Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label Google. Show all posts
Showing posts with label Google. Show all posts

လူသိနည်းသေးတဲ့ GodMode

windows ကို configuration လုပ်ခ administrative tasks အားလုံး နီးပါးကို လွယ်ကူစွာ ရောက်ရှိအသုံး ပြုနိုင်တဲ့ God Mode လို့ခေါ်တဲ့ လူသိပ်မသိတဲ့ control panel တစ်ခုရှိပါတယ်။
Windows 7,Windows 8 နဲ့ Windows Server 2008 တို့မှာ windows ကို configuration လုပ်ချင်တဲ့အခါ သင်ပြောင်းချင်တဲ့ administrative tasks အားလုံးနီးပါးကို လွယ်ကူစွာ ရောက်ရှိအသုံးပြုနိုင်တဲ့ God Mode လို့ခေါ်တဲ့ လူသိပ်မသိတဲ့ control panel တစ်ခုရှိပါတယ်။ အဲဒါကို ဘာလို့ God Mode လို့ ခေါ်တာလဲဆိုတော့ သူက windows ရဲ့အစီအစဉ် တွေအားလုံးနီးပါးကို တစ်နေရာထဲမှာ သင့်လက်ထဲ အရောက်ထားပေးနိုင်လို့ ပါပဲ။ God Mode မှာ windows setting ပဲဖြစ်ဖြစ် hardware setting ကိုပဲဖြစ်ဖြစ် တစ်နေရာထဲကနေ အလွယ်တကူသုံးနိုင်အောင် သီးသန့် စီစဉ်ထား ပေးတာတွေ့ရပါတယ်။

God Mode သုံးမယ်ဆိုရင် သတိထားရမှာက သူက Windows 7နဲ့8 ရဲ့ 32bit နဲ့ 64 bit ရယ်၊ Windows server 2008ရဲ့ 32 bit versionရယ်၊ Windows Vista ရဲ့ 32 bit version ရယ်မှာပဲအလုပ်လုပ်ပါတယ်။ တကယ်လို့သင်က Windows Vista ရဲ့ 64 bit version မှာစမ်းကြည့်ချင်တယ်ဆိုရင်တော့ ဒီ God Mode folder ကို ပြန်ဖယ်မယ်ဆိုရင် safe mode နဲ့ reboot လုပ်ဖို့လိုပါလိမ့်မယ်။
God Mode ကို သင့်ရဲ့ desktop ပေါ်မှာစသုံးတော့မယ်ဆိုရင်
ပထမဆုံးအနေနဲ့ သင်လုပ်ရမှာက ဖွင့်ထားတဲ့ window တွေအကုန်ပိတ်လိုက်ပါ။ ပိတ်ပြီးလို့သင် desktop ပေါ်ရောက်သွားရင် လွတ်တဲ့နေရာမှာ right click လုပ်ပြီး folder အသစ်တစ်ခုလုပ်လိုက်ပါ။

GodMode 1

Godmode 2

ပြီးရင် အဲဒီ folder ကို GodMode.{ED7BA470-8E54-465E-825C-99712043E01C} ဆိုတဲ့ နာမည် ထားရပါမယ်။ အဲဒီနာမည်ထားပေးပြီးသွားရင်တော့ သင့်ရဲ့ desktop ပေါ်မှာ folder icon အစား control panel style နဲ့ God Mode icon လေးတွေ့ရပါလိမ့်မယ်။

GodMode 3

God Mode ကို double click လုပ်လိုက်ရင် God mode ပွင့်လာပါပြီ။ ပေါ်လာတဲ့ list ထဲက သင့်ရဲ့ windows ကလုပ်နိုင်တဲ့ configuration မှန်သမျှကို တစ်နေရာထဲမှာတွေ့နိုင်ပါပြီ။


GodMode 4

God Mode ကိုပြန်ဖယ်ထုတ်ချင်တယ်ဆိုရင် ဖန်တီးထားတဲ့ folder လေးကိုပြန်ပြီး delete လုပ်ပစ်ရုံပါပဲ။
အဆင်ပြေပါစေဗျာ..

