Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

ဟာသလေးများ (၂)

 "သဘောကောင်းတဲ့ ကိုကို"

သူငယ်ချင်းတစ်ယောက်နဲ့ လက်ဘက်ရည်ဆိုင်ထိုင်နေတုန်း ဖုန်းမြည်လာတယ်…

“တီ… တီ..”
“ဟလို”

“ကိုကိုလား… ချစ်လေးပါ”
“အင်း…”

“ချစ်လေး ခု ပွဲစားတန်းရောက်ပြီး ကိုမော်ကြီးတို့နဲ့ တွေ့နေတာ”
“အင်း…”

“အဲဒါလေ ချစ်လေး ခုစီးနေတဲ့ကားကို ကာဒီနာနဲ့ လဲမလားတဲ့၊ အလိုက် 200 ပေးရမယ်တဲ့၊ လဲလိုက်မယ်နော် ကိုကို”
“အင်း… လဲလိုက်”

“ဟယ်…တကယ်၊ ကိုကိုက အရမ်းချစ်ဖို့ ကောင်းတာဘဲ”
“အင်း…”

“ပြီးတော့လေ၊ ပြောရအုံးမယ်”
“ပြော…”

“မနက်ကလေ ကိုကိုထွက်သွားပြီးတော့မှ ဒေါ်ဒေါ်ကြည်ရောက်လာပြီး၊ စိန်လက်စွပ်တစ်ကွင်း လာပြတယ် ကိုကိုရဲ့၊ ဈေးကလည်း 80 ထဲ ဆိုတော့ တန်လွန်းလို့ ဝယ်ထားလိုက်မိတယ် ကိုကို မဆူရဘူးနော်”
“အင်းပါ…”

“ဟီး… ဒါ့ကြောင့် ကိုကို့ကို ချစ်တာ သိလား”
“သိတယ်…”

“ပြီးတော့လေ ခု ဆန်းဒေးကျရင် ဒေစီတို့ မင်္ဂလာဆောင် သွားရအုံးမှာ ကိုကိုရဲ့၊ အဲဒါ ဗိုလ်ချုပ်ဈေးဝင်ပြီး နည်းနည်းဝယ်မလို့၊ ကိုကို့ဘီဒိုထဲက 10 လောက် ဆွဲလာခဲ့သေးတယ်၊ သုံးလိုက်မယ်နော် ကိုကို”
“သုံးလေ”

“ဟယ်… ဒီနေ့ ဒို့ကိုကို အရမ်းနဲ့ သဘောတွေ ကောင်းနေပါလား၊ ခါတိုင်းများ ခုလောက်ဆို ဘီလူးဆိုင်း တီးနေရပြီ၊ ဘာဘဲဖြစ်ဖြစ်လေ ချစ်လေးတော့ လိုချင်တာတွေရလို့ ပျော်တယ်၊ ဒါဘဲနော် ကိုကို၊ အာဘွား…ပြွတ်စ်”
“တူတူတူ…တူ”

ဖုန်းချလိုက်တော့ သူငယ်ချင်းက မေးတယ်……
“မျက်နှာက ပြုံးစိစိနဲ့၊ ဘယ်ကဖုန်းလဲ”

“သိဘူးဗျ၊ ဖုန်းမှားတာ”


 $$$$$$$$$$$$$$$$$$$$$$$$$$$$
ဆရာဝန် ။ ။ ဆေးလိပ်များများသောက်ရင် ဘာဖြစ်လဲဆိုတာသိရဲ့ လား။

လူနာ ။ ။ ဟုတ်ကဲ့ .. မီးခိုးများများထွက်ပါတယ် . . .

#####################
ကလင် ကလင် ကလင် (ဖုန်းမြီသံ)

ဟလို မင်ဂါဘာရှင်။ ပတ္တမြား အက် အမ် ရဲ့ သီချင်းတောင်းကဏ္ဍကပါ

ကျနော် သီချင်းတောင်းချင်လို့ပါ

ဟုတ် ဘာသီချင်းများတောင်းဆို ချင်ပါသလဲရှင့်

အိုးလေးကွဲသွားဘီ သီချင်းပါဗျ

ဘလို ဘလို.......ရှင်။ ဟိုနင်း အဲ ဘာအတွက် အဲသီချင်းတောင်းချင်တာလဲ

လင်ယူသွားတဲ့ ရည်းစားဟောင်းအတွက်ပါ။ ကျေးဇူးဘာညော်

ဂွပ် (ဖုန်းချသံ)


Photo: ရယ်ရရင် Like မယ် ပြီးရင် share ပေးပါ
Photo: ရယ်ရရင် Like မယ် ပြီးရင် share ပေးပါ
Photo: ရယ်ရရင် Like မယ် ပြီးရင် share ပေးပါ
Photo: ရယ်ရရင် Like မယ် ပြီးရင် share ပေးပါ
Photo
 
 

0 comments:

Post a Comment