Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

အိုင်ဖုန်းနှင့် တွဲဖက်အသုံးပြုနိုင်သည့် အရက်မှုးနှုန်းတိုင်း ကိရိယာ Breathalyzer

                   ကားမောင်းရင်းဖြစ်စေ၊ အခြားတားမြစ်ထားသော အရက်မသောက်ရ နေရာများတွင်ဖြစ်စေ လေမှတစ်ဆင့် သွေးကြောအတွင်း alcohol ပမာဏ blood alcohol concentration (BAC) ကို တိုင်းတာစစ်ဆေးပေးနိုင်သော Breathometer ခေါ် ကိရိယာကို Smith and Wesson ကုပ္မဏီမှ စတင်တီထွင်ခဲ့ပါတယ်။ အဆင့်မြင့်လာသည့် မိုဘိုင်းကွန်ပျူတာစနစ်များ နှင့် တွဲဖက်အသုံးပြုနိုင်သည့် portable gadget hardware များမျိုးစုံပေါ်ပေါက်လာခါ ယခု Breathalyzer ကို အိုင်ဖုန်းဖြင့် တွဲဖက်အသုံးပြုနိုင်ရန် Breathometer ကုမ္ပဏီမှ ဖန်တီးထုပ်လုပ်လိုက်ပါတယ်။ ကားကီးချိန်းတစ်ခုအရွယ်သာရှိသည့် ၄င်း Breathalyzer ကို ဈေးပေါပေါဖြင့် ဝယ်ယူရရှိနိုင်ပြီး၊ အလွယ်တကူလည်း သယ်ဆောင်နိုင်ပါတယ်။ အသွင်းအထုတ်ပြုလုပ်နိုင်သည့် jack pin ကိုထုတ်ခါ အိုင်ဖုန်း၏ 3.5 mm စတီရီယို နားကြပ်ပေါက်တွင် တပ်ဆင်ပေးပြီး၊ အိုင်ဖုန်းတွင်ထည့်သွင်းထားသည့် Application ဖွင့်ရမှဖြစ်ပါတယ်။ ပြီးနောက် တိုင်းတာလိုသူ၏ ပါးစပ်မှတစ်ဆင့် Breathalyzer ကိရိယာသို့ လေမှုတ် ပေးရမှာဖြစ်ပြီး၊ အိုင်ဖုန်း၏ application မှတစ်ဆင့် Alcohol ပါဝင်မှုပမာဏကို ဖေါ်ပြပေးမှာဖြစ်ပါတယ်။

ငြိမ်းချမ်းသူ(နည်းပညာ)                    
  iOS တွင်သာမကပဲ Android system သုံး mobile device များအတွက်ပါ အသုံးပြုနိုင်စေရန် ဆက်လက်ဖန်တီးသွားမယ်လို့ သိရပါတယ်။ သောက်လိုက်၊ တိုင်းလိုက်ပြုလုပ်ခြင်းဖြင့် သတ်မှတ်ထားသည့် alcohol ပါဝင်မှုဖြင့်တိုင်းတာစစ်ဆေးသည့် "Don't drink and drive" ဥပဒေကို လက်တစ်လုံးခြား ပြုလုပ်နိုင်ရန် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

0 comments:

Post a Comment