Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

ဖုန်း IN T E R N E T S P E E D ကိုမြန်အောင်လုပ်နည်း(Step by step Tutorial)



မင်္ဂလာညချမ်းလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် … အားလုံးသိချင်နေကြတဲ့ Step2 လေးလာပါပြီဗျာ … ကျနော့်ဖုန်းမှာတော့ Step2 ကြောင့်လားမသိဘူး … ကော်နက်ရှင်က ဖလန်ဖလန်းထနေပါပြီ … ဖုန်းအစုံမစမ်းရသေးတဲ့အတွက် ကြိုပြီးတောင်းပန်အပ်ပါတယ် … ကျနော့်အနေနဲ့ ကျနော်က ဖုန်းဆိုင်ပိုင်ရှင်လဲမဟုတ် ဖုန်းတွေလဲအများကြီးမကိုင်နိုင်ဆိုတော့ ကျနော့်မှာရှိတဲ့ ဖုန်း အမျိုးအစား ၃ မျိုးနဲ့ပဲစမ်းသပ်ရတာမို့လို့ပါ … ဖော်ပြထားချက်တွေအရတော့ Android ဖုန်းတွေအားလုံးအတွက်လို့တော့ ပြောထားတာတေတွေ့ရပါတယ် … မိမိအသုံးပြုမဲ့ဖုန်းတွေမှာ ဖြစ်လာတဲ့ပြသာနာတွေကို ကျနော်အတက်နိုင်ဆုံးဖြေရှင်းပေးပါ့မယ် … (လုပ်အားနဲ့နော် … :P ) အကောင်းဆုံးဖြေရှင်း ပေးပါ့မယ် … ကျနော်ဖုန်းအကုန်လုံးကို အင်တာနက် ကော်နက်ရှင် အကောင်းဆုံးအနေအထားကို ရစေချင်တဲ့အတွက် ဝေမျှရခြင်းပဲဖြစ်ပါတယ် … ကဲစလိုက်ရအောင်ဗျာ … သိချင်နေလောက်ပြီ … ၁။ ပထမဦးစွာ မိမိဖုန်းရဲ့ setting ထဲက Advanced setting ထဲကိုဝင်ရပါမယ် … တချို့ဖုန်းတွေကတော့ Display ထဲကိုဝင်ရပါမယ် … Advanced setting ထဲဝင်တဲ့ဖုန်းတွေက Animator duration scale ကို Click တစ်ချက်ပေးပြီး Animation is off ကိုထားပေးရပါမယ် … Display ထဲဝင်တဲ့ ဖုန်းတွေကတော့ Animation ထဲဝင်ပြီး No Animation ကိုရွေးပေးပြီး Home screen ရောက်အောင်ပြန်ထွက်ထားရပါမယ် …
၂။ မိမိဖုန်းမှာ မူရင်းပါလာတဲ့ Internet Brower တစ်ခုကိုဖွင့်ရပါမယ် … ဖွင့်ပြီးပြီဆိုရင်တော့ Menu key ကိုနှိပ်ပြီး setting ထဲဝင်ရပါမယ် … တချို့ဖုန်းတွေက Advanced ထဲဆက်ဝင်ပြီး Enable plug-ins ကို Click တစ်ချက်ပေးပြီး Enable plug-ins ကို Off ပေးရပါမယ် … တချို့ဖုန်းတွေကကြတော့ Internet Brower ထဲက Setting ထဲဝင်ပြီးတာနဲ့ Enable plug-ins ကို တိုက်ရိုက်တွေ့နိုင်ပါတယ် … သူ့ကိုလဲ Off ပေးရပါမယ် … ပြီးပြီ ဆိုရင်တော့ Home screen ကိုပြန်သွားထားပေးပါ …
