ဟုတ်ကဲ့ ကျွန်တော်ကတော့ ငြိမ်းချမ်းသူ ပါ
ကျွန်တော် Ubuntu အကြောင်းလေးနည်းနည်းပြောချင်ပါတယ်.....
ပုံမှန်အတိုင်းဆို Ubuntu မှာ Adiminstration [root] account နဲ့  ၀င်လို
့မရပါဘူး။ Root User ကို ပိတ်ထားပေမယ့် Account က ရှိနေတဲ့ အတွက် Root User
နဲ့  Login ၀င်ပြီး အသုံးပြုချင်တယ်ဆို ရအောင်လုပ်ဖို့ နည်းလမ်း ရှိပါတယ်။
၁။ Root user အတွက် Password သတ်မှတ်ပေးဖို့ လိုပါတယ်။
Terminal ကိုသွား sudo passwd root ဆိုတာကို ရိုက်ထည့်ပြီး root user အတွက် password ကို သတ်မှတ်ပေးလို့ ရပါတယ်။
၂။ Root User login ကို ဖွင့်ပေးရပါမယ်။
System -->Administration-->Login Window ကိုသွားပါ။
"Allow local system administrator login". ဆိုတဲ့ checkbox ကို ရွေးပြီး အဲဒီ Widnow ကို ပိတ်လိုက်ပါ။
ဒါဆိုရင် Ubuntu ကို root user နဲ့  login လုပ် သုံးနိုင်ပါပြီ။ password အမြဲတမ်း ရိုက်ထည့်နေရတာကို နှစ်သက်ခြင်း မရှိ၊ အလုပ်ရှုပ်တယ် ထင်တဲ့အတွက် Ubuntu သုံးတဲ့အခါတိုင်းမှာ root အကောင့်နဲ့ ပဲ သုံးဖြစ်ပါတယ်။ ကျွန်မအနေနဲ့  တခြား Security အရေးတွေကို သိပ်ပြီး ဂရုစိုက်စရာမှ မလိုတာ။ ဒါနဲ့  Root Account ကို သုံးခြင်းရဲ့ ကောင်းတဲ့ အချက်နဲ့  မကောင်းတဲ့ အချက်တွေကို သိချင်တယ်ဆို ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။
Root User အတွက် Password သတ်မှတ်ရာမှာ နောက်တစ်နည်းက System--> Administration -->Users and Groups ကိုသွားပြီး သတ်မှတ်လို့ လည်းရပါတယ်။ အဲဒီမှာ root account က lock ဖြစ်နေရင် unlock အရင်လုပ်ဖို့ လိုပါတယ်။ အဲဒီနောက် "root" အပေါ်မှာ Double-click နှိပ်ပြီး ပေါ်လာတဲ့ Window ထဲက "Set password by hand" ဆိုတဲ့ နေရာမှာ ကိုယ့်သတ်မှတ်ချင်တဲ့ Password ကို ထည့်လို့ ရပါတယ်။
ငြိမ်းချမ်းသူ(နည်းပညာ) အားလုံးပဲအဆင်ပြေကြပါစေဗျာ..












:a
:b
:c
:d
:e
:f
:g
:h
:i
:j
:k
:l
:m
:n
:o
:p
:q
:r
:s
:t 


0 comments:
Post a Comment