Google's Sound Search Widget For Android

တစ်ခါတစ်လေ လမ်းသွားရင်းပဲ ဖြစ်ဖြစ်ကိုယ်ကြား လိုက်ရတဲ့ သီချင်းရဲ့နာမည်ကိုသိချင်ရင် ဒီ Google Sound Search widget ကိုသုံးပြီး လွယ်လွယ် ကူကူ ရှာလို့ ရပါပြီ။
တစ်ခါတစ်လေ ရေဒီယို ကပဲ ဖြစ်ဖြစ်၊ လက်ဖက်ရည် ဆိုင်က ပဲဖြစ်ဖြစ် ကြားလိုက် ရတဲ့ သီချင်း စာသား လေးတွေက တစ်ဆင့် သီချင်း နာမည်ကို သိချင်ရင် နာမည် ဖော်ပေးတဲ့ song identification services တွေရှိပါတယ်။ သိပ်တော့ မများဘူးပေါ့။ အခု Google ကအလားတူ သီချင်းရှာတဲ့ နေရာမှာ သုံးဖို့ widget တစ်ခုကို ထုတ်လိုက်ပါပြီ။ app မဟုတ်ဘဲ widget ဆိုတော့ အင်တာနက် ရှိဖို့ လို အပ်ပြီးတော့ သူ့ရဲ့ လုပ်ဆောင် ချက်က ရိုးရိုးလေးပါ။ သီချင်းနာမည် ဖော်ပေးမှာပါ။

image1

အရင်ကတော့ ဒီ widget ကို Nexus မှာပဲရပေမယ့် အခုတော့ Android တိုင်းမှာ သွင်းလို့ ရနေပါပြီ။ သွင်းပြီးတော့ Home Screen မှာထည့်လိုက်ပြီး ကိုယ်ကြားသမျှ သီချင်းတွေကို နာမည် ဖော်ခိုင်းလို့ ရပါပြီ။ နာမည် ဖော်ပေးခဲ့တဲ့ သီချင်းတွေကိုပါ မှတ်သားထား ပေးနိုင်ပါတယ်။ ဒီ widget ကသီချင်း နာမည်ကော ဈေးနှုန်းကိုပါ ဖော်ပြပေး ပါတယ်။ တကယ်လို့ ကိုယ်က ရှာခဲ့တဲ့ သီချင်းကိုပါ ၀ယ်ချင် တယ် ဆိုရင် Google Play Store ကတစ်ခါတည်း ၀ယ်လို့ ရအောင် လုပ်ပေးထားပြီး ကိုယ့်ရဲ့ Music library ထဲကို ထည့်လိုက်ရုံပါပဲ။ ကဲအခုပဲ Google Sound Search widget ကိုဒေါင်းပြီး သီချင်း နာမည်တွေ ဖော်ခိုင်းလိုက် ပါတော့။

image2
ဒီမှာဒေါင်းလိုက်ပါ.....


Sources : Makeuseof
အဆင်ပြေပါစေဗျာ..

