Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

Computer use can strain your eyes

ကွန်ပြူတာ မျက်နှာပြင်က တကယ်ပဲ မျက်လုံးကို ဒုက္ခ ပေးပါတယ်။ ဒါပေမဲ့ ဒီဟာကို တန်ပြန် တိုက်ခိုက်ဖို့ နည်းလမ်း တွေ ရှိပါတယ်။
ကောလဟာလ - ကွန်ပြူတာ မှန်သားပြင်ကို ကြည့်ခြင်းကြောင့် မျက်စိ ထိခိုက်မှု ဖြစ်နိုင်တယ်။
ကွန်ပြူတာ မော်နီတာကို အချိန် ကြာကြာ ကြည့်ပြီး နောက်မှာ သင့်မျက်လုံးဟာ ခြောက်တာ၊ ယားယံတာ၊ နေမထိ ထိုင်မသာ ဖြစ်တာ ဖြစ်ဖူး ပါသလား။ သင့်အမြင် အာရုံဟာ ၀ါးလာတာ ဒါမှမဟုတ် နှစ်ထပ်ပုံရိပ် ပေါ်နေတာ။ ဒါမှမဟုတ် အဲ့လိုဒဏ် တွေကြောင့် သင်ခေါင်းကိုက် လာ တာ ဖြစ်ဖူးပါ သလား။ ဒီလို စိတ်ပျက်စရာ မျက်စိ ပြဿနာကို မျက်စဉ်း ခပ်တာ ဒါမှ မဟုတ် မော်နီတာ အကြည့် ကနေ ခဏ နားလိုက် တာ အဲ့ဒါမျိုး လုပ်လိုက်မှ သက်သာလေ့ ရှိပါတယ်။ ဒါပေမဲ့ Mac book နဲ့ PC တွေက တကယ်ပဲ မျက်စိ ပြဿနာ အတွက် တရားခံတွေ ဆိုတာ သေချာ ပါသလား။

Computer use can strain your eyes

လေ့လာမှု တွေက ပြတာ ကတော့ ကွန်ပြူတာ ဖန်သားပြင် ရှေ့မှာ အလုပ် လုပ်သူ ၅၀% ကနေ ၉၀% ဟာ မျက်စိ ပြဿနာ ကိုခံစား ရတယ် လို့ဆို ပါတယ်။ မျက်စိ အထူးကု Dr. Brian Boxer Wachler က ကျွန်တော်တို့ ဆီမှာ မျက်စိ ဒဏ်ပိ လို့လာပြီး ပြသသူ များစွာ ရှိပါတယ်။ အနားယူချိန် မရှိပဲ ကွန်ပြူတာ ရှေ့မှာ နာရီပေါင်း များစွာ ကြာအောင် စူးစိုက် နေမှုက ပြဿနာ ဖြစ်တာပဲ။ ဒီကိစ္စက သိပ်ဆိုးတာမို့ Computer Vision Syndrome (CVS) လို့နာမည် ပေးထား တယ်လို့ ဆိုပါတယ်။ လူတွေဟာ မျက်စိကို သဘာဝ အတိုင်း ပြန်လည် လန်းဆန်း ဖို့အတွက် တစ်မိနစ် ကိုရှစ်ကြိမ် မျက်တောင် ခတ်ပေး ရပါ တယ်လို့ Wachler ကဆို ပါတယ်။ တကယ်လို့ ရှစ်ကြိမ် ထက်နည်း ရင်တော့ မျက်စိ ပူတာ၊ ခြောက်သွေ့တာ၊ နီရဲတာ ဖြစ်လာပါ လိမ့်မယ်။ ကွန်ပြူတာနဲ့ တခြား Digital ပစ္စည်း တွေကို သုံးတဲ့ အခါ ကြာကြာ စူးစိုက်ပြီး ကြည့်ရ တာမို့ မျက်တောင် ခတ်တဲ့ အကြိမ်ရေ နည်းသွား ပါတယ်။ စာအုပ်နဲ့ သတင်းစာ ဖတ်တဲ့အခါ မျက်စိနား ထားတဲ့ အကွာ အဝေးထက် ကွန်ပြူတာနဲ့ တစ် ခြား Digital ပစ္စည်း တွေကို မျက်စိနား အရမ်း ကပ်ပြီး သုံးရ တာဟာလဲ မျက်စိ ပြဿနာ ဖြစ်ပေါ် စေပါတယ်။ လို့ Wachler ကပြောပါ သေးတယ်။

