Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label Phone Error. Show all posts
Showing posts with label Phone Error. Show all posts

C8813တွေအတွက်Step2 Errorရှင်းနည်း

Huawei C8813 Step(2) Error 
     C8813 ကို system update ပေးလို့ update လုပ်လိုက်တဲ့အခါ SIM Card မဖတ်တော့တာတွေ ဖြစ်နေ ကြပါတယ်။ အဲဒီအချိန်ကျရင် Firmware ပြန်တင်ကြရပါတယ်။ Firmware ပြန်တင်ရင်လည်း Step 2 မှာ update fail ဖြစ်နေတာတွေဖြစ်တက်ကြပါတယ်။ကျတော်လည်း update fail ဖြစ်လို့လိုက်ရှာရင်း အဆင်ပြေတာလေးတွေ့လို့ပြန်လည် မျှဝေပေးလိုက်ပါတယ်။ လိုအပ်တဲ့သူများရှိရင် အဆင်ပြေအောင်လို့ပါ
ဒေါင်းရလာတဲ့ zip file လေးကိုဖြည်လိုက်ပြီး ရလာတဲ့ file ထဲက dload folder လေးကိုSD Card ထဲထည့်လိုက်ပါ။ြဲပီးရင်တော့ Phone ထဲထည့်ပြီး volume up + volume down + power လေးနဲ့ dload လေးကို install လုပ်ပေးလိုက်ပါ။ ပြီးရင်တော့ Firmware လေးပြန်တင်လို့ရပါပြီ။ကျတော်ကတော့ Build number 169 ပဲပြန်တင်လိုက်ပါတယ်။သိပြီးသားဆိုရင်တော့  ဆရာလုပ်သလိုဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်။
                                          
                                                    Download - Dev-Host
  
Credit... ကိုတော့သက်ဆိုင်သူအားလုံးကိုပေးပါတယ်ဗျာ
အဆင်ပြေပါစေ...
ငြိမ်းချမ်းသူ(နည်းပညာ)

C8813D model အတွက် Step 2 update fail error ရှင်းနည်း

Huawei C8813D 
     C8813D တွေလည်း system update ပေးတဲ့အခါ လုပ်မိပြီး Sim Card မဖတ်တော့တာတွေဖြစ် နေကြ ပါတယ်။ အဲဒီအချိန်ကျရင် Firmware ပြန်တင်ကြရပါတယ်။ Firmware ပြန်တင်ရင်လည်း Step 2 မှာ update fail ဖြစ်နေတာတွေဖြစ်တက်ကြပါတယ်။ကျတော်လည်း update fail ဖြစ်လို့လိုက်ရှာရင်း အဆင်ပြေတာလေးတွေ့လို့ပြန်လည် မျှဝေပေးလိုက်ပါတယ်။လိုအပ်တဲ့သူများရှိရင် အဆင်ပြေအောင်လို့ပါ။
ဒေါင်းရလာတဲ့ zip file လေးကိုဖြည်လိုက်ပြီး ရလာတဲ့ file ထဲက dload folder လေးကိုSD Card ထဲထည့်လိုက်ပါ။ြဲပီးရင်တော့ Phone ထဲထည့်ပြီး volume up + volume down + power လေးနဲ့ dload လေးကိုinstall လုပ်ပေးလိုက်ပါ။ ပြီးရင်တော့ Firmware လေးပြန်တင်လို့ရပါပြီ။
သိပြီးသားဆိုရင်တော့  ဆရာလုပ်သလိုဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်။

Download - Zippyshare  Dev-Host 

Creditကတော့သက်ဆိုင်သူအားလုံးကိုပေးပါတယ်ဗျာ
အဆင်ပြေပျော်ရွင်ပါစေဗျာ...
ငြိမ်းချမ်းသူ(နည်းပညာ)

Internet Watch apk လေးပါ..


