Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

ဟာသအပိုင်းအစလေးများ(၆)


ရိုက်ပေါက်ပဲ
Photo: ရိုက်ပေါက်ပဲ







------------------------
အလိမ်တွေပေါ်ပြီ …

တစ်နေ့မှာ မိန်းမတစ်ယောက်က သူ့ယောင်္ကျားရဲ့ မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ယောင်္ကျားဖြစ်သူကို နာမည်ကြီး အဖော်အချွှတ် ကလပ် တစ်ခုကို လိုက်ပို့တယ် ..
Club အဝင်ဝ ရောက်တော့ တံခါးစောင့်က
"ဆရာ.. မတွေ့တာတောင် ကြာပီနော်" လို့ နှုတ်ဆက်လိုက်တော့ မိန်းမဖြစ်သူ က ဘုရှိုးရှိုး ပီး ယောင်္ကျားကို မေးတယ် ..
" သူက ရှင့်ကို ဘယ်လိုလုပ်သိတာလဲ "
"သြော် မိန်းမရယ် .. ငါနဲ့သူ တူတူဘောလုံးကန်ဖူးတယ်လေ "
ဒီလိုနဲ့ အထဲ ကို ရောက်ပြီး ဘားမှာသွားထိုင်တော့ ဘားဝန်ထမ်းက ပြောပြန်တယ် ..
" ဆရာ .. ထုံးစံအတိုင်းပဲလား "
သူ့မိန်းမ မမေးခင်မှာပဲ သူက အရင်ဦးအောင်
" မိန်းမ .. သူက ကိုယ့်ရဲ ဂေါက်ရိုက်ဖော်ရိုက်ဖက်တွေလေ " လို့ပြောလိုက်တယ် ..
မိန်းမ က မကျေမနပ်ဖြစ်သွားပေမယ့် ဘာမှ မပြောဘဲထားလိုက်တယ် .. နောက်ဆုံး
အဖော်ချွှတ် အကမယ် တစ်ယောက်က အနားကို ကပ်လာပီး
" ဆရာ .. ဒီနေ့ သမီးကို မခေါ်တော့ဘူးလား " လို့လဲ မေးလိုက်ရော မိန်းမဖြစ်သူ ဒေါသတွေ ယမ်းပုံမီးကျ ထွက်ပီး ယောင်္ကျားလက်ကို အတင်းဆွဲကာ Club ထဲ က ထွက်ပီး ရှေ့မှာ ရပ်ထားတဲ့ Taxi တစ်စီးပေါ်ကို တက်လိုက်တယ် .. Taxi ပေါ်ရောက်တော့မှ Taxi Driver က ပြောလိုက်တယ် ..
" ဆရာ ဒီ တစ်ခေါက် ခေါ်တဲ့ ဆော် က တော်တော်လေးရုပ်ဆိုးတယ်နော် "


--------------------------------------- 
၁၃ ထပ်တွင်ရှိသော ရုံးခန်းတွင် ဒေါ်အေး ထိုင်နေသည်။
ထိုအချိန်တွင် လူတစ်ယောက် အမောတကောတက်လာပြီး အော်ပြောလိုက်သည်။

"ဒေါ်အုန်းကြိုင်၊ ခင်ဗျားသမီးလေး ချယ် ရီ ကားအက်ဆီးဒင့်ဖြစ်လို့ သေပြီဗျ။!"
...
ဒေါ်အေး အရမ်းစိတ်ထိခိုက်သွားသည်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ ပြတင်းပေါက်မှ ခုန်ချလိုက်သည်။

အောက်သို့ ပြုတ်ကျနေရင်း ၁၀ ထပ်ခန့်သို့ ရောက်သောအခါ သူ့တွင် ချယ် ရီ ဆိုသည့် သမီးမရှိကြောင်း စဉ်းစားမိသည်။

၅ ထပ်ခန့်သို့ ရောက်သောအခါ သူသည် အိမ်ထောင်မရှိသူ အပျိုကြီးဖြစ်ကြောင်း စဉ်းစားမိသည်။