Google Launches YouTube Capture

Youtube ဆိုတာ ဗီဒီယိုဖိုင်တွေ အများဆုံး ရှိတဲ့ နေရာတစ်ခုပါ။ အခု ဗီဒီယိုတွေ ကြည့်ရုံနဲ့ အားမရဘဲ ကိုယ်တိုင် ရိုက်ပြီး တင်ချင်တဲ့သူတွေ အတွက် Youtube Camera App ထွက်နေပါပြီ။
ခုတလောမိုဘိုင်းဂိမ်း တွေဘက်မှာ ကျင်လည်တာများနေတဲ့ Google ကရုတ်ရုတ်သဲသဲ ဖြစ် သွားလောက် တဲ့ ရွေ့ကွက် တစ်ခုကို ထပ်ချ ပြလိုက် ပါပြီ။ iPhone နဲ့ iPod touch တွေ အတွက် Youtube Camera App ကိုအခု ဒေါင်းလုတ် ဆွဲလို့ ရပါပြီ။ ဒီ app ကဗီဒီယိုတွေ ရိုက်တဲ့ နေရာမှာ သုံးရမှာ ဖြစ်ပြီး ကိုယ်ဗီဒီယို ရိုက်ကူး ပြီးတာနဲ့ caption ထည့်လို့ ရမယ်၊ ဘယ် network တွေမှာ share လုပ်ချင်သလဲ ဆိုတာ ရွေးပြီး တင်လိုက်ရုံပါပဲ။ အရမ်း ကောင်းတဲ့ အချက် တစ်ချက်က တကယ်လို့ ကိုယ်က ဒီ app ကို minimize လုပ်ထားရင်တောင် app ကကိုယ့်ဗီဒီယိုဖိုင်ကို ဆက်တင် နေပေးသွားမှာပါ။

image1

ဒါ့အပြင် ကိုယ့်ဗီဒီယိုကို ဘယ်သူတွေပဲ ကြည့်လို့ ရမလဲ (private, unlisted, နဲ့ public) ဆိုတာ သတ်မှတ်လို့ ရပါတယ်။ ဒါကတော့ Youtube ရဲ့ Privacy Setting အတိုင်းပါပဲ။ နောက်ပြီးတော့ အရောင်တွေ ချိန်တာ၊ Stabilization၊ ဗီဒီယိုရဲ့ အတို၊အရှည် ပမာဏကို တည်းဖြတ်တာ၊ Youtube ကနေ နောက်ခံတီးလုံးကို အခမဲ့ ထည့်တာတွေ လုပ်လို့ ရပါတယ်။ ဒီလုပ်ဆောင်ချက်တွေ အားလုံးကို ကိုယ့်ရဲ့ စက်ထဲမှာ ရှိပြီးသား ဗီဒီယိုဖိုင်တွေ ပေါ်မှာအသုံးပြု နိုင်သလို မကြိုက်ရင်လည်း undo ပြန်လုပ်လို့ ရပါတယ်။ ဒါပေမယ့် youtube.com ကိုသွားပြီး ပြောင်းရ မှာပါ။ Youtube Camera App ဆိုတော့ Youtube ကိုတင်လို့ ရရမှာ သေချာတဲ့ အပြင် နောက်ဆက်တွဲ အနေနဲ့ Google+၊ Facebook၊ Twitter တွေမှာလည်း ဖိုင်တွေ တစ်ပြိုင်နက်တည်း တင်လို့ ရအောင် လုပ်ပေး ထားပါတယ်။

image2



Sources : Techcrunch 
အဆင်ပြေပါစေ....
http://nyeinchanthu3.blogspot.com/

Google မှာ I'm Feeling Lucky ဆိုတာဘာလဲ

myanmar
မြန်မာ ဘာသာ Google ထဲမှာတော့ I'm Feeling Lucky ကို ဥုံဖွလို့ ရေးသား ဖော်ပြ ထားပါတယ်။

