သူရလိမ့်မည် ၀မ်းဗိုက်နှင့် ပတ်သက်သောရောဂါများ ခံစားရတတ်သည် ။

ယတြာ ။ ။ တာအိုးတစ်လုံး အတွင်းရေထည့် ရွက်လှ ၁၇ ရွက်ထည့်၍မွေးနံဘုရား ထောင့်တွင်လှုပေးပါ ။

တနင်္လာသားသမီး ။ ။ စက်နှင့် ပတ်သပ်သောလုပ်ငန်းလုပ်သူများ အထူးသတိထားပါ ။ ရောင်းမှား ၀ယ်မှားဖြစ်ခြင်း ။ လူလိမ်ခံရခြင်းများ ကြုံတွေ့ ရလိမ့်မည်။ အိမ်ထောင်ရှင်မိန်းကလေးများခင်ပွန်းနှင့် စကားများပြီး အိမ်ထောင်ကွဲ သည်အထိဖြစ် တတ်သည် ။ရွှေအထားမှားပြီး ပျောက်တတ်သည် ။ သတိထားပါ ။ငယ်ရွယ်သူမိန်းကလေးများ ကြားစကားကိုယုံမိ၍ ချစ်သူနှင့်အဆင်မပြေဖြစ်လိမ့်မည် ။ တနင်္လာအစ ဗုဒ္မဟူးနံအဆုံးနာမည် ရှင်များ အထူးသတိထားပါ ။ ထိခိုက်ဒဏ်ရာ ရတတ်သည် ။ လိမ်လည်ပြီး ငွေချေးသူကြောင့် စိတ်ညစ်ရလိမ့်မည် ။
ယတြာ ။ ။ အင်္ဂါ နေ့  ညနေပိုင်းတွင် လမ်းဆုံလမ်းခွမှ ခွေးများကိုအစာကြွေးပေးပါ ။

အင်္ဂါ သားသမီး ။ ။ ခြံ ကား ကွန်ပျူ တာ စက်ပစ္စည်း ရောင်းဝယ်သူများ အထစ်အငေါ့ ဖြစ်မည် ။ မမျှော်လင့်ပဲ ခရီးသွားခွင့် ကြုံ ခဲ့လျှင် ရေလမ်းခရီးကိုရှောင်ပါ အသက်အန္တရယ် ထိခိုက်တတ် ပါသည် ။ အိမ်ထောင်ရှင်များဇနီး မယား ကျမ္မာရေးအတွက် ငွေကုန်လိမ့်မည်။ဝန်ထမ်းများ စာရင်းဇယားနှင့်ပတ် သက်ပြီး အထက်လူကြီး၏ ဆူပူခြင်းခံရတတ်သည်။ ငယ်ရွယ်သူချစ် သူများ စကားပြောမှားပြီ အထင်လွဲကာစကားများ လိမ့်မည် ။ ဦးခေါင်း ခါးတို့ တွင် ထိခိုက်ဒဏ်ရာရတတ်သည် ။
ယတြာ ။ ။ နီးစပ်ရာ တရားစခန်းများမှ ယောဂီများအား ဆေးဝါးလှုါးန်းပေးပါ ။

ဗုဒ္မဟူးသားသမီး ။ ။ အိမ် အဆောက်အဦး ခြံ ကား ကျောက်ရောင်းဝယ်သော လုပ်ငန်းများ စိတ်ဝမ်းကွဲပြီး အဆင်မပြေဖြစ်မည် ။ ၀န်ထမ်းများ အထက်လူကြီးနှင့် စကားများပြီး အလုပ်မှရပ်စဲခံ ရတတ်သည် ။ ငွေဝင်သော်လည်း ၀င်သလောက်ပြန် ထွက်နေမည် ။ဆေးမှား အစားမှားပြီး ဆေးရုံ ဆေးခန်း ရောက်တတ်သည် ။ ငယ်ရွယ်သူများ အချစ်ရေးကံကောင်း သော်လည်း စိတ်တိုင်းကျသောချစ်သူမျိုးမတွေ့ နိုင်သေးပါ ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ချစ်သူမျိုး နှင့်သာ ဖူးစာဆုံနေမည် ။
ယတြာ ။ ။ မိမိမွေးနံ ဘုရား။ထောင့်တွင် အုန်း (၆) ညွန့်နှင့် အစိမ်းရောင်ယပ် ( ၄) ချောင်း လှုပေးပါ။

ကြာသပတေး သားသမီး ။ မည်သည့်လုပ်ငန်း လုပ်လုပ် အကျိုးပေးသောလဖြစ်သည်။ မိတ်ဆွေ ကောင်းများ၏ ကူညီမှုကြောင့် လုပ်ငန်းများအောင်မြင်မည်။ မမျှော်လင့်ပဲ ဘုရားဖူးခရီးသွားရလိမ့်မည် ။ အမွေရသကဲ့သို့  ထီပေါက်သကဲ့သို့  ငွေ ၀င်မည် ။ ၅ ၄ ၃ ၁ ဂဏန်းများဖြင့် ထီကံစမ်းပါ ။ ငယ်ရွယ်သူများ အချစ်ရေးကံကောင်းနေမည်။ စိတ်အလိုလိုက်ပါက အိမ်ထောင်ကျ သွား နိုင်ပါသည် ။ မိဘ ဘိုးဘွား များကို ငွေကြေးဖြင့်ကန်တော့ပါ ။ စာမေးပွဲ ဖြေထားသူများ ကောင်းသတင်းကြား ရလိမ့်မည်။
ယတြာ ။ ။ မိမိ အိမ်နားမှ ချို့တဲ့သော ကျောင်းသားများအား ဗလာစာအုပ် လှုပေးပါ။