မြေကြီးပေါ်သို့ ရောက်ခါနီးတွင် သူသည် ဒေါ်အုန်းကြိုင်မဟုတ်ကြောင်း သတိရသည်။


------------------------------------------------------------------------------------------------------
 
ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်.. သူ့ချစ်သူတိုင်းရင်းသူလေးဆီက စာကိုရတော့
ဝမ်းသာအားရ စာဖောက်ဖတ်တာပေါ့ ။ စာထဲမှာပါတဲ့
စာလုံးပေါင်းသတ်ပုံအမှားတွေ ၊
စကားဝဲတဲ့ လေသံအတိုင်းရေးထားတဲ့ စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊
ငိုရမလိုဖြစ်သွားလေရဲ့ ။ နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့
သူ့ရည်းစားရဲ့စာကိုပဲ ပြင်သင့်တာပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်း
ပြန်ထည့်ပေးလိုက်တော့တယ် ။

ကိုယ်လုံး ... (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်)

ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်က
ခေါင်းပြတ်နေလို့လား) ။ ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး (ဖာကို
ခေါင်းကြားညှပ်တာ..) မျိုသွားပြီ ဆိုတာ သိတော့ (မြို့သွားတာပါဟာ..ငါလဲ
ဘာအကောင်ကြီး ဖြစ်မှန်းမသိ) မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရ အိမ်မရ ဖြစ်နေတာ
(ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ) ။
မီးအရင်လိုခြစ်နေတုန်းပါပဲ (ဂတ်စ်လည်း အတော်ကုန်လောက်ပြီ) ။ ကိုယ်လုံးလဲ
မီးမရှိရင် မနေတတ်တာ သိတယ် (အဲဒါကြောင့်မီးမပြတ်တဲ့
နိုင်ငံခြားတောင်သွားမလားလို့) ။ မီးကို အရင်လိုပဲ ဆွဲလန်နေတုန်းပဲလားဟင်
(အမ်!) ။ မီးလည်း တနေ့နဲ့တနေ့ မြက်ရေနဲ့မြက်ခွက်ပါပဲ။

ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလုပ်တယ်လေ။ အားပါး..အရမ်း ဆီကားပဲ
(ဆီတွေဒီမှာဈေးတက်နေလို့ ပို့လိုက်စမ်းပါ) ။ ကိုယ်လုံးမပါဘဲ
မီးသွားကြည့်တာ မပျော်ဘူး ဒကယ်.. (နင်က ခေါင်း ချည်းပဲ သွားကြည့်တာကိုး )
။ မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။ မီးက
ရှိုးဆို ဖဲရိုက်တာပဲ သိတာကိုး.. (ဒါတော့သိတယ်..ဟွန်း) ။ ကျားပေါက်တွေ
ဆင်ပေါက်တွေ ဆိုတော့ မီးက တလိပ်ဆန်တွေ မြက်လှည့်ပြတာ ထင်တာပေါ့လေ့..
(မြက်လှည့်ပြတာတော့ ငါတောင်တတ်တယ်) ။ ဟိုရောက်တော် ကျားပေါက်ဆိုတာ.. လား
လား လူကောင်ကြီး ဖြစ်နေတာပေါဝေ့.. အဲဒီအကောင်ဟာလဲ အော်လိုက်ဒါ အတံက
ပြဲသကိုး တော်ရေ့ ( အသံ..အသံ!! အထင်လွဲစရာတွေဖြစ်တော့မယ်) ။ တို့ရွာက
သုတ်ကြီးဆိုရင် (တုတ်ကြီးလုပ်ပါဟာ.) မျိုကြီးဆိုတဲ့
အဆို့တော်ကိုအားကြလို့ အော်တာ အတံဝင်လို့တဲ့...တ အ..အား အော်နေတာလေ
(အော်..အတံဝင်လို့ အ အ လို့အော်နေတယ်..ငါနော်! ) ။

