Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

နောက်အိမ်ထောင်ပြုမည်စိုးသဖြင့်ကွာ ရှင်းပြတ်စဲထားသည့် ဇနီးကို ဓားဖြင့်ထိုးသတ်


မော်လမြိုင်၊ နိုဝင်ဘာ ၂၇

မော်လမြိုင်မြို့နယ် ဖက်တန်းရပ်ကွက်တွင် ယခုလ ၂၃ ရက်က ကွာရှင်းပြတ်ဆဲထားပြီးသော လင်မယားနှစ်ဦး နောက်အိမ်ထောင်ပြု ခြင်းနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ယခုလ ၂၃ ရက် ညနေ ၄ နာရီတွင် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် မြိုင်ရတနာ လေးထပ်ဈေး အနောက်ဘက်လမ်းရှိ ပလက်ဖောင်းပေါ်တွင် ဈေးရောင်းနေသော မဇင်ဇင်အောင် (၃၂)နှစ် (ဘ)ဦးသိန်းဇံထံသို့ လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲထားပြီးဖြစ်သူ လင်းလင်း(ခ)ငပြူး (၃၁)နှစ်ရောက်ရှိလာပြီး မဇင်ဇင်အောင်၏ နောက်အိမ်ထောင်ပြုရေး မပြုရေးနှင့်ပတ်သက်၍ အချင်းချင်းစကားများ ရန်ဖြစ်နေရာမှ လင်းလင်းက အသင့်ယူဆောင်လာသော စတီးဓားချွန်ဖြင့် မဇင်ဇင်အောင်အားဝင်ထိုးခဲ့သဖြင့် ဝဲဘက်ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ နောက်ကျောဘက်တွင် ထိုးသွင်းဒဏ်ရာနှစ်ချက်ရရှိပြီး မော်လမြိုင်အထွေထွေ ရောဂါကုဆေးရုံကြီးသို့ တင်ပို့စဉ်သေဆုံးသွားခဲ့သည်။

အဆိုပါဓားထိုးသေဆုံးမှုနှင့်ပတ်သက်၍ မော်လမြိုင်မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှ လင်းလင်း (ခ)ငပြူးအား(ပ) သတင်းပေးချက် အမှတ် ၁၃ဝ/၂ဝ၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့်အရေးယူဖမ်းဆီးထားကြောင်း သိရသည်။

သားဇော်(ရာမည) - The Union Daily
အဆင်ပြေပါစေ...
http://nyeinchanthu3.blogspot.com/

0 comments:

Post a Comment