Internet ကိုအချိန်ဘယ်လောက်ကြာအောင်သုံးခဲ့လဲဆိုတာ မှတ်ထားပေးတဲ့ Application လေးပါ။ ကိုယ်သုံးတဲ့ရက်စွဲ၊ စသုံးတဲ့အချိန်၊ ဘယ်လောက်ကြာအောင် သုံးခဲ့လဲဆိုတာတွေကို သေသေချာချာမှတ်ထားပေးပါတယ်။ မှတ်ထားတဲ့ History ကလည်း ကိုယ်ဖျက်မှပျက်တ...ာပါ။ အင်တာနက်သုံးနေတဲ့တစ်ချိန်လုံး Noti Bar မှာ တောက်လျှောက်ပေါ်နေမှာဖြစ်လို့  ကိုယ်သုံးတာဘယ်လောက်ကြာနေပြီလဲဆိုတာကို အလွယ်တကူသိနိုင်မှာပါ။ ကိုယ်ဘယ်လောက်ကြာအောင်သုံးခဲ့လဲဆိုတာကို တိတိကျကျသိတဲ့အတွက် MPT က Bill ပိုဖြတ်မဖြတ်ဆိုတာလည်းသိနိုင်တာပေါ့ဗျာ...အဟဲ။ File size ကလည်း သေးသေးလေးပါပဲ။ Android 2.2 နှင့်အထက်မှာ သုံးနိုင်တယ်ဗျာ။

Size – (976.6KB)

Drop box -


Copy –


ပျော်ရွှင်ပါစေ....
ငြိမ်းချမ်းသူ(နည်းပညာ)

Orange Camera

       
      နာမည်လေးလဲ ဆန်း .. Camera လေးကလည်း လန်းတယ်ဗျာ။ ဒီ camera app လေးက ထွက်နေတာကြာလှပြီ။ ကျွန်တော် အပါဝင်တော်တော်များများလဲ သိကြမယ်မထင်ဘူး။ ဒီကောင်လေးရဲ့ ထူးခြားချက်ကတော့ ဓါတ်ပုံရိုက်ပြီးမှ Effect တွေနဲ့ကစားရမျိုး မဟုတ်ပဲ ဓါတ်ပုံ...ရိုက်ကတည်းက တစ်ခါတည်း Effect တွေနဲ့ ရိုက်ကူးရတာပါပဲ။ Effect တွေက တစ်ခြား ကင်မရာတွေမှာ ပါနေကြဟာမျိုးတွေနဲ့မတူဘူး။ လုံးဝ ဂျလန်းကြီးတွေ။ ပါဝင်တဲ့ effect အမျိုးစားတွေကိုတော့ မရှင်းပြတော့ဘူး ကိုယ်တိုင်သာ ကလိကြည့်တော့။အနုပညာဆန်တာတွေ၊ လူငယ်ဆန်တာတွေ အများကြီးပါတယ်ဗျာ။လေးစားဖို့ကောင်းတာက Play Store မှာ free ပေးထားပါတယ်။ Pro version လဲ ၀ယ်လို့ရပါတယ်။ ဘာမှသိပ်မကွာပါဘူး ကြေငြာတွေပြုတ်သွားတာလောက်ပဲဆိုတော့ free version နဲ့တင် ကောင်းကောင်း ကလိနိုင်ပါတယ်။ ကျွန်တော် ဒီလောက် ညွှန်းနေရင် သဘောပေါက်လိုက်တော့ .. ခုပဲ ဒေါင်းပြီး ကလိကြည့်ဗျာ ....

download - (2MB)

dropbox -

copy -
 


ပျော်ရွှင်ပါစေ။

ငြိမ်းချမ်းသူ(နည်းပညာ)
http://nyeinchanthu3.blogspot.com/

မသိသေးတဲ့သူတွေအတွက် အသုံးဝင်တဲ့ Android Tips လေးတွေ....



