Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

Firefox 17 Lands With Facebook API

Social Websites တွေက ဒီနေ့ လူမှုဘ၀မှာ ပိုပြီး အရေးပါလာတာ နဲ့အမျှ လွယ်လွယ်ကူကူ သုံးနိုင်မယ့် နည်းလမ်းတွေ ကိုရှာဖွေနေ ကြပါတယ်။ အခု Facebook က Mozilla Firefox နဲ့ပေါင်းပြီး နောက်ခြေလှမ်း တစ်ခု စတင်လိုက်ပါပြီ။
Facebook က Firefox ကိုသုံးပြီး သင့်ရဲ့ အင်တာနက်ပျော် ဘ၀ကို ထပ်လွှမ်းမိုး နိုင်အောင် နောက်တစ်ဆင့် ကြံစည် နေပါပြီ။ Firefox 17 ကိုတရားဝင် စထုတ်လိုက်ပြီး Mozilla's Social API ကနေတဆင့် Facebook ကို default ပါအောင် လုပ်ထားတာပါ။ Social API က web apps တွေကို browser ကတဆင့် ကိုယ့်ရောင်းရင်းတွေ Facebook မှာဘာတွေ လုပ်နေသလဲ၊ ကိုယ့်မေးလ် ထပ်ရောက်သလား စသဖြင့် အဲဒီ website တွေထဲ သွားစရာ မလိုဘဲ အချိန်နဲ့ တပြေးညီ သိနိုင်အောင် လုပ်ဆောင်ပေး ပါတယ်။ Facebook နဲ့ Gmail ကိုချိတ်ပေးတဲ့ တခြား extensions နဲ့ add-ons တွေအများကြီး ရှိပေမယ့်လည်း social API ကဒီဝန်ဆောင်မှုကို browser ထဲမှာ ထည့်ဆောက် ထားတာပါ။

၁

Social API sidebar ကိုသုံးပြီး Firefox ထဲမှာ ဒီဝန်ဆောင်မှုကို ထည့်သွင်းပေး ထားတာကြောင့် Tabs တွေပြောင်းရတာ၊ အသစ်ဖွင့်စရာ မလိုဘဲ ကိုယ့်ရဲ့ မိသားစု၊ အပေါင်းအသင်းတွေနဲ့ ဆက်သွယ်ရာမှာ ပိုပြီးလွယ်ကူ စေပါတယ်။ တကယ်လို့ ကိုယ်က အင်တာနက်မှာ တစ်ခုခုကို ရှာနေတာပဲ ဖြစ်ဖြစ်၊ ဗီဒီယို ကြည့်နေတာပဲ ဖြစ်ဖြစ်၊ ဂိမ်းကစား နေတာပဲ ဖြစ်ဖြစ် လုပ်နေပေမယ့် ကိုယ့်ကြိုက်တဲ့ လူမှုရေး website တွေနဲ့ အဆက်အသွယ် မပြတ်နေ နိုင်မှာပါ လို့ Mozilla ကဆိုပါတယ်။ တကယ်လို့ Social API ကသုံးဖို့ အသင့်ဖြစ်ပြီ ဆိုတာနဲ့ Facebook Messenger for Firefox က Social API ကိုပထမဆုံး တရားဝင် စသုံးတဲ့ app ဖြစ်သွားမှာပါ။ လွန်ခဲ့တဲ့ တစ်လလောက် ကတည်းက မိတ်ဆက်ခဲ့ပြီး Firefox beta ကိုသုံးတဲ့ သူတွေကို စပေးသုံး နေပါပြီ။ ဒီလုပ်ဆောင်ချက်ကို အသုံးပြုလိုတယ် ဆိုရင်တော့ Messenger for Firefox ဆိုတဲ့ Facebook Page ကိုသွားပြီး "Turn On" ကိုနှိပ်ပေးပါ။

၂

ဒါကို enable လုပ်လိုက်တာနဲ့ Facebook chat and updates တွေအတွက် social sidebar ကိုရသွားမှာပါ။ ကိုယ့်ဆီကို စာတွေ၊ friend requests တွေဝင်လာရင် ၀င်လာကြောင်း အသိပေးမှာ ဖြစ်ပြီး ကိုယ့်ရဲ့ Firefox toolbar ကနေတဆင့် ချက်ချင်း လှုပ်ရှားလို့ ရမှာပါ လို့ဒီဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး Mozilla ကရှင်းပြထား ပါတယ်။ Twitter ၊Gmail တို့က Social API apps တွေသုံး လာမယ်လို့ မျှော်လင့်လို့ ရပြီး နောက်ပိုင်းမှာ apps တွေပိုထွက်လာ ဦးမှာပါ။

၃

အဆင်ပြေပါစေ...

0 comments:

Post a Comment