သောကြာသားသမီး ။ ။ ခရီးသွားလုပ်ငန်း ဟိုတယ်လုပ်ငန်း သံ သဲ သွပ် ရောင်းဝယ်သော လုပ်ငန်းများ အဆင်မပြေဖြစ်မည် ။အိမ်ထောင်ရှင်များ ဇနီးကျမ္မာရေး ကြောင့် ငွေကုန်မည် ။ အိမ်တွင်းရေးအဆင်မပြေပဲ တစ်ဦးဦးနှင့် စကားအကြီးအကျယ် များမည် ။ခရီးသွားလျှင် စိတ်ညစ်ရမည်။ ကားနှင့်ပတ်သက်၍ စိတ်ညစ်ရမည် ။ မိမိအိမ် သူခိုးခိုးခံရကိန်းရှိသည်။ သတိထားပါငွေကြေးအရှုပ်အရှ င်းတခု ဖြေရှင်းရတတ်သည် ။ ငယ်ရွယ်သူများ ချစ်သူ ၂ယောက်တပြိုင်နက် ထားခြင်းကြောင့် စိတ်ညစ်ရမည်။
ယတြာ ။ ။မွေးနံ ဘု ရားထောင့်တွင် သီဟို ( ၂၁) ခက်လှုပေးပါ။

စနေသားသမီး ။ ။ လုပ်ငန်းအသစ်များ မချဲ့ ပါနှင့် ။ ယခုလအတွင်း အဆင်မပြေနိုင်သေးပါ။ ဆန် ဆီ ဆေး စက်ပစ္စည်း စာ အုပ် စာပေ လုပ်ငန်းများ အဆင်ပြေမည် ။ မြေကိစ္စ အမွေ ကိစ္စကြောင့် စိတ်ညစ်ရလိမ့်မည် ။ခရီး ယာယီသွားရလိမ့် မည် ။ မိန်းမတစ်ယောက်ကြောင့် အိမ်ထောင်ရေးအဆင်မပြေဖြစ်တတ်သည် ငွေဟောင်း ကြွေးဟောင်းများ မမျှော်လင့်ပဲ ပြန်ဝင်မည် ။ငယ်ရွယ်သူများ ချစ်သူ၏ဆိုးနွဲ့ မှု ကြောင့် စိတ်အနည်းငယ်ညစ် ရတတ်သည် ။ ခြေထောက် တွင်ထိခိုက် ဒဏ်ရာရတတ်သည် ။
ယတြာ ။ ။မွေးနံ ဘုရားထောင့်တွင် ထီးအနီတစ်လက် အုန်း ( ၆ ) ရွက်ကိုလှုပေးပါ ။

အစစအဆင်ပြေကြပါစေ
ကိုမောင်မောင် ( ဆန်း သုတေသီ )
အဆင်ပြေအောင်မြင်ပါစေဗျာ...
http://nyeinchanthu3.blogspot.com/

ရာသီခွင် အလိုက် လိုက်ဖက်ညီ အဆောင်ပန်းလေးများ

ပန်းပေးတာ နဲ့ ပတ်သက်လာရင် ပန်း ဆိုတာ ဟာ အချစ်ရဲ့ သင်္ကေတလို့ အစဉ်အဆက် လက်ခံ ထားကြပါတယ်။ ဒါ့အပြင် ပန်းပေးတာဟာ တစ်ဖက်သား ကို အရှုံးပေး တဲ့ သင်္ကေတဖြစ်တာ ကြောင့် ငြိမ်းချမ်းမှု ရဲ့သင်္ကေတ သဘော ဆောင် နေပါတယ်။ ပန်းမကြိုက်တဲ့ အမျိုးသမီး ဆိုတာ လည်း မရှိသလောက် ရှားပါတယ်။ အမျိုးသမီး မှတင် မဟုတ်ပါဘူး။ အချို့ အမျိုးသားတွေက လည်း အမျိုးသမီးလောက် နီးနီး ပန်းကြိုက်တတ် ကြပါတယ်။ ထောင်၊ သောင်း၊ သန်း မကသော ပန်းမျိုးစုတွေ၊ ပန်းမျိုး စိတ်တွေ ထဲမှာ ဆယ့်နှစ်ရာသီခွင် (Zodiac Sign) အလိုက် ကိုယ့်ရဲ့မွေးလနဲ့ ကိုက်ညီတဲ့ အဆောင်ပန်း ကတော့ ၁၂ မျိုးပဲ ရှိပါတယ်။ ဒါကြောင့် ဒီလို အဆောင် ပန်းလေးတွေ ကို တစ်သက်တာ မှာ တစ်မင်္ဂလာ အဖြစ် ရည်ညွှန်းပြီး သတ်မှတ် ကျင်းပတဲ့ ကိုယ့်ရဲ့ မင်္ဂလာပွဲလေး ရဲ့ ပန်း အလှဆင်ခြင်း မှာ ထည့် သွင်း ပေးသွား မယ် ဆိုရင် ကိုယ့်ရဲ့ အရေးကြီးတဲ့ကိစ္စတွေ ပြုလုပ်တဲ့ အခါ ဆောင်ထားမယ် ဆိုရင် သီးသန့် ကိုယ့်ဘာသာ စိတ်ကြည်နူးအောင် ပန်းထိုးမယ်၊ ပန်း အလှဆင်မယ် ဆိုရင်တော့ ရာသီခွင် ရဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိတွေ ရဲ့ ကူညီ ပံ့ပိုးမှုတွေ ကြောင့် ပိုပြီး အဆင်ပြေမှုကို တွေ့ရှိရမယ် လို့ ထင်မြင်မိပါတယ်။ ဒါကြောင့် ယခု စက်တင်ဘာလ ထဲက ရာသီခွင် နှစ်ခုဖြစ်တဲ့ ကန်နဲ့ တူရာသီဖွားက နေ စပြီး ကြည့်ရအောင်ပါ။
ကန်ရာသီဖွား 
(သြဂုတ် ၂၃ ရက်မှ စက်တင်ဘာ ၂၂ ရက်)
