Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

Create a funny custom Message Box !

ကလေးကလားတော့ နဲနဲ ဆန်တယ်ဗျာ။ သဘောကျစရာတော့ အတော်ကောင်းတယ်။ ကျွန်တော်တို့ 

windows ပေါ်မှာ ကိုယ်ပိုင် ဖန်တည်းထားတဲ့ message box လေး ပေါ်လာအောင်လုပ်နည်းပါ။ ဒီလိုဗျာ .. 


အဲလို message box သဘောမျိုးပေါ့။ စာလေးတစ်ကြောင်းရေးလိုက်ရုံနဲ့ ပေါ်စေတာပေါ့ဗျာ။ vbs လို့ခေါ်တဲ့ Visual Basic Script ပေါ့။ လွယ်လွယ်လေးပါဗျာ။ Notepad ထဲမှာရေးလိုက်ရုံပါ။
မြှားနဲ့ ပြထားတာတွေကတော့ အဲဒီ function ကို ဘယ်လိုဖွဲ့စည်းထားသလဲပေါ့။ function name ဖြစ်တဲ့ msgbox ဆိုတာကတော့ မဖြစ်မနေပါရမှာပေါ့ဗျာ။ သူ့နောက်က " .." ကြားက စာသားကတော့ ကိုယ်ပေါ်ချင်တဲ့ဟာပေါ့။ 64 ဆိုတာကတော့ အမျိုးအစားပေါ့ဗျာ။ Error Box, Warning Box, Information Box စတာတွေပေါ့။ 64 ဆိုတာကတော့ Information Box အမျိုးအစားလို့ပြောလိုက်တာပေါ့ဗျာ။ နောက်ဆုံးက ဟာကတော့ message box ရဲ့ ခေါင်းစဉ်ပေါ့ဗျာ။ အဲလိုရေးပြီးတဲ့နောက် ကျွန်တော်တို့က file >> Save as ကနေ သိမ်းရမယ်။

သိမ်းတဲ့အခါမှာ အရေးကြီးဆုံးအချက်တွေကတော့ ..
  ၁။  filename ရဲ့နောက်မှာ .vbs ဆိုပီးextension ထည့်ပေးရမယ်။ 
  ၂။  Save as type မှာ All Files ကိုရွေးရမယ်။
  ၃။  Encoding မှာတော့ ကျွန်တော်တို့က မြန်မာစာလုံးပေါ်ချင်တဲ့  အတွက် Unicode လို့ ရွေးရမယ်။ တကယ်လို့   unicode မဟုတ်တဲ့စာတွေဆိုရင်တော့ သူ့မူရင်းအတိုင်းထားလိုက်ရုံပါပဲဗျာ။
အားလုံးရွေးပြီးတဲ့အခါ ကျွန်တော်တို့ Save ကို click ပါမယ်။ အဲဒါဆိုရင်တော့ အောက်ကပုံလေးအတိုင်း file တစ်ခုရမှာ ဖြစ်ပါတယ်။

အဲဒီဖိုင်ကို ဖွင့်ကြည့်လိုက်ရင်တော့ .. ကျွန်တော်တို့ ကိုယ်ပိုင်ရေးထားတဲ့ Message Box လေးပေါ်လာမှာ ဖြစ်ပါတယ်။ source file ကတော ဒီမှာပါ ။
Message Box အမျိုးအစားတွေကတော့ အောက်မှာပါ ..။ 64 ဆိုတဲ့နေရာကို အစားထိုးလို့ရတဲ့ number တွေဖြစ်ပါတယ်။
  • 0 = vbOKOnly - OK button only
  • 1 = vbOKCancel - OK and Cancel buttons
  • 2 = vbAbortRetryIgnore - Abort, Retry, and Ignore buttons
  • 3 = vbYesNoCancel - Yes, No, and Cancel buttons
  • 4 = vbYesNo - Yes and No buttons
  • 5 = vbRetryCancel - Retry and Cancel buttons
  • 16 = vbCritical - Critical Message icon
  • 32 = vbQuestion - Warning Query icon
  • 48 = vbExclamation - Warning Message icon
  • 64 = vbInformation - Information Message icon
  • 0 = vbDefaultButton1 - First button is default
  • 256 = vbDefaultButton2 - Second button is default
  • 512 = vbDefaultButton3 - Third button is default
  • 768 = vbDefaultButton4 - Fourth button is default
  • 0 = vbApplicationModal - Application modal
ကဲဗျာ ပိုပြီး ရှုပ်ထွေးတဲ့ ဟာလေး တစ်ခုလောက်လုပ်ရအောင်ဗျာ။ Do u remember me? ဆိုတာမျိုးလေးပေါ့။ 
No ဆိုပြီး နှိပ်ရင်တော့ .. အောက်က message box ထပ်ပေါ်လာမှာ ဖြစ်ပါတယ်။ Yes လို့ မပြော မချင်း ပေါ်နေမှာပါ။
Yes ကို နှိပ်လိုက်မှသာ .. အောက်က box ပေါ်လာပြီး close သွားမှာဖြစ်ပါတယ်။
x=msgbox("သတိရရဲ့လား ?",4,"ကဲ .. ပြော")
If x<>6 Then    
Do 
    x=msgbox("သတိမရဘူးဆိုရင် ဆက်ပေါ်လာမယ်နော်",4,"ကဲ ..  ပြော")
Loop While x<>6
End If
If x=6 Then
    msgbox "၀န်ခံရပြီပေါ့ကွာ..",,"Yep!"
End If
အထက်က code လေးကို ယူပြီးလုပ်ကြည့်ကြည့်ဗျ။
အဆင်ပြေပျော်ရွင်ကြပါစေဗျာ

0 comments:

Post a Comment