Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label ios. Show all posts
Showing posts with label ios. Show all posts

iOS 6.1.3, Evasi0n နှင့် Untethered Jailbreak

                                         iOS 6 ရဲ့ နာမည်ကြီး untethered jailbreak အဖွဲ့ Evasi0n ရဲ့ လုပ်ဆောင်နိုင်မှုစွမ်းရေကို စိန်ခေါ်လိုက်သည့် iOS 6.1.3 ကို Apple တို့ မတ်လ ၁၉ ရက်နေ့မှာ တရားဝင် ထုတ်ပြန်လိုက်ပါပြီ။ ယခု iOS 6 မှာ အဓိကအနေနဲ့ lock screen ကို ကျော်၍ ဖုန်းခေါ်ဆိုမှုများပြုလုပ်နိုင်ခြင်း၊ voice mail များကို နားထောင်နိုင်ခြင်း၊ ဓါတ်ပုံများကို ကြည့်ရှုနိုင်ခြင်း စသည့် security ပိုင်းဆိုင်ရာအားနည်းချက်များကို ပြင်ဆင်ပေးထားပြီး၊ ဂျပန်နိုင်ငံ၏ မြေပုံကို update လုပ်ထားပါတယ်။ ဒါ့အပြင် Evasi0n အတွက် iOS စနစ်ထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်စေရန် အထောက်အကူဖြစ်စေတဲ့ အားနည်းချက်များကိုလည်း ပြန်လည်ပြင်ဆင်ပေးလိုက်သေးတယ်လို့ သိရပါတယ်။ iOS 6.1.2 ထိအောင်နေ့ခြင်းညခြင်း untethered jailbreak tool ထွက်ရှိပေးခဲ့တဲ့ Evasi0n အဖွဲ့ကတော့ ယခုအချိန်ထိအောင် jailbreak နဲ့ပါတ်သက်လို့ နှုတ်ဆိတ်နေဆဲပဲရှိပါသေးတယ်။ ဒါ့အပြင် နောက်ဆုံးထွက် iPhone 5, iPhone 4S, iPad နှင့် iPod touch 5th-generation iDevice များမှာ iOS 6.1.3 ကို အကြောင်းအမျိုးမျိုးကြောင့် တင်လိုက်မိပါက 6.1.2 သို့ပြန်လည် downgrade ပြုလုပ်ဖို့ကိုလည်း မည်သည့် tool မျှ မစွမ်းဆောင်နိုင်သေးဘူးလို့ သိရပါတယ်။

                               ဒီနေရာမှာ Apple ရဲ့ iDevice old model အဟောင်းများဖြစ်တဲ့ A4 processor သုံး iPhone 4G, iPhone 3GS နှင့် iPod Touch 4G တွေကတော့ ကံအားလျော်စွာ နောက်ဆုံးထွက် iOS 6.1.3 ကို jailbreak ပြုလုပ်ခါ အသုံးပြုခွင့် ရနိုင်မှာဖြစ်ပါတယ်။ သို့သော် Untethered jailbreak တော့မဟုတ်ပါဘူး။ တချိန်က Jailbreak လောကမှာ နာမည်ရခဲ့တဲ့ Redsn0w ရဲ့ နောက်ဆုံးထွက် jailbreak tool ကိုသုံးပြီး iOS 6.1.3 ကို tethered jailbreak ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Tethered jailbreak တို့ရဲ့ ထုံးစံအတိုင်း Power ကျလို့မရပါဘူး။ ကွန်ပျူတာနှင့်ဆက်ခါ Redsn0w application နှင့် ချိတ်ဆက်ထားခြင်းမရှိပဲ Power ပိတ်ပြီးပြန်ဖွင့် (restart) တာနဲ့ jailbreak စနစ်ပျက်ပြယ်ပြီး၊ အစအဆုံး jailbreak ပြန်လုပ်ရမှာဖြစ်ပါတယ်။ ဒါကလည်း Apple ရဲ့ ပညာရှင်တွေနဲ့ Jailbreaker များ ယှဉ်ပြိုင်ရာကနေ ရရှိခဲ့တဲ့ သင်္ခန်းစာတွေကို အခြေခံလို့ သူ့ရဲ့ iOS ကို အတတ်နိုင်ဆုံး ဖာထေးထားခြင်းပဲဖြစ်ပါတယ်။ Cydia store မှ အချို့ Add-on များကို install ပြုလုပ်ခါ Power on / off function ကို password ဖြင့် manually disabled ပြုလုပ်ထားနိုင်သော်လည်း အနဲဆုံးတော့ battery အားမနိုင်တဲ့တစ်ချိန် Power ကျမှာပဲဖြစ်ပါတယ်။
                               ဘယ်လိုပဲဖြစ်စေ Download အကြိမ်ရေ ၇ သန်းခန့် ပြုလုပ်ခံခဲ့ရသည့် Evasi0n tool ရဲ့ developer evad3rs မှနောက်ဆုံးထွက် iOS 6.1.3 အတွက် untethered jailbreak tool အသစ်မပြုလုပ်နိုင်သည့်တိုင်အောင် ငကန်းသေလျှင် ငစွေပေါ်လာတတ်တဲ့ နည်းပညာ hacking လောကမှာ အခြား iOS hacker အဖွဲ့တစ်ခုမှ Apple ကိုစိန်ခေါ်သည့် untether jailbreak စနစ်ကတော့ ပေါ်ပေါက်လာမှာ အသေအခြာပဲဖြစ်နေပါတော့တယ်။ ငြိမ်းချမ်းသူ(နည်းပညာ)