ဥုံဖွလို့ဆိုတဲ့ အတိုင်း Google က နေရာတစ်ခုကို ချက်ချင်း ပို့လိုက်ခြင်း ဖြစ် ပါတယ်။ ဥပမာ book လို့ ရိုက်ပြီး I'm Feeling Lucky ( ဥုံဖွ ) ကို နှိပ်လိုက်ရင် ထိပ်ဆုံး ညွန်းပေးလိုက်တဲ့ ဆိုဒ်က Wikipedia ဖြစ်ပါတယ်။ အကြောင်း ကတော့ Wikipedia က Search Engine Optimization Ranking မှာ နံပါတ် ၁ ဖြစ်နေလို့ ဖြစ်ပါတယ်။ ခပ်လွယ်လွယ်ရှင်းရရင် အဲ့ဆိုဒ်က bookကို ရှာတဲ့ အကြိမ်က ပိုများမယ်။ Link building , back linking ကောင်းမယ် အစရှိသဖြင့်ပေါ့။
 SEO ဖြစ်စေမယ့် အချက် ၅ ချက်ကြောင့် Google ရဲ့  အယ်လ်ဂိုရစ်သန်အရ စာလုံး တစ်ခုကို ရှာလိုက်ရင် Wikipedia က ထိပ်ဆုံးကို ရောက်ပြီး ဥုံဖွကို နှိပ်တဲ့အခါ ယင်းဆိုဒ်ကိုသာ တိုက်ရိုက်သွားစေခြင်း ဖြစ်ပါတယ်။ Google က အဲဒါကို ခပ်လွယ်လွယ်ရှာ၊  အမြန်ရှာ ရှာချင်သူများအတွက် ရည်ရွယ်ပြီးတော့ ထည့်ထားပေးမယ့် Feature ဖြစ်ပါတယ်။ သိုပေမယ့် တော်ရုံ အသုံးပြုသူ နည်းပါတယ်။ အများစုကတော့ research လုပ်ဖို့အတွက် သုံးဖြစ်ကြလိမ့်မယ်လို့ ယူဆ ရပါတယ်။
ဒီလောက်ဆိုရင် I'm Feeling Lucky ရဲ့  Definition ကို အကြမ်းဖျင်း သိပြီလို့ မျော်လင့် ပါတယ်။
အဆင်ပြေပါစေဗျာ......
http://nyeinchanthu3.blogspot.com/

Google Play Newsstand သုံးနိုင်ပြီ



(TSJ Editor's Best Choice)

Google Play Newsstand app က Google's Current နဲ့ Play Magazines တို့ကိုပေါင်းစပ်ပြီး ထွက်ရှိလို့လာခဲ့ပါပြီ။

သတင်းအရင်းအမြစ်ပေါင်းမြောက်မြားစွာနဲ့ မဂ္ဂဇင်းပေါင်း မြောက်မြားစွာကို App တစ်ခုတည်းမှာ ဖတ်ရှုနိုင်မှာက အခြားသော Reader App များထက် သာလွန်တဲ့အချက်ဖြစ်ပါတယ်။

Breaking News များကို သိရှိနိုင်မှာဖြစ်သလို အသေးစိတ်ဆောင်းပါး
များစွာကိုလည်း အသံ၊ဗီဒီယိုဖိုင်များနဲ့တကွ နားဆင်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

အများစုကို Free ရရှိနိုင်ပြီး အခကြေးငွေပေး၍ ဖတ်ရှုနိုင်သော HD မဂ္ဂဇင်းများစွာကိုလည်း Subscribe လုပ်ကာဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

သုံးချင်ရင်တော့

https://play.google.com/store/apps/details?id=com.google.android.apps.magazines&hl=en

မှာ Install လုပ်နိုင်ပါတယ်။

------------------------------------------

Nyein Chan (TSJ Tech Team)

အဆင်ပြေပါစေဗျာ.....

Google Chrome ကိုသုံးပြီး Google Play က Free APK ဖိုင်တွေ ကို PC ထဲတန်း ဒေါင်းမယ်


Chrome ကို သုံးပြီး apk ဖိုင်တွေ တန်းဒေါင်းဖို့အတွက် လိုအပ်တာတွေကတော့ ...

