Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label Floder. Show all posts
Showing posts with label Floder. Show all posts

Folder အိုင်ကွန်လှလှလေးတွေပါ



ဘာရယ်ဟုတ်ပါဘူး .. ကိုယ့်ရဲ့ Desktop ကို အလှဆင်ရတာ ၀ါသနာပါတဲ့ သူငယ်ချင်းတွေအတွက်ပါ
ကိုယ့်မှာရှိတဲ့ Folder လေးတွေကို ၀င်းဒိုးမှာပါပြီးသား အိုင်ကွန်ပုံတွေအစား တခြားအိုင်ကွန်လှလှလေးတွေနဲ့ အစာထိုးချင်ရင် အရင်ဆုံးကိုယ့်ဆီမှာ .ico ဆိုတဲ့ Extension နဲ့ အိုင်ကွန်ဖိုင်လေးတွေအရင်ဆုံးရှိထားရပါမယ် .. အဲဒီလို အိုင်ကွန်ဖိုင်အမျိုးအစားလေးတွေကို စုစည်းပြီး ဖိုလ်ဒါတစ်ခုထဲမှာထည့် .. ၀င်းဒိုးရှိတဲ့ Partition (ဥပမာ- C ပေါ့) အဲဒါကိုဖွင့်လိုက်ပါ .. ပွင့်လာတဲ့ထဲက Windows ဆိုတဲ့ ဖိုလ်ဒါကိုဖွင့်လိုက်ပါ .. ဒီနေရာမှာ Administrator Prompt တက်လာခဲ့ရင် Ok တို့ Continue တို့ကို နှိပ်ပေးလိုက်ပါ ..
အဲဒီ Windows ဆိုတဲ့ဖိုလ်ဒါပွင့်သွားရင် အဲဒီထဲက System 32 ဆိုတဲ့ဖိုလ်ဒါကို ထပ်ဖွင့်ပါ ..

အဲဒီ System 32 ဆိုတဲ့ဖိုလ်ဒါထဲကို အစောပိုင်းက အိုင်ကွန်တွေစုထည့်ထားတဲ့ ဖိုလ်ဒါကို ကော်ပီကူးပြီး ထည့်လိုက်ပါ .. ဒီနေရာမှာလည်း Administrator Prompt တက်လာရင် Continue ကိုနှိပ်ပေးလိုက်ပါ ..
တကယ်တော့ အိုင်ကွန်ဖိုလ်ဒါကို အဲဒီထဲသွားမထားလည်း ရပါတယ် .. တခြားနေရာမှာထားရင် မတော်တဆ မှားဖျက်မိမှာရယ် .. အိုင်ကွန်ပြောင်းဖို့ ၀င်းဒိုးက Search လုပ်မယ်ဆိုရင် System 32 ကို ပထမဦးစားပေးပြီး ရှာတာကြောင့်ရယ် .. System 32 ထဲကို အိုင်ကွန်ဖိုလ်ဒါ ထည့်ခိုင်းတာပဲဖြစ်ပါတယ် .. ကိုယ့်စိတ်ကြိုက် ထားချင်တဲ့နေရာမှာထားနိုင်ပါတယ် ..
လောလောဆည် ကိုယ်တိုင် အိုင်ကွန်ဖိုင် မလုပ်တတ်သေးရင်ပဲဖြစ်ဖြစ် လုပ်ဖို့ အချိန်မပေးနိုင်သေးရင်ပဲဖြစ်ဖြစ် ကျွန်တော့်ဆီမှာရှိထားပြီးသား အိုင်ကွန်ဖိုင်တချို့ကို တင်ပေးလိုက်ပါတယ် .. လိုချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ...
အဆင်ပြေအောင်မြင်ပါစေ....
http://www.nyeinchanthu3.blogspot.com/

Download