Download iOS 6.1.3

Evasi0n Tool ဖြင့် iOS 6 မှ 6.1 အထိ Jailbreak ပြုလုပ်ပုံ အသေးစိတ်

                            iOS 6, iOS 6.0.1, iOS 6.0.2 နှင့် iOS 6.1 သုံး iDevice များအတွက် Eavasi0n ရဲ့ Untethered Jailbreak tool ထွက်ရှိလို့လာပါပြီ။ ၄င်းတို့ကြေညာထားသည့် ရက်မှ အနည်းငယ် နောက်ကျထွက်ရှိခဲ့ပေမယ့် လောလောဆယ် iOS 6 ကနေ 6.1 အထိ untethered jailbreak လုပ်ဖို့အတွက်တော့ ပထမဦးဆုံး tools တစ်ခုဖြစ်နေပါတယ်။ Jailbreak လုပ်လို့ရမယ့် မော်ဒယ်တွေကတော့  iPhone 3GS, iPhone 4, iPhone 4S နှင့် iPhone 5, iPad 2, iPad 3, iPad 4 နှင့် iPad mini, iPod Touch 4G နှင့် iPod Touch 5G, Apple TV 2 တို့ပဲဖြစ်ပါတယ်။ 

Download Evasi0n 1.4 Jailbreak tools (updated for iOS 6.1.2)

Jailbreak မပြုလုပ်မီ လိုအပ်ချက်များ
                             အနဲဆုံး အသုံးပြုမည့် ကွန်ပျူတာများမှာ Windows XP နှင့်အထက် , Mac OS 10.5 နှင့်အထက်, Linux နှင့် မိမိ၏ iDevice ကိုဆက်သွယ်ရန် USB cable တို့ရှိနေရပါမယ်။ ပြီးလျှင် အထက်တွင်ပေးထားသော တိုက်ရိုက် link များမှ မိမိကွန်ပျူတာနှင့် သင့်တော်သည့် Evasi0n tool ကိုရွေးချယ်ခါ download လုပ်ထားရပါမယ်။ ထုံးစံအတိုင်း မိမိတို့၏ iDevice ကို backup လုပ်ပေးထားရမည်ဖြစ်ပြီး၊ backup file ကို encrypt ပြုလုပ်ခါ Password ပေးထားပါက ပြန်ဖြုတ်ထားပေးရပါမယ်။ User Passcode lock ပေးထားတယ်ဆိုရင် setting မှတစ်ဆင့် Turn Passcode off ခဏပိတ်ပေးထားရပါမယ်။ မိမိကွန်ပျူတာတွင် iTunes သို့မဟုတ် xCode များကို လုံးဝ ဖွင့်မထားရပါဘူး။ အသုံးပြုလက်စ ဖွင့်ထားမိပါက Task bar notification area မှ icon များပေါ်တွင် right click နှိပ်ခါ Exit ဖြင့်ထွက်ပေးရပါမယ်။