Chrome 17 or later
Device ID
APK Downloader Chrome Exetnsions
1. Google Chrome ကို ကွန်ပြူတာထဲကို အရင် Install လုပ်ရပါမယ်။
2. ပြီးရင် Device ID ကို သင့်ရဲ့ Android Device ထဲကို Install လုပ်ရပါမယ်။
3. APK Downloader Chrome Extension ကို Install လုပ်ရပါမယ်။



download Chrome
download APK Downloader Chrome Extension



4. ပြီရင် SSL error warning ကို ပိတ်ဖို့အတွက် Google Chrome ကို ပိတ်ထားပါ။ Desktop ပေါ်က Chrome short ပေါ်မှာ Right click ထောက် properties ထဲက shortcut ဆိုတဲ့ tab ထဲမှာ target ဆိုတာကို တွေ့ပါမယ်။ အဲ့မှာ chrome.exe နောက်မှာ [space]--ignore-certificate-errors ဆိုပြီးထည့်ပါ။

ပြီးရင် Chrome ကို ပြင်ထားတဲ့ shortcut နဲ့ပြန်ဝင်ပါ။ Warning Box ကျမလာရင် SSL error warning ကို Disable လုပ်တာ အောင်မြင်သွားပါပြီ ...

Device ID ကိုလိုချင်ရင်
Dial pad ထဲမှ *#*#8255#*#* ရိုက်ပါ

Options Page ထဲမှာ Email နဲ့ Device ID တွေထည့်ပါ။

Login ဝင်ပြီးသွားပီဆိုရင်တော့ www.play.google.com ထဲမှာ စိတ်ကြိုက်ဝင်ပီး ဒေါင်းလို့ရပါပြီ ...

HackingUniversity, Computric, AndroidAuthority တို့မှ မှီငြမ်းဖော်ပြပါသည်။
အဆင်မပြေရင်လည်း Comment လေးတွေ ပေးခဲ့ကြပါဗျာ ...

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...
ငြိမ်းချမ်းသူ(နည်းပညာ)

Handwrite ( Google )။ စမ်းကြည့်လိုက်ပါ...



Mobile App တော့လည်း မဟုတ်ပါဘူး ။ မသိသေးတဲ့ သူတွေ များရှိခဲ့ရင် သိစေချင်တဲ့ ဆန္ဒလေး နဲ့ ရေးတင်ပေးလိုက်ပါတယ် ။ ဒီနေ့ ဘာရယ်မဟုတ် You Tube ထဲ ဝင်မွှေရင်း Google ဘက် ၁ ချက် လှည့်ကြည့်မိတယ် ။ ထူးထူးခြားခြား Google က Browser App လေး ၁ ခု ရှိနေတာ ကိုတွေ့လိုက်ပါတယ် ။ ဘာမှ Install လုပ်စရာမလိုပဲ Setting လေး ပြင်လိုက်ရုံနဲ့ ကိုယ့်ရဲ့ Touch Screen လေးမှာ လက်နဲ့ ရေးပီး ရှာလို့ရတာလေးပါ ။ Android လို့မသုံးပဲ Touch လို့ ရေးလိုက်ရလဲဆိုတော့ သူက OS Application မဟုတ်ပဲ Search Engine ရဲ့ Original Setting လေးကို ဖွင့်သုံးရလို့ပဲ ဖြစ်ပါတယ် ။ Android ရော IOS ရော ၂ ခုလုံးမှာ သုံးလို့ရပါတယ် ။


   
Handwrite  - Google ကတော့ Google Inside Search လို့ဆိုပါတယ် ။


အပေါ်ကတော့ သူရဲ့ Setting ဖွင့်ဖို့ အတွက် Step By Step ပြထားတာလေးပါ ။

Handwrite ကို Enable လုပ်ပီးသွားပီဆိုရင် Google Search Page အောက်ဘက်မှာ g ဆိုတာလေး အတန်းလေးပေါ်လာမယ် ။ g လေးကို နှိပ်လိုက်မယ်ဆို Screen ၁ ခုလုံးမှာ ကြိုက်တာ ရေးလို့ရပါပီ ။ ရေးထားတာကို Search Text box ထဲမှာ သွားပြပါလိမ့်မယ် ။ တအားလွယ်ကူပါတယ် ။ ( Google Account ဝင်ထားမယ်ဆိုရင်ပို အဆင်ပြေပါလိမ့်မယ် ) နည်းပညာ အသစ်လေးတွေ ကြိုက်တဲ့ သူများရှိရင် စိတ်ဝင်စားမယ်ထင်ပါတယ် ။