ကန်ရာသီဖွား များ ရဲ့ သဘောသဘာဝကို ပုံဖော်ပြရရင်တော့ ကန်ရာသီဖွား များဟာ စည်းကမ်း ရှိသူ၊ အချိန်တိကျမှု ရှိသူတွေဖြစ်ကြပြီး ချစ်ရေး စိတ်ခံစားမှု ကတော့ စိတ်နှလုံး နူးညံ့ သိမ်မွေ့ကာ ချစ်သူ အပေါ် နားလည်မှုပေးနိုင် သူပဲ ဖြစ်ပါတယ်။ ပညာရပ်ပိုင်း ဆိုင်ရာအနေနဲ့ နက္ခတ် ဗေဒင် ပညာကို စိတ်ဝင်စားကြပါတယ်။ Virgo ဆိုတဲ့ သူ့ဂြိုဟ်ခွင် သင်္ကေတ အပျိုစင် ရုပ် အတိုင်း နူးညံ့ သိမ်မွေ့တဲ့ ကန်ရာသီဖွားတွေ ရဲ့ အဆောင် ပန်းကတော့ ကျူးလစ်ပန်း ပဲဖြစ်ပါတယ်။ ကျူးလစ်ပန်း ဟာ မြန် မာပြည် မှာတော့ မရှိသေး ပေမယ့် ကမ္ဘာကြီး နဲ့ တစ်ပြေးညီ တိုးတက်နေတဲ့ ယနေ့အခါ မှာတော့ ကျူးလစ်ပန်း ကို မှာယူလို့ ရနေပါပြီ။ ဒါအပြင် ပန်းအတုလေးတွေ နဲ့လည်း အစားထိုး လို့ရပါတယ်။
တူရာသီဖွား
(စက်တင်ဘာ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်)
တူရာသီရဲ့ သင်္ကေတ ရုပ်ကတော့ ချိန်ခွင်ပဲ ဖြစ်ပြီး တူရာသီ ဖွားတွေဟာ တရား မျှတမှုကို အထူး လိုလားတဲ့သူတွေ ပဲ ဖြစ်ပါတယ်။ အတွင်း စိတ်အေးချမ်းမှု ရှိအောင် အမြဲ ကြိုးစားနေထိုင် သူ တူရာသီဖွား များဟာ ကိုးကွယ်ရာ ဘာသာ တရား အပေါ်မှာ လေးလေးနက်နက် ယုံကြည်သူလည်း ဖြစ်ပါတယ်။ ဒီအတွက် သူဟာ အတွေး အခေါ် ပိုင်းမှာလည်း ရိုးရှင်းစွာ တွေးခေါ်နိုင်သူ ပဲဖြစ်ပါတယ်။ ချစ်ရေး စိတ်ခံစားမှု အပိုင်း မှာလည်း စိတ် နှလုံးနူးညံ့ သိမ်မွေ့ပြီး ချစ်ခင် ဖွယ် ပြုမူ တတ်သူ လည်း ဖြစ်ပါ တယ်။ ဒါကြောင့် သူတို့ အနေနဲ့ သူတို့ ရာသီခွ င်စရိုက် နဲ့ ထပ်တူညီတဲ့ အဆောင်ပန်း အနေ နဲ့ နှင်းဆီပန်းကို ဆောင်သင့်ပါတယ်။
နှင်းဆီဟာ မြန်မာပြည် မှာလည်း ပေါများစွာ တွေ့နိုင်သလို ကမ္ဘာ တစ်ဝန်းလုံးက ချစ်ခြင်း သင်္ကေတပြပန်း အဖြစ် သတ်မှတ် ယုံကြည် ကြတဲ့ ပန်းလည်း jဖစ်ပါတယ်။ ဒါကြောင့် တူရာသီဖွား တို့ အနေ နဲ့ မင်္ဂလာဆောင်၊ မွေးနေ့ အထိမ်း အမှတ် ပွဲ စတာတွေမှာ နှင်းဆီနဲ့ ထုံမွှမ်းပြင်ဆင်ဖို့ အကြံပေး ပါရစေနော်။
ဗြိစ္ဆာရာသီဖွား
(အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၁ ရက်)
ဗြိစ္ဆာ ရာသီဖွား များဟာ လျှို့ဝှက် သိုသိပ်စွာ နေတတ် သူများဖြစ် ကြပြီး တစ်ခါတစ်ရံ များမှာ တော့ ရှေ့ဖြစ်မယ့် အနာ ဂတ် များကို ကြိုတင် သိစိတ်များ ရနေတတ် သူတွေပါ။ ဗြိစ္ဆာ ရာသီဖွား များရဲ့ ချစ်စိတ်ရေးရာ ခံစားမှု ကတော့ လက်တွေ့ သိပ် မဆန်ဘဲ စိတ်ကူးယဉ် ဆန်နေတတ်ပါတယ်။ အချို့သော အခါတွေ၊ အရာတွေ အပေါ် မှာ လျှို့ဝှက် သိုသိပ်တတ်သူ ဗြိစ္ဆာ ရာသီဖွားတွေ ဟာ အချစ်ရေး မှာတော့ စိတ်လှုပ်ရှား လွယ်ပြီး ခံစား ချက်ကို မထိန်းသိမ်းနိုင်ပါဘူး။
ဒီလိုထူးခြားတဲ့ စိတ်သဘာဝ ရှိတဲ့ ဗြိစ္ဆာ ရာသီ ဖွားတွေရဲ့ အဆောင်ပန်းက အခြား ရာသီခွင်တွေ ရဲ့ အဆောင်ပန်း နဲ့ မတူပါဘူး။ သူတို့ရဲ့ အဆောင် ပန်း ကတော့ အပူပိုင်း ဒေသများ မှာပေါက်တဲ့ ရှားစောင်းပင် အမျိုးအစားပဲ ဖြစ်ပါတယ်။ ရှားစောင်းပင် များကို အဆောင် ထားရတာ နည်း နည်းတော့ ခေါင်းစားနိုင်ပါတယ်။ ဒါပေမဲ့ လည်း လျှို့ဝှက် သိုသိပ်သလို ကြိုတင် သိစိတ်ရှိနေသူ ဗြိစ္ဆာရာသီဖွား များကတော့ အဆင်ပြေအောင် စီစဉ်နိုင်မယ် လို့ ယုံကြည်မိပါတယ်။
