Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label Printer. Show all posts
Showing posts with label Printer. Show all posts

HP Photosmart Printer တွေကို Master reset ဘယ်လိုလုပ်ရလဲ


Master reset လုပ်နည်း
ပထမဦးဆုံး Printer ကို ပိတ်လိုက်ပါ။ ပြီးတာနဲ့ power ကြိုးကို ဆွဲဖြုတ်လိုက်ပါ.Printer ရဲ့ ညာဖက် အခြမ်းကို ဖွင့်လိုက်ပါ. ပြီးတာနဲ့ အတွင်းပိုင်းမှာ သေသေချာချာကြည့်ပါ main circuit board အပြားနဲ့ ဆက်ထားတဲ့ ကြိုးအပြားလေး နှစ်ခု "flat ribbon cables" အဖြူရောင် (သို့) အမဲရောင် တစ်မျိုးမျိုး ကို တွေ့ရပါလိမ့်မယ်. ကျွန်တော် စမ်းတုန်း ကတော့ ကြိုးကအဖြူရောင်ပါ. ဒါကတော့ သူထည့်ချင် တဲ့ကြိုးအရောင် ထည့်မှာဖြစ်တဲ့အတွက် အမဲရောင် လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်. အဲ့ဒီ့ "flat ribbon cables" လို့ခေါ်တဲ့ ကြိုးအပြားနှစ်ခု စလုံး ကို ဖြည်းဖြည်း ချင်း ဆွဲဖြုတ်လိုက်ပါ. ပြုတ်ရင်ပြီးရောဆိုပြီးတော့ အတင်းဆွဲမဖြုတ်ပါနဲ့။


ကြိုးတွေကို ဖြုတ်ပြီးပြီဆိုရင်တော့ printer ကို power ကြိုးထိုးလိုက်ပြီးတော့ Power button ကို နှိပ်ပေးပြီး printer ကို ဖွင့်လိုက်ပါ. ပြီးတော့ error message တစ်ခုပေါ်လာတဲ့အထိ စောင့်လိုက်ပါ. error message ပေါ်လာပြီဆိုတာနဲ့ Ok ကို နှိပ်ပေးပါ.


Power ကြိုးကို Power button ကို မနှိပ်ပဲနဲ့ Printer power ကြိုးထိုးထားတဲ့ plug ကို ဆွဲဖြုတ်လိုက်ပါ.
ပထမတုန်းက ဖြုတ်ထားခဲ့တဲ့ "flat ribbon cables" ကြိုးနှစ်ပြားကို main circuit board မှာ ပြန်တပ် လိုက် ပါ. တပ်တဲ့နေရာမှာ စောင်းပြီးမထည့်ပါနဲ့ ကြိုးကို တည့်တည့်ထားပြီးတော့ သေသေချာချာ မိမိ ရရလေး တပ်ပေးပါ.


ပြီးတာနဲ့ printer ကို plug ထိုးပြီးတော့ power button ကို နှိပ်ပြီး ဖွင့်ကြည့်လိုက်ပါ. error message ပျောက်သွားတာကို တွေ့ရမှာပါ. မှင်ပြဿနာဖြစ်ရင်လဲ ဖြစ်တဲ့ မှင်ပြဿနာ error ပျောက် သွားပါလိမ့်မယ်.

Master reset လုပ်နည်း (ဒုတိယနည်း)

ပထမဦးဆုံး Printer ကို ပိတ်လိုက်ပါ။ ပြီးတာနဲ့ power ကြိုးကို ဆွဲဖြုတ်လိုက်ပါ.Printer ရဲ့ ညာဖက် အခြမ်းကို ဖွင့်လိုက်ပါ. ပြီးတာနဲ့ အတွင်းပိုင်းမှာ သေသေချာချာကြည့်ပါ main circuit board အပြားနဲ့ ဆက်ထားတဲ့ ကြိုးအပြားလေး နှစ်ခု "flat ribbon cables" အဖြူရောင် (သို့) အမဲရောင် တစ်မျိုး မျိုး ကို တွေ့ရပါလိမ့်မယ်. ကျွန်တော် စမ်းတုန်းကတော့ ကြိုးကအဖြူရောင်ပါ. ဒါကတော့ သူထည့်ချင် တဲ့ ကြိုးအရောင် ထည့်မှာဖြစ်တဲ့အတွက် အမဲရောင်လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်. အဲ့ဒီ့ "flat ribbon cables" လို့ခေါ်တဲ့ ကြိုးအပြားနှစ်ခုစလုံးကို ဖြည်းဖြည်းချင်း ဆွဲဖြုတ်လိုက် ပါ. ပြုတ်ရင်ပြီးရော ဆိုပြီးတော့ အတင်း ဆွဲမဖြုတ်ပါနဲ့။


