Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

အမြန်လမ်း ရဲတပ်ဖွဲ့ဝင် ယာစောင့် အမျိုးသမီးကို အဓမ္မကျင့်


ဝမ်းတွင်း၊ နိုဝင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ်၊ ကုက္ကိုခါးလှ အုပ်စု၊ ဂွေကန် (ခေါ်) မျောင်းတော် လှ ရွာနေသူ မ —– အား မိတ္ထီလာ – ဆီးကုန်း အမြန်လမ်း ရဲစခန်းမှ (၃၁၁) ၅ ဖာလုံ ရဲစခန်းခွဲလမ်းတွင် တာဝန်ကျနေသူ လမ်းစောင့်ရဲ ခိုင်ဇော်ဦးက အဓမ္မ ပြုကျင့် ခဲ့ကြောင်းကို ရပ်မိရပ်ဖများ ကာယကံရှင်နှင့် ရပ်ရွာဥက္ကဋ္ဌတို့က မြန်မာသံတော်ဆင့် သို့ ပြော ကြားခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၂ ရက်၊ ညနေ ၃ နာရီခန့်တွင် လမ်း၏ အနောက်ဘက် ကပ်လျက် ဦးလှထွန်းဆိုင်တွင် ဆိုင်ရှင်မရှိ၍ တစ်နေ့ ၅၀၀ ကျပ်နှင့် ဆိုင်စောင့် ယာစောင့်အဖြစ် နေထိုင်စေရာတွင် အမြန်လမ်းမ ရှေ့ဘက် စခန်းခွဲမှ လမ်းစောင့်ရဲ ခိုင်ဇော်ဦးက မ— အား ဆိုင်ထဲတွင် ပါးစပ်အ၀တ် ဆို့၍ လည်ပင်းညစ်ပြီး ၃ ကြိမ် အဓမ္မ ပြုကျင့်ခဲ့ကာ အော်ရင် ပြန်ပြောရင် သတ်ပစ်မည်ဟု ကာယကံရှင်က ပြောကြားခဲ့သည်။ ညနေ ၆ နာရီ အိမ်ပြန်ရာတွင် မိခင်အား တိုင်ကြားခဲ့ရာမှ ရပ်ရွာမှ အားလုံး သိရှိသွားကြပြီး မခံမရပ်နိုင်ဖြစ်ကာ ည ၉ နာရီခန့်တွင် လူ ၁၀၀၀ ခန့် စခန်းကို ၀ိုင်းခဲ့ကြပြီး .. ရဲခိုင်ဇော်ဦးအားတွေ့ပေးရန် ပြောကြား တောင်းဆိုရာတွင် ရဲမှာ ထွက်ပြေးခဲ့ကြောင်းနှင့် နိုဝင်ဘာ ၂၃ ရက်တွင် နေပြည်တော်မှ ရဲမှူးတစ်ဦး လာရောက် စစ်ဆေးပြီး နစ်နာသူ အမျိုးသမီးအား နှစ်သိမ့်၍ ငွေ ၂၀၀,၀၀၀ ကျပ် ပေးခဲ့ကြောင်း ရဲခိုင်ဇော်ဦးအား ၀န်ထမ်းဖောက် ဖျက်မှုဖြင့် အရင်ပြစ်ဒဏ်ပေးပြီး အရပ်ဘက် တရားရုံးသို့ လွှဲပေးမည်ဟု ပြောကြားခဲ့သည်။

မိခင်က ““သမီးမှာ ၁၃ နှစ်တည်းက လေဖြတ်ပြီး အတက်ရောဂါ ရှိကြောင်းနှင့် တူမဆိုင်ဖြစ်၍ အကူအညီ တောင်း၍ နေ့ခင်းစောင့် ပေးစေပြီး ရဲစခန်းရှိ၍ ယုံကြည်အားကိုးမှ ဒီလိုဖြစ်ရခြင်း””ဟူ၍ ပြောခဲ့ပြီး ပင်တလဲ နယ်ပိုင် ရဲစခန်းသို့ တရားလိုပြု၍ တိုင်တန်း အမှုဖွင့်ထားကြောင်း သိရသည်။

ကိုနိုင်ဦး(ရွှေပေါ်ကျွန်း)
Myanmartandawsint Newspaper
အဆင်ပြေပါစေ.....

0 comments:

Post a Comment