ဓနုရာသီဖွား
(နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၁ ရက်)
ဓနု ရာသီဖွားတွေ ကတော့ ဘယ် အရာကို မဆို အကောင်းမြင် ပေးစိတ် များပါတယ်။ ဒါ့အပြင် ဘယ် ကိစ္စကို မဆို စွန့်စား ရတာကိုလည်း ဓနုရာသီ ဖွားတွေဟာ နှစ်သက် တတ်ပါတယ်။ အချစ် ကိစ္စ နဲ့ ပတ် သက် ရင်တော့ စိတ်ကူးယဉ် ဆန်မှု များပြားသလို လျှို့ဝှက် အချစ် ဇာတ်လမ်းတွေ လည်း ရှိတတ်ပါ တယ်။
ဓနု ရာသီဖွားတွေ ရဲ့ပန်း ကတော့ ကြက်တူ ရွေးပန်းပဲ ဖြစ်ပါတယ်။ အရောင် စုံပြီး တောက်ပသလို အမြင် အာရုံကို ဆွဲဆောင်နိုင်တဲ့ ကြက်တူ ရွေးပန်းဟာ အခိုင် ပုံစံ ဖြစ်နေတာကြောင့် လက်ကိုင်ပန်း မှာ ထည့် သွင်းတာ၊ နံရံများမှာ ချိတ်ဆွဲ အလှဆင်တာ စသဖြင့် လှပစွာ ဆင်ပြင်လို့ ရပါတယ်။
မကာရရာသီဖွား
(ဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီ ၂၁ ရက်)
မကာရ ရာသီဖွားတွေ ဟာ ကရုဏာစိတ် ကြီးမားသူ ဖြစ်သလို ဦးနှောက် မှတ်ဥာဏ် စွမ်းရည် မြင့်မားသူပါ။ ငွေကြေးနဲ့ ပတ်သက် လာရင် စီမံ ခန့်ခွဲမှု စွမ်းရည် မြင့်မားတဲ့ မကာရ ဖွားတွေဟာ အနည်းငယ်တော့ ရှေးရိုးဆန်ကြ သူများ ပဲ ဖြစ် ပါတယ်။ ချစ်စိတ် ခံစားမှု အနေ နဲ့လည်း ရှေးရိုးဆန်တဲ့ သူ့စရိုက် နဲ့ ကိုက်ညီစွာ ချစ်သူကို လေးစား ချစ်ခင် ကြင်နာ တတ်သူ ပဲ ဖြစ်ပါတယ်။
ဒီလို ရှေးရိုး ဆန်ဆန် နေတတ်တဲ့ မကာရတို့ရဲ့ အဆောင်ပန်း ကတော့ ဂန္ဓမာပန်း ပဲ ဖြစ်ပါတယ်။ ဂန္ဓမာဟာ အခမ်း အနား နဲ့ ခွဲမရတဲ့ ပန်း အမျိုးအစား ထဲမှာ ပါဝင်နေတာ မို့ အရောင်စုံ ရှိသလို ဘယ်ပန်း၊ ဘယ် အရွက် နဲ့မဆို လိုက်ဖက် ညီ တင့်တယ်တာမို့ မကာရတို့ အတွက် အလှပဆုံး ပန်းအလှဆင်ခြင်း ကို ပြုလုပ်နိုင်မှာပါ။
ကုံရာသီဖွား
(ဇန်နဝါရီ ၂၂ ရက်မှ ဖေဖော်ဝါရီ ၁၈)
ကုံရာသီဖွား တွေဟာ သဘာဝ ပတ်ဝန်းကျင် အလှကို နှစ်သက်ပြီး မြေကြီး နဲ့ နီးကပ်စွာ သဘာဝ ကျကျ အပိုအလို ဟန် မလုပ်ဘဲ နေတတ်သူပါ။ အများ အပေါ်မှာ လည်း ပေါင်းသင်း ဆက်ဆံရေး ပြေပြစ်ပြီး သဘောထား ကြီး သူတွေ ဖြစ်ကြပါ တယ်။ ဖြတ်ထိုး ဥာဏ် ကောင်းသလို သစ္စာ ရှိတဲ့ ပုဂ္ဂိုလ် အဖြစ် အမြဲတမ်း စာရင်းဝင်တဲ့ ကုံရာသီ ဖွား တွေ ရဲ့ အဆောင်ပန်း ကတော့ သစ်ခွပန်းပဲ ဖြစ်ပါတယ်။
သစ်ခွပန်းဟာ မြန်မာ အမျိုးသမီးတို့ အကြိုက်ဆုံး ပန်းတွေထဲက တစ်မျိုး ဖြစ်တာကြောင့် ကုံရာသီဖွားတွေ အနေနဲ့ အခြား ရာသီဖွားတွေ လောက် ပန်းက ရှာရ မခက် ပါဘူး။ သစ်ခွဟာ မင်္ဂလာ အခမ်း အနားတွေမှာ နေရာ အယူဆုံး ပန်း ဖြစ်နေတာမို့ ပန်း အလှ ဆင်ယင်သူတွေ နဲ့ တိုင်ပင်ပြီး အမျိုးစုံ ပြင်ဆင်လို့ ရသလို အရေးကြီး တဲ့ ကိစ္စ တွေ အတွက် အဆောင် အနေ နဲ့ ရင်ကပ်ပန်း လိုမျိုး အင်္ကျီမှာ ထိုးထားတာ၊ ခေါင်းမှာ ပန်တာ စသဖြင့် ပြင်ဆင်သွားလို့ ရပါ တယ်။
မိန်ရာသီဖွား
(ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၂ဝ ရက်)