နောက်ပြီး မီးကို နမချင်းမစာနာ (နင်ကိုယ်တိုင်လည်း နွားမဖြစ်တော့မယ်)
အတေပိုးခဲ့တဲ့ ဖိုးဇန်ကို သိတယ်ဟုတ်..။ မီး ဘကြီးအောင်းနေတဲ့
(ဘကြီးအောင်..ဘကြီးအောင်..တစ်မျ
ိုးလုံး တိရိစ္ဆာန်ဇာတ်သွင်းနေသလားမှတ်တယ်)
ယက်ကွက်က တာဇန်လေ။ (သာစံပါဟာ..သူကြည့်ဖူးတဲ့ ဗီဒီယိုကားတွေပါလာပြန်ပြီ)
ဒင်းက ခု မိန်းမရလို့ ရှေ့အင်္ဂါဆို သူ့မိန်းမ ကလေးမွေးမယ်တော်ရေ့ ..
နံမယ်ပေး ကင်ပွန်းချဉ်ဟင်းချက် လုပ်မလို့ ကျံနေပီလေ
(ကင်ပွန်းတပ်တာ..သူ့အလှည့်မှ ကင်ပွန်းချဉ်ဟင်းချက်တယ်လို့ပဲ)
စနေမောင်မောင်တို့ ၊ နိုင်နိုင်းစနေတို့ ၊ ဖိုးသောကြာတို့ကို
အားကျလို့တဲ့အေ... သားလေး မြွေရင် နံမယ်မှာ နေ့နံပါအောင် ဖိုအင်္ဂါ
လို့ပေးမတဲ့ ။
(ဖိုးအင်္ဂါလုပ်ပါဟ ။ ခုမှ ၀တ်စနှစ်လုံးပေါက်က ကျန်ခဲ့ရသလား ။ တကတဲ.
ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါ လုပ်မလားမသိဘူး..နာမည်ကို
အပေါက်ရှာရှာ..အဲလေ ပေါက်ပေါက်ရှာရှာ ပေးတယ်) ။ မီးတို့လည်း အဲလို
ဘယ်ဒေါ့ အတူတူနေရမလဲမသိဘူးနော်... ။

ုကိုယ်ရယ်..မီး အရန်လွမ်းတာပဲ (လွမ်းတာပဲ အရန်တွေ line-up တွေ
လွမ်းချင်သေးတယ်) ။ မီးလည်း မျိုလိုက်ချင်ပေမယ့် (မျိုသာချလိုက်တော့)
..ဆီးပွားရေက အဆင်မပြေဘူးလေး..။ မီးလည်း ချီးစားနေရတော့ (အေးပါ စားစား)
အကြွေးတွေလည်း အလီလီ (တန်းပြင်ပေးလိုက်တယ်) ပဲ ။ မျိုသူတွေနဲ့ တွေ့ပီး
ိုမေ့မတွားပါနဲ့(.မမေ့ဘူးဟေ့တသက်လုံး) ။ ကိုယ်လုံး ပျံလာပါနော်
(တောင်ပံပေါက်တဲ့နေ့ထိစောင့်ပေတော့) ။
မီးဆောင့်နေမယ်.. မီး ဆောင့်ပြီးရင်း ဆောင့်နေမှာပါ
(အေး..တိုင်နဲ့ခေါင်းနဲ့သာ သေအောင်ဆောင့်ပေတော့)။
မီးစာ ရှည်သွားပီမို့ တော်သေပီ (မီးစာကုန်ပြီး မီးသေမှပဲ)

ခြစ်တဲ့မီး (မီးခြစ်ပေါ့)

*စပလင်မှားရင်ခွင်လွှတ်ပါ*
(စာလုံးပေါင်းသာမတတ်တယ် ဘိုလိုမှုတ်ချင်သေးတယ်။ နောက်ဆို စပလင်တင်မကဘူး..
ငရုပ်ကောင်းတွေပါ ပါလာနိုင်တယ်) :'

0 comments:

Post a Comment