ဖုန်းအသုံးပြုသူများအနေနဲ့ Hard Reset ချရတဲ့အခြေအနေမှာ ကုဒ်တွေနဲ့
ရိုက်ထည့်ပြီး ချရတာရှိသလို ကျွန်တော်ပြောပြမယ့် အခြေအနေနဲ့ Hard Reset
ချလို့ရတာလည်းရှိပါတယ်.. ကုဒ်က မှားယွင်းသွားရင် အန္တရာယ်ရှိပါတယ်..
ပြီးတော့ ကုဒ်ရိုက်လို့ရမယ့်နေရာထိ မရောက်တော့တဲ့အနေအထား (ဥမမာ- Lock
ချထားတာ Password မေ့ခြင်း၊ Pattern မေ့ခြင်း) တို့မှာ ခု ကျွန်တော်
ပြောမယ့်နည်းကို သုံးနိုင်ပါတယ်.. ကျွန်တော်ကတော့ Samsung galaxy i8190 ကို
အခြေခံပြီးပြောပြသွားမှာဖြစ်ပါတယ်.. ဖုန်း တစ်လုံးနဲ့ တစ်လုံး
တွဲနှိပ်ရတဲ့ ကီးချင်းမတူတဲ့အတွက် ဖုန်းအားလုံး တစ်ပုံစံတည်းလို့တော့ ပုံသေ
မှတ်ထားလို့မရဘူးပေါ့ခင်ဗျာ..
ကဲ စရအောင်ပါ..
Samsung galaxy i8190 မှာ Hard Reset ချဖို့..-
1. ဖုန်းကို Power ပိတ်လိုက်ပါ..
2. ပြီးရင် Volume up ခလုတ် + Home ခလုတ်ကို ဖိထားရင် Power ခလုတ်ကို
ဖိထားလိုက်ပါ.. Screen မှာ အလင်းရောင်ထွက်ပြီး Android ပုံလေးတဲ့
စက္ကူပုံးလေးပုံမှ အားလုံးကို လွှတ်ရမှာဖြစ်ပါတယ်..
3. ဒါဆိုရင်တော့ System Recovery Mode ကိုရောက်မှာဖြစ်ပါတယ်.. တကယ်လို့များ အဲဒီပုံလေးတက်လာပြီးလို့ စာတွေ မတက်လာဘူးဆိုရင် Home ရဲ့ ဘယ်ဘက်က ကီးလေးကို တစ်ချက်နှိပ်လိုက်ပါ.. ဒါဆိုရင် စာတန်းတွေ လေးငါးတန်းလောက် ပေါ်လာမှာဖြစ်ပါတယ်.. ဒါကို Android System Recovery Mode လို့ခေါ်ပါတယ်..
4. လက်ရှိရောက်နေတဲ့ Android System Recovery Mode မှာ wipe data/factory reset ဆိုတဲ့စာကြောင်းကို ရောက်အောင်သွားရမှာဖြစ်ပါတယ်. အဲဒီကို သွားဖို့ Volume Up ခလုပ်နဲ့ Volume Down ခလုတ်ကို အသုံးပြုနိုင်ပါတယ်.. wipe data/factory reset ကို ရောက်ပြီးဆိုရင် Home Key ကို တစ်ချက်နှိပ်လိုက်ပါ...
5. ဒါဆိုရင်တော့ Reset ချမှာလားလို့ Confirm တောင်းပါတယ်.. Volume Down ကီးကို တစ်ချက်နှိပ်လိုက်ရင် Yes ကို ရောက်မှာဖြစ်ပြီး Yes ကိုရောက်ရင် Home ခလုတ်ကို တစ်ချက် ထပ်နှိပ်ပါ..
.. ဒါဆိုရင်တော့ Reset လုပ်နေတာကို မြင်နေရမှာဖြစ်ပါတယ်.. ပြီးသွားရင် Restart(Reboot) ချပေးလိုက်ပါ..
ဖုန်းက Power ပြန်တက်လာတဲ့အခါ စက်ရုံက ထုတ်လိုက်တဲ့အတိုင်း ပြန်လည် ချိန်ညှိပြီးသွားပြီဖြစ်တဲ့အတွက် ကိုယ် ကလိထားတာတွေ၊ Pattern Lock တွေ၊ Password တွေ အားလုံး ပြုတ်သွားမှာဖြစ်ပါတယ်..
ဖုန်းrootဖောင့်ရင်းနဲ့ပြန်မတက်တော့ဘူးအဲဒါဘယ်လိုလုပ်ရမလဲကူညီပါဦးဆရာကျေးဇူးတင်ပါတယ်
ReplyDelete