မိန် ရာသီဖွားတွေ ဟာ စိတ်ကူး စွမ်းအား ကောင်းကြ သူများ ဖြစ်ပါတယ်။ သူတို့တွေ ရဲ့ စိတ်နေ သဘောထား ကို အများက အလွယ် တကူ ခန့်မှန်းလို့ မရသလို သူ့ရဲ့ ချစ်စိတ် ခံစားမှု ကလည်း တိမ်တွေလိုပဲ မတည်မြဲ တတ်ပါဘူး။ လျှို့ဝှက် ဆန်းကြယ် မှု များ ပြည့်နှက်နေ တဲ့ မိန်ရာသီဖွား တွေဟာ အဆောင်ပန်း အနေ နဲ့ ကာနေးရှင်း ပန်း (မြန်မာ အခေါ် ဇော်မွှားပန်း) ကို ဆောင် ထားသင့် ပါတယ်။
ဇော်မွှားပန်းဟာ ရှာရခက်တဲ့ အမျိုးအစားထဲ မှာ မပါသလို အနံ့လည်း ခပ်သင်းသင်း ရှိတာ ကြောင့် ပန်းစိုက်အိုးတွေ နဲ့ အလှဆင် လို့ကောင်း တဲ့ ပန်းဖြစ်တာကြောင့် မိန်ရာသီဖွား တို့အတွက် မခက်ခဲတဲ့ အဆောင်ပန်း ပဲ ဖြစ်ပါတယ်။
မိဿရာသီဖွား
(မတ် ၂၁ ရက်နေ့မှ ဧပြီ ၂ဝ ရက်)
မိဿ ရာသီ ဖွားတွေ ဟာ မွေးရာပါ ခေါင်းဆောင်စိတ် ရှိတဲ့ သူတွေပဲ ဖြစ်ပါတယ်။ မိဿရာသီ ဖွားတွေ အတော် များများ ဟာ ခေါင်းဆောင် အဖြစ် လူ အများကြား ထင်ပေါ် သူတွေ ဖြစ်ကြပါတယ်။ မိဿ ရာသီဖွားတွေ ဟာ အနုပညာကို ချစ်မြတ်နိုး တတ်သူ၊ ဘာသာ တရား ကိုင်းရှိုင်းသူတွေ ဖြစ်ကြပါတယ်။ မိဿ ရာသီဖွားတွေ ဟာ ဆွတ်ပျံ့ ဖွယ် အချစ် ဇာတ်လမ်းလေးတွေ ကို ဖန်တီးတတ် သူတွေ ချည်း ဖြစ်ကြပါတယ်။ သူတို့တွေ ရဲ့ အဆောင်ပန်း ကတော့ နှင်းပန်း (သို့) မိုးကုပ်လီလီ ပဲ ဖြစ်ပါ တယ်။
လီလီပန်း ဟာ စကားပန်း အနံ့ နဲ့ တူပြီး သူ့အနံ့က မွှေးပျံ့ပါတယ်။ အရောင် ကလည်း အဖြူရောင် ဖြစ်တာကြောင့် ကမ္ဘာမှာ အခမ်း အနား၊ မင်္ဂလာပွဲတွေ မှာ နှင်းပန်း (သို့) လီလီ ကို မင်္ဂလာပန်း အဖြစ် ရည်ရွယ်ပြီး အသုံးပြု လာတာ နှစ်ပေါင်း အတော် ကြာနေပါပြီ။ အချို့ က ဘိသိတ်ပန်း တစ်နည်း လက်ထပ်ပန်း လို့ခေါ်ကြ တဲ့ လီလီ ပန်းလောက် မကြီးတဲ့ အဖြူရောင် ပန်း ပွင့် တွေ ဟာလည်း လီလီပန်း အမျိုးအစား ထဲမှာ ပါပါ တယ်။
ပြိဿရာသီဖွား
(ဧပြီ ၂၁ ရက်နေ့မှ မေလ ၂၁ ရက်)
ပြိဿ ရာသီဖွားတွေ ဟာ ရာသီခွင် အားလုံး ထဲမှာ မှတ်ဥာဏ် စွမ်းရည် အထူး ကောင်းမွန်ဆုံး သူတွေပဲ ဖြစ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင် ဂေဟ စနစ်ကို လေး စား စောင့်ရှောက် သူတွေ ဖြစ်ကြပြီး စိတ်ရှည်တဲ့ သူတွေပဲ ဖြစ်ကြပါတယ်။ ချစ်စိတ် ရေးရာ အနေ နဲ့ ချစ်ခင်လွယ်၊ စောင့်ရှောက် လွယ်တဲ့ စိတ်နှလုံး ပိုင်ဆိုင်တဲ့ သူတွေ ဖြစ်ပြီး အချစ်ရေး မှာ သစ္စာ ရှိတဲ့ သူတွေ ဖြစ်တဲ့ ပြိဿ ရာသီ ဖွားတွေရဲ့ အဆောင်ပန်း ကတော့ တရုတ်စံကား ပန်းပဲ ဖြစ်ပါတယ်။
တရုတ် စံကားပန်းဟာ အဖြူ နဲ့ အနီမျိုးပဲ မြန်မာပြည် မှာတွေ့ရ များပါတယ်။ အနီရောင် ထက် အဖြူရောင် တရုတ်စံကားပန်း ကို ကမ်းခြေ မှာ ပြုလုပ်တဲ့ Beach Wedding မှာ အသုံးပြု ကြတာ များပါတယ်။ အင်ဒို၊ ဘာလီ၊ မလေး စတဲ့ နိုင်ငံ များမှာ စံကားပန်း ဟာ Spa များ၊ အလှ ဖျော်ဖြေပွဲများ အပြင် မင်္ဂလာပွဲ များမှာပါ အသုံး များဆုံး ပန်းပဲ ဖြစ်ပါတယ်။ ပန်းပဲ ထိုးထိုး၊ ပန်းပွင့် တွေကို ကြိုး နဲ့ သီကာ နံရံတွေ၊ တိုင်တွေမှာ ချိတ်ဆွဲ အလှ ဆင်တာ စသဖြင့် အမျိုးမျိုး ပြင်ဆင် လို့ ရတာကြောင့် သဘာဝ ပတ်ဝန်းကျင် ကို ချစ်မြတ်နိုး တဲ့ ပြိဿ ရာသီဖွား တို့အတွက် အကောင်းဆုံး ပြင်ဆင်လို့ ရမယ်လို့ ယုံကြည်ပါတယ်။
