Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

သိကြားမင်း.ကိုအပြစ်တင်တဲ့ဘုန်းကြီး(ဟာသ)

 
တစ်ခါက မြို့တစ်မြို့မှာ ရေလွှမ်းလို့ မြို့သူမြို့သားတွေ အားလုံးထွက်ပြေးရတယ်တဲ့..

အဲဒီမှာ ဘုန်းတော်ကြီးကို လှေတစ်စီးက လာခေါ်တယ်.. သူတို့နဲ့ လိုက်ပြေးဖို့.. အဲဒါကို ဘုန်းကြီးက မလိုက်ဘူး..။

သူ့ဘက်မှာ ဘုရားရှိတယ်တဲ့.. ရေတွေက မြင့်သထက်မြင့်လာတယ်.. ဘုန်းတော်ကြီးလဲ တိုက်ခေါင်မိုးပေါ်တက်နေရတယ်..။

ဟယ်လီကော်ပတာ တစ်စီးက လာခေါ်ပြန်တယ်.. သူက မလိုက်ပြန်ဘူး.. သူ့ကို သိကြားမင်း က လာကူလိမ့်မယ်တဲ့....မလိုက်ဖူး။

နောက်ဆုံးတော့ အဲဒီ ဘုန်းတော်ကြီးလဲ ရေနစ်သေပါလေရော..။

နတ်ပြည် ရောက်သွားတဲ့ အခါကျတော့ သိကြားမင်း....ကို ဒေါကြီးမောကြီး ရန်တွေ့တော့တာပေါ့............။

" သူတစ်သက်လုံး ကောင်းမှူ ကုသိုလ်တွေပြုခဲ့တယ်.. တကယ်....သူရေနစ်တော့ သိကြားမင်း က ဘာလို့လာမကူတာလဲ "...တဲ့..

သိကြားမင်း.. က အံ့သြ သွားတယ်.. သိကြားမင်းက ပြန်ပြောတယ်.. " နင့်ထံကိုငါ လှေလည်း ပို့ပေးတယ်..

ဟယ်လီကော်ပတာလဲ ပို့ပေးတယ်.. နင့်ဘာသာ နင် လိုက်မလာတာပဲ " တဲ့..။

တိန်

ရီမောပျော်ရွှင်ပါစေ

ငြိမ်းချမ်းသူ(နည်းပညာ)

0 comments:

Post a Comment