Original >> http://www.google.com/insidesearch/features/search/handwritinginput/index.html
အဆင်ပြေပျော်ရွင်ပါစေဗျာ...
ငြိမ်းချမ်းသူ(နည်းပညာ)

Google Play ကို ဝင်လို့မရသူများအတွက်

အခုဆို မြန်မာပြည်ကနေ Google Play ဝင်နည်းကို တော်တော်များများ သိထားပြီးသားလည်း ဖြစ်မှာပါ။ ဒါပေမယ့် မအောင်မြင်တဲ့သူတွေလည်း ရှိပါတယ်။ ဒီတော့ ကျွန်တော်က ကျွန်တော်သိထားတာလေး ပြန် share လိုက်ပါတယ်။
သိထားသလောက်ကတော့ Google Play ဝင်မယ့် ဖုန်းက အမြစ်တူးပြီးသား ဖြစ်ရပါမယ်။ Google Play ကတော့ ဖုန်းထဲမှာပါပြီးသား ဖြစ်မှာပါ။  တစ်ချို့ဖုန်းတွေက Android Market ဒါမှမဟုတ် Market ဆိုပြီးပါပါတယ်။  အတူတူပါပဲ။  အဲဒါကို Google က Update လုပ်ပြီး Google Play ဖြစ်သွားတာပါ။ ပြီးတော့ အောက်က application လေးတွေလိုပါတယ်။ အရင်ဒေါင်းလိုက်နော်။



Market Unlocker
Droid Vpn
Tun.ko

ဒါတွေအကုန်ဒေါင်းပြီး install လုပ်လိုက်ပါ။
Tun.ko ထဲဝင်ပြီး မိမိဖုန်းရဲ့ မော်ဒယ်နံပါတ်တွေ bluld  no တွေမှန်ရင် အကုန်အမှန်ခြစ်ပြီး install လုပ်လိုက်ပါ။
ပြီးသွားရင် အင်တာနက် ခဏပိတ်ထားလိုက်ပြီး Market Unlocker ထဲဝင်ပါ။
Enable Unlocker နဲ့ Auto Unlock ကို on လိုက်ပါ။  ပြီးရင် ဘေးကိုပွတ်လိုက်ပါ။
Enable Proxy ကို Off ဖြစ်နေပါစေ။
DroidVpn သုံးဖို့ www.droidvpn.com/sign.php မှာ account တစ်ခုပြုလုပ်ရပါမယ်။  သမရိုးကျအတိုင်း အဆင့်ဆင့်လုပ်ပြီး သင့်ဆီ username နဲ့ password ပြန်လာရင် Droidvpn ထဲဝင် ... ဖြည့်ပြီး Start ဆိုတာလေး နှိပ်လိုက်။ Upgrade လုပ်ဖို့မေးရင် Upgrade Later ရွေးလိုက်။ ဒါဆို notification area မှာ အစိမ်းရောင်လေးဖြစ်ပြီး connect ဖြစ်သွားလိမ့်မယ်။ ပြီးရင် setting > Applications > Manage Applications ထဲက Google Play Store ကိုထောက်ပြီး Clear Data လုပ်လိုက်ပါ။
ပြီးရင် setting ထဲက ပြန်ထွက်ပြီးတော့ အင်တာနက်ဖွင့်ပြီး Google Play ထဲ တစ်ဆင့်ချင်းဝင်လိုက်ပါ။
ဒီလို screen မျိုးတွေ့ပြီဆိုလို့ကတော့ သင် အောင်မြင်သွားပါပြီ။ အဲ ဒီနည်းက proxy ကျော်သုံးထားတာဆိုတော့ ကွန်မကောင်းလို့ ကျကျ နေရင် retry သာလုပ်ပါ။
နောက် Google Play ထဲ သင်ဝင်မယ်ဆိုရင် DroidVpn ကို start အရင်လုပ်ရမှာနော်

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...