မေထုန်ရာသီဖွား
(မေလ ၂၂ ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့)
မေထုန် ရာသီဖွား တွေ ဟာ စိတ်နှလုံး ပွင့်လင်းသူ ဖြစ်ပြီး စိတ်ခံစား လွယ်ကြ သူများ ဖြစ်ပါတယ်။ အမြဲ လှုပ်ရှား နေတဲ့ မေထုန် ရာသီ ဖွား တွေဟာ စိတ် လှုပ်ရှားဖွယ် အပြည့် ရှိတဲ့ အချစ်ရေး ကို မျှော်လင့် နေကြ သူများ ဖြစ်ကြပြီး ရင်ထဲက နှစ်ပြီး မချစ်တတ် သူတွေ လည်း ဖြစ်ကြပါတယ်။ ဒီ မေထုန် ရာသီဖွားတွေ ရဲ့ အဆောင်ပန်း ကတော့ ထားဝယ် မှိုင်းပန်း တစ်နည်း သင်္ကြန်ပန်း ပဲ ဖြစ် ပါ တယ်။
ထားဝယ် မှိုင်းပန်းဟာ ဆေးဖက်ဝင် အာနိသင် အပြည့်ရှိသလို မွှေးရနံ့ရော၊ အရောင်အဆင်း ကပါ ဆွဲဆောင်မှု အပြည့်ရှိတဲ့ ပန်းပါ။ သူ့ရဲ့ နာမည် က တကယ့် ကို မြန်မာ ဆန်ပါတယ်။ Rangoon Creeper လို့ သူ့ကို ခေါ်ပါတယ်။ ဧပြီလ ရောက် ရင် လှိုင်လှိုင် ပွင့်တာ မို့ သင်္ကြန်ပန်း လို့ အချို့က ခေါ်ကြ ပါသေးတယ်။ ခြံစည်းရိုးမှာ စိုက် တဲ့ နွယ်ပင် အမျိုးအစား ဖြစ်တာကြောင့် မေထုန် တို့ အနေနဲ့ ရှာရ မခက်နိုင်ပါဘူး။
ကရကဋ်ရာသီဖွား
(ဇွန်လ ၂၂ ရက်နေ့မှ ဇူလိုင် ၂၂ ရက်နေ့)
အလွယ်တကူ မချစ်တတ်သူ၊ စိတ်ကူးယဉ် ဆန်သူ၊ သစ္စာရှိသူ၊ သူတစ်ပါး မပျော်ရွှင် ချိန် စိတ် ချမ်းမြေ့အောင် လုပ်ပေးတတ်သူ ကရကဋ် ရာသီဖွားတွေ ရဲ့ အဆောင် ပန်း ကတော့ ကြာပန်းပဲ ဖြစ်ပါတယ်။
မြန်မာ နဲ့ ကြာဟာ ခွဲမရပါဘူး။ ကြာမျိုး ငါးပါး ရှိတဲ့အတွက် ကရကဋ်တွေ အဖို့ ကြာပန်းဟာ အဆင်ပြေစွာ နဲ့ ပြင်ဆင်လို့ရတဲ့ ပန်းဖြစ် မှာ အသေအချာပါပဲ။
သိဟ်ရာသီဖွား
(ဇူလိုင် ၂၃ ရက်နေ့မှ သြဂုတ်လ ၂၂ ရက်နေ့)
အမြဲတမ်း ပျော်ရွှင် စွာ နေတတ်သူ၊ သဘာဝ တရားကြီး ကို ချစ်ခင် နှစ်သက်သူ ပေါ့ပေါ့ ပါးပါး နေထိုင် တတ်လွန်း တာကြောင့် ပေါ့ ပျက်ပျက် လို့ တစ်ခါ တစ်ရံ သတ်မှတ် ခံရတဲ့ သိဟ်တွေရဲ့ အဆောင်ပန်း ကတော့ နေကြာပန်း ပဲ ဖြစ်ပါတယ်။
သိဟ်တွေရဲ့ အဆောင်ပန်း က အရွယ် အစား ကြီးမား လွန်းပေမယ့် ပျော်ရွှင်တတ်တဲ့ သိဟ်က ဒါကို အဆင်ပြေစွာ ဖြေရှင်းပြီး လှပအောင် ဆင်ယင်နိုင်မှာပါ။
လူသားတွေ ဟာ မွေးလာချိန် က စပြီး ကိုယ့် မွေးဂြိုဟ်ရဲ့ စိုးမိုးမှု စွမ်းအား ၅ဝ၊ ကိုယ့်ရဲ့ကိုယ်ပိုင် ကြိုးစားမှု ၅ဝ ရာခိုင်နှုန်း နဲ့ ဘဝကို တည်ဆောက်ကြ ရပါတယ်။ ဒါကြောင့် ကိုယ့် ရဲ့ ကောင်းတဲ့ စရိုက်တွေ ပိုပြီး တိုးတက် ကောင်းမွန်အောင် မွေးဂြိုဟ် က ဖော်ညွှန်း တဲ့ ရာသီခွင် အလိုက် ဆောင်ထား ရမယ့် ပန်းလေးတွေ ကို ဆောင် ထား ခြင်းနဲ့ ပြုပြင်လို့ ရပါတယ်။ ဒါကြောင့် ကိုယ့်ဘဝ ရဲ့ အရေးကြီးတဲ့ ကိစ္စတွေ၊ တစ်သက်တာမှာ တစ်မင်္ဂလာ ပဲ ရှိမယ့် မင်္ဂလာပွဲလေးမှာ ကိုယ့်ရဲ့ အဆောင် ပန်းလေးတွေ နဲ့ လိုအပ် တဲ့ နေရာ ကို အလှဆင် လိုက်မယ် ဆိုရင် မင်္ဂလာ အရှိဆုံး၊ အကောင်းဆုံး ဖြစ်သွားမှာ အသေအချာ ပါပဲလို့ ညွှန်းလိုက်ပါတယ်နော်။
ဒါယူ (Da You)
Ref : Bride Magazine
အဆင်ပြေပါစေ.....