ကြိုးတွေကို ဖြုတ်ပြီးပြီဆိုရင်တော့ printer ကို power ကြိုးထိုးလိုက်ပြီးတော့ Power button ကို နှိပ်ပေးပြီး printer ကို ဖွင့်လိုက်ပါ. ပြီးတာနဲ့ printer အလုပ်လုပ်နေတဲ့ အသံတွေ ကြားရပါလိမ့်မယ်. ဘာသံမှ မကြား ရတဲ့အထိ စောင့်ပေးပါ. 


အားလုံး ဘာသံမှမကြားရတော့ဘူး ဆိုတာနဲ့ cancel button နဲ့ power button ကို ပြိုင်တူ နှိပ်ပေးလိုက်ပါ. တစ်ချိန်တည်းမှာ ပြိုင်တူ နှိပ်ရမှာဖြစ်ပါတယ်. ဟိုတစ်နေ့က canon လို button တစ်ခုနှိပ်ပြီးမှ နောက် button ကို နှိပ်တာမျိုးမဟုတ်ပါဘူး. 


အဲ့ဒီ့ button နှစ်ခုကို နှိပ်လိုက်တာနဲ့ "Enter Special Key Combo" ဆိုတဲ့ message box ပေါ်လာပါ လိမ့်မယ်. Left key ကိုနှိပ်ပါ ပြီးရင် Ok key ကို နှိပ်ပါ ပြီးရင် Right key ကိုနှိပ်ပါ. အစဉ်အတိုင်းနှိပ် ရမှာ ဖြစ်ပါတယ်. Left-Ok-Right အဲ့လို သွားပါမယ်.


ပြီးတာနဲ့ setting ထဲမှာ "System Menu" ကို တွေ့အောင်ရှာပါ တွေ့ရင် Ok ကိုနှိပ် ပေးလိုက်ပါ.
နောက်တစ်ခါ "Clean Derivative" ဆိုတာကို ထပ်ရှာပြီးတော့ Ok ကို ထပ်နှိပ်ပေးပါ. clean လုပ်နေတဲ့ အချိန်ခဏလေး စောင့်ပေးရပါမယ်. တစ်ခါတစ်လေ တစ်မိနစ်လောက်ကြာသလို တစ်ခါတစ်လေ နှစ်မိနစ်လောက် ကြာတတ်ပါတယ်.


နောက်တစ်ခါ "Clean Firms" ဆိုတာကို ထပ်ရှာပါ. တွေ့ပြီဆိုတာနဲ့ Ok ကို နှိပ်ပေးလိုက်ပါ. သူလည်းပဲ Clean လုပ်နေစဉ်အချိန် ခဏလောက် စောင့်ပေးလိုက်ပါ.


အားလုံးပြီးသွားပြီဆိုရင် "Cancel" button ကို 4 ကြိမ်ဆက်တိုက် နှိပ်ပေးရပါမယ်.ကဲပြီးသွားပြီ ဆို ရင် printer ရဲ့ power ကြိုးကို ဆွဲဖြုတ်လိုက်ပါ (power botton ကနေ မပိတ်မိပါစေနဲ့)ပြီးသွားပြီ ဆိုရင်တော့ ပထမက ဖြုတ်ထားတဲ့ "flat ribbon cables" နှစ်ကြိုးကို main circuit board မှာ သေသေ ချာချာ ပြန် တပ်လိုက်ပါ။


