Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

AGTI အောင်ထားသူများအတွက် B-Tech ဝင်ခွင့်စာမေးပွဲ ယခုနှစ်အတွင်းကျင်းပရန် တောင်းဆိုမည်


ရန်ကုန်၊ ဒီဇင်ဘာ ၎

စနစ်သစ် ပြောင်းလဲတော့မည်ဖြစ် ၍ နည်းပညာတက္ကသိုလ်အသီးသီးမှ AGTI အောင်ထားသူများ B-Tech ဝင် ခွင့်စာမေးပွဲဖြေဆိုခွင့်အား ယခုနှစ်တွင် ပေးရန် သက်ဆိုင်ရာဌာနများသို့ လက် မှတ်ရေးထိုးတောင်းဆိုသွားမည်ဟု သိရ သည်။

၎င်းတို့အနေဖြင့် စာမေးပွဲဖြေဆို ခွင့်မရပါက များစွာနစ်နာကြောင်းနှင့် အင်ဂျင်နီယာဘွဲ့ကိုသာ ရရှိချင်သည့် အတွက် နည်းပညာတက္ကသိုလ်ရွေးချယ် တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု သန် လျင်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုတင်ကိုကိုက ဆိုသည်။

AGTI အောင်ထားသူများအနေ နှင့် ယခုနှစ်များတွင် ဖြေဆိုရန် မဖြစ် နိုင်ကြောင်း သန်လျင်နည်းပညာ တက္က သိုလ်ကျောင်းသားတစ်ဦးက ဆိုသည်။

''အပြင်မှာကြားသလို ဝင်ခွင့်စာ မေးပွဲက ၄ နှစ်တစ်ကြိမ်ကျင်းပမယ်လို့ တရားဝင်စာထုတ်ထားတာ မဟုတ်ဘူး'' ဟုကိုတင်ကိုကိုက ပြောသည်။

ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် ရရှိရန် မြို့အသီးသီးရှိ AGTI နှင့် B-Tech အောင်ထားသူများထံ လက်မှတ်လိုက်လံ စုဆောင်းလျက်ရှိပြီး ယခုအချိန်အထိ ကျောင်း ၃ဝဝ ကျော် လက်မှတ်ရရှိထား ပြီး ကျောင်းသားဦးရေ ၁ဝဝဝ ပြည့်လျှင် သက်ဆိုင်ရာဝန်ကြီးဌာနများ ထံတင်ပြသွားမည်ဖြစ်သည်။

သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ အမျိုး သားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦး သိန်းညွန့်က အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်သူ့ လွှတ်တော်ပထမအကြိမ် နဝမ ပုံမှန်အစည်းအဝေးတွင် မေးခွန်းမေး သွားမည်ဟု ပြောသည်။

စနစ်ဟောင်းတွင် AGTI နှစ်နှစ်၊ B-Tech ၂ နှစ်၊ BE ၁ တစ်နှစ်သင် ကြားရပြီး မကြာမီပြဋ္ဌာန်းမည့် စနစ် သစ်တွင် B-Tech ၄ နှစ်၊ BE ၂ နှစ် သင်ကြားရမည်ဖြစ်သည်။ စနစ်သစ် ပြောင်းလဲလိုက်ပါက AGTI များအနေ နှင့် ပါဝင်တော့မည်မဟုတ်ခြင်းကြောင့် ယခုလို လက်မှတ်ထိုးတောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

စိုင်းလမင်း
Popular Myanmar News Journal
အဆင်ပြေပါစေ.....

0 comments:

Post a Comment