မသိသေးတဲ့သူတွေအတွက် အသုံးဝင်တဲ့ Android Tips လေးတွေမို့ ..
လေ့လာထားတာလေးတွေ ပြန်လည် မျှဝေလိုက်ပါတယ်။

*** Google Map ကို offline ကြည့်နိုင်ဖို့ ***
Google Map မှာ internet မလိုပဲ မြေပုံတွေ ကြည့်ရှုနိုင်အောင် ကြိုတင် စီစဉ်နိုင်ပါတယ်။အင်တာနက်လိုင်း ရနေချိန်မှာ ကိုယ်လိုချင်တဲ့ မြေပုံများကို offline ကြည့်နိုင်ဖို့အတွက် Google Map ထဲမှာ Menu ကို နှိပ်ပါ။ Make available offline ဆိုတာကို နှိပ်ပြီး လိုချင်တဲ့ မြေပုံ ဧရိယာကို ရွေးချယ်ပေးပါ။ ပြီးရင် download ဆွဲကာ သိမ်းနိုင်ပါတယ်။
ဒါကြောင့် အင်တာနက်လိုင်း မရရှိနိုင်သော နေရာများတွင်လဲ offline ကြည့်နိုင်ပါတယ်။

*** Power ခလုတ်ကို နှိပ်ပြီး ဖုန်းချနိုင်ဖို့ ***
ဖုန်းပြောပြီးလို့ ဖုန်းမှာပါတဲ့ Power ခလုတ်ကို နှိပ်ပြီး အလွယ်တကူ ဖုန်းချနိုင်ပါတယ်။ screen ကို ထိစရာမလိုပဲ End Call လုပ်နိုင်ပါတယ်။ လုပ်ချင်တယ်ဆိုရင် ဖုန်း Setting ထဲမှ Accessibility ထဲကို ၀င်ပါ။ Power Button ends call ဆိုတာကိုရှာပြီး အမှန်ခြစ်ပေးလိုက်ရင် ရပါပြီ။ Setting ၀င်နည်းကတော့ ဖုန်းတစ်လုံးနဲ့တစ်လုံးတော့ မတူဘူးပေါ့။ ဒါပေမဲ့ Accessibility အောက်မှာပဲ power ends call function ပါရှိပါတယ်။

*** Sudoku ဥာဏ်စမ်းများကို အမြန်ဖြေနိုင်ဖို့ ***
Google မှာ ဖန်တီးခဲ့တဲ့ Google Goggles ဆိုတဲ့ App ဟာ Sudoku ဥာဏ်စမ်းများကို ဓါတ်ပုံရိုက်ခြင်းဖြင့် အဖြေမှန် ပေါ်အောင်
ဖော်ပြနိုင်ပါတယ်။ Google Goggles ဟာ မိမိသိလိုသော အကြောင်းရာကို ဓါတ်ပုံများရိုက်ပြီး online မှာ ရှာဖွေနိုင်အောင် ဖန်တီးထားတဲ့ ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ ပေါက်ကရ တွေ့သမျှတွေ ရိုက်ပြီး ..
မေးလို့တော့ မရဘူးပေါ့ဗျာ။ ဘာသာစကားများကိုလဲ ဓါတ်ပုံရိုက်ခြင်းဖြင့် ..
ဘာသာပြန်နိုင်တယ်လို့ဆိုပါတယ်။ Play Store မှာ အခမဲ့ ရယူနိုင်တဲ့ app ပါ။

*** ရုတ်တရက် ဖုန်းဟန်းသွားသောအခါ ပြန်ဖွင့်နိုင်ဖို့ ***
တစ်ခါတစ်လေမှာ ဖုန်းက ဘာမှ လုပ်မရတော့ပဲ ရပ်သွားတဲ့ ပုံစံမျိုး ဖြစ်သွားတတ်ပါတယ်။ အလွယ်ပြောရင် ဟန်း သွားတာပေါ့ဗျာ။ အဲ့လိုအချိန်မှာ Power + Home Key + Volume Up
ခလုတ်သုံးခုကို တစ်ပြိုင်တည်းနှိပ်ကာ ဖုန်းကို Reboot လုပ်နိုင်ပါတယ်။ Battery ဖြုတ်မရတဲ့ ဖုန်းတွေ ဟန်း တဲ့အခါ Power ခလုတ်ကို ခဏလောက် ကြာကြာဖိထားခြင်းဖြင့် Reboot လုပ်နိုင်ပါတယ်။
(eg .. Xperia Z , HTC One )

