Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

ဖုန်းအ၀င် Call လက်ခံတိုင်းပိုက်ဆံရမယ့် APK နှင့်၎င်းအစီအစဉ်တစ်ရပ်ပြုလုပ်

1
ဖုန်းလာတိုင်းပိုက်ဆံရရှိမည့် အစီအစဉ်တစ်ရပ်ကို VMG ကုမ္ပဏီမှဆောင်ရွက်လိုက်ကြောင်း သိရသည်။ အဆိုပါ Cash 4 Call အစီအစဉ်မှာဖုန်းဝင်သည့် အခါတိုင်းမိမိ၏ ဖုန်း Ringtone သံအစား ကြော်ငြာ တစ်ခုကိုဆယ်စက္ကန့်မှ စက္ကန့်သုံးဆယ်အတွင်းကြည့်ပြီးမှ ဖုန်းကိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက် မည်ဆိုပါက ဖုန်းကိုင်ဆောင်သူမှကြော်ငြာ ကြည့်ခအနေဖြင့် တစ်ကြိမ်လျှင်ငါးကျပ်ရရှိမည့် အစီအ စဉ်ဖြစ်ကြောင်း သိရသည်။

Cash 4call Application ရှိသူမည်သူမဆိုအသုံးပြုနိုင်မည်ဖြစ်သည်။ “ဖုန်းခေါ်ဆိုနှုန်း အကြိမ်အရေ အတွက်ကို ကန့်သတ်ထားခြင်း မရှိတဲ့အတွက်ကြောင့် မိမိရဲ့ဖုန်းမှာ ဖုန်းတစ်ခါဝင်တိုင်း ပိုက်ဆံငါးကျပ်ရရှိ မှာဖြစ်ပါတယ်၊ Cash 4call Application ကို Register လုပ်မယ် ဆိုရင်မိမိရဲ့ Facebook နဲ့ တိုက်ရိုက် ချိတ်ထားပါတယ်။ ဆော့ဖ်ဝဲသုံးစွဲသူနေထိုင်ရာနယ်မြေ၊ ကျားမ၊ အသက်အရွယ် ကိုကွဲပြားစွာသိရှိနိုင် မှာဖြစ်ပါတယ်” ဟု Project Manager မမြသီရိဦးကပြောသည်။ Cash 4call Application ကို Free Download အဖြစ် Google Play Store နှင့် အမြို့မြို့ အနယ်နယ်ရှိဖုန်းဆိုင်များတွင်အခမဲ့ရရှိနိုင်ကြောင်း သိရသည်။

Credit to::::   Internet Journal
အဆင်ပြေအောင်မြင်ပါစေ.....
ငြိမ်းချမ်းသူ(နည်းပညာ)

0 comments:

Post a Comment