၃ ။ ကျနော်တို့ တတိယ ပြုလုပ်ရမဲ့အချက်ကတော့ မိမိတို့ဖုန်းတွေမှာ Animation Wallpaper twae တင်ထားလားဆိုတာ သတိပြုပါ … အင်တာနက် ကော်နက်ရှင် မြန်ချင်ရင်တော့ Animation Wallpaper တွေ တင်မထားဖို့ကို တားမြစ်ထားတာတွေ့ရပါတယ် … သူငယ်ချင်းတို့ရဲ့ Backgound တွေကို သေချာပြန်စစ်ကြည့်ပြီး ပြုပြင်ပေးပါ … Animation မပါတဲ့ Background မျိုးကိုရွေးတင်ထားပေးပါ … ပြီးရင် Home screen ကိုပြန်သွားထားပေးပါ …
၎။ Setting က Application manager ကိုသွားရပါမယ် … တချို့ဖုန်းတွေကတော့ Application ထဲဝင်ပြီး Manage application ထဲဝင်ထားပေးရမှာဖြစ်ပါတယ် … အဲ့မှာ Download ဆိုတဲ့ tab မှာ Application အရမ်းများနေမယ်ဆိုရင်လဲ အင်တာနက်ကလေးနေတက်ပါတယ် .. ကိုယ်တစ်ကယ် အသုံးလိုတဲ့ App တွေ လောက်ပဲထားပြီး … မလိုတာတွေကို Uninstall လုပ်ပြစ်စေချင်ပါတယ် … ဖြစ်နိုင်ရင်တော့ Basic Application တွေလုပ်ပဲထားတာ အကောင်းဆုံးလို့ဆိုပါတယ် …
၅။ Uninstall လုပ်ပြီးပြီဆိုရင်တော့ Home key ဘေးမှ Back ကို နှိပ်ပြီး Setting ထဲကိုပြန်သွားပေးပါ … Setting ထဲရောက်ပြီဆိုရင်တော့ Add account ထဲကိုသွားပါ … တချို့ဖုန်းတွေကတော့ Account and sync လို့ဖော်ပြပါတယ် … ကဲ … အဲ့ Add account/ Account and sync ထဲကို သွားပေးပါ … အဲ့ထဲမှာရှိတဲ့ ကိုမလိုအပ်တဲ့ အကောင့်တွေကို Sync တွေ လုပ်ထားခဲ့တယ်ဆိုရင်ပိတ်ပြစ်ပါ … ပိတ်လို့မရရင် remove account လုပ်ပြစ်လိုက်ပါ လိုအပ်တာ အနည်းအကျဉ်းလောက်ပဲ ထားခဲ့လိုက်ပါ ….
အာလုံးပြီးသွားရင်တော့ ဖုန်းကို Restart ချလိုက်ပါ … ဖုန်းလေးပြန်တက်လာရင်တော့ အင်တာနက်ဖွင့်တဲ့ bottom လေးကို နှိပ်ချင်နေလောက်ပြီ … ကျေးဇူးအထူးတင်ပါတယ် … ဖော်ပြပါ အချက်များကို ဆောင်ရွက်ရာမှာ သတိပြုဆောင်ရွက်သင့်ပါတယ် … ဒါဆိုရင်တော့ အင်တာနက်ပိုင်းရော ဖုန်းပိုင်းရော ၂ ခုလုံးကို ပြင်ဆင်ပြီးသည့်အတွက် ပြုပြင်မှု ပြီးဆုံးပါပြီ … အင်တာနက်လိုင်းက Step 1 ပြင်ထားတာနဲ့ သိသိသာသာ ကြီးကွာခြားမှုကိုတော့တွေ့မြင်ရမှာမဟုတ်ပါဘူး … ဒါပေမဲ့ ရသင့်တဲ့ အင်တာနက် မြန်နှုန်းကို သူငယ်ချင်းများ ရလိုက်တဲ့အတွက် ဂုဏ်ယူစရာပါ … ကျနော့ဖုန်းကတော့ Step1 နဲ့ Step2 ပေါင်းပြီး ဘယ်ချိန် Download လုပ်လုပ် ၂၅၀ နဲ့ ၂၇၀ ကြားမှာရှိနေပါပြီ … အရမ်းမခတ်တဲ့အတွက်ကြောင့် သူငယ်ချင်းများအားလုံး အဆင်ပြေဖို့ဆုတောင်းပေးလိုက်ပါတယ် …
ပို့စ်ရေးသားသူ- Vi Cky
အဆင်ပြေအောင်မြင်ပါစေ.....
http://nyeinchanthu3.blogspot.com/  

0 comments:

Post a Comment