Jailbreak ပြုလုပ်ပုံ (Updated for iOS 6.1.2)
                            အထက်တွင်ဖေါ်ပြထားသော အချက်များပြည့်စုံလျှင် download လုပ်ထားသော ဖိုင်ကိုဖြည်၍ evasi0n.exe (Window အသုံးပြုသူများအတွက် .exe, အခြား Operating System များအတွက် သီးခြား file) ကို double click နှိပ်ခါ ဖွင့်ပါ။  ပြီးလျှင် USB cable ကို iDevice တွင်ဆက်ပါ။ (power ပိတ်စရာမလိုပါ၊ လက်ရှိသုံးနေသည့်အတိုင်း Standby အနေအထားဖြင့် ဆက်ပါ) အောက်ပါပုံတွင် ပြထားသည့်အတိုင်း Evasi0n tool မှ iDevice အမျိုးအစားနှင့် iOS version များကို အလိုအလျှောက် detect လုပ်ခါ jailbreak လုပ်နိုင်သည့် အနေအထားဖြစ်ပါက "Click Jailbreak to begin" ဟူ၍ပြောလာပြီးလျှင် Jailbreak button နေရာတွင် active ဖြစ်လာပါမယ်။


                               အဆင်သင့်ဖြစ်လျှင် jailbreak button ကို click နှိပ်ခါ စတင် jailbreak ပြုလုပ်နိုင်ပါပြီ။
jailbreak ပြုလုပ်နေစဉ်အတွင်း မကြာခန restart ပြုလုပ်နေမည်ဖြစ်ပြီး၊ မည်သည့်ခလုတ်ကိုမျှ မနှိပ်ပဲ ခနစောင့်ပါ။
မိနစ်အနည်းငယ်ကြာလျှင်  Evasi0n မှ သင်၏ iDevice အား Unlock ပြုလုပ်ပေးရန် ပြောလာပါမယ်။ lock screen မှ slide to unlock ကိုဖွင့်ပေးလိုက်ပြီးနောက် အောက်တွင်ပြထားသကဲ့သို့ Jailbreak icon ကို တွေ့ရမည်ဖြစ်ပြီး၊ ၄င်း icon လေးကို တစ်ချက် နှိပ်ပေးရပါမယ်။
                         Jailbreak icon ကို နှိပ်လိုက်လျှင် စက္ကန့်ပိုင်းကြာပြီးနောက် အနက်ရောင် screen နှင့် home screen များတလှည့်စီပေါ်လာပြီးလျှင် Evasi0n မှ Jailbreak process မိနစ်အနည်းငယ်ကြာအောင် ဆက်လက်လုပ်ဆောင်ပါမယ်။ နောက်ဆုံးအဆင့် ကွန်ပျူတာတွင် evasi0n မှ done ဟူသည့်စာသားပေါ်လာမည်ဖြစ်ပြီး iDevice မှ restart ပြန်ကျမှာဖြစ်ပါတယ်။ငြိမ်းချမ်းသူ(နည်းပညာ)
                            ပြန်တက်လာပါက ယခင် cache ဝင်နေသော background (ဥပမာ- home screen) များ၏ ပုံရိပ်များပေါ်လာနိုင် မည်ဖြစ်ပြီး၊ ၄င်းပုံရိပ်များ မိနစ်အနည်းငယ်ကြာလျှင် ပျောက်ကွယ်သွားပြီးနောက် lock screen ပြန်ပေါ်လာပါက သင်၏ iDevice မှာ Cydia ဟူသည့် icon ပေါ်နေပြီး၊ jailbroken ဖြစ်သွားမည် ဖြစ်ပါသည်။ ငြိမ်းချမ်းသူ(နည်းပညာ)
 အောက်တွင် ပြထားသော Video တွင်လည်း အသေးစိတ် လေ့လာနိုင်ပါသည်။ငြိမ်းချမ်းသူ(နည်းပညာ)