22.11.2013 to 28.11.2013 ထိ၇ရက်ဟောစာတမ်း

 
တနင်္ဂနွေ
စိတ်မော လူမော စိတ်ပင်ပန်း လူပင်ပန်း ခြင်းကြုံရတတ်၏။ ရည်ရွယ်ချက်များ လျှင်မြန်စွာ အောင်မြင်လိုသော်လည်း နှောင့်နှေး ထစ်ငေါ့ မှု့တွေရင်ဆိုင်ရတတ်၏။ ယုံကြည်အားကိုးရမည် ထင်ရသူတို့ ကလည်း စိတ်တိုင်းမကျ မှု့များ ဖြစ်ပေါ်မည်။ ဒီကြားထဲ အတိုက်အခံ တွေ ပေါ်အုံးမယ်။ အားငယ်ရမလို ဖြစ်သော်ငြား မနည်းအားတင်းနေရတတ်၏။ ဖြေဆိုမှု့များ အောင်မြင်မည်။ ရာထူးအလုပ်များ ရာထူးတက် လစာတိုးမည်။ မရည်ရွယ်သော ခရီးများ သွားရမည်။ ချစ်သူ နှင့် အဆင်မပြေမှု့များ ကြုံမည်။ ချစ်သူ သစ္စာဖောက်၍ အခြား တစ်ယောက် နှင့် ဖြစ်မည်။ သို့သော် သင့်ထံ မုချ ပြန်လာမည်။
အကျိုးပေးဂဏန်းမှာ - ၅၊ ၁၊ ၉။
အထူးဟော - မုချ အောင်မြင်မှုရမှာပါ။
ယတြာ     - အိမ်ဘုရားကို တနင်္ဂနွေ နံနက်တွင် ကောင်ညှင်းပေါင်းနှင့် အကြော် (၁၀) ခု ဖြင့်ကပ်လှူ၍ ဆုတောင်းပါ။

 တနလာၤ
အရာရာအားလုံး မတင်မကျ ဇဝေဇ၀ါ မသေမချာ တွေဘဲ ဖြစ်နေရတတ်သည်။ ဘာဖြစ်လာမှာလဲ ၊ ဘာဆက်လုပ်ရမှာလဲ ၊ ဘယ်လို ဘယ်လောက် ထိ ဖြစ်မလဲဆိုတာ အတတ်မပြောနိုင်သော ကာလ ပင်ဖြစ်ပါတယ်။ ၀မ်းနည်းရမှာ လား ၊ ၀မ်းသာရမှာလား ဆိုတာ တွေလည်း ဖြစ်ပေါ်နေရ တတ်တယ်။ ကိုယ့်အတွက် တင်မက ကိုယ့်မိသားစု ကိုယ့်အပေါင်းအသင်း တွေ အတွက် တွေးပူရတတ်သော ကာလပင်ဖြစ်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ဘယ်အရာ တထစ်ချ ပြီးမဆုံးဖြတ် လိုက်ပါနှင့်။ ရည်ရွယ်ချက်ပန်းတိုင် တော့ ပျောက်မသွားပါဘူး။ မုချအောင်မြင်ပါတယ်။ မင်္ဂလာရှိသော ဟောချက် ကတော့ သင့်ရဲ့ ဆောင်ရွက် မှုများ ဖြေဆိုမှုများ ခရီးသွားရမှုများ တိုးတက်မှုများ မုချအောင်မြင်မည်။ မင်္ဂလာဆောင်မှု လက်ထပ်မှု များ အဆင်ပြေသွားမှုအတိုက် အခံ တွေ ကျော်နိုင်ပါတယ်။ အချစ်ရေး ဆင်ခြင်ပါတယ်။
အကျိုးပေးဂဏန်း - ၄၊ ၈၊ ၂။
အထူးဟော    - ကံကောင်းပါတယ်။
ယတြာ     - တနင်္လာနံနက်တွင် အိမ်ဘုရား ကို အကြော် (၁၅) ခုဖြင့် ဆွမ်းဖြူကပ်လှူပါ။ 
အဂါၤ
တလွဲတချော် တွေ ဖြစ်တတ်၏။ ရည်ရွယ်ထားသော ချစ်သူ က နှောင့်နှေး ပြီး မရည်ရွယ်သော ချစ်သူနှင့်အရင်ဖြစ်မည်။ သင်၏ ငါသိငါတတ် ငါဆရာလုပ်တတ်တဲ့ စိတ်ဓာတ်ကို ဆင်ခြင်ပါမှ သင်ရည်ရွယ်ချက် များအောင်မြင်မည်။ ခရီးဝေးယာယီ တွေရောက်မည်။ စွန့်စားသောခရီး ၊ စွန့်စားသော အလုပ်များ လုပ်ဖြစ်မည်။ အောင်မြင်မည်။ နေရာဒေသပြောင်း ခြင်း ၊ မြေရောင်း ၊ ၀ယ်ခြင်း ၊ စက် ၊ ပစ္စည်း ရွှေ တို့ဝင်မည်။ ထွက်မည်။ စီးပွားရေးလုပ်ငန်းသစ် လုပ်ရတတ်၏။ အောင်မြင်မည်။ စပ်တူ ရှယ်ယာ တွေလုပ်ရမည်။ ထီပေါက်ကိန်းရှိ၍ ထီထိုးပါ။
အကျိုးပေးဂဏန်း - ၄၊၆၊ ၉
အထူးဟော - အောင်မြင်မည်။
ယတြာ - အင်္ဂါ နံနက်တွင် အောင်သပြေ (၁၉)ညွန့် အိမ်ဘုရားကပ်ပါ။
ဗုဒ္ဒဟူး
သင်စိတ်တွေ မြန်နေပါတယ်။ လွတ်လပ်စွာ ခရီးသွားရခြင်းများ ၀ါသနာ ပါတယ်။ မရည်ရွယ် သော ချစ်သူ နှင့် အဆင်ပြေလိမ့်မည်။ ကျန်းမာရေး ကောင်းနေမယ်။ လုပ်ငန်း တိုးချဲ့ မှု့များ သင်တန်း တိုးချဲ့ တက်ရမှု့များ ဆောင်ရွက်ဖြစ်မည်။ စာမေးပွဲ ဖြေဆိုမှု့များ အောင်မြင်မည်။ ပစ္စည်း ၊ ငွေကြေး ပျောက်ကိန်း ရှိတယ်။ သတိထားပါ။ စကားပြောဆင်ခြင်ပါ။ စကားများရတတ်သည်။ ညခရီးမသင့်ပါ။ ဘုမ္မိအရပ်ဖြစ်သော အနောက်မြောက်အရပ်ခရီးဆင်ခြင်ပါ။ ရစရာငွေတွေ တောင်းမရဖြစ်တတ်တယ်။
အကျိုးပေးဂဏန်း - ၉၊ ၆၊ ၎