*** Keyboard အမြန်ဖွင့်နည်း ***
ဖုန်းမှာပါတဲ့ Menu ခလုတ်ကို ကြာကြာဖိထားခြင်းဖြင့် Keyboard ကို အမြန်ဖွင့်နိုင်ပါတယ်။ စာရိုက်ချင်ပြီဆိုရင် Menu ကိုသာ ကြာကြာဖိလိုက်ပါ။ Keyboard တက်လာပါလိမ့်မယ်ဗျာ။

*** Notification ဘားထဲမှ function တွေရဲ့ Setting အမြန်ဖွင့်ဖို့ ***
ဥပမာ wifi setting ထဲ သွားချင်တယ်ဆိုရင် Noti ဘားပေါ်က wifi ပုံကို ကြာကြာဖိလိုက်ရင် wifi setting ထဲ ရောက်သွားပါမယ်။ Noti ဘားထဲရှိ widget များကို ကြာကြာဖိခြင်းဖြင့် သက်ဆိုင်ရာ Setting တွေထဲ အမြန်သွားနိုင်မှာဖြစ်ပါတယ်။

*** Speed Dial (သို့) တစ်ချက်နှိပ် ဖုန်းတန်းခေါ်လို့ရဖို့ ***
Android ဖုန်းတွေမှာ Speed Dial ပါဝင်ပါတယ်။ တစ်ချက်နှိပ်ပြီး ဖုန်းတန်းခေါ်တဲ့ဟာပါ။ အလွယ်နည်းကတော့ Home Screen ပေါ်မှ
နေရာလွတ်တစ်ခုကို ကြာကြာဖိပါ။ Widget ကို ရွေးပါ။ Widget ထဲမှာ Contact ကိုရွေးပြီး Home Screen ပေါ်တင်လိုက်ပါ။
ကြိုက်နှစ်သက်ရာ နံပါတ်ကို Contact ထဲမှ ရွေးပေးပြီး Speed Dial ဖန်တီးနိုင်ပါတယ်။ တစ်ချို့ဖုန်းတွေမှာ Contact ထဲဝင်ပြီး menu ခလုတ်ကိုနှိပ်ကာ Speed Dial setting ကိုရွေးချယ် အသုံးပြုနိုင်ပါတယ်။

Android ဖုန်းတွေမှာ Screen Lock ကို မဖွင့်ပဲ Noti ဘားကို ဆွဲချပြီး Noti များစစ်နိုင်တယ်။

Android ဖုန်းတွေကို USB Storage အဖြစ် ကွန်ပျူတာနဲ့တွဲဖက်ပြီး အသုံးပြုနိုင်တယ်။တစ်နည်းဆိုရရင် USB Stick သဘောမျိုး အသုံးဝင်နေတယ်။

ရက်စွဲ နဲ့ လ တွေကို Noti ဘားပေါ် ဖိလိုက်ပြီး အလွယ်တကူ ကြည့်ရှုနိုင်တယ်။

မသိသေးတဲ့သူများအတွက်ပါ။ Tips တွေကတော့ အများကြီးရှိတယ်ဗျ။ အခုရေးတာတွေက ဖုန်းအများစုနဲ့ ကိုက်ညီမယ်ထင်လို့ ရေးပေးလိုက်တာပါ။ စမ်းကြည့်ကြဗျာ။
ဖုန်းအမျိုးစားပေါ်မူတည်ပြီး စမ်းသပ်တဲ့အခါ ရေးထားတာနဲ့အနည်းငယ် ကွဲပြားနိုင်ပါတယ်။ အားလုံး အဆင်ပြေ ပျော်ရွှင်ပါစေဗျာ....

ငြိမ်းချမ်းသူ(နည်းပညာ)
http://nyeinchanthu3.blogspot.com/