ကျွန်တော်ကတော့ ငြိမ်းချမ်းသူပါ.....ကျွန်တော်အခုshare ချင်တာကတော့
Website တွေ၊ အထူးသဖြင့် မြန်မာ blogs တွေသွားရင် tools ပေါင်းစုံ သုံးပြီး
ဘယ်နိုင်ငံ၊ ဘယ်မြို့၊ ဘယ် IP စသည်ဖြင့် လာကြည့်တဲ့သူတွေကို track
လုပ်တတ်ကြတယ်။ ဒါမျိုးလုပ်တာတွေက ကိုယ်ရဲ့ privacy ကိုထိခိုက်တယ်၊
စိတ်အနှောက်အယှက် ဖြစ်တယ် ခံစားရရင် ဒါလေး သုံးကြည့်ပါ။ Web bugs
တော်တော်များများကို block လုပ်ပေးပါတယ်။ Blogs တွေ သွားကြည့်ရင်
ကိုယ့်ရဲ့ခြေရာလက်ရာ မကျန်ခဲ့တော့ဘူးပေါ့။ သုံးဖြစ်နေတာတော့ ကြာပါပြီ၊
တနှစ်နီးပါးလောက်ရှိပြီ ထင်တယ်။ အခုမှ စိတ်ကူးပေါက်လို့ share လိုက်တာပါ။


Ghostery Addon for Firefox ကို ဒီနေရာမှာ ယူလို့ ရပါတယ်။ တခြား IE နဲ့  Chrome အတွက်ကိုလည်း ရှိပါတယ်။ ဒါပေမယ့် Chrome မှာတော့ Blocking features မရသေးပါဘူး။
တခြား သုံးလေ့ရှိတဲ့၊ အသုံးဝင်တဲ့ Firefox add-on တချို့ ပါ။
ဒါကတော့ Autonomous System (AS Number) lookup လုပ်တဲ့ addon ပါ။ Network Engineer တွေအသုံးတည့် ပါတယ်။
ဒါကတော့ ကိုယ်သွားကြည့်တဲ့ website ကို host လုပ်ထားတဲ့ server IP address ကို အလွယ်တကူသိနိုင်ပါတယ်။
ကိုယ်သွားကြည့် တဲ့ website တွေဟာဘယ် web server အမျိုးအစားသုံးထားလဲဆိုတာ သိချင်ရင် ဒါလေး သုံးကြည့်နိုင်ပါတယ်။ တခြား header information တွေလည်း ကြည့်လို့ရပါတယ်။
- Header Spy အန္တရာယ်ကင်း ဘေးရှင်းကြပါစေ...ငြိမ်းချမ်းသူ(နည်းပညာ)









:a
:b
:c
:d
:e
:f
:g
:h
:i
:j
:k
:l
:m
:n
:o
:p
:q
:r
:s
:t 


0 comments:
Post a Comment