Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...
Showing posts with label Player. Show all posts
Showing posts with label Player. Show all posts

MIXTRIX - New Playlist MIx Player

MIXTRX က Pionner receivers ထည့်ထားတဲ့ ကားတွေအတွက်နဲ့ STEEZ ကထုတ်တဲ့ပစ္စည်း တွေအတွက်လုပ်ထား တဲ့နည်းပညာတစ်ခုပါ။ ကားမောင်းရင်း လုံးဝလန်းလို့ရတာပေါ့။
1

ဒီ MIXTRAX ဆိုတာ Pioneer ရဲ့နည်းပညာအသစ်နဲ့ သီချင်းတွေကို Mixing နဲ့ Effect တွေကိုအလျိုအလျောက် လုပ်ပေးတာပါ။ ကိုယ့်ရဲ့ Playlist Library ထဲမှာရှိတဲ့သီချင်းတွေကို အဆက်မပြတ် တောက်လျှောက် Mix လုပ်ပေးနေတာပါ။ Softare ကပထမဆုံး ကိုယ်ထည့်ထားတဲ့ သီချင်းတွေကို စစ်ဆေးပါတယ်၊ ပြီးတော့တစ်ပုဒ်ချင်းဆီရဲ့ BPM၊ နောက်ပြီး Tempo နဲ့တစ်ခြားအရာတွေ အပေါ်အခြေခံပြီး တူညီတဲ့သီချင်းတွေကို Playlist စလုပ်ပါတော့တယ်။ နောက်ဆုံးမှာတော့ တစ်ပုဒ်ချင်းဆီအတွက်ကို သီချင်းအပြောင်းအလဲလုပ်တဲ့ နေရာမှာတစ်ကယ့် DJ တစ်ယောက်က Live လုပ်ပေးသလို Effect အမျိုးမျိုးနဲ့ လုပ်ပေးပါတယ်။ တစ်ကယ်တော့ MIXTRX က Pionner receivers ထည့်ထားတဲ့ ကားတွေအတွက်နဲ့ STEEZ ကထုတ်တဲ့ပစ္စည်းတွေအတွက် လုပ်ထားတဲ့နည်းပညာတစ်ခုပါ။ ကားမောင်းရင်း လုံးဝလန်းလို့ရတာပေါ့။

Desktop အတွက် Version ကို Site မှာလည်းတင်ထားပေးပါတယ်။ ကားထဲမှာ မလန်းနိုင်ရင်တောင် ကိုယ့်ဟာနဲ့ကိုယ် အိမ်မှာစုထားတဲ့သီချင်းတွေကို ထည့်ပြီးစမ်းသပ်ခံစားနိုင်ပါတယ်။ လုပ်ရလွယ်ပြီး အများကြီးမရှိပေမဲ့ တော်တော်ကောင်းတဲ့ Music Auto Mix Player တစ်ခုပါ။ အသုံးပြုမယ်ဆိုရင်

1. File ကနေ Import ပြီးတော့ Itunes Library ကဖြစ်ဖြစ်၊ တစ်ခြားကိုယ်ထည့်ချင်တဲ့ နေရာကဖြစ်ဖြစ် သီချင်းတွေကို Player ထဲထည့်ပါ။
2. ဘယ်ဘက်က ကိုယ်ခံစားချင်တဲ့ Tempo အတိုင်း သီချင်းမှာပါတဲ့ Playlist ထဲကိုထည့်ပေးလိုရပါတယ်။ ဒါမှမဟုတ် ညာဘက်မှာ သီချင်းတစ်ပုဒ်ချင်းဆီမှာ Right Click ထောက်ပြီး add to Playlist ကနေကြိုက်တဲ့ အထဲထည့်နိုင်ပါတယ်။

2

Iphone အတွက်လည်း Apple Store မှာ Download ရယူနိုင်ပါပြီ။ Free တော့မဟုတ်ပါ။

Desktop အတွက်ကိုတော့ (Click Here to Download) ရယူနိုင်ပါတယ်။ Iphone အတွက်ကိုတော့ (Click Here to Apple Store) ကနေရယူနိုင်ပါတယ်။

Online Manual ဖတ်ချင်ရင် - http://www.mixtraxnet.com/support/manual/en/top_en.html
အဆင်ပြေပါစေ...

Stealth Audio Player

သီချင်းနားထောင်ရင်း ဟိုလုပ်ဒီလုပ် Computer မှာလုပ်ကြတာ တော်တော်များများ အတွက်ကပုံမှန်လိုပါပဲ။ အခု ပြောပြမယ့် Music Player ကခါတိုင်း တွေ့နေကျ လိုမဟုတ်ပါဘူး။
Audio Player တွေအများစုက တောက်ပြောင်တဲ့ Interface တွေနဲ့ နောက်ပိုင်းမှာ ထွက်လာကြပါတယ်။ မကောင်းဘူးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခါတစ်လေ အလုပ်လုပ် နေရာကနေ မျက်လုံးကသွားသွား ကြည့်နေတော့ အနှောင့်အယှက် တစ်ခုလို ဖြစ်နေပါတယ်။ Interface ကြောင့်မဟုတ်ရင်တောင် Windows Media Player လို PC နဲ့တစ်ခါတည်း ပါပြီးသားတွေက Memory အသေစားတဲ့ အတွက် သီချင်းနားထောင် ချင်လို့ဖွင့်ရင် တစ်ချို့ Program တွေမှာ နည်းနည်းလေးတာ ထစ်တာတို့ ဖြစ်တာတွေ ကြုံဖူးမှာပါ။ အခုအသစ် ပေါ်လာတဲ့ Stealth Player (ကိုယ်ဖျောက် Player) က Open Source Audio Player ဖြစ်ပြီး သူရဲ့အကောင်းဆုံးလို့ ပြောလို့ရတာက ဘာဆိုဘာမှကို မပါတာပါ။ နည်းနည်း မျက်စိရှုပ်သွားလား၊ ဒီလိုပါ Interface မပါ၊ Install လည်းမလုပ်ရပဲ Audio Player တွေရဲ့ အဓိကဖြစ်တဲ့ သီချင်းဖွင့်တာကို System Tray Icon လေးတစ်ခု အနေနဲ့ပဲ ပြပြီး သီချင်းဖွင့်ဖို့ ကျော်ဖို့ စတာတွေကို Hotkey တွေနဲ့ပဲ လုပ်သွားတာပါ။