အားလုံးပြီးသွားရင် power ကြိုးပြန်ထိုးပြီးတော့ power button ကိုနှိပ်ပြီး printer ကို ဖွင့်ကြည့် လိုက်ပါ။
အဲ့အချိန်မှာ တစ်ခါတစ်လေ printer screen မှာ ထုတ်မည့်စာရွက်နဲ့ ပတ်သက်ပြီး setting ပိုင်း မှာလိုသလို ရွေးပေးဖို့ မေးတတ်ပါ တယ်. မေးထားတာကို ကိုလိုချင်တဲ့ setting အတိုင်း ရွေးပေးလိုက်ပါ. တစ်ခါတစ်လေ မမေးတတ်ပါဘူး.
ငြိမ်းချမ်းသူ(နည်းပညာ)

အားလုံးပြီးသွားရင်တော့ printer က head က စပြီး အလုပ်လုပ်နေပါလိမ့်မယ်. အဲ့အချိန်မှာ printer ကို မပိတ်မိပါစေနဲ့. ခဏစောင့်ပေးလိုက်ပါ. head အလုပ်လုပ်တာ ငြိမ်သွားပြီဆိုတာနဲ့ ခုနက ဖြစ်နေတဲ့ မှင်ပြဿနာနဲ့ error ဖြစ်သေးလား ပြန်စစ်ကြည့်လိုက်ပါ.
ငြိမ်းချမ်းသူ(နည်းပညာ)

Reset Counter Canon IP2770



            ကျွန်တော်အခု Printer နဲ့ဆိုင်တဲ့ပို့တွေကို တင်သွားမှာပါ... တကယ်လိုအပ်သူတွေရှိမှာပါ... 
လိုအပ်ခဲ့ရင်အဆင်ပြေအောင်လို့ကျွန်တော်အတတ်နိုင်ဆုံး တင်သွားမှာပါ.... ကျွန်တော့်ဆိုဒ် ကို  သိပ်မသိ
ကြသေးပါဘူး.... ဘာပဲပြောပြော မျက်စိလည်ပြီးဒီဆိုဒ်လေးကို ရောက်လာခဲ့ရင်တောင် ရောက်လာတဲ့လူ
တွေအတွက် အကျိုးရှိစေချင်ပါတယ်... ကဲအောက်မှာဆက်ကြည့်ပေးပါ...
Canon Printer ip2770 Printer Series များ၌ စာရွက်အရေအတွက် counter ပြည့်သွားသောအခါ Resume button တွင် လိမ္မော်ရောင်မီး (၈)ကြိမ်တိတိ မှိတ်တုတ်မှိတ်တုတ် ပြသနေပါလိမ့်မည်။ Print ထုတ်ကြည့် သောအခါမှာလည်း Service error 5B00 ဖြစ်နေကြောင်း ပြသနေပါလိမ့်မည်။ သတ်မှတ် ထားသော counter ပြည့်သွားပြီး Waste Ink Absorber Full ဖြစ်ခြင်းကြောင့် Error တက်ခြင်းပင်ဖြစ်ပါ သည် ။ ထိုကဲ့သို့သော Canon ip2770 model များတွင် Absorber full ဖြစ်တိုင်း ပြုလုပ်ပေးရ မည့် ဖြေရှင်း ချက်လေးတွေလည်း internet ထဲတွင် အမြဲပင် ပေါ်ထွက်လျှက်ရှိပါသည်။


(1) ရှေးဦးစွာ
Service Tool ကိုလည်း download ပြုလုပ်ထားပါ။ အကယ်၍ သင့် Printer Model မှာ iP2772 ဆိုပါက PCM_Service Tool ကို download ပြုလုပ်ရပါမယ်။

(2) Download ပြုလုပ်၍ ရရှိလာသည့် "ip 2770.doc" ဟူသော file ရဲ့ အမည်ကို "ip 2770.exe" ဟု extension ပြောင်းလဲပေးလိုက်ပါ။


