Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

အင်တာနက် ကော်နက်ရှင် မြန်အောင် လုပ်နည်း

connection


အင်တာနက်ကော်နက်ရှင် မြန်အောင်လုပ်တယ်ရယ်လို့တော့မဟုတ်ပါဘူး။ ကိုယ်သုံးနေတဲ့ ကွန်ပျူတာတစ်ခုတည်းကနေ ကော်နက်ရှင် သာမန်သုံးနေ ကျထက် အနည်းငယ်ပိုမြန်အောင် ဖြစ်ပါတယ်။ နဂို ရတဲ့ အင်တာနက် Speed နဲ့ ပမာဏ က နည်းနေရင်တော့ ဘယ်လိုနည်းနဲ့မှ မြန်အောင် လုပ်လို့မရပါဘူး။ ဒီလိုရှိပါတယ်။
စာဖတ်သူတို့လည်း သတိထားမိမယ်ထင်ပါတယ်။ Browser တစ်ခုတည်းမှာ www.google.com ရိုက်လိုက်တယ်ဆိုပါစို့။ သူက ကိုယ်ဖွင့်လိုတဲ့ ဝဘ်ဆိုဒ်ဆီ ကို တန်းမသွားပဲ ကြားမှ ISP ဆီ ဝင်ရပါသေးတယ်။ Redirect လုပ်တာ ဖြစ် ပါတယ်။ ဒီတော့ ISP (Internet Service Provider) သို့မဟုတ် DNS (Domain Name Server) က Process လုပ်ပြီးမှ ကိုယ်ဝင်ချင်တဲ့ ဝဘ်ဆိုဒ်ဆီ ကို တစ်ဆင့် ပြန်ပို့ပေးပါတယ်။ ဒီတော့ မလိုအပ်ပဲ ကြားမှ အချိန်ကြာသွား ရပါတယ်။ ဒါကြောင့် DNS server တစ်ဆင့်ကို ကျော်လိုက်မယ်ဆိုရင် မူလ သုံးနေတာထက် ၃၀ ရာခိုင်နှုန်း ပိုမြန်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ပါအဆင့်အတိုင်းသွားရန် လိုအပ်ပါတယ်။
၁။ Control Panel ကိုဝင်ရပါမယ်။
၂။ Network Connection သို့မဟုတ် Network and Sharing Centre ကိုဝင်ရပါမယ်။
၃။ မိမိအသုံးပြုနေတဲ့ Network (ဥပမာ- Local Area Connectin)ကိုရွေး ချယ်ရပြီး Click နှိပ်ရပါမယ်။ XP သုံးနေတယ်ဆိုရင် Right cick နှိပ်ဝင် ရမှာ ဖြစ်ပါတယ်။ Window 7 သုံးနေတယ်ဆိုရင်တော့ left Click နှိပ် ဝင်နိုင်ပါတယ်။
၎။ Properties ကိုနှိပ်ပါ။
၅။ Netwokring Tab ဝင်ပြီး Internet Protocol (TCP/IP) ထဲကို ဝင်ရပါမယ်။ စက်တစ်လုံးနဲ့မတူညီတဲ့အတွက် အချို့ ဆို Internet Protocol Verson 6 နဲ့ 4 ဆိုပြီး ပေါ်နေတတ်ပါတယ်။ အောက်တစ်ခု 4 ကိုဝင်ရပါ တယ်။ သာမန် မြင်နေကျ 192.168 အစရှိသဖြင့် ဖြည့်ထား တဲ့အကွက်များကိုမြင်တွေ့ရပါမယ်။
၆။ Use the following DNS server address: မှာ click နှိပ်ပြီး အောက်ပါ ကုဒ်များကို ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။
Preferred DNS Server မှာ - 208.67.222.222
Alternate DNS server မှာ - 208.67.220.220
တို့ကို ဖြည့်စွက်ပေးရပါမယ်။
၇။ အထက်ပါအတိုင်း ဖြည့်ပြီးပြီဆိုရင်တော့ OK နှိပ်နိုင်ပါပြီ။ ကျန်ရှိနေတဲ့ Box တိုင်းမှာ OK နှိပ်ပြီးရင် ပြီးပါပြီ။
ကွန်ပျူတာကို Restart ပြန်လိုက်၊ Connection ကို Restart ပြန်လုပ်ပြီးရင် ယခင်ထက် ၃၀ ရာခိုင်နှုန်း ပိုမြန်သော အင်တာနက် ကော်နက်ရှင်ကို အသုံးပြုလို့ရပါပြီ။
စာဖတ်သူတို့ စမ်းကြည့်လို့ အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။
အဆင်ပြေပါစေ....
http://nyeinchanthu3.blogspot.com/
.

0 comments:

Post a Comment