Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

ABBA သီချင်းများကို Arrival from  Sweden ဂီတအဖွဲ့ လာရောက် ဖျော်ဖြေမည်


Arrival from Sweden ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားစဉ်။ ဘူးသီး/မြန်မာတိုင်း(မ်)Arrival from Sweden ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားစဉ်။ ဘူးသီး/မြန်မာတိုင်း(မ်)
ကမ္ဘာကျော် တေးဂီတအဖွဲ့  ABBA ရဲ့ သီချင်းတွေကို မူပိုင်သုံးစွဲ ဖျော်ဖြေခွင့်ရထားတဲ့ Arrival
from Sweden အဖွဲ့ရဲ့ ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာလ ၃၀ ရက်နေ့ ပြည်သူ့ရင်ပြင်မှာ ကျင်းပမှာ
ဖြစ်ပါတယ်။
Mamma Mia ၊ Fernando စတဲ့ သီချင်းတွေနဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ABBA အဖွဲ့ကို
၁၉၇၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဟာ ၁၉၈၂ ခုနှစ် မှာ ရပ်ဆိုင်းသွားခဲ့ပါတယ်။
Arrival from Sweden ဂီတအဖွဲ့ဟာ ပရိသတ်တွေအပေါ် ဩဇာရှိခဲ့တဲ့ ABBA ရဲ့ တေးဂီတတွေကို
ပရိသတ်များကြားထဲ အမြဲတမ်း ရှင်သန်နေအောင် ရည်ရွယ်ပြီး မူရင်းလက်ရာ အနှစ်သာရ
မပျက်အောင် အကောင်းဆုံးတီးခတ်ဖျော်ဖြေနိုင်တဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။
Arrival from Sweden ဂီတအဖွဲ့ ကို ၁၉၉၅ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံပေါင်း ၅၀ ခန့်ကို
လှည့်လည် ဖျော်ဖြေခဲ့ပြီးပါပြီ။
သီချင်းသီဆိုသူ လေးဦးနဲ့ ဂီတတီးခတ်သူ လေးဦး စုစုပေါင်း ရှစ်ဦးဟာ ABBA အဖွဲ့ဝင်တွေရဲ့
ဝတ်စားမှုပုံစံအတိုင်း ၀တ်စားဆင်ယင်ပြီး အဖွဲ့ရဲ့ တေးသီချင်းတွေကို မူရင်းအရသာမပျက်
တင်ဆက်မှာ ဖြစ်ပါတယ်။
"၀တ်စားဆင်ယင်ပုံကအစ ဖျော်ဖြေ တင်ဆက်မှုပုံစံအဆုံး မူလအနုပညာ ရှင်ကြီးတွေအတိုင်း
အနီးစပ်ဆုံး ဖျော်ဖြေပေးတဲ့ Arrival from Sweden အဖွဲ့ဟာ ကမ္ဘာပေါ်မှာ ပေါ်ပြူလာအဖြစ်ဆုံးနဲ့
လက်မှတ်အရောင်းရဆုံး ABBA မူပိုင်ခွင့်ရထားတဲ့ ဂီတအဖွဲ့ပဲ ဖြစ်ပါတယ်" လို့ ပွဲစီစဉ်ပေးတဲ့ အဖွဲ့
တစ်ဖွဲ့ဖြစ်တဲ့ ဆည်းဆာအန်တာ တိန်းမန့်မှ Chief Operation Officer ကိုကျော်ထင်လတ် က
နိုဝင်ဘာ ၁၆ ရက်နေ့မှာ ကျင်းပတဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောပြခဲ့ပါတယ်။
"သူတို့အဖွဲ့ဟာ ABBA ရဲ့အရမ်း အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေဖြစ်တဲ့ Super Trouper
နှင့် Money Money Money စတဲ့သီချင်းတွေကို မူရင်း ဂီတပညာရှင်ကြီးတွေရဲ့ အသံနဲ့ဟန်
အတိုင်း ဖျော်ဖြေတာ ဖြစ်လို့ စင်ပေါ်က သူတို့ဖျော်ဖြေမှုကို ကြည့်ပြီး ABBA အဖွဲ့ ဖျော်ဖြေနေ
သလားလို့ ထင်မှတ်မှားရမှာ ဖြစ်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။
ABBA ရဲ့ သီချင်းတချို့ဖြစ်တဲ့ Chiquitita ၊ I have a Dream စတဲ့ သီချင်းတွေကို မြန်မာလို
ပြန်ဆိုခဲ့ကြပြီး တေးသွားအလိုက်ဟာ ယနေ့တိုင် လူတွေ အကြိုက်တွေ့နေဆဲပါပဲ။
ပွဲကို ည ၇ နာရီ ၃၀ မိနစ်မှာ စတင် ဖျော်ဖြေမှာဖြစ်ပြီး ထိုင်ခုံပါ လက်မှတ် တစ်စောင်ကို
ကျပ် ၆၀,၀၀၀၊ ၄၀,၀၀၀၊ ၂၅,၀၀၀ နှင့် ထိုင်ခုံမဲ့ လက်မှတ်တစ်စောင် ကျပ် ၁၀,၀၀၀ ဖြင့်
Yangon Life (ဖုန်း ၀၉ ၄၂၀၁၁၀၆၃၊ ၀၉ ၅၀၅၀၉၆၅၊ ၀၉၈၆၂၄၁၈၉) တို့မှာ ဆက်သွယ်
ဝယ်ယူနိုင်ပါတယ်။
အဆင်ပြေအောင်မြင်ပါစေဗျာ.........
http://nyeinchanthu3.blogspot.com/

0 comments:

Post a Comment