အထူးဟော - အဆင်ပြေမည်။
ယတြာ - အိမ်ဘုရားကို ဗုဒ္ဓဟူးနေ့တွင် ရွှေသင်္ကန်းကပ်ပါ။ 
ကြာသပတေး
ပွင့်လင်းမှု့ ပြတ်သားမှု့ ရည်ရွယ်ချက်ကြီးမှု့ ရည်ရွယ်ချက်များမှု့ ကွက်ကျော်မြင်မှု့ အကဲခတ်ကောင်းမှု့ကြောင့် သင့်လုပ်ငန်းများ အောင်မြင်မှု့ရမည်။ လွတ်လပ်စွာ လုပ်ရဲ မှု့ကြောင့် အရာရာထိုးဖောက် အောင်မြင်မည်။ သို့သော် လူယုံမထားသင့်ပါ။ ရုတ်တရက် ထိခိုက်အနာတရ ဖြစ်ကိန်းရှိ၍ ဆင်ခြင်ပါ။ မရောက်ဘူးသော ခရီးမလုပ်ဖူးသော အလုပ်သွားရမည်။ ရန်မြင်၍ လူခင်ခြင်းစိတ်ဝမ်းကွဲ တတ်တယ်။ စပ်တူရှယ်ယာ မလုပ်သင့်ပါ။ လူယုံထားပြီး ငွေ မချေားသင့်ပါ။ လူလိမ် ငွေလိမ် ခံရတတ်တယ်။ ကျန်းမာရေး အနည်းငယ်ချူချာ တတ်၍ ဆင်ခြင်ပါ။ ခရီးယာယီ တွေ သွားရမည်။ ထီထိုးပါ။ ထီပေါက်ကိန်းရှိပါတယ်။ အချစ်ရေး အိမ်ထောင်ရေး အားလုံးအဆင်ပြေတယ်။ ဒါပေမဲ့ ခေတ္တခွဲနေရတတ်တယ်။
အကျိုးပေးဂဏန်း   ၅၊၀၊၂။
အထူးဟော- အဆင်ပြေ သွားမည်။
ယတြာ- ကြာသပတေးနံနက်တွင်အောင်သပြေ (၁၉) ညွန့် အိမ်ဘုရားကပ်၍ ဆုတောင်းပါ။ 
သောကြာ
အရာရာ တဇွတ်ထိုး မလုပ်နှင့် ။ သင်လုပ်သမျှ ဒုက္ခဟူ၍ မှတ်ပါ။ အရာရာ နှင့်အကြောင်းကြောင်း တွေဖြစ်မည်။ ကိုယ့်အတွက်ရော ကိုယ့်မိသာစုအတွက်ပါ ဒုက္ခရောက်စရာ တွေဖြစ်ကုန်တတ်သည်။ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ ဒီတပတ်အတွင်း သင့်ရဲ့ ယူဆချက်များ တွေးတောကြံစည်ချက်များ အလွဲအလွဲအမှားမှား တွေ ဖြစ်ကုန်မည်။ ငွေကြေးဆုံးရှုံး မှု့ ၊ အထင်လွဲခံရမှု့ ၊ အတိုက်အခံ များမှု့ ၊ အချစ်အတွက် နှင့် သိက္ခာကျမှု့ တွေ ဖြစ်ရတတ်သည်။ လွတ်လပ်မှု့ အပေါ်မှာ အလွဲသုံစားမလုပ်ဖြစ်ဖို့ အရေး ကြီးတယ်။ အကြီးအကဲရဲ့အထင်လွဲမှု့ခံရမည်။ ကျန်းမာရေးချူချာမည်။ အိမ်ထောင်ရေး အချစ်ရေးဘက်မှာ အထူးဆင်ခြင်ပါ။ ဒုက္ခရောက်တတ်တယ်။ ရုတ်တရက်ခိုက်မိတတ်၍ ဆင်ခြင်ပါ။ တယူဿန် တဇွတ်ထိုး မလုပ်သင့်ပါ။ လုပ်ငန်း ရပ်နားမှု့ (သို့) ပြောင်းလဲမှု့ တွေ ဖြစ်မည်။ နေရာ ၊ အိမ် ပြောင်းရွှေ့ရတတ်သည်။ သို့သော် ရာထူးတက် ၊ လစာတိုးခြင်း ဖြစ်မည်။ ဖြေဆိုမှု့ များအောင်မြင်မည်။
အကျိုးပေးဂဏန်း ၉၊၁၊၆။
အထူးဟော- စဉ်းစားပြီးမှ ဆောင်ရွက်ပါ။
ယတြာ- သောကြာနေ့နံနက်တွင် သစ်သီး (၉) မျိုး ဘုရားကပ်လှူပါ။ 
စနေ
စူးစမ်းမှု့ ၊ စမ်းသပ်မှု့ ၊တီထွင်မှု့ စတင်ဆောင်ရွက်မှု့ တို့ပြုဖြစ်မည်။ အောင်မြင်မည်။ ကူညီသူတွေတွေ့မည်။ အပေါင်းအသင်းကောင်း တွေ့မည်။ အလုပ်အကိုင်ကောင်းတွေရမည်။ အဆင်ပြေမည်။ ငွေဝင်မည်။ အချစ်ရေး အဆင်ပြေပါတယ်။ အချစ်ရေးထက် မိသားစုရေး ဦးစားပေးဆောင်ရွက်ဖြစ်မည်။ ရည်ရွယ်ချက် တစ်ခုပြီးမှ တစ်ခု ဆက်တိုက်လုပ်နိုင်အောင် ဆက်လက်ကြိုးစားပါ။ အောင်မြင်မည်။ ခရီးဝေးယာယီ တွေ ရောက်မည်။ ငွေစုလိုက် ၀င်မည်။ မြေ ၊ စက် ၀င်မည်။ ရရန်ရှိသော ငွေ ၊ စက် ၊ ပစ္စည်း ၊ မြေ ၊ အလုပ်တို့ မုချအောင်မြင် လာပါမည်။ ကြိုးစားမှု့တွေ ဆက်တိုက်အောင်မြင်နေမည်။ ကျန်းမာရေး ချူချာသလိုဖြစ်ပြီး ပြန်ကောင်းလာမည်။ အဝေး ၊ အနီး မိတ်ဆွေ ကူညီမှု့ ရတတ်သည်။ ကောင်းသတင်းကျော်ကြားမည်။
အကျိုးပေးဂဏန်း - ၇၊၂၊၉။
အထူးဟော - အဆင်ပြေအောင်မြင်မည်။
ယတြာ - ဘုန်းကြီး (၁) ပါးကို ထီးလှူပါ။ 
Myit Ma Kha Media Group
ဒေါက်တာထွန်းလင်း - ဘုတလင်( Gold Medalist)
အဆင်ပြေအောင်မြင်ပါစေ......
http://nyeinchanthu3.blogspot.com/