Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

Autorip Rips DVD and Blu-Rays

Autorip ကတော့ DVD နဲ့ Blu-Rays ရုပ်ရှင် အခွေတွေကို PC ထဲထည့်လိုက်တာနဲ့ တခါတည်း အလိုအလျောက် ကူးပြီး သိမ်းပေးမယ့် Freeware ပါ။
သူငယ်ချင်း တွေဆီက ငှားလာတဲ့ ရုပ်ရှင်တွေ၊ Blu-Ray တွေစက်ထဲမှာ အလွယ်တကူပဲ သိမ်းထားချင်လား။ Nero တို့တခြား Burning Software တွေလို ပိုက်ဆံ ပေးစရာ မလိုဘဲ Free App နဲ့တင် အလုပ် ဖြစ်အောင် လုပ်နိုင် ပါတယ်။ ဒီ App ကိုအသုံးပြုဖို့ ဆိုရင် ရုပ်ရှင်တွေ ကူးတဲ့ MakeMKV နဲ့တကယ်လို့ ရုပ်ရှင်တွေ သေးအောင် ချုံ့ချင်တယ် ဆိုရင် Handbrake တို့ကို စက်ထဲမှာ အရင် Install လုပ်ထားဖို့ လိုပါ လိမ့်မယ်။ Autorip ကိုသွင်းလိုက်ပြီ ဆိုတာနဲ့ တစ်ကြိမ်တော့ Process အတွက် Set Up လုပ်ထား ပေးရပါမယ်။

image2

image3

၁. System Tray ထဲမှာ ရှိနေတဲ့ Autorip ပေါ် Right Click ထောက်ပြီး Settings ကိုတစ်ချက် Click ပါ။

၂. ဘယ် DVD Drive ဒါမှမဟုတ် Blu-Ray Drive ကနေ စောင့်ကြည့် ရမလဲဆိုတာ ရွေးပေးပါ။ (တစ်ချို့တွေက နှစ်ခု ရှိတတ်တော့ ကိုယ်အ သုံးပြု စေချင်တဲ့ တစ်ခုကိုပဲ ရွေးပါ)

၃. Encode လုပ်ပြီးရင် ဘယ် Folder မှာသိမ်းထား မလဲဆိုတာ နေရာ ရွေးထားပေးပါ။

၎. "Advanced" Tab ကိုတစ်ချက် နှိပ်ပါ။

၅. "Advanced" Tab ရဲ့အောက်မှာ "Location of MKV Directory" ဆိုပြီး ရွေးခိုင်းတဲ့ နေရာမှာ MakeMKV ကိုသွင်းထားတဲ့ နေရာကိုထောက် ပေးပါ။ တကယ်လို့ Handbrake သုံးတယ် ဆိုရင်လည်း အလားတူစွာ လုပ်ပေးပါ။

၆. DVD/Blu-Ray တစ်ချပ် ထည့်ပြီး စကူးနိုင်ပါပြီ။

image1

ကူးပြီးတဲ့ Video တွေကို ချုံ့ချင်တယ် ဆိုရင်တော့ Rip Only ပဲလုပ်ထားတဲ့ Box နေရာလေးမှာ အမှန်ခြစ် ထားတာကို ဖြုတ်လိုက်ပြီး Handbrake ကိုလိုသလို အသုံးပြုပါ။ ရုပ်ရှင်တွေရဲ့ နာမည်အတွက် ဒီ App ကို Windows အသေးလေး တက်လာပြီး ကိုယ့်ဟာကို ရိုက်ထည့်ဖို့ အတွက် Command ပေးထား နိုင်သလို Disc ထည့်လိုက်တာနဲ့ Volume Label ကနေ ခေါင်းစဉ် အလိုအလျောက် ဖတ်နိုင်အောင် လုပ်ထားလို့ ရပါတယ်။ Autorip က Disc ထဲမှာ ရှိတဲ့ Video တစ်ခုစီ အတွက် File တစ်ခုစီ သေချာ လုပ်ပေး မှာပါ။ ခင်ဗျားတို့ ကြိုက်တဲ့ TV Episode တွေ ဒါမှမဟုတ်လည်း ရုပ်ရှင်တွေ ဘယ်လိုလုပ်လဲ ဆိုတဲ့ အနောက်မှာ ပါတဲ့ Special Features တွေပဲ သက်သက် သိမ်းချင်သူတွေ အတွက် ခေါင်းစဉ် ကျကျနနနဲ့ အဆင်ပြေ စေပါတယ်။ ဒါမှမဟုတ်လည်း ရုပ်ရှင်ကလည်း လွဲလို့ ကျန်တာ ဘာမှ မသိမ်းချင်ဘူး ဆိုလည်း လွယ်ကူ စေပါတယ်။ အကုန်လုံးကို ကူးတော့ နည်းနည်း ကသိကအောက် ဖြစ်ရတယ် ဆိုပေမဲ့ Hard Drive မှာနေရာ အများကြီး လွတ်နေတဲ့ သူတွေ ရုပ်ရှင် ကူးဖို့အတွက် ကတော့ Autorip ကတကယ်ကို သက်သာ စေပါတယ်ဗျာ။

image1.1


Sources : Lifehacker, Images from Hack7mc, Makemkv, Handbrake
အဆင်ပြေပါစေ...

0 comments:

Post a Comment