(3) ထို့နောက် ယင်း File ပေါ်တွင် double click နှိပ်၍ open လုပ်ရပါမယ်။


(4) တပ်ဆင်ထားသော printer USB port နှင့်ထည့်သွင်းထားသော Printer driver တို့ ကိုက်ညီမှု ရှိ/မရှိကို သတိပြုရပါ့မယ်။ စစ်ဆေးကြည့်ရန်မှာ
Start | Control Panel | Printers and Faxes ပေါ်တွင် click နှိပ်၍ ရွေးချယ်လိုက်ပါ။ ထို့နောက် Canon iP2770 Series ပုံပေါ်တွင် right click နှိပ်၍ Properties ကို ရွေးချယ် click နှိပ်ပေးပါ။ Port နှင့် Printer တို့ ကိုက်ညီမှု ရှိပြီဆိုပါက service mode ကို လုပ်ဆောင်နိုင်ပါပြီ။

(5) သင့် printer ကို reset မပြုလုပ်မီ POWER နှင့် USB Cable ကြိုးများကို ကြိုတင်၍ တပ်ဆင်ထားပါ။


(6) ထို့နောက် printer ရဲ့ POWER နှင့် RESUME ခလုတ် (၂)ခုကို တွဲလျက် ငါးစက္ကန့်ဝန်းကျင် ဖိထားပေးပါ။


(7) ထိုသို့ ဖိထားလျက်ပင် RESUME ခလုတ်ကို (၅)ကြိမ်တိတိ ဆင့်နှိပ်ပါ။ (POWER ကို မလွတ်ရပါ)


(8) ထိုကဲ့သို့ အမှားအယွင်းမရှိဘဲ လုပ်နည်းမှန်ပြီဆိုပါက အစိမ်းရောင် flash မီးလေးမှာ အဆင်သင့် အနေ အထားနဲ့ မြင်တွေ့ရမှာပါ။


(9) ပြီးတော့ စောစောက ဖွင့်ထားတဲ့ Service Tools ကို ပြန်သွားလိုက်ပါ။


(10) အထက်ဖော်ပြပါ ပုံစံအတိုင်း Service Tools ကို မြင်တွေ့ရမှာဖြစ်ပါတယ်။
- ရှေးဦးစွာ USB Port ကို ရရှိရန်အတွက် Reload ပေါ်တွင် click တစ်ချက်နှိပ်ပါ။
- ထို့နောက် စာရွက်(၂)ရွက်ကို printer တွင် ထည့်ထားပေးပါ။
- Clear Ink Counter ရဲ့အောက်ဖက်ရှိ Main ပေါ်တွင် click တစ်ချက်နှိပ်ပါ။ (အကယ်၍ သင့် printer တွင် error 001 ဟူ၍ ပြသခဲ့ပါက Ok ကိုသာ ဆက်၍ click နှိပ်ပေးပါမည်။ )
- ပြီးနောက် printer ရဲ့ POWER ကို နှိပ်၍ ပိတ်လိုက်ပါမယ်။ (တစ်ခါတစ်ရံ POWER (၂)ချက်ဆင့်နှိပ်၍ ပိတ်ပေးရသည်လည်း ရှိတတ်ပါသည်။ )
- ထို့နောက် POWER ပြန်ဖွင့်ပေးပါ။ ပြန်လည်၍ စမ်းသပ်ချက်များအရ အဆင်ပြေသွားခဲ့ပါသည်။
ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ........

Laser Printer ကို ရေရှည်အသုံးပြုနိုင်ရန်





Laser Printer ဝယ်ယူသုံးစွဲသူများ အနေနဲ့ မိမိ Printer ကို ရေရှည်အသုံးပြုနိုင်ဖို့အတွက် အောက်ပါ အချက် (၅) ချက်ကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

၁။ တစ်ကြိမ်ထုတ်လျှင် စာရွက် (၂၀) ထက် မပိုရ။
နံပါတ်တစ်အချက်ကတော့ Printing လုပ်တဲ့ အခါမှာ သတိထားသင့်တဲ့ အချက်ပါ။ စာရွက်တွေ အများကြီးကို တစ်ခါတည်း Command ပေးပြီး မထုတ်သင့်ပါဘူး။ အဲဒီလို ထုတ်မယ်ဆိုရင် Printer က Heat တက်လာပြီး Fuser Unit   လောင်ကျွမ်းပျက်စီးနိုင်ပါတယ်။ Fuser မလောင်ရင်တောင် စာရွက် တွေမှာ အပူအရမ်း များတဲ့အတွက် Roller မှာ လိပ်သွားနိုင်ပါတယ်။ အဲဒါကြောင့် စာရွက်တွေ အများ ကြီးကို Print လုပ်မယ်ဆိုရင် အရွက် (၂၀) စီလောက်ကို ခွဲ ခွဲပြီး Command ပေး ထုတ်သင့်ပါတယ်။