1

ပေါ့ပေါ့ပါးပါး Application တစ်ခုဖြစ်ပြီး အရမ်းကြီးပြီး Buggy ဖြစ်တဲ့ Audio Player တွေကို မကြိုက်သူတွေ အတွက် တစ်ကယ်ကို ကောင်းတဲ့ Player တစ်ခုပါ။ အသုံးပြုချင်တယ် ဆိုရင် အောက်ကပါတဲ့ Link ကနေတဆင့် Download လုပ်ပါ။ Zip File နဲ့ကျလာပါ လိမ့်မယ်။ Zip File ကိုအရင် ဖြည်ပြီး Folder တစ်ခုထဲမှာ ထည့်ပါ။ ပြီးသွားရင် အထဲမှာပါတဲ့ File တွေထဲက SteathReg.bat ဆိုတဲ့ File ကို Right Click ထောက်ပြီး Run as Admin အနေနဲ့ နှိပ်လိုက်ပါ။ ဒါဆိုရင် Dos Box အမည်းလေးနဲ့ Succefully ဖြစ်တယ်ဆိုတာ ပြောပြီး keyboard မှာရှိတဲ့ ကြိုက်တဲ့ Key တစ်ခုကို နှိပ်ခိုင်းပါလိမ့်မယ်။ နှိပ်ပြီးသွားရင် Icon Notification Area နားလေးမှာ မြင်နေကြမဟုတ်တဲ့ Icon အသစ်တစ်ခုကို မြင်ရပါလိမ့်မယ်။ အဲ့ဒီ Icon လေးအမြဲတမ်း ပေါ်ဖို့အတွက်တော့ Customize လုပ်ဖို့လိုပါတယ်။ Windows 7 မှာ Triangle ပုံစံလေးကို တစ်ချက်နှိပ်ရင် မမြင်ရတဲ့ Icon တွေနဲ့အတူတူ Customize ဆိုတာကျလာ ပါလိမ့်မယ်။ တစ်ချက်နှိပ်ပြီး Notification Area မှာအမြဲ ပေါ်နေဖို့ Setting ပြောင်းပေးပါ။ ပြီးသွားပြီဆိုရင်တော့ အောက်မှာပြသလို ကိုယ့်ရဲ့ Context Menu ထဲဝင်သွားပါပြီ။

2

ဖွင့်ဖို့အတွက် အဆင်သင့်ဖြစ်သွား ပြီဆိုတော့ ကိုယ့်ရဲ့သီချင်းတွေ စုထည့်ထားတဲ့ Folder ကို Right Click တစ်ချက်ထောက်ပြီး Open in Stealth Player လေးဆိုတာ တစ်ချက်နှိပ်လိုက်ပါ။ ဒါမှမဟုတ် တစ်ပုဒ်ချင်းဆီ ဖွင့်ချင်တယ်ဆိုရင် သီချင်းပေါ်မှာ Right Click ထောက်ပြီး Open with မှာ Stealth.exe ကိုတွေ့ရင် နှိပ်လိုက်ရင် ရပါတယ်။ ပြောရမယ်ဆိုရင် ဘာမှမပါတဲ့အတွက် Setting တွေဘာတွေလည်း ဘာမှမရှိပါဘူး။ အခုလောလောဆယ် လာနေတဲ့ သီချင်းကိုကြည့်ချင်ရင် Notification Area နားက Stealth Icon ပေါ်မှာ mouse လေးရွှေ့ပြီး ထားလိုက်ရင် သီချင်းနာမည်တို့ အဆိုတော်တို့ ပေါ်လာပါလိမ့်မယ်။

3

Player ကို Control ဖို့အတွက် အောက်က Number Keypad မှာပါတဲ့ အောက်က Command တွေကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။
4

တစ်ကယ်ပြောရရင် အပေါ်မှာ ပြောခဲ့သလို ဘာဆိုဘာမှကို မပါတာပါ။ Player ကိုဟိုကလိ ဒီဟာထည့် ဟိုလိုဒီလို လုပ်ချင်သူတွေ အတွက်ကိုက်ချင် မှကိုက်ပါလိမ့်မယ်။ ဒီ Player လေး Run တာနဲ့ Automatic Keypad ကိုသူက Control လုပ်ပါတော့မယ်။ အဲ့ဒါကို Option ဖျောက်ဖို့ မပါသေးပါဘူး။ သူဖွင့်လို့ရတဲ့ File အမျိုးအစားတွေက MO3, IT, XM, S3M, MTM, MOD, UMX, MP3, MP2, MP1, OGG and WAV တို့ပဲရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါး ရှင်းရှင်းလေးနဲ့ Memory 2MB - 3MB လောက်ပဲကုန်မယ့် သီချင်းဖွင်တဲ့ Player တစ်ခုလိုချင်တယ် ဆိုရင်တော့ ဒီ Stealth Player ကအသုံးဝင် ပါလိမ့်မယ်။

5

အဆင်ပြေပျော်ရွင်ပါစေ.....