၂၂.၁၁.၂၀၁၃၊ သောကြာနေ့
မိမိကိုယ်တိုင် ပြုလုပ်နိုင်သည့် သင်ခန်းစာများကို သင်ယူရင်း ဘွဲ့တစ်ခု
ရရှိစေနိုင်မည့် အစီအစဉ်ကို အွန်လိုင်းမှ တစ်ဆင့် Google ကုမ္ပဏီကနေ၍ ကမကထ
ပြုလုပ်ခဲ့ရာ ဟင်းအချက်အပြုတ် သင်တန်းများ အတွက် ရည်ရွယ်သော HelpOuts
ပရိုဂရမ်အား နိုဝင်ဘာလအတွင်း စမ်းသပ်ဗားရှင်းအနေဖြင့် စတင်
လွှင့်ထုတ်လိုက်သည်။
ပရိုဂရမ်ကို လွှင့်ထုတ်ပြီးပြီးချင်းတွင် လူထောင်ကျော်မျှ မှတ်ပုံတင်စာရင်း
ဖြည့်သွင်းခဲ့ကြသည်။ မှတ်ပုံ တင်ပြုလုပ်ပြီးသော ကျောင်းသားများအဖို့ Google
Wallet မှတစ်ဆင့် ငွေပေးသွင်းရမည် ဖြစ်ပြီး ၀န် ဆောင်မှုကို Desktop PC
များနှင့် Android ဖုန်းများမှ တစ်ဆင့် ရယူလေ့ကျင့်နိုင်သည်။
Helpouts အစီအစဉ်တွင် နမူနာ ဖော်ပြပါဝင်သည့် သင်ခန်းစာမှာ မိမိ ကိုယ်တိုင်
ချက်ပြုတ်စားသောက် နိုင်ရန် လမ်းညွှန်မှုပေးမည့် စားဖိုမှူးကဏ္ဍဖြစ်သည်။ အဆိုပါ
အစီအစဉ်အတွက် ဟင်းပွဲတစ်ပွဲတွင် ပါဝင် ရမည့် အမယ်များ၊
အမွှေးအကြိုင်များနှင့် အချိုးအဆများ၊ အရန်ဟင်းပွဲနှင့် စားမြိန်ဟင်းပွဲများ
အတွက် Menu များကို ဗီဒီယိုဖိုင်များ၊ နမူနာလေ့ကျင့်ရန် အတွဲအဖက်
သင်ခန်းစာများ စသည်ဖြင့် ထည့်သွင်း ပေးထားမည်ဖြစ်သည်။ ၎င်းတို့ ပေးအပ်ထားသည့်
သင်ခန်းစာများ၊ နမူနာများကို လေ့ကျင့်ရင်း YouTube မှတစ်ဆင့် Live Video
ကြည့်ရှုကာ လိုက်လံလုပ်ဆောင်ပါက ပရိုဖက်ရှင်နယ်အဆင့်သို့ပင် ရောက်ရှိနိုင်
ကြောင်း ကုမ္ပဏီမှ ပြောကြားထားသည်။
Helpouts အစီအစဉ်တွင် တစ်ကိုယ်ရေ ယောဂကျင့်ခြင်း၊ သီချင်းဆိုခြင်း၊
ပန်းချီဆွဲခြင်း အပါအ၀င် အတတ်ပညာ ပေါင်းများစွာကို ထည့်သွင်းပေးထားပြီး
သင်ခန်းစာများကို မနှစ်သက်ပါက ကြိုက်နှစ်သက် သည့်အချိန်တွင် ပြန်လည်
ထွက်ခွာခွင့်နှင့်အတူ သင်တန်းကြေးကိုပါ ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။
Ref: DailyMail
Mizzima - News in Burmese
အဆင်ပြေအောင်မြင်ပျော်ရွင်ပါစေဗျာ.....
http://nyeinchanthu3.blogspot.com/