Computer use can strain your eyes

အလွန် သေးတဲ့ စာလုံးတွေ ကြောင့်လည်း မျက်စိ အားအရမ်း စိုက်ရပြီး ဒဏ်ဖြစ် စေတာပါ။ CVS ဖြစ်ပြီ ဆိုရင် ဖြစ်ပေါ် နေကျ လက္ခဏာ တွေ ကတော့ မျက်စိနာ၊ မျက်စိခြောက်၊ မျက်ရည်ကျ၊ အမြင်ဝါး၊ အမြင် နှစ်ထပ် ဖြစ်၊ အလင်းရောင် မခံနိုင်၊ အာရုံ မစိုက်နိုင်၊ ဇက်နာ၊ ခေါင်း ကိုက် စတာ တွေကို အကုန်လုံး ဖြစ်စေ တစ်ခု မဟုတ် တစ်ခု ဖြစ်စေ ခံစား ရပါတယ်။ ကွန်ပြူတာကြောင့် မျက်စိ ကန်းမှာ ထက်စာရင် လုပ်ရ လွယ်တဲ့ မျက်စိ ဒဏ်ပိ ခြင်းမှ သက်သာ စေကြောင်း နည်းလမ်း ကောင်းတွေ ရှိပါတယ်။ အမြင်အာရုံ အကြံပေး ကော်ပိုရေးရှင်း ကိုထူ ထောင် သူလဲဖြစ် Visual Ergonomics Handbook ကို ရေးသား သူလဲဖြစ်တဲ့ Jeffrey Anshel က ကွန်ပြူတာ မော်နီတာ ကိုနှိမ့် ထားဖို့ အကြံပေး ပါတယ်။ ကျွန်တော် တို့စာအုပ် ဖတ်တဲ့ အခါ ပုံမှန် အားဖြင့် အောက်မှာ ထားဖတ် တာမို့ မျက်စိနဲ့ တည့်တည့် ဖြစ်နေတဲ့ ဖန်သား ပြင်ဟာ သဘာဝ မကျ ပါဘူး။ မျက်နှာပြင် ထိပ်ဟာ မျက်လုံးနဲ့ တည့်တည့် ဖြစ်ဖို့ လိုပါတယ်။ ဒါမှ မြင်ရတဲ့ ထောင့်ကို နဲနဲ နှိမ့်ပေး သလို ဖြစ်မှာပါ။

Computer use can strain your eyes

နောက်တစ်ခုက ကွန်ပြူတာ မျက်နှာပြင်မှာ အခန်းမီး ကနေ အလင်း ပြန်တာ မဖြစ်သင့် ပါဘူး။ မှန်သားပြင်နဲ့ မျက်လုံး အကွာအဝေး ဟာ လည်း ၂၀ ကနေ ၄၀ လက်မ ကွာဝေး သင့်ပါတယ်။ Anshel က three Bs approach ဆိုပြီး Blink မျက်တောင်ခတ်၊ breathe အသက်ရှု ပြီး တော့ break အနားယူ လို့အကြံ ပေးပါတယ်။ ဘာလို့လဲ ဆိုတော့ ကွန်ပြူတာမှာ အာရုံစိုက် လေလေ မျက်တောင် ခတ်ဖို့ မေ့လေလေ ဖြစ် တတ် လို့ပါ။ အသက် မှန်မှန်ရှု တာကလည်း မျက်လုံး ကြွက်သားတွေ အနားရ စေပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှု များတဲ့အခါ အသက် ရှုဖို့ မေ့လျော့ နေပြီး အသက်ရှု အောင့်ထား တတ်တယ်လို့ ဆိုပါတယ်။ ကွန်ပြူတာနဲ့ အလုပ် လုပ်တဲ့ အခါ အာရုံ စူးစိုက်မှု များလွန်း တာမို့ အ နားယူ ဖို့ကလည်း အရေးကြီး ပါတယ်။ ကျွန်တော်တို့ မျက်လုံးဟာ နီးကပ်တဲ့ အရာကို ကြာကြာ ကြည့်ဖို့ ဒီဇိုင်း ထုတ်ထားတာ မဟုတ်ပါ ဘူး။ ဒါကြောင့် 20-20-20 Rule ဆိုပြီး သတိရပါ။ မိနစ်၂၀ ကြာတိုင်း စက္ကန့် ၂၀ နားပြီး ပေ၂၀ အကွာ ကိုကြည့် ပေးပါ။ တကယ်လို့သာ ဒီနည်းလမ်း လေးတွေကို လိုက်နာ မယ်ဆိုရင် မျက်စိဒဏ် ဖြစ်တာလည်း သက်သာမယ်၊ ကျန်းမာရေးလည်း ကောင်းမွန် လာမယ်လို့ Anshel ကပြော ပါတယ်။ ကွန်ပြူတာ သုံးလို့ ဖြစ်တဲ့ မျက်စိ ပြဿနာ အားလုံး အတွက် အဖြေ မရှိ သေးပါဘူး။ ဒါပေမဲ့ research နည်းနည်းလောက် ထပ်လုပ် ရင်ပဲ ခင်ဗျား မျက်လုံး အလှည့် မရောက်ခင် ဒီပြဿနာ တော်တော် များများကို ဖြေရှင်းပြီး ဖြစ်မှာပါလို့ ပြောရင်း သူက အဆုံးသတ် လိုက်ပါ တယ်။

Computer use can strain your eyes

Images from goodrelaxation, dryeyesummit, digitalageparents, envisioneyeandlaser. Source: edition.cnn.com
အဆင်ပြေပါစေ....

0 comments:

Post a Comment