၂။ စက္ကူ အကြမ်းများကို အသုံးမပြုရ။
နံပါတ်နှစ်အချက်ကတော့ အသုံးပြုမယ့် စာရွက်ရဲ့ Quality ကိုပြောတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလို စာရွက် အကြမ်းတွေ၊ အညံ့တွေမှာ မိမိကိုယ်တိုင် သတိမပြုမိ၊ မမြင်မိဘဲ ဝါးဖတ် ကလေးတွေ၊ အဖုအထစ် ကလေးတွေ ပါလာတတ်ပါတယ်။ ဒါကို သတိမပြုမိဘဲ အသုံးပြု မိ တဲ့အခါမှာ Cartridge အတွင်းက Drum တို့၊ Blade တို့ကို ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးစေနိုင်ပါတယ်။

၃။ UPS ဖြင့် တွဲဖက် အသုံးပြုပါ။
နံပါတ်သုံးအချက်ကတော့ Power ပိုင်းပါ။ မိမိဝယ်ယူတဲ့ Laser Printer ရဲ့ Power အသုံးပြု မှုအပေါ် မူတည်ပြီး UPS ကို တွဲဖက်အသုံးပြုသင့်ပါတယ်။ အကယ်၍ UPS နဲ့ တစ်ဆင့်ခံ အသုံး မပြုမိခဲ့ဘူးဆိုရင် ရုတ်တရက် မီးအားမငြိမ်တာတို့၊ မီးပျက်သွားတာ တို့နဲ့ဆိုရင် Printer ပါဝါ ကဒ်ပေါ်မှာရှိတဲ့ IC Chip တွေ လောင်သွားနိုင်ပါတယ်။

၎။ Printer အဖုံး၊ အစွပ်တို့ကို အသုံးပြုပါ။
နံပါတ်လေးအချက်ကတော့ မိမိ Printer ကို လုံလုံခြုံခြုံထားဖို့ပါ။ အဲဒီအတွက်ကတော့ အဖုံး (သို့မဟုတ်) အစွပ် တွေကို ဝယ်ယူအသုံးပြုသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခါ တလေမှာ မိမိကိုယ်တိုင် သတိမထားမိဘဲ Papaer Trail ထဲကနေတစ်ဆင့် ကြွက်တွေဝင်ပြီး Circuit တွေပေါ်မှာ အညစ် အကြေးတွေ စွန့်သွားတတ်ပါတယ်။ အဲဒါကို User အနေနဲ့ သတိမပြုမိဘဲ ဆက်ပြီး အသုံးပြုခဲ့မယ်ဆိုရင် Circuit တွေ Shock ဖြစ်ပြီး ပျက်စီးနိုင်ပါတယ်။

၅။ Online Error ဖြစ်လျှင် အသုံးမပြုရ။
နံပါတ်ငါးအချက်ကတော့ Online Error ပါ။ Printer မှာ Online Error ဖြစ်လာရင် လုံးဝ အသုံး မပြုပါနဲ့။ ဒါကော ဘယ်လိုနည်းနဲ့ သိနိုင်မလဲ။ လွယ်ပါတယ်။ Printer မှာ ရှိသမျှ မီးတွေ အားလုံး လင်းလာတာတို့၊ ခြစ်ခြစ်တောက်ပူလာတာတို့ ဖြစ်လာရင် Online Error ဆိုတာ သိနိုင် ပါတယ်။ အဲဒီလို ဖြစ်လာရင်တော့ Printer ကို လုံးဝ မသုံးသင့်တော့ပါဘူး။ ငြိမ်းချမ်းသူ(နည်းပညာ) 
        နည်းပညာများကိုလေ့လာရင်း သင့်ရဲ့အချိန်တွေကိုတန်ဖိုးမြင့်တင်နိုင်ပါစေ....