Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

ငါမင်းကို သတိရတဲ့အခါ (ခံစားချက်)

 
ငါမင်းကို သတိရတဲ့အခါ
ငါမင်းနဲ့အတူရှိဘူးတဲ့ အလုပ်မှာ
ရှိနေမယ်……။
ငါမင်းကို သတိရတဲ့အခါ
မင်းနဲ့တူသွားဘူးတဲ့နေရာတွေကို
သွားနေမယ်……။
ငါမင်းကို သတိရတဲ့အခါ
မင်းနဲ့ပျော်ဘူးတဲ့အတိတ်တွေကို
လွမ်းနေမယ်……။
ငါမင်းကို သတိရတဲ့အခါ
မင်းနဲ့ရိုက်ထားတဲ့ photoတွေ
ပြန်ကြည့်နေမယ်……။

ငါမင်းကို သတိရတဲ့အခါ
အရင်လို မင်းကို ……
လာတွေ့ပြီး မင်းအချိန်တွေကို
မနှောင့်ယှက်တော့ဘူး…။
ငါမင်းကိုသတိရတဲ့အခါ
ငါ့အတွက် အချိန်ပေးဖို့မလိုတော့တဲ့
မင်းကို တွေ့ဆုံခွင့် မတောင်းတော့ဘူး……။
ငါမင်းကို သတိရတဲ့အခါ
ငါသည်းခံပြီး……မင်းနဲ့အဝေးမှာ
မင်းသတင်းတွေနားစွင့်ပြီး
ငါတစ်ယောက်ထဲ ကြိုးစားနေပေးပါ့မယ်……။
ငါမင်းကို သတိရတဲ့အခါ
မင်းအရာရာ အဆင်ပြေပါစေလို့
ငါဆုတောင်းပေးနေပါ့မယ်…။
ငါမင်းကိုသတိရသလို တစ်ကြိမ်တစ်ခါလေးများ
မင်းငါ့ကို သတိရတယ်ဆိုရင်တော့
အဲ့ချိိန်ကျရင်………
ငါ့ရဲ့အလှဆုံးအပြုံးတွေနဲ့
လွမ်းရလို့ကျတဲ့မျက်ရည်တွေ
သုတ်ခဲ့ပြီး……
မင်းဆီကို ပျော်ရွှင်စွာနဲ့ငါလာခဲ့ပါ့မယ်……။
အကယ်၍……
ငါမင်းကို သတိရနေသလို
မင်းဘက်က လုံးဝသတိမရခဲ့ဘူးဆိုရင်လည်း
မင်းအနာဂတ်မှာ……
အသစ်သော လှပမဲ့မင်းအတွက်
ငါ...မင်းနားကနေ……
လုံးဝပျောက်ပေးပါ့မယ်……။

0 comments:

Post a Comment