အသံဝဲ၀ဲလေးနဲ့
ချစ်စဖွယ်အပြုံးကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိခဲ့တဲ့ မီးမီးခဲဟာ
ခုနောက်ပိုင်း နယ်ရှိုးတွေ သွားဆိုဖြစ်နေတယ်လို့ သိရပြီး သူမ ရဲ့ Miss call
MTV ကိုလည်း စတင် ရိုက်ကူးနေပြီလို့ သိရတာကြောင့်
သွားရောက်တွေ့ဆုံမေးမြန်းဖြစ်တဲ့အခါ သူမက “အစ်မ ခု လောလောဆယ် ချောင်းသာ၊
ပုသိမ်တို့မှာ နယ်ရှိုးလေးတွေ တောက်လျှောက် ဆိုဖြစ်နေတယ်။ အစ်မရဲ့
အမ်တီဗီလေးကတော့ အစကတော့ မလုပ်တော့ဘူးဆိုပြီး စဥ်းစားခဲ့တာ၊ ခုတော့
အစ်မရဲ့ပရိသတ် တွေအတွက် ၁၀ပုဒ် ရိုက်ခဲ့ပြီးပါပြီ။ ၃ ပုဒ်ပဲ
ကျန်ပါတော့တယ်။ အစ်မ ဒီကြားထဲမှာလဲ အမေနဲ့အတူ ပြည်ပခရီးစဉ်ထွက်ဖို့
ရှိတဲ့အတွက် စက်တင်ဘာလထဲမှာတော့ အစ်မရဲ့ Misscall အခွေကို ပရိသတ်
ဆီရောက်အောင် ကြိုးစားနေပါတယ်။ ပြီးတော့ ဒီဇင်ဘာလထဲမှာလဲ အစ်မကိုယ်တိုင်
တစ်ခွေလုံးကို ရေးထားတဲ့ Own Tune သံစဉ်တွေကို ပရိသတ်တွေဆီ
အရောက်ပို့ပေးနိုင်ဖို့ ဖန်တီးပေးသွားပါမယ်။ အဲ့ဒီအခွေလေးက အစ်မရဲ့
ခံစားချက်တွေကို အသက်ပြန်သွင်းပြီးစိတ်ထဲမှာ ခံစားရသမျှကို ရေးသားထားတာပါ။
အခွေနာမည်ကိုတော့ အသစ်ကပြန်စမယ်လို့ ပေးထားပါတယ်” တဲ့။
သူမရဲ့
အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီးတော့လဲ “အစ်မဘ၀မှာ သမီးလေးကတော့ မရှိမဖြစ်ပါပဲ။
လူတွေဟာ လေမရှိရင် အသက်မရှင်နိုင်သလို အစ်မဘ၀မှာလဲ သမီးလေး မရှိရင်
အသက်မရှင်နိုင်ဘူး။ အစ်မက သီချင်းဆိုရင်လဲ ပရိသတ်တွေအတွက် အပြုံးတွေပဲ
ပေးနိုင်တာပါ။ တချို့က ထင်ကြတယ်။ အစ်မတို့ အနုပညာရှင်တွေမှာ
စိတ်ဆင်းရဲစရာမရှိဘူးလို့။ ဒါပေမဲ့ အစ်မမပါဘူး။ အားလုံးလဲ အစ်မဘ၀ကို
သိမှာပါ။ အစ်မ အိမ်ထောင်ကွဲတာ ၃နှစ်ရှိပါပြီ။ အစ်မအနေနဲ့ သမီးလေးကို
ငဲ့ပြီး သည်းခံခဲ့တာပါ။ နောက်ဆုံး သည်းမခံနိုင်တဲ့ အဆုံးမှာ
ဖွင့်ပြောခဲ့တာပါ။ တချို့က အခုမှသိရလို့ဖြေသိမ့်ပေးကြတယ်။ အစ်မ၀မ်းသာပါတယ်။
ဒါပေမဲ့ ခု အစ်မဘ၀မှာ သမီးလေးကသာ အရေးကြီးဆုံးပါ။ ပြီးတော့ သမီးလေးရဲ့
ပညာရေးကို ပဲ ဦးစားပေးသွားမှာပါ”လို့ သူမက ပြောပြခဲ့ပါတယ်။
အောင်မြင်ပျော်ရွင်ပါစေဗျာ.....
0 comments:
Post a Comment