Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

ကေပေါ့ပ် Ladies’ Code အဖွဲ့ဝင်တစ်ဦး ထပ်မံသေဆုံး


Image and video hosting by TinyPic

တောင်ကိုရီးယားမိန်းက လေးပေါ့ပ်အဆိုရှင်များအဖွဲ့ Ladies’ Code အဖွဲ့ဝင်တစ်ဦးဖြစ် သော ရီဆယ်သည် စက်တင်ဘာ ၇ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ် တွင် ကွယ်လွန်သည်ဟု Ladies’ Code အဖွဲ့ အေဂျင်စီ Polaris Entertainment က ကြေညာ သည်။ Ladies’ Code အဖွဲ့သည် စက်တင်ဘာ ၃ ရက် အစောပိုင်း တွင် ဆိုးလ်မြို့အိမ်အပြန်လမ်း၌ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အဖွဲ့ဝင် အွန်ဘီမှာ နေ့တွင်းချင်း သေဆုံးခဲ့သည်။
ရီဆယ်မှာ ယာဉ်မတော်တ ဆမှုကြောင့် ဦးခေါင်းတွင် ဒဏ် ရာ အပြင်းအထန်ရရှိခဲ့ပြီး ခွဲစိတ်မှု ခံယူခဲ့သော်လည်း စက်တင်ဘာ ၇ ရက်က သေဆုံးသွားသည်။
‘‘ဂျပန်နိုင်ငံကနေ လာကြတဲ့ ရီဆယ်ရဲ့ မိဘတွေနဲ့ အေဂျင်စီ အဖွဲ့သားတွေဟာ ရီဆယ်နောက် ဆုံးထွက်သက်အထိ အတူရှိနေ ပေးခဲ့ပါတယ်။ အွန်ဘီသေဆုံးပြီး နောက်မှာ ဒီဝမ်းနည်းစရာကောင်း တဲ့ ရီဆယ်နာရေးသတင်းကို ကြေ ညာရလို့ တကယ်စိတ်မကောင်း ဖြစ်ရပါတယ်။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ အဖွဲ့ဝင်နှစ်ဦးနဲ့ ဒီအချိန် မှာ ၀မ်းအနည်းဆုံး ဖြစ်နေတဲ့ ကျန်အဖွဲ့ဝင်တွေအတွက် ဆက် လက်ဆုတောင်းပေးကြပါ’’ ဟု အေဂျင်စီက ပြောသည်။
အဆိုပါ ယာဉ်မတော်တဆ မှုတွင် ဒဏ်ရာရရှိခဲ့သည့် Ladies’ Code အဖွဲ့ဝင်တစ်ဦးဖြစ်သော ဆိုဂျောင်မှာ ကျန်းမာရေးကောင်း မွန်ပြီဟု အေဂျင်စီက စက်တင် ဘာ ၆ ရက်တွင် ပြောသည်။
၂၀၁၃ ခုနှစ်တွင် တရားဝင် အနုပညာလှုပ်ရှားမှုများစတင် သော Ladies’ Code အဖွဲ့၌ အ ဖွဲ့ဝင် ငါးဦးပါဝင်ပြီး ရီဆယ်သည် ကွယ်လွန်ချိန်တွင် အသက် (၂၃) နှစ်နှင့် အွန်ဘီမှာ (၂၁) နှစ်သာ ရှိသေးသည်။ —Ref: Allkpop
7 Day Daily
အဆင်ပြေပျော်ရွင်ပါစေဗျာ....
ငြိမ်းချမ်းသူ(နည်းပညာ)

0 comments:

Post a Comment