Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

" သီတဂူဆရာတော်ကြီး မျက်စိနှစ်လုံး ခွဲစိပ်ကုသရခြင်း "

 Photo: " သီတဂူဆရာတော်ကြီး မျက်စိနှစ်လုံး ခွဲစိပ်ကုသရခြင်း "
(တပည့်များ စိတ်အေးစေရန် ကြေငြာချက် - OFFICIAL Report)

သီတဂူဆရာတော်ကြီးသည် ညာဘက်မျက်လုံး အနီးအဝေး မမြင်သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သည်။ ၂၀၁၄ နိုဝင်ဘာလ ၂၄ရက်နေ့က နီပေါလ်နိုင်ငံ လုမ္ဗိနီဒေသ ဗုဒ္ဓဘာသာအမွေနှစ်များ ထိမ်းသိန်းစောင့်ရှောက်ရေးအတွက် အကြိုညှိနှိုင်းအစည်းဝေးကြွခဲ့သည်။ အပူချိန် ၄၀အထိရှိသည့် လုမ္ဗိနီဒေသ ဖိနပ်မစီးရသတ်မှတ်ထားသော နေရာများတွင် ဖိနပ်မစီးဘဲ တော်တော်ကြာ လမ်းလျှောက်ခဲ့ပြီး ဟိုတယ်အပြန် ရေချိုးလိုက်သောအခါ ဘယ်ဘက်မျက်စိပါ အလင်းမရ ဖြစ်ခဲ့သည်။ 

ထို့နောက်တွင် နီပေါလ်နိုင်ငံမှ သြစတေးလျနိုင်ငံသို့ သီတဂူသံဃာများနှင့်အတူ သိမ်သမုတ်ပွဲ ကြွခဲ့သည်။

သြစတေးလျမှ အင်္ဂလန်နိုင်ငံသို့ အစည်းအဝေးတစ်ခု တက်ရောက်ရန် ရောက်ရှိနေခိုက် အင်္ဂလန်နိုင်ငံရှိ တပည့်များဖြစ်ကြသည့် ဒေါက်တာသိန်းမြင့်၊ ဒေါက်တာကိုကို၊ ဒေါက်တာကျော်မြင့်ဦး တို့နှင့် မျက်စိကိစ္စ တိုင်ပင် ဖြစ်ခဲ့သည်။

တပည့်ဆရာဝန်များ၏ အကြံပေးချက်အရ စစ်ကိုင်းသီတဂူအာယုဒါန ဆေးရုံတော်ကြီးတွင် လုပ်အားပေးခဲ့ဖူးသော တန်ဇားနီးယားနိုင်ငံဖွား၊ ပါကစ္စတန်နိုင်ငံသား ဆေးရုံပိုင်ရှင်ဖြစ်သော DR. Sherez Daya နှင့်ပြသဖြစ်ခဲ့သည်။ ကြုံတုန်းကြုံခိုက် အခြေနေလည်းပေးသဖြင့် ခွဲစိတ်ကုသသွားပါရန် အကြံပြုကြသည့်အတိုင်း ဆရာတော်ဘုရားမှ ၄-၆-၂၀၁၄ တွင် မျက်စိနှစ်ဖက်လုံး ခွဲစိတ်ကုသမှု ခံယူတော်မူခဲ့သည်။

ယခုအခါ မျက်မှန်မပါဘဲ အဝေးကြည့်ကို ကောင်းစွာမြင်နိုင်သည်။ အနီးကြည့်ကိုတော့ နောက်နှစ်ရက်တွင် ကောင်းစွာမြင်နိုင်မည်။

ကုန်ကျစရိတ် စတာလင်ပေါင် (၁၀၀၀၀) တစ်သောင်းကျော် အားလုံးကိုလည်း ထိုဆေးရုံပိုင်ရှင် ဆရာဝန်ကြီးမှ လှူဒါန်းခဲ့သည်။

ဆရာတော်ကြီးသည် ယခုအခါ ကျန်းမာရေးရော မျက်လုံးနှစ်ဖက်ပါ ကျန်းကျန်းမာမာရှိပါကြောင်း စိတ်ပူကြသည့် တပည့်များအား အသိပေးပါသည်။

ဆရာတော်ကြီး (ကိုယ်စား)
သီတဂူစတား

 ငြိမ်းချမ်းသူ(နည်းပညာ)

0 comments:

Post a Comment